← Chapters

ဖိတ်ကြားချက်

Vol. 12 Ch. 117

ဖိတ်ကြားချက်

Vol. 12 Ch. 117

စုန့်ရှောင်ချင်းသည် ဧည့်ခန်းထဲသို့ ပြန်သွားကာ ကုတင်ပေါ်တွင် လဲလျောင်းပြီး မျက်စိမှိတ်လိုက်ရာ ခဏချင်းပင် အိပ်ပျော်သွားတော့သည်။

ဒီဇနီးမောင်နှံကတော့ ကလေးရှေ့မှာတောင် သူတို့ရဲ့ အချစ်တွေကို ကြွားဝါပြနေကြတာပဲ

စုန့်ရှောင်ချင်းသည် ဆက်ကြည့်ဖို့ တကယ်ကို အားမနာနိုင်တော့ဘဲ ကျန်းဆူရှင်းအိမ်မှာ ဆက်မနေချင်တော့ပေ။

အခုအချိန်မှာ သူမ တော်တော်လေး ငိုက်မြည်းနေတာသာ မဟုတ်ရင် ချက်ချင်းပင် အိမ်ပြင်ထွက်ပြီး အိမ်ပြန်သွားမိမှာ သေချာသည်။

အရင်ဆုံး အိပ်လိုက်ဦးမယ် နိုးလာမှ ပြန်မယ်

နောက်တစ်စက္ကန့်မှာတင် အိပ်ပျော်သွားစေရမယ်

ချက်ချင်း အိပ်ပျော်သွားစမ်း

စုန့်ရှောင်ချင်းသည် မိမိကိုယ်ကိုယ် စိတ်ညို့ကာ တွေးနေရင်း မျှော်လင့်ထားသည့်အတိုင်းပင် ခဏလေးအတွင်း အိပ်ပျော်သွားတော့သည်။

သူမ အိပ်ပျော်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းဆူရှင်းသည် သီချင်းဆို‌သောအခန်းထဲမှ ထွက်လာခဲ့သည်။

သူမ၏ ဖုန်းမြည်လာပြီး ကျုံ့ပေါ် ၏ မန်နေဂျာ မာဖန်းဆီမှ ဖုန်းခေါ်ဆိုခြင်း ဖြစ်သည်။ လုအန်းကျီကို အချက်ပြလိုက်ပြီးနောက် ဖုန်းဖြေရန် အပြင်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။

ဖုန်းပြောပြီးနောက် သူမ အခန်းထဲသို့ ပြန်ဝင်လာကာ အရင်ထိုင်နေကျ နေရာမှာပင် ပြန်ထိုင်လိုက်သည်။ လုအန်းကျီက “ဘာဖြစ်လို့လဲ၊ တစ်ခုခု ဖြစ်လို့လား” ဟု မေးလိုက်သည်။

ကျန်းဆူရှင်းက တိုးတိုးလေး ပြောသည် - “အမဖန်းက ကျုံ့ပေါ က ပရိုမိုးရှင်းပွဲတစ်ခုအတွက် ဟိုင်တူး ကို လာမယ်တဲ့၊ အဲ့ဒီမှာ ဧည့်သည်တစ်ယောက် နှစ်ယောက်လောက် ထပ်ဖိတ်မလို့တဲ့၊ တို့တွေကို လာဖို့အဆင်ပြေမလားလို့ လာမေးတာ”

လုအန်းကျီက “ဘယ်လိုပွဲမျိုးလဲ” ဟု မေးသည်။

ကျန်းဆူရှင်းက “ဟိုင်တူး ရုပ်သံလိုင်းက ဖျော်ဖြေရေး အစီအစဉ်တစ်ခုပါ။ အဲ့ဒီမှာ ဧည့်သည် လိုနေလို့တဲ့။ ရုပ်သံလိုင်းဘက်ကလည်း ရှင့်ရဲ့ ဖုန်းမြည်သံတွေက အခုတလော လူပြောများနေတာကြောင့် ရှင့်နဲ့ တို့ကို အစီအစဉ်မှာ ပါစေချင်နေတာ၊ အဲ့ဒါကြောင့် ကျုံ့ပေါ် ကတစ်ဆင့် လာမေးတာပဲ”

လုအန်းကျီက ခေါင်းညိတ်ပြီး “အော် အဲ့လိုလား”

ကျန်းဆူရှင်းက မျက်တောင်ခတ်ရင်း လုအန်းကျီကို ခဏကြည့်ကာ မေးလိုက်သည် - “ဘာလဲ။ ရှင် သွားချင်လို့လား”

လုအန်းကျီက “ဟင့်အင်း” ဟု ဖြေသည်။

ကျန်းဆူရှင်းက “ရှင်လည်း ရှင့်ရဲ့ ဖုန်းမြည်သံ သီချင်းတွေကို ပရိုမိုးရှင်း လုပ်ချင်တယ် ထင်နေတာ”

လုအန်းကျီက “ကိုယ့်ရဲ့ ဖုန်းမြည်သံတွေက ထိပ်တန်း ၁၀ ပုဒ်ထဲမှာ ရောက်နေပြီပဲ၊ ထပ်ပြီး ပရိုမိုးရှင်း လုပ်ဖို့ လိုသေးလို့လား နေဦး မင်းပဲ ကိုယ့်ကိုယ်စား သဘောတူလိုက်တာတော့ မဟုတ်ပါဘူးနော်”

ကျန်းဆူရှင်းက ရယ်မောကာ “ရှင် ကြောက်နေတာလေးကို ကြည့်ဦး။ စိတ်ချပါ၊ ရှင် လူကြားထဲ ထွက်ရတာ မကြိုက်မှန်း တို့သိတာပေါ့၊ ဒါကြောင့် သဘောမတူလိုက်ပါဘူး။ မူလကတော့ ရှင့်ကိုယ်စား ငြင်းလိုက်မလို့ပဲ၊ ဒါပေမဲ့ ရှင်က ရုတ်တရက် သွားချင်စိတ် ပေါ်လာမှာ စိုးလို့ အမဖန်းကို စဉ်းစားဦးမယ်၊ ရှင့်ကို အရင်မေးကြည့်ဦးမယ်လို့ ပြောထားတာ” ဟု ဆိုသည်။

လုအန်းကျီက ရယ်မောရင်း “ကိုယ့်ကိုယ်စား ငြင်းလိုက်ပါတော့။ ကိုယ့်သီချင်းတွေက အရမ်းပေါက်နေတာဆိုတော့ ရုပ်သံလိုင်းကို ကိုယ့်နာမည်သုံးပြီး လူ‌တွေစိတ်ဝင်စားမှုကိုယူခွင့် မပေးနိုင်ဘူး”

ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးကာ “ဘဝင်ရူး ” ဟု ဆိုလိုက်သည်။

လုအန်းကျီက ဘာမှမပြောဘဲ ပြုံးနေမိ၏။

ကျန်းဆူရှင်းက “ဒါဆို တို့ ဖုန်းပြန်ဆက်ပြီး ငြင်းလိုက်မယ်။ တို့လည်း မသွားချင်ဘူးဆိုတော့ နှစ်ယောက်လုံး မသွားတာပဲ အကောင်းဆုံးပါပဲ”

သူမ စကားပြောပြီး ဖုန်းကိုင်ကာ ထရန် ပြင်လိုက်စဉ်မှာပင် လုအန်းကျီ၏ ဖုန်းမျက်နှာပြင်လေး လင်းလာသည်ကို မြင်လိုက်ရသည်။

ချန်းချန်းလေး အိပ်နေသဖြင့် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့၏ ဖုန်းနှစ်လုံးလုံးကို အသံပိတ် ထားကြသည်။ ခေါက်ဖုန်းဖြစ်သဖြင့် ဖုန်းဝင်လာလျှင် အဖုံးပေါ်ရှိ မျက်နှာပြင်လေးက လင်းလာခြင်းဖြစ်သည်။

လုအန်းကျီ ဖုန်းအဖုံးကို ဖွင့်ကာ ကြည့်လိုက်ပြီးနောက် မျက်နှာပြင်ကို ကျန်းဆူရှင်းအား ပြရင်း ပြုံးလျက် - “ခဗျား ဖုန်းပြန်ဆက်နေဖို့ မလိုတော့ဘူး ထင်တယ်၊ သူ့ကို ငါကိုယ်တိုင်ပဲ ပြောလိုက်တော့မယ်”

သူ့ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော အမည်မှာ အခြားသူမဟုတ်၊ ကျုံ့ပေါ် ပင် ဖြစ်သည်။

ထို့ကြောင့် ကျန်းဆူရှင်းမှာ ပြန်ထိုင်လိုက်ပြီး အပြင်သို့ မထွက်တော့ပေ။

လုအန်းကျီကတော့ ထရပ်ကာ “ငါ အပြင်ထွက်ပြီး ဖုန်းဖြေလိုက်ဦးမယ်” ဟု ဆိုလိုက်သည်။

“အင်း”

ကျန်းဆူရှင်းက တိုးတိုးလေး ပြန်ဖြေသည်။

ထို့နောက် လုအန်းကျီသည် အိပ်ခန်းထဲမှ ထွက်လာကာ ဖုန်းကိုင်လိုက်ရာ ကျုံ့ပေါ်၏ အသံ ထွက်ပေါ်လာသည် - “နေကောင်းလား ဆရာလု ကျွန်တော် ဒီတစ်ခေါက် အလျင်စလို ပြန်လာရလို့ ဆရာ့ဆီ အရင်မလာနိုင်တာ တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ”

သူ့အသံကတော့ အရင်အတိုင်း ကပ်ဖားလျက်ဖား ပုံစံမျိုးဖြစ်နေသဖြင့် လုအန်းကျီကို နေရခက်စေသည်။

လုအန်းကျီက “ရပါတယ်၊ အလုပ်က ပိုအရေးကြီးတာပဲ။ ငါ့ဆီမှာ ဘာမှမရှိပါဘူး၊ လာလာမလာလာ အဆင်ပြေပါတယ်။ ဒါနဲ့ ခုနက မင်းရဲ့ မန်နေဂျာ အမဖန်းက ဆူရှင်းဆီ ဖုန်းဆက်သေးတယ် မဟုတ်လား”

ကျုံ့ပေါ်က “အဲ့ဒီအကြောင်းကို ပြောမလို့ပါ ဆရာလု။ ဟိုင်တူး ရုပ်သံရဲ့ ‘အဆိုတော် သီတင်းပတ် လာခဲ့ပါ’ အစီအစဉ်က တော်တော်နာမည်ကြီးတာပါ။ ဒီတစ်ခေါက်မှာ ဧည့်သည်နေရာ နှစ်ခုလွတ်နေလို့ ဆရာနဲ့ အမဆူရှင်းကို ဖိတ်ချင်နေကြတာ။ အမဖန်းက အမဆူရှင်းကို မေးတော့ အမဆူရှင်းက ဆရာ့သဘောကို မေးရဦးမယ်လို့ ပြောတာနဲ့ ကျွန်တော် တိုက်ရိုက်ပဲ ဆက်လိုက်တာပါ။ ဆရာလု... ဒီအစီအစဉ်မှာ ပါချင်လား ဒါက တော်တော်နာမည်ကြီးပြီးတော့ အဆင်ပြေရင် လူသိပိုများလာနိုင်ပါတယ်”

လုအန်းကျီက “ငါတော့ မလာတော့ပါဘူး။ နောက်ကွယ်ကလူတွေက ရှေ့ကို ထွက်မလာတာပဲ ကောင်းပါတယ်”

ကျုံ့ပေါ်သည် လုအန်းကျီ၏ ဆန္ဒကို နားလည်သွားသဖြင့် ထပ်မတိုက်တွန်းတော့ဘဲ သက်ပြင်းချကာ “နှမြောစရာပဲဗျာ” ဟု သာ ဆိုလိုက်သည်။

လုအန်းကျီက ရယ်မောရင်း “ဘာကို နှမြောစရာ ရှိလို့လဲ”

ကျုံ့ပေါ်က “ဆရာလုရဲ့ အခြေအနေက အဆိုတော်အဖြစ် ပွဲထွက်ဖို့ တကယ်ကို သင့်တော်တာပါ။ နောက်ကွယ်မှာပဲ နေဖို့ ရွေးချယ်တာက တကယ်ကို နှမြောဖို့ ကောင်းပါတယ်”

လုအန်းကျီကတော့ ဒါကို ဂရုမစိုက်ပါ။ အခုဆိုရင် သူ့မှာ ပိုက်ဆံလည်းရှိ၊ အချိန်လည်း အားနေသည်။ တကယ်လို့သာ အဆိုတော်အဖြစ် ပွဲထွက်လိုက်ရင် အခုလို အေးအေးဆေးဆေး နေရတဲ့ ဘဝကို တန်ဖိုးမထားမိခဲ့တာအတွက် နောင်တရနေမှာ သေချာသည်။

သူက “တခြားကိစ္စ ရှိသေးလား မရှိရင် ငါ ဖုန်းချတော့မယ်” ဟု ဆို၏။

ကျုံ့ပေါ်က ကမန်းကတန်း ပြောသည် “နောက်တစ် ခုရှိသေးတယ်”

လုအန်းကျီက “ဘာလဲ”

ကျိုးပေါ်က “အဲ့ဒါက ဆရာ ဝမ်ကျန်းဖင် က ဆရာ့ကို သိချင်နေလို့ပါ။ ဆရာ ဝမ်ကျန်းဖင်အကြောင်း ကြားဖူးတယ် မဟုတ်လား ဆရာလု သူက အခုတလော ဆရာ့ကို တော်တော် ချီးကျူးနေတာ။ သူကလည်း ဒီတစ်ခေါက် ‘အဆိုတော် သီတင်းပတ် လာခဲ့ပါ’ အစီအစဉ်မှာ ပါဝင်မှာဆိုတော့ ကျွန်တော့်ကိုတောင် အစွမ်းရှိတဲ့သူကို မသိတတ်ဘူးဆိုပြီး ဆူနေသေးတယ်”

“ဟုတ်လား”

လုအန်းကျီ အနည်းငယ် အံ့အားသင့်သွားသည်။

ဝမ်ကျန်းဖင်က သူထုတ်နေတဲ့ သီချင်းတွေကို ချီးကျူးနေမှန်း သူသိသလို၊ ဝမ်ကျန်းဖင် ပါဝင်ခဲ့တဲ့ အစီအစဉ်တွေကိုလည်း သူ မြင်ဖူးသည်။ ဒါပေမဲ့ ဒီလို ဂီတလောကရဲ့ လူကြီးလူကောင်းတစ်ယောက်က ကျုံ့ပေါ်နဲ့အတူ အစီအစဉ်တစ်ခုမှာ ပါဝင်မှာဖြစ်ပြီး သူ့ကိုတောင် သိချင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျုံ့ပေါ်က “ဟုတ်ပါတယ် ဆရာလု။ ဆရာဝမ်က ဒီည ‘ကျူးရှန်း စံအိမ်’ မှာ သူကျွေးမယ့် ညစာစားပွဲကို ဆရာ့ကို လာခဲ့ဖို့ မေးခိုင်းလိုက်တာပါ။ စကားပြောကြတာပေါ့တဲ့။ အမဆူရှင်းကိုလည်း ခေါ်လာနိုင်ရင် အကောင်းဆုံးပဲတဲ့၊ ဆရာဝမ်နဲ့ အမဆူရှင်းက အရင်က အလုပ်တွေ အတူတူလုပ်ဖူးတော့ လူဟောင်းတွေပဲလေ” ဟု ဆိုသည်။

ဒါကိုတော့ လုအန်းကျီ သိပါသည်။ ကျန်းဆူရှင်းရဲ့ အယ်လ်ဘမ် နှစ်ခုတုန်းက သီချင်းအများစုကို သူပဲ ကိုင်တွယ်ခဲ့သော်လည်း အချို့သီချင်းတွေကိုတော့ တခြားလူတွေက ရေးသားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုအချိန်က ကျန်းဆူရှင်းနှင့် ဝမ်ကျန်းဖင်တို့သည် အလုပ်ကိစ္စအရ ဆက်ဆံမှုအချို့ ရှိခဲ့ကြပြီး တဖြည်းဖြည်း ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။

လုအန်းကျီက “ဆူရှင်းကို အရင်မေးကြည့်ဦးမယ်၊ ပြီးရင် ဖုန်းပြန်ဆက်လိုက်မယ်” ဟု ဆိုလိုက်သည်။

ကျုံ့ပေါ်က “ဟုတ်ကဲ့ပါ၊ သတင်းကောင်း စောင့်နေပါ့မယ်”

ထို့နောက် လုအန်းကျီသည် ဖုန်းချလိုက်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်ပြီး ကျန်းဆူရှင်းကို အကြောင်းစုံ ပြောပြလိုက်သည်။

ကျန်းဆူရှင်းသည် ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားသည်။

လုအန်းကျီက သူမ၏ တုံ့ဆိုင်းမှုကို သတိထားမိသဖြင့် “ဘာဖြစ်လို့လဲ” ဟု မေးသည်။

ကျန်းဆူရှင်းက နှုတ်ခမ်းလေးကို စေ့ကာ “အရင်က အလုပ်လုပ်တုန်းက ဆရာဝမ်က တို့ကို အများကြီး သင်ပြပေးခဲ့တယ်၊ စိတ်ကူးသစ်တွေလည်း အများကြီး ရခဲ့ဖူးတယ်။ အခု သူက ဖိတ်တယ်ဆိုတော့ တို့ တကယ် သွားတွေ့ချင်တယ်။ ဒါပေမဲ့ ရှင်က”

လုအန်းကျီ နားလည်သွားသဖြင့် ရယ်မောရင်း “ငါက ကိစ္စမရှိပါဘူး။ ဂီတလောကက လူကြီးလူကောင်းတွေနဲ့ သိရတာ၊ အကြံဉာဏ် ဖလှယ်ရတာလည်း ကောင်းတာပဲလေ။ ဒါဆို သဘောတူလိုက်ကြရအောင်” ဟု ဆိုလိုက်သည်။

ကျန်းဆူရှင်းက ခေါင်းညိတ်ပြီး “အင်း” ဟု ဆိုသည်။

လုအန်းကျီသည် အိပ်ပျော်နေဆဲဖြစ်သော ချန်းချန်းကို ကြည့်ကာ “ကလေးကော ဘယ်လိုလုပ်မလဲ သူ့ကို ခေါ်သွားလို့လည်း မဖြစ်ဘူးလေ” ဟု မေးသည်။

ကျန်းဆူရှင်းက “ရှောင်ချင်း ရှိနေသေးတာပဲ၊ သူ့ကိုပဲ ခဏစောင့်ခိုင်းလိုက်ရအောင်”

All Chapters