ဓားတာအိုပြိုင်ဘက်ကင်းအကြိုနတ်ဘုရား
Vol. 76 Ch. 1061
လီဖူချန်းက အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သောင်းသုံးသောင်းကို ပေးချေခဲ့တယ်။
ပထမ၊ သူ့မှာရှိသမျှအလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးခုနှစ်သောင်းက ချက်ချင်း ပြောင်သလင်းခါသွားတယ်။
ဒုတိယ၊ ကြည်လင်နှလုံးသားခန်းမရဲ့လေလံခန်းမထဲမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးဖလှယ်နှုန်းက ၁၄:၁ဖြစ်တယ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးအတွက် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးဆယ့်လေးတုံးလိုအပ်တယ်။ ဒါကို တွက်ချက်ပြီးနောက် ကျန်ရှိနေတဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးခြောက်သောင်းအတွက် လီဖူချန်းက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးရှစ်သိန်းလေးသောင်းပေးခဲ့ရတယ်။
အခုဆိုရင် လီဖူချန်းမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးသိန်းအနည်းငယ်၊ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးနှစ်ထောင်နဲ့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးသုံးဆယ်သာ ကျန်တော့တယ်။ သူ့ရဲ့ကြွယ်ဝမှုက ကုန်လုနီးပါးပါပဲ။
ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက တကယ်ကို အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ လီဖူချန်း အဲဒါကို ရရှိတာနဲ့ ထက်ရှတဲ့ဓားချီတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းလာတာကို သူက ချက်ချင်းခံစားမိတယ်။
ဓားချီရဲ့ပြင်းထန်မှုက လီဖူချန်းဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့အရာတစ်ခုပဲ။
ဓားချီရဲ့သန့်စင်မှုကလဲ လီဖူချန်းဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့အရာတစ်ခုပဲ။
တစ်ချိန်တည်းမှာ ဓားချီမှာ လီဖူချန်းကိုမူးယစ်စေတဲ့ဓားတာအိုတည်ရှိမှုတစ်ခုပါဝင်တယ်။
ဒီဓားတာအိုတည်ရှိမှုက စကြာဝဠာကို ကျော်လွန်
နေတာ သိသာတယ်။
"ဓားကောင်းပဲ"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
ဓားတာအိုက တကယ်တော့ သူလိုက်ဖမ်းနေတဲ့တာအိုပါပဲ။ သူ ဓားကို ရရှိတဲ့အခိုက်မှာ သူ့ရဲ့ဓားတာအိုအဆင့်က ဖြေလျော့လာတာကို ခံစားမိတယ်။
သူ့ရဲ့ဓားတာအိုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိပြီးသားဖြစ်တယ်။ အဲဒါက ထပ်မံတိုးတက်လာရင် သူ့စကြာဝဠာရဲ့ဓားတာအိုကို သေချာပေါက် ဖြတ်ကျော်ပါလိမ့်မယ်။
"ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို လေလံတင်တာ အံ့ဩစရာမရှိဘူးပဲ"
မကြာမီမှာပဲ လီဖူချန်းရဲ့မျက်လုံးတွေက မည်းမှောင်သွားတယ်။
မြစ်ကိုးခုဂိုဏ်းရဲ့ကောင်းကင်ဘုံကံကြမ္မာဒိုင်းလိုပဲ၊ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားမှာလဲ ဝိညာဉ်အမှတ်အသားတစ်ခုရှိတယ်။
ဒါ့ပြင် ဒီဝိညာဉ်ချိတ်ပိတ်က ပိုကြမ်းတမ်းတယ်။ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့အတူ ဒီဝိညာဉ်ချိတ်ပိတ်က ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကိုင်ဆောင်သူရဲ့စိတ်တန်ခိုးစွမ်းအားကို လွှမ်းမိုးနိုင်တာကို အလွယ်တကူမြင်နိုင်တယ်။ ဒါက ကောင်းကင်ဘုံကံကြမ္မာဒိုင်းရဲ့ဝိညာဉ်ချိတ်ပိတ်လောက် မရိုးရှင်းပါဘူး။
လီဖူချန်းရဲ့ဝိညာဉ်တာအိုကျွမ်းကျင်မှုက မမြင့်မားပေမယ့် ဝိညာဉ်တာအိုနည်းလမ်းအားလုံးက သူ့ရှေ့မှာ လှည့်ကွက်တွေသာသာဖြစ်ပြီး အလွယ်တကူပျက်ပြယ်စေနိုင်တယ်။
လေလံပွဲပြီးဆုံးသွားပြီးနောက် လီဖူချန်းကို အဖွဲ့သုံးဖွဲ့လေးဖွဲ့လောက်က အနည်းဆုံးပစ်မှတ်ထားလိုက်တယ်။
လီဖူချန်းက ဂရုမစိုက်ပါဘူး။
နတ်ဘုရားစစ်မြေပြင်မှာ ပစ်မှတ်ထားတာကို ရှောင်ရှားဖို့က မဖြစ်နိုင်ဘူးလေ။
သူ့ကို ဖော်ပြစရာမလိုပါဘူး၊ ဂိုဏ်းကြီးအချို့ရဲ့ခေါင်းဆောင်တွေနဲ့မြို့ကောင်စီရဲ့စီနီယာဗိုလ်ချုပ်တွေတောင် ရံဖန်ရံခါမှာ အသတ်ခံရလေ့ရှိတယ်။
သူ့ရဲ့ခြံဝင်းဆီ ပြန်လာပြီးနောက် လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားရဲ့အသိအမှတ်ပြုခြင်းကို ချက်ချင်း လက်ခံလိုက်တယ်။
ခြံဝင်းအထက်ကောင်းကင်မှာ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက လှုပ်ယမ်းနေတယ်။ အာရုဏ်ဦးနဲ့တူတဲ့ဓားအလင်းတစ်ခုက လီဖူချန်းအပေါ် ချက်ချင်း ကျရောက်လာတယ်။
တစ်ဆက်တည်းမှာပဲ လီဖူချန်းရဲ့ဓားတာအိုစွမ်းအားက စတင်ပြောင်းလဲလာတယ်။
၎င်းက ပိုမိုထူးကဲတဲ့လွှမ်းမိုးကြီးစိုးတဲ့ဆန်းကြယ်တဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲလာတယ်။
တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ပုံရိပ်က လွင့်မျောလာတယ်။ သူ့ရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက သာမန်အကြိုနတ်ဘုရားမှ အထွတ်အထိပ်အကြိုနတ်ဘုရားအဖြစ် ဆင့်ကဲပြောင်းလဲလာပြီး တိုးမြှင့်လာနေတုန်းပါပဲ။
နောက်ဆုံးမှာ လီဖူချန်းက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်ကို ရောက်ရှိလာတယ်။ ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက မီးတာအိုအကြိုနတ်ဘုရားစွမ်းအားထက် မနိမ့်ကျတော့တဲ့အခါ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက ၎င်းရဲ့ဓားအလင်းဖြာထွက်မှုကို ရုတ်သိမ်းကာ ပုံမှန်ပြန်ဖြစ်လာတယ်။
"ဒါကလဲ အကြိုနတ်ဘုရားစွမ်းအားတစ်ခုပဲ၊ ဒါပေမယ့် ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက ပိုကျွမ်းဝင်တယ်"
သူ့ခန္ဓာကိုယ်ထဲရှိဓားတာအိုအကြိုနတ်ဘုရားစွမ်းအားကို အာရုံခံမိသွားပြီး သူက ကမ္ဘာရှိအတားအဆီးအားလုံးကိုအလွယ်တကူချိုးဖြတ်နိုင်တဲ့ထူးကဲတဲ့နတ်ဘုရားဓားတစ်လက်ဖြစ်လာသလို လီဖူချန်းက ခံစားရတယ်။
သူ့ရဲ့ဓားတာအိုတိုက်ခိုက်ရေးစွမ်းအားက သူ့ရဲ့မီးတာအိုတိုက်ခိုက်ရေးစွမ်းအားထက် သေချာပေါက်ပိုမြင့်တယ်ဆိုတာ လီဖူချန်းက သေချာတယ်။ သူက အခြားကဏ္ဍတွေမှာသာ ပိုနိမ့်ကျတယ်လို့ သူ ယူဆတယ်။
"ရှေးဟောင်းမီးဖိုမြို့ဆီသို့ဒီခရီးက တကယ်ကို အကျိုးများတာပဲ"
ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ဓားအိမ်ထဲသို့ ထည့်ပြီး ဓားချီကို ရုတ်သိမ်းပြီးနောက် လီဖူချန်းက မြေပြင်ပေါ်သို့ ဆင်းသက်ကာ ပြုံးလိုက်တယ်။
ရှေးဟောင်းမီးဖိုမြို့ခရီးမှာ သူက ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့စတုတ္ထမြောက်အပိုင်းဖြစ်တဲ့ကြက်သွေးရောင်မီးလျှံခမောက်ကို ရရှိရုံတင်မက သူက အဆင်၁အထွတ်အထိပ်အကြိုနတ်ဘုရားလက်နက်တစ်ခုဖြစ်တဲ့ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကိုလဲ ရရှိခဲ့တယ်။ ပစ္စည်းနှစ်မျိုးလုံးက သူ့ရဲ့ခွန်အားကို အကြီးအကျယ်တိုးစေတယ်၊ အထူးသဖြင့် ကြက်သွေးရောင်မီးလျှံခမောက်ပဲ။ အဲဒါက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို စိတ်ကူးမယဉ်နိုင်လောက်တဲ့အဆင့်အထိ ရောက်စေခဲ့တယ်။ သူက လွှမ်းမိုးခြင်းရေကန်နတ်ဘုရားနဲ့ ထပ်တွေ့ရရင် လီဖူချန်းက အပြန်အလှန်တိုက်ခိုက်နိုင်ပါတယ်။
"ငါ ထွက်သွားဖို့ အလျင်လိုစရာမလိုဘူး။ အခုမှ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ရတာဆိုတော့ လေ့လာဖို့အချိန်မရှိခဲ့ဘူး။ ဘယ်လိုဓားတာအိုအမျိုးအစားက အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားလက်နက်တစ်ခုမှာ ပါသလဲကို ငါ ကြည့်ရမယ်"
စကြာဝဠာရဲ့ဓားတာအိုဥပဒေသနဲ့နတ်ဘုရားစစ်မြေပြင်ရဲ့ဓားတာအိုဥပဒေသက လုံးဝမဆက်စပ်ဘူးဆိုတာ ပြောဖို့ လက်တွေ့မကျပါဘူး။ ဒါပေမယ့် နှစ်ခုကြားမှာ ပိုင်းခြားတဲ့စည်းတစ်ခုရှိပုံရတယ်။
လီဖူချန်းက ပိုင်းခြားတဲ့စည်းပေါ်မှာ သေချာပေါက် ခြေချနေတာပဲ။ အခုဆိုရင် သူက ဒီပိုင်းခြားတဲ့စည်းကိုဖြတ်ဖို့ တောင်တွေမြစ်တွေကို ဖြတ်သန်းကာ သွားလာရပါမယ်။
ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက ဖြစ်စဉ်ကို သေချာပေါက် မြန်ဆန်စေနိုင်ပါလိမ့်မယ်။
"ခုတ်ချက်..."
နောက်နှစ်ဒါဇင်အနည်းငယ်မှာ......
လီဖူချန်းက သူ့ရဲ့ဓားလက်ချောင်းကို ခြံဝင်းအထက်ကောင်းကင်သို့ ထိုးလိုက်တယ်။
ဝှစ်......
ဓားဒဏ်ရာတစ်ခုက ချက်ချင်းထွက်ပေါ်လာပြီး ထိတ်လန့်စရာကောင်းတယ်။
"ဒီလိုကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသ"
နှစ်ဒါဇင်အနည်းငယ်ကျင့်ကြံပြီးနောက် လီဖူချန်းရဲ့ဓားတာအိုက အဟန့်အတားတွေကို သေချာပေါက် ချိုးဖြတ်သွားပြီး အဆင့်ပိုမြင့်မားတဲ့ဓားတာအိုဥပဒေသအရိပ်အယောင်တစ်ခု ပါဝင်တယ်။
ဒါက အရိပ်အယောင်တစ်ခုမျှဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားတိုးလာမှုက မသိသာပေမယ့် မတူညီတဲ့ခံစားချက်တစ်ခုကို ပေးတယ်။
နတ်ဘုရားစစ်မြေပြင်တစ်လုံးမှာ ဒီလိုအချိန်တိုအတွင်း ချိုးဖြတ်နိုင်တာ လီဖူချန်းတစ်ယောက်ပဲ ရှိတယ်။
အရာအားလုံးက အစမှာတော့ ခက်ခဲတာပဲ။ အဆင့်ပိုမြင့်မားတဲ့မဟာတာအိုဥပဒေသကို နားလည်ခြင်းက နတ်ဘုရားနယ်ပယ်သို့သွားရာလမ်းကြောင်းဖြစ်တယ်။
"အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့ဆုံဖို့ အချိန်ပဲ"
လီဖူချန်းက ခြံဝင်းတံခါးကို တွန်းဖွင့်ကာ ရှေးဟောင်းမီးဖိုမြို့မှ ထွက်လာတယ်။
"သူ မြို့က ထွက်သွားပြီ"
"သူ သေချင်လို့ မြို့က ထွက်သွားတာများလား"
"ဒါ တကယ်ထူးဆန်းတယ်။ လက်ရှိမှာ သူ့ကို သွားခွင့်မပြုတဲ့ဂိုဏ်းသုံးဂိုဏ်းအနည်းဆုံးရှိတယ်။ သူ့ကို စောင့်ကြည့်နေတဲ့ဂိုဏ်းခုနှစ်ဂိုဏ်းအနည်းဆုံးရှိတာ"
"သူ့မှာ ထွက်ပြေးဖို့ နည်းလမ်းတစ်ခုရှိပုံပဲ"
"လိုက်ကြည့်ရအောင်"
ဂိုဏ်းဘယ်လောက်တောင် မြို့က ထွက်လာသလဲကို မသိတော့ပါဘူး။
"လူတော်တော်များတာပဲ"
မြို့က ထွက်ပြီးနောက် လီဖူချန်းက မီးလျှံတောင်ပံတစ်စုံကို ဆန့်ထုတ်လိုက်တယ်။
ရွှမ်း.......
မီးလျှံတစ်ခုအဖြစ်သို့ ပြောင်းပြီးနောက် လီဖူချန်းက ချက်ချင်းပြောင်းကွယ်သွားပြီး ကောင်းကင်သို့ တစ်ဟုန်ထိုးတက်သွားတယ်။
"သူချ ထွက်ပြေးင်နေတာပဲ၊ သူ့နောက်ကိုလိုက်"
ကြီးမားတဲ့လူအရေအတွက်တစ်ခုက သူ့နောက်ကို လိုက်လာတယ်။
လီဖူချန်းက အရူးတစ်ယောက်မဟုတ်ဘူး။ သူက ဒိီပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေနဲ့ တွေ့ချင်ပေမယ့် သူတို့တစ်ဖွဲ့လုံးကို တိုက်ခိုက်ချင်တယ်လို့တော့ မဆိုလိုပါဘူး။ သူ ဘယ်လောက်ပဲ သန်မာသန်မာ ပြဿနာမရှိဘူး၊ သူက အထွတ်အထိပ်အဆင့်နဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားရာကျော်ကို ရင်ဆိုင်ရရင် သေချာပေါက်သေရလိမ့်မယ်။ ဒါကြောင့် လူကိုးဆယ်ရာခိုင်နှုန်းကို အရင်ဖယ်ရှားတာ အကောင်းဆုံးပါပဲ။
လီဖူချန်းရဲ့အရှိန်က မြန်လွန်းတယ်။ အနည်းငယ်ကလွဲပြီး လူတိုင်းကို ချက်ချင်းဖယ်ရှားလိုက်တယ်။
"ဟင်းလင်းပြင်ဖိနှိပ်ခြင်းကျားအဆောင်"
သူက လီဖူချန်းနဲ့ မနီးကပ်နိုင်တာကို မြင်ပြီး ကောင်းကင်ဘုံကျားဓားနတ်ဘုရားက သူ့ရဲ့နေရာလပ်လက်စွပ်မှ ကျားအဆောင်တစ်ခုကို ယူထုတ်ပြီး လီဖူချန်းထံ ပစ်လိုက်တယ်။
ထို့နောက် ပုံရိပ်ယောင်ကျားတစ်ကောင်က ချက်ချင်းထွက်လာပြီး ကောင်းကင်သို့ ဟိန်းဟောက်လိုက်တယ်။ ဟင်းလင်းပြင်က ချက်ချင်းရပ်သွားတယ်။
"မင်း ဘယ်လိုထွက်ပြေးမလဲ ကြည့်ရတာပေါ့"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက ရယ်လိုက်တယ်။
သူက အရူးတစ်ယောက်မဟုတ်ဘူး၊ လီဖူချန်းထွက်ပြေးတာကို သေချာပေါက် တားဆီးရမယ်။ ဒါကြောင့် သူက ဟင်းလင်းပြင်တာအိုအထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ဟင်းလင်းပြင်ဖိနှိပ်ခြင်းကျားအဆောင်ကို ထုတ်လိုက်တယ်။
ဒီဟင်းလင်းပြင်ဖိနှိပ်ခြင်းကျားအဆောင်နဲ့ဆိုရင် သူက ဟင်းလင်းပြင်ရဲ့ကြီးမားတဲ့ဧရိယာတစ်ခုကို အလွယ်တကူဖိနှိပ်နိုင်ပြီး ရန်သူတွေ ထွက်ပြေးရာမှာ ကာကွယ်နိုင်တယ်။
"ဟင်းလင်းပြင်တာအိုအထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတဲ့လား"
လီဖူချန်းက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ပဲ။ ရန်သူက နေရာလပ်-အချိန်တာအိုပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မဟုတ်ရင် သူ့ကို ရပ်တန့်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူ့ကို နှေးကွေးအောင် လုပ်ဖို့တော့ ဖြစ်နိုင်ပါသေးတယ်။
ကြိုတင်သိထားရမှာကတော့ လီဖူချန်းက ပြိုင်ဘက်ကင်းမီးတာအိုအကြိုနတ်ဘုရားတစ်ယောက်ဆိုလဲ ဟုတ်ပါတယ်။
နေရာလပ်-အချိန်အကြိုနတ်ဘုရားစွမ်းအားကို အသက်သွင်းပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး ဟင်းလင်းပြင်ဖိနှိပ်ခြင်းကျားအဆောင်မှ ချက်ချင်း လွတ်မြောက်သွားတယ်။
"နေရာလပ်-အချိန်တာအိုအထွတ်အထိပ်အကြိုနတ်ဘုရားလား"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားရဲ့မျက်လုံးတွေက မည်းမှောင်သွားတယ်။
ရှေးဟောင်းမီးဖိုမြို့တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားနဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေများစွာရှိတယ်။ ဒါပေမယ့် နေရာလပ်-အချိန်တာအိုအထွတ်အထိပ်အကြိုနတ်ဘုရားအနည်းငယ်ပဲရှိတယ်။ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်တစ်လေတောင် မရှိပါဘူး။
"ဝိညာဉ်ဖမ်းကြိုး"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက လီဖူချန်းကို မတားနိုင်ခဲ့ပါဘူး။ နတ်ဆိုးမျိုးလုံးဓားနတ်ဘုရားက ချက်ချင်းလှုပ်ရှားလိုက်တယ်။ သူ့လက်ထဲမှာ ကြိုးတစ်ချောင်းထွက်ပေါ်လာတယ်။ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို အသက်သွင်းလိုက်တာကြောင့် ကြိုးက ဧရာမမြွေတစ်ကောင်ပမာ အဆမရေမတွက်များစွာချက်ချင်းကြီးထွားလာတယ်။ အဲဒါက လီဖူချန်းကို ကိုက်ဖို့ ကြိုးစားလိုက်တယ်။
ဝိညာဉ်ဖမ်းကြိုးက ဖမ်းဆီးခြင်းအမျိုးအစားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ နတ်ဆိုးမျက်လုံးဓားနတ်ဘုရားရဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားစွမ်းအားနဲ့အတူ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအများစုကို ဖမ်းဖို့ လုံလောက်တယ်။
"အချိန်ကျပြီ။ နေရာလပ်-အချိန်လွန်းပြန်ယာဉ်"
လီဖူချန်းက ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ရဲ့စွမ်းရည်ကို အသက်သွင်းလိုက်တယ်။ ကောင်းကင်မှာ လီဖူချန်းတွေ အဆုံးမဲ့ဖြစ်တည်လာတယ်။
ဝုန်း ဒုန်း......
ဝိညာဉ်ဖမ်းကြိုးက အံ့မခန်းဖြစ်ပေမယ့် တံလျှပ်အားလုံးကို ချက်ချင်းမဖျက်ဆီးနိုင်ပါဘူး။
"တစ္ဆေနတ်ဘုရားပျံသန်းဓား"
.
ကောင်းကင်ဘုံကျားဓားနတ်ဘုရားနဲ့နတ်ဆိုးမျက်လုံးဓားနတ်ဘုရားတို့က လီဖူချန်းကို ဘာမှမလုပ်နိုင်တာကို မြင်ပြီး တစ္ဆေနတ်ဘုရားက ထောင်ချောက်အမျိုးအစားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို မယူထုတ်တော့ဘူး။ အဲ့အစား၊ သူက တစ္ဆေနတ်ဘုရားပျံသန်းဓားကို ယူထုတ်ကာ အပေါ်သို့ ခြေချလိုက်တယ်။
ရွှမ်း.......
တစ္ဆေနတ်ဘုရားပျံသန်းဓားက အဆင့်၂အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ပျံသန်းရေးဓားတစ်လက်လဲဖြစ်တယ်။ ၎င်းက မယုံနိုင်လောက်အောင်မြန်ပြီး တစ္ဆေနတ်ဘုရားက ခြေချလိုက်တဲ့အခါ ၎င်းရဲ့မြန်နှုန်းက နှစ်ဆဖြစ်လာတယ်။ သူက လီဖူချန်းနဲ့သူ့ကြားအကွာအဝေးကို လျင်မြန်စွာ နီးကပ်စေခဲ့တယ်။
ဒါပေမယ့် အဓိကကတော့ လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုခဲ့လို့ပဲ။ သို့မဟုတ်ရင် သူ့ရဲ့အရှိန်က ပိုတောင်မြန်ပါလိမ့်မယ်။
"အချိန်ကျပြီ"
လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ပေါက်ကွဲထွက်စေလိုက်တယ်။ ထိုသုံးယောက်နောက်မှ သင်္ဘောကြီးသုံးစင်းက အလွန်အမင်းအရှိန်နဲ့ လိုက်လာနေတာကို သူက မြင်လိုက်ရတယ်။
သင်္ဘောအမျိုးအစားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကတောင် အနှီသုံးယောက်ရဲ့မြန်နှုန်းကို လိုက်မီနိုင်မှာမဟုတ်မှန်း သိသာတယ်။
ထိုသုံးယောက်ကို လိုက်မီဖို့အတွက် အချိန်အချို့လိုအုံးမယ်လို့ လီဖူချန်းက ယူဆထားတယ်။
ဒါက သူ့အနေနဲ့ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲဖို့ လုံလောက်တယ်။
ဒါကို စဉ်းစားမိပြီး လီဖူချန်းက အရှိန်ကို လျှော့ချလိုက်တယ်။
"ဘာဖြစ်တာလဲ"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက တွေဝေသွားတယ်၊ သူက ချက်ချင်း မလှုပ်ရှားခဲ့ပါဘူး။
အရိုးသားဆုံးပြောရရင် သူက လီဖူချန်းနဲ့ တစ်ယောက်ချင်းစီတိုက်ခိုက်ဖို့ ယုံကြည်ချက်မရှိပါဘူး။
"နတ်ဆိုးမျက်လုံး-သတ်ဖြတ်သူဓား"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက မလှုပ်ရှားခဲ့ပေမယ့် နတ်ဆိုးမျက်လုံးဓားနတ်ဘုရားက လှုပ်ရှားခဲ့တယ်။
သူ့ခေါင်းအထက်ကောင်းကင်မှာ ဧရာမအမှောင်နဲ့ဖရိုဖရဲမျက်လုံးတစ်လုံးက ထွက်ပေါ်လာတယ်။ ပြီးနောက် အဆုံးမဲ့ဓားအလင်းတွေက ချက်ချင်း ပေါက်ကွဲထွက်လာတယ်။
"မီးတာအိုကောင်းကင်ဘုံကိုးခု"
လီဖူချန်းက လက်သီးတစ်ချက်ထုတ်ဖော်လိုက်တယ်။ မီးလျှံလက်သီးက ထောပတ်ကိုဖြတ်သွားတဲ့ပူလောင်နေတဲ့ဓားတစ်လက်ပမာ အဆုံးမဲ့ဓားအလင်းတွေကို တစ်စစီဖြစ်သွားစေတယ်။
"အတူတိုက်ခိုက်ပြီး သူ့ကို အရင်သတ်ကြစို့"
လီဖူချန်းလှုပ်ရှားတာကို မြင်လိုက်တဲ့အခါ တစ်ယောက်ချင်းစီတိုက်ပွဲမှာ လီဖူချန်းကို သူ အနိုင်မယူနိုင်မှန်း တစ္ဆေဓားနတ်ဘုရားက သိလိုက်တယ်။ ဒါကြောင့် သူလဲပဲ လှုပ်ရှားလိုက်တယ်။
ရွှမ်း ရွှမ်း ရွှမ်း......
သူ့ခြေထောက်အောက်ရှိတစ္ဆေဓားနတ်ဘုရားပျံသန်းဓားက အဆုံးမဲ့အနက်ရောင်ဓားချီတွေကို ထုတ်လွှတ်ကာ လီဖူဖျန်းကို ပစ်ခတ်လိုက်တယ်။
"အမှောင်လှည့်လည်ကောင်းကင်ဘုံကျားလျှို့ဝှက်ဓား"
ကောင်းကင်ဘုံကျားဓားနတ်ဘုရားက သူ့လက်နှစ်ဖက်လုံးရှိဓားကို မြှောက်ကာ ဒေါင်လိုက်ခုတ်ပိုင်းချလိုက်တယ်။ ကျားဟိန်းသံက မြည်ဟည်းလာပြီး ကြောက်စရာကောင်းတဲ့ဓားအလင်းက ကျားတစ်ကောင်အဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီ တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။