← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

ဝိုင်သောက်ပွဲသည် မိုးသောက်ယံအထိ ကြာမြင့်ခဲ့သည်။ နောက်တစ်နေ့ နေ့လယ်ရောက်မှသာလျှင် လူအများက တဖြည်းဖြည်း သတိပြန်ဝင်လာကြလေသည်။

ခေတ္တခဏမျှ အနားယူပြီးနောက်၊ လီကျယ်ရှန်းနှင့် အဖွဲ့သည် အကယ်ဒမီ သုံးသင်းကို ကောင်းကင်ဒူမြို့၏ အပြင်ဘက်သို့ လိုက်ပို့ပေးခဲ့ကြသည်။

“ဓားဝိုင်...”

ဖုန်းရှောက်ထျန်း၏ မျက်လုံးများက လီကျယ်ရှန်းကို ပြင်းပြစွာ စူးစိုက်ကြည့်ရင်း လေးနက်သောလေသံဖြင့် ဆိုလိုက်သည်။

“ဒီတစ်ကြိမ် ငါ ရှုံးနိမ့်ခဲ့တယ်။”

“နောက်ထပ် ခြောက်လအကြာ ဝိဉာဉ်ဆရာ ပြိုင်ပွဲမှာ ပြန်ပြီး ယှဉ်ပြိုင်ကြစို့။”

ဟောက်ဝူရွှမ်က သူ၏ နီရဲသော မျက်ခုံးများကို ပင့်တင်ကာ မေးလိုက်သည်။

“ညီလေးဓားဝိုင်၊ မင်း ဝိဉာဉ်ဆရာပြိုင်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူးလား။”

လီကျယ်ရှန်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါကာ ပြုံးလိုက်သည်။

“ခြောက်လအတွင်း ဘာတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူက အတိအကျ ပြောနိုင်ပါ့မလဲ။”

“အနည်းဆုံးတော့ အခုချိန်မှာတော့ ငါ သိပ်စိတ်ဝင်စားမှု မရှိသေးဘူး။”

ထို့နောက် ဟောက်ဝူ ရှေ့သို့တက်လာပြီး သူမ၏ လက်သီးဆုပ်ငယ်ဖြင့် လီကျယ်ရှန်း၏ ရင်ဘတ်ကို ခပ်ဖွဖွ ထိလိုက်သည်။ သူမ၏ အပြုံးက တောက်ပပြီး အားမာန်အပြည့် ဖြစ်နေပေသည်။

“ဓားဝိုင်၊ နင် ဝင်ကိုပြိုင်ရမယ်။”

“ဒီခြောက်လအတွင်းမှာ နင့်ရဲ့ ဓားကွက်တွေကို တန်ပြန်ဖို့ နည်းလမ်းကို ငါတို့ သေချာပေါက် ရှာဖွေနိုင်အောင် လုပ်မယ်။”

အခြား အဖွဲ့ခေါင်းဆောင်များ၏ တိုက်တွန်းမှုက ပိုမို ပြင်းထန်လာခဲ့သည်။

ဆင်ချပ်ဝတ် ကျောင်းတော်မှ ဟူရန်ကျီက သူ၏ သန်မာထွားကြိုင်းသော အမျိုးသား ခြောက်ယောက်ကို ဦးဆောင်ပြီး ကျယ်လောင်သောအသံဖြင့် ဆိုလိုက်သည်။

“ညီလေးဓားဝိုင်၊ ယုထျန်းဟန်နဲ့ ငါ့ရဲ့ သူငယ်ချင်းကောင်းများ…”

“နောက်ခြောက်လနေရင် ကျင်းပမဲ့ ဝိဉာဉ်ဆရာ ပြိုင်ပွဲမှာ ပြန်ဆုံကြမယ်။”

“ဂရုစိုက်ကြပါ။”

လမ်းမပေါ်တွင် ဖုန်မှုန့်များ လွင့်တက်သွားသည်။ အသင်းသုံးသင်း၏ ပုံရိပ်များသည် ဖုန်မှုန့်များကြား တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရာ နောက်ဆုံးတွင် မှုန်ဝါးဝါး အမည်းစက်လေးများသာ ကျန်ရစ်တော့သည်။

လီကျယ်ရှန်းနှင့် ကျန်သူများ ခဏမျှ စောင့်ကြည့်နေပြီးမှ မြို့ထဲသို့ ပြန်လှည့်လာခဲ့ကြသည်။

“ဓားဝိုင်...”

ယုထျန်းဟန် ရုတ်တရက် ရပ်တန့်လိုက်ပြီး လေးနက်စွာ ဆိုလိုက်သည်။

“ဒါဆိုရင်...”

“မင်း တော်ဝင်တိုက်ခိုက်ရေးအဖွဲ့ကို ဝင်လိုက်ပါလား။ ငါ ခေါင်းဆောင်နေရာကို ပေးဖို့ ဆန္ဒရှိပါတယ်။”

“မင်းသာ ပါဝင်လာရင် ဝိဉာဉ်ဆရာ ပြိုင်ပွဲရဲ့ ချန်ပီယံဆုဟာ ငါတို့ ကောင်းကင်ဒူ တော်ဝင် ကျောင်းတော်ပဲ ဖြစ်မှာ သေချာတယ်။”

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်

ဒူဂူယန်နှင့် ယဲ့လင်းလင်းတို့၏ လှပသော မျက်ဝန်းများ တောက်ပလာကြသည်။ ယုဖုန်း အပါအဝင် လေးယောက်စလုံး အရင်ဆုံး အံ့အားသင့်သွားပြီးနောက်၊ ၎င်းတို့အားလုံးကလည်း သဘောတူညီကြောင်း ထုတ်ဖော်ခဲ့ကြသည်။လီကျယ်ရှန်းသာ ပါဝင်လာပါက အသင်းနေရာအတွက် တစ်ဦးကို ဆန္ဒအလျောက် နုတ်ထွက်ပေးရန်လည်း ဆန္ဒရှိကြသည်။

လီကျယ်ရှန်းသည် သူတို့၏ စိတ်ရင်းမှန်သော မျက်လုံးများကို ကြည့်ရင်း ပြုံးကာ ခေါင်းခါလိုက်သည်။

“တော်ပါပြီ။”

“အရင်က ပြောဖူးသလိုပါပဲ ငါက လွတ်လပ်တဲ့ သိုင်းဝိဉာဉ်အဖြစ် နေသားကျနေပြီ၊ ကန့်သတ်ချုပ်ချယ်မှုတွေကို မခံနိုင်ဘူး။”

“မင်းတို့အဖွဲ့ရဲ့ ဖွဲ့စည်းပုံကလည်း မသေးဘူး၊ ဝိဉာဉ်ဆရာ ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးနေရာအတွက် ကြီးမားတဲ့ မျှော်လင့်ချက် ရှိပါတယ်။”

သူ၏ စကားများမှာ အချည်းနှီး မဟုတ်ခဲ့ပေ။

သူ့ကြောင့်…လိပ်ပြာ၏ တောင်ပံခတ်သံက သုံ့လော်ကုန်းမြေပေါ်တွင် မုန်တိုင်းတစ်ခုကို လှုပ်ခတ်နေခဲ့ပြီ။

ရှီလိုင်ခဲ့ ခုနှစ်ဖော်တို့ထဲတွင် ကျူကျူချင်းမှလွဲ၍ ကျန်သူများမှာ နတ်ဆေးပင်အခွင့်အရေးများ မရခဲ့ကြသောကြောင့် သူတို့၏ ခွန်အား သိသိသာသာ လျော့ကျသွားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ တော်ဝင်တိုက်ခိုက်ရေးအဖွဲ့ထဲမှ ဒူကူယန်သည် သွေးစွန်းဟင်္သာ၏ အနမ်းကို ရရှိထားသောကြောင့် ခြောက်လအတွင်း သူမ၏ ခွန်အား သိသိသာသာ တိုးတက်လာမည်မှာ သေချာသည်။

ယုထျန်းဟန်ကလည်း အကြိမ်ကြိမ် အခက်အခဲများနှင့် ကြုံတွေ့ရသော်လည်း သူ၏ တိုက်ခိုက်လိုစိတ် ပိုမို မြင့်မားလာကာ ထက်မြက်လာမှုအောက်တွင် သူ၏ စွမ်းရည်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဖုန်းရှောက်ထျန်း၊ ဟောက်ဝူနှင့် အခြားသူများလည်း ထိုနည်း၎င်းပင်။

ဤအတက်အကျများနှင့်ဆိုလျှင် ဤနှစ်၏ ဝိဉာဉ်ဆရာ ပြိုင်ပွဲသည် ရှုပ်ထွေးလှုပ်ရှားပြီး စိတ်လှုပ်ရှားစရာ ကောင်းသောအဖြစ်အပျက်တစ်ခုအဖြစ် ဖော်ပြနိုင်ပြီး စောင့်မျှော်ကြည့်ရှုသင့်သည်။

တော်ဝင်တိုက်ခိုက်ရေးအဖွဲ့ဝင် ခုနစ်ဦး၏ မျက်လုံးထဲတွင် မဖုံးကွယ်နိုင်သော စိတ်ပျက်အားငယ်မှုများကို မြင်လိုက်ရသောအခါ လီကျယ်ရှန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ပြိုင်ပွဲက နီးလာပြီ၊ မင်းတို့ အထူးလေ့ကျင့်မှုတွေကို အရှိန်မြှင့်သင့်တယ်။”

“ဖြစ်ချင်တော့ ငါလည်း ဒီရက်ပိုင်းအတွင်း လေဓားဂိုဏ်းကို သွားရောက်ဖို့ စီစဉ်ထားတယ်။”

“လေဓားဂိုဏ်း”

ဒူကူယန်၊ ယဲ့လင်လင်နှင့် ကျန်ခြောက်ယောက် အံ့အားသင့်သွားကြသည်။ မျက်လုံးများကို ပိုးသားနက်ဖြင့် စည်းထားသော အစိမ်းရောင်ဝတ် ဓားသမားများလား။

“ဓားပညာ လေ့ကျင့်ဖို့ သွားမလို့လား”

ယုဖုန်းက ထိုမေးခွန်းကို ရုတ်တရက် မေးလိုက်ပြီး လီကျယ်ရှန်း ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်သည် ကောင်းကင်ဒူမြို့ထဲတွင် နေရာအနှံ့ရှိနေသော လေကို ကျရောက်သွားသည်။ သူ၏ မျက်လုံးများထဲတွင် မမြင်နိုင် မထိတွေ့နိုင်သော လေစီးကြောင်းသည် နက်နဲသော လမ်းကြောင်းအချို့ကို ဝိုးတဝါး ထုတ်ဖော်ပြသနေသည်။

“ငါ ကြယ်တာရာတိုက်ပွဲ သစ်တောမှာ ရှိတုန်းက လေဓားဂိုဏ်းရဲ့ ဖုန်းရှောင် အကြီးအကဲနဲ့ ဖုန်းပုယွီ ဂိုဏ်းခေါင်းဆောင်ငယ်တို့က ငါ့ကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်။”

“ဒီ လေဓားဂိုဏ်း ခရီးစဉ်ကနေ အသိဉာဏ်အချို့ကို ရရှိလာစေနိုင်လောက်ပါတယ်။”

ဒူကူယန်နှင့် ယဲ့လင်းလင်းတို့၏ မျက်လုံးများ စိတ်ဝင်စားမှုဖြင့် တောက်ပလာသော်လည်း နီးကပ်လာသော အထူးလေ့ကျင့်ရေးကို တွေးမိသောအခါ နှုတ်ခမ်းဆူကာ ပြောနိုင်ခဲ့သည်။

“တစ်ယောက်တည်း သွားမှာလား။ အဖော်တောင် မပါဘဲလား။”

လီကျယ်ရှန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“ရက်အနည်းငယ်လေးပဲ၊ ဘာလို့ အဖော်လိုရမှာလဲ။”

ဘေးနားတွင် တိတ်ဆိတ်နေသော ရွယ်ချင်းဟော်က ရုတ်တရက် လီကျယ်ရှန်း၏ အင်္ကျီလက်ကို ခပ်ဖွဖွ ဆွဲလိုက်သည်။

“တော်ဝင်တိုက်ခိုက်ရေးအဖွဲ့ကတော့ ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုသေးတယ်။ ငါတို့ အလုပ်မရှိတဲ့ နှစ်ယောက်က ဒီနေရာမှာ သူတို့ကို အနှောင့်အယှက် မပေးသင့်ဘူး။”

“ကြာပန်းကန်မှာ ငါးမျှားဖို့ သွားကြရင် ဘယ်လိုလဲ။”

“ကောင်းပြီလေ။”

လီကျယ်ရှန်းနှင့် ရွယ်ချင်းဟော်တို့ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်ထွက်သွားသည်ကို ကြည့်ပြီး

ယုထျန်းဟန်နှင့် ကျန်သူများ ခေါင်းခါရင်း သက်ပြင်းချလိုက်ကြပြီး သူတို့၏ စကားများတွင် လီကျယ်ရှန်း၏ လွတ်လပ်ပေါ့ပါးသော ဘဝကို “မနာလို” ဖြစ်ခြင်းများ ပြည့်နှက်နေသည်။

ဒူကူယန်က သူမ၏ နှုတ်ခမ်းနီကို ညင်သာစွာ ကိုက်လိုက်သည်။

သူမ ရုတ်တရက် ယဲ့လင်းလင်း၏ နားနား ကပ်ပြီး တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။

ယဲ့လင်းလင်း၏ ကြည်လင်သော အပြာရောင် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး၊ သူမ၏ နူးညံ့ပြီး အေးစက်သော မျက်နှာလေးသည် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

“မ-မဖြစ်နိုင်ပါဘူး...”

ဒူကူယန်က သူမ၏ ပခုံးနှင့် တွန်းလိုက်ပြီး မျက်စိမှိတ်ပြလိုက်သည်။

“ဒါဆို မင်း သွားစမ်းကြည့်လေ။”

“ဘယ်...ဘယ်လိုလုပ် စမ်းကြည့်ရမှာလဲ...”

ယဲ့လင်းလင်း၏ ပါးပြင်များ နီရဲလာပြီး ဆူပူလိုက်သည်။

“ယန်ယန်၊ မင်း ငါ့ကို ထပ်ပြီး လှည့်စားနေပြန်ပြီ။ မင်း ဘာလို့ မသွားစမ်းကြည့်တာလဲ။”

“ငါ မစမ်းကြည့်ဘူးလို့ ဘယ်သူပြောလဲ။ ငါ ဒီရှန်းညီလေး ပြန်လာဖို့ စောင့်နေတာ...”

ကြာပန်းကန် အနီးတွင် လေညှင်းလေးများ တိုက်ခတ်နေကာ စိမ်းလန်းစိုပြေသော မြက်ခင်းများကြား တိုးဝှေ့ပြီး ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကြက်ခွပ်လေးများ ပြန့်နှံ့သွားသည်။

လီကျယ်ရှန်းနှင့် ရွယ်ချင်းဟော်တို့ ဘေးချင်းယှဉ်ထိုင်နေကြပြီး ငါးမျှားတံများကို ညင်သာစွာ ချထားကြသည်။ လေထုက ငြိမ်းချမ်းနေသည်။

ဤအချိန်တွင်

ရွယ်ချင်းဟော် ရုတ်တရက် စကားစပြောလိုက်သည်။

“လီကျယ်ရှန်း၊ မင်းကို ငါ မေးစရာ မေးခွန်းတချို့ရှိတယ်၊ မင်း ချက်ချင်း ဖြေရမယ်။”

လီကျယ်ရှန်း၏ အကြည့်က မျှော့ပေါ်တွင် ရှိနေပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“မေးလေ။”

“နွေဦးနဲ့ နွေရာသီမှာ ဘယ်ဟာက ပိုပြီး ပျော်စရာကောင်းလဲ။”

“နွေဦး။”

“သုံးဘဝမသေမျိုးကြက် နဲ့ ရတနာခုနှစ်မျိုးဘဲ ထဲမှာ ဘယ်ဟာက ပိုအရသာရှိလဲ။”

“သုံးဘဝမသေမျိုးကြက်။”

“မီးတောက်ဓားနဲ့ ပန်းပွင့်တစ်ရာထဲမှာ ဘယ်ဟာက ပိုပြီး လန်းဆန်းစေလဲ။”

“မီးတောက်ဓား။”

“ဒူကူယန်နဲ့ ရယ်လင်လင်ထဲမှာ ဘယ်သူက ပိုလှလဲ။”

“...”

လီကျယ်ရှန်း၏ ပါးစပ် ဟစိဟစိ ဖြစ်နေသည်။

သူ့ပါးစပ်မှ ထွက်လုဆဲ စကားလုံးများက လည်ချောင်းထဲတွင် ပိတ်မိနေ၏။

သူ ခေါင်းလှည့်ကာ ရွယ်ချင်းဟော်ကို ကြည့်လိုက်သည်။

ရွယ်ချင်းဟော်က ရေကန်ကိုသာ ဆက်လက်မျက်နှာမူထားဆဲ၊ သူမ၏ အမူအရာက အာရုံစူးစိုက်နေပုံရသည်။

အံ့မခန်း ကျယ်ပြန့်ပြီး ထိတ်လန့်စရာကောင်းသော မေးခွန်းကြီးသည် သူမ၏ ပါးစပ်မှ ထွက်မလာခဲ့သယောင်ပင်။

“ဘာလို့ မဖြေတာလဲ?”

သူမက မကြည့်ဘဲ မေးလိုက်သည်။

လီကျယ်ရှန်းက ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“ဒီလို ပရိယာယ်များတဲ့ မေးခွန်းကို ငါ ဘယ်လိုလုပ် ဖြေရမှာလဲ။”

“ပြီးတော့၊ မင်း ဘာလို့ ဒီလိုမေးခွန်းမျိုး မေးနေရတာလဲ။”

“ဒီတိုင်း မေးကြည့်တာပါ။”

ရွယ်ချင်းဟော်က ခဏတာ တိတ်ဆိတ်နေပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“မင်း မနက်ဖြန် ဘယ်အချိန် ထွက်မလဲ။”

“ချန်ချိန် (မနက် ၇ နာရီမှ ၉ နာရီအတွင်း)။”

“မနက်ဖြန် ငါ အင်ပါယာအလုပ်တွေနဲ့ ရှုပ်နေမှာဖြစ်လို့ မင်းကို လိုက်မပို့နိုင်မှာ စိုးရိမ်ရတယ်။”

“အရေးမကြီးပါဘူး၊ ရက်အနည်းငယ်လေး အတွင်း ပြန်လာမှာပါ။ လိုက်ပို့ဖို့ မလိုပါဘူး။”

မနေ့က သူက သူများကို လိုက်ပို့ခဲ့သည်။

ဒီနေ့တော့ ခရီးစတင်ဖို့ သူ့အလှည့် ရောက်လာပြီ။

ကောင်းကင်ဒူမြို့ပြင် ၁၀ လီခန့်အကွာတွင်။

လီကျယ်ရှန်းသည် သူ၏ လေလိုက်မြင်းငယ်ကို ဦးဆောင်လျက်၊ သူ့ကို လိုက်ပို့ရန် ရောက်လာကြသော ဒူကူယန်၊ ယဲ့လင်းလင်း၊ ယုထျန်းဟန်နှင့် အခြားသူများကို ပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်သည်။

“အားလုံးပဲ ပြန်ကြပါတော့။ ရက်အနည်းငယ်အတွင်း ပြန်တွေ့မယ်။”

ဒူကူယန်နှင့် ယဲ့လင်းလင်းတို့ တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့တက်လာပြီး ဂရုတစိုက် ပြင်ဆင်ထားသည့် အစားအစာ၊ သောက်စရာများနှင့် အဝတ်လဲရန် ပစ္စည်းများကို ပေးအပ်ကြသည်။

လီကျယ်ရှန်းက တစ်ဦးချင်းစီကို ကျေးဇူးတင်စကား ဆိုပြီး သူ၏ အကြည့်ကို ကောင်းကင်ဒူမြို့ဘက်သို့ ဝေ့ကြည့်လိုက်သည်။

ရွယ်ချင်းဟော်သည် တကယ်ပင် သူ့ကို လိုက်ပို့ရန် ရောက်မလာခဲ့ပေ။

သူ ဘာမှ ထပ်မပြောတော့ဘဲ မြင်းပေါ် ခုန်တက်လိုက်ပြီး မြင်းကြိုးကို လှုပ်ယမ်းလိုက်သည်။

“ဟိတ်!”

လေလိုက်မြင်းငယ်က ဟီးလိုက်ပြီး၊ ၎င်း၏ ခြေလေးချောင်းက မြေမှုန့်များကို ကန်ကျောက်ကာ လမ်းတစ်လျှောက် ဖုန်မှုန့်များ ခြေရာခံချန်ထားရင်း အဝေးသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

လမ်းဆုံးမှာ လုံးဝ ပျောက်ကွယ်သွားတဲ့ အဖြူရောင်ဝတ် လူငယ်ကို ကြည့်ပြီး ယုထျန်းဟန်က သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။

“သူ ပြန်လာရင် သူ့ဓားက ဘယ်လောက် ပိုထက်မြက်နေမလဲ မသိဘူး…”

“သွားကြစို့။ ငါတို့ ပြန်ပြီး သေသေချာချာ မလေ့ကျင့်ရင် သူ့ကျောပြင်ကိုတောင် မြင်ရတော့မှာ မဟုတ်ဘူး ထင်တယ်။”

ဤစကားကို ကြားသောအခါ ဒူကူယန်နှင့် ယဲ့လင်းလင်းတို့ တိတ်တဆိတ် လက်သီးများကို ကျစ်နေအောင် ဆုပ်လိုက်ကြသည်။

လမ်းသည် ကွေ့ကောက်နေသည်။

လီကျယ်ရှန်းက သူ့မြင်းကို အရှိန်အဟုန်နဲ့ စီးနင်းလိုက်ပါလာသည်။ မတ်စောက်တဲ့ အကွေ့တစ်ခုကို ချိုးလိုက်တဲ့အခါ

ဝဲပျံနေတဲ့ အဝါရောင် ဖုန်မှုန့်တွေကြားထဲမှာ စင်ကြယ်တဲ့ အဖြူရောင် ပုံရိပ်တစ်ခုက ရုတ်တရက် သူ့ရဲ့ အမြင်အာရုံထဲကို ဝင်ရောက်လာသည်။

ထိုအရာက လှပတဲ့ အဖြူရောင် လေလိုက်မြင်းငယ် တစ်ကောင် ဖြစ်ပေသည်။

မြင်းထက် ပိုပြီး ထူးခြားဆန်းကြယ်တာက မြင်းပေါ်မှာ ရှိတဲ့ ပုံရိပ် ဖြစ်သည်။

နေရောင်ခြည်ကနေ စုစည်းထားသလိုမျိုး လေထဲမှာ တလွင့်လွင့် လွင့်နေတဲ့ ရွှေရောင် ဆံပင်ရှည်။

ပြီးတော့ ဒီကမ္ဘာကြီးကနေ သီးခြားခွဲထုတ်ထားသလိုမျိုး ထူးခြားလှပတဲ့ အဲ့ဒီ ကျောပြင်...

All Chapters