← Chapters

အခန်း (၇၀၅-၇၀၆)

Vol. 45 Ch. 705-706

အခန်း (၇၀၅-၇၀၆)

Vol. 45 Ch. 705-706

အပိုင်း (၇၀၅)

“ရှမ့်လန်” ချောင်အိမ်ရှေ့စံက ပြော၏။

နင်ချီက ပြောလိုက်သည်။ “ရှမ့်လန်က ပါရမီရှင်တစ်ယောက်ပဲ။ သူက အရာအားလုံး နီးပါးကို လုပ်နိုင်တယ်။ ဒါပေမဲ့ သူ အခု မလုပ်နိုင်ဘူး။ သူက ရွှဲ့ပြည်နယ် အန္တရာယ်ရှိတဲ့ အခြေအနေကို မပြောင်းလဲနိုင်ဘူး။ ဉာဏ်ရည်စွမ်းအားဆိုတာ အကန့်အသတ်ရှိတယ်။

ပြီးတော့ သူ့မှာ ရည်မှန်းချက်မရှိဘူး။ သူက သူ့ကိုသူပဲ ဂရုစိုက်တယ်။ နိုင်ငံတစ်ခု မနက်ဖြန် ဒါမှမဟုတ် သဘက်ခါ ဘာဖြစ်မလဲဆိုတာ သူ ဂရုမစိုက်ဘူး။ ဒါကြောင့် သူက တော်ဝင်ရန်အင်ပါယာကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ အလှမ်းဝေးလွန်းတယ်။ သူက ရွှဲ့ပြည်နယ်ကိုလည်း မကယ်တင်နိုင်ဘူး။”

ချောင်အိမ်ရှေ့စံက အချိန်တော်ကြာ တွေးဝေနေ၏။ ပြီးနောက် ပြောလိုက်၏။ “တော်ဝင်ရန်အင်ပါယာက အသက်ကြီးနေပြီ။ အိမ်ရှေ့စံထီးနန်းမတက်ခင် အကူးအပြောင်းကာလနဲ့ ကြားခံကာလဆိုတာ လိုအပ်နေ သေးတယ်။ ဒါက အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်။”

ဤအရာက ဖြစ်နိုင်ချေရှိသည့် ထွက်ပေါက်တစ်ခု ဖြစ်နိုင်သည်။

နင်ချီက ပြော၏။ “ပြောဖို့တော့ ခက်တယ်။ အစ်ကိုဝမ်... ဒီနေ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည်က ပြီးပြည့်စုံတယ်လို့ ကျုပ် ပြောနိုင်တယ်။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာရဲ့ အိမ်ရှေ့စံက ပိုပြီးတော့ ထူးခြားတယ်။ သူက ၁၅ နှစ်ကျော် အောက်ခြေသိမ်း စီမံခန့်ခွဲခဲ့ပြီးပြီ။

ကျုပ်မှာ နောက်ထပ် စိုးရိမ်ပူပန်စရာတစ်ခု ရှိနေတယ်။ အင်ပါယာအသစ်သာ ထီးနန်းတက်ခဲ့ရင် သူက သူ့ရဲ့ ဩဇာကို တည်ဆောက်လိမ့်မယ်။ တခြား လက်အောက်ခံပြည်နယ်တွေကို စံနမူနာပြလိမ့်မယ်။ အဲဒီအချိန် ကျရင် အင်ပါယာအသစ်ရဲ့ စံနမူနာကို ဘယ်သူ မခုခံနိုင်ဘူးလဲ။ မခုခံနိုင်တဲ့လူက ကံဆိုးသွားလိမ့်မယ်။

ကျုပ်က တခြားလူတွေကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ ရွှဲ့ပြည်နယ်ကတော့ ဦးဆောင်သူ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်ကျန်းသာ ထီးနန်းကို ဆက်ခံခဲ့ရင် သူက ဦးဆောင်သူ ဖြစ်လာမှာ သေချာတယ်။”

ထိုစကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပါယ်က ပိုမိုကာ နက်ရှိုင်း၏။ နင်ချီက အင်ပါယာအနောက်ကို လိုက်နာမှဖြစ်ပြီး ပုန်ကန်ရာ၌ ဦးဆောင်သူ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ဘယ်သူက ပထမဆုံး ပုန်ကန်သူ ဖြစ်မည်နည်း။ ဝူဘုရင်လား သို့မဟုတ် ချန်ဘုရင်လား သို့မဟုတ် လက်အောက်ခံ ပြည်နယ်ထဲတွင် အစွမ်းထက်ဆုံးဖြစ်သည့် ကျင်းဘုရင်လား။

နင်ချီက သူ၏ဆိုလိုရင်းကို မပြောသော်လည်း ထိုအရာကို ပီပြင်စွာဖြင့် ဖော်ပြခဲ့၏။ သူက အင်ပါယာ၏ စကားကို အရင်ဆုံး လိုက်နာရပေလိမ့်မည်။ သို့သော်ငြား တခြားပြည်နယ်တစ်ခုခုက ဦးဆောင်သည့်အချိန်၊ သို့မဟုတ် တခြားသော ပြည်နယ်အားလုံးက တော်ဝင်ရန်အင်ပါယာကို ပုန်ကန်သည့်အချိန်တွင် သူ၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ အားလုံးပုန်ကန်ချိန်ရောက်မှ သူလည်း ပုန်ကန်မည်ဟု ဆိုလိုခြင်းပင်။ လက်ရှိမှာတော့ သူက တော်ဝင်ရန်အင်ပါယာ၏ နောက်လိုက်စစ်စစ်ပင်။

နင်ချီက ပြော၏။ “အစ်ကိုဝမ်.. ချောင်ဘုရင်ရဲ့ဘေးမှာ ကိုယ်လုပ်တော်ရန်ရှိတယ်။ ပြီးတော့ ကျုပ်ရဲ့ဘေးမှာ ရွှယ်ရွှယ်ရှိတယ်။ အတိုင်းအတာတစ်ခုထိ ကျုပ်တို့ရဲ့ ကံကြမ္မာက အတူတူပဲ။ ကျုပ်တို့အပေါ် အင်ပါယာရဲ့ ထိုးဖောက်ဝင်ရောက်မှုက ကျုပ်တို့ စိတ်ကူးတွေးထင်ထားတာထက် အများကြီး ပိုပြီး နက်ရှိုင်းတယ်။”

ကျူးမျိုးနွယ်စုက တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ခံဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းကလည်း တော်ဝင်ရန်အင်ပါယာ၏ ဩဇာအာဏာ ဖြစ်၏။ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့က အပေါ်ယံတွင် သဘာဝလွန်အင်အားစုများ ဖြစ်ကြသော်လည်း သူတို့က လျှို့ဝှက်စွာပင် တော်ဝင်ရန်အင်ပါယာနှင့် နီးစပ်ကြ၏။ ကောင်းကင်ပင်လယ်နန်းဆောင်က အိမ်ရှေ့စံနင်ယီကို ထောက်ခံခဲ့ပြီး စေတီတောင်က တောင်ပင်လယ်ဂိုဏ်းမှတဆင့် နင်ချီကို ထောက်ခံခဲ့သည်။

“နွေးထွေးမှုလေးအတွက် တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လိုက်ရအောင် အစ်ကိုဝမ်ရာ။”

နင်ချီက ပြော၏။ “ဒီနောက်ပိုင်းမှာ ကျုပ်တို့နိုင်ငံနှစ်ခုလုံးက အနားယူရတော့မယ်။ ဒီလိုဆိုရင် အနာဂတ်မှာ အန္တရာယ်တွေနဲ့ အခွင့်အရေးတွေကို နှစ်ခုစလုံး ရင်ဆိုင်ရနိုင်လိမ့်မယ်။ ကျုပ်တို့ အခုလုပ်သင့်တာက ဆယ်စုနှစ် ဒါမှမဟုတ် ဒီထက်ပိုတဲ့အချိန်မှာ ရောက်လာမယ့် ဖျက်ဆီးခြင်းမုန်တိုင်းကို ရင်ဆိုင်ဖို့ အင်အားတွေ စုဆောင်းထားဖို့ပဲ။

ကျုပ်တို့ နှစ်နိုင်ငံကြားက စစ်ပွဲက အဓိပ္ပာယ်မဲ့ခဲ့ပြီ။ ထျန်းရှစ်စီရင်စုကို ခင်ဗျားဆီ လွှဲပြောင်းပေးလိုက်ရင် ဘာဖြစ်မလဲ။ ခင်ဗျားက တော်ဝင်ရန်အင်ပါယာကို အနိုင်ယူနိုင်မှာလား။ အဲအစား ခင်ဗျားက အင်ပါယာရဲ့ ဘေးရန်တစ်ခုပဲ ဖြစ်လာလိမ့်မယ်။”

ချောင်ဘုရင်သေဆုံးမှုက အဆိုးဆုံး သက်သေတစ်ခုပင်။ တခြားသော ပြည်နယ်များကို အားနည်းစေခြင်းက အင်ပါယာ၏ ဆန္ဒဖြစ်၏။ မည်သည့် မိသားစုမဆို ပိုမို အားကောင်းရန် ဆန္ဒရှိလာပါက အင်ပါယာသည် ပြင်းထန်သော ဖိနှိပ်မှုဖြင့် စတင်ကာ ဒုက္ခပေးပေလိမ့်မည်။

“ကျုပ် .. ကျုပ်ရဲ့နိုင်ငံကို တာဝန်ယူရမယ်။” ချောင်အိမ်ရှေ့စံက ပြော၏။

နင်ချီက ပြောသည်။ “နယ်မြေမိုင်နှစ်ရာကို ခင်ဗျားကို လွှဲပြောင်းပေးတာကို အောင်ပွဲလို့ သတ်မှတ်နိုင်တယ်။ အနည်းဆုံး ချောင်ပြည်နယ်မှာ ခင်ဗျားကို ဆန့်ကျင်နိုင်တဲ့ ညီအစ်ကိုတွေ မရှိတော့ဘူး။ ခင်ဗျားရဲ့ ထီးနန်းက လုံခြုံတယ်။”

ချောင်အိမ်ရှေ့စံက ပြော၏။ “ဒါဆိုရင် ခင်ဗျားရဲ့ဘက်ကရော။”

“ကျုပ်လား။”

နင်ချီက ပြောသည်။ “ကျုပ်ကတော့ အခက်တွေ့နေပြီ။ အင်ပါယာက ကျုပ်ကို ကူညီဖို့ ဆန္ဒရှိမရှိ အပေါ်မှာပဲ မူတည်တော့တယ်။”

ချောင်ဘုရင်သေဆုံးမှု၏ တရားခံအစစ်က စေတီတောင်ဖြစ်သော်လည်း စစ်မှန်သည့်ကြိုးကိုင်သူက အင်ပါယာဖြစ်၏။ နင်ချီက ပူးပေါင်းဆောင်ရွက်ခဲ့ရုံသာပင်။ အချိန်အတိုင်းအတာတစ်ခုထိ သူက အင်ပါယာအတွက် လိမ္မာသည့် ဆိတ်ငယ်လေးတစ်ကောင်ကဲ့သို့ပင်။ သူက အသားကို စားခွင့်မရသော်လည်း သူ၏ပါးစပ်က အသွေးများနှင့် ပေပွနေ၏။

အင်ပါယာက သူ၏နာမည်ကို လုံးဝရှင်းလင်းချင်ပါက နင်ချီကို လက်ညှိုးထိုး၍ ချေမှုန်းပစ်နိုင်၏။ ချောင်ဘုရင် သေဆုံးမှုပေါ်ပေါက်သွားခြင်းဖြင့် စေတီတောင်က အင်ပါယာကို ထိခိုက်ခဲ့သည်မှာ အမှန်ပင်။ သို့ပေမည့် အင်ပါယာက အာဏာရှင်ဖြစ်ပြီး ဤကဲ့သို့သော ကောလဟလများကို ဂရုမစိုက်ပါက နင်ချီအပေါ်တွင် ရှိနေသည့် စွဲချက်အားလုံးကို ဖယ်ရှားပေးလိမ့်မည်။

ထိုကိစ္စက မိမိပေါ်သို့ ကျရောက်လာမည့် အစွန်းအထင်းငယ်လေးကို ခံယူရန် စိတ်ဆန္ဒရှိမရှိ အပေါ်တွင် မူတည်နေသည်။

“ကျုပ် ဒီအန္တရာယ်ကနေ အသက်ရှင်လွတ်မြောက်ခဲ့ရင် အနာဂတ်မှာ အစ်ကိုဝမ်ကို ကူညီဖို့ ဆန္ဒရှိတယ်။” နင်ချီက အိမ်ရှေ့စံဆီသို့ သူ၏လက်ကို ကမ်းပေး၏။

အိမ်ရှေ့စံက အနည်းငယ် တွန့်ဆုတ်သွား၏။ ပြီးနောက် သူ၏လက်ကို ကမ်းပြီး နင်ချီ၏လက်ကို လှုပ်ခါလိုက်သည်။

နင်ချီက ပြော၏။ “ကျုပ်တို့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးကြရအောင်။”

ချောင်အိမ်ရှေ့စံက ခေါင်းညိတ်ကာ ပြောသည်။ “ကောင်းပြီလေ။ ဒါပေမဲ့ ကျုပ်အဖေ လဲကျသွားတဲ့အချိန်မှာ သူက နင်ချီ သူ့ကို ဒုက္ခပေးခဲ့တယ်လို့ အော်ခဲ့တယ်။ ခင်ဗျား ကျုပ်ကို ရှင်းပြရမယ်။”

နင်ချီက ပြော၏။ “ကောင်းပြီ။ ငြိမ်းချမ်းရေး သဘောတူပြီးတဲ့နောက်မှာ ကျုပ်တစ်ယောက်တည်း ချောင်ပြည်နယ်ရဲ့ ပင်မစခန်းကို လိုက်ပါမယ်။ ပြီးရင် ကျုပ်စုံစမ်း စစ်ဆေးသမျှကို လက်ခံဖို့ ဆန္ဒရှိတယ်။ ပြီးတော့ ခင်ဗျား ကျုပ်ကို ဘာလုပ်ချင်လဲ။ ကြိုက်သလို လုပ်နိုင်တယ်။”

အိမ်ရှေ့စံက ထိုစကားကို ကြားချိန်မှာတော့ တုန်လှုပ်သွား၏။ ဤနင်ချီက တကယ်ပင် အထင်ကြီးစရာ ကောင်းသည်။

“ကောင်းပြီ။”

ပြီးနောက် နင်ချီနှင့် အိမ်ရှေ့စံတို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုး၏။ ဟုတ်ပေ၏။ ဤအရာက သဘောတူညီချက်တစ်ခုသာ ဖြစ်၏။ နိုင်ငံနှစ်ခုလုံးမှ သံတမန်များက အသေးစိတ် အချက်အလက်များကို ညှိနှိုင်းရပေဦးမည်။ သို့သော်ငြား သူတို့နှစ်ယောက်လုံးက ငြိမ်းချမ်းရေး ရယူရန် အရင်ဆုံး ဆုံးဖြတ်ခဲ့၏။

………..

ကျုံးမျိုးနွယ်စု၏ အိမ်တော်အတွင်းမှာတော့ ....

နင်ချီ၊ ကျုံးယောင်နှင့် ရွှယ်ချီတို့ ရှိနေသည်။ “ဒီအကြပ်အတည်းကို ကျုပ်တို့ ဘယ်လိုကိုင်တွယ်သင့်လဲ။”

ကျုံးယောင်က ပြော၏။ “ချောင်ဘုရင် လုပ်ကြံခံရတဲ့ ရာဇဝတ်မှုက အရမ်းကို ပြင်းထန်တယ်။ တော်ဝင်ရန် အင်ပါယာက လက်ပိုက်ကြည့်နေမှာ မဟုတ်လောက်ဘူး။ ကျုပ်တို့ ရှမ့်လန်အပေါ် အပြစ်ပုံချလို့ ရမလား။”

နင်ချီက ပြောသည်။ “မဖြစ်နိုင်ဘူး။”

“ချောင်ဘုရင် သေဆုံးမှုက ကံကြမ္မာပဲ။ ဒါပေမဲ့ သူ့ကိုသတ်ခဲ့သူက ရှမ့်လန် ဖြစ်နိုင်သေးတယ်။ ရှမ့်လန်က အဆိပ်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တယ်ဆိုတာကို လူတိုင်းသိတယ်။ ချောင်ဘုရင်က လျှို့ဝှက်စာကို ရရှိပြီးတဲ့နောက် ရုတ်တရက် သေဆုံးသွားတယ်။ အဲဒီစာက ရှမ့်လန်လက်ထဲက ရောက်ရှိလာတဲ့ စာဖြစ်နေတယ်။ ဒါကြောင့် ချောင်ဘုရင် လုပ်ကြံခံရမှုအတွက် ရှမ့်လန်ကို စွပ်စွဲတယ်ဆိုတာ ယုတ္တိဗေဒကျတဲ့ အရာပဲ။”

နင်ချီက သူ၏ မျက်လုံးများကို မှိတ်ပြီး အချိန်ကြာကြာ တိတ်ဆိတ်နေ၏။

“မလုပ်နဲ့ မလုပ်နဲ့။” နင်ချီက ပြောသည်။

ချောင်ဘုရင်သေဆုံးမှုက အင်ပါယာကြောင့်ဖြစ်၏။ နင်ချီက အင်ပါယာအတွက် ဆိတ်သူငယ် ဖြစ်မည်ဟု ယူဆနိုင်၏။ ထို့ကြောင့် နင်ချီက ဘာမှမလုပ်ဆောင်နိုင်ပေ။ သူက စီရင်ပိုင်ခွင့်ကို အင်ပါယာထံသို့ လွှဲပြောင်းပေးလိုက်ရုံသာ ရှိ၏။ မဟုတ်ပါက ချောင်ဘုရင်၏ လုပ်ကြံမှုအတွက် ရှမ့်လန်ကို စွပ်စွဲလျှင် အင်ပါယာက အရာတစ်ခုကို စဉ်းစားပေးလိမ့်မည်။

“နင်ချီ မင်းက ငါ့အတွက် အပြစ်ယူဖို့တောင် ဆန္ဒမရှိဘူးလား။”

ဤကိစ္စသာ ဖြစ်ပါက နင်ချီ၏ တန်ဖိုးက အင်ပါယာ၏ မျက်လုံးထဲတွင် လျော့ပါးသွားပေလိမ့်မည်။ ထို့ကြောင့် နင်ချီက ဤအန္တရာယ်ကို ယူရပေမည်။ သူက သူ၏လည်ပင်းကို အင်ပါယာ၏ ဓါးအောက်တွင် ရိုရိုသေသေနှင့် သွားရောက်ကာ ထားရပေလိမ့်မည်။

‘ငါ့ကို လူတိုင်းက ချောင်ဘုရင်ကို လုပ်ကြံတယ်လို့ စွပ်စွဲနေတယ် မဟုတ်လား။ ငါက ငြင်းခုံတာ ဒါမှမဟုတ် ခုခံတာမျိုး လုပ်မှာမဟုတ်ဘူး။ အင်ပါယာရဲ့ စီရင်ချက်ကိုပဲ စောင့်မယ်။’

ထိုအရာက အန္တရာယ်တစ်ခု ဖြစ်သော်လည်း အခွင့်အရေးလည်း ဖြစ်၏။ တော်ဝင်ရန်အင်ပါယာသာ နင်ချီကို ကာကွယ်ရန် ဆန္ဒရှိပါက သူ၏အကျိုးအမြတ်က ဆုံးရှုံးထက် ပိုမိုကာ သာလွန်ပေလိမ့်မည်။

အရေးပါသော အခိုက်အတန့်မျိုးမှာတွင် နင်ကျန်းက ဂုဏ်ယူစရာကိစ္စရပ်တစ်ခုကို လုပ်ခဲ့၏။ ထို့အပြင် သူ၏ဖခင် နင်ယွမ်ရှန်းက နင်ကျန်း ထီးနန်းတက်ခြင်းအား ထောက်ခံခဲ့၏။ ထို့ကြောင့် နင်ချီက အင်ပါယာ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိဖို့ သူ၏အသက်ကို စွန့်စားရန် ဆန္ဒရှိနေသည်။

“ဘာမှမပြောနဲ့။ ဘာမှမလုပ်နဲ့။ ရှမ့်လန်ကိုလည်း မစွပ်စွဲနဲ့။”

နင်ချီက ပြော၏။ “ကျုပ် အင်ပါယာရဲ့ ဆုံးဖြတ်ချက်ကို စောင့်မယ်။ ကျုပ် နင်ချီက အင်ပါယာရဲ့ဆန္ဒကို နာခံဖို့ ဆန္ဒရှိတယ်။”

ရွှယ်ချီနှင့် ကျုံးယောင်တို့က အချင်းချင်း အကြည့်ဖလှယ်လိုက်၏။ သူတို့က အရှင်မင်းသား နင်ချီ ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မထင်မိခဲ့ချေ။

....................

ချောင်အိမ်ရှေ့စံက ထျန်းရှစ်မြို့ထဲတွင် အချိန်အတော်ကြာနေရန် မသင့်တော်ပေ။ မဟုတ်ပါက သူက အကျဉ်းသား မဟုတ်လျှင်တောင်မှ အကျဉ်းသား ဖြစ်လာပေလိမ့်မည်။ နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ ချောင်အိမ်ရှေ့စံက ဖြူဖွေးနေသည့် မျက်နှာသွင်ပြင်ဖြင့် ထျန်းရှစ်မြို့မှ ယိုင်နဲ့ ယိုင်နဲ့နှင့် ထွက်လာ၏။

“အရှင်မင်းသား” ချောင်အိမ်ရှေ့စံ၏ ဆရာကြီး မဟာပညာရှင် လီချွမ်းချီက တပ်မှူးပေါင်းများစွာကို ဦးဆောင်ကာဖြင့် အိမ်ရှေ့စံကို လာရောက်ကာ ကြိုဆိုသည်။

ပြီးနောက် သူတို့က ရွှဲ့ပြည်နယ်၏ တတိယမင်းသား နင်ချီက အိမ်ရှေ့စံနှင့်အတူ ပါလာကြောင်း တွေ့လိုက်ရ၏။ ထိုအရာက မည်သည့် အဓိပ္ပာယ် ဖြစ်သနည်း။ ကိုယ်တိုင် အိမ်ရှေ့စံကို ချောင်စစ်တပ်၏ ပင်မစခန်းဆီသို့ လိုက်လံပို့ဆောင်သည်လား။

ဤအချိန်မှာပဲ ကျုံးယောင်က စစ်တပ်ကို မြို့ရိုးပေါ်မှ တိတ်တဆိတ် ကြည့်ရှုနေ၏။ ရွှဲ့ပြည်နယ်၏ စစ်သည်များက တုန်လှုပ်နေ၏။ ထိုအရာက ဘာဖြစ်သနည်း။ နင်ချီက ချောင်စစ်တပ်၏ ပင်မစခန်းထဲသို့ အဘယ်ကြောင့် လိုက်ဝင်သွားရသနည်။ အိမ်ရှေ့စံကို လိုက်ပို့သည်ဆိုလျှင်တောင် ဤမျှအထိ သွားစရာ မလိုချေ။

လီချွမ်ချီနှင့် တခြားသောသူများက တုန်လှုပ်နေသော်လည်း အိမ်ရှေ့စံကို ချောင်စစ်တပ်၏ ပင်မစခန်းဆီသို့ အရင်ဆုံး ပြန်ပို့ခြင်းက ပိုကောင်း၏။

ချောင်စစ်တပ်၏ ပင်မစခန်းထဲသို့ ဝင်ရောက်ပြီးနောက် နင်ချီက လီချွမ်ချီနှင့် ချောင်တပ်မှူးများကို အရိုအသေ ပေးလိုက်သည်။

“ချောင်ဘုရင် လဲကျသွားတဲ့အချိန်မှာ ကျုပ် နင်ချီက သူ့ကိုလုပ်ကြံခဲ့တယ်လို့ အော်ခဲ့တယ်။ ကျုပ် မလုပ်ခဲ့ဘူး။”

ချောင်တပ်မှူးများက ထိုစကားကို ကြားချိန်မှာတော့ ဒေါသထွက်သွား၏။ “ခင်ဗျား မလုပ်ခဲ့ရင် တခြား ဘယ်သူ လုပ်မှာလဲ။”

“နင်ချီ... မင်း လိမ်နေတာ အသုံးမဝင်ဘူး။”

နင်ချီက ပြော၏။ “ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်က ခုခံမှာ မဟုတ်သလို လိမ်မှာလည်း မဟုတ်ဘူး။ ကျုပ် ခင်ဗျားတို့ရဲ့ ပင်မစခန်းမှာ တစ်ယောက်တည်းနေမယ်။ ကျုပ် စုံစမ်းစစ်ဆေးမှု မှန်သမျှကို လက်ခံဖို့ ဆန္ဒရှိတယ်။ ဟုတ်တယ်။ ချောင်ဘုရင်အတွက် ကျုပ်ကို လက်စားချေချင်တဲ့လူရှိရင် ကျုပ်ကို အခု တိုက်ခိုက်လို့ရတယ်။ ခင်ဗျားတို့မှာ လူရာပေါင်းများစွာရှိတယ်။ ဒါပေမဲ့ ကျုပ်က တစ်ယောက်တည်းပဲ။ ခင်ဗျားတို့ ကျုပ်ကို အချိန်မရွေး သတ်လို့ရတယ်”

ချောင်တပ်မှူးများက ထိုစကားကိုကြားချိန်မှာတော့ တုန်လှုပ်သွားခဲ့၏။ ဤနင်ချီက ဤမျှလောက် တည်ငြိမ်နေသည်လား။

ချောင်အိမ်ရှေ့စံက ပြောသည်။ “ကျုပ်ရဲ့ လက်အောက်ခံတွေ... ဒီကိစ္စက အရမ်းကို အရေးကြီးတယ်။ အဖေ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လိုအပ်လိမ့်မယ်။ နင်ချီသာ တကယ်လုပ်ခဲ့ရင် ကျုပ်ကိုယ်တိုင် သူ့ကို သတ်ပစ်မယ်။ မဟုတ်သေးဘူး။ အဖေ့ကို လုပ်ကြံခဲ့တဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ကျုပ် သူ့ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆွဲဖြဲပစ်မယ်။ ဘယ်လိုလဲ။”

အိမ်ရှေ့စံ၏ ဆရာကြီး မဟာပညာရှင်လီချွမ်ချီက ဒူးထောက်ကာ ဦးညွတ်လိုက်၏။ “အရှင်မင်းကြီးရဲ့ အမိန့်တိုင်းပါပဲ။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းက အံ့အားသင့်သွား၏။ ပြီးနောက် တပ်မှူးဒါဇင်ပေါင်း များစွာတို့က စနစ်တကျဖြင့် ဒူးထောက်ကြသည်။

“အရှင်မင်းကြီး အမိန့်အတိုင်းပါပဲ။”

“တိုင်းပြည်က တစ်ရက်တောင် အုပ်ချုပ်သူ မရှိဘဲ မနေနိုင်ပါဘူး။ ဒီကိစ္စက အရမ်းကြီး အရေးကြီးနေပါတယ်။ အရှင်မင်းကြီး.. ကျေးဇူးပြုပြီး အခုချက်ချင်း ထီးနန်းတက်ပါ။”

လီချွမ်ချီက မြေပေါ်တွင် ဒူးထောက်ကာ ပြော၏။ “အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ထီးနန်းတက်ပါ။”

“အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ထီးနန်းတက်ပါ။”

ချောင်အိမ်ရှေ့စံက ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသွားသလို ခံစားရ၏။ ကံကောင်းစွာဖြင့် သူက အရေးပါသည့် အခိုက်အတန့်တွင် တကယ့်ကို ပြီးပြည့်စုံစွာဖြင့် စွမ်းဆောင်နိုင်ခဲ့၏။ မနေ့က တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး နင်ချီ၏ အကျဉ်းသား ဖြစ်ခဲ့သည်။

သို့သော်ငြား သူ၏ စွမ်းဆောင်ရည်က လူတိုင်း၏ နှလုံးသားကို အနိုင်ယူရရှိခဲ့၏။ သူက ဖမ်းဆီးခံရမည့်အစား မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ပိုမိုနှစ်သက်ခဲ့၏။ ချောင်ပြည်နယ်၏ သိက္ခာကို မထိခိုက်စေခဲ့ချေ။

အရေးကြီးဆုံးအားဖြင့် နင်ချီက လုံးဝ ပူးပေါင်းဆောင်ရွက်ခဲ့၏။ နာရီအနည်းငယ်အကြာတွင် သူ့အား ပြန်လွှတ်ပေးခဲ့၏။ ထို့ကြောင့် အကျဉ်းသားတစ်ယောက်လို မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားစွာ ကယ်တင်ခြင်းပင် ဖြစ်ခဲ့၏။

နင်ချီက ချောင်စခန်းထဲသို့ တစ်ယောက်တည်းဝင်ရန်ပင် ဆန္ဒရှိ၏။ ထိုအရာက ချောင်အိမ်ရှေ့စံ၏ စွဲဆောင်နိုင်မှုကို ပြသနေ၏။ ဤလူနှစ်ယောက်လုံး၏ စွမ်းဆောင်ရည်က တကယ့်ကို ကောင်းမွန်လွန်းသည်ဟု ပြောနိုင်သည်။

ချောင်အိမ်ရှေ့စံက မငြင်းပယ်ခဲ့ချေ။ သူက ချောင်ဘုရင်၏ ရုပ်အလောင်းပေတွင် ဒူးထောက်ပြီး ငိုကြွေးနေ၏။ ပြီးနောက် သူက နန်းပလ္လင်ပေါ်၌ တက်မထိုင်ခဲ့ချေ။ ချောင်ဘုရင်၏ ရုပ်အလောင်းကို စားပွဲပေါ်တင်ထား၏။ ချောင်အိမ်ရှေ့စံက ချောင်ဘုရင်၏ ရုပ်အလောင်းကို ကျောနှင့်မှီကာဖြင့် မြေပေါ်တွင် ဆွေးမြေ့စွာ ထိုင်လျက် ရှိနေ၏။

“အရှင်မင်းကြီးကို ကျုပ်တို့ အရိုအသေ ပေးပါတယ်။”

“အရှင်မင်းကြီးကို ကျုပ်တို့ အရိုအသေ ပေးပါတယ်။”

အပိုင်း (၇၀၆)

အိမ်ရှေ့စံ၏ ဆရာကြီး လီချွမ်ချီက နိုင်ငံတော်၏တံဆိပ်ကို ချောင်အိမ်ရှေ့စံ၏ လက်ထဲသို့ ကိုယ်တိုင် ထည့်၏။ ပြီးနောက် ခေါင်းပေါ်တွင် သရဖူကို ကိုယ်တိုင် ဝတ်ဆင်ပေးလိုက်၏။

“ကျုပ် နင်ချီက ချောင်ဘုရင်ကို အရိုအသေ ပေးပါတယ်။”

ဤသို့နှင့်ပင် ချောင်အိမ်ရှေ့စံမင်းသားက သေဆုံးသွားခဲ့သည့် ဘုရင်မင်းမြတ်၏ အလောင်းကို ကျောမှီကာဖြင့် နန်းပလ္လင်ပေါ်သို့ တက်ခဲ့သည်။

ချောင်ပြည်နယ်က ဉာဏ်ပညာရှိပြီး ရေရှည်အမြင်ကို ကြည့်ရှုနိုင်စွမ်း ရှိနေသည့် ဘုရင်သစ် တစ်ယောက်ကို အရေးအကြောင်း အခြေအနေမျိုး၌ ရရှိခဲ့ပြီဖြစ်၏။

.................

ချောင်တော်ဝင်နန်းတော်အတွင်းမှာတော့ .....

ရှမ့်လန်က အသေးစိတ် သတင်းပို့ချက်များကို နားထောင်နေ၏။ သူက မည်သို့မှ မနေနိုင်ဘဲ သက်ပြင်းကို ချမိ၏။ လူသားများက ရည်မှန်းချက်ရှိ၏။ နတ်ဘုရားများက ဖယ်ရှား၏။ အကောင်းဆုံးသော အခြေအနေမျိုးက ဖြစ်မလာခဲ့ချေ။

သူက ချောင်ဘုရင်ကို အသုံးပြုပြီး ကျုံးမိသားစုကို ဖျက်ဆီးပစ်ချင်၏။ ပြီးနောက် ချောင်ဘုရင်ကိုလည်း သတ်ချင်၏။ သို့ပေမည့် နောက်ကျသွားခဲ့၏။ ချောင်အိမ်ရှေ့စံမင်းသားက အံ့အားသင့်စရာပင်။ ဤလူ၏ နည်းလမ်းများက တကယ့်ကို အထင်ကြီးလောက်စရာဖြစ်ကြောင်း သူ အစောတုန်းက မသိခဲ့ပေ။

ထို့အပြင် နင်ချီက ပိုမိုကာ အထင်ကြီးစရာ ကောင်းခဲ့၏။ ချောင်ဘုရင် ရုတ်တရက် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ချောင်အိမ်ရှေ့စံမင်းသား၏လုပ်ရပ်နှင့် ပြုမူဆောင်ရွက်မှုများက အပြည့်စုံဆုံးသော အခြေအနေဆီသို့ ရောက်ခဲ့၏။

နင်ချီ၏ဆောင်ရွက်မှုက ပိုမိုကာ အံ့အားသင့်စရာပင်။ ချောင်စစ်တပ်ထဲသို့ တစ်ယောက်တည်း လိုက်ပါလာခဲ့ပြီး အပြစ်ကင်းစင်မှုအတွက် အသက်သေခံရန်ပင် ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့သည်။ တကယ့်ကို ပါရမီရှင် တစ်ယောက်အတိုင်း ပြုမူ ဆောင်ရွက်ခဲ့ခြင်းပင်။

ဤကဲ့သို့သော လုပ်ဆောင်မှုနည်းဖြင့် ရွှဲ့ပြည်နယ်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်လုံးထဲတွင် သူ၏ ပုံရိပ်က ကြီးမားလာပေလိမ့်မည်။ ချောင်ပြည်နယ်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ နှလုံးသားထဲတွင် တောင်မှ နင်ချီက တကယ့်ကို ခန့်မှန်း၍ မရနိုင်သည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။

လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် နင်ချီနှင့် ချောင်ပြည်နယ် ဘုရင်အသစ်တို့က ပူးပေါင်း လိုက်ကြပြီ ဖြစ်၏။ ချောင်ဘုရင်အသစ်က အရင်ချောင်ဘုရင် အဟောင်းထက် ပိုမိုက ဉာဏ်ပညာ ရှိ၏။

ချောင်ဘုရင်အဟောင်းက လောဘကြီး၏။ ချောင်ဘုရင်အသစ်ကတော့ နိုင်ငံရေးရာစွမ်းရည် ပိုမိုကာ ထူးချွန်၏။ ထို့အပြင် မည်သည့်အချိန်တွင် ရှေ့ကို တက်ရမည်၊ မည်သည့်အချိန်တွင် နောက်ကို ဆုတ်ရမည် ဖြစ်ကြောင်း သိရှိ၏။ ထို့အပြင် အလုံးစုံသောအခြေအနေကို ချုပ်ကိုင် ကြည့်ရှုနိုင်သည့် စွမ်းရည်က ပိုမိုကာ အားကောင်းသေးသည်။

နင်ချီကတော့ နင်ယွမ်ရှန်းထက် ပိုမိုကာ ထူးချွန်၏။ အရင်တုန်းက နင်ချီ ဤမျှလောက် တော်လွန်းကြောင်း သူတို့ မသိခဲ့ချေ။ တကယ်တမ်းမှာတော့ ဘေးတစ်ဖက်တွင် ရပ်ကာကြည့်နေသည့် လူများကို မဆိုနှင့်၊ နင်ချီကိုယ်တိုင်ပင် သူ့၌ ဤကဲ့သို့သော စွမ်းဆောင်ရည်များ ရှိကြောင်း မသိသေးချေ။ အလွန်ဆိုးဝါးသည့် အခြေအနေမျိုးက လူတစ်ယောက်အတွက် အကောင်းဆုံး စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့၏။

အိမ်ရှေ့စံမင်းသား နင်ယီကလည်း ယခင်တုန်းက အမြဲတမ်း ထူးချွန်ခဲ့သူ တစ်ယောက်ပင်။ သို့ပေမည့် ဆိုးဝါးလွန်းသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မှာတော့ သူက ပြိုလဲခဲ့၏။ နင်ချီက ထူးချွန်သည် ဆိုသော်လည်း တကယ့်ကို အိမ်ရှေ့စံနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် လူတစ်ယောက် အဖြစ်သာ ရှိခဲ့၏။ မထင်မှတ်ဘဲ ဆိုးဝါးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မှာတော့ သူက သူ့ကိုသူ အကြိမ်ကြိမ် တွန်းအားပေးကာဖြင့် ကံကြမ္မာ အလှည့်အပြောင်းများကို ဖန်တီးနိုင်ခဲ့သည်။

နာကျည်းမှုက ပြော၏။ “သခင်လေး.. တတိယမင်းသားက ချောင်ဘုရင်ကို သတ်ဖြတ်တဲ့ ကိစ္စရပ်မှာ သခင်လေးအပေါ် အပြစ်တွေ ခေါင်းပေါ်တင်လိမ့်မယ်လို့ ထင်တယ်။”

ဤအရာက နာကျည်းမှု စိုးရိမ်ပူပန်ရသော ကိစ္စဖြစ်သည်။

ရှမ့်လန်က နင်ကျန်းကို လှမ်းကြည့်ကာ မေးမြန်းလိုက်၏။ “ခင်ဗျား ဘယ်လိုထင်လဲ အရှင့်မင်းသား။”

နင်ကျန်းက ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မထင်ပါဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ သူ လုပ်မှာ မဟုတ်ဘူး။ ချောင်ဘုရင် သေဆုံးမှုမှာ လူသတ်သမားတွေက အများကြီး ရှိတယ်။ ကိုယ်လုပ်တော်ရန်၊ ကျုပ်၊ စေတီတောင် ... အားလုံးက လူသတ်ကောင်တွေချည်းပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ချောင်ဘုရင် သေဆုံးမှုမှာ လူသတ်သမားက တစ်ယောက်ပဲ ရှိတယ်။ ဒါက တော်ဝင်ရန် အင်ပါယာပဲ။

ချောင်ဘုရင် သေဆုံးမှု မတိုင်ခင်မှာ နင်ချီနဲ့ စေတီတောင်က သူ့ကို သတ်ဖြတ်ဖို့ လုပ်ခဲ့တယ်လို့ အော်ခဲ့တယ်။ ဒီစာကြောင်းက အင်ပါယာကို တိုက်ရိုက် ရည်ညွှန်းခဲ့တာပဲ။ အင်ပါယာသာ ပါဝင်မပတ်သက်ဘူးရှိရင် ကျိန်းသေပေါက် နင်ချီက ကျုပ်တို့ကို နှောင့်နှေးခြင်းမရှိဘဲ အပြစ်ဟူသမျှ ခေါင်းပေါ်တင်မှာပဲ။ ဒါပေမဲ့ အင်ပါယာက ပါဝင်ပတ်သက်နေပြီဆိုတော့ သူ လုပ်လို့မရဘူး။ အင်ပါယာရဲ့ စိတ်ဆန္ဒကိုပဲ ငြိမ်ငြိမ်သက်သက် နဲ့ စောင့်နေလိမ့်မယ်။

အဲအချိန်ရောက်ရင် သူ တစ်စုံတစ်ခု လုပ်ချင်တယ်ဆိုရင်တောင်မှ .... ချောင်ဘုရင် သေဆုံးခြင်းအတွက် ကျုပ်ကို အပြစ်တင်ချင်တယ် ဆိုရင်တောင်မှ ကျိန်းသေပေါက် အင်ပါယာရဲ့ စိတ်ဆန္ဒ၊ အင်ပါယာရဲ့ အမူအကျင့်၊ အင်ပါယာ ပြုလုပ်မယ့် အကြောင်းအရာတွေကို သိရှိနားလည်ဖို့ လိုသေးတယ်။ သူက မျက်ကန်းတောတိုး ဆိုသလို အင်ပါယာရဲ့ အပြစ်တင်မှုကို ရယူဖို့ စိတ်ဆန္ဒမရှိဘူး။

နင်ချီက စွန့်စားရဲတယ်။ သူက တော်ဝင်ရန်အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ကောင်းကောင်း နားလည်တယ်။ တကယ်လို့ အင်ပါယာကသာ နင်ချီကို ကယ်တင်လိုက်မယ်ဆိုရင် အင်ပါယာအတွက် ညစ်ပတ်တဲ့ အလုပ်တွေ လုပ်ခဲ့တဲ့လူအကုန်လုံးက စိတ်အေးချမ်းသာရာ ရသွားပြီ။ ဒါပေမဲ့ အဲဒါကလည်း တခြားဘုရ၍်တွေအတွက် အဆင်မပြေ ဖြစ်လာစေလိမ့်မယ်။

တကယ်လို့ အင်ပါယာကသာ နင်ချီကို မကယ်တင်ဘူးဆိုရင်တော့ ... ဆိုလိုတာ အင်ပါယာက တခြားဘုရင်တွေ သူ့အပေါ်တွေးလာမယ့် အကြောင်းအရာတွေကို ဂရုစိုက်ဖို့ လိုသေးတယ်။ သူက နင်ချီကို စတေးပြီး လောကမှာရှိတဲ့ ဘုရင်မင်းမြတ်အားလုံးရဲ့ နှလုံးသားကို သဘောကျစေဖို့ ပြုလုပ်ရလိမ့်မယ်။ ဒါပေမဲ့ အဲလိုလုပ်မယ်ဆိုရင် သူ့အပေါ် သစ္စာရှိတဲ့လူတွေကို စိတ်ပျက်စေလိမ့်မယ်။ ဒါက အင်ပါယာအတွက် ရွေးချယ်စရာတွေ ဖြစ်လာခဲ့ပြီ။”

နာကျည်းမှုက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ကျုပ် ရှမ့်လန်က စေတီတောင်နဲ့ ပူးပေါင်းခဲ့ပြီး ချောင်ဘုရင်ကို သတ်ဖြတ်ခဲ့ပါတယ်ဆိုတဲ့ အကြောင်း ကောလဟလတွေ ဖြန့်လိုက်။ နင်ချီလို မဟုတ်ဘူး။ ဒီကောလာဟလက ကျိန်းသေပေါက် မှန်ရမယ်။ အသေးစိတ် အချက်အလက်တွေကလည်း ပိုပြီး ရှင်းလင်းရမယ်။ ကျုပ်တို့က စေတီတောင်နဲ့ ပူးပေါင်းပြီး ချောင်ဘုရင်ကို သတ်ဖြတ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကို လူပေါင်းများစွာတို့ ယုံကြည်အောင် ပြုလုပ်ရမယ်။”

ထိုစကားကို ကြားချိန်မှာတော့ အားလုံးက တုန်လှုပ်သွားခဲ့မိ၏။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ရှမ့်လန်က ပြောလိုက်သည်။ “ပထမဦးဆုံး ချောင်ဘုရင်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကောလာဟလပျံ့တဲ့ ကိစ္စရပ်က ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အပြစ်မှန်သမျှက ကျုပ်တို့ရဲ့ ခေါင်းပေါ် ရောက်လာလိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့က ဘာလုပ်ရမလဲ။

ဒုတိယအနေနဲ့ နင်ချီကလည်း အပြစ်ဝန်ခံချင်နေတယ်။ ဒီတော့ သူ့ကိစ္စကို ဖျက်ရမယ်။”

နာကျည်းမှုက ပြောလိုက်၏။ “အခြားစကားအရ ပြောရမယ်ဆိုရင် နင်ချီက ခင်ဗျားအပေါ် အပြစ်ပုံချနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သခင်လေး .. ဘာလို့ ကိုယ့်ဘာသာ ခေါင်းဖြတ်စက်ထဲ တိုးဝင်ချင်ရတာလဲ။ အဲလို တကယ်တမ်း လုပ်ချင်တာလား။”

“ဒါ အမှန်ပဲ။ လုပ်ရမယ်။”

ချောင်ဘုရင်သေဆုံးမှုက ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်ခု ပစ်ချလိုက်သကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းသည့် လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။

လွန်ခဲ့သည့် နှစ် ၂၀ ကျော်က အင်ပါယာကျန်းလီ ရုတ်တရက် သေဆုံးခဲ့၏။ ဘုရင်များအားလုံးက မလုံခြုံမှုကို ခံစားရ၏။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာက ချက်ချင်းပဲ ခုခံကာကွယ်သည့် ဖြေရှင်းချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ကျန်းလီ၏သေဆုံးမှုက လုပ်ကြံခံရမှုကြောင့် မဟုတ်ဘဲ ခွင့်ပြုချက်မရှိဘဲ သွေးသားပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့သောကြောင့် အမှတ်မထင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကြေညာခဲ့ခြင်းပင်။

လောကတွင်ရှိနေသည့် ဘုရင်ပေါင်းများစွာကို နှစ်သိမ့်နိုင်ရန် အင်ပါယာက စည်းမျဉ်းတစ်ခုကိုလည်း ထပ်တိုး သတ်မှတ်ခဲ့၏။ နိုင်ငံအသီးသီးတို့အနေနှင့် စစ်မြေပြင်တွင် မည်မျှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည် ဖြစ်စေ ဘုရင်မင်းမြတ်များကို လုပ်ကြံသတ်ဖြတ်ခွင့် မပြုဆိုသည်ပင်။

သဘာဝလွန် အင်အားစု တချို့က အထူးသဖြင့် မိမိကိုယ်ကို ထိန်းချုပ်ရပေလိမ့်မည်။ နိုင်ငံရေးကိစ္စရပ်များ၌ ပါဝင်ပတ်သက်ခြင်းမပြုရ။ ထို့အပြင် နိုင်ငံ့အာဏာများနှင့် ဝေးကွာစွာ နေရမည်။ ရလဒ်အားဖြင့် အရှေ့တိုင်း လောကကြီးက ပိုမို၍ပင် ငြိမ်းချမ်းလာခဲ့၏။ နှစ် ၂၀ ကျော်အတွင်း မည်သည့်ဘုရင်မှ လုပ်ကြံသတ်ဖြတ်မှုဖြင့် မသေဆုံးခဲ့ချေ။

သို့သော်ငြား စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ပြီ။ ချောင်ဘုရင် လူသိရှင်ကြား လုပ်ကြံခံခဲ့ရပြီး သူက စေတီတောင် သူ့ကို လုပ်ကြံခဲ့ပါသည်ဟု လူသိရှင်ကြား အော်ဟစ်ခဲ့သေး၏။ စေတီတောင်က သဘာဝလွန် အင်အားစုတစ်ခု ဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ အင်ပါယာ အမိန့်တော်ကို နာခံရပေဦးမည်။

အင်ပါယာ၏ ခွင့်ပြုချက်မရှိဘဲ စေတီတောင်က ချောင်ဘုရင်ကို လုပ်ကြံဝံ့မည် မဟုတ်ချေ။ ထိုအရာက ဘာအဓိပ္ပါယ်နည်း။ အင်ပါယာက သူ၏ ကိုယ်ပိုင်စည်းမျဉ်းကို သူကိုယ်တိုင် ချိုးဖောက်လိုက်ခြင်းလား။ နိုင်ငံအားလုံးတို့က ထိတ်လန့်တုန်လှုပ်သွား၏။ ဘုရင်များအားလုံးကလည်း မလုံခြုံသလို ခံစားရ၏။

ဘုရင်များစွာတို့က သူတို့၏နိုင်ငံအတွင်း သန့်ရှင်းရေး လုပ်ငန်းများကို စတင်နေကြရ၏။ စေတီတောင်နှင့် တခြားသော သဘာဝလွန်အင်အားစုများမှ သံသယရှိနေသည့် ကိုယ်လုပ်တော်များနှင့် မိန်းမစိုးများတို့ကို ရှာဖွေကာ ဖယ်ရှားကြ၏။ တချို့ တိုက်ရိုက် သတ်ပစ်သူများပင် ရှိသည်။

ပြီးနောက် ဘုရင်အားလုံးတို့က မီးတောက်မြို့တော်၏ တုံ့ပြန်မှုကို စူးစိုက်ကာ နားထောင်နေကြ၏။ အမြင့်ဆုံးသော အင်ပါယာဖြစ်သည့် ဧကရာဇ်မင်းမြတ်က ဤကိစ္စကို မည်သို့ ကိုင်တွယ်မည်နည်း။

ချောင်ဘုရင် လုပ်ကြံခံရခြင်း ရာဇဝတ်မှုကို နင်ချီအပေါ် ပုံချပြီး ကွပ်မျက်မည်လား။ ထိုသို့ဆိုလျှင် အင်ပါယာက အလျှော့ပေးသည်ဟု အဓိပ္ပာယ်ရ၏။ နင်ချီကို သတ်ခြင်းအားဖြင့် ဘုရင်များစွာကို နှစ်သိမ့်သလို ဖြစ်စေမည်။

အခြားတစ်ဖက်တွင်တော့ အင်ပါယာဘဝမှ အာဏာရှင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ဟု အဓိပ္ပာယ်ရ၏။ မျှော်လင့်ထားသည်ထက် ပိုမိုကာ သက်ရောက်မှု ကြီးမား၏။ အရှေ့တိုင်းလောကကြီးတစ်ခုလုံးသည် ထူးဆန်းသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်၏။

နင်ချီက ဤအရာကို ကြိုတင်မြင်ခဲ့သောကြောင့် ချောင်ပြည်နယ် ပင်မစခန်းထဲသို့ နာခံစွာဖြင့် ကိုယ်တိုင် လိုက်ပါဝင်ရောက်သွားခဲ့ပြီး သူ့ကိုယ်သူ စတေးထားသည်။ သူက မငြင်းသလို ခုလည်းမခုခံခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ်သော လှုပ်ရှားမှုလေးကပင်လျှင် အခြေအနေတစ်ခုလုံးကို ထိခိုက်သွားနိုင်သောကြောင့်ပင်။

သူ၏ မည်သည့် တုံ့ပြန်မှုကိုမဆို အင်ပါယာကို ထိခိုက်စေနိုင်၏။ အင်ပါယာအပေါ် အနည်းငယ်သေးသော အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုမျိုးကိုပင် သူက သွားရောက်တင်ပေး၍ မဖြစ်နိုင်ချေ။ ထိုအရာက ခွင့်လွှတ်နိုင်သည့် အကြောင်းရာမျိုး မဟုတ်သောကြောင့် ဖြစ်၏။

လုံးဝ တိတ်ဆိတ်ခြင်း၊ စီရင်ချက်ကို နားထောင်ခြင်း၊ ထိုအရာကသာလျှင် သူ၏ ရှင်သန်ရေးအတွက် အခွင့်အရေးတစ်ခု ဖြစ်မည်။ အင်ပါယာနှင့် တစ်ဖက်တည်း ရပ်တည်ရန်ဆိုသည်က အင်ပါယာ၏ နွားငယ်လေးတစ်ကောင် ကဲ့သို့ပင် ရိုကျိုးရန်လို၏။ အတိုင်းအတာတစ်ခုထိ သူက ထိုအရာကို ဂုဏ်ယူစရာ ဖြစ်သည်ဟု သတ်မှတ်ရပေလိမ့်မည်။

နင်ချီ၏ တုံ့ပြန်မှုကို မြင်ချိန်မှာတော့ ဘုရင်အားလုံးတို့က အသက်ရှူအောင့်ပြီး အင်ပါယာ၏အမိန့်ကို တိတ်တဆိတ်နှင့် စောင့်ဆိုင်းနေသည်။

ထိုအချိန်မှာပဲ ကောလာဟလ အနည်းငယ်တို့ ပေါက်ကွဲထွက်လာ၏။ အချိန်တိုအတွင်းမှာပင် လောကကြီးတစ်ခုလုံးကို ပျံ့နှံ့သွား၏။

ချောင်ဘုရင်ကို နင်ချီ သတ်ခဲ့သည် မဟုတ်ဘဲ ရှမ့်လန် သတ်ခဲ့ခြင်းပင်။ ရှမ့်လန်က အဆိပ်ကျွမ်းကျင်သူ တစ်ယောက်ပင်။ သူက ချောင်မိဖုရားကြီးကို လျှို့ဝှက်စာတစ်စောင် ရေးခိုင်းပြီး ချောင်ဘုရင်၏ သတ္တမသား ချောင်ချင်းကို ပို့ဆောင်ခိုင်းခဲ့၏။ သို့ပေမည့် ထိုစာထဲတွင် အဆိပ်ခတ်ခဲ့သည်။

ထို့ကြောင့် ချောင်ဘုရင်က စာကို လက်ခံရရှိသည့်အချိန်တွင် ချက်ချင်း သေဆုံးသွားခဲ့ခြင်း ဖြစ်၏။ ဤကောလာဟလ၏ အသေးစိတ် အချက်အလက်များက ရှင်းရှင်းလင်းလင်း ပါရှိပြီး ချောင်ချင်း၏ ဝန်ခံချက်ကလည်း ပါ၏။

ထို့အပြင် နောက်ထပ် ကောလာဟလလည်း ရှိသေး၏။ စစ်မှန်သည့် လူသတ်သမားက ချောင်ပြည်နယ်၏ အိမ်ရှေ့စံ ဖြစ်၏။ သူက ချောင်ဘုရင်၏ ဖိနှိပ်မှုကို ကြာရှည်ခံခဲ့ရသောကြောင့် ကျေနပ်မှု မရှိချေ။ သူက စေတီတောင်နှင့် ပူးပေါင်းပြီး ချောင်ဘုရင်ကို လုပ်ကြံခဲ့၏။ ထီးနန်း မြန်မြန် တက်နိုင်ရန်ပင်။

သူက ကိုယ်လုပ်တော်ရန်နှင့် ဖောက်ပြန်ခဲ့သေးသည်။ ချောင်ချင်းက ဤကိစ္စကို ဖော်ထုတ်ပြီး စာကို ပို့ဆောင်ရန် မိုင်ထောင်ပေါင်းများစွာ ခရီးသွားခဲ့သော်လည်း အိမ်ရှေ့စံက အရင်ဆုံး ချောင်ဘုရင်ကို သတ်ခဲ့၏။ ပြီးနောက် ထိုကောလာဟလများကို ယခင်ချောင်ဘုရင်၏ သတ္တမသား ချောင်ချင်းက အတိအလင်း ဝန်ခံထား၏။

ကောလာဟလ နှစ်ခုက ပိုမိုကာ များပြားလာခဲ့၏။ နင်ချီက ချောင်ဘုရင်ကို လုပ်ကြံခဲ့သည်ဟူသော အယူအဆကိုပင် ဖိနှိပ်သွား၏။ ထို့ကြောင့် နင်ချီက နားမလည်နိုင်စွာ ဖြစ်မိနေသည်။

နင်ချီက လက်ရှိအခြေအနေမှာတော့ သူ့ကိုသူ မကာကွယ်နိုင်ချေ။ ရှမ့်လန်က သူ့ကို ကာကွယ်ပေးခဲ့ပြီး ညစ်ပတ်သည့် ရေအားလုံးကို ကိုယ့်ခေါင်းပေါ်ကိုယ်တင်ခဲ့သည်။ ထို့အပြင် ထိုညစ်ပတ်သည့်ရေများကို ဘုရင်အသစ်ပေါ်တွင် လှမ်းတင်ခဲ့သေး၏။ ထိုမျှမကသေးချေ ကောလာဟလ နှစ်ခုကလည်း တကယ့်ကို စစ်မှန်လွန်းနေ၏။

ချောင်ဘုရင်သစ်၏ စခန်းထဲမှာတော့ ...

နင်ချီက တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ၏ မျက်နှာကလည်း ဖြူဖပ်နေ၏။ “ဒီခွေး ...ခွေးသူတောင်းစား ရှမ့်လန်။ နောက်ဆုံးမှာတော့ မင်းက ငါ့ကို ချောက်ကမ်းပါးပေါ်ကနေ ကန်ချနေသေးတာပဲ။ မင်းက တကယ့်ကို ရက်စက်တဲ့ ခွေးသူတောင်းစားပဲ။ ရှမ့်လန် မင်း လူယုတ်မာ... မင်း ဒီလို လုပ်လိုက်ရင် အင်ပါယာက ငါ့ကို ဘယ်လိုမျိုး မြင်မလဲ။ အင်ပါယာက ငါ့ကို မျက်နှာနှစ်ခု ရှိတယ်လို့ ထင်လိမ့်မယ်။ သူ့အတွက် အပြစ်ခံယူဖို့တောင် ဆန္ဒမရှိဘူးလို့ ထင်လိမ့်မယ်။ အင်ပါယာက ငါ့ကို တာဝန်ရှောင်ရှားတတ်တဲ့ လူတစ်ယောက်လို့ ထင်လိမ့်မယ်။”

အရေးကြီးဆုံးက သူ့အနေနှင့် ရှမ့်လန်၏ ဆိုးဝါးသည့် ကစားကွက်များကို ရင်ဆိုင်ရချိန်တွင် နင်ချီက အရှေ့ဆီသို့ ပြေးထွက်သွားခဲ့ပြီး ကျုပ် ချောင်ဘုရင်ကို လုပ်ကြံခဲ့တာဟု ပြော၍ မဖြစ်နိုင်ချေ။ နိုင်ငံရေး ရုန်းကန်မှု ဆိုသည်က လုံးဝ တိကျရပေလိမ့်မည်။

သူ ဘာလုပ်ရမည်နည်း။ စောင့်နေရုံသာ ရှိတော့၏။ သူ၏ကံကြမ္မာအတွက် အင်ပါယာ၏ စီရင်ချက်ကို စောင့်ဆိုင်းနေရခြင်းပင်။

ထိုသို့သော အရှုပ်အထွေး အခြေအနေမျိုးကို ရင်ဆိုင်ရချိန်မှာတော့ လူတိုင်းက အင်ပါယာ၏ အမိန့်တော်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေ၏။ အမိန့်တော်က လူပေါင်းများစွာတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်။

ထို့အပြင် ထိုအရာက အချက်ပြမှု အသစ်လည်း ဖြစ်လိမ့်မည်။ အင်ပါယာ၏ မူဝါဒအသစ်က ပြီးဆုံးသွားခဲ့၏။ တခြားသော နိုင်ငံများပေါ်ထားရှိသည့် မဟာဗျူဟာမြောက် သဘောထားတွင် အခြေခံကျသည့် ပြောင်းလဲမှုများ ရှိလာမည်လား။

နင်ယွမ်ရှန်းက သူ၏ ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ခဲ့၏။ သူက ချောင်အိမ်ရှေ့စံ၏ သေဆုံးမှုက နင်ချီနှင့် ရှမ့်လန်တို့နှင့် ဘာမှမဆိုင်ဟု ယုံကြည်ကြောင်းပင်။ ထို့အပြင် သူက တတိယမင်းသား နင်ချီကို ချက်ချင်း နန်းမြို့တော်သို့ ပြန်လာရန် အမိန့်ထုတ်ပြန်ခဲ့၏။ ထို့အပြင် နင်ယွမ်ရှန်းက ချောင်ဘုရင်သစ်ထံသို့ ကိုယ်တိုင် စာရေးခဲ့ပြီး တတိယမင်းသား နင်ချီကို ယခုအခြေအနေမှ လွှတ်ပေးရန် တောင်းဆိုခဲ့၏။

နင်ယွမ်ရှန်း၏ ရပ်တည်ချက်က မီးပေါ်သို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင်။ သူက တော်ဝင်ရန် အင်ပါယာကိုပင် တစ်ဖက်လှည့်နှင့် ဖိအားပေးသလို လုပ်ခဲ့သည်။

‘ခင်ဗျားတို့ ဘာသာ လုပ်ချင်တာလုပ်၊ ကျုပ်တို့နဲ့ လာမပတ်သက်နဲ့’ ဆိုသည့် အဓိပ္ပာယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့သလိုပင်။

ရွှဲ့ဘုရင်၏ ရပ်တည်ချက်က အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့၏။

............

နှစ်ရက်ကြာမြင့်ပြီးနောက် အစွမ်းထက်လွန်းသည့် တော်ဝင်ရန် အင်ပါယာက နောက်ဆုံး ထုတ်ပြချက်ကို ပြသခဲ့၏။ လျှို့ဝှက် အမိန့်တော်တစ်ခုပါသည့် တော်ဝင် သံတမန် နှစ်ဦးကို စေလွှတ်ခဲ့ခြင်းပင်။ တစ်ဦးက ချောင်ပြည်နယ်၏မြို့တော် ရှမ့်လန်ရှိရာဆီသို့ ဦးတည်သွားပြီး အခြားတစ်ဦးကတော့ နင်ချီဆီသို့ ဦးတည်သွား ခဲ့သည်။

All Chapters