မီးတာအိုကျင့်ကြံခြင်းနည်းစနစ်
Vol. 76 Ch. 1058
"ဟားဟား၊ သေခြင်းမဲ့အုပ်ချုပ်သူ၊ မင်း ဖြေရှင်းနိုင်မယ်လို့ ငါ ထင်ထားတာ။ ကြည့်ရတာ ငါ လှုပ်ရှားရမယ့်ပုံပဲ။ ဒါပေမယ့် ငါ လှုပ်ရှားဖို့ဆိုရင် အရမ်းဈေးကြီးတယ်နော်။ ငါ ၊ သူတို့အသုံးအဆောင်ပစ္စည်းတွေရဲ့သုံးဆယ်ရာခိုင်နှုန်းကို လိုချင်တယ်" ကြေးခွံစိမ်းပြိုင်ဘက်ကင်းအကြိုနတ်ဘုရားက လက်ကို နောက်ကျောပစ်လျက် ပျံသန်းလာတယ်။
"ကြေးခွံစိမ်းနတ်ဘုရားက သုံးဆယ်ရာခိုင်နှုန်းလိုချင်တာဆိုတော့ ငါ မျက်လုံးခြောက်လုံးနတ်ဘုရားလဲ သုံးဆယ်ရာခိုင်နှုန်းလိုချင်တယ်"
ငွေရောင်ဆံပင်၊ မျက်လုံးခြောက်လုံးပြိုင်ဘက်ကင်းအကြိုနတ်ဘုရားက နောက်မှ ကပ်လိုက်လာတယ်။
"ကောင်းပြီ၊ ငါ သဘောတူတယ်" သေခြင်းမဲ့အုပ်ချုပ်သူက ခေါင်းညိတ်လိုက်တယ်။
"ကောင်းတယ်၊ ဒီကောင်လေးကို ငါ့တာဝန်ထားလိုက်" ကြေးခွံစိမ်းနတ်ဘုရားက တခစ်ခစ်ရယ်ကာ သမင်းအင်းဆက်နတ်ဘုရားနဲ့တိုက်ခိုက်နေတဲ့လီဖူချန်းဆီ တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။
"အဲဒီသမန်းဝံပုလွေမျိုးနွယ်ကောင်လေးကို ငါနဲ့ ချန်ထားလိုက်"
မျက်လုံးခြောက်လုံးနတ်ဘုရားက သမန်းဝံပုလွေလူဝင်စားဆီ တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။
ရန်ချင်းဟူအတွက်ကတော့ သူမက တကယ်တော့ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်လေ။ သူတို့သုံးယောက်အတူတူပူးပေါင်းတိုက်ခိုက်ရင်တောင် သူမကို အချိန်တိုအတွင်း ဖယ်ရှားနိုင်မှာမဟုတ်ဘူး။ ရန်ချင်းဟူနဲ့ မရင်ဆိုင်ခင် အားနည်းတဲ့သူတွေကို အရင်ဖြေရှင်းတာ ပိုကောင်းတယ်။
"ကောင်လေး၊ သေဖို့ ပြင်စမ်း"
ကြေးခွံစိမ်းနတ်ဘုရားက လေကို ဆုပ်ကိုင်လိုက်ရာ ဧရာမအစိမ်းရောင်ကြေးခွံလက်သည်းတစ်ခုက လီဖူချန်းကို ဝန်းရံလာတယ်။
"အချိန်လွန်းပြန်ယာဉ်"
လီဖူချန်းက လျှပ်တစ်ပြက်လက်သွားပြီး အစိမ်းရောင်ကြေးခွံလက်သည်းကို ထိုးဖောက်သွားတယ်။ သူက သမန်းဝံပုလွေလူဝင်စားဘေးနားကို ချက်ချင်းရောက်ရှိသွားပြီး သူ့ကို ပလိန်းနှလုံးသားထဲမှာ သိုလှောင်လိုက်တယ်။
ဝှစ်.......
ငွေရောင်အလင်းတစ်ခုလက်သွားတယ်။ မျက်လုံးခြောက်လုံးနတ်ဘုရားရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ လီဖူချန်းက သမန်းဝံပုလွေလူဝင်စားကို မသိမ်းလိုက်ရင် သူ့တိုက်ခိုက်မှုက သမန်းဝံပုလွေလူဝင်စားကို ထိမှန်သွားနေပြီ။
ဒါပေမယ့် လီဖူချန်းက အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ကို သိုလှောင်နိုင်တဲ့အသုံးအဆောင်ပစ္စည်းတစ်ခုကို မြင်တွေ့ရဖို့က ရှားတယ်။
"အဆင့်မြင့်စကြာဝဠာရတနာ....."
မျက်လုံးခြောက်လုံးနတ်ဘုရားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
သူ့အတွက် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် ပိုတန်ဖိုးရှိတယ်။
"မျက်လုံးခြောက်လုံးငွေရောင်ကမ္ဘာ"
မျက်လုံးခြောက်လုံးနတ်ဘုရားရဲ့မျက်လုံးတွေမှ ငွေရောင်အလင်းခြောက်ခု ပေါက်ကွဲထွက်လာတယ်။ ငွေရောင်အလင်းခြောက်ခုက ရစ်ပတ်သွားပြီး ဆဠဂံနယ်နိမိတ်တစ်ခုကို ဖြစ်ပေါ်စေလိုက်တယ်။
မျက်လုံးခြောက်လုံးငွေရောင်ကမ္ဘာက မျက်လုံးခြောက်လုံးနတ်ဘုရားရဲ့ဂုဏ်ယူအရဆုံးတိုက်ကွက်ပါပဲ။ ကိုင်တွယ်ရခက်တဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေနဲ့ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့မျက်လုံးခြောက်လုံးငွေရောင်ကမ္ဘာက သူတို့ကို ဖမ်းမိနိုင်လိမ့်မယ်။
ဒါပေမယ့် ဒီတစ်ခါတော့ သူ ကျရှုံးသွားတယ်။ သူ့ရဲ့တိုက်ခိုက်မှုက မြန်တယ်၊ ဒါပေမယ့် လီဖူချန်းက ပိုမြန်တယ်။ မျက်လုံးခြောက်လုံးငွေရောင်ကမ္ဘာကသာ လီဖူချန်းရဲ့တံလျှပ်တစ်ခုကိုသာ ချိတ်ပိတ်နိုင်ခဲ့တယ်။
လီဖူချန်းနဲ့စိတ်ချင်းဆက်သွယ်တဲ့ရန်ချင်းဟူက အလိုအလျောက်နားလည်တယ်၊ သူမက သေခြင်းမဲ့စိတ်ဝိညာဉ်ကမ္ဘာကို ချိုးဖြတ်ကာ ပလိန်းနှလုံးသားထဲကို ဝင်ရောက်လာတယ်။
အရာအားလုံးကို ပြုလုပ်ပြီးနောက် လီဖူချန်းရဲ့ပင်မခန္ဓာကိုယ်က လျင်မြန်စွာ ထွက်ခွာလာပြီး ပုံရိပ်ယောင်တစ်ခုသာ ချန်ထားလိုက်တယ်။
တကယ်တော့ ဒါတွေကို ပုံရိပ်ယောင်လို့တောင် မသတ်မှတ်နိုင်ဘူး။ လီဖူချန်းက ဆန္ဒရှိရင် ဒီပုံရိပ်ယောင်တွေက အစစ်အမှန်ခန္ဓာကိုယ်အဖြစ် ဘယ်အချိန်မဆို ပြောင်းလဲနိုင်တယ်။
"မင်း ထွက်သွားချင်နေတာလား။ အိမ်မက်မက်နေတော့"
ကြေးခွံစိမ်းနတ်ဘုရားက ဟိန်းဟောက်လိုက်တယ်၊ သူ့ခန္ဓာကိုယ်က မူလအရွယ်အစားအထိ ဆယ်ဆကြီးမားလာပြီး သူ့ရဲ့လက်သည်းတွေကို ဝှေ့ယမ်းလိုက်တယ်။
အုန်း.......
ဟင်းလင်းပြင်က ဒီရေလှိုင်းတစ်ခုအလား ဖြစ်သွားပြီး မြင့်ချည်နိမ့်ချည်လှိုင်းထနေတော့တယ်။
"ဘယ်လိုလွှမ်းမိုးနိုင်တဲ့စွမ်းအားလဲ"
နေရာလပ်-အချိန်အနက်ပိုင်းထဲမှာ လီဖူချန်းက ရုတ်တရက် တုန်လှုပ်သွားနီးပါးပဲ။
"ဖျက်ဆီးခြင်းမျက်လုံး"
မျက်လုံးခြောက်လုံးနတ်ဘုရားရဲ့မျက်လုံးခြောက်လုံးက ငွေရောင်အလင်းတန်းခြောက်ခုကို ထုတ်လွှတ်လိုက်တယ်။ ဒီငွေရောင်အလင်းတန်းခြောက်ခုက စုဆုံသွားပြီး ကြီးမားတဲ့ငွေရောင်မျက်လုံးတစ်လုံးအဖြစ် သိပ်သည်းသွားတယ်။ ငွေရောင်မျက်လုံးကို ဖွင့်လိုက်တဲ့အခါ အက်ကွဲသံတွေက နေရာလပ်-အချိန်အနက်ပိုင်းထဲမှ ထွက်လာတယ်။
"မကောင်းတော့ဘူး"
မျက်လုံးခြောက်လုံးနတ်ဘုရားရဲ့စွမ်းရည်က နေရာလပ်-အချိန်တာအိုကို တန်ပြန်တိုက်ခိုက်နိင်တာကို လီဖူချန်းက အာရုံခံစားနိုင်တယ်။
"ဖွင့်စမ်း"
သေရေးရှင်ရေးအခိုက်အတန့်မှာ လီဖူချန်းက ကမ္ဘာဦးမူလလက်ကောက်ရဲ့ကမ္ဘာဦးမူလရင်းမြစ်အဆီအနှစ်ကို အသက်သွင်းလိုက်တယ်။
အဆတစ်ရာ၊ အဆနှစ်ရာ၊ အဆငါးရာ၊ အဆတစ်ထောင်၊ အဆနှစ်ထောင်.......
ကမ္ဘာဦးမူလရင်းမြစ်အဆီအနှစ်က ပေါက်ပွဲထွက်လာပြီး ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
ရွှမ်း......
လီဖူချန်းက လမ်းကြောင်းထဲသို့ ဝင်ရောက်လိုက်တယ်။
လမ်းကြောင်းက ပိတ်ပြီးပျောက်ကွယ်သွားတော့မယ့်အခိုက် သေခြင်းမဲ့စိတ်လက်တစ်စုံက လမ်းကြောင်းကို ဆုတ်ကိုင်လိုက်တယ်။
ရွှမ်း......
သေခြင်းမဲ့အုပ်ချုပ်သူရဲ့ပုံရိပ်က နောက်မှ အနီးကပ်လိုက်သွားပြီး လမ်းကြောင်းကို ဝင်ရောက်လိုက်တယ်။
ဖြောက်.......
လမ်းကြောင်းက ပေါက်ကွဲသွားပြီး သေခြင်းမဲ့အုပ်ချုပ်သူက ပြန်ဆုတ်လိုက်ရတယ်။
အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရဲ့စွမ်းအားက ပိုသန်မာပြီး သူ တွေးထားတာထက် ပိုဆန်းကြယ်တယ်။ သူက နည်းနည်းတောင် သတိမဲ့လို့မရဘူး။
"တောက်၊ သူ တကယ် လွတ်မြောက်သွားတာပဲ"
ကြေးခွံစိမ်းနတ်ဘုရားနဲ့မျက်လုံးခြောက်လုံးနတ်ဘုရားတို့ရဲ့အမူအရာက ကောင်းမနေပါဘူး။
ပြိုင်ဘက်ကင်းနတ်ဘုရားသုံးယောက်က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ကို မဖမ်းနိုင်ဘူးတဲ့၊ တကယ်ကို ဟာသတစ်ခုပဲ။
"အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက တကယ်ကို ဆန်းကြယ်တာပဲ။ ဒီနေ့မှပဲ မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရလိုက်တယ်" သေခြင်းမဲ့အုပ်ချုပ်သူက ပေါက်ကွဲနေတယ်။ သူက လီဖူချန်းကို ဒီတစ်ကြိမ် မဖမ်းနိုင်ရင် နောက်တစ်ကြိမ်ဆိုရင် ပိုတောင်ခက်ခဲမှာပါ။
ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ လီဖူချန်းက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မဖြစ်လာသရွေ့ သူက သားကောင်ပဲ ဖြစ်နေအုံးမှာပါ။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့က မလွယ်ပါဘူး။ အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ဂေါ်ဖီထုတ်မဟုတ်သလို နေရာတိုင်းမှာ တွေ့နိုင်တာမဟုတ်ဘူး။
…
"ကမ္ဘာဦးမူလရင်းမြစ်အဆီအနှစ်ကို အဆသုံးထောင်ပေါက်ကွဲထွက်စေတာက ကမ္ဘာဦးမူလလက်ကောက်ကို ထိခိုက်စေတာပဲ"
ကမ္ဘာဦးမူလလက်ကောက်မှနာကျင်မှုကို လီဖူချန်းက ခံစားရနိုင်တယ်။
တကယ်တော့ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အကြိုနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ သူတို့က ဒဏ်ရာရနိုင်သလို စွမ်းအားကုန်ခန်းတာတွေ ရှိပါလိမ့်မယ်။
"ငါ့ခွန်အားက နည်းနည်းလိုသေးတယ်"
လီဖူချန်းက သံသွေးမြို့သို့ ပြန်သွားဖို့ ဆုံးဖြတ်ထားတယ်။ သူက သူ့ရဲ့မီးတာအိုကျင့်ကြံခြင်းနည်းစနစ်ဒါမှမဟုတ်နေရာလပ်-အချိန်ကျင့်ကြံခြင်းနည်းစနစ်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံရပါမယ်။ အဲလိုမှပဲ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်နဲ့ရင်ဆိုင်ရတဲ့အခါ သူက လွတ်လွတ်လပ်လပ်သွားလာနိုင်ပါလိမ့်မယ်။
…
သံသွေးမြို့က လူအဝင်အထွက်အများကြီးမရှိဘူး။ လီဖူချန်းက ရန်ချင်းဟူတို့ကို ထုတ်လိုက်တယ်။ မြို့ထဲကို မဝင်ခင် သူတို့ရဲ့သက်သေခံကတ်ပြားက လင်းလက်သွားတယ်။
"ဒီတစ်ခါတော့ ငါ အချိန်အကြာကြီးသီးခြားကျင့်ကြံဖို့ စီစဉ်ထားတယ်။ မင်းတို့ကောင်တွေ ဒီအကြိုနတ်ဘုရားကျောက်တုံးတွေကို အရင်အသုံးပြုထားကြ"
လီဖူချန်းက ရန်ချင်းဟူတို့ကို အကြိုနတ်ဘုရားကျောက်တုံးတွေ ပေးပြီးနောက် သူက ပလိန်းနှလုံးသားထဲကို ချက်ချင်း ဝင်ရောက်ခဲ့ပြီး စတင်သီးခြားကျင့်ကြံခဲ့တယ်။
…
မြစ်ကိုးခုဂိုဏ်းရဲ့ပင်မခန်းမ........
"ဒုအစည်းအရုံးခေါင်းဆောင်၊ သူတို့တွေ မြို့ကို ပြန်ရောက်လာပြီ" လီဖူချန်းက မပြန်လာခင် ထိပ်ပြောင်အကြီးအကဲက သတင်းတွေကို ချက်ချင်း လက်ခံလိုက်တယ်။
"သူ့ကို အနီးကပ်စောင့်ကြည့်ထားကြ။ လှုပ်ရှားမှုတစ်ခုခုရှိလာရင် ငါ့ကို ချက်ချင်း အကြောင်းကြားပေး"
ထိပ်ပြောင်အကြီးအကဲရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုနဲ့အနည်းဆုံးအလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးသောင်းအနည်းငယ်က သူ့ကို ဖျားယောင်းသွေးဆောင်ဖို့ လုံလောက်တယ်လေ။
ဒါ့ပြင် လီဖူချန်းမှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုအပြင် အခြားရတနာတွေထပ်ရှိနေနိုင်တယ်လေ။
"ဟုတ်ကဲ့"
သတင်းပို့သူက ဌာနချုပ်ရဲ့ပင်မခန်းမမှ ထွက်လာပြီး အနီးကပ်စောင့်ကြည့်ထားဖို့ အမိန့်ပေးလိုက်တယ်။
…
နှစ်တစ်ထောင်၊ နှစ်နှစ်ထောင်......
ကျင့်ကြံခြင်းနည်းစနစ်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ထိ ကျင့်ကြံနိုင်ဖို့ ခက်ခဲလွန်းတယ်။ လီဖူချန်းက အဲဒါကို အကြိမ်ကြိမ်ကောက်ချက်ချရတယ်။ အကြိမ်တိုင်းမှာ သူက ကြီးမားတဲ့စွမ်းအားပမာဏတစ်ခုကို ကုန်ဆုံးစေခဲ့ရတယ်။
လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက လုံလုံလောက်လောက်သန်မာတာ ကံကောင်းတယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အားကောင်းလွန်းကာ ကျင့်ကြံခြင်းနည်းစနစ်ကို အကြိမ်ကြိမ်ကောက်ချက်ချစေနိုင်တယ်။
"ငါ့ရဲ့ဓားတာအိုကျင့်ကြံခြင်းနည်းစနစ်က နောက်ဆုံးတော့ ကြယ်ပိုင်နက်အဆင့်အလယ်အခြေအနေကို ရောက်ရှိလာပြီပေါ့"
နင်ပြာပလိန်းထဲမှာ ရန်ချင်းဟူက သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။
ကျင့်ကြံခြင်စနည်းစနစ်ကို ချိုးဖြတ်ရတာ တကယ်ခက်ခဲလွန်းပါတယ်။ သူမရဲ့ဓားမော့တာအိုက နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်မှာရှိပေမယ့် သူမရဲ့ကျင့်ကြံခြင်းနည်းစနစ်က အလယ်အခြေအနေကြယ်ပိုင်နက်အဆင့်မှာသာ ရှိတယ်။ ဒါက နက်ပြာပလိန်းရဲ့အကူအညီကြောင့်လဲပါတယ်၊ သို့မဟုတ်ရင် သူက ဒီတစ်သက်ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။
ချိုးဖြတ်ပြီးနောက် ရန်ချင်းဟူက ပိုသက်သောင့်သက်သာခံစားရလာတယ်။ အခုဆိုရင် သူမရဲ့ကျင့်ကြံခြင်းအဆင့်က အကြိုနတ်ဘုရားအများစုနဲ့ အတူတူပဲ။ သူမက အနာဂတ်မှာ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ချင်ရင် အချိန်ကိုသာ မှီခိုပြီး ဖြည်းဖြည်းချင်းအားထုတ်ရပေလိမ့်မယ်။ တကယ်တော့ ကတ်သီးကတ်သပ်ပြောရရင် သူမရဲ့မွေးရာပါအလားအလာက ကုန်ဆုံးသွားပြီလေ။ စကြာဝဠာအသုံးအဆောင်ပစ္စည်းမျိုးစုံနဲ့အတူ သူမရဲ့မွေးရာပါအလားအလာက ဆက်လက်ပေါက်ကွဲထွက်ပြီး ပိုထုတ်လာနိုင်မှာပါ။
ဒါပေမယ့် သူမပိုတိုးတက်လာလေလေ၊ ခုခံမှုက ပိုမြင့်လာလေလေပဲ။ မမြင်နိုင်တဲ့ကမ္ဘာမှာ မမြင်နိုင်တဲ့ဥပဒေသတစ်ခုက အရာအားလုံးကို ကန့်သတ်ထားနေတာပါပဲ။
ရန်ချင်းဟူနဲ့နှိုင်းယှဉ်ရင် သမန်းဝံပုလွေလူဝင်စားရဲ့ကျင့်ကြံခြင်းအဆင့်က အနည်းငယ်ပိုမြင့်တယ်။ သူ့ရဲ့အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်က နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်ရဲ့အထွတ်အထိပ်ကို ရောက်ရှိထားပါပြီ။ သိုင်းတာအိုကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်ရင် သိုင်းတာအိုရောကျင့်ကြံခြင်းနည်းစနစ်ရော နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်မှာရှိနေတာနဲ့ အတူတူပါပဲ။
"လီဖူချန်းကရော ဘယ်လောက်တောင် တိုးတက်လာမလဲ"
ရန်ချင်းဟူက ပလိန်းနှလုံးသားရဲ့အနက်ပိုင်းထဲမှာရှိတဲ့လီဖူချန်းကို ကြည့်ရင်း မိန်းမောတွေဝေနေတော့တယ်။
နှစ်၂၅၀၀။
နှစ်၃၀၀၀။
ဒီနှစ်သုံးထောင်အတွင်း လီဖူချန်း မီးတာအိုကျင့်ကြံခြင်းနည်းစနစ်ကို ကောက်ချက်ချတဲ့အကြိမ်အရေအတွက်ကို မသိနိုင်လောက်အောင်ပဲ။ လက်ရှိ သူကောက်ချက်ချထားတဲ့မီးတာအိုကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်နဲ့ အလွန်အမင်းနီးကပ်လာတယ်။ သူ ကင်းမဲ့နေတာက နောက်ဆုံးဈာန်ဝင်စားခြင်းအနည်းငယ်ပါပဲ၊ အခွင့်အလမ်းအနည်းငယ်ပါပဲ။
"မီး၊ တောက်ပခြင်း၊ နွေးထွေးခြင်း"
"မီး၊ ရက်စက်ခြင်း၊ ပေါက်ကွဲခြင်း"
"မီး၊ တောက်လောင်ခြင်း၊ သန့်ရှင်းစင်ကြယ်စေနိုင်ခြင်း"
လီဖူချန်းက မီးတာအိုရဲ့လက္ခဏာရပ်အားလုံးကို အကျဉ်းချုပ်လိုက်တယ်။
ရုတ်တရက် လီဖူချန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးက လောင်ကျွမ်းနေတယ်။ ဒါက ခန္ဓာကိုယ်တစ်ခုလုံးလောင်ကျွမ်းတာမဟုတ်ဘူး၊ အမှုန်အမွှားကတောင် လောင်ကျွမ်းတာပဲ။ မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်ကတောင် လောင်ကျွမ်းနေတယ်။
"မီး၊ ဒါက မီး"
လီဖူချန်းက ဉာဏ်အလင်းရသွားပြီး သူ့ရဲ့ခန္ဓာကိုယ်က မီးတာအိုရဲ့အစိတ်အပိုင်းတစ်ခုလို့ ခံစားရတယ်။
မီးတာအိုကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ချိုးဖြတ်သွားတာကြောင့် အဆုံးမဲ့မီးတာအိုရင်းမြစ်အဆီအနှစ်က ပလိန်းနှလုံးသားရဲ့အနက်ပိုင်းထဲမှ ပေါက်ကွဲထွက်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ လောင်းချလိုက်တယ်။ နောက်အခိုက်အတန့်မှာ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက တဖြည်းဖြည်း ပိုသန်မာလာတယ်။
အဆင့်၂အထွတ်အထိပ်အကြိုနတ်ဘုရား။
အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရား။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရား။
နောက်ဆုံးမှာ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်ကို ရောက်ရှိလာတယ်။
အသန်မာဆုံးအရှင်အဆင့်မှာရှိတာမရှိတာက တစ်စုံတစ်ယောက်ရဲ့ခွန်အားအပေါ် ကြီးမားတဲ့လွှမ်းမိုးမှုတစ်ခုရှိပါလိမ့်မယ်။
တစ်ယောက်ယောက်က အသန်မာဆုံးအရှင်ရဲ့အဆင့်မှာမရှိဘဲ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရခဲ့ရင် သူတို့က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်သာ ဖြစ်လာလိမ့်မယ်။
အသန်မာဆုံးအရှင်က ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရပေမယ့် ပြိုင်ဘယ်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတယ်ဆိုရင်တော့ မတူတော့ဘူးလေ။
"အဲဒါ ကြက်သွေးရောင်မီးလျှံခမောက်လား"
လီဖူချန်းက ပလိန်းနှလုံးသားမှ ထွက်လာတာနဲ့ မထင်မရှားဆင့်ခေါ်မှုတစ်ခုက အချိန်နဲ့နေရာလပ်ကို ဖြတ်သန်းလာပြီး လီဖူချန်းက ဖမ်းဆုပ်လိုက်တယ်။
"မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက ပိုသန်မာလာတာကြောင့် ဖြစ်နိုင်မလား၊ အစိတ်အပိုင်းတွေအကြားဆင့်ခေါ်မှုက ပိုသန်မာလာတာများလား"
ဖြစ်နိုင်ချေက အလွန်မြင့်မားတယ်လို့ လီဖူချန်းက ခံစားမိတယ်၊ ဒီလောက်ထိတော့ မတိုက်ဆိုင်နိုင်ဘူးလေ။
တိုက်ဆိုင်တာပဲဖြစ်ဖြစ်၊ မတိုက်ဆိုင်တာပဲဖြစ်ဖြစ်၊ လီဖူချန်းက ကြက်သွေးရောင်မီးလျှံခမောက်ကို ရရမယ်။ ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အစိတ်အပိုင်းသုံးခုနဲ့ဆိုရင် သူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကြားမှာ အသန်မာဆုံးလို့ မသတ်မှတ်နိုင်ဘူး။ ဒါပေမယ့် သူ့မှာ အပိုင်းအစလေးခုရှိရင် သူက သေခြင်းမဲ့အုပ်ချုပ်သူ၊ မျက်လုံးခြောက်လုံးနတ်ဘုရား၊ဒါမှမဟုတ် ကြေးခွံစိမ်းနတ်ဘုရားတို့နဲ့ ရင်ဆိုင်ရရင်တောင် သူက သူတို့ထဲကဘယ်သူမဆို ရိုက်နှက်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။
…
"ဒုခေါင်းဆောင်၊ သူတို့ မြို့ထဲက ထွက်သွားတော့မယ်"
ညမြစ်ကိုးခုဂိုဏ်းရဲ့ပင်မခန်းမထဲမှာ နှစ်ပေါင်းသုံးထောင်ကျော်စောင့်နေတဲ့ထိပ်ပြောင်းအကြီးအကဲက သတင်းကောင်းကို နောက်ဆုံးတော့ ကြားလာရပြီပေါ့။
"သူတို့က နောက်ဆုံးတော့ မြို့ထဲက ထွက်သွားတော့မှာပေါ့။ ငါ၊ ဒီလောက်အချိန်အကြာကြီး စောင့်နေတာ အလဟဿမဖြစ်တော့ဘူးပေါ့"
ထိပ်ပြောင်းအကြီးအကဲက နှာခေါင်းရှုံ့လိုက်တယ်။