← Chapters

အုပ်စုလိုက် တိုက်ပွဲဝင်ခြင်းသည် အလွတ်လပ်ဆုံးပင်

Vol. 11 Ch. 102

အုပ်စုလိုက် တိုက်ပွဲဝင်ခြင်းသည် အလွတ်လပ်ဆုံးပင်

Vol. 11 Ch. 102

သဲကန္တာရ၌။

လေထုထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်းနေ၏။

သွေးသန့်စင်ခန်းမမှ တပည့်များ၏ အလောင်းများမှာ ဝါကျင်ကျင်သဲပြင်ပေါ်တွင် အေးစက်စွာ လဲလျောင်းနေကြပြီး သေမင်း၏ အရိပ်အယောင်မှာ လူတိုင်းကို လွှမ်းမိုးထား ပေသည်။

ကျန်းဟယ်ပင်လျှင် သူမြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်နေခြင်းပင်။

"အောမိသောဖော"

"ငါတို့တွေ မိစ္ဆာတစ်ကောင်ကို နှိုးလိုက်မိပြီ"

ဟု ကျဲ့ခုန်းက မျက်နှာပျက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

သဲကန္တာရထဲတွင် သိုင်းလောကသား ငါးသောင်းကျော် ရှိနေပြီး ထိုထဲတွင် ပညာရှင်များစွာ ပါဝင်သော်လည်း ထိုဆံပင်ဖြူနှင့် လူကြီးကိုမူ မယှဉ်နိုင်ကြချေ။

ထိုသူသည် တစ်ကွက်တည်းဖြင့် လူတစ်ဒါဇင်ကျော်ကို သတ်ဖြတ်နိုင်ပြီး သူ၏ လက်ချက်မှာ ပြတ်သားသလို ရက်စက်လွန်းလှ၏။

ထိုမိစ္ဆာမျိုး သိုင်းလောကထဲ ရောက်သွားပါက ပျက်စီးခြင်းများစွာ ဖြစ်ပေါ်လာနိုင်သဖြင့် ကျဲ့ခုန်းက ကျန်းဟယ်ကို အကူအညီတောင်းကာ အင်အားချင်းပေါင်းပြီး တိုက်ခိုက်ရန် ပြင်ဆင်တော့သည်။

"သခင်ကြီးကျန်း၊ ကျွန်တော်တို့ အင်အားပေါင်းလိုက်ရင် အနိုင်ရဖို့ အခွင့်အရေး ရှိမလား"

ကျန်းဟယ်က ခါးသက်သက် ပြုံးလိုက်မိသည်။

သူသည် ပထမအဆင့် အထွတ်အထိပ် ဖြစ်၍ ထိုဆံပင်ဖြူနှင့်လူ၏ အစွမ်းမှာ သိုင်းသမားများ ယှဉ်နိုင်သည့်အဆင့်မဟုတ်ဘဲ အဆင့်မြင့်ကျင့်ကြံသူ

အဆင့်ဖြစ်ကြောင်း ကောင်းကောင်းသိပေသည်။

သို့သော်လည်း ကျဲ့ခုန်းက သိုင်းလောကသား ငါးသောင်းလုံး၏ အင်အားကို စုစည်းကာ ဝိုင်းဝန်းတိုက်ခိုက်ရန် လှုံ့ဆော်လိုက်သည်။

"အားလုံး နားထောင်ကြ"

"ရတနာတွေက ငါတို့မျက်စိရှေ့မှာတင် ရှိနေပြီ။ ဒီဆံပင်ဖြူနဲ့လူက ကြောက်စရာကောင်းပေမဲ့ ငါတို့မှာ အင်အားတွေ အများကြီးရှိတယ်"

"အားလုံးပေါင်းပြီး သူ့ကို သတ်ကြရအောင်။ ပြီးရင် ဒီရတနာတွေကို အညီအမျှ ခွဲယူကြမယ်"

ရှောင်လင်ဆရာတော်၏ လှုံ့ဆော်မှုကြောင့် ကြောက်လန့်တကြား ထွက်ပြေးနေကြသော သိုင်းသမားများမှာ ရပ်တန့်သွားကြသည်။

ဆုန်ရှန်းဂိုဏ်း၊ ဟန်ရှန်းဂိုဏ်းနှင့် ဟွားရှန်းဂိုဏ်းတို့မှ တရားသောဂိုဏ်းသားများသာမက မိစ္ဆာဂိုဏ်းကြီးလေးခုမှ ခေါင်းဆောင်များပါ ပူးပေါင်းလာကြ၏။

ဤအင်အားစုမှာ နိုင်ငံငယ်လေးတစ်ခုကိုပင် အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိ ပေသည်။

ကျန်းဟယ်သည် သိုင်းလောကသားများ ညီညွတ်သွားသည်ကို ကြည့်ကာ နောင်တစ်ချိန်တွင် နန်းတွင်းအတွက် ခြိမ်းခြောက်မှုဖြစ်လာမည်ကို စိုးရိမ်သော်လည်း၊ လတ်တလောတွင် ထိုဆံပင်ဖြူနှင့်လူကို နှိမ်နင်းရန် သူတို့၏ အင်အားကို အသုံးချရုံမှတစ်ပါး အခြားမရှိတော့ချေ။

ပထမအဆင့် သိုင်းပညာရှင် ၃၀ ကျော် အပါအဝင် သိုင်းသမား ငါးသောင်းတို့သည် တစ်ပြိုင်နက် သတ်ဖြတ်လိုစိတ်များဖြင့် ဆံပင်ဖြူနှင့်လူကို ဝိုင်းထားလိုက်ကြ၏။

သို့သော် ထိုသူမှာ ကြောက်ရွံ့ခြင်းမရှိဘဲ မထီတရီ ပြုံးကာ ပြောလိုက်သည်။

"ဒါက အခုခေတ် သိုင်းလောကရဲ့ အစွမ်းလား၊ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ"

"တုံ့ဆိုင်းမနေနဲ့ အတူတူ တိုက်ခိုက်ကြ"

ကျန်းဟယ်က အမိန့်ပေးလိုက်သည်နှင့် သူနဲ့ ကျဲ့ခုန်းတို့ ဦးဆောင်ကာ အခြားပညာရှင်များနှင့်အတူ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

အတွင်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး အမျိုးစုံသော သိုင်းကွက်များမှာ မီးရှူးမီးပန်းများအလား ထိုသူ့ထံသို့ ကျရောက်သွားသည်။

သို့သော်လည်း ထိုဆံပင်ဖြူနှင့်လူက အေးဆေးစွာပင် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ"

ဟု ဆိုကာ အေးစက်စွာ ပြောလိုက်၏။

ထိုခဏမှာပင် ပထမအဆင့် ပညာရှင် ၃၀ ကျော်လုံးမှာ ကျောက်ရုပ်များအလား တစ်နေရာတည်းတွင် တောင့်တင်းကာ အေးခဲသွားကြသည်။

သူတို့ မည်မျှပင် ကြိုးစားရုန်းကန်သော်လည်း လက်တစ်ဖက်မျှပင် မလှုပ်နိုင်တော့ချေ။

"ဒါ ဘာမှော်ပညာလဲ"

"ငါတို့ကို ချက်ချင်းလွှတ် ပေးစမ်း"

ဟု အော်ဟစ်နေကြသော်လည်း အချည်းနှီးပင်။

ကျဲ့ခုန်းမှာ မျက်လုံးအပြူးသားဖြင့် "နယ်ပယ်"ဟု ရေရွတ်လိုက်မိသည်။

ရှောင်လင်လျှို့ဝှက်ချက်များထဲတွင် ပါရှိသော ပထမအဆင့် အထွတ်အထိပ်ကို ကျော်လွန်သည့် အဆင့်အကြောင်း သူ သတိရသွား၏။

"ကုန်ပါပြီ၊ ငါတို့တွေ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကို လျှော့တွက်မိသွားပြီ"

ကျန်းဟယ်မှာ ထိုဆံပင်ဖြူနှင့်လူက သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လာပြီး သူ၏လည်ပင်းကို ညှစ်ရန် လက်လှမ်းလိုက်သည်ကို ကြည့်ကာ သေမင်းကို စောင့်နေရတော့သည်။

"ဝုန်း"

ရုတ်တရက် လေကိုခွဲလာသည့် အသံနှင့်အတူ ဆံပင်ဖြူနှင့်လူမှာ မျက်မှောင်ကြုတ်ကာ နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။

ကျန်းဟယ်၏ ခြေရင်းတွင် ရိုးရိုးမည်းနက်သော သံမဏိဓားတစ်စင်း လာစိုက်နေသည်။

ထိုဓားပေါ်မှ အတွင်းအားမှာ ပထမအဆင့် အထွတ်အထိပ်ထက်ပင် သာလွန်နေသည်။

လူတိုင်း မော့ကြည့်လိုက်သောအခါ အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်တစ်ဦး လေထဲမှ သိမ်မွေ့စွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာလည်း ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ဖြစ်သော်လည်း နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်အေးချမ်းသော အရှိန်အဝါ ရှိနေ၏။

"ဓားနတ်ဘုရား"

"ဓားနတ်ဘုရား ရောက်လာပြီဟေ့"

ဟု လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ် လိုက်ကြသည်။

ဓားနတ်ဘုရားမှာ သိုင်းလောက၏ ကယ်တင်ရှင်ဟု လူတိုင်းက သတ်မှတ်ထားကြခြင်းပင်။

ကျဲ့ခုန်းကလည်း ဝမ်းသာအားရဖြင့် "အကြီးအကဲ ဓားနတ်ဘုရား၊ ကျွန်တော်တို့ကို အမြန်ကယ်ပါဦး"

ဟု အကူအညီတောင်းလိုက်သည်။

သို့သော် ဓားနတ်ဘုရားက ခေါင်းခါရင်း တည်ကြည်စွာ ဆိုလိုက်သည်။

"ဆရာကြီးကျဲ့ခုန်း၊ ကျွန်တော် ခင်ဗျားကို စိတ်ပျက်အောင် လုပ်မိတော့မယ် ထင်တယ်"

"ကျွန်တော်လည်း ဒီဆံပင်ဖြူနဲ့ ကျင့်ကြံသူကြီးကို ယှဉ်နိုင်စွမ်း မရှိပါဘူး"

All Chapters