← Chapters

လောင်းကြေးထပ်ကြစို့

Vol. 12 Ch. 119

လောင်းကြေးထပ်ကြစို့

Vol. 12 Ch. 119

ရှုရှန်း၌ဖြစ်သည်။

တောင်ထိပ်တွင် လေပြင်းများ တိုက်ခတ်ပြီး တိမ်တိုက်များ လိပ်တက်နေ၏။

ကျယ်ပြောလှသော ရှုရှန်းဂိုဏ်းဝင်း အတွင်း၌ လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်ရပ်နေကြခြင်း ဖြစ်သည်။

အစောပိုင်းက ထိုနေရာတွင် လူပေါင်းခြောက်ရာခန့် ရှိနေသော်လည်း ယခုအခါ အားလုံးမှာ ဘေးကင်းရာ အဆောက်အအုံများနောက်သို့ ပုန်းကွယ်ကာ ချောင်းကြည့်နေကြရ၏။

လင်ယန်ရွှယ်နှင့် ယဲ့ဝူရှဲ့တို့လည်း ထိုအထဲတွင် ပါဝင်သည်။

"ဘာလို့ အဝေးကြီးမှာ သွားပုန်းနေကြတာလဲ"

ရှုရှန်းဂိုဏ်းချုပ်က သူ၏တပည့်များကို ကြည့်ကာ စိတ်ပျက်လက်ပျက် မေးလိုက်သည်။

ရှောင်းထျန်းချွမ် က

"ဂိုဏ်းချုပ်နဲ့ အကြီးအကဲလင်တို့က ထိပ်တန်းပညာရှင်တွေပဲလေ"

"ကျွန်တော်တို့ အနားမှာနေရင် နောက်ပိုင်း ဂိုဏ်းချုပ်ကို ပြုစုဖို့ လူကျန်မှာမဟုတ်ဘူး"

ဟု ပြန်ဖြေရာ အားလုံးက ထောက်ခံကြသည်။

နတ်ဘုရားများ တိုက်ခိုက်လျှင် သာမန်လူများ မြေစာပင် ဖြစ်တတ်သည် မဟုတ်ပါလား။

ထိုစဉ် ဖန်းကျွင်းက လူမြင်ကွင်းမှာပင် လောင်းကစားဝိုင်းတစ်ခု ထောင်လိုက်သည်။

"ကဲ လောင်းကြစို့"

"ဂိုဏ်းချုပ်နိုင်မယ်ဆိုရင် ဘယ်ဘက်၊ အကြီးအကဲလင် နိုင်မယ်ဆိုရင် ညာဘက်မှာ ထည့်ကြ"

ဟု အော်ဟစ်လိုက်ရာ တပည့်များစွာ လာရောက်လောင်းကြသည်။

အများစုမှာ မိမိတို့ ဂိုဏ်းချုပ်ကိုသာ ယုံကြည်သဖြင့် ဘယ်ဘက်တွင် လောင်းကြသည်။

"ငါကတော့ အကြီးအကဲလင် နိုင်မယ်ဆိုတာကို လောင်းတယ်"

လင်ယန်ရွှယ်က အေးစက်သော အသံနှင့်အတူ ဆေးလုံးတစ်လုံးကို ဝိုင်းပေါ်သို့ ပစ်တင်လိုက်သည်။

၎င်းမှာ ခရမ်းရောင် ကျောက်စိမ်းဆေးလုံး ဖြစ်နေသဖြင့် ဖန်းကျွင်းတို့မှာ မျက်လုံးပြူးသွားကြရ၏။

ထိုဆေးလုံးတစ်လုံးသည် ရွှေပြားငါးသိန်းခန့် တန်ဖိုးရှိရာ ၎င်းတို့ တပည့်အားလုံးကို ပေါင်းရောင်းလျှင်ပင် ထိုတန်ဖိုးကို မမီနိုင်ချေ။

တိုက်ပွဲမစမီ လင်ချွမ်က လက်ကာပြလိုက်သည်။

"ရှုတောင်တပည့်တွေက လောင်းကစား ဝါသနာပါမှတော့ ငါတို့လည်း လောင်းကြေးတစ်ခု ထပ်ကြမလား"

ဟု သူက ဂိုဏ်းချုပ်ကို ပြုံး၍ မေးလိုက်သည်။

ဂိုဏ်းချုပ်မှာ မိမိတပည့်များကြောင့် အရှက်ရသွားသော်လည်း လင်ချွမ်၏ စိန်ခေါ်မှုကို လက်ခံလိုက်သည်။

"လင်သခင်လေးက ဘာကို လောင်းချင်တာလဲ"

"လွန်ခဲ့တဲ့ အနှစ် ၃၀ က မင်းဂိုဏ်းက ရခဲ့တဲ့ နတ်ဘုရားအဆင့် ထက်မြင့်တဲ့ ကျင့်စဉ်ကို ငါသိချင်တယ်"

"ငါနိုင်ရင် အဲဒီကျင့်စဉ်ကို တစ်ချက်လောက် ကြည့်ခွင့်ပေးမလား"

ဟု လင်ချွမ်က ဆိုသည်။

ဂိုဏ်းချုပ်က တွေဝေခြင်းမရှိဘဲ သဘောတူလိုက်သည်။

ရှုရှန်းဂိုဏ်းချုပ်သည် လက်ဟန်ဖြင့် ဓားကိုခေါ်လိုက်ရာ ပျံလွှားဓား တစ်စင်းသည် အခန်းတံခါးကို ဖြတ်ကျော်ကာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။

၎င်းမှာ အတွင်းအားဖြင့် ဓားကို ထိန်းချုပ်ခြင်းဖြစ်ပြီး သူ၏အစွမ်းကို ပြသလိုက်ခြင်း ဖြစ်သည်။

လင်ချွမ်မှာမူ လက်နက်မပါဘဲ လက်ညှိုးကို ဓားကဲ့သို့ အသုံးပြုကာ အတွင်းအားဖြင့် ဓားရိပ်ကို ဖော်ဆောင်လိုက်သည်။

ထို့နောက် နှစ်ဦးသား လေထဲတွင် အပြန်အလှန် တိုက်ခိုက်ကြရာ အရှိန်မှာ မြန်လွန်းလှသဖြင့် ရိပ်ခနဲသာ မြင်နိုင်၏။

"ကောင်းတယ် လူငယ်လေး၊ တော်တော် အစွမ်းထက်တာပဲ"

ရှုရှန်းဂိုဏ်းချုပ်က ကျယ်လောင်စွာ ရယ်မောရင်း သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော မဟာကောင်းကင်ဘုံဓားကို အသုံးပြုလိုက်သည်။

သူသည် ဧရာမဓားကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံမှ ဝုန်းခနဲ ဆင်းသက်လာသည်။

ထိုအရှိန်အဝါကြောင့် တောင်ထိပ်တစ်ခုလုံး တုန်ခါသွားရ၏။

ထိုဧရာမ ဓားကြီးအောက်တွင် လင်ချွမ်မှာ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေးငယ်နေသော်လည်း သူသည် ထိတ်လန့်ခြင်း မရှိဘဲ ထူးဆန်းသော ကိုယ်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

သူ၏ အရှိန်အဝါများမှာ တဖြည်းဖြည်း လျော့နည်းသွားပုံ ရသဖြင့် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။

"နေဦး ဒါက ဝူတန်ဂိုဏ်းရဲ့ နတ်ဘုရားအဆင့် ကိုယ်ခံပညာ 'ထိုက်ကျိ' လား"

ဟု ယဲ့ဝူရှဲ့က ရုတ်တရက် သဘောပေါက်သွားသည်။

လင်ချွမ်သည် ကောင်းကင်ယံမှ ကျဆင်းလာသော ဧရာမဓားကြီးကို သူ၏ လက်ဝါးနှစ်ဖက်ဖြင့် ဖမ်းဆီးလိုက်၏။

မျှော်လင့်ထားသကဲ့သို့ ပေါက်ကွဲ ပျက်စီးသွားခြင်း မရှိဘဲ သူ၏လက်ဝါးများမှာ ထူးဆန်းသော မှော်အစွမ်း ရှိနေသကဲ့သို့ ထိုဓားကြီးကို ငြိမ်သက်သွားစေသည်။

ထို့နောက် သူသည် ရင်ဘတ်ရှေ့တွင် စက်ဝိုင်းပုံစံများကို အကြိမ်ပေါင်းများစွာ ရေးဆွဲလိုက်ရာ ဂိုဏ်းချုပ်၏ ပြင်းထန်သော အတွင်းအားများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဂိုဏ်းချုပ်၏ကိုယ်ပွား ပျောက်ကွယ်သွားပြီး သူ၏ ကိုယ်အစစ်အမှန်ကို တွေ့လိုက်ရချိန်တွင် လင်ချွမ်၏ မျက်လုံးများ တောက်ပလာပြီး အသံနှိမ့်ကာ ဆိုလိုက်သည်။

"မိပြီ"

All Chapters