ဧရာမ အလင်းတိုင်ကြီး
Vol. 9 Ch. 89
ရုတ်တရက်ဆိုသလိုပင် လူအုပ်ကြီးထဲမှ အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာတော့သည်။ နောက်တစ်ခဏ၌ လူတိုင်းသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဖူဂျီတောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်ကြ၏။
သောင်းနှင့်ချီသော တုန်ရင်စစ်သားများသည်လည်း ဖူဂျီတောင်ထက်မှ ဧရာမ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးကို တစ်ချက်တည်းနှင့် မြင်တွေ့လိုက်ကြရတော့သည်။
“ဝူး... “
ချက်ချင်းပင် ပွက်လောရိုက်သွား၏။
“ဒါ ဘာဖြစ်တာလဲ ၊ ဘယ်သူက ငါတို့ရဲ့ မြင့်မြတ်တဲ့ တောင်တော်ကြီးကို ဖောက်ခွဲပစ်လိုက်တာလဲ ”
“ဗက... ဒါ သေချာပေါက် ‘ကျီန’ တွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ”
“မဖြစ်နိုင်တာ ၊ ကျီနတွေမှာ ဒီလောက်အစွမ်းထက်တဲ့ လက်နက်မျိုး ဘယ်ရှိပါ့မလဲ ၊ ဒါ ငါတို့ရဲ့ အစ်ကိုကြီး ‘ယင်းကျန်း’ ရဲ့ လက်ချက်များလား ”
“ဗက... မင်း သေချာပေါက် သေချင်နေတာပဲ ၊ ယင်းကျန်းက ငါတို့ကို ဘာလို့ တိုက်ခိုက်မှာလဲ ”
တစ်ခဏချင်းအတွင်းမှာပင် ထောင်သောင်းချီသော စစ်သားများနှင့် သတင်းထောက်များသည် ငြင်းခုံဆွေးနွေးလာကြတော့သည်။
စိတ်မကောင်းစရာမှာ... သူတို့၏ ငြင်းခုံမှုများ မပြီးဆုံးသေးမီမှာပင် ၊ ကျန်ရှိသမျှသော စွမ်းအားအားလုံးကို စုစည်းထားသည့် အလင်းတိုင်ကြီးသည် နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲထွက်လာတော့၏။
“ဝုန်း... “
ထိတ်လန့်စရာကောင်းသော တုန်ခါမှုကြီးနှင့်အတူ... ၊ အစီရင်ကြီးသည် တောင်ထိပ်၏ အပေါ်တည့်တည့်မှနေ၍ ဧရာမ အလင်းတိုင်ကြီးတစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။ ဤအလင်းတိုင်ကြီးမှာ ယခင်အကြိမ်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှ၏။
နောက်ဆုံးတွင် အလင်းတိုင်ကြီးမှာ ဖူဂျီတောင်ထိပ်ကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။ နောက်တစ်ခဏ၌ တောင်ထိပ်မှာ တိုက်ရိုက် အပေါက်ဖောက်ခြင်း ခံလိုက်၏။ ဖူဂျီတောင်ထိပ်မှာ ခဲသွားသော ချော်ရည်ခဲ အမြောက်အမြားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ၊ ၎င်းမှာ အလွန်ပင် ကြွပ်ဆတ်လှသည်ကို သတိပြုရမည်။ တောင်ထိပ်မှာ ပွင့်ထွက်သွားသည်နှင့်အမျှ ၊ အလင်းတိုင်ကြီးသည် ဖူဂျီတောင်၏ ကိုယ်ထည်အတွင်းပိုင်း ဗဟိုချက်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ထိုအခိုက်အတန့်၌ တစ်လောကလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤမြင်ကွင်းကို ကြည့်ရင်း လင်းရန်ယန် မှာ တုံ့ဆိုင်းမနေဘဲ ပိုမိုမြင့်မားသော ကောင်းကင်ယံဆီသို့ တိုက်ရိုက် ပျံတက်သွားတော့သည်။
“ဝုန်း... ဂျိမ်း... ဂျိမ်း... “
မျှော်လင့်ထားသည့်အတိုင်းပင် ၊ နောက်တစ်ခဏ၌ ဖူဂျီတောင်တစ်ခုလုံးမှာ ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။
အတိုင်းအဆမဲ့လှသော ချော်ရည်များနှင့် ရေတွက်၍မရသော ဧရာမ မီးတောက်ကျောက်ခဲကြီးများသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွား၏။ တစ်ခဏချင်းအတွင်းမှာပင် ဆယ်ကီလိုမီတာကျော် ပတ်လည်ရှိ ကောင်းကင်ယံတစ်ခုလုံးမှာ ချော်ရည်မိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ထောင်သောင်းချီသော စစ်သားများနှင့် အောင်ပွဲခံနေကြသော ပြည်သူအမြောက်အမြား၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့၏။
“ပြေးကြဟေ့... ”
“မြင့်မြတ်တဲ့ တောင်တော်ကြီး ပေါက်ကွဲနေပြီ ၊ အမြန်ပြေးကြ ”
“အာမာထဲရာဆု နတ်ဘုရားမ အမျက်တော်ရှနေပြီ ၊ ဒါ ငါတို့ နတ်ဘုရားမကို ပြစ်မှားမိလို့ ဖြစ်ရတာပဲ ၊ ကျေးဇူးပြုပြီး... အာမာထဲရာဆု နတ်ဘုရားမ ၊ ငါတို့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးပါ ”
ရေတွက်၍မရသော တုန်ရင်သားများသည် ဟစ်အော်ငိုယိုရင်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့သည်။ အချို့မှာမူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဆုတောင်းနေကြ၏။ စိတ်မကောင်းစရာမှာ ထိုသို့ဆုတောင်းနေသူများသည် ထွက်ပြေးနေကြသော လူအုပ်ကြီး၏ ခြေထောက်အောက်တွင်ပင် ချက်ချင်း နင်းခြေခံလိုက်ရတော့သည်။
စီတန်းလှည့်လည်မှု၏ ရှေ့ဆုံးတွင် နင်ဂျာအုပ်စုတစ်စု၏ အကာအကွယ်ကို ရယူထားသော ဧကရာဇ်မင်းမှာလည်း ယခုအခါတွင်မူ လုံးဝ မှင်တက်နေပြီ။
“ဒါ... ဒါ တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ ၊ နတ်ဘုရားအရိပ် သခင်ကြီးရော ဘာဖြစ်သွားပြီလဲ ”
သူသည် ကောင်းကင်ယံမှ ကျဆင်းလာသော မီးမိုးများကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်၏။
ယခုအချိန်၌ သူ အစိုးရိမ်ဆုံးမှာ နတ်ဘုရားအရိပ်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအရိပ် သေဆုံးသွားပါက ၊ သူ၏ ဧကရာဇ်ရာထူးမှာ သေချာပေါက် တည်မြဲတော့မည် မဟုတ်သောကြောင့်ပင်။ အမှန်စင်စစ် လက်ရှိတွင် နင်ဂျာဂိုဏ်းတစ်ခုလုံး၌ သူ့ကို ထောက်ခံနေသူမှာ နတ်ဘုရားအရိပ် သခင်ကြီး တစ်ဦးတည်းသာ ရှိသည်။
သို့သော်လည်း ကောင်းကင်ယံမှ မီးမိုးများမှာ ဆက်လက် ကျဆင်းနေသေးသည်။ ၎င်းနှင့် ထိမှန်မိသူတိုင်းမှာ တစ်ခဏချင်းအတွင်း သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားပြီး ၊ နောက်တစ်စက္ကန့်တွင် ထိုသွေးအိုင်မှာလည်း လုံးဝဥဿုံ အငွေ့ပျံပျောက်ကွယ်သွား၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း”
အရပ်မျက်နှာအနှံ့မှ ရေတွက်၍မရသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ၊ မြေပြင်တစ်ခုလုံးမှာလည်း နက်ရှိုင်းသော ကျင်းကြီးများဖြင့် ပြည့်နှက်သွားတော့သည်။ ထိုကျင်းကြီးများ၏ ဘေးတွင် လူပေါင်းများစွာမှာ မြေပြင်ပေါ်၌ လဲလျောင်းရင်း ငိုယိုအော်ဟစ်နေကြသည်။ သို့သော်လည်း သူတို့ ကြာရှည်စွာ အော်ဟစ်နေနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်၌ မီးတောင်ပြာများ စတင်ပျံ့နှံ့လာပြီဖြစ်ရာ ၊ မကြာမီအတွင်း ကီလိုမီတာ ဆယ်ဂဏန်းအတွင်း၌ သက်ရှိဟူသမျှ ကျန်ရစ်တော့မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
ကောင်းကင်ယံထက်မှနေ၍ ကောင်းကင်သို့ ထိုးတက်နေသော အနက်ရောင် တိမ်တိုက်ကြီးများကို ကြည့်ရင်း လင်းရန်ယန်၏ စိတ်ထဲတွင် သနားညှာတာမှု တစ်စုံတစ်ရာမျှ မရှိချေ။
“ငပုလေးတို့... မင်းတို့တွေ ဒီဘဝမှာ မလုပ်ဆောင်ရသေးဘူးဆိုပေမဲ့ ၊ ငါ ဒီကို ရောက်နေပြီဆိုမှတော့... အဲဒီတုန်းက ဖြစ်ရပ်မျိုးတွေကို ဘယ်တော့မှ ထပ်ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး ၊
ဒီစစ်သား သိန်းချီ တပြိုင်နက်တည်း သေသွားတာကို သိရင် ၊ ဒီဧကရာဇ်က ကောင်းကင်ဘုံအင်ပါယာကို တိုက်ခိုက်ဖို့ သတ္တိ ရှိပါဦးမလားဆိုတာ ငါ တကယ် သိချင်မိတယ် ”
လင်းရန်ယန်က ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ နှုတ်ခမ်းဖျားမှာ အသာအယာ ကွေးညွတ်သွားတော့သည်။
သေချာပေါက် ရှိတော့မည် မဟုတ်ပေ။ အထူးသဖြင့် ဤခေတ်ကာလတွင် စစ်သည်အင်အား သိန်းချီ ဆုံးရှုံးသွားခြင်းမှာ မည်သည့်နိုင်ငံအတွက်မဆို ပြန်လည်နာလန်ထူရန် ခက်ခဲသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။ လူသေဆုံးခြင်းထက် စစ်လက်နက်ပစ္စည်းများ ဆုံးရှုံးသွားခြင်းက ပို၍ပင် ကြီးမားလှ၏။
“ဝုန်း... “
သို့သော်လည်း ယခုအခိုက်အတန့်၌ လင်းရန်ယန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများ စတင် ပေါက်ကွဲလာသည်ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။ ဝိညာဉ်စွမ်းအားများ စီးဆင်းမှုမှာလည်း တစ်ခဏချင်းအတွင်း တဟုန်ထိုး မြင့်တက်လာ၏။
“ငါ အဆင့်တက်တော့မှာလား ”
လင်းရန်ယန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ အဆင့်တက်ရန် အချိန်တန်ခဲ့ပြီ။ အဆင့် ၅ ရှိသော အလိုအလျောက် ကျင့်ကြံခြင်းမှာ တကယ့်ကို အစွမ်းထက်လှသည်။ ဤစွမ်းရည်ကို ရရှိခဲ့သည်မှာ အတိအကျဆိုလျှင် ဆယ်နာရီမျှသာ ရှိသေးသည်။ သူသည် တစ်ရက်ပင် မပြည့်သေးမီမှာပင် ‘ကောင်းကင်အရှင်သခင်’ အဆင့်သို့ ချိုးဖောက်တက်လှမ်းတော့မည် ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်မှာ တုံ့ဆိုင်းမနေဘဲ သူ၏ မျက်ဝန်းများကို မှိတ်လိုက်ပြီး ၊ သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် စွမ်းအားအားလုံးကို စတင်စုစည်းလိုက်၏။
“ဝုန်း”
လင်းရန်ယန်၏ ခန္ဓာကိုယ်အတွင်းမှ ထိတ်လန့်စရာကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။ ဤသည်မှာ ဝိညာဉ်စွမ်းအားများက သွေးကြောအတွင်းရှိ အဆင့်အတားအဆီးကို ရိုက်ခတ်လိုက်သည့် အသံပင် ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုပါက ဤအသံကို ကြားနိုင်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လင်းရန်ယန်မှာ ထိုအသံကို ကြားလိုက်ရရုံသာမက ၎င်းမှာ အလွန်ပင် ကျယ်လောင်လှ၏။ ပတ်ဝန်းကျင်ရှိ မီးတောင်ပြာများပင်လျှင် ထိုတုန်ခါမှုကြောင့် လွင့်စင်သွားရတော့သည်။
“ဝုန်း”
နောက်တစ်ခဏ၌ နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာတော့သည်။
“ကွဲ... “
ယခုတစ်ကြိမ်တွင်မူ အဆင့်အတားအဆီးမှာ အနည်းငယ် အက်ကွဲသွားခဲ့ပြီ။
“ဝုန်း”
တတိယအကြိမ် ရိုက်ခတ်မှုအပြီးတွင်မူ အဆင့်အတားအဆီးမှာ လုံးဝဥဿုံ ပွင့်ထွက်သွားတော့သည်။ တစ်ခဏချင်းအတွင်းမှာပင် လင်းရန်ယန်၏ စွမ်းအားအားလုံးသည် သူ၏ ဒန်ထျန် ဆီသို့ ရူးသွပ်ဖွယ်ရာ စုစည်းသွားတော့သည်။ ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများသည် လျင်မြန်စွာ စတင်ဖိသိပ်ခံလိုက်ရ၏။ ဖိသိပ်မှု တစ်ကြိမ်ပြုလုပ်တိုင်း ဝိညာဉ်စွမ်းအား၏ သိပ်သည်းမှုမှာ သိသိသာသာ တိုးတက်လာတော့သည်။
မကြာမီမှာပင် မူလက ဓာတ်ငွေ့အသွင်ရှိသော ဝိညာဉ်စွမ်းအားများသည် ပြင်းထန်လှသော ဖိသိပ်မှုအောက်တွင် အရည်အသွေးရှိသော ဝိညာဉ်စွမ်းအားစက်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ ဝိညာဉ်စွမ်းအားများ အရည်အဖြစ် ပြောင်းလဲသွားပြီးနောက် ၊ လင်းရန်ယန်၏ ဝိညာဉ်စွမ်းအား ပမာဏမှာလည်း အဆပေါင်း ဆယ်ကျော်အထိ တိုးတက်သွား၏။
ယခင်က လင်းရန်ယန်၏ ဝိညာဉ်စွမ်းအားမှာ သူနှင့်တန်းတူ ကျင့်ကြံသူများထက် ၆၂၅ ဆ ပိုမိုများပြားခဲ့သော်လည်း ၊ ၎င်းမှာ သာမန် ကောင်းကင်အရှင်သခင် အဋ္ဌမ သို့မဟုတ် နဝမအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့်သာ ညီမျှခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ အဆင့်တစ်ခုနှင့်တစ်ခုအကြားရှိ ဆယ်ဆသော ဝိညာဉ်စွမ်းအား ကွာဟချက်မှာ တကယ့်ကို ကြီးမားလွန်းလှသည်။
ယခုအခါ လင်းရန်ယန်၏ အဆင့်တက်လှမ်းမှုကြောင့် ၊ သူ၏ ဝိညာဉ်စွမ်းအား ပမာဏမှာ ‘ကောင်းကင်အရှင်သခင် ပထမအဆင့်’ ရှိသော ပါရမီရှင် ကျင့်ကြံသူများထက် ၆၂၅ ဆအထိ ရှိလာခဲ့ပြီး ၊ သာမန် ပါရမီရှင်တစ်ဦး၏ ‘ကောင်းကင်အရှင်သခင် ဒသမအဆင့်’ ရှိ ဝိညာဉ်စွမ်းအား ပမာဏမှာမူ သူ၏ ပထမအဆင့် ပမာဏထက် ၅၁၂ ဆသာ ရှိသည်။ တစ်နည်းအားဖြင့် ဆိုရသော် လင်းရန်ယန်၏ ကောင်းကင်အရှင်သခင် ပထမအဆင့်ရှိ ဝိညာဉ်စွမ်းအား ပမာဏမှာ ပါရမီရှင်အဆင့်ရှိသော ကောင်းကင်အရှင်သခင် ဒသမအဆင့်ရှိသူကိုပင် လုံးဝဥဿုံ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးကျန်ရှိသော ဝိညာဉ်စွမ်းအားများမှာ လုံးဝဥဿုံ အရည်အဖြစ် ပြောင်းလဲသွားသည်နှင့်အမျှ ၊ လင်းရန်ယန်၏ အဆင့်မှာလည်း ‘ကောင်းကင်အရှင်သခင် ပထမအဆင့်’ သို့ အပြီးတိုင် ရောက်ရှိသွားတော့သည်။
[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်၏ အဆင့်မှာ ကောင်းကင်အရှင်သခင် ပထမအဆင့် သို့ မြင့်တက်သွားပါပြီ။]
စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။
“ဟူး... အဆင့်တက်ပြီးသွားတော့ ၊ ငါ့မှာ သာမန် ကောင်းကင်အရှင်သခင် ဒသမအဆင့်ရှိတဲ့သူတစ်ယောက်ကို ယှဉ်နိုင်တဲ့ စွမ်းအားရှိနေပြီဆိုတာ သေချာသွားပြီ ၊ ဒါပေမဲ့ ဝိညာဉ်စွမ်းအားတွေက ဆယ်ဆလောက် ဖိသိပ်ခံလိုက်ရတော့ ၊ အခု ငါ့ဆီမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအား ပမာဏက ဆယ်ပုံတစ်ပုံပဲ ရှိတော့တာပဲ ၊ ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို အမြန်ဆုံး ပြန်ပြီး ဖြည့်တင်းဖို့ လိုအပ်နေပြီ ”
လင်းရန်ယန်က မတတ်သာသလို အသာအယာ ပြုံးလိုက်၏။
ကံကောင်းသည်မှာ ယခုအခါ သူ၏လက်ထဲတွင် ဝိညာဉ်ကျောက်တုံးများ မပြတ်လပ်တော့ခြင်း ဖြစ်သည်။ သူသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်ယူလိုက်ပြီး စတင်စုပ်ယူလိုက်တော့သည်။
“ဝုန်း”
ကြီးမားလှသော ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွား၏။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် ထိုဝိညာဉ်ကျောက်တုံးများမှာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
“အခု ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို အပြည့်ပြန်ဖြည့်ဖို့ဆိုရင် ၊ ဝိညာဉ်ကျောက်တုံးပေါင်း ၆၀၀ လောက် လိုအပ်မယ် ထင်တယ် ”
လင်းရန်ယန်မှာ အနည်းငယ် မတတ်သာသလို ဖြစ်သွားရသည်။ ယခင်က မြေကမ္ဘာအရှင်သခင် နဝမအဆင့်တုန်းကဆိုလျှင် ဝိညာဉ်ကျောက်တုံး ၃၀ ကျော်သာ လိုအပ်ခဲ့၏။ ဒသမအဆင့်သို့ တက်လှမ်းရန် ၆၀ ကျော် လိုအပ်ခဲ့ပြီး ၊ ယခု ကောင်းကင်အရှင်သခင် အဆင့်သို့ တက်လှမ်းချိန်တွင်မူ သူ၏ ဝိညာဉ်စွမ်းအား ပမာဏမှာ ဆယ်ဆအထိ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။