Chapters

အနှိုင်းမဲ့ ပညာရှင်နှစ်ဦး

Vol. 11 Ch. 104

အနှိုင်းမဲ့ ပညာရှင်နှစ်ဦး

Vol. 11 Ch. 104

ဆံပင်ဖြူနှင့်လူသည် သိုင်းပညာရှင် ၃၀ ကျော်နှင့် တစ်ပြိုင်နက် ရင်ဆိုင်နေရသော်လည်း အားနည်းချက် တစ်စုံတစ်ရာမရှိချေ။

အဆင့်မြင့်ကျင့်ကြံသူ နှင့် သိုင်းသမားတို့၏ ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ပင်။

အဆင့်မြင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် လင်ချွမ်သည်လည်း မိမိတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းရှိကြောင်း သိသဖြင့် အံ့ဩမိသလို တစ်ချိန်တည်းမှာပင် ကျေနပ်မိသည်။

သို့သော် လက်ရှိအခြေအနေမှာ သိုင်းလောကသားများအတွက် အလွန်ဆိုးရွားနေသည်။

ဆံပင်ဖြူနှင့်လူ၏ အစွမ်းမှာ ကြောက်ခမန်းလိလိပင်။

သူသည် ပျံသန်းခြင်း၊ နေရာရွှေ့ပြောင်းခြင်း အစရှိသည့် နည်းဗျူဟာမျိုးစုံကို အသုံးပြုကာ ဂိုဏ်းပေါင်းစုံမှ ပညာရှင်များကို အပြတ်အသတ် ဖိနှိပ်ထားသည်။

"အကြီးအကဲ၊ ပွဲကြည့်မနေပါနဲ့တော့"

"ကျွန်တော်တို့ ဂိုဏ်းချုပ်လည်း ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး"

ဟု ကျန်းခွေ့ က စိုးရိမ်တကြီး ပြောလိုက်သည်။

လင်ချွမ်သည် သူ၏ဆန္ဒအရ အသူရာဂိုဏ်းသားဝတ်စုံနှင့် ဘီလူးမျက်နှာဖုံးကို တပ်ဆင်ထားသဖြင့် မည်သူမျှ သူ၏ရုပ်ရည်ကို မသိကြချေ။

ယွဲ့ချင်းရို ကလည်း သူမ၏ ဆရာဖြစ်သူ ဓားနတ်ဘုရား အရေးနိမ့်တော့မည်ကို စိုးရိမ်သဖြင့်

"လင်ချွမ် ကျွန်မရဲ့ဆရာကို ကယ်ပေးပါဦး"

ဟု အသနားခံလာသည်။

လင်ချွမ်သည် ဓားနတ်ဘုရားထက် ပိုသန်မာကြောင်း သူမနှင့် ကျန်းခွေ့တို့က အလိုလို သိမြင်နေကြသည်။

"ကောင်းပြီ၊ ငါလည်း ဒီသဲကန္တာရထဲကို ပညာရှင်တွေနဲ့ လက်ရည်စမ်းဖို့ လာခဲ့တာပဲ"

"ဒါပေမဲ့ ဘယ်လိုရလဒ်ပဲထွက်ထွက် ငါ့အကြောင်းကို လျှို့ဝှက်ပေးရမယ်"

ဟု လင်ချွမ်က ကတိတောင်းလိုက်သည်။

ကျန်းခွေ့ကလည်း သူ၏လျှာကို အလှီးခံရလျှင်ပင် လျှို့ဝှက်ချက်ကို မပေါက်ကြားစေရဟု အလေးအနက် ကတိပြုလိုက်သည်။

"ဝုန်း"

လင်ချွမ်းသည် အသူရာတပည့်များ၏ ခေါင်းပေါ်မှ ခုန်ပျံကာ တိုက်ပွဲအလယ်သို့ တိုးဝင်သွားသည်။

အသူရာဂိုဏ်းချုပ် အသူရာ မှာ မိမိဂိုဏ်းဝတ်စုံနှင့် ပညာရှင်တစ်ဦး ပျံထွက်သွားသည်ကို မြင်ကာ မှင်တက်သွားသည်။

လင်ချွမ်သည် အသူရာကို ကျော်ဖြတ်ကာ ပြင်းထန်လှသော အတွင်းအားဖြင့် ဆံပင်ဖြူနှင့်လူကို တိုက်ခိုက်လိုက်ရာ ထိုသူမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် လွင့်ကျသွားတော့သည်။

လူတိုင်း အံ့အားသင့်ကာ လင်ချွမ်းထံ အကြည့်ရောက်လာကြသည်။

"အသူရာ မင်းတပည့်က မင်းထက်တောင် သန်မာနေပါလား၊ သူက ဘယ်သူလဲ"

ဟု လင်ယန်ရွှယ် က သံသယဖြင့် မေးလိုက်၏။

အသူရာကိုယ်တိုင်လည်း ဤလျှို့ဝှက်ပညာရှင်ကို မည်သူမှန်း မသိချေ။

ကျွယ်ချင်း ကလည်း လင်ချွမ်၏ အစွမ်းကို သတိပြုမိသွားသည်။

လင်ချွမ်က အခြေအနေကို ထိန်းညှိရန် အသူရာကို ဦးညွှတ်ကာ

"ဂိုဏ်းချုပ် ကျွန်တော်မျိုးမှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်၊ ဒီဆံပင်ဖြူနဲ့ အကြီးအကဲကိုကျွန်တော်တစ်ယောက်တည်း ရင်ဆိုင်ပါရစေ"

ဟု ဆိုလိုက်သည်။

ဤစကားကြောင့် လူပေါင်း ငါးသောင်းကျော်ကြားတွင် ဆူညံသွားတော့သည်။

"ဒီကောင်လေးက ဘာကို သက်သေပြချင်နေတာလဲ"

"ပညာရှင်တွေအများကြီးတောင် မနိုင်တာကို သူက အသက်ကို အလဟသ စတေးမလို့လား"

ဟု ဝေဖန်သံများ ထွက်ပေါ်လာ၏။

သို့သော် ဆံပင်ဖြူနှင့်လူကမူ လင်ချွမ်ကို အလေးအနက် စိုက်ကြည့်နေသည်။

သူသည် လင်ချွမ်၏ တိုက်ခိုက်မှုမှတစ်ဆင့် မိမိအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ဤလူငယ်ဖြစ်ကြောင်း ရိပ်မိလိုက် ပေသည်။

"မင်းနာမည် ဘယ်လိုခေါ်သလဲ"

ဟု အသူရာက မေးရာ လင်ချွမ်က

"ကျွန်တော်မျိုး လင်ဖန် ပါ၊ ညာလက်ရုံး အစောင့်အရှောက် ခေါ်လာတဲ့ တပည့်ပါ"

ဟု နာမည်အတုဖြင့် ဖြေကြားလိုက်သည်။

အသူရာက တွေဝေနေစဉ် ဆံပင်ဖြူနှင့်လူက ရယ်မောကာ

"မင်းက သတ္တိရှိသားပဲ၊ ငါ သဘောကျတယ်"

"မင်းရဲ့ တောင်းဆိုချက်ကို ငါခွင့်ပြုတယ်"

"ဘယ်သူဝင်နှောင့်ယှက်လဲ၊ ငါ အရင်သတ်ပစ်မယ်"

ဟု ကြုံးဝါးလိုက်သည်။

လင်ချွမ် ဝမ်းသာသွားသည်။

ဤနည်းဖြင့် သူတစ်ယောက်တည်း အနှောင့်အယှက်ကင်းကင်းနှင့် တိုက်ခိုက်နိုင်မည်။

"ဖိတ်ခေါ်ပါတယ်"

လင်ချွမ်းသည် မြားတစ်စင်းကဲ့သို့ ပြေးဝင်ကာ 'နတ်ပိုးကောင် မိစ္ဆာသိုင်း'ကို ထုတ်ဖော်လိုက်သည်။

ပြတ်သားလှသော ပိုးချည်မျှင်များက ဆံပင်ဖြူနှင့်လူ၏ ထွက်ပေါက်ကို ပိတ်ဆို့လိုက်ပြီး ပြင်းထန်သော လေပြင်းများ တိုက်ခိုက်လာသည်။

"အနှိုင်းမဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"

ဆံပင်ဖြူနှင့်လူ၏ အံ့ဩတုန်လှုပ်စွာ အော်ဟစ်သံက လူတိုင်း၏ ရင်ထဲမှ သံသယများကို အပြီးတိုင် ဖယ်ရှားပေးလိုက်လေတော့၏။