← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

“ကျူချင်း၊ မင်း နောက်ဆုံးတော့ ပြန်လာပြီ။”

ရှောင်ဝူနှင့် နင်ရုံရုံတို့ အလျင်စလို ပြေးထွက်လာကာ ကျူကျူချင်း၏ အိတ်ကို ဆွဲယူပြီး ပြောဆိုလိုက်ကြသည်။

“မာဟုန်ကျွင်းက မသန်မစွမ်း ဖြစ်သွားပြီ။”

“ဆရာကြီးနဲ့ ကျောင်းအုပ်ကြီးတို့လည်း စိတ်ဓာတ်အရမ်းကျနေကြတယ်။ စကားပြောရင် သတိထားဦး။”

ကျူကျူချင်၏ ချောမောသော မျက်နှာလေးသည် တည်ငြိမ်နေကာ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

“နားလည်ပြီ။”

ရှီလိုင်ခဲ့ကျောင်းတော်ထဲသို့ ခြေချလိုက်သည်နှင့် ဖိအားတစ်မျိုးက သူတို့အပေါ် လွှမ်းခြုံလာသည်။

တိုက်မုပိုင်သည် ကျူကျူချင်ကို မြင်လိုက်သည်နှင့် ရုတ်တရက် ထရပ်ကာ လက်သီးဆုပ်ပြီး အော်ဟစ်လိုက်သည်။

“ကျူကျူချင်၊ မင်း ကောင်းကင်ဒူမြို့ကို အဲဒီ ဓားဝိုင် (လီကျယ်ရှန်း) ကို သွားတွေ့ခဲ့တာလား။”

“မင်းသိရဲ့လား... ဖက်တီးက သူ့ကြောင့် မသန်မစွမ်း ဖြစ်သွားတာ။”

ကျူကျူချင်က သူ့ကို လျစ်လျူရှုလိုက်သည်။

သူမသည် မိန်းကလေးများ အဆောင်ဘက်သို့ လျှောက်သွားသည်။

“မင်း အဲဒီမှာ ရပ်လိုက်စမ်း။”

ဤသို့ လျစ်လျူရှုခံလိုက်ရသောကြောင့် တိုက်မုပိုင်၏ မျက်နှာသည် ပုတ်သိုးသွားကာ ဝိဉာဉ်စွမ်းအင်များ တိုးပွားလာပြီး ကျားဟိန်းသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ သူသည် သားကောင်အား ခုန်အုပ်သည့် ကျားတစ်ကောင်ပမာ ကျူကျူချင်းဆီသို့ ပြေးသွားကာ ဖမ်းဆုပ်ရန် လှမ်းလိုက်သည်။

ဤမြင်ကွင်းတွင် ထန်စန်း၏ မျက်နှာထားသည် အေးစက်နေပေသည်။ အော်စကာမှာမူ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်မိသည်။

“တိုက်မုပိုင်။ မင်း ဘာလုပ်နေတာလဲ။”

ရှောင်ဝူနှင့် နင်ရုံရုံတို့မှာ အံ့အားသင့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“ကျူချင်း၊ သတိထား။”

ပြင်းထန်သော လေတိုက်ခတ်မှုသည် သူမ၏ နောက်ဘက်တွင် ရှိနေနှင့်ပြီဖြစ်သည်။

ထို့နောက်ကျူကျူချင်း လှုပ်ရှားလိုက်သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်သည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်မုပိုင်အား ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။

“ဘာ။” တိုက်မုပိုင်၏ နတ်ဆိုးမျက်လုံးများတွင် သူ လွဲချော်သွားသဖြင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ကျူကျူချင်းသည် လျင်မြန်စွာ တိုက်ခိုက်သည့် အမျိုးအစား ဖြစ်သော်လည်း သူ၏ ဝိဉာဉ်စွမ်းအင်က ပိုမိုအားကောင်းသဖြင့် သူတို့၏ အရှိန်က ဤမျှ ခြားနားမနေသင့်ဟု သူ တွေးမိသည်။

အတွေးများ ခေါင်းထဲ၌ ပြေးလွှားနေစဉ် အစွမ်းထက်သော ဝိဉာဉ်စွမ်းအင် လှုပ်ရှားမှုတစ်ခုသည် ကျူကျူချင်း၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည်။

“အဆင့် ၃၇”

ယွီရှောင်ကန်း၊ ဖူလန်ဒါနှင့် လု့အာလုံတို့ အံ့အားသင့်စွာ ထရပ်လိုက်ကြသည်။

အေးစက်သော အလင်းရောင်တစ်ခု လျှပ်ခနဲ လက်သွားသည်။

ကျူကျူချင်၏ သွယ်လျသော လက်ထဲတွင် ခါးမှ ဓားတစ်လက်ကို ဆွဲထုတ်ထားနှင့်ပြီး ဖြစ်ပြီး

ယွီရှောင်ကန်းနှင့် ဖူလန်ဒါတို့၏ ဟစ်အော်သံများ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။

“ရပ်စမ်း။”

ကျူကျူချင်သည် နားပင်းနေသကဲ့သို့ ပြုမူကာ ဓားသွားဖြင့်မခုတ်ပဲ ပြားချပ်အေးစက်သော ဘေးဘက်ခြမ်းဖြင့် တိုက်မုပိုင်၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ပြင်းထန်သော လေတိုးသံများ ဖြစ်ပေါ်လာပေသည်။

ရွှပ်ခနဲ

ရိုက်သံကျယ်လောင်စွာ ထွက်ပေါ်လာပြီး တိုက်မုပိုင်မှာ မီတာ အတော်အတန် လွင့်ထွက်သွားပြီး ထန်စန်း၏ ထောက်ကူမှုဖြင့် မနည်းပြန်လည် တည်ငြိမ်အောင် ထိန်းထားနိုင်လိုက်သည်။

“ခွေးမ။”

တိုက်မုပိုင်က သူ၏ မျက်နှာကို ဖိကိုင်ထားပြီး နတ်ဆိုးမျက်လုံးများတွင် သတ်လိုသည့် စိတ်ဆန္ဒများ ပြည့်လျှံနေကာ သူ၏ ကြွက်သားများ ဖောင်းကားလာပြီး ကျားဖြူအမွေးများ ရိုင်းစိုင်းစွာ ပေါက်ထွက်လာသည်။

ထိုအချိန်တွင် ယွီရှောင်ကန်းနှင့် ဖူလန်ဒါတို့သည် တိုက်မုပိုင်၏ ရှေ့တွင် ရပ်ကာ ကြိမ်းမောင်းလိုက်ကြသည်။

“တော်တော့။”

တိုက်မုပိုင်မှာ အသက်ရှူမှားသွားပြီး သူ၏ ဝိဉာဉ်စွမ်းအင်များ တဖြည်းဖြည်း ငြိမ်သက်သွားကာ ကျူကျူချင်းကို စိုက်ကြည့်ရင်း သွားကြိတ်ကာ ပြောဆိုလိုက်သည်။

“ကျူကျူချင်း၊ မင်း ငါတို့ကို ရှင်းပြရမယ်။”

“ရှီလိုင်ခဲ့ ခုနစ်ဖော်ထဲက မာဟုန်ကျွင်း မသန်မစွမ်း ဖြစ်သွားတာတောင် မင်းက ရန်သူတစ်ယောက်ကို သွားတွေ့ခဲ့တယ်။ မင်းရဲ့ အသင်းဖော်တွေကို ဒီလိုပဲ ဆက်ဆံတာလား။”

လူအားလုံး ကျူကျူချင်ကို ကြည့်နေကြသည်။ သို့သော် ကျူကျူချင်ကမူ သူတို့ကို လှည့်ပင် မကြည့်ပေ။

သူမသည် တိုက်မုပိုင်၏ ပါးကို ရိုက်လိုက်သော ဓား၏ ဘေးဘက်ခြမ်းကို မြေပြင်ပေါ်၌ ရိုးရှင်းစွာ ပွတ်သပ်လိုက်သည်။

ဤလုပ်ရပ်ကြောင့် တိုက်မုပိုင်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားတော့သည်။

“ရှီလိုင်ခဲ့ ခုနစ်ဖော်ထဲက မာဟုန်ကျွင်း မသန်မစွမ်း ဖြစ်သွားတာတောင် မင်းက ရန်သူတစ်ယောက်ကို သွားတွေ့ခဲ့တယ်။”

“မင်းရဲ့ အသင်းဖော်တွေကို ဒီလိုပဲ ဆက်ဆံတာလား။”

သူတို့အားလုံး ကျူကျူချင်ကို ကြည့်နေကြသော်လည်း ကျူကျူချင်ကမူ သူတို့ကို လှည့်ပင် မကြည့်ပေ။

သူမသည် တိုက်မုပိုင်၏ ပါးကို ရိုက်လိုက်သော ဓား၏ ဘေးဘက်ခြမ်းကို မြေပြင်ပေါ်၌ ရိုးရှင်းစွာ ပွတ်သပ်လိုက်သည်။ ဤလုပ်ရပ်ကြောင့် တိုက်မုပိုင်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားတော့သည်။

“မာဟုန်ကျွင်းက သူကိုယ်တိုင် ဖန်တီးခဲ့တာ။”

“ဆန္ဒအလျောက်လို့ ပြောနေပေမဲ့ ဒီအချိန်တွေအတွင်းမှာ မိန်းကလေး ဘယ်နှစ်ယောက်များ ဒေါသထွက်ဖို့ မဝံ့ဘဲ ပါးစပ်ပိတ်နေခဲ့ရလဲ ရှင်တို့ အသည်းထဲမှာ သိကြတာပဲ။”

နောက်ဆုံးစကားကို ကျူကျူချင်းသည် ယွီရှောင်ကန်းနှင့် ဖူလန်ဒါတို့အား ကြည့်ရင်း ပြောဆိုလိုက်သည်။ ဖူလန်ဒါသည် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်ပြီး သူ၏ ခါးက ပို၍ပင် ကုန်းသွားသည်။

“မာဟုန်ကျွင်း...”

“ဒါက ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်ပျက်ကွက်မှုပဲ။”

ယွီရှောင်ကန်းသည် ကျူကျူချင်အား သံသယဖြင့် ကြည့်လိုက်သည်။

“ကျူကျူချင်၊ မင်းရဲ့ ဝိဉာဉ်စွမ်းအင်က ဘာလို့ ဒီလောက်တိုးလာတာလဲ။”

“ဒါ့အပြင်... မင်းရဲ့ သိုင်းဝိဉာဉ်လည်း အားကောင်းလာပုံရတယ်။”

“တစ်ယောက်ယောက်က ကျွေးမွေးခဲ့လို့ပေါ့။”

ကျူကျူချင်သည် ဤစကားလုံးအချို့ကိုသာ ချန်ခဲ့ပြီး လှည့်ထွက်လာသည်။ သူမ၏ နောက်ဘက်မှ ယွီရှောင်ကန်း၏ တိုးညှင်းသော အသံ ထွက်ပေါ်လာသည်။

“ဒီတစ်ခါတော့ မင်းတို့ နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ မင်းတို့ထက် သန်မာတဲ့သူတွေ အမြဲရှိနေသလို ပိုမြင့်တဲ့ ကောင်းကင်လည်း အမြဲရှိတယ်။”

“ဒါပေမဲ့ ကိုယ့်ကိုကိုယ် အထင်သေးနေဖို့ မလိုဘူး၊ မင်းတို့အားလုံးဟာ လူတစ်သန်းမှာ တစ်ယောက်ပဲ ရှိတဲ့ ဉာဏ်ကြီးရှင်တွေ ဖြစ်တယ်၊ ငါ မင်းတို့အတွက် အတင်းကျပ်ဆုံး လေ့ကျင့်ရေးအစီအစဉ်ကို စီစဉ်ပေးမယ်။”

“ကောင်းကင်ဒူမြို့ကို သွားစရာ မလိုတော့ဘူး၊ လန်ပါကျောင်းတော်က ရှီလိုင်ခဲ့နဲ့ ပေါင်းစည်းပြီး ဝိဉာဉ်သခင် ပြိုင်ပွဲမှာ ပါဝင်ခွင့် ရရှိတော့မယ်။”

“အသင်းဖော်တစ်ယောက် မသန်မစွမ်း ဖြစ်ရတဲ့ ရှက်ရွံမှုကို မမေ့ကြနဲ့၊ ငါလည်း ကောင်းကင်ဒူမြို့ကနေ မောင်းထုတ်ခံရတဲ့ အရှက်ရစရာကို မမေ့ဘူး။”

“ဝိဉာဉ်သခင် ပြိုင်ပွဲနေ့မှာ ငါတို့ သေချာပေါက် လက်စားချေရမယ်။”

ကောင်းကင်ဒူအင်ပါယာ။

ဘုံ၇ဆင့်တောင်ထွဋ်။

ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်းသည် ဤနေရာတွင် တည်ရှိပေသည်။ ပတ်ပတ်လည်တွင် တောင်တန်းများ ဝန်းရံလျက်ရှိပြီး သစ်ပင်များ စိမ်းစိုကာ သစ်တောများ ဖြစ်ပေါ်နေသည်။ ဂိုဏ်းနယ်မြေတစ်လျှောက်လုံးတွင် ကြာကန်များ၊ အုတ်နီ၊ နံရံစိမ်းများဖြင့် ဆောက်ထားသော အဆောက်အအုံများသည် တောင်တန်းတစ်လျှောက် ထူထပ်စွာ တည်ဆောက်ထားပေသည်။

အဆောက်အအုံအားလုံး၏ အမိုးများသည် အရောင်အသွေးစုံလင်သော ဖန်သားအုပ်ကြွပ်များဖြင့် ဖုံးအုပ်ထားပြီး နေရောင်ခြည်အောက်တွင် အိပ်မက်ဆန်သော ရောင်ဝါကို ထင်ဟပ်နေသည်။

ခန်းမဆောင်တစ်ခုတွင်၊ နင်ဖုန်းကျီနှင့် အရိုးသုံ့လော် ကုရုံတို့သည် စစ်တုရင် ကစားနေကြသည်။

ကုရုံက အနက်ရောင် အကွက်တစ်ခု ချလိုက်ရာ၊ ရှုံးနိမ့်နေသည့် အခြေအနေ ပြန်လည်အသက်ဝင်လာပြီး နဂါးကြီးတစ်ကောင်သည် မိုးကောင်းကင်သို့ ပျံတက်လုနီးပါး ဖြစ်လာပေသည်။

“ဟားဟားဟား။”

“ဖုန်းကျီ၊ မင်း ဒီတစ်ခါတော့ တွက်ချက်မှု မှားသွားပြီ။”

“ဒီအကွက်ချလိုက်တာနဲ့ နဂါးပျံသန်းဖို့အတွက် ကောင်းကင်ကြီးက ကျယ်ဝန်းစွာ ပွင့်သွားပြီ။”

နင်ဖုန်းကျီ၏ နူးညံ့သိမ်မွေ့သော မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ထိန်းချုပ်ကာ အဖြူရောင် အကွက်တစ်ခုကို တည်ငြိမ်စွာ ချလိုက်သည်။ စစ်တုရင်ခုံပေါ်တွင် အဖြူရောင် အကွက်များသည် အမြစ်တွယ်နေသော ခံတပ်ကဲ့သို့ ခိုင်မာသည့် အင်အားစုကို ကြာမြင့်စွာကတည်းက ဖွဲ့စည်းထားပြီး ဖြစ်သည်။

“စစ်တုရင်အခြေအနေက ပြီးပြည့်စုံနေပြီ၊ ဘယ်လိုလေတိုက်ပါစေ ငါကတော့ မတုန်မလှုပ် တည်ငြိမ်နေဦးမှာပဲ။”

“ဒါ့အပြင်...”

သူ ခေတ္တရပ်နားလိုက်သည်။

“ငါ တိုက်ခိုက်ချင်စိတ်လည်း မရှိဘူး။”

ကုရုံက မျက်နှာတွင် မေးခွန်းထုတ်သည့် အမူအရာဖြင့် မော့ကြည့်လိုက်သည်။

“တိုက်ခိုက်မှာ မဟုတ်ရင် စစ်တုရင် ဘာလို့ ကစားသေးလဲ။”

နင်ဖုန်းကျီက စစ်တုရင်တုံးများကို ညင်သာစွာ ပွတ်ဆွဲလိုက်သည်။ မကစားရသေးသည့် ဤရင်ဆိုင်မှုကို သိမ်းဆည်းလိုက်သည်။ သူသည် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး၊ ခန်းမဆောင်ဘေးတွင် ရပ်လျက် ခမ်းနားကြီးကျယ်လှသော ဂိုဏ်းကို ငေးမောကြည့်နေသည်။

“လူတွေဟာ နောက်ဆုံးမှာတော့ စိတ်ခံစားမှုနဲ့ ယှဉ်နေကြတာပါပဲ၊ ဘဝဆိုတာ စစ်တုရင်ပွဲ မဟုတ်ဘူး။”

“စိတ်ဝင်စားစရာပဲ...”

နင်ဖုန်းကျီက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

“ကျယ်ပြန့်လှတဲ့ ကောင်းကင်ဒူမြို့တစ်ခုလုံးကို ဓားဝိုင်... အဲဒီ ပြစ်ဒဏ်သင့်နတ်ဘုရားက လှုပ်လှုပ်ရှားရှား ဖြစ်အောင် မွှေနှောက်နေပြီ။”

“ဓားဦးလေးရဲ့ ဓားလမ်းစဉ်မှာ တိုးတက်မှုကြီး မကြာခင် ဖြစ်ပေါ်တော့မှာကြောင့် ကျွန်တော်တို့ ကာကွယ်ပေးဖို့ မလိုခဲ့ရင်၊ ကျွန်တော်ယ်တိုင် နန်းတော်ထဲအထိ သွားပြီး အဲဒီ သူရဲ့ အနေအထားကို သွားရောက်ကြည့်ရှုချင်မိပါတယ်။”

ကုရုံက ခေါင်းခါကာပြုံးလိုက်သည်။

“ပြန်တွေးကြည့်ရရင်...”

“ငါတို့ သုံးယောက်လုံးက သူက မကြိုးစားဘူး၊ ရုံရုံနဲ့ မထိုက်တန်ဘူးလို့ ခံစားခဲ့ကြတာပဲ။”

“အခုတော့ ငါတို့ အမြင်ကျဉ်းမြောင်းခဲ့မှန်း သိလိုက်ရပြီ။”

“ဖုန်းကျီ၊ မင်း နောင်တရမိလား။”

နင်ဖုန်းကျီ ခဏတာ တိတ်ဆိတ်သွားသည်။

“နောင်တလား။”

“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်... နည်းနည်းပေါ့။”

“ဘာပဲဖြစ်ဖြစ်၊ အခုချိန်မှာ ဒါက ရုံရုံအတွက် အလွန်ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခု ဖြစ်ခဲ့သင့်တာကိုး။”

“ကျွန်တော် သူ့ကို မတားခဲ့ဘူး၊ ပြစ်ဒဏ်သင့်နတ်ဘုရားနဲ့ ရှင်းရှင်းလင်းလင်း ခွဲခြားဖို့အထိတောင် သွယ်ဝိုက်ခွင့်ပြုခဲ့တယ်၊ နောင်တချိန်မှာ ရုံရုံက ကျွန်တော့်ကို အပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ်။”

“အဲ့သူအပေါ်မှာ သူမ အချစ်စိတ်လုံးဝ ကင်းမဲ့တာတော့ မဟုတ်မှန်း ကျွန်တော် မြင်နိုင်ပါတယ်။”

နင်ဖုန်းကျီသည် လီကျယ်ရှန်း ဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် သူ၏သမီး နင်ရုံရုံ စိတ်ဓာတ်ကျနေသည့် ပုံပန်းသဏ္ဍာန်ကို ပြန်သတိရလိုက်သည်။ ကုရုံလည်း နင်ရုံရုံ၏ ထိုအချိန်က အခြေအနေကို မှတ်မိကာ သက်ပြင်းညင်သာစွာချရင်း စကားကို အနည်းငယ် ပြောင်းလိုက်သည်။

“ကောင်းကင်ဒူမြို့မှာ ပွင့်ချပ်ကိုးခုနှလုံးသားပန်း ယဲ့မိသားစု ရှိနေတယ်။”

“ဖုန်းကျီ၊ မင်း မစိုးရိမ်ဘူးလား။”

နင်ဖုန်းကျီက ခေါင်းခါလိုက်သည်။ သူ့မျက်နှာတွင် ယုံကြည်မှု အပြည့်ဖြင့် ပြုံးနေသည်။

“အရိုးဦးလေး၊ ဦးလေးနဲ့ ကျွန်တော် နှစ်ယောက်လုံး ကောင်းကောင်းသိပါတယ်။”

“သူက ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်း ကို တိုက်ခိုက်ဖို့ ယဲ့မိသားစုကို ကူညီမှာ မဟုတ်ဘူး။”

“ကျွန်တော်တို့ နားလည်ထားသလိုပဲ သူက... ဂိုဏ်းကို ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူး။”

“ဒီကလေးက ခေါင်းမာတယ်...”

“ဒါ့အပြင်...”

သူသည် ခန်းမဆောင်ရှေ့ရှိ ခန့်ညားသော ဓားသဏ္ဍာန် တောင်ကြီးဆီသို့ အကြည့်လွှဲလိုက်သည်။ သူ၏လေသံသည် လေးစားမှုနှင့် ကြီးမားသော ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“ဓားဦးလေးက ကြီးကြပ်နေတာပဲ။”

“ဒီကမ္ဘာမှာ ဘယ်သူက ကျွန်တော်တို့ရဲ့ ဘုံ၇ဆင့်ပြသာဒ်ဂိုဏ်း ကို လှုပ်ရှားနိုင်မှာလဲ။”

“သူက တကယ်ကို ထူးခြားတဲ့ စွမ်းရည်ရှိပေမဲ့ ဒီခေတ်မှာ ဓားလမ်းစဉ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ သခင်ကြီးကတော့ ချန်ရှင်း တစ်ဦးတည်းပဲ။”

ကုရုံလည်း နက်ရှိုင်းစွာ သဘောတူညီကြောင်း ခေါင်းညိတ်လိုက်သည်။ ချန်ရှင်းသည် ဓားလမ်းစဉ်လမ်းကြောင်းပေါ်တွင် မည်မျှကြာအောင် သွားလာခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။

နင်ဖုန်းကျီသည် ဓားရည်သတ္တိများ ပြည့်နှက်နေသည့် ထိုတောင်ကြီးကို စိုက်ကြည့်နေသည်။

“ဓားဦးလေး တံခါးပိတ် ကျင့်ကြံမှု မပြုခင်က ဒီတောင်ထိပ်က သာမန်တောင်တစ်ခုပဲ ရှိသေးတာကို ကျွန်တော် မှတ်မိတယ်။”

“လအနည်းငယ်ကြာအောင် တံခါးပိတ် ကျင့်ကြံပြီးနောက်မှာတော့ သူဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို လှုပ်ရှားစေပြီး ဒီလို... ကောင်းကင်ကို တည့်တည့်ထိုးထားတဲ့ ဓားတောင်ထိပ်တစ်ခုအဖြစ် သိမ်မွေ့စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့တာပဲ။”

“ဓားဦးလေးရဲ့ အဆင့်အတန်းက တကယ်ကို နားမလည်နိုင်အောင် နက်နဲလွန်းတယ်။”

ကုရုံက စိတ်ခံစားမှုဖြင့် သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်။”

“ဒါပေမဲ့ ပြောရရင် ချန်ရှင်းက အဲဒီ သူအတွက် တကယ်ကို နောင်တရခဲ့တာ။”

“သူက သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် တကယ်ကို သဘောထားခဲ့တာ၊ အကယ်၍ ပြစ်ဒဏ်သင့်နတ်ဘုရားရဲ့ စွမ်းရည်တွေကိုသာ သိခဲ့ရင် သူ အတိုင်းမသိ ဝမ်းသာနေမှာ သေချာတယ်။”

သူ၏ အသံ ဆုံးသွားသည်နှင့် တပြိုင်နက်၊ ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ခမ်းနားသော ဓားတောင်ကြီး ကွဲကြေသွားသည်။

အဖြူရောင် ဝတ်စုံဝတ်ထားသော သေးငယ်သည့် ပုံရိပ်တစ်ခုသည် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိ၊ တိမ်တိုက်များအထက်တွင် ရပ်နေနှင့်ပြီး ဖြစ်သည်။ သူသည် လက်ချောင်းများကို ဓားသဏ္ဍာန်ပြုကာ ကျယ်ပြန့်သော တိမ်ပင်လယ်တစ်လျှောက် ညင်သာစွာ ဆွဲယူလိုက်သည်နှင့် တပြိုင်နက်…

ချက်ချင်းဆိုသလို၊

မိုင်ပေါင်း တစ်သောင်းကျော်အထိရှိသော တိမ်တိုက်များ နောက်သို့ ဆုတ်ခွာသွားသည်။

ကောင်းကင်သည် ဆေးကြောခြင်းခံထားရသကဲ့သို့ ကြည်လင်နေပြီး နက်ရှိုင်းသော ပင်လယ်ကဲ့သို့ အပြာရောင် ဖြစ်နေသည်။

အဖြူရောင် ဝတ်စုံဝတ်ထားသော ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသောအခါတွင် ခန်းမဆောင်ထဲ၌ ကြွေကျလာသော အရွက်တစ်ရွက်ကဲ့သို့ အသံမကြားရဘဲ ပေါ်လာသည်။ ချန်ရှင်းသည် သာမန် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ စွမ်းအင်ရောင်ဝါ(aura)သည် နက်နဲသော ရှေးဟောင်းရေတွင်းကဲ့သို့ တည်ငြိမ်နေကာ၊ အံ့အားသင့်ဖွယ် ဓားရည်သတ္တိ အရိပ်အမြွက်မျှ မပြဘဲ သာမန်အလယ်အလတ်အရွယ် ပညာရှိတစ်ဦးနှင့်တူနေသည်။

သူ၏အကြည့်က နင်ဖုန်းကျီနှင့် ကုရုံတို့ထံသို့ ရောက်လာသည်။

“နတ်ရူး။”

“မင်းတို့ ခုနက သူ့အကြောင်းဘာပြောနေကြတာလဲ။”

(Note: Banished Immortal (ပြစ်ဒဏ်သင့်နတ်ဘုရား)

Banished Immortal ဆိုတာ တရုတ်ထန်မင်းဆက်ခေတ်က ကဗျာဆရာတစ်ယောက်ပါ။ သူကအရမ်းတော်လွန်းတာကြောင့် လူတွေက ကောင်းကင်ဘုံကနေဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးဖြစ်ရမယ်လို့ တင်စားရင်း banished immortal လို့ခေါ်ဆိုခဲ့ကြတာပါ။ အသေးစိပ်သိချင်ရင် Google သွားခေါက်လို့ရပါတယ်။

ဒီထဲမှာတော့ အဓိကက လီကျယ်ရှန်းကိုရည်ညွှန်းတဲ့ဘွဲ့တစ်ခုအနေနဲ့သုံးပြီး “ပြစ်ဒဏ်သင့်နတ်ဘုရား”လို့ပဲပြန်ထားပါတယ်။)

All Chapters