← Chapters

သူတို့ ဘာတွေကြံစည်နေတာလဲ

Vol. 1 Ch. 404

သူတို့ ဘာတွေကြံစည်နေတာလဲ

Vol. 1 Ch. 404

ရှားယွိမြို့ထဲမှ ကျန်းရီပျောက်ဆုံးနေမှုသည် လျင်မြန်စွာ ပေါ်ပေါက်သွားခဲ့သည်။

ရှားနိုင်ငံသည် ပြောင်းလဲမှုအကြီးကြီးကို ဖြတ်သန်းခဲ့ရသည်။ စုလောရွှယ် နန်းတက်ပြီး ကာလအတွင်းတွင် အမှုထမ်းများအားလုံးသည် နိုင်ငံပြန်လည်ထူထောင်လာရန် မျှော်လင့်ချက် သိပ်မထားခဲ့ကြပေ။ သူတို့သည် စစ်သည်တစ်သန်းမှ ရှားယွိမြို့အား အချိန်မရွေး တိုက်ခိုက်လာနိုင်ကြောင်း အမြဲခံစားနေခဲ့ကြရသည်။

ထို့ကြောင့် အဖွဲ့အစည်းအမျိုးမျိုးသည် ရှားနိုင်ငံအတွင်း သူလျှိုအမြောက်အများ စေလွှတ်နိုင်ခဲ့ကြသည်။ စုယွိနှင့် စုဟမ်၏ ပြဿနာသည်ပင် နောက်ကွယ်မှ အဖွဲ့အစည်းအမျိုးမျိုး၏ အားပေးအားမြှောက်ပြု၍ တွန်းအားပေးမှုကြောင့် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ရှားယွိမြို့မှ အရာရှိအမှုထမ်းများနှင့် နန်းတွင်းထဲမှ ကုန်းကုန်းများ၊ အစေခံများ၏ သုံးပုံတစ်ပုံခန့်သည်ပင် အဝယ်ခံထားရပြီးဖြစ်သည်။

စုလောရွှယ် ပြုလုပ်စေခဲ့သော လူအရေပြားမျက်နှာဖုံးသည် အတော်လေး ပိရိသေသပ်ပြီး သူမရွေးထားသော လူမှာလည်း ကျန်းရီနှင့် အတော်လေး ကိုယ်ဟန်ဆင်တူသည်။ သို့သော်လည်း ကျန်းရီ၏ စိတ်နေစိတ်ထားနှင့် အပြုအမူတို့မှာ တုပရန် အလွန်ခက်ခဲသည်။ သူ့အား တစ်ယောက်ယောက်မှ သေချာလေ့လာကြည့်ပါလျှင် ထိုသူမှာ ကျန်းရီအစစ်ဟုတ်မဟုတ် အလွယ်တကူ ပြောနိုင်လိမ့်မည်ဖြစ်သည်။

ကျန်းရီသည် ရှားယွိမြို့တွင် မရှိတော့သလို အရှေ့ဘက်တောအုပ်ထဲမှ ယာ့ဇီသားရဲမှာလည်း ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့သည်။ သူစုန်းနတ်ဘုရား၏ တားမြစ်နယ်မြေတွင် ရောက်နေကြောင်း ပြောနေရန် မလိုတော့ချေ။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏ ထူးခြားမှုဖြစ်စဉ်ကို ဖြစ်စေသူမှာ သေချာပေါက် ကျန်းရီဖြစ်ကြောင်း လူတိုင်းတွက်ချက်နိုင်ကြသည်။

"နတ်မိမယ်ကျီ"

အကြီးအကဲနှစ်ယောက်သည် အိပ်မက်ပင်လယ်ချောက်နက်၏ သိုင်းခန်းမထံ အလျင်စလို ရောက်ရှိလာကြသည်။ သူတို့သည် မျက်နှာပျက်ယွင်းစွာဖြင့် ပြောလာကြသည်။

"တစ်စုံတစ်ယောက်က တမလွန်တောအုပ်ထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီးပေးမှုဖြစ်စဉ်ကို ဖြစ်စေခဲ့တယ်။ ကောင်းကင်ကြယ်ကိုးလုံးက သူ့ကို ကြယ်စွမ်းအားတွေ ချီးမြှင့်လိုက်တယ်။ အဲ့ဒီလူက ကျန်းရီဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီးပေးမှု နှစ်ခုကလည်း ကျန်းရီကြောင့် ဖြစ်တာလို့ ကျွန်တော်တို့ တွက်ချက်မိတယ်။ ဒီကိစ္စမှာ ဘာမှန်း မသဲကွဲတဲ့အချက်တွေ အရမ်းများနေတယ်။ ဒါကြောင့် နတ်မိမယ်ကျီရဲ့ အစီအစဉ်အတိုင်းလုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်။ ခေါင်းဆောင်ခန်းမသခင် ပြန်လာတာကို စောင့်ပြီး သူက ကျန်းရီကို သတ်ရမယ်လို့ အမိန့်ပေးတာနဲ့ ကျွန်တော်တို့ ချက်ချင်းလှုပ်ရှားနိုင်ပြီ"

"ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီးပေးမှု ဟုတ်လား"

ကျီထင်ယွီ၏ လှပသော မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ သူမသည် ထိတ်လန့်တကြား ထရပ်ကာ ပြောလိုက်သည်။

"အဲ့လိုဆိုရင် ပြင်ဆင်စရာရှိတာတွေကို ချက်ချင်းလုပ်ကြရအောင်....ခေါင်းဆောင်ခန်းမသခင်က နှစ်ဝက်အတွင်း ပြန်ရောက်လာလိမ့်မယ်။ အဲ့အချိန်ရောက်ရင် လုပ်စရာရှိတာတွေ အနည်းနဲ့အများတော့ ပြီးအောင်လုပ်ထားသင့်တယ်"

***

"အမ်...ဒုတိယကြယ်က အနီရောင်ပြောင်းမသွားဘူး"

စကြဝဠာနန်းတော်ထဲတွင် ရှိနေသည့် ကျန်းရီသည် ထူးဆန်းနေသည့် အရာတစ်ခုကို သတိပြုမိသွားခဲ့သည်။ ဒုတိယမြောက်ကြယ်သည် အခြားကြယ်ခုနှစ်လုံးထံမှ အနက်ရောင်အတွင်းအားများ အားလုံးကို စုပ်ယူပြီးနောက် လျင်မြန်စွာ အသွင်ပြောင်းသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းသည် လိမ္မော်ရောင်အဖြစ်သို့ ပြောင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်း၏ ဘေးပတ်လည်တွင် လိမ္မော်ရောင်အလင်းလွှာတစ်ခုက ဝန်းရံထားလေသည်။ ၎င်းသည် ဘေးရှိ ပထမဆုံးအနီရောင်ကြယ်စက်လုံးနှင့် ယှဉ်တွဲ၍ တစ်ခုနှင့်တစ်ခု ဖြည့်စွက်နေခဲ့သည်။

"အတွင်းအားက လိမ္မော်ရောင်လည်း ရှိတာပဲလား။ အခု ငါ့ကိုယ်ထဲမှာ အတွင်းအားသုံးမျိုးရှိနေပြီ။ ဘယ်လိုသောက်ကျိုးနဲတွေ ဖြစ်နေတာလဲ"

ကျန်းရီသည် စိတ်မအေးနိုင် ဖြစ်နေခဲ့သည်။ သာမန်လူတစ်ယောက်တွင် အတွင်းအားတစ်မျိုးသာ ရှိလေသည်။ အမည်မဲ့ကျင့်စဉ်ကို သူစတင်ကျင့်ကြံချိန်မှစ၍ သူကျင့်ကြံနေခဲ့သည်မှာ အနက်ရောင်အတွင်းအား ဖြစ်သည်။ ပထမကြယ်အသွင်ပြောင်းပြီးနောက်တွင် အနီရောင်အတွင်းအား ပေါ်ထွက်လာခဲ့သည်။ ယခုဆိုလျှင် လိမ္မော်ရောင်အတွင်းအားပါ ရှိလာချေပြီ။

"ငါ့အတွက် အမည်မဲ့ကျင့်စဉ်ကို ဘယ်သူချန်ခဲ့ပေးတာလဲ။ ငါ့ဒန်တျန်းထဲက ချိတ်ပိတ်သင်္ကေတက သူမလုပ်ခဲ့တာမဟုတ်ဘူးလို့ အမေကပြောတယ်။ ဒီတော့ ဒီကျင့်စဉ်ကို ချန်ခဲ့တာလည်း သူမမဟုတ်ဘူး။ ဒီလိုကျင့်စဉ်ရှိကြောင်းလည်း တစ်ခါမှ မကြားခဲ့ဖူးဘူး။ ဒီကြယ်စက်လုံးကိုးခု အသွင်ပြောင်းပြီးသွားရင် ဘာဖြစ်သွားမှာလဲ"

ကျန်းရီသည် မျှော်လည်းမျှော်လင့်မိသလို လမ်းပျောက်သလိုလည်း ခံစားနေရသည်။ အမည်မဲ့ကျင့်စဉ်သည် သူ့အား ချိတ်ပိတ်သင်္ကေတကို ဖျက်စီးခြင်းတွင် ကူညီပေးခဲ့ပြီး အမှိုက်ဘဝမှသည် မျိုးဆက်၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်အောင် ပြောင်းလဲပေးခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းသည် သူ့ကိုယ်အား သာမန်လူသားနှင့် မတူတော့သည်အထိ အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။

"ဒီအတွင်းအားက တော်တော်လေး ပြင်းထန်တာပဲ။ ဘယ်လောက်စွမ်းအားကြီးမလဲ ငါကြည့်ရမယ်"

ကျန်းရီသည် ဒုတိယကြယ်၏ ပြောင်းလဲမှုကို လေ့လာပြီးနောက် မတ်တပ်ထရပ်၍ လိမ္မော်ရောင်အတွင်းအားများကို သွေးကြောများအတွင်း လှည့်ပတ်လိုက်သည်။ ထို့နောက် သူသည် နံရံအား လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း ကျယ်လောင်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နံရံရှိ အစီအရင်များမှ အလင်းများ ဖြာထွက်လာကာ ဘာမှဖြစ်မလာခဲ့ပေ။ ကျန်းရီသည် ထိုလက်သီးချက်တွင် အင်အားမည်မျှပါဝင်မှန်း မသိပေ။ သို့သော်လည်း အနည်းဆုံး နှစ်ဆခန့် အားပြင်းလောက်ကြောင်း သူခံစားမိလိုက်သည်။

"မဆိုးဘူး။ ငါကောင်းကင်ကျောက်တုံးတွေနဲ့ ဆက်ပြီးကျင့်ကြံရမယ်။ နတ်ဆိုးဧကရီပြောသလိုဆိုရင် တတိယကြယ်အသွင်ပြောင်းတာနဲ့ ငါ့အင်အားက ဗာဂျရာအဆင့်နဲ့ တူညီသွားလိမ့်မယ်။ အဲ့အချိန်ရောက်ရင် လေပြည်အသင်္ချေရဲ့ စွမ်းအားက အဆအများကြီး တိုးတက်သွားလိမ့်မယ်"

ကျန်းရီသည် အတော်လေး စိတ်အားထက်သန်လာခဲ့သည်။ သူသည် ဗာဂျရာအဆင့်သို့ ရောက်ရန် နောက်ဆုံးခြေလှမ်းဖြစ်သည့် အလယ်အလတ်အဆင့် တာအိုတစ်ခုကို ဉာဏ်အလင်းရထားပြီးဖြစ်သည်။ သူ၏ အတွင်းအားပမာဏသာ တိုးပွားလာလျှင် သူ့တိုက်ခိုက်နိုင်စွမ်းသည် ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်နိုင်ပြီ ဖြစ်လေသည်။ ထိုအချက်ကြောင့်ပင် သူသည် အနာဂတ်ပျက်စီးမည်ကို မမှုဘဲ ကောင်းကင်ကျောက်တုံးများမှ စွမ်းအင်များကို မတွေမဝေ စုပ်ယူခဲ့ခြင်းဖြစ်သည်။

သူသည် ရိက္ခာခြောက်အချို့ စားသောက်၍ ကောင်းစွာအိပ်စက်အနားယူပြီးသော် ကောင်းကင်ကျောက်တုံးများဖြင့် ဆက်လက်ကျင့်ကြံလိုက်သည်။ သူသည် ကောင်းကင်ကျောက်တုံးတစ်ခုမှ စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သူ့မျက်ဝန်းများတွင် မယုံကြည်နိုင်မှု၊ ထိတ်လန့်တုန်လှုပ်နေမှုတို့ ပြည့်နေလေသည်။

ကောင်းကင်ကျောက်တုံး တစ်တုံးကုန်ဆုံးပြီးသော်လည်း သုံးလုံးမြောက်ကြယ်သည် မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ မူလက သူခန့်မှန်းထားခဲ့သည်မှာ တတိယမြောက်ကြယ် အသွင်ပြောင်းရန် ဒုတိယကြယ်ထက် အတွင်းအား နှစ်ဆ သို့မဟုတ် သုံးဆခန့် လိုအပ်လိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော်ငြား လက်ရှိဖြစ်ရပ်မှ အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သော် သုံးလုံးမြောက်ကြယ် အသွင်ပြောင်းရန်အတွက် လိုအပ်သော အတွင်းအားသည်  ဒုတိယကြယ်အသွင်ပြောင်းရန် လိုအပ်ခဲ့သည့် အတွင်းအား ပမာဏထက် အနည်းဆုံး အဆနှစ်ဆယ်ခန့် လိုအပ်လိမ့်မည်ဖြစ်ကြောင်း သူသိလိုက်ရသည်။

တစ်နည်းအားဖြင့် သုံးခုမြောက်ကြယ်ကို အသွင်ပြောင်းရန်အတွက် အနည်းဆုံး ကောင်းကင်ကျောက်တုံး အတုံးနှစ်ရာခန့် သူလိုအပ်ပေလိမ့်မည်။

"ကောင်းကင်ကျောက်တုံးနှစ်ရာ...အဲ့ဒါနဲ့ဆို အနည်းဆုံး စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက်လောက်တောင် ဖန်တီးလို့ရတယ်"

ကောင်းကင်ကျောက်တုံးများသည် အလွန်ရှားပါးလှသည်။ ရှားနိုင်ငံတွင် ကောင်းကင်သတ္ထုကြော ပိုင်ဆိုင်ထား၍သာ မဟုတ်ပါက ဤမျှ ကောင်းကင်ကျောက်တုံးများပင် သူရနိုင်မည် မဟုတ်ပေ။ ဒုတိယကြယ်အသွင်ပြောင်းရန်အတွက်ပင် အတွင်းအားအမြောက်အများ လိုအပ်ခဲ့သည်။ ပုံမှန်နှုန်းအတိုင်းသာ ကျင့်ကြံနေပါလျှင် လပေါင်း၊ နှစ်ပေါင်း မည်မျှ ကြာပြီးမှ ၎င်း အသွင်ပြောင်နိုင်မည်နည်း။ ဆယ်နှစ်ပေလော။ အနှစ်နှစ်ဆယ်ပေလော။

"ပုံမှန်ကျင့်ကြံသူတစ်ယောက်က စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်ကို ကောင်းကင်ကျောက်တုံး ဆယ်တုံးကနေ အတုံးနှစ်ဆယ်အထိ လိုအပ်တယ်။ ငါ့ကျမှ ဘာလို့ ဆယ်ဆတောင် လိုအပ်နေတာလဲ။ နတ်ဆိုးဧကရီရဲ့ ခန့်မှန်းချက်ပဲ မှားနေတာလား။ ဒါမှမဟုတ် ငါ့ကျင့်ကြံနည်းကပဲ ထူးခြားနေလို့လား။ ကိုယ့်အနာဂတ်ကိုယ် ဖျက်စီးတာတဲ့လား....ဟားဟား"

ကျန်းရီသည် ခါးသီးစွာ ရယ်ချလိုက်မိသည်။ ထိုခဏတွင်မှ နတ်ဆိုးဧကရီ၊ ရွှေယို့လန်နှင့် အခြားသူများ မှားနေကြကြောင်း သူနားလည်သွားခဲ့သည်။ ကောင်းကင်ကျောက်တုံးများကို သူအသုံးမပြုခဲ့လျှင်တောင် သူ့အနာဂတ်သည် ပိုကောင်းလာမည် မဟုတ်ချေ။

သုံးခုမြောက်ကြယ်ကပင် ထိုမျှ အတွင်းအားပမာဏ လိုအပ်နေလျှင် လေးခုမြောက်ကြယ်နှင့် ငါးခုမြောက်ကြယ်ဆိုလျှင် မည်သို့နေမည်နည်း။ ငါးခုမြောက်ကြယ်နောက်မှ ကြယ်များဆိုပါလျှင်ရော။ ကျန်းရီသည် တွေး၍ပင် မကြည့်ရဲချေ။ သူသာ သာမန်နှုန်းအတိုင်း ကျင့်ကြံနေပါလျှင် လေးခုမြောက်ကြယ်ပင် အသွင်မပြောင်းခင် အိုမင်း၍ သူသေဆုံးသွားလောက်သည်။

"ကောင်းကင်ကျောက်တုံးတွေနဲ့ ဆက်ကျင့်ကြံပြီး အနာဂတ်ကို နောက်မှပဲ စိတ်ပူတော့မယ်"

ကျန်းရီသည် ခေါင်းရမ်းလိုက်ပြီး အနှောင့်အယှက် အမွေးများကို ဖယ်ထုတ်လိုက်သည်။ သူသည် ကောင်းကင်ကျောက်တုံးများဖြင့် ဆက်လက်ကျင့်ကြံလိုက်သည်။ ဤအကြိမ်တွင် ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များကို သူစုပ်ယူသည့်နှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့သည်။ အကြမ်းဖျင်းအားဖြင့် တစ်နေ့လျှင် တစ်တုံးဖြစ်လေသည်။

ကောင်းကင်ကျောက်တုံး ငါးတုံးကုန်ဆုံးသွားတိုင်း သူသည် တစ်ရက်အနားယူပြီးမှ ဆက်လက်ကျင့်ကြံသည်။ သူသည် ကောင်းကင်ကျောက်တုံး တစ်ရာ့နှစ်ဆယ်သာ ယူလာခဲ့ရာ ထိုပမာဏသည် သူ၏သုံးခုမြောက်ကြယ်ကို အသွင်ပြောင်းရန် မလုံလောက်ပေ။ သို့သော်လည်း သူသည် ထိုကိစ္စကို ခေါင်းထဲထည့်မနေတော့ဘဲ သူယူလာခဲ့သော ကောင်းကင်ကျောက်တုံးများအားလုံး ကုန်ဆုံးသွားသည်အထိ ဆက်လက်ကျင့်ကြံနေခဲ့သည်။

ကျန်းရီသည် စကြဝဠာနန်းတော်အတွင်းတွင် လေးလကြာ နေထိုင်ပြီးနောက် သူ့တွင်ပါလာသော ကောင်းကင်ကျောက်တုံးများ ကုန်ဆုံးသွားခဲ့လေသည်။ တစ်ဖက်တွင် သုံးခုမြောက်ကြယ်စက်လုံး၏ တစ်ဝက်ခန့်သည် အတွင်းအားများဖြင့် ပြည့်နေပြီဖြစ်သည်။ သူဆက်လက်ကျင့်ကြံချင်လျှင် ကောင်းကင်ကျောက်တုံးများ ယူရန် ရှားယွိမြို့သို့ ပြန်ရလိမ့်မည်။ သူ့ခန့်မှန်းချက်အရ ကောင်းကင်ကျောက်တုံး တစ်ရာနီးပါး လိုအပ်လိမ့်မည်။

He estimated that he would still need close to a hundred of them.

"လေးလတောင် ကြာခဲ့ပြီ။ ပြန်ရမယ့်အချိန်ပဲ"

ကျန်းရီသည် သူ့ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဒုတိယထပ်၏ ပင်လယ်ပြင်ထံ ရေသွားချိုးလိုက်သည်။ ထို့နောက် သူသည် ဝတ်စုံသစ်တစ်ခု လဲလှယ်လိုက်ပြီး တားမြစ်နယ်မြေ၏ ချောက်ကမ်းပါးထက်တွင် ပြန်ပေါ်ထွက်လာခဲ့သည်။

"ထွက်လာခဲ့"

သူသည် ချောက်ကမ်းပါးထက်တွင် ရပ်၍ အော်ဟစ်လိုက်သည်။ ချောက်ကမ်းပါးအောက်မှ စကြဝဠာနန်းတော်သည် အဖြူရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ ထို့နောက် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့လက်အတွင်းသို့ ပျံသန်းလာခဲ့သည်။ စကြဝဠာနန်းတော်သည် သူတော်စင်အဆင့် ရတနာတစ်ခုဖြစ်ရာ သူ့စိတ်တိုင်းကျ အရွယ်အစားသို့ ပြောင်းလဲနိုင်သည်။

"ထွက်လာခဲ့...ယာ့ဇီသားရဲ"

စကြဝဠာနန်းတော်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ကောင်းကင်ထက်တွင် အလွန်ကြီးမားသော သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ကျန်းရီသည် ယာ့ဇီသားရဲ၏ ကျောထက်သို့ ခုန်တက်လိုက်ပြီး ရှားနိုင်ငံဘက် ပျံသန်းလာခဲ့သည်။

ကျန်းရီသည် တစ်ရက်အတွင်း ရှားနိုင်ငံ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် ယာ့ဇီသားရဲအား ချမ်ဂိုဏ်းမှ သတင်းများထောက်လှမ်းနိုင်ရန် အခြေချထားသည့် ရွာငယ်လေးထံ ပျံသန်းသွားစေလိုက်သည်။ ချမ်ဂိုဏ်းသည် နယ်မြေအနှံ့အပြားတွင် သူတို့၏လူများကို ဖြန့်ကျက်ထားသည်။ သူတို့၏ဂိုဏ်းမှာ သတင်းအချက်အလက်များ စုဆောင်းရာတွင် စုလောရွှယ်ထက် ပိုမိုတိကျ၍ မြန်ဆန်လေသည်။

"ကိုယ်စားအုပ်ချုပ်သူ...နယ်မြေက ပြီးခဲ့တဲ့ လတွေမှာ အရမ်းငြိမ်သက်တိတ်ဆိတ်နေတယ်။ အခြေခံကျကျ ပြောရရင် ဘာအထွေအထူးကိစ္စမှ မဖြစ်ခဲ့ဘူး"

ကျန်းရီသည် ရွာငယ်လေးထံ ရောက်သွားခဲ့သည်။ ချမ်ဂိုဏ်းမှ ထိုရွာ၏ တာဝန်ခံသည် သူ့အား လာရောက်ကြိုဆိုခဲ့သည်။ ကျန်းရီ ထွက်သွားတော့မည် အပြု၌ ထိုသူသည် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ ပြောလာခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူအရှင်...သိပ်မကြာသေးခင်က တစ်ခုခုတော့ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ လုပ်ပိုင်ခွင့်က အကန့်အသတ်ရှိတာမို့ အသေးစိတ်ကိုတော့ မသိပါဘူး"

"ပြောကြည့်"

ကျန်းရီသည် မတ်တပ်ရပ်ပြီးနေသော်လည်း ပြန်ထိုင်လိုက်သည်။

ထိုတာဝန်ခံသည် မြေပုံတစ်ခုကိုထုတ်၍ ရှန်မိနိုင်ငံ အနောက်မြောက်ဘက်တွင်ရှိသော မြို့တစ်မြို့ကို ညွှန်ပြလိုက်သည်။

"သိပ်မကြာသေးခင်က နိုင်ငံတွေ အားလုံး၊ မိုးပြာနဂါးအင်ပါယာ၊ ဇင်ဘုရားကျောင်း၊ ရွှေယွဲ့လျန် မျှော်စင်နဲ့ သင်တန်းကျောင်း သုံးခုလုံးက ရှီးနဉ်မြို့ထဲကို လူတွေစေလွှတ်ခဲ့တယ်။ အခြေအနေအရ သူတို့ ပင်လယ်ပြင်ကို ထွက်ဖို့ ပြင်ဆင်နေကြပုံပဲ။ သခင်လေးဝူရွှမ်းနဲ့ ခေါင်းဆောင်ငယ်လည်း သွားကြတယ်။ သူတို့ ဘာကြောင့်သွားလဲဆိုတာကိုတော့ ကျွန်တော့် သိခွင့်မရှိပါဘူး။ ကိုယ်စားအုပ်ချုပ်သူက သိချင်တယ်ဆိုရင် ကျွန်တော် ခေါင်းဆောင်ငယ်ဆီ လူလွှတ်ပေးပါ့မယ်"

"လူတွေ အများကြီး အဲ့ကိုသွားကြတယ်။ ဝမ်ကွမ်နဲ့ ဝူရွှမ်းလည်း သွားကြသေးတယ်ပေါ့"

ကျန်းရီ၏ မျက်ခုံးများ မြင့်တက်သွားခဲ့ပြီး သူ့မျက်လုံးများတွင် သိချင်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ ရှားယွိမြို့သည် အေးချမ်းစွာပင် တည်ရှိနေရာ သူရက်အနည်းငယ်နောက်ကျပြီးမှ ပြန်လျှင်လည်း ကိစ္စမရှိပေ။ သူသည် အင်္ကျီလက်စကို ခါယမ်း၍ ပြောလိုက်သည်။

"ဝမ်ကွမ်ဆီ ချက်ချင်း အကြောင်းကြား...သူတို့ ဘာတွေကြံစည်နေတာလဲလို့ မေးလိုက်"

*****

All Chapters