Chapters

ငါက တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား

Vol. 11 Ch. 103

ငါက တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား

Vol. 11 Ch. 103

ဓားနတ်ဘုရားရောက်ရှိလာခြင်းသည် လူတိုင်းအတွက် အတိုင်းအဆမဲ့ မျှော်လင့်ချက် ဖြစ်စေသင့်သော်လည်း သူ၏ စကားများက လူတိုင်းကို မျှော်လင့်ချက်မဲ့စေခဲ့သည်။

ဓားနတ်ဘုရားကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်ကပင် ထိုဆံပင်ဖြူနှင့်လူကို မယှဉ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သောအခါ ဆက်တိုက်ရန်ပင် အဓိပ္ပာယ်မရှိတော့ချေ။

"စိတ်ဝင်စားဖို့ကောင်းသားပဲ"

ဆံပင်ဖြူနှင့်လူက ဓားနတ်ဘုရားကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။

သိုင်းလောကတွင် အထွတ်အထိပ်ဟု သတ်မှတ်ခံရသူတစ်ဦးက သူ၏အစွမ်းကို ယခုကဲ့သို့ လွယ်လွယ်ကူကူ ဝန်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"မင်းက အခု သိုင်းလောကမှာ အားအကောင်းဆုံး ပညာရှင်ဖြစ်ရမယ်"

"ရောက်တုန်းရောက်ခိုက် ငါနဲ့ လက်ရည်တစ်ချက်လောက် စမ်းကြည့်ကြမလား"

ဟု ဆံပင်ဖြူနှင့်လူက ဓားနတ်ဘုရားကို ပြောင်သကဲ့သို့ ပြောလိုက်သည်။ လူအုပ်ကြီးမှာ ထိုသူ၏ မောက်မာမှုကို ဒေါသထွက်နေကြသော်လည်း ဓားနတ်ဘုရားကမူ တည်ငြိမ်စွာပင်

"အကြီးအကဲရဲ့ အစွမ်းကို ကျွန်တော် မြင်ဖူးပြီးသားပါ။ ကျွန်တော် မယှဉ်နိုင်တာ ဝန်ခံတဲ့အတွက် တိုက်ခိုက်နေဖို့ မလိုတော့ပါဘူး"

ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

ကျဲ့ခုန်းနှင့် ကျန်းဟယ်တို့မှာ အားကိုးရာမဲ့သွားသလို ခံစားလိုက်ရသည်။

သို့သော် ဓားနတ်ဘုရားက ဆက်ပြောသည်မှာ -

"ဒါပေမဲ့ အကြီးအကဲ တစ်ခုတော့ မှားနေတယ်။ သိုင်းလောကမှာ ကျွန်တော်က အားအကောင်းဆုံး မဟုတ်ပါဘူး"

"အကြီးအကဲ တကယ်ပဲ အထီးကျန်နေတယ်ဆိုရင် ခဏလောက် စောင့်ပေးပါ"

"အဲဒီပုဂ္ဂိုလ်က အကြီးအကဲထက် ပိုသန်မာတာ သေချာပါတယ်"

ဤစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။

ဓားနတ်ဘုရားထက် ပိုသန်မာသူ သိုင်းလောကမှာ ရှိသေးသည်လော။

လူအများက ထိုသူမှာ ဝူတန်ဂိုဏ်းမှ ချန်အာကောဖြစ်မည်ဟု ထင်ကြေးပေးနေကြသည်။

ချန်အာကော၏ နာမည်ကို ကြားသောအခါ ဆံပင်ဖြူနှင့်လူက "ချန်အာကော၊ နာမည်ကလည်း ကြည့်မကောင်းလိုက်တာ"

ဟု ရေရွတ်လိုက်မိသည်။

ဓားနတ်ဘုရားသည် လင်ချွမ်ကို စောင့်ဆိုင်းနေခြင်းပင်။

သူသည် လင်ချွမ် ရောက်မလာမီအထိ အချိန်ဆွဲရန် ကြိုးစားနေခြင်း။

သို့သော် ဆံပင်ဖြူနှင့်လူက စိတ်မရှည်တော့ဘဲ ကျန်းဟယ်ကို လက်ဝါးရိုက်ချက်ဖြင့် သတ်ရန် ကြိုးစားသည်။

ဓားနတ်ဘုရားက ဝင်ရောက်ကာကွယ်သော်လည်း သူ၏ သံမဏိဓားမှာ ထိုသူ၏ ခြေလှမ်းတစ်ချက်အောက်မှာပင် အစအနမကျန် ပျက်စီးသွားရသည်။

ဓားနတ်ဘုရား တကယ်မယှဉ်နိုင်မှန်း လူတိုင်း သိသွားကြပြီ။

ထိုစဉ် အဝေးမှ မြင်းဟီသံများနှင့်အတူ ဖုန်လုံးကြီးများ လွင့်တက်လာသည်။

အသူရာဂိုဏ်း၊ ဟယ်ဟွမ်းဂိုဏ်း နှင့် အော်မေ့ဂိုဏ်း တို့ ရောက်ရှိလာခြင်း ဖြစ်ပင်။

အော်မေ့ဂိုဏ်းချုပ် ကျွယ်ချင်း သည် သူမ၏ နာမည်ကျော် "ကောင်းကင်သတ်ဓား" ကို ဝှေ့ယမ်းကာ ဆံပင်ဖြူနှင့်လူကို နောက်သို့ ဆုတ်သွားစေခဲ့သည်။

ဆံပင်ဖြူနှင့်လူမှာ ဒေါသအလိပ်လိပ် ထွက်သွားတော့သည်။

"ဒါဆိုရင်တော့ မင်းတို့အားလုံးကို သတ်ပစ်ရုံပဲ ရှိတော့တာပေါ့"

"တစ်ယောက်မှ အသက်မရှင်စေရဘူး"

ဟု ဆိုကာ ကောင်းကင်သို့ ပျံတက်ပြီး ကျွယ်ချင်း ကို တိုက်ခိုက်တော့သည်။

လင်ယန်ရွှယ် နှင့် အသူရာဂိုဏ်းချုပ်တို့ကလည်း ကူညီရန် ပြေးဝင်လာကြ၏။

ဓားနတ်ဘုရားသည် အခွင့်အရေးကို အသုံးချကာ ကျန်းဟယ်နှင့် အခြားသူများကို အမြန်ကယ်ထုတ်လိုက်ရသည်။ ထို့နောက် ပထမအဆင့် သိုင်းပညာရှင် ၃၀ ကျော်နှင့် ဓားနတ်ဘုရားတို့ ပူးပေါင်းကာ ဆံပင်ဖြူနှင့်လူကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့၏။

ထိုစဉ် အသူရာဂိုဏ်းသားများကြားတွင် မြင်းပေါ်၌ ထိုင်နေသော လူငယ်လေးတစ်ဦးက မိမိကိုယ်ကို ရေရွတ်လိုက်သည်။

"ဟား၊ ငါက ဒီလောက်တောင် သန်မာနေတာလား မသိဘူး"

ဘေးနားရှိ ကျန်းခွေ့ က ပြာပြာသလဲဖြင့်

"အကြီးအကဲလင်၊ ပြိုင်ဘက်ကို အကဲခတ်မနေပါနဲ့တော့။ အမြန်သွားကူပေးပါဦးဗျ"

ဟု အသည်းအသန် တောင်းပန်လိုက်ရလေတော့သည်။