← Chapters

ကြက်သွေးရောင်မီးလျှံခမောက်ပိုင်ရှင်

Vol. 76 Ch. 1059

ကြက်သွေးရောင်မီးလျှံခမောက်ပိုင်ရှင်

Vol. 76 Ch. 1059

"ဒါ၊ ဒါ၊ သူက မီးတာအိုအကြိုနတ်ဘုရားတစ်ယောက်လို့ မင်းတို့ပြောခဲ့တယ်မလား။ အခု ဘယ်လိုလုပ်ပြီး နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတာလဲ"

သံသွေးမြို့ရဲ့အပြင်ဘက်မှာ လီဖူချန်းရဲ့ခြေရာလက်ရာကို မဖမ်းမိနိုင်တဲ့အတွက် လွှမ်းမိုးခြင်းရေကန်နတ်ဘုရားက ဒေါသထွက်သွားတယ်။

လီဖူချန်းက အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်ဆိုတာ သူ သိခဲ့ရင် သူက သေချာပေါက် ပြင်ဆင်ထားမှာပါ"မင်းကိုယ်မင်းသိပါ၊ မင်းရဲ့ရန်သူကို သိပါ၊ အဲဒါမှ မင်း အောင်မြင်မှုရမှာပါ"

…

"မြစ်ကိုးခုဂိုဏ်းရဲ့ဒုဥက္ကဌအနေနဲ့ လွှမ်းမိုးခြင်းရေကန်နတ်ဘုရားက သံသွေးမြို့ရဲ့ဝါရင့်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေထဲကတစ်ယောက်ပဲ။ သူ့ခွန်အားက သေခြင်းမဲ့အုပ်ချုပ်သူနဲ့အခြားသူတွေရဲ့အထက်မှာ ရှိလိမ့်မယ်"

လီဖူချန်းက လွှမ်းမိုးခြင်းရေကန်နတ်ဘုရားနဲ့ တစ်ယောက်ချင်းစီးတိုက်ခိုက်ဖို့ ယုံကြည်ချက်မရှိပါဘူး။ သူက ရန်ချင်းဟူနဲ့သမန်းဝံပုလွေလူဝင်စားတို့နဲ့ ပူးပေါင်းအလုပ်လုပ်ရင် လီဖူချန်းက အတော်လေးယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် အဲဒါက ယုံကြည်ချက်အနည်းငယ်လေးပါပဲ။

အရှိန်ကို မြှင့်တင်လျက် လီဖူချန်းက ကြက်သွေးရောင်မီးလျှံခမောက်ဆီ ပျံသန်းသွားတယ်။

တစ်နှစ်။

ဆယ်နှစ်။

လီဖူချန်းက ကြက်သွေးရောင်မီးလျှံခမောက်ရဲ့တည်နေရာအတိအကျကို အာရုံမခံနိုင်သေးပါဘူး။

ကြက်သွေးရောင်မီးလျှံခမောက်က အလွန်ဝေးနေသေးတယ်လို့ ဆိုလိုတယ်။

"ဒီဦးတည်ဘက်က ရှေးဟောင်းမီးဖိုမြို့ဆီကို မလား"

မသိလိုက်မသိဘာသာနဲ့ နှစ်ရှစ်ဆယ်ကျော်ကုန်ဆုံးသွားပြီး လီဖူချန်းက နတ်ဘုရားစစ်မြေပြင်ရှိအခြားမြို့တစ်မြိုဖြစ်တဲ့ရှေးဟောင်းမီးဖိုမြို့နဲ့ သိပ်မဝေးတော့ပါဘူး။

လီဖူချန်းထင်ထားသလိုပဲ၊ ကြက်သွေးရောင်မီးလျှံခမောက်က တကယ်ကို ရှေးဟောင်းမီးဖိုမြို့ထဲမှာ၊ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့လက်ထဲမှာရှိတယ်။ လီဖူချန်း သူ့ကို အာရုံခံမိသလိုပဲ၊ အကြိုနတ်ဘုရားကလဲ သူ့ကို အာရုံခံမိတယ်။

"ကြက်သွေးရောင်မီးလျှံခမောက်ရဲ့အစိတ်အပိုင်းတစ်ခုလား"

ပျံသန်းမီးနတ်ဘုရားက အရင်မျက်မှောင်ကြုတ်လိုက်တယ်၊ ပြီးမှ တစ်ခုခုကို တွေးမိသွားပြီး စိတ်ကို ဖြေလျှော့လိုက်တယ်။

ကြက်သွေးရောင်မီးလျှံခမောက်က သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမဟုတ်ပါဘူး။ ဒါကို ဖလှယ်ရောင်းချဖို့က ပြဿနာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ ထိုအကြိုနတ်ဘုရားက လုံလောက်တဲ့တန်ဖိုးတစ်ခုကို ပေးချေရမယ်ဆိုတာပဲ။

"ငါ သူ့ကို ဒီနေရာကနေပဲ စောင့်နေမယ်"

ပျံသန်းမီးနတ်ဘုရားက စားသောက်ဆိုင်တစ်ခုထဲဝင်၊ သီးသန့်ခန်းတစ်ခုကို ရှာပြီး ထိုင်ချလိုက်တယ်။

သံသွေးမြို့မှာလိုပဲ၊ ရှေးဟောင်းမီးဖိုမြို့ကို ဝင်ရောက်ဖို့ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို လူတိုင်းက ပေးချေရပါမယ်။

မြို့ထဲကို ဝင်ရောက်ပြီးနောက် လီဖူချန်းက သူ့ရဲ့အာရုံခံစားမှုနောက်ကို လိုက်ပြီး ပျံသန်းမီးနတ်ဘုရားနေထိုင်ရာ စားသောက်ဆိုင်သို့ ရောက်ရှိလာတယ်။

ဝုန်း ဝုန်း ဝုန်း.......

လီဖူချန်းက သီးသန့်ခန်းတံခါးကို ခေါက်လိုက်တယ်။

"ဝင်လာပါ"

ပျသန်းမီးနတ်ဘုရားရဲ့အသံက ပဲ့တင်ထပ်လာတယ်။

"ငါက မူလအဆုံးစွန်းဓားနတ်ဘုရားပါ၊ ဒီက မိတ်ဆွေရဲ့နာမည်ကို သိလို့ရမလား" လီဖူချန်းက နှုတ်ဆက်လိုက်တယ်။

"ပျံသန်းမီးနတ်ဘုရား"

ပျံသန်းမီးနတ်ဘုရားက လီဖူချန်းကို အကဲဖြတ်ကြည့်လိုက်တယ်၊ လီဖူချန်းက ပြိုင်ဘက်ကင်းမီးတာအိုအကြိုနတ်ဘုရားတစ်ယောက်ဆိုတာကို သိတဲ့အခါ ပျံသန်းမီးနတ်ဘုရားရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူက အစီအစဉ်တစ်ခုချလိုက်တယ်။

လီဖူချန်းက ပျံသန်းမီးနတ်ဘုရားကို လေ့လာပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်တယ်။

ဒီတစ်ကြိမ်မှာ သူ သတ်ဖြတ်ခြင်းကို ပြုရလောက်မယ်။

တစ်ဖက်လူက လောဘမကြီးလွန်းဖို့ပဲ သူက မျှော်လင့်နိုင်တယ်။

"ငါ တည့်တိုးပဲ ပြောတော့မယ်။ ငါ မင်းရဲ့ကြက်သွေးရောင်မီးလျှံခမောက်ကို လိုချင်တယ်။ ဈေးနှုန်းကို ပြောပါ" လီဖူချန်းက ကြက်သွေးရောင်မီးလျှံခမောက်ကို မြင်တဲ့အခါ ၎င်းက ပျံသန်းမီးနတ်ဘုရားရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။ သို့မဟုတ်ရင် ကြက်သွေးရောင်မီးလျှံခမောက်က ဒိီနေရာမှာ သူ့ကို ထိုင်စောင့်နေမှာမဟုတ်ဘူး။

ပျံသန်းမီးနတ်ဘုရားက ပြုံးကာ ပြောလိုက်တယ်"မင်းမှာ ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အစိတ်အပိုင်းတစ်ခုထက် ပိုရှိမယ်လို့ ငါ ထင်တယ်၊ သုံးခုမလား"

"မင်း ဘာပြောချင်တာလဲ"

"ဒါက အရမ်းရိုးရှင်းပါတယ်။ မင်းက အသန်မာဆုံးမီးတာအိုအရှင်အဆင့်ကို ရောက်ရှိ‌‌ထားတယ်မလား၊ ပြီးတော့ ကြက်သွေးရောင်မီးလျှံတစ်စုံက မင်းရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ"  ပျံသန်းမီးနတ်ဘုရားက အလွန်စိတ်လှုပ်ရှားနေတယ်။ ကြက်သွေးရောင်မီးလျှံတစ်စုံက လီဖူချန်းအတွက် ပိုအရေးကြီးလေ ၊ သူ့အတွက် ပိုကောင်းလေပဲ။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မှာကြွယ်ဝမှုအမြောက်အများသေချာပေါက်ရှိမှာပါ။

လီဖူချန်းက မငြင်းပယ်ပါဘူး။ သူ မလာခင်၊ ဒီလိုအနေအထားတစ်ခုကို သူ မျှော်လင့်ထားပြီးသားပဲ။

သူ့မှာ ရွေးချယ်စရာမရှိဘူး။ သူက ကြက်သွေးရောင်မီးလျှံခမောက်ကို အာရုံခံမိချင်ရင်  သူ့ရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို ဖုံးကွယ်လို့မရဘူး။ သို့မဟုတ်ရင် သူက သူ့ကိုယ်သူ အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်အနေနဲ့  ဖုံးကွယ်ရလိမ့်မယ်။

တကယ်တော့ သူက သူ့ရဲ့ချီတည်ရှိမှုကို အပြည့်အဝဖုံးကွယ်ဖို့ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုတောင် အသုံးပြုနိုင်တယ်။

ဒါပေမယ့် ဒါက မလိုအပ်ပါဘူး၊ ပျံသန်းမီးနတ်ဘုရားကို သံသယသာ ဖြစ်စေနိုင်မယ်။

"ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အပိုင်းအစသုံးခက အဆင့်၃အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုနဲ့ အနည်းဆုံး နှိုင်းယှဉ်နိုင်မယ်။ အပိုင်းအစလေးခုဆိုရင် အဆင့်၂ဒါမှမဟုတ်အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်နိုင်လောက်တယ်။ ဒါကြောင့် ငါ့ရဲ့ကြက်သွေးရောင်မီးလျှံခမောက်က မင်းအတွက် အရမ်းအရေးကြီးတယ်။ မင်း နားလည်မှာပါ"  ပျံသန်းမီးနတ်ဘုရားက ဝိုင်တစ်ငုံသောက်ကာ ပြောလိုက်တယ်။

"ဟုတ်ပြီလေ၊ မင်းရဲ့ဈေးနှုန်းကို ပြောပါ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

သူက သေချာတဲ့ပမာဏတစ်ခုကို ပေးချေဖို့ ဆန္ဒရှိပေမယ့် ကြိုတင်သိထားရမှာက ပျံသန်းမီးနတ်ဘုရားက မတန်တဆပမဏာကို တောင်းပြီး သူ့ကို အရူးတစ်ယောက်လို ပြုမှုလို့မရဘူးဆိုတာပဲ။

"ငါ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု၊ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်သောင်းနဲ့ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးငါးရာ လိုချင်တယ်" ပျံသန်းမီးနတ်ဘုရားက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။

"ဒါ မများလွန်းဘူးလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

ဒါက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့ ညီမျှတယ်။

"ဒါ မင်းအတွက်တော့ မများပါဘူး။ ငါ မတန်တဆမတောင်းတဲ့အတွက် မင်း ငါ့ကို‌တောင် ကျေးဇူးတင်ရမှာ" ပျံသန်းမီးနတ်ဘုရားက ရယ်လိုက်တယ်။

"ငါ စဉ်းစားလိုက်အုံးမယ်"

လီဖူချန်းက ပြောလိုက်တယ်။

ပျံသန်းမီးနတ်ဘုရားက သူ့ကို စမ်းသပ်နေတယ်ဆိုတာ သေချာတယ်။ လီဖူချန်းက စိတ်ဝင်စားကြောင်းပြလိုက်တာနဲ့ ပျံသန်းမီးနတ်ဘုရားက တန်ဖိုးကို သေချာပေါက် တိုးမြှင့်လာလိမ့်မယ်။

"ဘာလို့လဲ။ မင်းက ဒီလိုပမာဏသေးသေးလေးကို‌တောင် မပေးချင်ဘူးလား" ပျံသန်းမီးနတ်ဘုရားရဲ့မျက်နှာက မည်းမှောင်သွားတယ်။

လီဖူချန်းက ပြောလိုက်တယ်"အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဂေါ်ဖီထုပ်တွေလို့ မင်း ထင်နေတာလား။ မင်းက ငါ့ကို အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုရဲ့တန်ဖိုးကို ပေးချေချင်ရင် ငါ စဉ်းစားရမှာပေါ့"

ကြက်သွေးရောင်မီးလျှံ‌ခမောက်က လီဖူချန်းအတွက် အများကြီးတန်ဖိုးရှိပေမယ့် အခြားသူတွေအတွက်တော့ မဟုတ်ဘူး။ ဒါကြောင့် ပျံသန်းမီးနတ်ဘုရားက လီဖူချန်းနဲ့ မလဲလှယ်ချင်ရင် သူက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုကို သေချာပေါက် ခံစားရလိမ့်မယ်။

အခု ဘယ်သူက အရင်စိတ်မရှည်သလဲဆိုတာ စောင့်ကြည့်ရမယ့်အချိန်ပဲ။

ထိုစကားကို ကြားပြီး ပျံသန်းမီးနတ်ဘုရားရဲ့မျက်လုံးတွေက မသေချာမှုတွေ ဖြစ်သွားတယ်။

ဒါနဲ့ပတ်သက်ပြီး သူ တွေးထားတယ်၊ တန်ဖိုးက မနိမ့်ဘူးလို့ သူ ခံစားမိတယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတော်တော်များများမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲရှိတယ်။ ကံကောင်းတဲ့ဒါမှမဟုတ်ပြောင်မြောက်တဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအနည်းငယ်မှာသာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုဒါမှမဟုတ်နှစ်ခုကျော်ရှိတယ်။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအများကြီးရှိတဲ့သူတွေက ပုံမှန်အားဖြင့် ‌နောက်ခံကြီးမားတဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေပါပဲ။ ရှေးဟောင်းမီးဖိုမြို့အရှင်၊ စီနီယာဗိုလ်ချုပ်တွေ ဒါမှမဟုတ် ပင်မဂိုဏ်းခေါင်းဆောင်တွေလိုမျိုးပေါ့။

ဒါပေမယ့် ပျံသန်းမီးနတ်ဘုရားက ဒါကို လက်ခံဖို့ ဆန္ဒမရှိပါဘူး။  ဒီအခွင့်အလမ်းကို လက်လွှတ်မိရင် ဒီလိုကံကြမ္မာမျိုးကို ထပ်တွေ့ဖို့မဖြစ်နိုင်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်းသိတယ်။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မင်း ဒီတန်ဖိုးကို သေချာပေါက် ပေးချေနိုင်တယ်ဆိုတာ ငါ သိတယ်။ မင်း ဘာလို့ အဆင့်နိမ်အကြိုနတ်ဘုရားကျောက်တုံးငါးသောင်းနဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးငါးထောင်ကို မပေါင်းထည့်တာလဲ။ ဒီတန်ဖိုးက ဂိတ်ဆုံးပဲလို့ ငါ ကျိန်ပြောရဲတယ်" ပျံသန်းမီးဓားနတ်ဘုရားက ခေါင်းကို ဆုတ်ကိုင်လိုက်တယ်။

လီဖူချန်းက ပျံသန်းမီးနတ်ဘုရားကို တစ်ချက်ကြည့်ပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အသက်သွင်းကာ ပျံသန်းမီးနတ်ဘုရားရဲ့စိတ်ဝိညာဉ်အတွင်းပိုင်းထဲသို့ စိမ့်ဝင်သွားစေတယ်။

"ကောင်းပြီလေ၊ ဒီပမာဏက နောက်ဆုံးပဲနော်"

ပျံသန်းမီးနတ်ဘုရားရဲ့စိတ်ဝိညာဉ်လှိုင်းကနေ စစ်ဆေးချက်အရ ဒါက တကယ်ကို သူ့ရဲ့နောက်ဆုံးတန်ဖိုးပဲ။ ဒါပေမယ့် လူသားတစ်ယောက်ရဲ့စိတ်ဝိညာဉ်က ပြောင်းလဲတတ်တယ်၊ ပျံသန်းမီးနတ်ဘုရားက ‌နောက်ဆုံးမှာ သူ့ရဲ့စိတ်ကို ပြောင်းလဲလိုက်မလားကို ဘယ်သူမှ မသိနိုင်ဘူးလေ။

"မစိုးရိမ်ပါနဲ့၊ ဒါ ငါ့ရဲ့နောက်ဆုံးတန်ဖိုးပါပဲ"

လီဖူချန်း သဘောတူတာကို မြင်ပြီး ပျံသန်းမီးနတ်ဘုရားက စိတ်သက်သာရာရစွာ အသက်ရှုထုတ်လိုက်တယ်။

သူ့အနေနဲ့ တန်ဖိုးကို ထပ်တိုးဖို့က မဖြစ်နိုင်ဘူး။ တကယ်တော့ သူက လောဘကြီးလွန်းရင် ဘာတစ်ခုမှရမှမဟုတ်ဘူး။

ဒါ့ပြင် သူက မူလအဆုံးစွန်းဓားနတ်ဘုရားကို ဒေါသထွက်စေမိရင် ‌ဘယ်လိုနောက်ဆက်တွဲပြဿနာတွေဖြစ်လာမှာကို ဘယ်သူက သိနိုင်မှာလဲ။

အရောင်းအဝယ်ပြီးသွားပြီးနောက် ပျံသန်းမီးနတ်ဘုရားနဲ့လီဖူချန်းတို့နှစ်ယောက်လုံးက ပြုံးလိုက်တယ်။

"ငါ့လိုလူနဲ့တွေ့တာ မင်းက တကယ်ကံကောင်းတယ်" အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့အကြိုနတ်ဘုရား‌ကျောက်တုံးရဲ့ကြီးမားတဲ့အရေအတွက်ကို ရရှိပြီးနောက် ပျံသန်းမီးနတ်ဘုရားက အလွန်စိတ်ကောင်းဝင်နေတော့တယ်။ သူက လီဖူချန်းကို ဖော်ရွေသောအမူအရာနဲ့ ကြည့်နေတယ်။

လီဖူချန်းက ကြက်သွေးရောင်မီးလျှံခမောက်ကို သူ့လက်ထဲမှာ ကိုင်ထားလျက် အပြုံးနဲ့မတူတဲ့အပြုံးနဲ့ ပြောလိုက်တယ်"မင်းလဲ ကံကောင်းတဲ့သူပဲ။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့ ဖလှယ်နိုင်ခဲ့တယ်"

"ဒါတွေက ပြင်ပပိုင်ဆိုင်မှုတွေပဲ။ ဒီကြက်သွေးရောင်မီးလျှံခမောက်နဲ့ဆိုရင် မင်းရဲ့ခွန်အားက အပြင်းအထန်တိုးလာမှာ။ ပင်မဂိုဏ်းကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့တောင် မင်း တိုက်ခိုက်နိုင်လောက်တယ်"

"ငါလဲ အဲလိုမျှော်လင့်ပါတယ်"

လီဖူချန်းရဲ့အမူအရာက မပြောင်းလဲပေမယ့် သူ့နှလုံးသားထဲမှာတော့ အတော်လေးစိတ်လှုပ်ရှားနေတယ်။

ပျံသန်းမီးနတ်ဘုရားက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရဲ့တန်ဖိုးကို လျှော့တွက်ထားတာပဲ။ ကြက်သွေးရောင်မီးလျှံခမောက်နဲ့အတူ ဂိုဏ်းကြီးတွေရဲ့ခေါင်းဆောင်တွေမဆိုနဲ့၊ လီဖူချန်းက သံသွေးမြို့နဲ့ရှေးဟောင်းမီးဖိုမြို့ရရဲ့ဝါရင့်ဗိုလ်ချုပ်တွေနဲ့ တိုက်ခိုက်ဖို့တောင် ယုံကြည်ချက်ရှိတယ်။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် လီဖူချန်းက နေထိုင်ဖို့ ခြံဝင်းတစ်ခုကို ရှာလိုက်တယ်။

"ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့စတုတ္ထအပိုင်းက ငါ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားဘယ်လောက်ထိ တိုးတက်စေနိုင်မှာလဲ"

အသက်တစ်ချက်ရှုထုတ်ပြီးနောက် လီဖူချန်းက မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး ၎င်းကို ကြက်သွေးရောင်မီးလျှံခမောက်ထဲသို့ ထည့်သွင်းလိုက်တယ်။

ဟုန်း......

ကြက်သွေးရောင်မီးလျှံခမောက်ရဲ့ရင်းမြစ်စွမ်းအားက လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားနဲ့ လဲလှယ်လိုက်ပြီး လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားနဲ့ ပေါင်းစပ်လိုက်တယ်။ နောက်အခိုက်အတန့်မှာ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်က စတင်ခိုင်မာလာပြီး သူ့ရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားလဲ အတူတူပါပဲ။

"ဒီလိုအားကောင်းတဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအား"

ဘေးနားမှာ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကညသူမရဲ့အောင်မြင်ခြင်းအကြိုနတ်ဘုရားစွမ်းအားထက် ပိုသာလွန်တာကို ရန်ချင်းဟူက သိသိသာသာ ခံစားမိတယ်။ သူမက အောင်မြင်ခြင်းရောင်ခြည်စက်ဝန်းကို အသက်သွင်းရင်တောင် အတူတူပါပဲ။

မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက အကန့်အသတ်အထိ ကြီး‌မားလာပြီးနောက် ဖြည်းဖြည်းချင်း စတင်ကျုံ့လာတယ်။

မီးတာအိုအကြိုနတ်ဘုရားစွမ်းအားအားလုံးက မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်အဖြစ် ကျုံ့သွားတဲ့အခါမှာ လီဖူချန်းက သူ့မျက်လုံးတွေ ဖွင့်လိုက်တယ်။

"ကြက်သွေးရောင်မီးလျှံတောင်ပံ"

လီဖူချန်းရဲ့နောက်ကျောမှာ ဧရာမမီးလျှံတောင်ပံတစ်စုံ ဆန့်ထွက်လာတယ်။

ဒီမီးလျှံတောင်ပံတစ်စုံက အရင်ကထက် နှစ်ဆနီးပါးကြီးမားလာပြီး မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက အဆများစွာပိုသန့်စင်လာတယ်။

ရွှမ်း........

ခြံဝင်းအထက်ကောင်းကင်ထဲမှာ မီးလျှံတွေက လှည့်ပတ်နေပြီး ကြက်သွေးရောင်အလင်းတွေက ကြီးလိုက်သေးလိုက်ဖြစ်နေတယ်။

"ငါ့မြန်နှုန်းက အဆများစွာ ထပ်တိုးလာပြီးပဲ"

မီးလျှံတွေက ပျောက်ကွယ်သွားပြီး လီဖူချန်းရဲ့ပုံရိပ်က လျင်မြန်စွာ သိပ်သည်းသွားတယ်။

"ငါ ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အပိုင်းအစလေးခုကိုတောင် မစုစည်းနိုင်ခဲ့ဘူးပဲ။ ပဉ္စမအစိတ်အပိုင်းရှိမယ်ထင်တယ်"

လီဖူချန်းက အံကြိတ်လိုက်တယ်။ သူ့အတွက် အပိုင်းတွေအများကြီးရှိတာ ပိုကောင်းတယ်။ ကြက်သွေးရောင်မီးလျှံတစ်စုံမှာ အပိုင်းတွေခုနှစ်ခုဒါမှမဟုတ်ရှစ်ခုရှိရင် သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုံတွေကတောင် ယှဉ်နိုင်လိမ့်မှာမဟုတ်ဘူး။ တကယ်တော့ အစုံအများစုမှာ အစိတ်အပိုင်းသုံးခုသာ ရှိတာလေ။

ရန်ချင်းဟူရဲ့အောင်မြင်ခြင်းဝတ်စုံက သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုံမဟုတ်မှန်း သိသာတယ်။ ဒါကြောင့် စတုတ္ထတစ်ပိုင်းရှိမယ်၊ ပဉ္စမတစ်ပိုင်းတောင် ရှိနိုင်တယ်။

"ငါ မီးတာအိုမှာ အဆုံးစွန်းအထိ ရောက်ရှိခဲ့ပြီ။ အခုက ဓားတာအိုနဲ့ပတ်သက်ပြီး စဉ်းစားဖို့အချိန်ပဲ"

လီဖူချန်းရဲ့မီးတာအိုနဲ့ဓားတာအိုက အတူတကွယှဉ်တွဲကာ တိုးတက်လာပေမယ့် သူတို့က တိုက်ခိုက်ရင် မီးတာအိုက ဓားတာအိုအတွက် ပြိုင်ဘက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

ထပ်ပြောရရင် လီဖူချန်းရဲ့ဓားတာအိုမှာ နားလည်မှုအသစ်အချို့ရှိတယ်၊ သူက နတ်ဘုရားနယ်ပယ်ဆီ တိုးတက်နေတာ သိသာတယ်။ ဒါက မီးတာအိုအနေနဲ့ မယှဉ်နိုင်တဲ့တစ်စုံတစ်ခုပဲ။

ဒါပေမယ့် ဓားတာအိုက ပိုသန်မာလေလေ၊ ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအတွက် လီဖူချန်းရဲ့လိုအပ်ချက်က ပိုမြင့်မားလေပါပဲ။ ယနေ့ခေတ်မှာ သာမန်အထွတ်အထိပ်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက မရှားပါဘူး။ သူ လိုတာက အလွန်အားကောင်းတဲ့အထွတ်အထိပ်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

All Chapters