← Chapters

မိစ္ဆာကျင့်ကြံသူ

Vol. 8 Ch. 79

မိစ္ဆာကျင့်ကြံသူ

Vol. 8 Ch. 79

သိသာလှသည်မှာ ယခုတစ်ကြိမ်တွင်မူ ဦးလေးကိုး ၏ ကံကြမ္မာမှာ သိပ်မကောင်းလှပေ။ အကယ်၍ မမျှော်လင့်ထားသော အပြောင်းအလဲများသာ မရှိခဲ့ပါက ၊ သူ ပြန်လည်နိုးထလာရန်အတွက် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားလိမ့်မည်။

အမှန်စင်စစ် မိမိထက် အဆင့်အတန်းတစ်ခုလုံး ကြီးမားစွာ ကွာဟနေသည့်အပြင် ၊ မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်ထက် အဆပေါင်း လေးဆယ် ၊ ငါးဆယ်ခန့် သာလွန်သော ရန်သူကို သတ်ဖြတ်နိုင်ရန်မှာ ၊ အကယ်၍ ဘေးထွက်ဆိုးကျိုးသာ မရှိခဲ့ပါက ၎င်းမှာ တကယ့်ကို နတ်ဘုရားလက်နက်စစ်စစ် ဖြစ်နေလိမ့်မည်။

“ဝူး... “

ဤသို့ တွေးမိသည်နှင့် လင်းရန်ယန် သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ များပြားလှသော ‘သစ်သားဝိညာဉ်စွမ်းအား’ များကို ဦးလေးကိုး၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ပင် စီးဝင်စေလိုက်တော့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဦးလေးကိုး၏ ဒဏ်ရာများမှာ သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုပြင်းထန်နေသည်ကို သိရှိလိုက်ရသဖြင့် လင်းရန်ယန်မှာ များစွာ အံ့ဩသွားရ၏။

ဆုံးရှုံးသွားသော အရာမှာ သာမန် ခန္ဓာကိုယ်စွမ်းအား မဟုတ်ဘဲ အသက်ဇီဝ၏ မူလအခြေခံ ပင် ဖြစ်သည်။ ၎င်းမှာ သာမန် အသက်ဓာတ်နှင့် မတူညီပေ။ အကယ်၍သာ ဤအတိုင်း ဆက်သွားနေမည်ဆိုပါက ၊ ဦးလေးကိုးသည် နိုးလာလျှင်ပင် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားလိမ့်မည်။

“အံ့ဩစရာ မရှိတော့ပါဘူး ၊ အစ်ကိုကြီးက ‘မြေကမ္ဘာအရှင်သခင် ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့်’ ရှိတဲ့သူ ဖြစ်ပါလျက်နဲ့ ၊ အသက်လေးဆယ်မှာတင် ဆံပင်တွေ ဖြူနေရတာဟာ ၊ လွန်ခဲ့တဲ့ တစ်ခါတုန်းကလည်း အသက်ဇီဝ မူလအခြေခံတွေ အများကြီး ဆုံးရှုံးခဲ့လို့ပဲ ဖြစ်ရမယ် ”

ဤမြင်ကွင်းကို ကြည့်ရင်း လင်းရန်ယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သို့သော်လည်း ဤအရာအားလုံးမှာ လင်းရန်ယန်အတွက်မူ ခက်ခဲသော အလုပ်မဟုတ်ပေ။ ‘သစ်သားဝိညာဉ်စွမ်းအား’ ကို အနည်းငယ် ပို၍ အသုံးပြုရုံမျှသာ ရှိသည်။

ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်သည် ‘မြေကမ္ဘာဝိညာဉ်စွမ်းအား’ ကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး ၊ မြေကမ္ဘာအတွင်းမှ ဝိညာဉ်ဓာတ်စွမ်းအားများကို အလျင်အမြန်ပင် စုပ်ယူလိုက်တော့သည်။

သူ၏ ‘ဝိညာဉ်စွမ်းအား ရေကန်’ ၏ အဆတစ်ထောင် မြန်ဆန်သော ပြန်လည်ပြည့်ဝမှုနှင့် မြေကမ္ဘာဝိညာဉ်စွမ်းအား၏ အရှိန်မြှင့်တင်မှုတို့ ပေါင်းစပ်လိုက်ပါက ၊ ဦးလေးကိုး ဆုံးရှုံးသွားသော အသက်ဇီဝ မူလအခြေခံအားလုံးကို ပြန်လည်ဖြည့်တင်းပေးရန် တစ်နာရီကျော်မျှသာ အချိန်ယူရလိမ့်မည်။

“ဒါနဲ့... ရွှေချပ်ဝတ်ဖုတ်ကောင်လည်း သေသွားပြီဆိုတော့ ၊ ဒီစိတ် ဖန်ဆင်းရှင် နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းကလည်း ပြီးဆုံးသွားပြီ ထင်တာပဲနော် ”

ရုတ်တရက် လင်းရန်ယန်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။ သို့သော်လည်း ၎င်းမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း...

လင်းရန်ယန်သည် ဤမစ်ရှင်ကို လုံးဝဥဿုံ အဆုံးမသတ်ချင်သေးပေ။

“ ‘မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း’ (ကသာ ငါ ဤမစ်ရှင်မှာ SSS အဆင့် ရ ၊ မရ ဆိုတာကို ဆုံးဖြတ်ပေးမယ့် သော့ချက်ပဲ ၊ အဆင့်သတ်မှတ်ချက်အရ ဆိုရင်တော့ ၊ ငါသာ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်နိုင်မယ်ဆိုရင် ၊ အခက်အခဲ အဆင့်က SSS နဲ့ အတိအကျ ကိုက်ညီသွားလိမ့်မယ် ၊ အခြေအနေက ဒီလိုဖြစ်နေမှတော့ ၊ ငါ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းဆီကို တစ်ခေါက်လောက် သွားကြည့်ရမှာပေါ့ ၊ ငါ မစ်ရှင်ကို SSS အဆင့် ရအောင် လုပ်ရမယ် ၊ ဒါမှမဟုတ်ရင် ငါ့ကို ဒီစနစ်ကြီးနဲ့ ကစားနေရုံပဲလုပ်နေတယ်လို့ လူတွေက ထင်ကုန်ကြလိမ့်မယ် ”

ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်သည် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူသည် မစ်ရှင်ကို မရပ်ဆိုင်းရန် ရွေးချယ်လိုက်၏။

လင်းရန်ယန်၏ ကုသမှုအောက်တွင် အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ နောက်ဆုံးတွင် တစ်နာရီခန့် ကြာမြင့်သွားပြီ ဖြစ်သည်။

ဦးလေးကိုး၏ အသက်ဇီဝ မူလအခြေခံအားလုံးကို လင်းရန်ယန်က လုံးဝဥဿုံ ပြန်လည်ပြုပြင်ပေးနိုင်ခဲ့သည်။ ဒါတင်မကသေးဘဲ ၊ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က အောင်းထျန်းလုံနှင့် အတူရှိစဉ် ဆုံးရှုံးခဲ့သော အသက်ဇီဝ မူလအခြေခံများကိုပင် လင်းရန်ယန်က တစ်ပါတည်း ပြုပြင်ပေးလိုက်၏။

အမှန်စင်စစ် ၎င်းမှာ လင်းရန်ယန်အတွက် လမ်းကြုံလုပ်ဆောင်ပေးရုံမျှသာ ရှိသည်။

ထို့ကြောင့်ပင် ဦးလေးကိုး၏ ဆံပင်များမှာ သိသိသာသာ ပြန်လည် နက်မှောင်လာခဲ့ရတော့သည်။ သူသည် အနည်းဆုံး ဆယ်နှစ်ခန့် ပို၍ ငယ်ရွယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

အမှန်စင်စစ် သူသည် ယခင်က အသက်ငါးဆယ်ကျော်ဟု ထင်ရသော်လည်း ၊ ယခုအခါ ဆယ်နှစ်ခန့် ပို၍ ငယ်ရွယ်သွားပြီ ဖြစ်ရာ အသက်လေးဆယ်ကျော်အရွယ်သို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်သည်။

“အား... ငါ့ခေါင်းက တော်တော်နာနေတာပဲ ”

မကြာမီမှာပင် ဦးလေးကိုးသည် သတိပြန်လည်လာခဲ့သည်။ သူသည် နိုးလာချိန်တွင် သူ၏ ဦးခေါင်းကြီးမှာ ပေါက်ကွဲထွက်တော့မတတ် ခံစားရသော်လည်း ၊ သတိအပြည့်အဝ ပြန်လည်ရရှိလာသည်နှင့်အမျှ ထိုဝေဒနာများမှာ တဖြည်းဖြည်းချင်း လျော့ပါးသွားတော့သည်။

“နာကျင်မှုဆိုတာ အစ်ကိုကြီးရဲ့ ဦးနှောက်က ပြန်လည် အလုပ်လုပ်နေတာပါ ၊ အင်္ဂါအစိတ်အပိုင်း အားလုံးက ပုံမှန် အလုပ်လုပ် ၊ မလုပ်ကို စစ်ဆေးနေတာပေါ့ ၊ ဒါတွေအားလုံးက သဘာဝဖြစ်စဉ်တွေပါပဲ ”

လင်းရန်ယန်က သိပ္ပံနည်းကျ နည်းလမ်းများကို အသုံးပြုလျက် ရှင်းပြလိုက်၏။

“ဟင်... ညီလေး ၊ မင်း ဘာတွေ ပြောနေတာလဲ ”

ကံဆိုးလှသည်မှာ ဦးလေးကိုးမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရပြီး ၊ တစ်လုံးမျှ နားမလည်ခြင်းပင် ဖြစ်သည်။

“ထားလိုက်ပါတော့ ၊ ကျွန်တော် ဘာမှ မပြောဘူးလို့ပဲ မှတ်လိုက်ပါ ”

လင်းရန်ယန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။ ဦးလေးကိုးမှာမူ ဘေးနားတွင် လဲလျောင်းနေသော ပါးကွ မှန်ချပ်ကို ကြည့်ရင်း ၊ ရင်ထဲတွင် ထိတ်လန့်မှုများ ကျန်ရှိနေဆဲပင် ဖြစ်သည်။

“ဒီပစ္စည်းက တကယ့်ကို အန္တရာယ်များလွန်းတယ် ၊ နောက်ဆိုရင် ဒါကို လျှော့သုံးတာ ပိုကောင်းမယ် ထင်တယ် ”

ဦးလေးကိုးက မနေနိုင်ဘဲ ပြောလိုက်၏။

“ဆန့်ကျင်ဘက်ပဲ ၊ ဒီပစ္စည်းက တကယ့်ကို ရတနာကောင်း တစ်ခုပါ ၊ အနည်းဆုံးတော့ ‘တာအိုအဆင့်’ ဒါမှမဟုတ် အဲဒီထက် မြင့်လိမ့်မယ် ၊ အစ်ကိုကြီးအနေနဲ့ ဒါကို နှစ်ကြိမ်စလုံး သုံးခဲ့တုန်းက ၊ မိမိထက် အဆင့်များစွာ မြင့်တဲ့ ရန်သူတွေကို သတ်ဖြတ်ခဲ့တာမို့ ၊ ခန္ဓာကိုယ်က မခံနိုင်တာကတော့ သဘာဝပဲ ၊ အကယ်၍သာ သာမန် တိုက်ပွဲတွေမှာ ဆိုရင်တော့ ၊ ဒီပစ္စည်းက အစ်ကိုကြီးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီး တိုးတက်စေမှာပါ ၊ ဒါ့အပြင် အစ်ကိုကြီးက ဒါကို ခဏခဏ သုံးမယ်ဆိုရင် ၊ ခံနိုင်ရည်ကလည်း တိုးလာမှာမို့ ၊ မိမိထက် အဆင့်မြင့်တဲ့ ရန်သူတွေနဲ့ တိုက်ရရင်တောင် ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်တော့မှာ မဟုတ်ဘူး ”

ဦးလေးကိုးက ဤမျှ ကောင်းမွန်သော ရတနာကို မသုံးချင်တော့ကြောင်း ကြားသောအခါ လင်းရန်ယန်က ချက်ချင်းပင် ကြားဖြတ် ပြောဆိုလိုက်၏။

“ဟင်.. အဲဒီလိုလည်း ရှိသေးတာလား ၊ ပြီးတော့ ဒီပစ္စည်းရဲ့ အဆင့်က အဲဒီလောက်တောင် မြင့်တာလား”

ဦးလေးကိုးမှာ အံ့အားသင့်သွားရတော့သည်။ သို့သော် ပြန်လည် စဉ်းစားကြည့်သောအခါ ၎င်းမှာ ကျိုးကြောင်းဆီလျော်လှ၏။ လွန်ခဲ့သော တစ်ခါက သူ အသုံးပြုခဲ့စဉ်က တစ်နှစ်တိတိ သတိမေ့သွားခဲ့ရပြီး ၊ ယခုတစ်ကြိမ်တွင်မူ သေလုမျောပါးပင် ဖြစ်ခဲ့ရသည်။

နှစ်ကြိမ်စလုံးမှာ မိမိထက် အဆင့်များစွာ မြင့်မားသူများနှင့် တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်။ အကယ်၍သာ ပထမတစ်ကြိမ်က ထိုမျှ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပါက ၊ သူသည် ဤကဲ့သို့သော ရတနာကောင်းကို အလဟဿ ပစ်ထားမိမည် မဟုတ်ပေ။

“ကဲ... ဒါတွေ ထားလိုက်ပါဦး ၊ အစ်ကိုကြီးရဲ့ အလောင်းပြင်ခန်းကို သွားကြည့်ရအောင် ၊ ဒီတိုက်ပွဲကြောင့် အလောင်းပြင်ခန်းကြီး တစ်ခုလုံး ပျက်စီးသွားပြီ”

လင်းရန်ယန်က မတတ်သာသလို ပြောလိုက်၏။ ထိုအခါမှသာ ဦးလေးကိုးလည်း သတိဝင်လာတော့သည်။ သူ ပြန်ကြည့်လိုက်သောအခါ ၊ ဟောင်းနွမ်းနေပြီဖြစ်သော အလောင်းပြင်ခန်းကြီးမှာ ယခုအခါ လုံးဝ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ နံရံအားလုံး ပြိုကျသွားရုံတင်မကဘဲ ၊ အိမ်အများစုမှာလည်း ပြိုလဲကုန်ပြီ။ ဘိုးဘေးခန်းမနှင့် ဧည့်ခန်းတစ်ခုသာလျှင် မပြိုမလဲ ကျန်ရှိနေတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း”

ထိုအချိန်မှာပင် ဘိုးဘေးခန်းမကြီးသည်လည်း ဝုန်းခနဲ ပြိုကျသွားတော့၏ ။ ဤမြင်ကွင်းကို ကြည့်ရင်း ဦးလေးကိုးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ဟူး... ကြည့်ရတာ ငါက နောက်ဆုံးတော့ ယန်ကျား မြို့ကနေ ထွက်ခွာရမယ့် ကံပါလာပုံရတယ် ၊ ထွက်ခွာရမယ့် အချိန် ရောက်ပြီ ထင်ပါရဲ့ ”

ဤအချိန်တွင် ဦးလေးကိုးက သက်ပြင်းချလိုက်၏။ အမှန်စင်စစ် လင်းရန်ယန်က အန္တရာယ်ရှိသော နေရာကို နှိမ်နင်းပေးခဲ့ကတည်းက ၊ သူသည် ဤမြို့မှ ထွက်ခွာပြီး မိမိ၏ ဇာတိမြေသို့ ပြန်သင့် ၊ မပြန်သင့် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ လူတိုင်းသည် မိမိ၏ ဇာတိမြေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်ချင်ကြသည်မှာ သဘာဝပင် ဖြစ်သည်။

ဦးလေးကိုး ကြီးပြင်းခဲ့သော နေရာမှာလည်း ယန်ကျားမြို့ မဟုတ်ပေ။ သို့သော်လည်း သူသည် ဤနေရာ၌ ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့ရသဖြင့် ၊ ရုတ်တရက် ထွက်ခွာသွားရန်မှာ စိတ်မကောင်းစရာ ဖြစ်နေရ၏။ သို့သော် ယခုအခါတွင်မူ သူ မထွက်ခွာချင်လျှင်ပင် ၊ အခြား ရွေးချယ်စရာ မရှိတော့ပေ။

“အစ်ကိုကြီး... ဘယ်ကို သွားဖို့ စိတ်ကူးထားလဲ ၊ ဇာတိမြေကို ပြန်မလို့လား ”

လင်းရန်ယန်က စပ်စုလိုက်၏။

“ဟုတ်တယ်... ပြန်ရမယ့် အချိန် ရောက်ပြီ ၊ ငါ အသက် ဆယ့်သုံးနှစ်သားမှာ ဇာတိကနေ ထွက်ပြီး မော်ရှန်းမှာ ပညာသွားသင်ခဲ့တာ ၊ အခုဆိုရင် အနှစ် နှစ်ဆယ့်ခုနစ်နှစ်တိတိ ရှိသွားပြီ ”

ဦးလေးကိုးက အသာအယာ ပြုံးလိုက်၏။ အိမ်ပြန်ရမည်ဟူသော အတွေးကြောင့် သူ၏ စိတ်ခံစားမှုမှာ များစွာ ကောင်းမွန်လာခဲ့တော့သည်။

“ဟုတ်တယ် ၊ လူဆိုတာ မိမိရဲ့ အမြစ်ရှိရာကို ပြန်ချင်ကြတာပဲ ၊ စိတ်မကောင်းစရာကတော့ အစ်ကိုကြီးက ဇာတိကို ပြန်လို့ရပေမဲ့ ၊ ကျွန်တော့်ရဲ့ ဇာတိက ဘယ်မှာလဲဆိုတာ ကျွန်တော်တောင် မသိဘူး ”

လင်းရန်ယန်က သက်ပြင်းချရင်း မတတ်သာသလို ပြောဆိုလိုက်၏။ ၂၁ ရာစု…... သူ ဘယ်အချိန်မှ ပြန်နိုင်မည်နည်း။

“ဟင်... ညီလေးက မင်းရဲ့ ဇာတိကို မသိဘူးလား ”

ဦးလေးကိုးမှာ ဇဝေဇဝါ ဖြစ်သွားရသည်။

“ဘယ်မှာလဲဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ပြန်လို့ မရတော့တာပါ ၊ ထားလိုက်ပါတော့... ၊ မြင်းစီးဓားပြတွေ ကိစ္စက ဖြေရှင်းဖို့ ကျန်နေသေးတယ် ၊ ကျွန်တော်ကတော့ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့ စိတ်ကူးထားတယ် ၊ အစ်ကိုကြီးကော လိုက်ချင်လား ၊

လင်းရန်ယန်က စကားလမ်းကြောင်း လွှဲလိုက်ပြီးနောက် ၊ သူ၏ စိတ်ကူးကို ပြောပြလိုက်တော့သည်။

“ဘာ... မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးမလို့လား ၊ ညီလေးရာ... ဒါသာ လူသိသွားရင် ညီလေးတင်မကဘူး ၊ မော်ရှန်းဂိုဏ်းတောင် နာမည်ပျက်နိုင်တယ် ”

လင်းရန်ယန်၏ စကားကို ကြားသောအခါ ဦးလေးကိုးမှာ များစွာ ထိတ်လန့်သွားရတော့သည်။

မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းသည် မည်သို့ပင်ဆိုစေကာမူ ဒုတိယတန်းစား မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း လေးရာကျော်က ထိုဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးဆရာသခင်ကြီးမှာ ယခုအခါ အသက် ခုနစ်ရာကျော်အထိ ရှင်သန်နေဆဲ ဖြစ်သည်။ သူ၏ စွမ်းအားမှာ အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှပြီး ၊ ‘ကောင်းကင်အရှင်သခင် ဆဋ္ဌမအဆင့်’ ရှိသော အစွမ်းထက် မိစ္ဆာကျင့်ကြံသူကြီး တစ်ဦး ဖြစ်၏။

အမှန်စင်စစ် သူသည် ဤမျှအထိ အသက်ရှည်နေခြင်းမှာ သဘာဝကျလှသည်။ စုန်းအတတ်ပညာ ကျင့်ကြံသူများသည် ဖုတ်ကောင်များကဲ့သို့ ထာဝရ အသက်ရှင်နိုင်ခြင်း မရှိသော်လည်း ၊ သာမန် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို အသက်ရှည်နိုင်ကြသောကြောင့် ဖြစ်သည်။

သို့ပေမယ့် ၊ မိစ္ဆာဂိုဏ်းများပင်လျှင် ဤစုန်းအတတ်ပညာ ကျင့်ကြံသူများကို ရွံရှာမုန်းတီးကြရာ ၊ အနည်းငယ်မျှ နာမည်ကျော်ကြားသော စုန်းမိစ္ဆာဂိုဏ်းမှာ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း တစ်ခုတည်းသာ ရှိ၏။

မော်ရှန်းဂိုဏ်းပင်လျှင် ဤကဲ့သို့သော ဂိုဏ်းမျိုးကို အလွယ်တကူ တိုက်ခိုက်ရန် ဝံ့မည် မဟုတ်ပေ။ ပထမအချက်မှာ ရန်သူ၏ စွမ်းအားမှာ ကြီးမားလှသဖြင့် ၊ တိုက်ခိုက်မည်ဆိုပါက ‘ကောင်းကင်အရှင်သခင်’ အများအပြား လိုအပ်မည်ဖြစ်ပြီး ၊ မိမိတို့ဘက်မှ ကောင်းကင်အရှင်သခင်များပင် သေဆုံးနိုင်သောကြောင့် ဖြစ်သည်။

All Chapters