ငွေကြေးဂိုဏ်းကို ဖျက်ဆီးခြင်း၊ ယွင်ဇီမြို့ ကျဆုံးခြင်း၊ ကပ်ဘေးကြီး ဆိုက်ရောက်လာခြင်း (၂)
Vol. 8 Ch. 106
"တကယ်လို့များ အာ့လိုဖြစ်လာခဲ့ရင် တို့တွေ ဘာဆက်လုပ်သင့်လဲ"
သူ၏ လူယုံတော် အများအပြားက စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။
မျက်ခုံးနီ ပုန်ကန်သူတပ် မြို့ထဲကို ဖောက်ဝင်လာသည်နှင့်၊ နဂါးဘုရင်ဂိုဏ်း၏ အကြွင်းအကျန်များ ဖြစ်ကြသော သူတို့တွင် ခုခံနိုင်စွမ်း ရှိမည်မဟုတ်သောကြောင့် သူတို့ ကြောက်လန့်နေကြသည်။ ဒေါသထွက်နေသော လူအုပ်ကြီး၏ သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်သည်။
အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာအတွင်း သူတို့သည် ရက်စက်ကြမ်းကြုတ်မှု အမြောက်အမြားကို ကျူးလွန်ခဲ့ကြသောကြောင့်ပင်။
သာမန်လူများ၏ လက်ထဲသို့ သူတို့ ရောက်ရှိသွားပါက သူတို့၏ ကံကြမ္မာ မည်သို့ ဖြစ်လာမည် ဆိုသည်ကို သူတို့ မတွေးရဲအောင်ပင် ဖြစ်နေကြသည်။
"ဘာကြောက်စရာ ရှိလို့လဲ"
"တို့တွေက အရေးမပါတဲ့ အောက်ခြေလူတန်းစားလေးတွေပဲဟာ"
"တကယ်လို့ မျက်ခုံးနီတပ်က မြို့ကို တိုက်ခိုက်လာမယ်ဆိုရင် တို့တွေက သူတို့ဘက်ကို ချက်ချင်း ကူးလိုက်ရုံပဲ"
"ဒါမှမဟုတ်လည်း သာမန်အရပ်သားတွေလို ဟန်ဆောင်ပြီး မျက်ခုံးနီတပ်ထဲ ဝင်လိုက်လို့ ရတာပဲ"
"ဘယ်သူ့ဆီမှာ အမှုထမ်းထမ်း ဘာမှမထူးခြားဘူး"
"အရေးအကြီးဆုံး အချက်က အခုအချိန်မှာ မျက်ခုံးနီတပ်က ထူးချွန်တဲ့လူတွေကို အသည်းအသန် လိုအပ်နေတယ်"
"တို့တွေ အားလုံးက သိုင်းသမားတွေလေ၊ ဒါက မျက်ခုံးနီတပ်အတွက်တော့ ရှားပါးတဲ့ တိုက်ခိုက်ရေး အင်အားစုပဲ"
"အမှန်အတိုင်း ပြောရရင် မျက်ခုံးနီတပ်က တို့တွေရဲ့ သစ္စာခံမှုကို ငြင်းပယ်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
ဟယ်ယွိလျန်က လှောင်ပြုံး ပြုံးလိုက်သည်။
အမှန်တော့ သူသည် နောက်ထပ် အစီအစဉ်ကို ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်၊ ၎င်းမှာ သစ္စာဖောက်ကာ ဘက်ပြောင်းရန်ပင်။
အကယ်၍ ယွင်ဇီမြို့က တောင့်ခံနိုင်လျှင် သူသည် ငွေကြေးဂိုဏ်းတွင် ဆက်နေကာ စည်းစိမ်နှင့် အာဏာကို ဆက်လက် ခံစားမည်။ အကယ်၍ မတောင့်ခံနိုင်တော့လျှင် သူသည် အခွင့်ကောင်းယူကာ မျက်ခုံးနီတပ်ထဲသို့ ဝင်ရောက်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မျက်ခုံးနီတပ်က ထူးချွန်သူများကို လိုအပ်နေသဖြင့် အရိုး တည်ဆောက်ခြင်းအဆင့် ရှိသော သိုင်းသမားတစ်ဦး ဝင်ရောက်လာခြင်းကို သူတို့ မည်သို့မျှ ငြင်းပယ်မည် မဟုတ်ပေ။
သူ၏ အစွမ်းအစဖြင့်ဆိုလျှင် ဤလောကကြီးတွင် သူ မသွားနိုင်သည့် နေရာ မရှိဟု သူ ယုံကြည်နေသည်။
"မင်းက လေယူရာတိမ်းတတ်တဲ့ ကောင်ပဲ"
"လေတိုက်တဲ့ ဘက်ကိုပဲ ယိမ်းချင်နေတာလား"
ထိုအချိန်၌ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး ဟယ်ယွိလျန်နှင့် အခြားသူများ၏ နားထဲသို့ ရောက်ရှိသွားသည်။
ဘာ…
ဤအသံကို ကြားသောအခါ ဟယ်ယွိလျန်နှင့် အခြားလူများမှာ ထိတ်လန့်သွားကြ၏။ ထို့နောက် လှည့်ကြည့်လိုက်သောအခါ အခန်းထဲတွင် သူစိမ်းတစ်ယောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
"နေဦး... မင်းက ကျန်းဖန် မဟုတ်လား"
"မင်း ဒီကို ဘယ်လို ရောက်လာတာလဲ"
ဟယ်ယွိလျန်၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွား၏၊ သူသည် ဤလူစိမ်းနှင့် ယခုလိုမျိုး ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ သိထားသလောက်ဆိုလျှင် ဤကောင်မှာ ပုန်းအောင်းနေသင့်သည် မဟုတ်ပါလော။ သို့သော် ယခုမူ သူက ဟယ်ယွိလျန်၏ ရှေ့မှောက်တွင် ပေါ်ပေါ်ထင်ထင် ပေါ်လာရဲသေးသည်။ ထိုအခြင်းအရာမှာ အလွန်ပင် မယုံနိုင်စရာ ကောင်းလှသည်။
တစ်ခုခုတော့ မှားနေပြီ။
ထို့ကြောင့် သူသည် သတိကြီးစွာ ထားလိုက်ပြီး၊ ဤလူတွင် ကြီးမားသော လျှို့ဝှက်ချက် ရှိနေမည်ဟု ယုံကြည်လိုက်သည်။
အကယ်၍ သာမန်လူတစ်ယောက်သာဆိုလျှင် သူ၏အိမ်ထဲသို့ တိုက်ရိုက် ဝင်လာရဲလိမ့်မည် မဟုတ်ပေ။
"သေချာတာပေါ့... ငါ မင်းကို သေလမ်းပို့ဖို့ လာခဲ့တာ"
ကျန်းဖန်က ဟယ်ယွိလျန်နှင့် အခြားသူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူသည် ဟယ်ယွိလျန်တို့ နေထိုင်သည့် နေရာကို ရှာဖွေရန် အတော်လေး ကြိုးစားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဟယ်ယွိလျန်၏ နာမည်မှာ ကျော်ကြားသဖြင့် သူ နေထိုင်ရာကို သိသူ အများအပြား ရှိနေသည်။ ထို့ကြောင့် ဤလူတစ်စုကို ရှာဖွေရခြင်းမှာ သိပ်ပြီး မခက်ခဲလှပေ။
"မင်းက သေချင်နေတာပဲ"
"ငါ့ကို လာသတ်မယ် ဟုတ်လား... မင်းကိုယ်မင်း ဘာမှတ်နေလဲ"
"မင်း တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"
ဟယ်ယွိလျန်သည် သတိထားနေသော်လည်း စကားပြောရာတွင် အလျှော့မပေးဘဲ တိတ်တဆိတ် တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။
သူသည် ဘေးတွင် ချထားသော ဓားမကြီးကို ဆွဲယူလိုက်ပြီး ကျန်းဖန်ကို ချက်ချင်း ခုတ်ရန် ကြိုးစားလိုက်၏။
သူ၏ အရိုး တည်ဆောက်ခြင်းအဆင့် စွမ်းအားဖြင့်ဆိုလျှင် သာမန် အရပ်သားတစ်ယောက်မှာ သူ့ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ဝုန်း…
သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် ကျန်းဖန်က သူ၏ ဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ပြင်းထန်သော ဓားချီတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထိုဓားချီမှာ လျှပ်စီးလက်သကဲ့သို့ အလွန် လျင်မြန်လှပြီး ညအမှောင် ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
သူတို့၏ အရေပြားများ လှီးဖြတ်ခံနေရသကဲ့သို့ အေးစက်လှသော အရှိန်အဝါကို လူတိုင်း ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့် အကြာတွင် ဟယ်ယွိလျန်သည် သူ့ခန္ဓာကိုယ်၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး၊ သူ၏ မျက်စိထောင့်မှတစ်ဆင့် နဖူးပေါ်တွင် သွေးစလေးတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။
"မဖြစ်နိုင်ဘူး... ငါ... ငါ သေသွားတာလား... ဒီလိုမျိုးကြီးလား"
ဟယ်ယွိလျန် မှင်တက်သွား၏။ သူသည် အနည်းဆုံးတော့ အရိုး တည်ဆောက်ခြင်းအဆင့် ရှိသော သိုင်းသမားတစ်ဦး ဖြစ်သည်၊ သူ၏ စွမ်းအားမှာ ဤမျှလောက် အားနည်းသူ မဟုတ်ပေ။
ရန်သူနှင့် ရင်ဆိုင်ရလျှင် အနည်းဆုံးတော့ ပြန်လည် ခုခံနိုင်စွမ်း ရှိရမည် မဟုတ်ပါလော။ ဤကဲ့သို့သော စွမ်းအားဖြင့် သူသည် ငွေကြေးဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်လာနိုင်ပြီး ခန်းမတစ်ခုကိုပင် စီမံခန့်ခွဲနိုင်သူ ဖြစ်သည်။
သို့သော် ယခုမူ ခဏချင်းအတွင်းမှာပင် သူသည် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဒီကောင့်ရဲ့ တကယ့် သရုပ်မှန်က ဘာလဲ၊ ဘာကြောင့် ခုလောက်ထိ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ။
ထိုအချိန်၌ သူသည် အလွန်အမင်း နောင်တရမိသွားသည်၊ အကယ်၍ ဤလူငယ်သာ ဤမျှအထိ သန်မာမည်ကို သိခဲ့ပါက သူ မည်သို့မျှ ရန်စခဲ့မည် မဟုတ်ပေ။
သို့သော် ယခုမူ အရာအားလုံး နောက်ကျသွားခဲ့ပြီ။
ဝုန်းခနဲ အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ ထသွားလေသည်။ သွေးအမြောက်အမြားမှာလည်း မြေပြင်ပေါ်သို့ စီးကျလာခဲ့သည်။
"အကြီးအကဲ..."
အခြားသော လက်အောက်ခံများမှာ ထိတ်လန့်သွားကြ၏။ သို့သော်လည်း သူတို့ မလှုပ်ရှားနိုင်မီမှာပင်... အခြားသော ဓားချီများစွာမှာ အရှိန်အဟုန်ပြင်းစွာဖြင့် ရောက်ရှိလာခဲ့ပြန်သည်။
ခဏချင်းအတွင်းမှာပင် ကျန်ရှိနေသော လက်အောက်ခံများ၏ နှလုံးသားများကို ဖောက်ထွက်သွားခဲ့သည်။
တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားကြတော့သည်။
သူတို့၏ မျက်လုံးများမှာ ပြူးကျယ်နေကြ၏။ ဤကဲ့သို့ ရုတ်တရက် သေဆုံးသွားရသည်ကို မယုံနိုင်ကြပုံ ပေါ်နေသည်။
ပြည်သူလူထုကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သော ငွေကြေးဂိုဏ်းမှ ဤလူတစ်စုသည် ယခုအခါ သူတို့၏ ယုတ်မာသော ဘဝကို အဆုံးသတ်လိုက်ရပြီ ဖြစ်သည်။
"ကောင်းတယ်"
ကျန်းဖန်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ သူ၏ စွမ်းအားမျ အလွန်တရာ ပြင်းထန်လာကြောင်း ခံစားလိုက်ရသည်။
သူသည် လူ့လောကတွင် အနှိုင်းမဲ့ဟု မဆိုနိုင်သော်လည်း၊ သူ့ကို ယှဉ်နိုင်မည့် ပြိုင်ဘက်ကို ရှာတွေ့ရန်မှာ အလွန် ခက်ခဲလှသည်။ ကျင့်ကြံသူများနှင့် ဆုံတွေ့မှသာ သူ့အတွက် အနည်းငယ် အန္တရာယ် ရှိပေလိမ့်မည်။
သို့သော် ကျင့်ကြံသူများနှင့် ဆုံတွေ့ရန်မှာ မလွယ်ကူလှပေ။ ငွေကြေးဂိုဏ်းမှ ဤကဲ့သို့သော လူကလေးများကို သတ်ဖြတ်ရခြင်းမှာ ကြက်ကလေး၊ ငှက်ကလေး သတ်ရသကဲ့သို့ပင် လွယ်ကူလှသည်။ သူ့ကို ဒုက္ခပေးဖို့ နေနေသာသာ၊ သူ့ကို အသက်ရှူရကျပ်အောင်ပင် မလုပ်နိုင်ကြပေ။
ဝုန်း…
ထိုအချိန်၌ သူ၏ စိတ်အာရုံ နက်ရှိုင်းသော နေရာသို့ သတင်းစကား တစ်ခု ရောက်ရှိလာ၏။ "သင်သည် ဟယ်ယွိလျန်နှင့် အခြားသူများကို သတ်ဖြတ်ခြင်းဖြင့်၊ အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ခဲ့ပြီး ဘေးဒုက္ခတစ်ခုကို ကျော်လွှားနိုင်ခဲ့သည်။ ထို့အတွက် ကံကောင်းခြင်းအမှတ် ၁၀၀ ရရှိပါသည်။”
…