Chapters

ရတနာများ ပေါကြွယ်ဝသော

Vol. 11 Ch. 109

ရတနာများ ပေါကြွယ်ဝသော

Vol. 11 Ch. 109

လင်ယန်ရွှယ် က လင်ချွမ်ကို ကြည့်ကာ ပြုံးစိစိ လုပ်နေ၏။

ဆေးလုံးတစ်လုံးတည်းနှင့် သိုင်းလောကတစ်ခုလုံးက သူ့ကို ဝိုင်းတိုက်ကြလိမ့်မည်ဟူသော စကားကို လင်ချွမ်းက သိပ်မယုံချေ။

"ဒါက ရွှေငါးသိန်းပဲ တန်တာလေ၊ အဲလောက်ထိ လိုလို့လား"

ဟု လင်ချွမ်က မေးလိုက်သည်။

ဂိုဏ်းကြီးတွေမှာ ရွှေငါးသိန်းတောင် မရှိကြဘူးလားဟု သူ တွေးမိနေခြင်းပင်။

"ဟား ရှင့်ရဲ့ ကျင့်ကြံမှုက အနှိုင်းမဲ့ တယ်ဆိုတာ ငါဝန်ခံပါတယ်"

"ဒါပေမဲ့ ရှင့်မှာ သိုင်းလောက အတွေ့အကြုံ လုံးဝမရှိဘူးပဲ"

ဟု လင်ယန်ရွှယ်က စိတ်ရှည်လက်ရှည် ရှင်းပြ၏။

"ဒီဆေးလုံးရဲ့ တန်ဖိုးက ရွှေငါးသိန်းတင် မကဘူး"

"ဒါက ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်တာ"

"ဒီဆေးလုံးတစ်လုံးဟာ 'နတ်ရေစင်' ပေါင်း တစ်သောင်းနဲ့ ညီမျှတယ်ဆိုတာ ရှင်သိလား"

"ဒီလိုဆေးမျိုး သိုင်းလောကမှာ မပေါ်တာ ကြာလှပြီ"

လင်ချွမ်သည် ထိုဆေးလုံး၏ အစွမ်းကို သိသော်လည်း သိုင်းလောကသားများ၏ လောဘကိုမူ လျှော့တွက်ထားမိ၏။

အကယ်၍သာ လင်ချွမ်သည် ဤဆေးလုံးများကို သကြားလုံးလို စားနေသည်ဟု သူတို့သိပါက ဒေါသထွက်လွန်း၍ သွေးအန်ကြပေလိမ့်မည်။

"ဒါဆိုရင်တော့ ဒီဆေးလုံးကို ရောင်းဖို့ သေချာစဉ်းစားရတော့မယ်"

ဟု လင်ချွမ်းက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

သူသည် အရှုပ်အထွေးများကို အလွန်မုန်းတီးသူ ဖြစ်ပေသည်။

"ရှင် တကယ်ပဲ ပိုက်ဆံ အဲလောက်တောင် လိုနေတာလား"

ဟု လင်ယန်ရွှယ်က မေးရာ လင်ချွမ်က တွေဝေခြင်းမရှိဘဲ ခေါင်းငြိမ့်ပြ၏။

ဝူတန်တောင်တွင် နွားကျောင်း၍ ရသော လစာမှာ အလွန်နည်းပါးပြီး ဆယ်နှစ်လုံးလုံး စုထားသမျှမှာလည်း ဤခရီးတွင် ကုန်သွားပြီဖြစ်သည်။

သဲကန္တာရမှ ဝူတန်တောင်သို့ ပြန်ရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာဦးမည်ဖြစ်ရာ လမ်းစရိတ် လိုအပ်နေ၏။

"ဒီဆေးလုံးကို ငါ့ကိုပဲ ရောင်းပါလား"

"ငါ ရွှေခြောက်သိန်း ပေးမယ်"

ဟု လင်ယန်ရွှယ်က ကမ်းလှမ်းလိုက်သည်။

"အဲလောက်အများကြီး မလိုပါဘူး။ ငါ့ကို ရွှေငါးဆယ်ပဲ ပေး"

"အများကြီးဆို သယ်ရခက်တယ်"

ဟု လင်ချွမ်းက ဆိုလိုက်သည်။

သူသည် ရွှေခြောက်သိန်းနှင့် ဝူတန်သို့ ပြန်ပါက လမ်းတွင် ဓားပြတိုက်ခံရနိုင်သလို သူ၏ အထောက်အထားလည်း ပေါ်သွားနိုင်သည်။

သူ့အတွက် ရွှေငါးဆယ်ဆိုလျှင် လမ်းစရိတ်အတွက် လုံလောက်လှပြီ။

လင်ယန်ရွှယ်မှာ အလွန်ဝမ်းသာသွားပြီး လင်ချွမ်းကို ရွှေငါးဆယ် ချက်ချင်းပေးလိုက်သည်။

ကျန်သည့်ငွေများကိုမူ သူမ အကြွေးအဖြစ် မှတ်ထားလိုက်သည်။

သူမသည် ဤဆေးလုံးကို ပြန်လည်လေလံတင်ရောင်းချပါက အမြတ်အစွန်းများစွာ ရနိုင်ကြောင်း တွက်ချက်ပြီးသားပင်။

"နင် လိုချင်ရင် နောက်ထပ် နှစ်လုံး ထပ်ပေးမယ်"

ဟု လင်ချွမ်က ဆိုကာ ဆေးလုံးနှစ်လုံးကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။

လင်ယန်ရွှယ်မှာ မှင်တက်သွားတော့သည်။

"ဘုရားရေ ရှင်က တကယ့်ကို ဆေးဖော်စပ်တဲ့ ပညာရှင်ကြီးပဲ"

ဟု သူမက အားကျစွာ ကြည့်ရင်း ဆိုသည်။

သူမသည် လင်ချွမ်ကို ဟယ်ဟွမ်းဂိုဏ်းသို့ အဓမ္မခေါ်ဆောင်သွားပြီး ကိုးကွယ်ထားချင်စိတ်ပင် ပေါက်သွားသည်။

"ဆေးဖော်စပ်တဲ့ ပညာရှင် ဟုတ်မဟုတ်တော့ မသိဘူး"

"ဒါပေမဲ့ ဒီဆေးနှစ်လုံးအတွက် နင် ငါ့ကို ဝူတန်တောင်အထိ သေချာလိုက်ပို့ပေးရမယ်"

ဟု လင်ချွမ်က ဆိုလိုက်သည်။

လင်ယန်ရွှယ်မှာ ခဏမျှ စဉ်းစားပြီးမှ ရုတ်တရက် သဘောပေါက်သွားကာ

"ရှင် အိမ်ပြန်လမ်းကို မေ့နေတာ မဟုတ်လား"

...

ရှေးဟောင်းရတနာ သတင်းများ ငြိမ်သက်သွားသော်လည်း ကျားယွီကွမ်း မြို့ထဲတွင် "ခရမ်းရောင် ကျောက်စိမ်းဆေးလုံး" ရောင်းချနေသည်ဟူသော သတင်းကြောင့် တစ်မြို့လုံး ပြန်လည် ဆူညံသွားပြန်သည်။

ကျဲ့ခုန်းနှင့် ကျန်းဟယ်တို့လည်း ထိုသတင်းကြောင့် လေလံပွဲရှိရာသို့ အမြန်ရောက်လာကြ၏။

လူအုပ်ကြီးမှာ ဆေးလုံးကို ရရှိရန် ရွှေငါးသိန်းမှစ၍ အပြိုင်အဆိုင် ဈေးခေါ်နေကြသည်။

ထိုစဉ် ကျန်းဟယ်က

"ဒီဆေးလုံးတွေက ရှေးဟောင်းရတနာသိုက်ထဲက ရလာတာ မဟုတ်ဘူးလား"

"ငါတို့ တစ်ခုခု လွဲချော်ခဲ့တာလား"

ဟု ပရိယာယ်ဖြင့် ပြောလိုက်ရာ၊ လူအုပ်ကြီးမှာ ရတနာသိုက်ထဲတွင် ဆေးလုံးများ ကျန်နေသေးသည်ဟု ထင်ကာ သဲကန္တာရထဲသို့ တစ်ဟုန်ထိုး ပြန်ပြေးသွားကြတော့သည်။

မကြာမီ လေလံဝိုင်းတွင် လူအနည်းငယ်သာ ကျန်တော့သည်။

ကျန်းဟယ်က ဟယ်ဟွမ်းဂိုဏ်းသားများကို ကြည့်ကာ ပြုံးလိုက်ပြီး

"ကောင်မလေး လူတွေလည်း အကုန်သွားပြီဆိုတော့ ဒီဆေးလုံးကို ငါပဲ ရွှေတစ်သန်းပေးပြီး ဝယ်မယ်၊ ဘယ်လိုလဲ"