လုံယွမ်ဓား နှင့် ဝမ်ကျန်းကွေ့ကျုန်း (ဓားပေါင်းတစ်သောင်း မူလသို့ ပြန်ခြင်း)
Vol. 11 Ch. 105
ဆံပင်ဖြူနှင့်လူ၏ စကားကြောင့် လင်ချွမ်၏ ကျင့်ကြံမှုအဆင့်မှာ လူတိုင်းကို တုန်လှုပ်သွားစေသည်။
"သူက တကယ်ပဲ အထွတ်အထိပ် အဆင့်ပညာရှင်တစ်ယောက်လား"
အသူရာ မှာ တုန်လှုပ်သွားပြီး ကျန်းခွေ့ ကို အဖြေတောင်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျန်းခွေ့ မှာမူ လင်ချွမ်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ခါးသက်သက် ပြုံးပြရုံသာ တတ်နိုင်၏။
"ဝုန်း"
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဝါကျင်ကျင်သဲဖုန်များ လွင့်ပျံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ ရိုက်ခတ်မှုများ ထွက်ပေါ်လာခဲ့သည်။
သိုင်းသမားများမှာ သူတို့၏ အတွင်းအားကို အသုံးချကာ ထိုလှိုင်းလုံးကြီးကို ခက်ခဲစွာ ခုခံနေကြရသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် လင်ချွမ်၏ ကြောက်ခမန်းလိလိ အစွမ်းကို အမှန်တကယ် ခံစားလိုက်ရ၏။
"ဟူး"
ကျန်းဟယ်က အံ့ဩတုန်လှုပ်စွာဖြင့်
"ဒါက အထွတ်အထိပ်အဆင့်ရဲ့ အစွမ်းလား"
ဒီလူသာ တကယ်ပဲ နတ်ဆိုးဂိုဏ်းသားဆိုရင် အလယ်ပိုင်းဒေသ တော့ အန္တရာယ်ကြီးပြီ"
ဟု ရေရွတ်လိုက်သည်။
သဲဖုန်များ ငြိမ်သက်သွားသောအခါ ဆံပင်ဖြူနှင့်လူမှာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိထားသော်လည်း အနည်းငယ် အသက်ရှူမြန်နေခြင်းက သူ၏ အခြေအနေ မဟန်တော့ကြောင်း ပြသနေသည်။
ထိုသူက ကျေနပ်ခြင်းမရှိသော အမူအရာဖြင့် သူ၏ လက်နက်ဖြစ်သော 'လုံယွမ်ဓား'ကို ထုတ်ယူလိုက်ရသည်။
၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီလာ အဖိုးတန်ဓားတစ်စင်းပင်။
"ကောင်လေး ငါ မင်းကို မယှဉ်နိုင်တာ ဝန်ခံပါတယ်"
"ဒါပေမဲ့ လုံယွမ်ဓားနဲ့ မင်းကို တိုက်ခိုက်တာကတော့ မလွန်ဘူးမလား"
ဟု သူက ဆိုသည်။
လင်ချွမ်ကလည်း ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်၏။
ဆံပင်ဖြူနှင့်လူသည် သူ၏ တစ်သက်တာလုံး အထီးကျန်စွာ နေထိုင်ခဲ့ရသူဖြစ်ရာ လင်ချွမ်းကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် တွေ့ရသဖြင့် ရူးသွပ်မတတ် စိတ်လှုပ်ရှားနေသည်။
"လက်မနှေးနဲ့"
"မင်းမှာ ဘာပညာရှိလဲ အကုန်ထုတ်ပြစမ်း"
ဟု သူက အော်ဟစ်ကာ တိုက်ခိုက်တော့သည်။
လင်ချွမ်းက အေးစက်စွာ ပြုံးလိုက်ပြီး
"စွမ်းအင်စုပ်ယူခြင်း အတတ်"
ဟု ဟစ်ကြွေးကာ လုံယွမ်ဓားကို လက်ဗလာဖြင့် ခုခံလိုက်၏။
ထိုခဏမှာပင် ဆံပင်ဖြူနှင့်လူသည် သူ၏ အတွင်းအားများမှာ လင်ချွမ်ထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်ကုန်ဆုံးနေသည်ကို သတိပြုမိသွားသည်။
သူသည် အားကုန်ရုန်းကန်ကာ နောက်သို့ ပြန်ဆုတ်လိုက်ရသည်။
"သဲကန္တာရထဲအထိ တကူးတက လာခဲ့တာ"
"ငါ့ကို ဒီလောက်နဲ့ စိတ်မပျက်စေနဲ့လေ"
ဟု လင်ချွမ်က မကျေမနပ် ပြောလိုက်ရာ ဆံပင်ဖြူနှင့်လူမှာ ဒေါသထွက်သွားပြီး ဓားကွက်ထောင်ပေါင်းများစွာဖြင့် လင်ချွမ်ကို ဝိုင်းပတ်ပိတ်ဆို့လိုက်သည်။
"ဓားချင်း ယှဉ်ချင်တာလား"
"ဒါဆိုရင်တော့ မင်းက ဆရာတစ်ယောက်လို့ မခေါ်နိုင်တော့ဘူး"
လင်ချွမ်က ဆိုလိုက်ပြီး လက်ညှိုးကို မြှောက်လိုက်သည်။
ထိုစဉ် "ဝုန်း ဝုန်း ဝုန်း" ဟူသော
အသံများနှင့်အတူ အပြင်ဘက်ရှိ သိုင်းသမား ငါးသောင်းကျော်၏ လက်ထဲမှ လက်နက်များမှာ အလိုအလျောက် ကျွတ်ထွက်သွားကြတော့သည်။
"ဒီအကွက်က ဓားပေါင်းတစ်သောင်း မူလသို့ ပြန်ခြင်း လား"
ဓားနတ်ဘုရား ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
မိမိကိုယ်ကို ဓားပညာတွင် အထွတ်အထိပ်ဟု ထင်ခဲ့သော်လည်း လူပေါင်းသောင်းချီ၏ လက်နက်ကို အလိုရှိသလို ထိန်းချုပ်နိုင်သည့် လင်ချွမ်၏ အစွမ်းမှာ မကြားစဖူး ထူးဆန်းလွန်းလှ၏။
"သွားစမ်း"
လင်ချွမ် အမိန့်ပေးလိုက်သည်နှင့် လက်နက်ပေါင်း သောင်းနှင့်ချီတို့သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဆံပင်ဖြူနှင့်လူထံသို့ မိုးသီးမိုးပေါက်များအလား တစ်ပြိုင်နက် ကျဆင်းသွားတော့သည်။
ဓားမိုးများအောက်တွင် သဲကန္တာရတစ်ခုလုံး ပြန်လည် ဆူညံသွားပြီး အချိန်အတန်ကြာမှ ငြိမ်သက်သွားသည်။
ရလဒ်ကို လူတိုင်း ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြစဉ် အသူရာဂိုဏ်းချုပ်၏ မျက်နှာတွင်မူ အတိုင်းအဆမဲ့ ဝမ်းသာပီတိများ ဖြစ်ပေါ်နေတော့သည်။
"ငါ့ဂိုဏ်းမှာ လင်ဖန် ရှိနေမှတော့ အလယ်ပိုင်းဒေသကို သိမ်းပိုက်ဖို့ ဘာပူစရာ လိုသေးလဲ"