သေခြင်းမဲ့အုပ်ချုပ်သူ
Vol. 76 Ch. 1057
အဆုံးမဲ့အကြိုနတ်ဘုရားများစွာက နတ်ဘုရားသွေးကျွန်းဆီ တစ်ဟုန်ထိုးပြေးလာကြတယ်။
လမ်းတစ်လျှောက်မှာ လူတိုင်းက စတင်တိုက်ခိုက်နေကြတယ်။
အကြိုနတ်ဘုရားများစွာက နတ်ဘုရားသွေးရေကန်ထဲသို့ ကျသွားပြီး သူတို့ရဲ့အသားနဲ့အရိုးတွေက အရည်ပျော်ကျလာတယ်။
အကြိုနတ်ဘုရားတစ်ယောက်အတွက် နတ်ဘုရားသွေးက အဆိပ်တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြိုနတ်ဘုရားလက်နက်တစ်ခုရှိရင်တောင် အသုံးဝင်လိမ့်မှာမဟုတ်ဘူး။
ကျွန်းပေါ်ကို အရင်ရောက်သွားနိုင်သူတွေက အကြွင်းမဲ့ကျွမ်းကျင်သူတွေပါပဲ။ လီဖူချန်းက တစ်ချက်ကြည့်လိုက်ပြီး ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားသုံးယောက်ကို မြင်လိုက်ရတယ်။ ရန်ချင်းဟူအပါအဝင်ဆိုရင် လေးယောက်ရှိတာပေါ့။
ဒါပေမယ့် ပထမအသုတ်ထဲမှာ လီဖူချန်းက အမြန်ဆုံးပါပဲ။ အခြားသူတွေက ကျွန်းပေါ်ကို အခုမှ ရောက်ရှိလာတဲ့အချိန်မှာ သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတဲ့တောင်ထွတ်တစ်ခုပေါ်ကို ဆင်းသက်ပြီးနေပြီ။
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းဖို့က အချိန်လိုအပ်တာကြောင့်မဟုတ်ရင် လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းထားပြီးလောက်တယ်။
"သေချင်နေတာပဲ"
ငွေရောင်ဆံပင်၊မျက်လုံးခြောက်လုံးပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ငွေရောင်ဖဲကြိုးတစ်ခုက ငွေရောင်သားရဲဦးခေါင်းတစ်ခုအဖြစ်သို့ ပြောင်းကာ လီဖူချန်းကို ကိုက်ခဲလာတယ်။
လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက ငွေရောင်သားရဲဦးခေါင်းကို ရှောင်တိမ်းလိုက်တယ်။
"အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားလား"
ငွေရောင်ဆံပင်၊ မျက်လုံးခြောက်လုံးပြိုင်ဘက်ကင်းအကြိုနတ်ဘုရားရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ နေရာလပ်-အချိန်တာအိုက ရင်ဆိုင်ရအခက်ခဲဆိုးတာအိုတွေထဲကတစ်ခုလို့ သူသိများတယ်။ သူက အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်ထက် ပိုအားနည်းတဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကိုပဲ တိုက်ခိုက်ချင်ပါတယ်။
လီဖူချန်းကို ဂရုမစိုက်တော့ဘဲ ငွေရောင်ဆံပင်၊ မျက်လုံးခြောက်လုံးပြိုင်ဘက်ကင်းအကြိုနတ်ဘုရားက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတဲ့နောက်ထပ်တောင်ထွတ်တစ်ခုအပေါ်ကို တက်သွားလိုက်တယ်။
အစိမ်းရောင်အကြေးခွံတွေဖုံးအုပ်နေတဲ့အခြားပြိုင်ဘက်ကင်းအရှင်တစ်ယောက်က လီဖူချန်းနဲ့ ရင်ဆိုင်ချင်ခဲ့ပေမယ့် လီဖူချန်းက အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်ဆိုတာကို သိပြီးနောက် သူက ချက်ချင်း အတွေးပြောင်းလိုက်တယ်။ လက်ရှိအခြေအနေမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းတာ ပိုကောင်းတယ်။
"စိတ်ဝင်စားစရာပဲ"
သေခြင်းမဲ့အုပ်ချုပ်သူရဲ့ချီတည်ရှိမှုက ငွေရောင်ဆံပင်၊ မျက်လုံးခြောက်လုံးပြိုင်ဘက်ကင်းအကြိုနတ်ဘုရားနဲ့အကြေးခွံစိမ်းပြိုင်ဘက်ကင်းနတ်ဘုရားထက် အနည်းငယ်ပိုသန်မာတယ်။ တကယ်တော့ လီဖူချန်းက စကြာဝဠာမှာ ကြီးမားတဲ့ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့ပြီး သေခြင်းမဲ့အုပ်ချုပ်သူအနေနဲ့ သတင်းတွေ လက်ခံမရရှိဖို့က ခက်ခဲတယ်လေ။
"ခေါင်းဆောင်၊ ဒီမူလအဆုံးစွန်းဓားနတ်ဘုရားက တကယ်ကို ကပ်ဆိုးပဲ။ ဒီလိုအချိန်တိုအတွင်းမှာ သူက အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတယ်။ ဒါ့ပြင် သူက အသန်မာဆုံးဓားတာအိုအရှင်နယ်ပယ်မှာရှိတယ်။ အထွတ်အထိပ်ဓားတာအိုအကြိုနတ်ဘုရားလက်နက်တစ်ခုကို ရသွားတာနဲ့ သူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာလိမ့်မယ်" သမင်းအင်းဆက်နတ်ဘုရားက သေခြင်းမဲ့အုပ်ချုပ်သူကို သတင်းပို့လိုက်တယ်။
ဝံပုလွေနတ်ဘုရားဘုရင်ကလဲ ပြောလိုက်တယ်" စမိမှတော့ အဆုံးထိလုပ်ရမှာပဲ။ သူ့ကို ပြီးရင် သတ်ရမယ်"
အမှောင်ကောင်စီရဲ့ခေါင်းဆောင်သုံးယောက်က အတူတကွအလုပ်လုပ်ရင် သူတို့က လီဖူချန်းကို ဖယ်ရှားဖို့ မြင့်မားတဲ့အခွင့်အရေးတစ်ခုရှိပါတယ်။ သူတို့က နောက်ထပ်အကူတစ်ယောက်နှစ်ယောက်ကို ထပ်ခေါ်နိုင်ရင် ပိုတောင်သေချာသွားလိမ့်မယ်။
"အလျင်လိုစရာမလိုဘူး။ ငါ ယုံကြည်ချက်မရှိတဲ့အရာတွေက်ု ငါ လုပ်မှာမဟုတ်ဘူး" သေခြင်းမဲ့အုပ်ချုပ်သူက တည်ငြိမ်စွာ ပြောလိုက်တယ်။
နတ်ဘုရားသွေးကျွန်းပေါ်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိတဲ့တောင်တွေအများကြီးရှိတယ်။ ဒါကြောင့် အကြိုနတ်ဘုရားများစွာက တောင်တွေဆီ တစ်ဟုန်ထိုးအပြေးလာနေကြတယ်။
ထိုအချိန်မှာ မင်းက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဆိုတာ ဂရုစိုက်ကြမှာမဟုတ်ဘူး။ ဒီလောက်များတဲ့အကြိုနတ်ဘုရားတွေရဲ့အရှေ့မှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကတောင် ပြန်ဆုတ်ရလိမ့်မယ်။ မင်းက သူတို့နဲ့ ထိပ်တိုက်တိုက်ခိုက်မယ်ဆိုရင်တော့ သေချင်နေတာပဲဖြစ်လိမ့်မယ်။
တကယ်တော့ လီဖူချန်းက ကျွန်းပေါ်ရောတောင်ထွတ်ပေါ်ကိုပါ အရင်ဆုံးရောက်လာသူလေ။ လူအုပ်ကြီးတွေရောက်လာတဲ့အချိန်မှာ သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းပြီးနေပြီ၊ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုတောင် ပါတယ်။
ဒီအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ခမောက်တစ်ခုဖြစ်ပြီး သူက အဲဒါကို သမန်းဝံပုလွေလီဖူချန်းထံ ချက်ချင်းပေးလိုက်တယ်။
သူက သမန်းဝံပုလွေလီဖူချန်းကို လက်နက်မျိုးစုံတပ်ဆင်ပေးဖို့ ရည်ရွယ်ထားတယ်။
သမန်းဝံပုလွေလီဖူချန်းကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ငါးခုကနေခြောက်ခုအထိ တပ်ဆင်ထားရင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဆိုရင်တောင် အချိန်အကြာကြီးခုခံနိုင်လိမ့်မယ်။
ရန်ချင်းဟူက လှံတစ်လက်ဆိုရင် သမန်းဝံပုလွေလူဝင်စားက ဒိုင်းတစ်ခုဖြစ်လိမ့်မယ်။ တစ်ယောက်က တိုက်စစ်၊ အခြားတစ်ယောက်က ခံစစ်ပေါ့။
"သွားကြစို့"
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအတွက် ပြိုင်ပွဲက ဖရိုဖရဲဖြစ်လွန်းတယ်။ ကျန်ရှိနေတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုအတွက် တစ်ထောင်ကျော်လောက်က တိုက်ခိုက်နေကြတယ်။ သူက အနေအထားကို အခွင့်ကောင်းယူနိုင်မယ်လို့ လီဖူချန်းက မထင်ပါဘူး။ အရေးကြီးဆုံးကတော့ သူက လူတိုင်းအတွက် ပစ်မှတ်တစ်ခု မဖြစ်ချင်ဘူးလေ။
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိတာကတင် အောင်မြင်မှုတစ်ခုလို့ သတ်မှတ်လို့ရနေပါပြီ။
တစ်ခုပါပဲ၊ လီဖူချန်း ထွက်သွားတော့မယ့်အချိန်မှာ တစ်ယောက်ယောက်က သူ့ကို ထွက်မသွားစေချင်ဘူးလေ။
"သေခြင်းမဲ့စိတ်ဝိညာဉ်စကြာဝဠာ"
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်က ဖော်ထုတ်ခဲ့တဲ့မဟာတာအိုစကြာဝဠာတစ်ခုက ဘယ်လိုကြောက်စရာကောင်းသလဲက်ု လီဖူချန်းက နောက်ဆုံးတော့ မြင်တွေ့ခဲ့တယ်။ ဦးတည်ဘက်တိုင်းမှာ ကောင်းကင်နဲ့မြေကြီးမှာ၊ အစစ်အမှန်နဲ့ပုံရိပ်ယောင်ထဲမှာ၊ သေခြင်းမဲ့စိတ်ဝိညာဉ်တွေက နေရာတိုင်းမှာရှိတယ်။
ဒါက သေခြင်းမဲ့စိတ်ဝိညာဉ်တွေနဲ့ဖွဲ့စည်းထားတဲ့စကြာဝဠာတစ်ခုဖြစ်တယ်။ သေခြင်းမဲ့စိတ်ဝိညာဉ်တစ်ခုစီက လီဖူချန်းကို ဖျစ်ညစ်ဖို့ ကြိုးစားနေတယ်။
နှိုင်းယှဉ်ရရင် ရန်ချင်းဟူရဲ့ခွန်အားက ပြောင်မြောက်နိုင်ပေမယ့် ကျင့်ကြံခြင်းအဆင့်အရ သူမက သာမန်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေနဲ့ နှိုင်းယှဉ်ရင် အဝေးကြီးလိုပါသေးတယ်။
"ချိုးဖြတ်စမ်း"
ရန်ချင်းဟူက သူမရဲ့အောင်မြင်ခြင်းရောင်ခြည်စက်ဝန်းကို အသက်သွင်းလိုက်ပြီး အလှဓားမော့ကို ဝှေ့ယမ်းလိုက်တယ်။ ဓားမော့အလင်းက ကောင်းကင်ကို ဝှေ့ယမ်းသွားပြီး သေခြင်းမဲ့စိတ်ဝိညာဉ်စကြာဝဠာကို ဆုတ်ဖြဲလိုက်တယ်။
"အမ်"
ရန်ချင်းဟူရဲ့ခွန်အားက ဒီလောက်ပြောင်မြောင်မယ်လို့ သေခြင်းမဲ့အုပ်ချုပ်သူက မမျှော်လင့်ထားခဲ့ဘူး။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကြားမှာတောင် သူမကို ဆရာတစ်ပါးလို့ သတ်မှတ်နိုင်တယ်။
ဒါပေမယ့် ရန်ချင်းဟူရဲ့ဓားမော့ပညာကျွမ်းကျင်မှုက မမြင့်ဘူး၊ စွမ်းအားသာ ရှိတယ်။
"အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံ"
သေခြင်းမဲ့အုပ်ချုပ်သူက နတ်ဘုရားစစ်မြေပြင်မှာ နှစ်ပေါင်းမရေမတွက်များစွာ လှည့်လည်နေခဲ့ပြီး အခြေအနေမျိုးစုံကို ရင်ဆိုင်တွေ့ကြုံပြီးပြီ။ သူက တစ်ချက်စဉ်းစားလိုက်ရုံနဲ့ အကြောင်းပြချက်ကို သိခဲ့တယ်။
"သူမက တကယ်ပဲ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ပိုင်ဆိုင်ထားတာပဲ။ သူမက တကယ်ကံကောင်းတယ်"
အရိုးသားဆုံးပြောရရင် သေခြင်းမဲ့အုပ်ချုပ်သူက အလွန်မနာလိုအားကျဖြစ်မိတယ်။
ရန်ချင်းဟူရဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားပစ္စည်းတစ်စုံက မပြည့်စုံသေးတာကို သူ ခန့်မှန်းနိုင်တယ်၊ အဲတော့ ဘာဖြစ်လဲ။ သူမမှာ အားလုံးကိုစုစည်းဖို့ အခွင့်အရေးတစ်ခုရှိလာမှာပဲလေ။
သူက လီဖူချန်းကို မရင်ဆိုင်ချင်တော့တာကြောင့် သေခြင်းမဲ့အုပ်ချုပ်သူက သေခြင်းမဲ့စိတ်ဝိညာဉ်စကြာဝဠာကို ကျုံ့စေပြီး ရန်ချင်းဟူတစ်ယောက်တည်းကိုပဲ တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။
"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ငါ မင်းကို တိုက်ခိုက်ပါရစေ"
သမင်အင်းဆက်နတ်ဘုရားရဲ့ခန္ဓာကိုယ်က လည်ပတ်သွားပြီး အင်းဆက်လှိုင်းတစ်ခုက လီဖူချန်းဆီ ပြေးဝင်တိုက်ခိုက်လာတယ်။
သမင်းအင်းဆက်နတ်ဘုရားရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အလွန်ထူးခြားတယ်။ အဲဒါက အထွတ်အထိပ်အဆင့်အင်းဆက်တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဒီလိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အကြိုနတ်ဘုရားရဲ့ခန္ဓာကိုယ်ကို အင်းဆက်မရေမတွက်များစွာ ခွဲထွက်စေနိုင်တယ်။ အင်းဆက်တစ်ကောင်က မသေသရွေ့ အကြိုနတ်ဘုရားက သေမှာမဟုတ်ပါဘူး။
"မီးတာအိုစကြာဝဠာ၊ မီးတာအိုကိုးဆင့်"
လီဖူချန်းက မီးတာအိုစကြာဝဠာကို ဦးစွာထုတ်လွှတ်ပြီးနောက် အင်းဆက်လှိုင်းဆီ လက်သီးကိုးချက်ထုတ်ဖော်လိုက်တယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း.......
နေရာလပ်ဇုန်တစ်ခုလုံးကို မီးရှို့နေသလို ခံစားရပြီး အဆုံးမဲ့အင်းဆက်တွေက ပြာအဖြစ်လောင်ကျွမ်းသွားတယ်။
ဒါပေမယ့် မီးလျှံတွေကို ချိုးဖြတ်လာနိုင်တဲ့ အင်းဆက်တွေရှိသေးကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ကိုက်ဖြတ်လိုက်တယ်။
rdial Armor and reach the Indestructible Body.
ဒါက သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခန္ဓာကိုယ်ဆိုရင် သူတို့က သွေးအသားတုံးတစ်ခုဖြစ်သွားကြရမှာပါ။ ဒါပေမယ့် လီဖူချန်းအတွက်ကတော့ မိုးဖွဲဖွဲကျနေသလိုပါပဲ။ အင်းဆက်တွေရဲ့ကိုက်အားက ကမ္ဘာမူလဦးချပ်ဝတ်ကို ကျော်ဖြတ်ပြီး ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ရောက်ရှိရုံမျှပါပဲ။
ရွှမ်း.......
အင်းဆက်တွေက သမင်းအင်းဆက်နတ်ဘုရားရဲ့ခန္ဓာကိုယ်ထဲမှာ ပြန်စုစည်းလာပြီး သူ့ရဲ့အမူအရာက မကျေမနပ်ဖြစ်သွားတယ်။ စောစောက သူက အကြိုနတ်ဘုရားစွမ်းအားများစွာ ကုန်ဆုံးသွားပေမယ့် လီဖူချန်းရဲ့အမွှေးတစ်ပင်ကိုတောင် ဒဏ်ရာမရစေခဲ့ဘူး။
"ငါ မင်းကို အထင်သေးခဲ့တာပဲ"
သမင်းအင်းဆက်နတ်ဘုရားက လီဖူချန်းကို ဖယ်ရှားဖို့ ရည်ရွယ်ချက်ကို လက်လျော့လိုက်တယ်။ သေခြင်းမဲ့အုပ်ချုပ်သူနဲ့ဝံပုလွေနတ်ဘုရားဘုရင်တို့က သူတို့ရဲ့တိုက်ပွဲကို အဆုံးသတ်ပြီးတာကို စောင့်ပြီးမှ လီဖူချန်းကို အတူတကွ ဖယ်ရှားဖို့ စီစဉ်လိုက်တယ်။
အခြားတစ်ဖက်မှာ ဝံပုလွေနတ်ဘုရားဘုရင်နဲ့သမန်းဝံပုလွေလူဝင်စားတို့က အကြီးအကျယ်တိုက်ပွဲဝင်နေတယ်။
သူတို့နှစ်ယောက်က သမန်းဝံပုလွေမျိုးနွယ်ရဲ့အကြိုနတ်ဘုရားတွေဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်ရေးပုံစံက ထိန်းမနိုင်သိမ်းမရပေါက်ကွဲလှတယ်။ အကွက်တိုင်းက အလွန်အမင်းကြမ်းတမ်းတယ်။
"ငါ့သမန်းဝံပုလွေမျိုးနွယ်ရဲ့အကြိုနတ်ဘုရားအနေနဲ့ မင်းက အပြင်လူတစ်ယောက်ကို ကူညီနေတာပဲ။ မင်းက တကယ်ကို အကျင့်ပျက်နေတာပဲ"
ဝံပုလွေနတ်ဘုရားဘုရင်က အလွန်သံသယဖြစ်နေတယ်။ သူတို့ရဲ့သမန်းဝံပုလွေမျိုးနွယ်မှာ ဘယ်အချိန်တုန်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ရှိလာတာလဲ။ ဒါ့ပြင် သူက ဒီလိုအားကောင်းတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်နေတာပဲ။
"ငါတို့ရဲ့အဆင့်မှာ မျိုးနွယ်တွေ ခွဲခြားဖို့လိုလို့လား။ အကြိုနတ်ဘုရားတွေက အကြီးမားဆုံးမျိုးနွယ်ပဲမဟုတ်လား"
"အဲဒါဆိုလဲ.......သေတော့"
ဝံပုလွေနတ်ဘုရားဘုရင်ရဲ့လက်သည်းအလင်းက အနက်ရောင်လျှပ်စီးတစ်ခုပမာ သမန်းဝံပုလွေလူဝင်စားကို ရစ်ပတ်လိုက်တယ်။
ချွမ်း ချွမ်း ချွမ်း ချွမ်း........
သမန်းဝံပုလွေလူဝင်စားရဲ့ခုခံမှုက ကြမ်းတမ်းလွန်းတယ်။ ၎င်းမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုရှိပြီး အားလုံးက ခုခံမှုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပဲ။ ဝံပုလွေနတ်ဘုရားဘုရင်ရဲ့လက်သည်းအလင်းက ကျရောက်လာတဲ့အခါ မီးပွားအချို့ထွက်လာပြီး သူ့ရဲ့လက်သည်းက နာကျင်သွားရတယ်။
"တောက်"
ဝံပုလွေနတ်ဘုရားဘုရင်က နောက်ပြန်ဆုတ်လိုက်တယ်။
"အခု ငါ့ရဲ့အလှည့်ပဲ"
သမန်းဝံပုလွေလူဝင်စားက ခုခံမှုကို လျှော့ကာ ပိုပေါက်ကွဲအားကောင်းတဲ့တိုက်ခိုက်ရေးပုံစံတစ်ခုကို ထုတ်ဖော်လိုက်တယ်။
မဟာတာအိုစကြာဝဠာတစ်ခုရှိတာမရှိတာနဲ့ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကြားမှာ ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတယ်ဆိုတာ ဝန်ခံရပါမယ်။
သေခြင်းမဲ့အုပ်ချုပ်သူရဲ့သေခြင်းမဲ့စိတ်ဝိညာဉ်စကြာဝဠာထဲမှာ ရန်ချင်းဟူကို အကြီးအကျယ်ကန့်သတ်ထားတယ်။ သူမက သူမရဲ့ခွန်အားရဲ့သုံးဆယ်ဒါမှမဟုတ်လေးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ပြီး သေခြင်းမဲ့အုပ်ချုပ်သူက သူ့ခွန်အားရဲ့တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုနိုင်တယ်။
ထပ်ပြောရရင် သေခြင်းမဲ့အုပ်ချုပ်သူရဲ့သေခြင်းမဲ့တာအိုက အလွန်ဆန်းကြယ်ပြီးလွှမ်းမိုးနိုင်တယ်။ သူက သေခြင်းမဲ့အကြိုနတ်ဘုရားတွေကို တိုက်ခိုက်ဖို့အတွက် ဆင့်ခေါ်ပြီး ရန်ချင်းဟူရဲ့အကြိုနတ်ဘုရားစွမ်းအားကို အားပျော့သွားစေတယ်။
ဝတ်စုံစွမ်းပကားကြောင့်သာမဟုတ်ရင် ရန်ချင်းဟူက ရှုံးနိမ့်နေလောက်ပါပြီ။
"မီးဖောက်ငရဲကိုးထပ်၊ အချိန်တူဓား"
လီဖူချန်းရဲ့ကျင့်ကြံခြင်းအဆင့်နဲ့စိတ်တန်ခိုးစွမ်းအားနဲ့အတူ အကြိုနတ်ဘုရားစွမ်းအားနှစ်ခုကို တစ်ချိန်တည်းမှာ အသုံးပြုဖို့က အလွန်အမင်းလွယ်ကူတယ်။ လီဖူချန်းရဲ့ဘက်လက်က မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို စုစည်းထားပြီး သူ့ရဲ့ညာလက်က နေရာလပ်-အချိန်အကြိုနတ်ဘုရားစွမ်းအားကို စုစည်းထားတယ်။ အကြိုနတ်ဘုရားစွမ်းအားနှစ်မျိုးက သတ်ဖြတ်ကွက်တစ်ခုကို ဖြစ်ပေါ်စေပြီး သမင်အင်းဆက်နတ်ဘုရားကို တိုက်ခိုက်လိုက်တယ်။
အား.......
သမင်အင်းဆက်နတ်ဘုရားက မီးတာအိုသတ်ဖြတ်ကွက်ကို ရင်ဆိုင်နိုင်ပေမယ့် နေရာလပ်-အချိန်သတ်ဖြတ်ကွက်တော့ မဟုတ်ဘူး။ အကြိုနတ်ဘုရားစွမ်းအားက ရေပမာ စီးထွက်သွားတယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး သူက အကြိုနတ်ဘုရားစွမ်းအားနှစ်မျိုးကို တစ်ချိန်တည်းမှာ အသုံးပြုနိုင်တာလဲ"
သမင်အင်းဆက်နတ်ဘုရားက အလွန်အံ့အားသင့်သွားတယ်။
အကြိုနတ်ဘုရားစွမ်းအားနှစ်မျိုးကို ပိုင်ဆိုင်တဲ့အကြိုနတ်ဘုရားများစွာရှိပေမယ့် အကြိုနတ်ဘုရားစွမ်းအားနှစ်မျိုးကို တစ်ချိန်တည်းမှာ အသုံးပြုနိုင်တဲ့တစ်ယောက်ယောက်ကို သူ ဘယ်တော့မှ မမြင်ခဲ့ပါဘူး။
သူ့အမြင်အရ အကြိုနတ်ဘုရားစွမ်းအားနှစ်မျိုးကို တစ်ချိန်တည်းမှာ အသုံးပြုရင် သူ့ခန္ဓာကိုယ်က သေချာပေါက် ပေါက်ကွဲထွက်လာလိမ့်မယ်။
"မီးကောင်းကင်၊ အချိန်တူမြား"
မီးတိုင်လုံးတွေက ကောင်းကင်ကို ထိုးဖောက်ပြီး အရာအားလုံးကို ဝါးမျိုသွားတယ်။ မမြင်နိုင်တဲ့မြားတွေက သမင်းအင်းဆက်နတ်ဘုရားထံ ပြေးဝင်လာတယ်။ သမင်အင်းဆက်နတ်ဘုရားက အင်းဆက်တွေအဖြစ် ဘယ်လောက်ပဲပြောင်းပြောင်းကိစ္စမရှိဘူး၊ သူ့ကို မမြင်နိုင်တဲ့မြားတွေက ဒဏ်ရာရစေအုံးမှာပဲ။
ဒီမြားတွေက အဓိကခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သလို ခံစားရတယ်။
"ငါ ထပ်မထိန်းနိုင်တော့ဘူး"
တကယ်တော့ သနားစရာကောင်းတဲ့သမင်းအင်းဆက်နတ်ဘုရားက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပဲ။ လီဖူချန်းနဲ့ တိုက်ခိုက်ရချိန်မှာတော့ လုံးဝအနိုင်ယူခံလိုက်ရပြီး ပြန်တုံ့ပြန်ဖို့ခွန်အားတောင်မရှိတော့ဘူး။
ဒါပေမယ့် သူ့ကို အပြစ်တင်လို့မရပါဘူး။ အခြားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေဆိုရင်လဲ လီဖူချန်းလိုအကြိုနတ်ဘုရားစွမ်းအားနှစ်မျိုးကို တစ်ချိန်တည်းမှာအသုံးပြုနိုင်တဲ့သူကို ရင်ဆိုင်နိုင်မှာတဲ့လား။ အထူးသဖြင့် နေရာလပ်-အချိန်တာအိုက ရင်ဆိုင်ရတာ ခက်ခဲလွန်းတာလဲ ပါတယ်။ နေရာလပ်-အချိန်တာအိုနေရာမှာ အခြားတာအိုတစ်ခုသာ ဆိုရင် လီဖူချန်းက သမင်းအင်းဆက်နတ်ဘုရားကို အခုလိုလိုအလွယ်တကူဖိနှိပ်နိုင်မှာမဟုတ်ဘူး။
"ကြေးခွံစိမ်းပြိုင်ဘက်ကင််းအကြိုနတ်ဘုရား၊ မျက်လုံးခြောက်လုံးပြိုင်ဘက်ကင်းအကြိုနတ်ဘုရား၊ မင်းတို့နှစ်ယောက်က မလှုပ်ရှားသေးဘဲနဲ့ ဘာကို စောင့်နေတာလဲ"
သူက ရန်ချင်းဟူကို အချိန်တိုအတွင်း အနိုင်ယူနိုင်မှာမဟုတ်ဘူး၊ အခု သမင်းအင်းဆက်နတ်ဘုရားက လုံးဝဖိနှိပ်ခံနေရတာကို မြင်ပြီး သေခြင်းမဲ့အုပ်ချုပ်သူက လျှို့ဝှက်သတင်းပို့လိုက်တယ်။