← Chapters

နည်းစနစ်နှင့် အတတ်ပညာများ

Vol. 9 Ch. 84

နည်းစနစ်နှင့် အတတ်ပညာများ

Vol. 9 Ch. 84

“အမလေး... မြေကမ္ဘာတိုက်ပွဲကျင့်စဉ်ပြီးတော့ ‘ဓာတ်ငါးပါးဝိညာဉ်ပေါင်းစပ်ခြင်းအခန်း’ က ရှိသေးတာလား ၊ တောက်... မြေကမ္ဘာတိုက်ပွဲကျင့်စဉ် ရလိုက်တာနဲ့ ဝိညာဉ်ငါးပါးတိုက်ပွဲကျင့်စဉ်တစ်ခုလုံးကို အပြည့်အစုံ ရပြီမှတ်နေတာ ”

လင်းရန်ယန် မှာ စကားပင် မဆိုနိုင်တော့ချေ။ ကံကောင်းသည်မှာ သူသည် ယခုတစ်ကြိမ်၌ မိမိစိတ်ကြိုက် ကျင့်စဉ်တစ်ခုကို ရွေးချယ်ခွင့်ရခဲ့ခြင်းပင် ဖြစ်၏။ သို့မဟုတ်ပါက သူသည် ‘ဝိညာဉ်ငါးပါးဂိုဏ်း’ ၏ အပျက်အစီးများရှိရာသို့ သွားရောက်နိုင်မည့်အချိန်အထိ စောင့်ဆိုင်းရလိမ့်မည်။

ထိုအပျက်အစီးများမှာ နှစ်ပေါင်းသောင်းချီ၍ ကြာညောင်းနေပြီဖြစ်ရာ ၊ ဝိညာဉ်ငါးပါးတိုက်ပွဲကျင့်စဉ်မှာ ထိုနေရာ၌ ရှိနေသေးခြင်း ရှိ ၊ မရှိမှာလည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။

“ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး ၊ တစ်ရာခိုင်နှုန်းလောက်အထိ ကျင့်ကြံပြီးတာနဲ့ ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ အဖြစ် ပေါင်းစပ်လို့ ရပြီပဲ ၊ အရင်ဆုံး ပေါင်းစပ်လိုက်တာက ပိုကောင်းမယ် ထင်တယ် ၊ အခုရထားတဲ့ ဆုလာဘ် ၂၂၀ နဲ့ဆိုရင် အနည်းဆုံးတော့ ငါ့ရဲ့ ဓာတ်ငါးပါးဝိညာဉ်ခန္ဓာကို တစ်ဆင့်လောက် မြှင့်တင်နိုင်မှာပဲ မဟုတ်လား ”

ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် ၊ ကျင့်စဉ်နှစ်ခုလုံးကို ‘အလိုအလျောက် ကိုယ်ခံပညာလေ့ကျင့်ခြင်း’ အစီအစဉ်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းလိုက်တော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ.......

မြေကမ္ဘာတိုက်ပွဲကျင့်စဉ်နှင့် ဓာတ်ငါးပါးဝိညာဉ်ပေါင်းစပ်ခြင်းအခန်းတို့၏ အကြောင်းအရာများမှာ သုံး ၊ လေးရာခိုင်နှုန်းခန့်အထိ ကျင့်ကြံပြီးစီးသွားပြီ ဖြစ်၏။ ထို ‘ပေါင်းစပ်ခြင်းအခန်း’ အတွင်း၌ ရေးသားထားသည်မှာ ဓာတ်ငါးပါးဝိညာဉ်ခန္ဓာကို မည်ကဲ့သို့ ပေါင်းစပ်ရမည်ဟူသော နည်းစနစ်များပင် ဖြစ်သည်။

ယခင်က ဓာတ်ငါးပါးစွမ်းအားများ ပေါင်းစပ်ရန် ကြိုးစားစဉ်၌ အဘယ်ကြောင့် လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားခဲ့ရသည်ကို ယခုမှပင် သူ နားလည်သွားရ၏။ ကြည့်ရတာ တစ်စုံတစ်ခုကို မျက်စိမှိတ်၍ ပေါင်းစပ်၍ မရပါချေ ၊ သင့်လျော်သော နည်းစနစ်နှင့် အတတ်ပညာများ ရှိရန် လိုအပ်သည်။

“ပေါင်းစပ်မှုကို စတင်ဖို့ အချိန်တန်ပြီ”

ယခုအခါ နည်းလမ်းကို သိရှိသွားပြီ ဖြစ်ရာ ၊ လင်းရန်ယန်သည် ဟင်းလင်းပြင်ထဲ၌ တင်ပလ္လင်ခွေကာ ထိုင်လိုက်တော့သည်။ ထို့နောက် သူသည် ဟင်းလင်းပြင်ထဲသို့ သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်၏။

“ဝူး... “ “ဝူး... “ “ဝူး... “ “ဝူး... “

မကြာမီမှာပင် သူ၏ လက်များအတွင်းမှ မတူညီသော ဓာတ်ငါးပါး စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ နောက်တစ်ခဏ၌ ထိုဓာတ်ငါးပါး စွမ်းအားများသည် ဝိညာဉ်မီးတောက် ငါးစုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ၊ လင်းရန်ယန်၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ဝဲပျံနေတော့သည်။

ယင်းနောက် လင်းရန်ယန်သည် ပေါင်းစပ်ခြင်းအခန်းရှိ မှတ်တမ်းများအတိုင်း ထိုဝိညာဉ်မီးတောက် ငါးစုကို ဖြည်းညှင်းစွာ စုစည်းလိုက်၏။

သူ၏ ကျွမ်းကျင်မှုအဆင့်မှာ နိမ့်ပါးနေသေးသဖြင့် အနည်းငယ် အားစိုက်ရ၏။ အကယ်၍ ကျွမ်းကျင်မှုမှာ ၁၀၀ ရာခိုင်နှုန်းအထိ ရှိနေပါက ၊ လင်းရန်ယန်သည် ထိုစွမ်းအားများကို မျက်စိတစ်မှိတ်အတွင်း ပေါင်းစပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုမူ လင်းရန်ယန်အနေဖြင့် အချိန်အနည်းငယ် ပို၍ ပေးရန်သာ လို၏။

မကြာမီမှာပင် ဝိညာဉ်မီးတောက် ငါးစု၏ ပေါင်းစပ်မှုဖြစ်စဉ်မှာ ပိုမိုမြန်ဆန်လာပြီး ၊ အချိန်များမှာလည်း တရွေ့ရွေ့ ကုန်လွန်သွားတော့သည်။

“ဝူး... “

နောက်ဆုံးတွင် ဓာတ်ငါးပါး ဝိညာဉ်မီးတောက်များထံမှ တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီးနောက်... ၊ မီးတောက်ငါးစုမှာ လုံးဝဥဿုံ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတော့၏။

“ဝုန်း”

တစ်ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ၊ အရောင်ငါးမျိုး တောက်ပနေသော အလင်းလုံးကြီးတစ်ခု ဟင်းလင်းပြင်ထဲ၌ ပေါ်ထွက်လာတော့သည်။ ထိုအလင်းလုံးကြီးမှ ထွက်ပေါ်လာသော ရောင်စုံအလင်းတန်းများသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး ၊ ပတ်ဝန်းကျင်ရှိ ကီလိုမီတာ ဒါဇင်နှင့်ချီသော မြေပြင်တစ်ခုလုံးကို တစ်ခဏချင်းအတွင်း ရောင်စုံခြယ်သလိုက်၏။

ယခုမှာ ညအချိန် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူသားများမှာ အိပ်မောကျနေကြရာမှ ၊ စူးရှလှသော အလင်းတန်းများကြောင့် ရုတ်တရက် နိုးလာကြတော့သည်။

“ဒါ... ဒါက ဘာဖြစ်တာလဲ ၊ ဘာလို့ နေ့ခင်းဘက်လိုမျိုး လင်းထိန်နေရတာလဲ ”

“ဒီအလင်းတွေက ဘာလို့ ရောင်စုံတွေ ဖြစ်နေရတာလဲ ၊ နတ်ဘုရားတစ်ပါး လူ့ပြည်ကို ဆင်းသက်လာတာလား ”

“ဘုရား... ဘုရား ၊ ကျွန်တော့် မိသားစုဝင်အားလုံး ကျန်းမာပြီး ချမ်းသာကြပါစေ ”

ကီလိုမီတာ ဒါဇင်နှင့်ချီသော ပတ်ဝန်းကျင်အတွင်း နေထိုင်ကြသော လူပေါင်းသိန်းချီမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၊ ချက်ချင်းပင် အိမ်ရှေ့ဝင်းများအတွင်းသို့ ထွက်လာကြပြီး အလင်းတန်းများ ထွက်ပေါ်ရာ အရပ်သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက် ဦးချလိုက်ကြတော့သည်။

အချို့သော သတ္တိရှိသူများမှာမူ ထိုရောင်စုံအလင်းတန်းများ ပေါ်ထွက်ရာ နေရာသို့ ပြေးသွားကြ၏။ ဘာများ ဖြစ်ပျက်နေသည်ကို သိရှိလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း စိတ်မကောင်းစရာမှာ စူးရှလှသော ထိုရောင်စုံအလင်းတန်းကြီးမှာ ကောင်းကင်ယံအတွင်းသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

[ဒင်... ဂုဏ်ယူပါသည် အိမ်ရှင် ၊ သင်၏ ဓာတ်ငါးပါးစွမ်းအားများ အောင်မြင်စွာ ပေါင်းစပ်သွားပါပြီ ၊ သင်သည် ‘ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ အဆင့် ၃’ ကို ရရှိပါပြီ။]

[ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ အဆင့် ၃ - ၎င်းသည် ဓာတ်ငါးပါးစွမ်းအားအားလုံး၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားပြီး ၊ ပိုမို၍လည်း အစွမ်းထက်လာသည် ။ ဓာတ်ငါးပါးစွမ်းအားကို အသုံးပြုသော တာအိုမန္တန်များနှင့် ကျင့်စဉ်အားလုံး၏ စွမ်းအားမှာ ၃၂၀၀ ရာခိုင်နှုန်း တိုးတက်သွားမည်။]

* သစ်သားဓာတ် - သက်စောင့်စွမ်းအား ပိုမိုအားကောင်းလာသည်။

* ရေဓာတ် - သန့်စင်ခြင်းစွမ်းအား ပိုမိုအားကောင်းလာသည်။

* သတ္တုဓာတ် - အကာအကွယ်စွမ်းအား ပိုမိုအားကောင်းလာသည်။

* မီးဓာတ် - လောင်ကျွမ်းခြင်းစွမ်းအား ပိုမိုအားကောင်းလာပြီး ၊ ‘ကြယ်တာရာမီးတောက်’ ကို ထိန်းချုပ်နိုင်သည်။

* မြေကမ္ဘာဓာတ် - ပြန်လည်ကုသခြင်းစွမ်းအား ပိုမိုအားကောင်းလာသည်။

[ဒင်... ဓာတ်ငါးပါးဝိညာဉ်ခန္ဓာသည် ထူးခြားသောအဆင့်မြင့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်သည်။ ၎င်း၏ တည်ရှိမှုမှာ ဓာတ်ငါးပါးလုံးကို တစ်ပြိုင်နက် အားကောင်းစေရန် ဖြစ်သောကြောင့် ၊ ၎င်းသည် သာမန် ဝိညာဉ်ခန္ဓာတစ်ခုကဲ့သို့ မဟုတ်ချေ။ ထို့ကြောင့် အဆင့်မြှင့်တင်ရန်အတွက် ၊ သင်သည် ဓာတ်ငါးပါးလုံး၏ အဆင့်ကို တစ်ပြိုင်နက် မြှင့်တင်ရန် လိုအပ်မည်။ အဆင့်မြှင့်တင်မှု တစ်မှတ်တိုင်းအတွက် အပိုဆောင်း အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ် ၄ ခု လိုအပ်သည်။ စုစုပေါင်း အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ် ၅ ခုသည် အလိုအလျောက် ကျင့်ကြံရေး တစ်မှတ်အဖြစ် တိုးတက်စေမည်။]

စနစ်၏ အသိပေးသံများမှာ လင်းရန်ယန်၏ စိတ်ထဲသို့ ဆက်တိုက် စီးဝင်လာတော့သည်။

အဆင့်မြင့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်သည့်အတိုင်း ၊ အဆင့် ၃ အဆင့်မှာပင် သာမန် ဝိညာဉ်ခန္ဓာတစ်ခု၏ အဆင့် ၅ အဆင့်နှင့် ညီမျှနေပြီ။ ‘မိုးကြိုးဝိညာဉ်ခန္ဓာ’ နှင့် ‘နှင်းခဲဝိညာဉ်ခန္ဓာ’ တို့ပင်လျှင် ၎င်းကို ယှဉ်နိုင်ရန် အဆင့် ၄ အဆင့်သို့ ရောက်ရှိရန် လိုအပ်၏။

“ဒါပေမဲ့ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိတာပဲ ၊ ဒီဓာတ်ငါးပါးဝိညာဉ်ခန္ဓာက အစွမ်းထက်ပေမဲ့ ၊ ကျွမ်းကျင်မှု တစ်ဆင့်တက်ဖို့အတွက် အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ် ၅ ခုတောင် သုံးရမှာပဲ”

“တစ်နည်းအားဖြင့် ပြောရရင် အဆင့် ၄ကို ရောက်ဖို့အတွက် အလိုအလျောက် ကျင့်ကြံရေး ၄၀ တိတိ သုံးရမှာပေါ့ ၊ အကယ်၍သာ ဒီဆုလာဘ်တွေကို ‘မီးဝိညာဉ်ခန္ဓာ’ တစ်ခုတည်းမှာပဲ သုံးလိုက်မယ်ဆိုရင် ၊ အလိုအလျောက် ကျင့်ကြံရေး ၄၀ က အဆင့် ၅ ကို ရောက်ဖို့ လုံလောက်နေပြီ ၊ ဆယ်ခုလောက် ထပ်ပေါင်းရင် အဆင့် ၆ တောင် ရောက်နိုင်တယ် ၊ ဒါပေမဲ့ အဆင့် ၅ရှိတဲ့ မီးဝိညာဉ်ခန္ဓာရဲ့ စွမ်းအားက ၊ အခုရှိနေတဲ့ အဆင့် ၃ ဓာတ်ငါးပါးဝိညာဉ်ခန္ဓာထဲက မီးဓာတ်စွမ်းအားလောက်ပဲ ရှိမှာ ၊ အခု ဒီ အလိုအလျောက် ကျင့်ကြံရေး ၄၀ ကို သုံးလိုက်ရင် ဓာတ်ငါးပါးဝိညာဉ်ခန္ဓာက အဆင့် ၄ ကို ရောက်သွားမှာပဲ ၊ ၎င်းရဲ့ စွမ်းအားက အဆင့် ၆ မီးဝိညာဉ်ခန္ဓာထက်တောင် သာလွန်သွားပြီ ၊ ပြီးတော့ တခြားသော ဓာတ်လေးပါးရဲ့ ဝိသေသလက္ခဏာတွေလည်း ရှိသေးတာဆိုတော့ ၊ တိုက်ပွဲစွမ်းရည်က အဆပေါင်းများစွာ တိုးတက်သွားမှာပဲ ၊ ခြုံကြည့်မယ်ဆိုရင်တော့ ဒါက သေချာပေါက် မြတ်တာပဲ ”

လင်းရန်ယန်က အလိုအလျောက် ကျင့်ကြံရေး သုံးစွဲမှုမှာ ငါးဆပိုများသော်လည်း ၊ ခြုံငုံကြည့်လျှင် ၎င်းမှာ ပို၍ အကျိုးရှိကြောင်း တွက်ချက်လိုက်၏။

“ဒါဆိုရင်တော့... စနစ် ၊ ဒီတစ်ကြိမ်ရထားတဲ့ ဆုလာဘ်တွေကို စတင်ပြီး ရှင်းလိုက်တော့ ”

လင်းရန်ယန်က တုံ့ဆိုင်းမနေဘဲ စနစ်ကို အမိန့်ပေးလိုက်တော့သည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်သည် ဤတစ်ကြိမ်၌ အောက်ပါ အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ်များကို ရရှိပါသည် -]

* ဓာတ်ငါးပါး (သတ္တု ၊ သစ်သား ၊ ရေ ၊ မီး ၊ မြေ) ဆုလာဘ် - တစ်မျိုးစီလျှင် ၁၀ ခုစီ

* အလိုအလျောက် ငွေရှာခြင်း - ၂၀ ခု

* အလိုအလျောက် ကိုယ်ခံပညာလေ့ကျင့်ခြင်း - ၂၀ ခု

* အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု - ၂၀ ခု

* မိုးကြိုးဝိညာဉ်ခန္ဓာ - ၁၀ ခု ၊ နှင်းခဲဝိညာဉ်ခန္ဓာ - ၁၀ ခု ၊ လေဝိညာဉ်ခန္ဓာ - ၁၀ ခု

* ကုသိုလ်တော်ရွှေအလင်းတန်း - ၂၀ ခု

* ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂၀ ခု

* အလိုအလျောက်ကျင့်ကြံခြင်း - ၁၀ ခု

* တိုက်ခိုက်မှုခွဲထုတ်ခြင်း အဆင့် ၁ - ၂၀ ခု

အလိုအလျောက် ကျင့်ကြံရေး ဆုလာဘ် အမြောက်အမြားနှင့်အတူ ၊ အသစ်စက်စက် အလိုအလျောက် ကျင့်ကြံရေး တစ်ခုလည်း ပါဝင်လာသည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်၏ အလိုအလျောက် ကျင့်ကြံရေး - တိုက်ခိုက်မှုခွဲထုတ်ခြင်း သည် အဆင့် ၄ (၅/၁၆) သို့ မြင့်တက်သွားပါပြီ။]

သင်၏ တိုက်ခိုက်မှုများကို လမ်းကြောင်း ၁၆ ခုအဖြစ် ခွဲထုတ်နိုင်ပါပြီ။ ဤအလိုအလျောက် တိုက်ခိုက်ရေး စွမ်းရည်ကို မိမိစိတ်ကြိုက် ပိတ်ထားနိုင်သည်။

ဤ ‘တိုက်ခိုက်မှုခွဲထုတ်ခြင်း’ စွမ်းရည်မှာ လင်းရန်ယန်ကို အံ့အားသင့်သွား၏။ တိုက်ခိုက်မှု ၁၆ ခုဆိုသည်မှာ စွမ်းအား ၁၆ ဆနှင့် ညီမျှလှသည်။ သူ၏ တစ်ချက်တည်းသော ‘ကောင်းကင်မီးတောက် မဟာလက်ဝါးရိုက်ချက်’ သည် တိုက်ခိုက်ခံရချိန်တွင် မဟာလက်ဝါး ၁၆ ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားမည်ဆိုပါက ၊ ၎င်း၏ စွမ်းအားမှာ စိတ်ကူးကြည့်ရုံမျှဖြင့် တကယ့်ကို ထိတ်လန့်စရာပင် ဖြစ်သည်။

အကယ်၍ လင်းရန်ယန်သည် ‘ဝိညာဉ်ငါးပါးဓားသိုင်း’ ကို အစွမ်းကုန် အသုံးပြုလိုက်မည်ဆိုပါက ၊ ဓားဝိညာဉ်ဓာတ် ၁၆ ခုသည် မြို့ကြီးတစ်မြို့ကို ဖျက်ဆီးပစ်ရန် လုံလောက်၏။ ဤ အလိုအလျောက် ကျင့်ကြံရေး မှာ လင်းရန်ယန် အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်မည့် အစွမ်းထက်ဆုံး စွမ်းရည်တစ်ခုပင် ဖြစ်သည်။

ယင်းနောက် သူသည် ကျန်ရှိသော အလိုအလျောက် ကျင့်ကြံရေး များကို ဆက်လက် ကြည့်ရှုလိုက်၏။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်၏ အလိုအလျောက် ကျင့်ကြံရေး - ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ သည် အဆင့် ၄ (၂/၁၆) သို့ မြင့်တက်သွားပါပြီ။ ဓာတ်ငါးပါး တာအိုမန္တန်များ၏ စွမ်းအားတိုးမြှင့်မှုမှာ ၆၄ ဆအထိ ရှိသွားပါပြီ။]

မျှော်လင့်ထားသည့်အတိုင်း ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ၏ တိုးတက်မှုမှာ အလွန်ပင် အစွမ်းထက်လှ၏။ အလိုအလျောက် ကျင့်ကြံရေး ၅၀ တိတိ ကုန်ကျသော်လည်း ၊ လင်းရန်ယန်အနေဖြင့် ၎င်းမှာ တကယ့်ကို ထိုက်တန်လှသည်ဟု ခံစားလိုက်ရသည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်၏ အလိုအလျောက် ကျင့်ကြံရေး - အလိုအလျောက်ငွေရှာခြင်း သည် အဆင့် ၅ (၁၆/၃၂) သို့ မြင့်တက်သွားပါပြီ။ ယခုအခါ တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံးအလတ်စား ၁၀၀၀ တုံး ၊ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁ တုံး ၊ ဝိညာဉ်ကျောက်တုံးအနိမ့်စား ၁၀၀,၀၀၀ တုံးနှင့် ငွေဒင်္ဂါး ၁,၀၀၀,၀၀၀ တို့ကို အလိုအလျောက် ရရှိပါမည်။]

ဤ ‘အလိုအလျောက်ငွေရှာခြင်း’ အဆင့်မြှင့်တင်မှုသည် ဝိညာဉ်ကျောက်တုံးအားလုံး ရရှိမှုနှုန်းကို အဆပေါင်း ၁၀၀ အထိ တိုက်ရိုက် တိုးတက်စေခဲ့သည်။

All Chapters