ကောင်းကင်ဘုံအသူတရာချောက်နက်ဓား
Vol. 76 Ch. 1060
လီဖူချန်းရဲ့ကံက အတော်လေးကောင်းတယ်။ သူ ရှေးဟောင်းမီးခိုးမြို့ကို ရောက်ပြီး နှစ်အနည်းငယ်မှာပြ လေလံပွဲတစ်ခုကျင်းပတာနဲ့ ကြုံကြိုက်ခဲ့တယ်။
ဒီလေလံပွဲကို ရှေးဟောင်းမီးဖိုမြို့ရဲ့ဂိုဏ်းကြီးခုနှစ်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့ကြည်လင်နှလုံးသားဂိုဏ်းက ကျင်းပတာပါ။ နောက်ဆုံးပစ္စည်းက အံ့မခန်းအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလို့ ပြောကြတယ်။
လီဖူချန်းက သူ့ရဲ့ကံကို စမ်းသပ်ဖို့ လေလံပွဲမှာ ပါဝင်ခဲ့တယ်။
လေလံပြိုင်ဆိုင်မှုက အလွန်ပြင်းထန်တယ်။ နတ်ဘုရားစစ်မြေပြင်မှာတောင် လေလံပွဲကို မကြာခဏမကျင်းပဘူးလေ။ နှစ်သန်းအနည်းငယ်ဒါမှမဟုတ်နှစ်ဆယ်သန်းမှ တစ်ကြိမ်ကျင်းပလေ့ရှိတယ်။
လေလံပွဲက အဆုံးသတ်ခါနီးနေပါပြီ။
"ငါ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံး၃၂၀၀၀ပေးမယ်"
"ငါ ၃၃၀၀၀"
၃၄၀၀၀"
ဒါက နောက်ဆုံးဒုတိယမြောက်ပစ္စည်းဖြစ်ပြီး မှန်အမျိုးအစားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ကာ အတော်လေးရှားပါးတဲ့ပစ္စည်းတစ်ခုဖြစ်တယ်။
လေလံပွဲမှာပါဝင်သူတွေက အခြားဂိုဏ်းတွေရဲ့ခေါင်းဆောင်တွေ၊ အထက်အကြီးအကဲတွေပါပဲ။
အဆုံးမှာတော့ လေလံပစ္စည်းကို အခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်က အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံး၃၆၀၀၀နဲ့ အနိုင်ရခဲ့တယ်။
"ဂုဏ်သရေရှိလူကြီးမင်းနဲ့အမျိုးသမီးတို့ခင်ဗျား၊ သေချာလေး နားထောင်ပေးကြပါ။ နောက်လာမယ့်ပစ္စည်းက ဒီလေလံပွဲရဲ့နောက်ဆုံးပစ္စည်းဖြစ်တယ်။ ငါတို့ရဲ့စစ်ဆေးချက်အရ ဒီပစ္စည်းရဲ့အရည်အသွေးက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အဆင့်မှာရှိတယ်"
လေလံစင်မြင့်ပေါ်မှာ လေလံပစ်သူက ပတ်ပတ်လည်ကို ကြည့်ကာ လူတိုင်းရဲ့တုံ့ပြန်မှုကို မျှော်လင့်စောင့်စားနေတယ်။
"အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလား"
ထင်ထားတဲ့အတိုင်းပဲ၊ လူတိုင်းရဲ့တုံ့ပြန်မှုက ပြင်းထန်နေတော့တယ်။
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာ မတူညီတဲ့အဆင့်တွေရှိတယ်။ အဆင့်ပိုမြင့်လေ၊ တန်ဖိုးပိုရှိလေပါပဲ။
ကြည်လင်နှလုံးသားခန်းမက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လေလံတင်မယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ကြဘူး။ ဒါက ကြည်လင်နှလုံးသားခန်းမရဲ့ပုံစံနဲ့မတူပါဘူး။
"ဒါ ဘယ်လိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအမျိုးအစားလဲ" တစ်ယောက်ယောက်က ကျယ်လောင်စွာ မေးလိုက်တယ်။
လေလံပစ်သူက လည်ချောင်းကို ရှင်းကာ ပြောလိုက်တယ်"ငါ ဝေ့လည်ကြောင်ပတ်လုပ်မလုပ်တော့ပါဘူး။ ဒီအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဓားတစ်လက်ပဲ။ အားလုံးပဲ ရှုစားကြည့်ကြတာပေါ့" လေလံပစ်သူက စင်မြင့်ပေါ်ရှိအကာကို မလိုက်တယ်။ နတ်ဘုရားအလင်းတွေတောက်ပနေတဲ့ဓားတစ်လက်က လူတိုင်းရဲ့မျက်လုံးထဲကို ဝင်လာတယ်။
"ဘယ်လိုလွှမ်းမိုးနိုင်တဲ့ဓားလဲ"
လူအချို့ရဲ့မျက်လုံးတွေကို ဓားအလင်းက ရောင်ပြန်ဟပ်သွားတယ်။ သူတို့ကို အပ်နဲ့ ထိုးသလို သူတို့ရဲ့သူငယ်အိမ်ထဲမှာ ထိုးဖောက်နေတဲ့နာကျင်မှုတစ်ခုကို ခံစားရတယ်။
"ဒါ တကယ်ကို ဓားတစ်လက်ပဲ" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားဓားတစ်လက်က သူ့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်။
"ဟားဟား၊ ငါ ကောင်းကင်ဘုံကျားဓားနတ်ဘုရားက ဓားတစ်လက်ကင်းမဲ့နေတာပဲ"
လူအုပ်စုထဲမှာ လူအနည်းငယ်ရဲ့မျက်လုံးတွေက ပြင်းထန်တဲ့လိုချင်မှုဆန္ဒတွေ ဖြစ်ပေါ်လာတယ်။ ကောင်းကင်ဘုံကျားနတ်ဘုရားက သူတို့ထဲကတစ်ယောက်ဖြစ်တယ်။
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက အသန်မာဆုံးဓားတာအိုအရှင်တစ်ယောက်ဖြစ်ရုံသာမက သူ့ရဲ့ဓားတာအိုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာရှိတယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့အတူ သူ့ရဲ့ခွန်အားက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်မှာ သေချာပေါက်ရှိတယ်။
သူ့ရဲ့တစ်ခုတည်းသောချို့ယွင်းချက်ကတော့ သူ့လက်ထဲကဓားက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဟုတ်တာပဲ။ သူက ဒိီဓားကို ရနိုင်ရင် သူ့ခွန်အားက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကြားမှာတောင် အားနည်းလိမ့်မှာမဟုတ်ဘူး။
ဒါကြောင့် သူက ဒီဓားကို ရရမယ်။
"ဒီဓားက ငါ့ဟာပဲ"
နတ်ဆိုးမျက်လုံးဓားနတ်ဘုရားရဲ့ဧရာမမျက်လုံးတွေက ကြောက်စရာကောင်းတဲ့အလင်းတွေ တလက်လက်ဖြစ်နေတယ်။ သူက အသန်မာဆုံးအရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အထွတ်အထိပ်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဟုတ်တာပဲ။ အဲဒါက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုပဲ။ ဒါပေမယ့် ဒီဓားနဲ့ဆိုရင် သူက တစ်ချိန်တည်းမှာ တိုက်နိုင်ခုခံနိုင်လိမ့်မယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကြားမှာ အနည်းငယ်ကသာ သူ့အတွက် ပြိုင်ဘက်တစ်ယောက်ဖြစ်လာလိမ့်မယ်။
"လူတိုင်းပဲ သိမှာပါ၊ ငါ တစ္ဆေဓားနတ်ဘုရားက ဓားနှစ်လက်အသုံးပြုရာမှာ ကျွမ်းကျင်တယ်။ ကံမကောင်းစွာနဲ့ ငါ့မှာ အထွတ်အထိပ်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲရှိတာပဲ။ အခု ၊အခွင့်အလမ်းက ရောက်လာပြီပေါ့"
တစ္ဆေဓားနတ်ဘုရားရဲ့မျက်လုံးတွေက နီရဲသွားတယ်။
ပတ်ဝန်းကျင်လေထုက တင်းမာလာတာကို မြင်ပြီး လေလံပစ်သူက ကျယ်လောင်စွာ ပြောလိုက်တယ်"ဓားရဲ့နာမည်ကို ကောင်းကင်ဘုံအသူတရာချောက်နက်လို့ခေါ်တယ်။ ကြမ်းခင်းဈေးက အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးငါးသောင်းဖြစ်တယ်။ တစ်ခါတိုးတိုင်း အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်ရာထက် မနည်းရဘူး။ လေလံစတင်ပါပြီ"
"ငါးသောင်းငါးထောင်"
"ခြောက်သောင်း"
"ခြောက်သောင်းငါးထောင်"
"ခုနှစ်သောင်း"
ကောင်းကင်ဘုံအသူတရာချောက်နက်ဓားရဲ့တန်ဖိုးက အဆက်မပြတ်မြင့်တက်နေတယ်။ လီဖူချန်းကတော့ ပြောစရာစကားမရှိဖြစ်နေတယ်။
ပျံသန်းမီးနတ်ဘုရားကို အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သောင်းငါးထောင်ပေးပြီးနောက် လီဖူချန်းမှာ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးခုနှစ်သောင်းသာကျန်တော့တယ်။
သူ့မှာ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးနှစ်ထောင်နဲ့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးသုံးဆယ်ရှိသေးတာ ကံကောင်းသွားတယ်။
အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးက အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးဆယ့်နှစ်တုံးနဲ့ ညီမျှတယ်။ နှစ်ထောင်က အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးနှစ်သောင်းလေးထောင်နဲ့ ညီမျှတယ်။
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးသုံးဆယ်က အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးလေးသောင်းနဲ့ညီမျှတယ်။
ထပ်ပြောရရင် လီဖူချန်းမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်မီလီယံကျန်ရှိသေးတယ်။ အဲဒါက အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံး ခုနှစ်သောင်းနဲ့ ညီမျှတယ်။
သို့မဟုတ်ရင် လီဖူချန်းက တတ်နိုင်မှာမဟုတ်ဘူး။
ကောင်းကင်ဘုံအသူတရာချောက်နက်ဓားရဲ့တန်ဖိုးက ရှစ်သောင်းအထိ လျင်မြန်စွာ မြင့်တက်လာတယ်။ အခုဆိုရင် လေလံပစ်နေသူတွေအားလုံးက ဓားတာအိုအကြိုနတ်ဘုရားတွေပါပဲ။
ငါ ရှစ်သောင်းပေးမယ်။ အားလုံးပဲ ငါ ကောင်းကင်ဘုံကျားဓားနတ်ဘုရားနဲ့ငါ့ရဲ့နတ်ဆိုးချီအိမ်တော်ကို မျက်နှာသာအချို့ပေးဖို့ ငါ မျှော်လင့်တယ်" ကောင်းကင်ဘုံကျားဓားနတ်ဘုရားက ရှေးဟောင်းမီးဖိုမြို့ရဲ့ဂိုဏ်းကြီးခုနှစ်ဂိုဏ်းထဲကတစ်ခုမှဖြစ်ပြီး နတ်ဆိုးချီအိမ်တော်ရဲ့လက်ထောက်အိမ်တော်သခင်ဖြစ်တယ်။ သူက ထရပ်ပြီး လူတိုင်းကို လက်အုပ်ချီကာ ပြောလိုက်တယ်။
"ကောင်းကင်ဘုံကျားဓားနတ်ဘုရား၊ မင်းရဲ့မျက်နှာက အသုံးမဝင်ဘူး" နတ်ဆိုးမျက်လုံးဓားနတ်ဘုရားက ကောင်းကင်ဘုံကျားဓားနတ်ဘုရားကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်။
"ရှစ်သောင်းသုံးထောင်"
တစ္ဆေဓားနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်တယ်။ ပြိုင်ဘက်တွေက ကောင်းကင်ဘုံကျားဓားနတ်ဘုရားနဲ့နတ်ဆိုးမျက်လုံးဓားနတ်ဘုရားတို့ဖြစ်နေတာပဲ၊ သူတို့ကို ရင်ဆိုင်ရတာ မလွယ်ပါဘူး။
ခွန်အားအရ ကျားဓားနတ်ဘုရားက သူ့အတွက် ပြိုင်ဘက်တစ်ယောက်ဖြစ်လာဖို့ အများကြီးလိုတယ်။ နတ်ဆိုးမျက်လုံးဓားနတ်ဘုရားကလဲ သူ့ထက် အနည်းငယ်နိမ့်ကျပေမဲ့ သူတို့ထဲကတစ်ယောက်က နတ်ဆိုးချီအိမ်တော်က ဖြစ်ပြီး အခြားတစ်ယောက်က နတ်ဆိုးနတ်ဘုရားတောင်တန်းက ဖြစ်တယ်။ သူတို့နှစ်ယောက်လုံးက အလွန်ကြွယ်ဝတယ်။
"ရှစ်သောင်းလေးထောင်"
"ရှစ်သောင်းငါးထောင်"
"…"
"....."
အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးရှစ်သောင်းကနေကိုးသောင်းက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။
"ငါ ကိုးသောင်းပေးတယ်" ကောင်းကင်ဘုံကျားဓားနတ်ဘုရားက အံကြိတ်ကာ ပြောလိုက်တယ်။
ဒီတန်ဖိုးက သူ့အကန့်အသတ်နဲ့ နီးကပ်တယ်။ သူက ဒီထပ်ပိုပေးချင်ရင် သူ့ရတနာအချို့ကို ရောင်းချရလိမ့်မယ်။
"ကိုးသောင်းတစ်ထောင်"
နတ်ဆိုးမျက်လုံးဓားနတ်ဘုရားက အော်လိုက်တယ်။
"ကိုးသောင်းနှစ်ထောင်"
တစ္ဆေဓားနတ်ဘုရားရဲ့အသံက အလွန်တည်ငြိမ်တယ်။
"တစ်သိန်း။ ငါ တစ်သိန်းပေးတယ်။ တစ်ယောက်ယောက်က ဒီထပ်ပိုပေးရင် ငါ ကောင်းကင်ဘုံကျားဓားနတ်ဘုရားက လက်လျှော့ရမှာပေါ့" ကောင်းကင်ဘုံကျားဓားနတ်ဘုရားက ရုတ်တရက်ထရပ်ကာ အော်လိုက်တယ်။
"တစ်သိန်းနဲ့တစ်ထောင်"
"တစ်သိန်းနဲ့နှစ်ထောင်"
ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံကျားဓားနတ်ဘုရားက နတ်ဆိုးမျက်လုံးဓားနတ်ဘုရားနဲ့စ္ဆေဓားနတ်ဘုရားတို့ကို ကျိန်ဆဲလို့မရဘူး။ သူတို့က သူ့ထက်ပိုသန်မာသလို ပိုကြွယ်ဝတယ်။
"ဟမ့်"
ဒါကို မြင်ပြီး ကောင်းကင်ဘုံကျားဓားနတ်ဘုရားရဲ့အမူအရာက မည်းမှောင်သွားတယ်။
"နတ်ဆိုးမျက်လုံးဓားနတ်ဘုရား၊ ငါတို့တွေ ဒီအတိုင်း ဆက်သွားလို့မရဘူး။ ဘာလို့ ငါတို့တွေ တန်ဖိုးတစ်ခုရေးချပြီး အတူတူ လေလံမဆွဲတာလဲ။ တန်ဖိုးအမြင့်ဆုံးပေးတဲ့ဘယ်သူမဆို ကောင်းကင်ဘုံအသူသရာချောက်နက်ဓားကို ရမယ်။ မင်း ဘယ်လိုထင်လဲ" တစ္ဆေဓားနတ်ဘုရားက နတ်ဆိုးမျက်လုံးဓားနတ်ဘုရားကို ပြောလိုက်တယ်။
သူတို့နှစ်ယောက်က ဒီအတိုင်းဆက်တိုက်ခိုက်နေရင် ကြည်လင်နှလုံးသားခန်းမကိုပဲ အကျိုးအမြတ်ရသွားစေလိမ့်မယ်။
"ကောင်းပြီလေ"
နတ်ဆိုးမျက်လုံးဓားနတ်ဘုရားက တွေးလိုက်တယ်၊ ပြီးနောက် တစ္ဆေဓားနတ်ဘုရားရဲ့ဗျူဟာကို သဘောတူလိုက်တယ်။
"တစ်သိန်းနဲ့နှစ်သောင်း"
"တစ်သိန်းနဲ့နှစ်သောင်းငါးထောင်"
နတ်ဆိုးမျက်လုံးဓားနတ်ဘုရားရဲ့လေလံက တစ္ဆေဓားနတ်ဘုရားထက် ငါးထောင်ပိုမြင့်တယ်။ ဒါက တစ္ဆေဓားနတ်ဘုရားမမျှော်လင့်ထားတဲ့အရာဖြစ်တယ်။
"တစ္ဆေဓားနတ်ဘုရား၊ ကြည့်ရတာ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက ငါ့ဟာပဲ" နတ်ဆိုးဓားနတ်ဘုရားက နာကျင်မှုရောစိတ်လှုပ်ရှားမှုပါ ဖြစ်နေတယ်။
အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့နှစ်သောင်းငါးထောင်က သူနှစ်ပေါင်းမရေမတွက်များစွာစုစည်းထားတဲ့ကြွယ်ဝမှုလေ။
တစ္ဆေဓားနတ်ဘုရားက ဘာမှမပြောနိုင်ပါဘူး။
"အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့နှစ်သောင်းငါးထောင်တစ်ကြိမ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့နှစ်သောင်းငါးထောင်နှစ်ကြိမ်......."
လေလံပစ်သူက တူကို မြှောက်ကာ ရိုက်ချခါနီးမှာ.......
"အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့သုံးသောင်း"
ထိုအချိန်မှာ ကြည်လင်တဲ့အသံတစ်ခုကို ကြားလိိုက်ရတယ်။
"ဘယ်သူလဲ"
လူတိုင်းက အသံရင်းမြစ်ကို ကြည့်လိုက်တယ်။
"ဒါ ပြိုင်ဘက်ကင်းမီးတာအိုအကြိုနတ်ဘုရားတစ်ယောက်ပဲ"
"သူက မီးတာအိုအကြိုနတ်ဘုရားတစ်ယောက်ပဲ၊ သူ ဘာလို့ ဓားတာအိုအကြိုနတ်ဘုရားလက်နက်တစ်ခုကို လိုအပ်တာလဲ"
"သူက ဓားတာအိုအကြိုနတ်ဘုရားတစ်ယောက်လဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
လူတိုင်းက အပူတပြင်းဆွေးနွေးနေကြတော့တယ်၊ သူတို့က ပြပွဲကောင်းတစ်ခုကို ကြည့်နေရသလိုပါပဲ။
ချက်ပြုတ်ထားတဲ့ဘံတစ်ကောင်က ထပျံသွားတာကို မြင်ရင် ဘယ်သူမဆို ဒေါသထွက်သွားမှာပါ။ နတ်ဆိုးနတ်ဘုရားတောင်တန်းရဲ့ဒုတောင်တန်းအရှင်သခင်အနေနဲ့ နတ်ဆိုးမျက်လုံးဓားနတ်ဘုရားက သဘောကောင်းလွန်းသူတစ်ယောက်မဟုတ်ဘူး။
"မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ခက်ခဲအောင် လုပ်နေတာလား" နတ်ဆိုးမျက်လုံးဓားနတ်ဘုရားရဲ့အသံက ဓားသွားပမာ အေးစက်ကာ လီဖူချန်းရဲ့နားထဲသို့ ရောက်ရှိလာတယ်။
လီဖူချန်းက ပြန်ဖြေလိုက်တယ်"ဒါ လေလံပွဲတစ်ခုပဲ။ ငါ လေလံဆွဲဖို့ အခွင့်အာဏာရှိတယ်"
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ ငါ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို မင်းဆီမှာ ယာယီထားမှာပါ။ မင်း အနာဂတ်မှာ ငါ့ကို သေချာပေါက် ပြန်ပေးရမယ်" နတ်ဆိုးမျက်လုံးဓားနတ်ဘုရားက လေလံဆွဲတာကို လက်လျှော့လိုက်တယ်၊ သူ့မျက်လုံးတွေက သတ်ဖြတ်ခြင်းဆန္ဒတွေ အပြည့်ဖြစ်နေတာကို ဘယ်သူမဆို မြင်နိုင်တယ်။
"အမ်၊ အခွင့်အရေးတစ်ခုရှ်ိလာပြီးပေါ့"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက ဝမ်းသာသွားတယ်။ ပစ္စည်းက နတ်ဆိုးမျက်လုံးဓားနတ်ဘုရားရဲ့လက်ထဲမှာဆိုရင် သူ့အနေနဲ့ ရဖို့က မဖြစ်နိုင်ဘူး။
အခု လီဖူချန်းဝင်လာတာကြောင့် ကောင်းကင်ဘုံကျားဓားနတ်ဘုရားမှာ အခွင့်အရေးတစ်ခုရှိလာပြီပေါ့။
"ဒါက ကောင်းကင်ဘုံရဲ့ဆန္ဒပဲ၊ ဟားဟား"
တစ္ဆေဓားနတ်ဘုရားက အလွန်ဝမ်းမြောက်နေတော့တယ်။
လေလံပစ်သူက အောက်ကလူတွေရဲ့အကြံအစည်တွေကို ဂရုမစိုက်ပါဘူး။ သူက အားပါးတရပြုံးကာ အော်လိုက်တယ်"အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့သုံးသောင်းတစ်ကြိမ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့သုံးသောင်းနှစ်ကြိမ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းနဲ့သုံးသောင်းသုံးကြိမ်။ ရောင်းထွက်သွားပြီ။ ဂုဏ်ယူပါတယ်၊ ဒီက မိတ်ဆွေလေး"
လေလံပစ်သူက ပီတိဖြာနေတော့တယ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းသုံးသောင်းက သူ့ရဲ့လေလံသက်တမ်းတစ်လျှောက် အမြင့်မားဆုံးပစ္စည်းပါပဲ၊ ဒါက သူ့တစ်သက်လုံး မှတ်မိဖို့ လုံလောက်တယ်။