← Chapters

ဝိညာဉ်ကျောက်တုံးများ

Vol. 9 Ch. 82

ဝိညာဉ်ကျောက်တုံးများ

Vol. 9 Ch. 82

အကြွင်းမဲ့အအေးဓာတ် - အပူချိန်ကို အကြွင်းမဲ့သုညအမှတ်၏ သုံးဆအထိ နိမ့်ဆင်းသွားစေရန် ထိန်းချုပ်နိုင်စွမ်းရှိသည်။

ဤထူးခြားချက်ကို မြင်လိုက်ရသည်နှင့် လင်းရန်ယန် က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ဤ ‘နှင်းခဲဝိညာဉ်ခန္ဓာ’ မှာ ‘မိုးကြိုးဝိညာဉ်ခန္ဓာ’ ကဲ့သို့ပင် အလယ်အလတ်အဆင့် ဝိညာဉ်ခန္ဓာဟု ခေါ်ဆိုထိုက်လှ၏။ ၎င်း၏ စွမ်းအားတိုးမြှင့်ပေးနိုင်မှုမှာ တကယ့်ကို ထိတ်လန့်စရာပင် ဖြစ်သည်။

အကယ်၍သာ ဤအကြွင်းမဲ့အအေးဓာတ်ကို ထုတ်ဖော်လိုက်မည်ဆိုပါက ၊ ကန်တစ်ခုလုံးရှိ ရေများကိုပင် တစ်ခဏချင်းအတွင်း ခဲသွားစေနိုင်ရန် လုံလောက်လှသည်။

“ဝူး... “

သို့သော်လည်း ဤအဆင့်မြှင့်တင်မှုမှာ မပြီးဆုံးသေးချေ။ လင်းရန်ယန်၏ ‘ဒန်ထျန်း’(အသက်စွမ်းအင်,ချီ) အတွင်း၌ တစ်ခဏချင်း တုန်ခါသွားပြီးနောက် ၊ သူ၏ ဒန်ထျန်းအတွင်းရှိ နေရာလပ်မှာ ထပ်မံ၍ ကျယ်ပြန့်လာတော့သည်။

မကြာမီမှာပင် ၊ သာမန်ကျင့်ကြံသူတစ်ဦး၏ ဒန်ထျန်းထက် ၁၂၅ ဆ ပိုမိုကြီးမားခဲ့သော သူ၏ ဒန်ထျန်းမှာ ၊ ယခုအခါ အဆပေါင်း ၆၂၅ ဆအထိ တိုးတက်လာခဲ့၏။

ဤမျှ ကြီးမားလှသော အတိုင်းအတာကြောင့် လင်းရန်ယန်သည် သူ၏ ပတ်ဝန်းကျင် ဒါဇင်နှင့်ချီသော ကီလိုမီတာအတွင်းရှိ ကောင်းကင်နှင့် မြေကမ္ဘာမှ ဝိညာဉ်ဓာတ်စွမ်းအားများကို အလိုအလျောက် စတင်စုပ်ယူနေတော့သည်။

ကံကောင်းသည်မှာ လင်းရန်ယန်၏ လက်ဝယ်တွင် ဝိညာဉ်ကျောက်တုံးများ များပြားစွာ ရှိနေသောကြောင့် သူသည် အလယ်လတ် ဝိညာဉ်ကျောက်တုံး တစ်ခုကို တိုက်ရိုက်ထုတ်ယူကာ စုပ်ယူလိုက်တော့၏။

မကြာမီမှာပင် ထိုဝိညာဉ်ကျောက်တုံးမှာ အမှုန့်ဘဝသို့ ပြောင်းလဲသွားတော့သည်။ လင်းရန်ယန်က ခေတ္တမျှ တွက်ချက်ကြည့်လိုက်ပြီးနောက် ၊ စိတ်ပျက်စရာကောင်းသော တွက်ချက်တစ်ခုကို ရရှိလိုက်၏။

“ငါ့ရဲ့ လက်ရှိ ဒန်ထျန်းကို တစ်ကြိမ်တည်းနဲ့ ပြည့်သွားအောင် လုပ်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံး ၃၂ တုံးတောင် လိုတာပဲ ၊ ငါက တစ်ရက်မှ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးပဲ ရတာ ၊ ခန္ဓာကိုယ်တစ်ခုလုံးက ဝိညာဉ်စွမ်းအားတွေကို တစ်ကြိမ် ပြန်ပြည့်အောင် လုပ်ဖို့အတွက်တင် သုံးရက်စာ ကျောက်တုံးတွေကို စုရမှာပဲ ”

လင်းရန်ယန်မှာ မတတ်သာသလို ခံစားလိုက်ရ၏။ ကြည့်ရတာ သူ၏ ‘အလိုအလျောက် ငွေရှာခြင်း’ စွမ်းရည် နောက်ထပ် အဆင့်ငယ်တစ်ခု ထပ်တက်လာသည်အထိ စောင့်ရဦးမည် ထင်သည်။

သို့သော်လည်း သူ၏ ဝိညာဉ်စွမ်းအားများ အပြည့်အဝ ပြန်လည်ရရှိစေရန်အတွက် ဝိညာဉ်ကျောက်တုံး အလုံး ၂၀ ကျော်ကို သူ ထုတ်သုံးလိုက်တော့၏။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ရှိနေသေးသောကြောင့် ဖြစ်သည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ သင်၏ ဝိညာဉ် စွမ်းအားရေကန် သည် အဆင့် ၄ သို့ မြင့်တက်သွားပါပြီ ၊ သိုလှောင်နိုင်သော ဝိညာဉ်စွမ်းအား ပမာဏမှာ သာမန်ကျင့်ကြံသူထက် ၆၂၅ ဆအထိ ရှိသွားပါပြီ ၊ ဝိညာဉ်စွမ်းအား စုပ်ယူမှုအရှိန်မှာ အဆပေါင်း ၁၀,၀၀၀ အထိ တိုးတက်သွားပါပြီ။]

အသိပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းရန်ယန်သည် သူ၏ အခြေအနေပြဇယားကို ဖွင့်ကြည့်လိုက်တော့သည်။

အခြေအနေပြဇယား :

* အမည် - လင်းရန်ယန်

* အဆင့် - မြေကမ္ဘာအရှင်သခင် နဝမအဆင့်

* အသက်မွေးဝမ်းကျောင်းအဆင့် - ကောင်းကင်အဆင့် အထွတ်အထိပ် (အထူး +၁)

* ကျင့်စဉ် - ဝိညာဉ်ငါးပါးတိုက်ပွဲကျင့်စဉ် (၄/၅ ၊ ဝိညာဉ်အဆင့် အနိမ့်စား) ၊ ကောင်းကင်ဒဏ်ခတ်သန့်စင်ကျမ်း (ဝိညာဉ်အဆင့် အထက်တန်းစား - ၉၀%)

* တာအိုအတတ်ပညာ - ဝိညာဉ်ငါးပါးဓားသိုင်း (ဝိညာဉ်အဆင့် အထက်တန်းစား) ၊ လေမိုးကြိုးခြေလှမ်း (ဝိညာဉ်အဆင့် အလတ်စား) ၊ အဆုံးမဲ့မိုးကြိုးဟိန်းသံ (ဝိညာဉ်အဆင့် အမြင့်ဆုံး - ၈၈%) ၊ စိတ်စွမ်းအားဓားအစီရင် (ဝိညာဉ်အဆင့် အထက်တန်းစား - ၃၈%)

* အလိုအလျောက် စွမ်းရည်များ - * အလိုအလျောက်ကျင့်ကြံခြင်း အဆင့် ၄(၁၂/၁၆ ၊ အဆ ၁၀,၀၀၀)

* ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ အဆင့် ၃ (ပိတ်ထားသည်)

* အလိုအလျောက်ငွေရှာခြင်း အဆင့် ၄ (၁၂/၁၆ ၊ တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀)

* အလိုအလျောက်ကိုယ်ခံပညာလေ့ကျင့်ခြင်း အဆင့် ၄(၁၂/၁၆ ၊ တစ်ရက်လျှင် နှစ် ၁၀၀၀ စာ)

* ဝိညာဉ် စွမ်းအားရေကန် အဆင့် ၃(၁/၁၆)

* အသက်မွေးဝမ်းကျောင်းကျွမ်းကျင်သူ အဆင့် ၄(၈/၁၆)

* ကုသိုလ်တော်ရွှေအလင်းတန်း အဆင့် ၃(၇/၈ ၊ အဆ ၁၀၀၀)

* စိတ်စွမ်းအား အဆင့် ၄(၀/၁၆ ၊ အမျှင်စု ၆၂၅)

* လေဝိညာဉ်ခန္ဓာ အဆင့် ၃(၃/၈)

* ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့် ၃(၆/၈)

* မိုးကြိုးဝိညာဉ်ခန္ဓာ အဆင့် ၄(၀/၁၆ ၊ ၃၂၀၀ ရာခိုင်နှုန်း)

* နှင်းခဲဝိညာဉ်ခန္ဓာ အဆင့် ၄(၀/၁၆)

* လက်နက် - ဓာတ်ငါးပါးကောင်းကင်လျှို့ဝှက်ဓား (မြေကမ္ဘာအဆင့် အမြင့်ဆုံး ၊ ပြီးပြည့်စုံသော)

* ကုသိုလ်ကံအကျိုးပေး - ၁၀၂,၀၀၀ (*၁၀၀၀)

* ငွေကြေး - ဝိညာဉ်ကျောက်တုံးအလတ်စား ၁၂၅၅ တုံး ၊ ဝိညာဉ်ကျောက်တုံးအဆင့်မြင့် ၁ တုံး ၊

ယခုအချိန်၌ အခြေအနေပြဇယားမှာ ယခင်ကနှင့် သိပ်မထူးခြားလှပေ။ သို့သော်လည်း လင်းရန်ယန်၏ စွမ်းအားမှာမူ သိသိသာသာ တိုးတက်လာခဲ့၏။

အထူးသဖြင့် သူ၏ ငွေကြေးဖြစ်၏။ လင်းရန်ယန် အားနေချိန်၌ ‘ဘိုးဘေးဆရာသခင်’ ၏ အမွေအနှစ်များကို ပြန်လည်စစ်ဆေးကြည့်ရာ ၊ အတွင်း၌ ဝိညာဉ်ကျောက်တုံးများ ဤမျှအထိ များပြားနေသည်ကို ချက်ချင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးအဆင့်မြင့် တစ်တုံးတည်းမှာပင် ‘စစ်မှန်သော အရှင်သခင်’ အဆင့်ရှိ ပညာရှင်တစ်ဦး၏ ဝိညာဉ်စွမ်းအား အားလုံး ပါဝင်နေသည်။ ထို့ကြောင့် ၎င်းတစ်တုံးမှာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁၀၀၀ နှင့် ညီမျှ၏။ ဆိုလိုသည်မှာ လင်းရန်ယန်၏ လက်ဝယ်တွင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၂၂၀၀ ကျော် ရှိနေခြင်းပင် ဖြစ်သည်။

“အရင်ဆုံး မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းကို သွားဖျက်ဆီးလိုက်ရအောင် ”

လင်းရန်ယန်မှာ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ‘လေမိုးကြိုးခြေလှမ်း’ ကို တိုက်ရိုက် အသက်သွင်းလိုက်တော့သည်။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် လင်းရန်ယန်၏ ခန္ဓာကိုယ်အတွင်းမှ ထိတ်လန့်စရာကောင်းလှသော လေနှင့် မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက်လာတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ပုံရိပ်မှာ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ နောက်ကွယ်တွင် ပုံရိပ်ယောင်ပေါင်းများစွာကို ချန်ထားလျက် အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ ယခုအခါ လင်းရန်ယန်၏ အရှိန်မှာ တစ်နာရီလျှင် ကီလိုမီတာ ခုနစ်ထောင်ကျော်အထိ ရှိနေပြီ ဖြစ်၏။

“ဝုန်း”

မိနစ်အနည်းငယ် ကြာပြီးနောက် ၊ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးနှင့်အတူ ၊ လင်းရန်ယန်၏ ပုံရိပ်မှာ ကီလိုမီတာ တစ်ထောင်ကျော် ဝေးကွာသော လွင်ပြင်ကြီး၏ အထက်ကောင်းကင်၌ ပေါ်လာတော့သည်။

“ဒီအရှိန်နဲ့ဆိုရင် ကမ္ဘာကြီးကို တစ်ပတ်ပတ်ဖို့တောင် အချိန်အကြာကြီး မလိုတော့ဘူး ”

လင်းရန်ယန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။ လူတစ်ဦး၏ စွမ်းအားမှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ ၊ ကမ္ဘာမြေကြီးက အဘယ်ကြောင့် တောင့်မခံနိုင်ရသည်ကို နားလည်သွားရတော့သည်။ ယင်းနောက် သူသည် မြေပြင်ဆီသို့ ငုံ့ကြည့်လိုက်၏။

နောက်တစ်ခဏ၌ သူသည် ဒုတိယခေါင်းဆောင်၏ မှတ်ဉာဏ်ထဲမှ ကျောက်တုံးစုကြီးကို ရှာဖွေတွေ့ရှိသွားတော့သည်။ ထို့နောက် သူက တိုက်ရိုက် ချိန်ရွယ်လိုက်ရာ...

“ဝူး... “

မြေကမ္ဘာကြီးမှာ စတင် တုန်ခါလာတော့၏။ ကျောက်တုံးများ အားလုံးမှာ ဘေးသို့ လွင့်စင်သွားပြီးနောက် ၊ လင်းရန်ယန်၏ ခြေဖဝါးအောက်တွင် မြေအောက်လမ်းကြောင်းတစ်ခု ပေါ်ထွက်လာ၏။

လင်းရန်ယန်သည် အတွင်းသို့ တိုက်ရိုက် ပျံဝင်သွားတော့သည်။ မီတာ ရာဂဏန်းခန့် သွားပြီးနောက် ၊ အချင်း မီတာ တစ်ရာခန့်ရှိသော ကြီးမားလှသည့် ဂူကြီးတစ်ခုအတွင်းသို့ သူ ရောက်ရှိသွား၏။

ဂူအတွင်း၌ ဝိညာဉ်ကျောက်တုံးများကို နံရံတွင် မြှုပ်နှံထားပြီး ၊ ထိုကျောက်တုံးများပေါ်ရှိ အစီအရင်များမှာ အလယ်အလတ် ‘ကောင်းကင်အဆင့်’ ရှိသော နယ်မြေကျော်လွှားခြင်း အစီရင် တစ်ခု ဖြစ်နေသည်။

“အရည်အချင်း သတ်မှတ်ချက်ကို မနည်းမီအောင် လုပ်ထားတဲ့ အစီရင်တစ်ခုပဲ ၊ ဒါရဲ့ ကူးပြောင်းနိုင်တဲ့ အကွာအဝေးက ကီလိုမီတာ တစ်ရာထက် ပိုမှာ မဟုတ်ဘူး ၊ ဒါကြောင့် မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းက ဒီအနီးအနားမှာပဲ ရှိရမယ် ၊ ဒါပေမဲ့ ဒီအစီရင်ကို လုပ်တဲ့လူက တော်တော်ကို ညံ့တာပဲ ၊ ဒီလို အညံ့စား အစီရင်တစ်ခု လုပ်ဖို့အတွက် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁၂၈ တုံးတောင် သုံးထားတာ ၊ တကယ့်ကို အရင်းအမြစ်တွေကို ဖြုန်းတီးပစ်တာပဲ ”

ဤအရာကို မြင်ပြီးနောက် ၊ လင်းရန်ယန်သည် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ရန် မရွေးချယ်ခဲ့ချေ။

ထိုအစား ၊ သူသည် လက်နှစ်ဖက်ဖြင့် အစီအရင်သင်္ကေတ အများအပြားကို ထုတ်ဖော်လိုက်ပြီး ၊ ဤအစီရင်၏ အခြားတစ်ဖက်ရှိ တည်နေရာကို ပြောင်းပြန်ခြေရာခံ လိုက်တော့သည်။

“တွေ့ပြီ ”

မကြာမီမှာပင် လင်းရန်ယန်၏ မျက်လုံးများ လင်းထိန်သွား၏။ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်း တည်ရှိရာ နေရာမှာ အနောက်ဘက် ကီလိုမီတာ ခုနစ်ဆယ့်ရှစ် အကွာတွင် ဖြစ်သည်။

ယခုအခါ တည်နေရာကို ရှာတွေ့သွားပြီ ဖြစ်ရာ ၊ ဤနယ်မြေကျော်လွှားခြင်း အစီရင်မှာ မလိုအပ်တော့ပေ။ လင်းရန်ယန်သည် သူ၏ လက်ယာဘက်လက်ဖြင့် လက်ကွက်ပေါင်း ထောင်ချီကို တစ်ခဏချင်းအတွင်း ဖော်ဆောင်လိုက်တော့သည်။

“ဝူး... “

ရေတွက်၍မရသော လက်ကွက်များမှာ အစီအရင်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး ၊ ဤအစီရင်၏ အခြေခံတစ်ခုချင်းစီအတွင်းသို့ တိုက်ရိုက် စီးဝင်သွား၏။ တစ်ခဏချင်းအတွင်းမှာပင် ဝိညာဉ်ကျောက်တုံးများပေါ်ရှိ နယ်မြေကျော်လွှားခြင်း အစီအရင်များအားလုံးမှာ ဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

ဝိညာဉ်ကျောက်တုံးများကိုမူ လင်းရန်ယန်က ပြန်လည် သိမ်းဆည်းလိုက်၏။ သူ၏ ဝိညာဉ်စွမ်းအားများ အနည်းငယ် ကုန်ဆုံးသွားသော်လည်း ၊ ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ကို အလကား ရလိုက်သကဲ့သို့ ဖြစ်နေတော့သည်။

“အခုတော့ ထွက်ပေါက် မရှိတော့ဘူးဆိုတော့ ၊ မိစ္ဆာနတ်ဝိညာဉ်ဂိုဏ်းက လူတွေ ထွက်ပြေးဖို့ ခက်သွားပြီပေါ့”

လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် အထက်သို့ တိုက်ရိုက် ပျံတက်လိုက်တော့သည်။ သူ သွားလေရာ၌ မြေကမ္ဘာကြီးမှာ လမ်းကြောင်းတစ်ခုအဖြစ် အလိုအလျောက် ပွင့်ပေးသွားပြီး ၊ လင်းရန်ယန် ထွက်ခွာသွားသည်နှင့် ထိုလမ်းကြောင်းမှာ ပြန်လည် ပိတ်သွားပါတော့သည်။

မြေအောက်မှ ထွက်လာပြီးနောက် ၊ လင်းရန်ယန်သည် သူ၏ ‘လေမိုးကြိုးခြေလှမ်း’ ကို ထပ်မံ အသက်သွင်းကာ အနောက်ဘက်သို့ ပျံသန်းသွားပါတော့သည်။

မကြာမီမှာပင် ၊ လင်းရန်ယန်သည် ကီလိုမီတာ တစ်ရာကျော် ဝေးကွာသော တောင်တန်းကြီးတစ်ခုသို့ ရောက်ရှိလာ၏။ ထိုတောင်တန်းများအတွင်း၌ များပြားလှသော သက်ရှိစွမ်းအားများမှာ တောင်များ၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာ၌ တည်ရှိနေသည်ကို လင်းရန်ယန် အထင်အရှား မြင်တွေ့လိုက်ရတော့သည်။

အမှန်စင်စစ် ၎င်းကို ‘သစ်သားဝိညာဉ်စွမ်းအား’ နှင့် ‘မြေကမ္ဘာဝိညာဉ်စွမ်းအား’ ပိုင်ဆိုင်ထားသော လင်းရန်ယန် တစ်ဦးတည်းသာ မြင်တွေ့နိုင်ခြင်း ဖြစ်၏။ သာမန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက ၊ ဤနေရာမှ ဖြတ်သွားလျှင်ပင် မည်သည့် ထူးခြားမှုကိုမျှ သတိထားမိလိမ့်မည် မဟုတ်ပေ။

“အားလုံးက မြေအောက်မှာ ပုန်းနေကြတာပေါ့ ဟုတ်လား ၊ ဒါဆိုရင်လည်း ကျွန်တော့်ကို အပြစ်မတင်နဲ့တော့ ”

လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် ၊ ဟင်းလင်းပြင်ထဲသို့ သူ၏ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်၏။

“ဝူး... “

နောက်တစ်ခဏ၌ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှသော ဝိညာဉ်ဓာတ်စွမ်းအားများမှာ ‘သစ်သားဝိညာဉ်စွမ်းအား’ အဖြစ် ပြောင်းလဲသွားတော့သည်။ ထိုစွမ်းအားများသည် လင်းရန်ယန်၏ လက်များအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာပြီး မြေကမ္ဘာတစ်ခွင်သို့ အတင်း တိုးဝင်သွားတော့သည်။

တောင်တစ်လုံး ၊ တောင်နှစ်လုံး... ..

မကြာမီမှာပင် တောင်တန်းအနက်ပိုင်းရှိ ကြီးမားလှသော ဂိုဏ်းတည်ရှိရာ ဝန်းကျင်ရှိ မြေပြင်အားလုံးကို လင်းရန်ယန်၏ သစ်သားဝိညာဉ်စွမ်းအားများက ဖုံးလွှမ်းသွား၏။ ဤသို့ ပြုလုပ်နိုင်ရန်အတွက် လင်းရန်ယန်၏ ပင်လယ်ပြင်ကဲ့သို့ ကြီးမားလှသော ဝိညာဉ်အင်အားကန်ကြီးမှာပင် လုံးဝဥဿုံ ကုန်ခမ်းလုနီးပါး ဖြစ်သွားရတော့သည်။

“မြေကမ္ဘာသွေးကြော ”

နောက်တစ်ခဏ၌ လင်းရန်ယန်က နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး ၊ သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း”

တစ်ခဏချင်းအတွင်းမှာပင် မြင့်မားလှသော တောင်ကြီးသုံးလုံးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။

All Chapters