မူလအဆင့်သို့ တက်လှမ်းခြင်း၊ ဝိညာဉ်အမြစ်ကို ပျိုးထောင်ခြင်း (၂)
Vol. 8 Ch. 112
ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများ လုံးဝ ကုန်ခန်းသွားသည်နှင့် အတားအဆိီးကို ကျော်ဖြတ်ရန် ကြိုးစားမှုမှာ အကြွင်းမဲ့ ရှုံးနိမ့်သွားပေလိမ့်မည်။
ထိုသို့ ဖြစ်သွားပါက ရွှံ့နွံနန်းတော်၏ တံခါးမှာ အစဉ်အမြဲ ပိတ်ဆို့သွားမည်ဖြစ်ပြီး၊ နောင်တစ်ချိန်တွင်လည်း တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
သို့သော် မြွေပျံကျင့်စဉ်ကို လေ့ကျင့်ထားသော ကျန်းဖန်မှာမူ ခြားနားလှသည်။
ဤသည်မှာ ထိပ်တန်းအဆင့် သိုင်းကျမ်းတစ်စောင် ဖြစ်သည်။ အောင်မြင်စွာ လေ့ကျင့်နိုင်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအား ပမာဏမှာ အခြားသော အရှင်သခင်များထက် အဆပေါင်းများစွာ၊ ဆယ်ဂဏန်းမက ပိုမို များပြားလာမည် ဖြစ်သည်။
ထို့ပြင် ချီစွမ်းအား၏ အရည်အသွေးမှာလည်း သာလွန်လှပေသည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ရွှံ့နွံနန်းတော်ကို ဖောက်ထွက်ရန်မှာ သေချာပေါက်ပင် ဖြစ်သည်။
သေချာသည်မှာ ကျန်းဖန်ကဲ့သို့ တစ်ကြိမ်တည်းနှင့် ရွှံ့နွံနန်းတော်၏ တံခါးကို တွန်းဖွင့်နိုင်ခဲ့ခြင်းမှာ အစဉ်အလာ တစ်လျှောက်တွင် မရှိခဲ့ဖူးသော ဖြစ်ရပ်ပင် ဖြစ်သည်။
ဝုန်း…
နောက်တစ်စက္ကန့် အကြာတွင် မြွေပျံချီစွမ်းအားများသည် နဂါးတံခါးကို ခုန်ကူးသည့် ငါးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် တိုးဝင်သွားခဲ့သည်။ ထိုအခါ ရွှံ့နွံနန်းတော်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး၏ သဘာဝ စွမ်းအားများမှာ ရွှံ့နွံနန်းတော်နှင့်အတူ ပဲ့တင်ထပ်သွားခဲ့၏။
ဆန်းကြယ်သော သဘာဝ စွမ်းအားများသည် အရပ်မျက်နှာ အနှံ့မှ စီးဝင်လာပြီး သူ၏ စိတ်အာရုံ ပင်လယ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။
"ဒါက..."
ကျန်းဖန်သည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေရင်း၊ ကမ္ဘာကြီးအပေါ် သူ၏ အမြင်များ လုံးဝ ပြောင်းလဲသွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာလည်း ယခင်ကထက် များစွာ အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရွှံ့နွံနန်းတော်၏ နက်ရှိုင်းသော နေရာတွင် ဆန်းကြယ်သော မျိုးစေ့တစ်ခု ပေါ်ထွက်လာပြီး၊ အတွင်းပိုင်း၌ အမြစ်တွယ်ကာ အညှောင့်ပေါက်လာသည့်နှယ် ကမ္ဘာကြီးနှင့်အတူ ပဲ့တင်ထပ်နေလေသည်။
၎င်းမှာ ဤကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးထားသော ပြွန်တစ်ခုနှင့်ပင် တူလှ၏။ ထိုအချိန်၌ သူ၏ ဝိညာဉ်စွမ်းအားမှာလည်း အသွင်ပြောင်းသွားကာ ဝိညာဉ်အာရုံ အဖြစ် စတင် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
"မယုံနိုင်စရာပဲ... ဒါက မူလအဆင့် သိုင်းပညာရှင် တစ်ယောက်ရဲ့ စွမ်းအားလား"
ကျန်းဖန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရောင်များ ဝင်းလက်သွားသည်။ မူလအဆင့်အဆင့် သိုင်းပညာရှင် တစ်ယောက်သည် အမှန်တကယ်တမ်းတွင် ချီကျင့်ကြံခြင်းအဆင့် ရှိသော ကျင့်ကြံသူ တစ်ဦးနှင့် တန်းတူဖြစ်ကြောင်း သူ နားလည်လိုက်သည်။
ဝိညာဉ်အမြစ် ပါရှိပြီးသားသူများသည် မွေးကတည်းက မူလအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သာမန်လူများမှာမူ မူလအဆင့်သို့ ခြေချနိုင်ရန် သိုင်းလမ်းစဉ်ကို အသည်းအသန် လေ့ကျင့်ကြရသည်။
သို့သော် ဝိညာဉ်အမြစ် ပါရှိသူများမှာမူ ပထမဆုံးအကြိမ် ကျင့်ကြံသည်နှင့် မူလအဆင့်သိုင်းပညာရှင်များ ဖြစ်လာကြသည်။ ဤသည်မှာ မတရားသလို ထင်ရသော်လည်း တခြား ရွေးချယ်စရာ မရှိပေ။
ဤလောကတွင် မတရားသော အရာများစွာ ရှိနေသည် မဟုတ်ပါလော။
ဥပမာအားဖြင့် ဘီလီယံနာတစ်ဦး၏ သားသည် သာမန်လူတစ်ယောက်၏ ဘဝသို့ ဆယ်ခါပြန်ဝင်စားလျှင်ပင် မရနိုင်သော စည်းစိမ်ချမ်းသာများအတွင်း မွေးဖွားလာသကဲ့သို့ပင်။
သာမန်လူတစ်ယောက်က အစွမ်းကုန် ကြိုးစားပြီး ရှာဖွေထားသော ငွေများမှာ ထိုသူဌေးသားအတွက် တစ်ရက်စာ အတိုးနှုန်းမျှသာ ရှိပေလိမ့်မည်။
ဤသည်မှာ စွမ်းရည်၏ အဓိပ္ပာယ်မရှိသော သဘာဝပင် ဖြစ်သည်။
" မူလအဆင့်ကို ခြေချပြီးတဲ့နောက်၊ ခန္ဓာကိုယ်ထဲက ချီစွမ်းအားတွေက သိသိသာသာ ပြောင်းလဲသွားတာပဲ။"
"ဒါတွေက မူလချီစွမ်းအား အဖြစ် ပြောင်းလဲသွားတယ်။"
"ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ အခေါ်အဝေါ်အရ ဆိုရင်တော့၊ ဒီမူလချီစွမ်းအား ဆိုတာ တကယ်တမ်းက ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအားတဲ့။"
"ဒါက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ချီစွမ်းအားနဲ့ ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ စွမ်းအင်တစ်မျိုးပေါ့။"
"ဝိညာဉ်စွမ်းအား တစ်စက်လေးကတင် အရှင်သခင် တစ်ယောက်ရဲ့ ချီစွမ်းအား ဆယ်ဂဏန်းလောက်ကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။"
"ဒါ့အပြင် ဝိညာဉ်စွမ်းအားမှာ ဆန်းကြယ်တဲ့ အသုံးဝင်ပုံတွေလည်း အများကြီး ရှိသေးတယ်"
ကျန်းဖန်၏ မျက်လုံးများ လင်းလက်သွားသည်။
သူ၏ တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းသော နေရာရှိ ချီစွမ်းအားများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝိညာဉ်စွမ်းအား အစလေးများအဖြစ် ပြောင်းလဲသွားသည်ကို သူ အာရုံခံမိလိုက်သည်။
၎င်းတို့သည် တန်းထျန်နှင့် ချီပင်လယ်အတွင်း၌ တိမ်တိုက်များနှယ် ဝဲပျံနေကြ၏။ ဝိညာဉ်စွမ်းအား တစ်စက်ချင်းစီတွင် ပြင်းထန်သော စွမ်းအင်နှင့် ဖျက်ဆီးအားများ ပါရှိနေသည်။ ယခင် အရှင်သခင်အဆင့် ချီစွမ်းအားနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
ရှူး…
ဤသို့တွေးရင်း ကျန်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို ချက်ချင်း လှုပ်ရှားစေလိုက်ပြီး၊ လက်ညှိုးဖြင့် ချိန်ရွယ်ကာ ပစ်လွှတ်လိုက်၏။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားတစ်ခု ပေါက်ကွဲကာ ထွက်ပေါ်သွားခဲ့သည်။
၎င်းမှာ မြားတစ်စင်းကဲ့သို့ပင် ရှေ့ရှိ နံရံကို ချက်ချင်း ဖောက်ထွက်သွားပြီး တွင်းငယ်လေးတစ်ခု ဖြစ်ပေါ်သွားစေကာ နံရံမှ အုတ်ခဲကျိုးများစွာ ပြုတ်ကျလာခဲ့သည်။
ဤစွမ်းအားမှာ အလွန်တရာ ကြောက်စရာကောင်းလှသည်။
အကယ်၍ သာမန်လူတစ်ယောက်၊ သို့မဟုတ် အရှင်သခင် တစ်ယောက်ကိုသာ ထိမှန်သွားပါက ထိုအရှင်သခင်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်သွားပေလိမ့်မည်။
"သိပ်ကြောက်စရာကောင်းတာပဲ။"
ကျန်းဖန်မှာ စကားပင် မဆိုနိုင်တော့ချေ။
ကျင့်ကြံသူတစ်ဦးနှင့် သိုင်းသမားတစ်ဦးတို့အကြား ကွာဟချက်မှာ လုံးဝကို အဆင့်အတန်း မတူကြောင်း သူ နားလည်လိုက်သည်။
ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား တစ်စက်လေးကပင် သိုင်းပညာ အရှင်သခင် တစ်ယောက်ကို မျက်တောင်တစ်ခတ်အတွင်း သုတ်သင်ပစ်နိုင်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်အာရုံကိုလည်း ပျိုးထောင်ထားခြင်း ဖြစ်သည်။
ဝိညာဉ်အာရုံ၏ စွမ်းအားသည် သာမန်လူတစ်ယောက်၏ အသက်ရှူလမ်းကြောင်း သို့မဟုတ် အချက်အချာကျသော နေရာများကို အလွယ်တကူ ပစ်မှတ်ထားနိုင်သည်။ ချိန်ရွယ်သည့် နေရာတိုင်းကို လွဲချော်မှုမရှိဘဲ ထိမှန်စေသည်။
ဆိုလိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံရပါက၊ ခဏချင်းအတွင်း ပျက်စီးသွားရမည်ဖြစ်ပြီး မည်သို့မျှ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သိုင်းပညာ အရှင်သခင် တစ်ဦးအနေဖြင့် မည်မျှပင် လျင်မြန်သော လှုပ်ရှားမှုများ ရှိပါစေဦးတော့၊ အလကားပင် ဖြစ်ပေလိမ့်မည်။
၎င်းမှာ ဒုံးကျည်တစ်စင်း၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ပင်။ နှစ်ဦးနှစ်ဖက်မှာ မည်သို့မျှ မယှဉ်နိုင်ချေ။
ယခင်ကထက် သူသည် အနည်းဆုံး ဆယ်ဆခန့် ပိုမို သန်မာလာသည်ဟု သူ ခံစားလိုက်ရသည်။
ယခုအခါ စိတ်ကူးလိုက်ရုံမျှဖြင့် ယခင်က သူ့ကို ချက်ချင်း သတ်ဖြတ်နိုင်ပြီး လုံးဝ တားဆီး၍ပင် မရနိုင်တော့ဟု ဆိုနိုင်သည်။
တစ်နည်းအားဖြင့် သူသည် ယခုအခါ ချီကျင့်ကြံခြင်း ပထမအဆင့် ရှိသော ကျင့်ကြံသူ တစ်ဦး ဖြစ်သွားပြီ ဖြစ်သည်။
"ပြီးတော့ အခု ငါ့ရဲ့ တန်းထျန်နဲ့ ချီပင်လယ်ထဲမှာ ဝိညာဉ်စွမ်းအား အစပေါင်း ဆယ်ဂဏန်းလောက် ပေါ်ထွက်နေပြီ"
ကျန်းဖန်သည် မိမိကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ခြင်းဖြင့် သူ၏ တန်းထျန်အတွင်းရှိ အခြေအနေကို အာရုံခံကြည့်လိုက်သည်။
ယေဘုယျအားဖြင့်ဆိုလျှင် သိုင်းပညာ အရှင်သခင် တစ်ယောက်သည် မူလအဆင့်သို့ တက်လှမ်းသောအခါ ဝိညာဉ်စွမ်းအား အစလေး နှစ်ခု သို့မဟုတ် သုံးခုခန့်သာ ထွက်ပေါ်လေ့ရှိ၏။ ၎င်းကိုပင် အလွန် ထူးခြားလှသည်ဟု ဆိုရပေမည်။
မည်သို့ပင်ဆိုစေ ဝိညာဉ်စွမ်းအား ပမာဏမှာ အရှင်သခင်အဆင့်တွင် ရှိခဲ့သော မူလ ချီစွမ်းအား ပမာဏနှင့် သက်ဆိုင်နေသောကြောင့်ပင်။
ချီစွမ်းအား များလေလေ၊ ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်မှု ပိုများလေလေ ဖြစ်သည်။
'မြွေပျံကျင့်စဉ်' ကို လေ့ကျင့်ထားသော ကျန်းဖန်အနေဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ များပြားလှသော ချီစွမ်းအားများ ရှိခဲ့သည်။
မူလအဆင့်သို့ တက်လှမ်းပြီးနောက် ထိုများပြားလှသော ချီစွမ်းအားများသည် ဝိညာဉ်စွမ်းအားအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည့် အတွက် အနည်းဆုံး ဆယ်ဂဏန်းခန့် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် အစကတည်းက အခြားသော မူလအဆင့်သိုင်းပညာရှင်များထက် သာလွန်နေသည်ဟု ဆိုရပေမည်။
သေချာသည်မှာ ဝိညာဉ်အာရုံနှင့် ဝိညာဉ်စွမ်းအားတို့သည် ကျင့်ကြံသူများ၏ စံနှုန်းများ ဖြစ်ကြသည်။
ယခင်က သူ ရရှိခဲ့သော သိုလှောင်အိတ် နှင့် ဝိညာဉ်သိုလှောင်လက်စွပ်တို့ကို သာမန်လူများ ဖွင့်၍ မရခြင်းမှာ ဝိညာဉ်အာရုံနှင့် ဝိညာဉ်စွမ်းအား မရှိသောကြောင့်ပင်။
ထို့ကြောင့် သာမန်လူများအနေဖြင့် မသေမျိုး ရတနာများကို ရရှိလျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်။ သူတို့မှာ ဘာမှ မတတ်နိုင်ဘဲ ဒီအတိုင်း ငေးကြည့်နေရုံသာ ရှိတော့သည်။
"နေဦး... ဒါက ကမ္ဘာကြီးထဲ ပျံ့နှံ့နေတဲ့ ဝိညာဉ်ချီတွေလား"
ထိုအခိုက်အတန့်တွင် ကျန်းဖန်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ သူသည် ဝိညာဉ်အာရုံ စွမ်းအားကို လှုပ်ရှားစေကာ သူ၏ ပတ်ဝန်းကျင်ရှိ သဘာဝလောကကို စတင် အာရုံခံကြည့်လိုက်သည်။
ရုတ်တရက် သူသည် ကမ္ဘာကြီးအတွင်း၌ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီ အစအနလေးများကို တွေ့ရှိလိုက်ရသည်။
အကယ်၍ သူသာ ဝိညာဉ်အမြစ်ကို ပျိုးထောင်နိုင်ခြင်း မရှိခဲ့ပါက ဝိညာဉ်ချီ တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ပေ။ အာရုံခံနိုင်လျှင်ပင် ၎င်းကို စုပ်ယူပြီး အသုံးချနိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် သူသည် စိတ်ကူးလိုက်ရုံမျှဖြင့် ကောင်းကင်နှင့် မြေကြီးအကြားရှိ ဝိညာဉ်ချီ တစ်စက်ကို ဖမ်းယူနိုင်သည်ဟု ခံစားလိုက်ရသည်။
ထိုဝိညာဉ်ချီစက်မှာ ဝိညာဉ်အမြစ်မှတစ်ဆင့် ဝါးမြိုခြင်း ခံလိုက်ရပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ဝိညာဉ်စွမ်းအားအဖြစ် လျင်မြန်စွာ သန့်စင်သွားခဲ့လေသည်။
သို့သော် ဝါးမြိုလိုက်ရသော ဝိညာဉ်ချီမှာ အလွန် နည်းပါးလှသဖြင့်၊ ပြောင်းလဲသွားသော ဝိညာဉ်စွမ်းအားမှာလည်း အလွန်တရာ အရေးမပါလှပေ။
"ဒါကြောင့်မို့လို့ ဒါကို လူ့လောကလို့ ခေါ်တာကိုး၊ ကျင့်ကြံသူတွေရဲ့ အရိပ်အယောင် လုံးဝ မရှိတာ မဆန်းပါဘူး။"
"ဒီမှာရှိတဲ့ ဝိညာဉ်ချီတွေက အရမ်း ပါးလွှာလွန်းတယ်။"
"မဟာပါရမီရှင် ကျင့်ကြံသူတစ်ဦး ဒီကို ရောက်လာရင်တောင်မှ၊ သူတို့ရဲ့ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။"
"ဒါကြောင့်လည်း ဝေဝေက အခုထိ ကျင့်ကြံခြင်းကို မစတင်နိုင်ဘဲ၊ ချီစွမ်းအားကို ခန္ဓာကိုယ်ထဲ သွင်းယူဖို့ ခက်ခဲနေရတာပေါ့။"
ကျန်းဖန်သည် ဤလောကတွင် ကျင့်ကြံရခြင်း၏ ခက်ခဲမှုကို အာရုံခံလိုက်မိသည်။
အကယ်၍ များပြားလှသော ဝိညာဉ်ချီများကို ဝါးမြိုနိုင်ခြင်း မရှိပါက၊ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားမှာလည်း ကြီးထွားလာမည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ ကျင့်ကြံမှုမှာလည်း လျင်မြန်စွာ တိုးတက်လာမည် မဟုတ်ဘဲ၊ နောက်ဆုံးတွင် ဤအဆင့်မှာပင် ပိတ်မိနေကာ အောင်မြင်မှုကို ရရှိနိုင်တော့မည် မဟုတ်ချေ။
အကယ်၍ ထပ်မံ၍ တိုးတက်လိုပါက ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ရန် လိုအပ်ဆဲပင် ဖြစ်သည်။
"'မြွေပျံကျင့်စဉ်' ကတော့ အထွတ်အထိပ် အဆင့်ကို ရောက်သွားပြီ။"
"ဆက်ပြီး ကျင့်ကြံဖို့ဆိုရင် ကျင့်ကြံခြင်း ကျင့်စဉ်တွေဆီကို ပြောင်းလဲမှရတော့မယ်။"
"အခု ငါ့မှာ ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခု ရထားပေမယ့်၊ အဲ့ဒါတွေက သာမန်ပဲလို့ ခံစားရတယ်။"
"ခဏလောက် စောင့်ပြီးမှ မသေမျိုး ဂူနန်းတော်ရဲ့ အမွေအနှစ်ကို အရင် ရအောင် ယူလိုက်မယ်လေ။ အဲ့ဒါက ပိုကောင်းလောက်မယ်။"
ကျန်းဖန်သည် စဉ်းစားခန်း ဝင်နေမိသည်။
အကယ်၍သာ သူ ပဉ္စမအဆင့် အခွင့်အရေးကို မရရှိခဲ့ပါက၊ ယခုရရှိထားသော ကျင့်ကြံခြင်း ကျင့်စဉ် နှစ်ခုကိုသာ ကျင့်ကြံမိပေလိမ့်မည်။
သို့သော် ယခုမူ ပဉ္စမအဆင့် အခွင့်အရေး ရရှိထားပြီး ပိုမိုကောင်းမွန်သော ကျင့်စဉ်များကို ရရှိနိုင်မည့် အခွင့်အလမ်း ရှိနေသဖြင့်၊ သူ ခဏမျှ စောင့်ဆိုင်းနိုင်ပေသည်။ မည်သို့ဆိုစေ နောက်ထပ် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်မျှသာ လိုသည်ဖြစ်ရာ သူ အလျင်စလို မလုပ်လိုပေ။
ကျင့်ကြံသူများအတွက် အုတ်မြစ်ခိုင်မာမှုမှာ အလွန်တရာ အရေးကြီးလှသည်။ ရှေးဦးစွာ စတင်နိုင်သူက အမြဲတမ်း ဦးဆောင်နေမည် ဖြစ်သည်။
အဆင့်မြင့် ကျင့်စဉ်များသည် အဆင့်နိမ့် ကျင့်စဉ်များထက် သာလွန်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်အမြစ်က ဘယ်အဆင့် ရှိလောက်လဲ"
"အဆင့်နိမ့်လား၊ အလယ်အလတ်လား၊ ဒါမှမဟုတ် အဆင့်မြင့် ဝိညာဉ်အမြစ်လား"
ကျန်းဖန်မှာ အတော်လေး စိတ်ဝင်စားနေမိသည်။
မည်သို့ပင်ဆိုစေ သူ၏ ဝိညာဉ်အမြစ် အဆင့်အတန်းသည် သူ၏ အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ဝိညာဉ်အမြစ် အဆင့် မြင့်လေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။ ကောင်းမွန်လှသော စွမ်းရည်ကို မည်သူက မလိုချင်ဘဲ ရှိပါမည်နည်း။
သို့သော် သူ ခံစားရသည်မှာ၊ 'မြွေပျံကျင့်စဉ်' ကို အပြည့်အဝ တတ်မြောက်ထားပြီး ကံကောင်းခြင်းအမှတ်များ၏ အကူအညီကိုလည်း ရရှိထားသဖြင့်၊ သူ၏ ဝိညာဉ်အမြစ် စွမ်းရည်မှာလည်း အလွန်အမင်း ညံ့ဖျင်းနေလိမ့်မည် မဟုတ်ဟု ထင်မိသည်။
"ဟုတ်သားပဲ... လျှို့ဝှက်ဇယားကွက်မှာ ငါ့ရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားသင့်တယ်"
ရုတ်တရက် ကျန်းဖန်မှာ ဤအချက်ကို သတိရသွားသည်။ သူ၏ လျှို့ဝှက်ဇယားကွက်သည် သူနှင့် ပတ်သက်သော အချက်အလက် အမျိုးမျိုးကို ပြသနိုင်သဖြင့်၊ သူ၏ ဝိညာဉ်အမြစ် စွမ်းရည်ကိုလည်း ပြသနိုင်ပေလိမ့်မည်။