ချဲ့ကားပြောဆိုခြင်းနှင့် အံ့သြဖွယ်ရာများ
Vol. 12 Ch. 115
ကျန်းဆူရှင်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် ဘဏ္ဍာရေးသတင်းများကို သိပ်စိတ်မဝင်စားသလို၊ ဤစာရင်းအကြောင်းကိုလည်း သေချာမသိပေ။
သူမက “ငါ နိုင်ငံတကာသူဌေးစာရင်း အကြောင်းတော့ ကြားဖူးပါတယ်။ နံပါတ်တစ်က အမေရိက က စကရုဂျ်မက်ဒတ်ခ် ဆိုတာပဲ သိတယ်။ ‘စာရေးဆရာသူဌေးစာရင်း’ ဆိုတာတော့ တစ်ခါမှ မကြားဖူးဘူး။ ဘဏ္ဍာရေးမှာ အဲ့လိုစာရင်းမျိုး တကယ်ရှိတာလား” ဟု ဆို၏။
လုအန်းကျီကတော့ ဘေးနားကနေ တိတ်တိတ်လေး အံ့သြနေမိသည်။
လုအန်းကျီသည် ဖုန်းကို တိတ်တဆိတ်ထုတ်ကာ ဘရောက်ဇာတွင် စကရုဂျ်မက်ဒတ်ခ် အကြောင်း ရှာကြည့်လိုက်သည်။
“ဖေဖေ ဘာကြည့်နေတာလဲ”
ချန်းချန်းလေးက လုအန်းကျီနှင့် ကျန်းဆူရှင်းကြားတွင် ထိုင်နေခြင်းဖြစ်ရာ လုအန်းကျီ ဖုန်းကြည့်နေသည်ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် ခေါင်းလေးပြူပြီး လာကြည့်သည်။
“ဘဲလေး ကြည့်နေတာလေ” ဟု လုအန်းကျီက ပြောလိုက်သည်။
“ဘဲလေးက ဘယ်မှာလဲ”
ချန်းချန်းလေး တော်တော်လေး ဝေခွဲမရ ဖြစ်သွားသည်။ လုအန်းကျီဖုန်းထဲတွင် ဘဲလေးတစ်ကောင်မှ မရှိဘဲ၊ ငွေရောင်ဆံပင်နှင့် နှုတ်ခမ်းပါးပါးရှိသည့် ဝဝဖိုင့်ဖိုင့် အဘိုးကြီးတစ်ယောက်ပုံသာ ရှိနေသည်။
“ဖေဖေ မှားသွားလို့ပါ။ ဘဲလေး မဟုတ်ပါဘူး” ဟု လုအန်းကျီက စကရုဂျ်မက်ဒတ်ခ်အကြောင်းကို အမြန်ဖတ်ရင်း ပြောလိုက်သည်။
ချန်းချန်းလေးက မကျေမနပ်ဖြစ်သွားပြီး “ဖေဖေ ထမင်းစားရင် ဖုန်းမကြည့်ရဘူးလေ” ဟု သတိပေးလိုက်သည်။
“ဟုတ်ပါပြီဗျာ၊ ထမင်းစားရင်း ဖုန်းမကြည့်တော့ဘူး”
လုအန်းကျီ ပြုံးလိုက်ပြီး ချန်းချန်း၏ ခေါင်းလေးကို ပုတ်ကာ ဖုန်းကို အိတ်ထဲပြန်ထည့်ပြီး ထမင်းဆက်စားသည်။
ချန်းချန်းလေးကလည်း ဇွန်းကိုကိုင်ကာ သူမ၏ ထမင်းကို ဆက်စားနေတော့သည်။
စုန့်ရှောင်ချင်းသည် ဤမြင်ကွင်းကိုကြည့်ကာ ကျန်းဆူရှင်းကို မပြောဘဲ မနေနိုင်တော့ပေ - “နင် ချန်းချန်းကို တကယ်ဆုံးမတတ်တာပဲ၊ သူ့အဖေကိုတောင် ဖုန်းမကြည့်ဖို့ ပြန်ပြောတတ်နေပြီ”
ကျန်းဆူရှင်းက ပြုံးရုံသာ ပြုံးပြလိုက်သည်။ ထိုအခါ ချန်းချန်းလေးက “ချန်းချန်းက တော်တယ်” ဟု ဝင်ပြောသည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ချန်းချန်းလေးက တော်ပါတယ်”
စုန့်ရှောင်ချင်းက လိုက်ရောပြော ပေးကာ ချီးကျူးလိုက်ပြီးမှ ဆက်ရှင်းပြသည် - “ဒါက နိုင်ငံတကာဘဏ္ဍာရေးကနေ အခုမှအသစ်ထုတ်တဲ့ စာရင်းပါ။ ဒါပေမဲ့ ဒါက ခန့်မှန်းခြေစာရင်းပဲလို့ ဆိုထားတယ်။ အဲ့ဒီမှာ ရှင့်ရဲ့ စာမူခက ၁၁ သန်းလို့ ရေးထားတယ်။ အဲ့လောက်တောင် တကယ်ရတာလား”
ကြည့်ရသည်မှာ ဒါက ခန့်မှန်းခြေစာရင်းသာ ဖြစ်ပုံရပြီး အမှားအယွင်း တော်တော်များနေသည်။
စာရေးဆရာအမျိုးမျိုးနှင့် စာအုပ်တိုက်များက သူတို့၏ အကျိုးအမြတ်ခွဲဝေမှုများကို နိုင်ငံတကာဘဏ္ဍာရေးထံ ထုတ်ဖော်ပြောမည်မဟုတ်ရာ၊ စာရင်းဇယားများတွင် ကွာဟချက်ရှိနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
လုအန်းကျီက ရယ်မောကာ “ဒါက နင်နဲ့ချိန်းတွေ့တဲ့လူ ဝယ်သွားတဲ့ ‘နဂါးမျိုးနွယ်’ ဂိမ်းမူပိုင်ခွင့်ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ထားတာလား” ဟု မေးလိုက်သည်။
စုန့်ရှောင်ချင်းက လုအန်းကျီကို စိတ်ပျက်သလို ကြည့်ကာ - “ဘာတွေ လျှောက်ပြောနေတာလဲ သူတို့က ဝတ္ထုရောင်းအားနဲ့ အကျိုးအမြတ်ခွဲဝေမှုအပေါ် မူတည်ပြီး ခန့်မှန်းထားတာလေ။ ရှင့်ပုံစံကြည့်ရတာတော့ အဲ့ဒီစာရင်းက မမှန်ဘူးလို့ထင် နေပုံပဲ။ ကျွန်မကို အတွင်းသတင်းလေး ပေးပါဦး။ ရှင့်ရဲ့ စာမူခက အခုဆို ဘယ်လောက်ရှိပြီလဲ”
လုအန်းကျီက “သိပ်မများပါဘူး” ဟု ဆိုလိုက်သည်။
စုန့်ရှောင်ချင်းက “ရှင်မပြောချင်ရင်လည်း ထားလိုက်ပါတော့။ ဒီလိုကိစ္စမျိုးက ကိုယ်ရေးကိုယ်တာမို့ ကျွန်မ မမေးသင့်ဘူး” ဟု လက်လျှော့လိုက်သည်။
ထိုအခါ လုအန်းကျီ၏ စကားသံ ထွက်ပေါ်လာသည် - “တခြားဟာတွေကတော့ သိပ်မရပါဘူး။ အကုန်ပေါင်းလိုက်ရင်တောင် ‘နဂါးမျိုးနွယ် ၃’ ကို မမီဘူး။ ဒီ ‘နဂါးမျိုးနွယ် ၃’ ကတော့ နည်းနည်းပိုရတယ်၊ သန်း ၂၀ လောက် ရှိမယ်”
စုန့်ရှောင်ချင်း - “...”
ကျန်းဆူရှင်းလည်း လုအန်းကျီကို အံ့သြတကြီး ကြည့်လိုက်မိသည်။ လုအန်းကျီသည် သူမကို စာမူခကိစ္စ တစ်ခါမှ မပြောဖူးသလို၊ သူမကိုယ်တိုင်ကလည်း ဒါမျိုးကို အသေးစိတ် လိုက်မေးတတ်သူ မဟုတ်ပေ။
လုအန်းကျီ၏ ဝင်ငွေအများစုမှာ မူပိုင်ခွင့်တွေဆီကလာသည်ဟု သူမ ထင်ထားခဲ့သော်လည်း၊ စာမူခသက်သက်တင် ဤမျှများပြားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
တကယ်တော့ သူမ အရင်က ထင်ခဲ့တာ တစ်ဝက်မှန်ပါသည်။ ‘နဂါးမျိုးနွယ် ၃’ သာ မရှိလျှင် မူပိုင်ခွင့်ကြေးက စာမူခထက် ပိုများနေပါလိမ့်မည်။
သို့သော် ယခင်လက်ရာများ၏ အရှိန်အဟုန်ကြောင့် ‘နဂါးမျိုးနွယ် ၃’ မှာ အကြီးအကျယ် ပေါက်သွားခြင်းဖြစ်သည်။
ထို့ပြင် ဤကမ္ဘာတွင် အရင်ဘဝနှင့် မတူညီသော ထူးခြားချက်တစ်ခုရှိသည်မှာ နိုင်ငံတော်အဆင့်မှ မူပိုင်ခွင့်ချိုးဖောက်မှု ကို အကြီးအကျယ် နှိမ်နင်းထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာတွင် ရုပ်သံထွက်ကုန်များနှင့် စာအုပ်များ၏ အကျိုးအမြတ်မှာ အရင်ဘဝထက် သိသိသာသာ ပိုမိုများပြားနေခြင်းပင်။
ဒါကလည်း ဤကမ္ဘာတွင် အင်တာနက် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း ဂီတနှင့် ဝတ္ထုလောကမှာ ရိုးရာပုံစံ ကို ပိုမိုအလေးထားနေရသည့် အဓိက အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။
စုန့်ရှောင်ချင်းက လျှာသပ်ကာ “ရှင်က ဒါကို သိပ်မများဘူး လို့ ပြောတာလား” ဟု ဆိုလိုက်သည်။
လုအန်းကျီက အသံထွက်ကာ ရယ်မောလိုက်မိသည်။ စုန့်ရှောင်ချင်းကိုယ်တိုင်ကလည်း ချမ်းသာပြီး ပိုက်ဆံကို သိပ်ဂရုမစိုက်တတ်သူမို့သာ လုအန်းကျီက ထုတ်ပြောခြင်းဖြစ်သည်။ မဟုတ်လျှင်တော့ သူ ဤသို့ ကြွားဝါနေမည်မဟုတ်ပေ။
လူမှားပြီး ကြွားမိလျှင် မနာလိုမှုကိုသာ ဖိတ်ခေါ်ရာ ရောက်လိမ့်မည်။
စုန့်ရှောင်ချင်းက သက်ပြင်းချကာ “အလိုလေး ရှင်က တကယ်ကို အများကြီး ရှာနိုင်တာပဲ ဝတ္ထုရေးတာ ဒီလောက် ဝင်ငွေကောင်းမှန်း သိရင် ကျွန်မလည်း ဝတ္ထုသွားရေးပါတယ်” ဟု ဆိုသည်။
ကျန်းဆူရှင်းက “အိပ်မက်ယောင်မနေနဲ့ဦး။ ငါမှတ်မိသလောက်တော့ နင် နေ့စဉ်မှတ်တမ်း ရေးမယ်ဆိုပြီး ကျိန်ဆိုခဲ့တဲ့ အချိန်တုန်းက တစ်ပတ်ပဲ ခံတယ်။ သုံးခါပဲ ရေးရသေးတယ်၊ အားလုံးပေါင်းလိုက်ရင်တောင် စာလုံးရေ တစ်ရာမပြည့်ဘူး” ဟု ဆိုလိုက်သည်။
စုန့်ရှောင်ချင်းက “ဒီလို အရှက်ရစရာတွေကို မပြောဘဲ နေလို့မရဘူးလား” ဟု ပြန်ပြောလိုက်သည်။
ကျန်းဆူရှင်းက စကားရပ်လိုက်သော်လည်း၊ စုန့်ရှောင်ချင်း၏ နေ့စဉ်မှတ်တမ်း ရေးရန် ကြိုးပမ်းမှု ပျက်ပြားပုံကို ပြန်တွေးမိကာ မရယ်ဘဲ မနေနိုင်ဖြစ်နေ၏။
စုန့်ရှောင်ချင်းက စိတ်တိုတိုဖြင့် “ ငါ နေ့စဉ်မှတ်တမ်း မရေးတော့ဘူး” ဟု ဆိုလိုက်သည်။
ကျန်းဆူရှင်း ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်ရသည်။
ကျန်းဆူရှင်း ရယ်တာ ရပ်သွားမှ စုန့်ရှောင်ချင်း စိတ်နည်းနည်း ပြန်သက်သာလာကာ သက်ပြင်းချပြီး လုအန်းကျီကို ကြည့်လိုက်သည် “ဒါနဲ့ ရှင်က တကယ် ချမ်းသာတာပဲ၊ ဝတ္ထုတင်မကဘူး ဂီတပိုင်းမှာလည်း ဟုတ်နေတာပဲ။ အင်တာနက်မှာ လူတိုင်းက ရှင့်ရဲ့ ဖုန်းမြည်သံ ၁၀ ပုဒ်ကျော်လောက် ဇယားထိပ်မှာ ရှိနေတာကနေ ဘယ်လောက်ရမလဲဆိုတာ ခန့်မှန်းနေကြတယ်။ အများစုကတော့ ရှင့်ရဲ့ တစ်နှစ်ဝင်ငွေက သန်း ၂၀ လောက် ရှိမယ်လို့ ထင်နေကြတာ။
ဒါဆို ရှင့်ရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး သန်း ၄၀ လောက် ရှိမှာပေါ့။ ရှင်က သူဌေးစာရင်းထဲတောင် ဝင်လို့ရနေပြီ”
လုအန်းကျီက “နောက်နေတာလား၊ အဲ့ဒီစာရင်းက ယူနစ်တွေက အနည်းဆုံး ‘ဒေါ်လာ သန်းရာချီ’ ရှိရမှာလေ” ဟု ဆို၏။
သူသည် ဤကမ္ဘာ၏ သူဌေးစာရင်းကို သိပ်ဂရုမစိုက်ခဲ့သော်လည်း၊ အရင်ဘဝက စာရင်းလိုပဲ ဖြစ်မည်ဟု ထင်ထားသည်။ သန်း ၄၀ နှင့်တော့ စာရင်းထဲ ဝင်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် ပြောရလျှင် စုန့်ရှောင်ချင်းနှင့် အင်တာနက် အသုံးပြုသူများက ခုထိ အကျယ်ကြီး မတွေးရဲကြသေးပေ။
ထိပ်တန်း ဖုန်းမြည်သံ ၁၀ ပုဒ်ကျော်ကနေ သန်း ၂၀ ပဲ ရတာလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟုစိတ်ထဲမှပြောလိုက်သည်။
ဒါက တရုတ်မိုဘိုင်းလ် ရဲ့ အစွမ်းကို တော်တော်လေး အထင်သေးရာ ရောက်နေပေသည်။
ဒါပေမဲ့ အတိအကျကိုတော့ နှစ်ကုန်မှ သိရပါလိမ့်မည်။
နှစ်ကုန်သွားလျှင် စုန့်ရှောင်ချင်းကို အကြီးအကျယ် အံ့သြသွားအောင် လုပ်နိုင်ပေမည်။
စုန့်ရှောင်ချင်းက “ကျွန်မက ဥပမာပေးတာပါ။ ရှင်က ဝတ္ထုရေးဆရာပဲ၊ ချဲ့ကားပြောဆိုတဲ့ စကားအလင်္ကာအကြောင်းတောင် မသိဘူးလား” ဟု မေးသည်။
လုအန်းကျီက “ဒါက ချဲ့ကားတာ မဟုတ်ဘူး၊ ဒါက အံ့သြစရာကြီး ဖြစ်နေတာ” ဟု ပြန်ပြောလိုက်သည်။
“ဖူး...”
ကျန်းဆူရှင်း နောက်ဆုံးတော့ မအောင့်နိုင်ဘဲ ထပ်ရယ်မိပြန်သည်။
နေ့လယ်စာ စားပြီးနောက် လုအန်းကျီသည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းဆေးကြောရန် သွားရာ ကျန်းဆူရှင်းက လိုက်ကူပေးသည်။ စုန့်ရှောင်ချင်းကတော့ ဧည့်ခန်းထဲမှာ ချန်းချန်းနှင့် ကျန်ခဲ့သည်။
ဒါပေမဲ့ ချန်းချန်းလေးက စောစောစီးစီး အိပ်ချင်လာပြီး မှေးခနဲ အိပ်ပျော်သွားတော့သည်။
စုန့်ရှောင်ချင်း တစ်ယောက်တည်း ပျင်းနေသဖြင့် ဖုန်းဖွင့်ကာ ‘ဟွာခီ’ ကို ကြည့်လိုက်သည်။
ဟွာခီတွင် အထူးဘဏ္ဍာရေး ကဏ္ဍတစ်ခုရှိပြီး၊ ထိုနေရာတွင် စာရေးဆရာသူဌေးစာရင်းအကြောင်း ဆွေးနွေးနေကြသည့် အဖွဲ့ များ ရှိနေသည်။ စုန့်ရှောင်ချင်းသည် စောစောက အဲ့ဒီနေရာကနေပဲ ဤစာရင်းအကြောင်း သိခဲ့ရခြင်း ဖြစ်သည်။
ဝဘ်ဆိုဒ်၏ မှတ်ချက်ကဏ္ဍတွင်တော့ ထုံးစံအတိုင်း ‘ဒိုရာဘီဒရင်’ ၏ ဝင်ငွေအပေါ် မနာလိုဖြစ်နေသူ၊ အားကျနေသူများဖြင့် ပြည့်နှက်နေသည်။
သူဌေးစာရင်း၏ ပထမနှင့် ဒုတိယနေရာတွင်တော့ ဝါရင့်စာရေးဆရာကြီးများ ဖြစ်သော်လည်း၊ တတိယနေရာတွင် လူငယ်စာရေးဆရာ လုအန်းကျီ ရှိနေခြင်းက လူအများ၏ စိတ်ဝင်စားမှုနှင့် အငြင်းပွားမှုများကို ပိုမိုဖြစ်ပေါ်စေသည်။
တော်တော်ချမ်းသာတာပဲ၊ ဆယ်သန်းကျော်တောင်၊ ရှာနိုင်လိုက်တာ
ဒီလို အနှစ်သာရမရှိတဲ့ အရာတွေ ရေးတာနဲ့ ဆယ်သန်းကျော် ရတာလား၊ ကမ္ဘာကြီး ပျက်တော့မှာပဲ၊ လူတွေရဲ့ စိတ်ဓာတ်တွေက အရင်လို မဟုတ်တော့ဘူး
ချီးကျူးဂုဏ်ပြုသံများနှင့် မနာလို ဝန်တိုသံများ ရောနှောနေသော မှတ်ချက်များကို ကြည့်ရင်း စုန့်ရှောင်ချင်းသည် အမှန်တရားကို ဖွင့်ချချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာသည်။ သူမ ပြောချင်နေသည်မှာ
“နင်တို့က ဒီလောက်လေးနဲ့တင် ဖြစ်နေကြတာလား၊ တကယ်လို့ ဒိုရာဘီဒရင်ရဲ့ စာမူခက သန်း ၂၀၊ တစ်နှစ်ဝင်ငွေက သန်း ၄၀၊ အို မဟုတ်သေးဘူး၊ မူပိုင်ခွင့်ကြေး ၁၀ သန်းပါ ပေါင်းရင် သန်း ၅၀ ရှိတယ်ဆိုတာသာ သိရင် နင်တို့တွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြမှာ” ဟုပြောပြချင်လေနေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် လုအန်းကျီ၏ ခွင့်ပြုချက်မရှိဘဲ သူမ ကြွားဝါသည့် စကားများကို မတင်ရဲသဖြင့် ထိန်းထားလိုက်ရသည်။