← Chapters

လနတ်သမီးဂါဝန်

Vol. 10 Ch. 92

လနတ်သမီးဂါဝန်

Vol. 10 Ch. 92

ထိုမိန်းကလေးသည် ကိုရီးယားဘာသာ စကားဖြင့် ပြောဆိုနေခြင်းဖြစ်ပြီး တန်ယန်တို့အဖွဲ့ နားလည်မည် မဟုတ်ဟု ထင်မှတ်ကာ ရဲရဲတင်းတင်းပင် ပြောဆိုနေခြင်း ဖြစ်သည်။ သို့သော် တိုက်ဆိုင်ချင်တော့ တန်ယန်က ထိုဘာသာစကားကို နားလည်နေခဲ့သည်။

တန်ယန်က နောက်သို့လှည့်ကာ ကိုရီးယားဘာသာ စကားဖြင့်ပင် ပြန်လည် ပြောဆိုလိုက်သည် - "ပြိုင်ပွဲမှာ ရှုံးနိမ့်တာက သဘာဝပဲ ဒါပေမဲ့ နင့်ရဲ့ အခုလို ရူးသွပ်ပြီး ရုပ်ဆိုးတဲ့ အခြေအနေကို ကြည့်ရတာ စိတ်ဓာတ်မကောင်းတဲ့သူဟာ မြင့်မြတ်တဲ့ အနုပညာကို သင်ယူလို့ မရဘူးဆိုတာ ငါသိလိုက်ရတယ် ဒီအတိုင်း ဆက်သွားနေရင်တော့ နင့်ရဲ့ အချိန်တွေကို အလဟသ ဖြုန်းတီးနေတာပဲ ဖြစ်မှာပါ"

တန်ယန်က ကိုရီးယားစကားကို နားလည်ရုံတင်မက ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်ကို မြင်သောအခါ HO နိုင်ငံမှ ထိုသုံးဦးမှာ အံ့အားသင့်သွားကြသည်။ သူတို့ ပထမတော့ ကြောင်အမ်း သွားကြပြီးနောက် မျက်နှာများမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြသည်။

ပြိုင်ပွဲဝင် တစ်ဦးဖြစ်သော HO နိုင်ငံမှ အမျိုးသားက "မင်းက ပဏာမအဆင့်မှာ ပထမရထားတယ် ဆိုပေမဲ့ မတော်တဆမှုကြောင့် အစွမ်းမပြနိုင်ခဲ့တဲ့ မိန်းကလေး တစ်ယောက်ကို အခုလို လှောင်ပြောင်တာကတော့ လွန်လွန်းတယ်လို့ မထင်ဘူးလား" ဟု ပြောလာသည်။

တန်ယန်မှာ ဒေါသထွက်လွန်း၍ပင် ရယ်မိတော့သည်။ HO နိုင်ငံသားများမှာ အမှန်တရားကို ကပြောင်းကပြန် လုပ်ရာတွင် တကယ့်ကို ဆရာကြီးများပင် ဖြစ်သည်။ သူတို့ဘက်က အရင်ဆုံး ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခဲ့ကြသော်လည်း ယခုတော့ သူမက ပထမရရှိထား၍ သူတစ်ပါးကို အထင်သေး နှိမ့်ချနေသယောင် ပုံဖော်နေကြသည်။ တကယ့်ကို အရှက်မရှိလွန်းလှပေ။

သို့သော်လည်း သူမ နားလည်ပေးနိုင်ပါသည်။ အကြောင်းမှာ HOနိုင်ငံသားများသည် သူတစ်ပါး ပိုင်ဆိုင်သည့် အရာများကို မိမိတို့ပိုင်ဆိုင်သယောင် လိမ်လည် ပြောဆိုရာတွင် အသားထူပြီး အရှက်မရှိကြသည်မှာ နာမည်ကျော်သည် ဖြစ်သည်။ ထိုသို့ အကြိမ်ကြိမ် လိမ်ညာပြောဆိုရင်းနှင့် နောက်ဆုံးတွင် သူတို့ကိုယ်တိုင်ပင် အမှန်ဟု ထင်လာကြသူများ ဖြစ်သည်။

“နားရှိရင်တော့ ကြားသင့်တာကို ကြားအောင် နားထောင်သင့်တာပေါ့။ တစ်ဖက်သားကို ပြန်ပြီး ရန်မလုပ်သင့်ဘူးဆိုတာ ငါနားလည်ပေမဲ့ ကိုယ်ကျင့်တရား အခြေခံလေးတောင် မရှိတဲ့သူကိုတော့ လူလို့မခေါ်ဘဲ မျောက်ဝံမျိုးနွယ်လို့ပဲ ခေါ်ရမှာပဲ”

တန်ယန်သည် ပြောချင်ရာကို ပြောပြီးနောက် တစ်ဖက်လူ၏ ပုပ်သိုးနေသော မျက်နှာကို ဆက်ကြည့်မနေတော့ဘဲ သူမ၏ ဆရာကိုဆွဲကာ ကားဆီသို့ ထွက်လာခဲ့သည်။

ကားပေါ်သို့ ရောက်သောအခါ ယွီချန်းနျန်က "တပည့်လေး... မင်းက ' HO ' စကားလည်း တတ်တာပဲလား၊ စကားပြောတာ တကယ့်ကို ထက်မြက်တာပဲ" ဟု နောက်ပြောင်လိုက်သည်။

"ဆရာကလည်း... သမီးကို ကူမပြောတဲ့အပြင် လာပြီး လှောင်နေသေးတယ်" ဟု တန်ယန်က နှုတ်ခမ်းဆူကာ မကျေမနပ် ဖြစ်နေသည်။

"ငါက ဘယ်မှာဝင်ပြောဖို့ အခွင့်အရေး ရလို့လဲ"

"ဒီ HO နိုင်ငံကတော့ တစ်နေ့ထက်တစ်နေ့ အဆင့်အတန်း နိမ့်ကျလာတာပဲ ဘယ်လို အညံ့စားတွေကိုများ လွှတ်လိုက်တာလဲ၊ သူတို့ ပီယာနိုတီးတာက ဂွမ်းကိုဖွာနေတဲ့ သူထက်တောင် ညံ့သေးတယ် အရှက်မရှိကြဘူးလား မသိဘူး"

"ဆရာ... ခုနတုန်းက ဘာလို့ ဘာမှမပြောတာလဲ"

တန်ယန်က ယွီချန်းနျန်ကို တိတ်ဆိတ်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

"အဟမ်း၊ ငါက နိုင်ငံကြီးသားပီသတဲ့ အမူအရာကို ထိန်းနေရတာလေ၊ မင်းတို့ ကလေးချင်း ရန်ဖြစ်တာကို မင်းတို့ဘာသာ ဖြေရှင်းတာ ပိုကောင်းပါတယ်"

“ဒါပေမဲ့ ဆရာက ခုနတင် ဆရာကြီးဘီလ်နဲ့ အပြင်းအထန် ငြင်းခုံနေခဲ့တာပဲလေ”

ယွီချန်းနျန်: "..." (ငါ့မှာလည်း သိက္ခာဆိုတာ ရှိသေးတာပေါ့)

ဝန်းထဲသို့ ပြန်ရောက်သောအခါ တန်ယန်သည် ကုတင်ကြီးပေါ်သို့ နုံးချည့်စွာဖြင့် ပစ်လှဲလိုက်တော့သည်။

ဒေါက်... ဒေါက်... ဒေါက်... ချင်ယွီရုံက တံခါးခေါက်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။

"ယန်ယန်... ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့ အတွင်းပိုင်း ဒီဇိုင်းအရောင်တွေကို ကြည့်ပေးပါဦး အစ်မကြည့်ရတာတော့ ဒီနှစ်မျိုးစလုံးက တော်တော်လှတယ် ညီမလေး ဘယ်အရောင်ကို ပိုကြိုက်လဲ" ချင်ယွီရုံက အိုင်ပတ်ကို တန်ယန့်ထံ ကမ်းပေးလိုက်သည်။

"ဒီနို့နှစ်ရောင်လေးက လှတယ်၊ နို့နှစ်ရောင်နဲ့ အညိုရောင် စပ်ထားတာက ကြည့်ရတာ အရမ်းနွေးထွေးပြီး စိတ်ချမ်းသာဖို့ ကောင်းတယ်"

တန်ယန်က ပုံများကို တစ်ပုံချင်းစီ ဆွဲကြည့်ရင်း လေယာဉ်အတွင်းပိုင်း ဒီဇိုင်းပုံစံများကို ဆက်လက် လေ့လာနေသည်။

"ဒီလွတ်နေတဲ့ နေရာလေးမှာ ယိတျန်တျန်အတွက် အထူး ထိုင်ခုံလေးတစ်ခု စိတ်ကြိုက် မှာပေးလိုက်ပါ။ ကျန်တာကတော့ အစ်မပဲ ဆုံးဖြတ်လိုက်ပါ၊ ညီမမှာ ထူးထူးခြားခြား တောင်းဆိုချက် မရှိပါဘူး၊ သက်သောင့်သက်သာ ရှိဖို့က အဓိကပဲ"

ချင်ယွီရုံက အိုင်ပတ်ကို ပြန်သိမ်းလိုက်ပြီး "အိုကေ... အကုန်လုံးနီးပါးတော့ အတည်ပြုပြီးပြီ။ သူတို့က ငါတို့များ စိတ်ပြောင်းသွားမလားဆိုပြီး ကြောက်နေကြတာနဲ့ တူတယ်၊ အချိန်ပိုတွေ ဆင်းပြီးကို ပြင်ဆင်ပေးနေကြတာ"

ထိုသို့ ပြောပြီးနောက် ချင်ယွီရုံက ခပ်ဖွဖွ ရယ်မောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။

"LM က ညီမလေး YL နိုင်ငံမှာ ရှိနေတာကို သိသွားပြီး သူတို့ရဲ့ ဆောင်းဦးရာသီ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ဖိတ်ကြားချင်နေကြတယ်။ ဒါက တခြား ဘရန်းအချို့ရဲ့ ပွဲစဉ်ဇယားတွေပါ၊ ညီမလေး တက်ရောက်ချင်တာ ရှိမလား ကြည့်လိုက်ပါဦး"

နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလတိုင်းတွင် LM ၏ လက်အောက်ခံ အမှတ်တံဆိပ် အမျိုးမျိုးသည် သူတို့၏ ဖက်ရှင်ရက်သတ္တပတ် ပွဲများကို အကြီးအကျယ် ကျင်းပလေ့ ရှိကြသည်။ တန်ယန်သည် ယခင်က တစ်ခါမှ မတက်ရောက်ဖူးသော်လည်း၊ ဤအကြိမ်မှာ သူမအတွက် အတွေ့အကြုံသစ်ရရန် အခွင့်အရေးကောင်း တစ်ခုဖြစ်ပေသည်။ ထိုစဉ် သူမ၏ စီမံခန့်ခွဲမှုအောက်ရှိ အနုပညာရှင်များကို ရုတ်တရက် သတိရသွားသည် - 'သူတို့လည်း ဒီလိုမျိုး အခွင့်အရေးတွေကို တကယ် လိုအပ်နေကြမှာပဲ မဟုတ်လား'

*

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့။

ကျိုးချီသည် သူ၏ အထက်လူကြီး (တန်ယန်) ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိသဖြင့် အံ့အားသင့်သွားသည်။ တစ်စုံတစ်ရာ ညွှန်ကြားချက်ပေးရန်ဟု သူ ထင်မှတ်ထားသော်လည်း အမှန်တကယ်တော့ အနုပညာရှင်များအတွက် အခွင့်အလမ်းကောင်းများ ပေးအပ်ရန် ဖုန်းဆက်ခြင်းသာ ဖြစ်နေသည်။

ရလဒ်အနေဖြင့် ယီယွီဖျော်ဖြေရေး လက်အောက်ရှိ အနုပညာရှင်များသည် သူတို့၏ ကျော်ကြားမှု အဆင့်အတန်း မည်သို့ပင် ရှိစေကာမူ၊ အားလပ်ချိန်ရှိသူ မှန်သမျှကို သူတို့၏ အထက်လူကြီးက စုစည်းကာ YL နိုင်ငံတွင် ကျင်းပတော့မည့် ကမ္ဘာကျော် ဖက်ရှင်ရက်သတ္တပတ်များသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိလိုက်ရသည်။

ကျင်းရှန်းမှာမူ ရုပ်ရှင် ရိုက်ကူးနေရသဖြင့် ဤဖက်ရှင်ပွဲ တက်ရောက်မည့် စာရင်းတွင် မပါဝင်ပေ။ ဤရုပ်ရှင်သည် သူမအတွက် အလွန် အရေးကြီးပါသည်၊ အကြောင်းမှာ ယီယွီဖျော်ဖြေရေးသို့ ရောက်ရှိပြီးနောက် ပထမဆုံး လက်ခံရိုက်ကူးသည့် ပရောဂျက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

တန်ယန်နှင့် တွေ့ဆုံပြီးနောက် သူမသည် ယီယွီ၏ အကူအညီဖြင့် မူလကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။ သူမ ယီယွီသို့ တရားဝင် စတင် ဝင်ရောက်သည့် ပထမဆုံးနေ့မှာပင် စီအီးအိုကျိုးချီ၏ ခေါ်ယူခြင်းကို ခံခဲ့ရသည်။

ထိုနေ့တွင်ပင် တန်ယန်သည် ယီယွီဖျော်ဖြေရေး၏ နောက်ကွယ်မှ အစစ်အမှန် အလုပ်ရှင်ဖြစ်ကြောင်း သူမ သိရှိသွားခဲ့ရသည်။ သူမသည် အလွန်ပင် ငယ်ရွယ်လွန်းလှသည်၊ တန်ယန်နှင့် တွေ့ဆုံခွင့်ရပြီး သူမ၏ အကူအညီကို ရရှိခဲ့သည်မှာ မည်မျှအထိ ကံကောင်းလိုက်သနည်းဟု ကျင်းရှန်း တွေးမရနိုင်အောင် ဖြစ်ခဲ့ရသည်။

သို့သော် သူမသည် တန်ယန်ကို နောင်တရစေမည် မဟုတ်သည်မှာ အသေအချာပင်။ သူမ၏ပါရမီကို အသိအမှတ် ပြုခဲ့သည့် တန်ယန့်ကျေးဇူးကို ဆပ်ရန်အတွက် ကုမ္ပဏီအတွက် ပိုမိုများပြားသော တန်ဖိုးများကို သူမ သေချာပေါက် ဖန်တီးပေးမည်ဟု သန္နိဋ္ဌာန် ချထားတော့သည်။

*

YL နိုင်ငံတော်။

အပြည်ပြည်ဆိုင်ရာ ရှိုပင်ပီယာနိုပြိုင်ပွဲ၏ ဒုတိယအဆင့်ဖြစ်သည်။ ယနေ့တွင် တန်ယန်သည် အဆင့် (A) ရှိသော တေးသီချင်း တစ်ပုဒ်ကို မဲနှိုက်ရရှိခဲ့ပြီး ယှဉ်ပြိုင်ရမည့် အစီအစဉ်မှာ နံပါတ် (၈) ဖြစ်သည်။ အခြားသူများ၏ အမြင်တွင်မူ ဤအခြေအနေမှာ သူမအတွက် အလွန်ပင် အားနည်းချက် ဖြစ်နေသည်။

HO နိုင်ငံမှ လူငယ်လေးကလည်း ထိုသို့ပင် တွေးတောနေသည်။ ယခုအချိန်တွင် သူသည် စင်နောက်၌ တန်ယန်ကိုကြည့်ကာ လှောင်ပြောင်ချင်နေပြီး သူ၏ မကောင်းသော ရည်ရွယ်ချက်မှာ အလွန်ပင် သိသာ ထင်ရှားနေသဖြင့် ဘေးနားရှိ အခြားပြိုင်ပွဲဝင်များပင် အံ့အားသင့်နေကြရသည်။ သို့သော်လည်း သူသည် မည်သည့်ထိန်းချုပ်မှုမျိုးကိုမျှ ပြသခြင်း မရှိခဲ့ပေ။

တန်ယန်မှာမူ ထိုအရူးကို အရေးလုပ်မနေတော့ဘဲ ဝန်ထမ်းများ စင်ပေါ်သို့တက်ရန် လာရောက် အကြောင်းကြားသည်အထိ ထိုင်ခုံပေါ်တွင် အေးအေးဆေးဆေးပင် ထိုင်စောင့်နေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မကြာမီပင် သူမ၏အလှည့်သို့ ရောက်ရှိလာခဲ့သည်။ သူမသည် မတ်တပ်ရပ်လိုက်ပြီး ဂါဝန်ပေါ်မှ အတွန့်အကြေများကို ဆန့်ထုတ်ကာ စင်ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ယနေ့တွင် သူမသည် လရောင်ကဲ့သို့ ဖြူစင်သော အရောင်ရှိသည့် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဂါဝန်အနားသတ်မှာ ခြေဖျားအထက်တွင် သဘာဝကျကျ ကျဆင်းနေသည်။ သူမ၏ခါးတွင်မူ စင်ပေါ်မှ မီးရောင်အောက်၌ အပြာရောင် အလင်းတန်းများ ဖြာထွက်နေသည့် အပြာရောင်နှင်းဆီပန်း နှစ်ပွင့်ကို ဆင်ယင်ထားသည်။ အနီးကပ်ကြည့်ရှုပါက ထိုပန်းများသည် နီလာခဲများဖြင့် တစ်ပွင့်ချင်း ပြုလုပ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။

ပရိသတ်ထဲမှ ထိုဂါဝန်ကို သိရှိကြသော အမျိုးသမီးများမှာ အံ့သြတုန်လှုပ်သွားကြသည်။ ဤဂါဝန်မှာ ဂျော်နီနှင့် အပေါင်းအပါများ (J.A.L.D.) မှ ထုတ်လုပ်ခဲ့သော ဂါဝန်သုံးထည်ထဲမှ တစ်ထည်ဖြစ်သည့် 'လမင်းဂါဝန်' ပင် ဖြစ်သည်။ ဒေါ်လာရှစ်သန်းခန့် တန်ဖိုးရှိသော ဂါဝန်တစ်ထည် ဖြစ်သည်။

ဂါဝန်အကြောင်း မသိရှိသူများကမူ "ဒီဂါဝန်လေးက တော်တော်လှတာပဲ" ဟုသာ တွေးကောင်း တွေးနိုင်သော်လည်း ဂါဝန်အကြောင်း နားလည်သူ အချို့ကမူ - J.A.L.D. ၏ လမင်းဂါဝန်ကို ဝတ်ဆင်နိုင်အောင် သူမက ဘယ်သူ့သမီးများ ဖြစ်နေမလဲဟု သိချင်စိတ် ပြင်းပြနေကြသည်။ ထိုသို့သော သူဌေးသမီးများ အနေဖြင့် ရှစ်သန်းတန်ဂါဝန်ကို မဝယ်နိုင်၍ မဟုတ်ဘဲ ဤဂါဝန်မျိုးမှာ ငွေရှိရုံနှင့် ဝယ်ယူ၍မရနိုင်သောကြောင့် ဖြစ်သည်။

ဤဂါဝန်ကို ဖန်တီးခဲ့သည့် ဒီဇိုင်နာသည် နီလာတွင်း တစ်တွင်းလုံးမှ ရရှိသော နီလာများကို အသုံးပြုကာ လမင်းဂါဝန် သုံးထည်ကိုသာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့သော ကုန်ကြမ်းမျိုးကို ပြန်လည် မတွေ့ရှိနိုင်တော့ပေ။ ထို့ကြောင့် ဤဂါဝန်သုံးထည်မှာ မည်သူမျှ ကျော်လွန်နိုင်ခြင်း မရှိသော၊ အချိန်ကာလ မည်မျှပင်ပြောင်းစေကာမူ အမြဲခေတ်မီ ဆန်းသစ်နေသည့် စံပြဂါဝန်များ ဖြစ်လာခဲ့ပါသည်။

ဂါဝန်တစ်ထည်မှာ YL တော်ဝင်မိသားစုထံတွင် ရှိပြီး နောက်တစ်ထည်မှာ မင်းသမီး ST ၏ လက်ဝယ်တွင်ရှိသည်။ ကျန်ရှိနေသော တစ်ထည်မှာမူ ယခု တန်ယန်ဝတ်ဆင်ထားသော ဂါဝန်ဖြစ်ပြီး ၎င်းကို စနစ်၏ နေ့စဉ်လက်ဆောင်သေတ္တာ မဲနှိုက်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။

မနေ့ညက တန်ယန်သည် အိပ်ရာပေါ်တွင် လှဲလျောင်းရင်း သူမ၏စိတ်ထဲမှ "ယီတျန်တျန်" နှင့် ဆက်သွယ် စကားပြောခဲ့သည်။ သူမတွင် နေ့စဉ် စာရင်းသွင်းဝင်ခြင်းဖြင့် စုဆောင်းမိထားသော လက်ဆောင်သေတ္တာ (၁၀၀) ရှိနေပြီဖြစ်ကြောင်း ယီတျန်တျန်က သတိပေးခဲ့သည်။ သူမအနေဖြင့် ထိုသေတ္တာ (၁၀၀) လုံးကို တိုက်ရိုက် ဖွင့်နိုင်သလို၊ အဆင့်မြှင့်တင် ပြီးမှလည်း ဖွင့်လှစ်နိုင်သည်ဟု အကြံပြုထားခြင်း ဖြစ်သည်။

ရတနာသေတ္တာများအား အဆင့်မြှင့်တင်နိုင်ကြောင်းကို တန်ယန်ကပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဤသည်မှာ ဂိမ်းများထဲမှ ပစ္စည်းဖန်တီးသည့် စနစ်နှင့် ဆင်တူနေသည်။ ထို့ကြောင့် သူမသည် ယိတျန်တျန်၏ အကူအညီဖြင့် သာမန်ရတနာသေတ္တာ အလုံးတစ်ရာကို ရွှေရောင်ရတနာသေတ္တာ ဆယ်လုံးအဖြစ် အဆင့်မြှင့်လိုက်ပြီး ဆယ်ကြိမ်ဆက်တိုက် ကံစမ်းမဲနှိုက်ခဲ့ရာ ယနေ့သူမ ဝတ်ဆင်ထားသည့် ဂါဝန်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တန်ယန်သည် ဤဂါဝန် တစ်ထည်တည်းကိုသာ ရရှိခဲ့သည်မဟုတ်ဘဲ အခြားဂါဝန် ငါးထည်ကိုလည်း ရရှိခဲ့သေးသည်။ ထိုဂါဝန်များ အားလုံးသည် 'လနတ်သမီးဂါဝန်' နှင့် တန်ဖိုးချင်း တူညီကြပြီး တစ်ထည်ချင်းစီတိုင်းမှာ သူမ၏ အလှအပအကြိုက်နှင့် ကွက်တိကျနေခဲ့သည်။

တန်ယန်က စတင် တီးခတ်လိုက်သည်နှင့် လူတိုင်း၏အာရုံမှာ စင်မြင့်ထက်ကို လွှမ်းခြုံသွားသော ပီယာနိုသံစဉ်ဆီသို့ ရောက်ရှိသွားကြသည်။ သူတို့သည် အရာအားလုံးကို ခေတ္တခဏ မေ့လျော့သွားကြပြီး သာယာငြိမ့်ညောင်းသော ဂီတသံစဉ်နှင့်အတူ စိတ်ခံစားချက်များ တက်ကြွလိုက်၊ နိမ့်ဆင်းလိုက်ဖြင့် စီးမျော လိုက်ပါသွားကြတော့သည်။

......

အောင်မြင်ကျော်ကြားသော ဖျော်ဖြေမှုအပြီးတွင် သူမသည် ဂါဝန်စကို အသာအယာမကာ ခပ်ကြွကြွ ခြေလှမ်းလေးများဖြင့် စင်ပေါ်မှ ဆင်းလာခဲ့သည်။ သူမနောက်တွင် ယှဉ်ပြိုင်ရသည့် ကိုးယောက်မြောက် ပြိုင်ပွဲဝင်မှာမူ သိသိသာသာပင် စိတ်ဓာတ်ကျနေရှာသည်။ သူသည် မိမိ၏ B-level တေးသွားကို တီးခတ်နေစဉ် အမှားတစ်ခု ပြုလုပ်မိသွားပြီး စိတ်တည်ငြိမ်မှုလည်း ပျက်ပြားသွားခဲ့သည်။ အမှားပြုလုပ်မိပြီးနောက်တွင် ပို၍ပင် တုန်လှုပ်လာကာ နောက်ဆုံး၌ တေးမှတ်စုများကိုပါ မေ့သွားခဲ့တော့သည်။ ထို့ကြောင့် သူသည် တေးသွားကို အဆုံးထိ မတီးနိုင်တော့ဘဲ မျက်ရည်များဖြင့် စင်ပေါ်မှ ထွက်ခွာသွားခဲ့ရသည်။

All Chapters