လူကြီးသူမကို မရိုသေခြင်း
Vol. 11 Ch. 107
"သမက်..ဘယ်သူက နင့်သမက်လဲ"
လင်ချွမ်၏ အကြည့်များက မဖော်ရွေလှပေ။
အကယ်၍သာ သူသည် အသူရာဂိုဏ်းသားဝတ်စုံကို ဝတ်မထားပါက လင်ယန်ရွှယ် ကို ခါထုတ်ပြီး ထွက်ပြေးသွားသည်မှာ ကြာလှပြီ။
ထို့ပြင် သူသည် ရှေးဟောင်းရတနာများကိုလည်း စိတ်မဝင်စားပေ။
ရွှေငွေရတနာတွေ ဘယ်လောက်များများ၊ သူ့မှာ အကုန်သိုလှောင်ထားနိုင်မယ့် 'သိုလှောင်လက်စွပ်' မှ မရှိတာ။
လူအင်အားနဲ့ သယ်တာထက် "ခရမ်းရောင် ကျောက်စိမ်းဆေးလုံး" အနည်းငယ်က ပိုတန်ဖိုးရှိသေးသည်။
တစ်လုံးလျှင် ရွှေစင်ငါးသိန်းတောင် တန်သည်မဟုတ်ပါလား။
ထိုစဉ် ဂူထဲမှ လူတစ်စု ပြန်ထွက်လာကြ၏။
သူတို့မှာ ဂူထဲသို့ ဦးဆုံးဝင်သွားသူများ ဖြစ်သော်လည်း မျက်နှာများမှာ အလွန်ပင် ညှိုးငယ်နေကြသည်။
"ဘာဖြစ်လို့လဲ"
ဟု အပြင်ကလူများက မေးရာ
"ဘာရတနာမှ မရှိဘူးဗျာ၊ သံတိုသံစတွေပဲ ရှိတာ"
"ယွမ်လူမျိုးတွေရဲ့ လက်နက်တိုက်ဟောင်း ဖြစ်မယ် ထင်တယ်။ သံချေးတက်နေတဲ့ ဓားတွေနဲ့ ကြိုးမပါတဲ့ လေးနဲ့မြားတွေပဲ ရှိတယ်၊ ပိုက်ဆံတစ်ပြားမှ မရှိဘူး"
ဟု ဒေါသတကြီး ပြန်ဖြေကြသည်။
သဲကန္တာရတစ်ခုလုံး ငိုချင်းချသံများ ဖုံးလွှမ်းသွားတော့၏။
လင်ချွမ်ကမူ ဆံပင်ဖြူနှင့်လူ သေခါနီးပြောသွားသော စကားကို သတိရလိုက်သည်။
ထိုသူက လူတိုင်းကို စိတ်ပျက်အောင် လုပ်မိတော့မယ်ဟု ဆိုခဲ့သည်မဟုတ်ပါလား။
လင်ချွမ်သည် သေဆုံးသွားသော ဆံပင်ဖြူနှင့်လူကို သနားဂရုဏာသက်စွာဖြင့် မြေမြှုပ်သင်္ဂြိုဟ်ပေးပြီးနောက် ထွက်ခွာလာခဲ့သည်။
လင်ယန်ရွှယ်သည် သူမ၏တပည့် စုမေ့အာကို အခြားသူများနှင့်အတူ ပြန်လွှတ်လိုက်ပြီး လင်ချွမ်နောက်သို့ တစ်ဖက်သတ် လိုက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကျဲ့ခုန်း နှင့် ကျန်းဟယ်တို့သည်လည်း လင်ချွမ်းကို အဝေးမှ စောင့်ကြည့်နေခဲ့ကြ၏။
လင်ချွမ်ကဲ့သို့ အစွမ်းထက်သူမျိုး နတ်ဆိုးဂိုဏ်းထဲ ရောက်သွားပါက အလယ်ပိုင်းဒေသ အတွက် အန္တရာယ်ရှိနိုင်သဖြင့် သူ့ကို အလင်းဘက်သို့ ဆွဲဆောင်ရန် သူတို့ ကြံစည်နေကြခြင်းပင်။
...
ကျားယွီကွမ်း မြို့သို့ ရောက်သောအခါ လင်ယန်ရွှယ်သည် လင်ချွမ်နောက်သို့ တကောက်ကောက် လိုက်နေသဖြင့် လမ်းတစ်လျှောက်လုံးတွင် ဟယ်ဟွမ်းဂိုဏ်းနှင့် အသူရာဂိုဏ်းသားများကြား တင်းမာမှုများ ရှိနေသည်။
"ရှင်က ဘာလို့ အသူရာဂိုဏ်းသားအသွင်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတာလဲ"
ဟု လင်ယန်ရွှယ်က စပ်စုလိုက်သည်။
လင်ချွမ်ကမူ သူမကို အဖက်မလုပ်လိုဘဲ "ငါတို့က အဲဒီလောက် ရင်းနှီးလို့လား"
ဟု ခပ်ပြတ်ပြတ်ပင် မေးလိုက်သည်။
"ရင်းနှီးတာပေါ့"
လင်ယန်ရွှယ်က ပြုံးရင်းဆိုလိုက်သည်။
"လောကအမြင်တွေကို ဘာလို့ ဂရုစိုက်နေမှာလဲ"
"အခုဆို ရှင်က မိစ္ဆာဂိုဏ်းသား ဖြစ်နေပြီပဲ၊ ဟိုဂိုဏ်းကြီးတွေက ရှင့်ကို ရန်သူလို့ပဲ သတ်မှတ်ကြမှာ"
လင်ချွမ်က မျက်လုံးလှန်ပြကာ "ငါ ဒီလိုဝတ်ထားတာ ဘာအတွက်လို့ ထင်လဲ"
"ဒီမျက်နှာဖုံး ချွတ်လိုက်ရင် ငါ ဘယ်သူလဲဆိုတာ ဘယ်သူသိမှာလဲ"
ဟု ဆိုကာ တည်းခိုခန်းထဲသို့ ဝင်သွားတော့သည်။
သူသည် ဤဝတ်စုံကို အမြန်လဲကာ ဝူတန်တောင်သို့ ပြန်ပြီး နွားကျောင်းသားဘဝကိုပဲ ပြန်လည်ခံယူချင်နေပြီ ဖြစ်သည်။
သူ အခန်းထဲဝင်ပြီး တံခါးပိတ်လိုက်သောအခါ လင်ယန်ရွှယ်မှာ အပြင်တွင် ကျန်ရစ်ခဲ့သည်။
"ဒီလူကတော့ တကယ့်ကို ရွံစရာကောင်းလိုက်တာ"
ဟု ဆိုကာ ခြေဆောင့်ကာ ဒေါသထွက်နေတော့၏။
ထိုစဉ် ဓားနတ်ဘုရား နှင့် ယွဲ့ချင်းရို တို့ ရောက်လာကြသည်။
ဓားနတ်ဘုရားမှာ လင်ချွမ်က သူ့အပေါ် ကျေးဇူးရှိဖူးသဖြင့် သူ့အား မြို့ထဲရှိ မိမိအိမ်တွင် လာရောက်တည်းခိုရန် ဖိတ်ကြားချင်နေခြင်းပင်။
ယွဲ့ချင်းရိုက တံခါးဝတွင် စောင့်နေသော လင်ယန်ရွှယ်ကို မြင်သောအခါ
"ဆရာ ဒီမြေခွေးမက လင်ချွမ်နဲ့ အဲဒီလို ပတ်သက်မှုမျိုး ရှိနေတာ"
ဟု ဆိုကာ လက်သန်းလေးကို ထောင်ပြလိုက်သည်။
ဓားနတ်ဘုရားမှာ အလွန်ပင် နှမြောတသဖြစ်သွားကာ
"ရိုအာ မင်းကို ငါ ဘာပြောရမလဲ"
"လင်ချွမ်လို သူရဲကောင်းမျိုးကို မြေခွေးမလက်ထဲ အပါခံလိုက်ရတယ်လို့"
"တကယ့်ကို နှမြောစရာပဲ"
ဟု ရင်ဘတ်စည်တီးကာ အော်ဟစ်တော့သည်။
ယွဲ့ချင်းရိုနှင့် လင်ယန်ရွှယ်တို့မှာ မျက်နှာနီမြန်းသွားပြီး ဓားနတ်ဘုရားကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြခြင်းပင်။
သူတို့၏ အကြည့်များမှာ
"ဒီလူကြီးကတော့ တကယ့်ကို အသက်ကြီးပြီး အချိန်မစီးတာပဲ"
ဟု ပြောနေသကဲ့သို့ပင်။