← Chapters

အခန်း (၇၀၇-၇၀၈)

Vol. 45 Ch. 707-708

အခန်း (၇၀၇-၇၀၈)

Vol. 45 Ch. 707-708

အပိုင်း (၇၀၇)

မကြာသေးမီက ရွှဲ့ပြည်သူများသည် အကြီးအကျယ် စိတ်လှုပ်ရှားခဲ့ကြ၏။ ယခင်တုန်းက စစ်သည်ပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့ပြီး အိမ်ရှေ့စံမင်းသားကလည်း လက်နက်ချခဲ့၏။ ထျန်းနန်စီရင်စု တစ်ခုလုံးက ကျရှုံးလုနီးပါး ဖြစ်ခဲ့၏။ ထျန်းနန်ကလည်း အန္တရာယ်ကြီးမားခဲ့၏။ ထို့အပြင် ထျန်းရှစ်စီရင်စု၏ ခရိုင် များကလည်း ကျရှုံးခဲ့၏။

တကယ်တမ်းမှာ နိုင်ငံပျက်စီးခြင်းတစ်ခု၏ မြင်ကွင်းပင်။ အကောင်းမြင်သူများကပင်လျှင် စိတ်ပျက် အားငယ်ခဲ့ကြ၏။ ထို့ကြောင့် နန်းမြို့တော်တစ်ခုလုံးက တရားစီရင်မည့်နေ့သို့ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်လို့နေ၏။ သူတို့က နိုင်ငံပျက်စီးမည့်အချိန်ကို စောင့်မျှော်နေရပြီး တွေဝေငေးငိုင်သည့် ဘဝနှင့် နေထိုင်နေရသည်။

သို့သော်ငြား အခြေအနေသည် မမျှော်လင့်ဘဲ လွန်ခဲ့သည့်တစ်လကျော်က ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ကျင်းမင်းသားက နောက်သို့ ဆုတ်ခွာသွားခဲ့၏။ ထို့အပြင် ဝူဘုရင်ကလည်း နောက်သို့ ဆုတ်ခွာသွား၏။ ဤသတင်းနှစ်ခုကို ကြားရချိန်မှာတော့ နန်းမြို့တော်သူ၊ နန်းမြို့တော်သားများက အလွန်အမင်း ဝမ်းမြောက်ခြင်းတော့ မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ဤအောင်ပွဲနှစ်ခုက သံတမန်ရေးအရ အောင်ပွဲများဖြစ်ပြီး ခိုင်မာခြင်းမရှိသောကြောင့်ပင်။

ထို့အပြင် ချောင်ပြည်နယ်၏ စစ်သည်ပေါင်းသုံးသိန်းကျော်တို့က ထျန်းရှစ်မြို့တွင် ဝိုင်းရံထားခဲ့၏။ ထျန်းရှစ်ပြည်နယ် ကျရှုံးသွားလျှင် ရွှဲ့ပြည်နယ်က မည်သည့်ဘေးဆိုးမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ပြီးနောက် ထူးဆန်းသည့် သတင်းတစ်ခုက ရောက်ရှိလာခဲ့၏။ နင်ကျန်းနှင့် ရှမ့်လန်တို့က စစ်သည်ပေါင်း တစ်သောင်းကို ဦးဆောင်ပြီး နှင်းတောင်ကြီးကို ကျော်ဖြတ်ကာဖြင့် မိုင်ထောင်များစွာ ခရီးနှင်ကာ ချောင်ပြည်နယ်၏ မြို့တော်ကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းပင်။ တစ်ရက်ပင် မကြာဘဲ သူတို့က နန်းမြို့တော်ကို သိမ်းပိုက်ခဲ့၏။

ထိုသတင်းကိုကြားချိန်မှာတော့ လူတိုင်းက ရယ်စရာကောင်းသည်ဟုပင် ခံစားမိ၏။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤအရာက ကြွားလုံးထုတ်ခြင်းပင် ဖြစ်နိုင်သည်။ နေ့ခင်းဘက် အိမ်မက်, မက်နေသကဲ့သို့ပင်။ သမိုင်းတစ်လျှောက် မည်သည့်စစ်တပ်ကမှ မိုင်ထောင်ချီသည့် နှင်းတောင်ကြီးကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိချေ။

ထို့အပြင် ချောင်ပြည်နယ်၏ မြို့တော်က လောကတွင် အခိုင်ခံ့ဆုံးသော မြို့များထဲမှ တစ်ခုဖြစ်ပြီး စစ်သည်ပေါင်း နှစ်သိန်းကျော် မရှိဘဲ တိုက်ခိုက်ဖို့ ဆိုသည်မှာ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ နန်းမြို့တော်၌ မြို့စောင့်တပ်သား အနည်းငယ်သာရှိသည် ဆိုလျှင်တောင်မှ စစ်သည်တစ်သောင်းတော့ အနည်းဆုံး ရှိပေလိမ့်မည်။

ပြီးနောက် သတင်းများက ပိုမို၍ ပိုမို၍ ရောက်လာ၏။ ပို၍ အဓိပ္ပာယ်မရှိသည့် သတင်းများ ဖြစ်၏။ နင်ကျန်းနှင့် ရှမ့်လန်တို့က ချောင်ပြည်နယ်၏ တော်ဝင်နန်းတော်ကို မီးရှို့ခဲ့ပြီး ချောင်ပြည်နယ်၏ မိဖုရားကြီး နှင့် ကိုယ်လုပ်တော်များကို ဖမ်းဆီးခဲ့၏။ ထိုမျှသာမကသေးချေ။ စစ်သည် ထောင်ဂဏန်းအနည်းငယ်ဖြင့် သူတို့က ချောင်ပြည်နယ်၏ စစ်သည် ၇ သောင်း ၈ သောင်းခန့်ကို တွန်းလှန်ခဲ့၏။

အတိုချုပ်အားဖြင့် ပြောရမည်ဆိုလျှင် သတင်းတစ်ခုခစီက နောက်တစ်ခုထက် ပိုမိုကာ ထူးဆန်းနေ၏။ ဤအရာက ကောင်းကင်ပေါ်တွင် နွားများပျံနေသည်ဟူသော ဝတ္ထုကဲ့သို့ပင်။ သို့သော်ငြား ဤအရာက အမှန်တရား ဖြစ်လာခဲ့၏။ ရောက်လာသည့် သတင်းများက ပိုမို၍ တိကျပြီး ပိုမို၍ အသေးစိတ်ကျ၏။ သက်သေအထောက်အထားများကလည်း ဤအရာမှန်ကန်ကြောင်းကို ပိုမို၍ ပြသလာခဲ့၏။ ပြီးနောက် အမှန်တရားက အစစ်အမှန် ရောက်ရှိလာခဲ့သည်။

ချောင်ဘုရင်က သတင်းဆိုးကို ကြားရပြီးနောက် သွေးအန်ပြီး သတိလစ်ခဲ့၏။ ပြီးနောက် ရွှဲ့ပြည်နယ်၏ ဘုရင် နင်ယွမ်ရှန်းက နင်ကျန်းနှင့် ရှမ့်လန်တို့က သမိုင်းဝင်အောင်ပွဲတစ်ခုကို ရရှိနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့၏။ ပြီးနောက် နိုင်ငံတော် ဝန်ကြီးချုပ်ရုံးနှင့် စစ်ရေးဗျူရိုတို့မှ တရားဝင် မှတ်တမ်းတစ်ခုကို ထုတ်ဖော်ပြီး ရွှဲ့ပြည်နယ်၏ ခရိုင်အားလုံးဆီသို့ သတင်းလွှာများ ပေးပို့ခဲ့၏။

အရှင်မင်းသား နင်ကျန်းက စစ်သည်ပေါင်းတစ်သောင်းကို ဦးဆောင်ပြီး ချောင်ပြည်နယ်၏ မြို့တော်ကို စစ်ချီကာ ပြတ်ပြတ်သားသား အောင်ပွဲ ရရှိခဲ့၏။ သူက ချောင်ပြည်နယ်၏ မြို့တော်ကို တရားဝင် သိမ်းပိုက်ခဲ့ပြီး ချောင်ပြည်နယ်၏ မိဖုရားကြီး၊ ကိုယ်လုပ်တော်ရန်နှင့် တခြား တော်ဝင်မိသားစုဝင်များ အပါအဝင် စုစုပေါင်း ၅၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ထိုအချိန်မှသာ ရွှဲ့ပြည်နယ်သူ၊ ရွှဲ့ပြည်နယ်သားတို့က ထိတ်လန့်ဖွယ်ရာ အောင်ပွဲသတင်းကို ယုံကြည်ဝံ့ ကြ၏။ ပြီးနောက် သူတို့အားလုံးက ဆူညံပွက်လောရိုက်ကုန်ကြ၏။ မကြုံစဖူး အောင်ပွဲကြီးတစ်ခုဖြစ်ပြီး တကယ့်ကို အံ့ချီးဖွယ်ရာပင်။ လူတစ်သောင်းတည်းဖြင့် ရန်သူနိုင်ငံ၏ နန်းမြို့တော်ကို တိုက်ရိုက်သိမ်းပိုက်ခဲ့၏။ ဤအရာက ကြီးကျယ်ခမ်းနားလွန်းသည့် အောင်ပွဲတစ်ခု ဖြစ်၏။ မည်သို့ပင် ဖော်ပြ, ဖော်ပြ ထပ်မံချဲ့ကား၍ ရနိုင်သည့် အရာမျိုးပင် ဖြစ်၏။

ဤအောင်ပွဲကြောင့် ရွှဲ့ဘုရင်နင်ယွမ်ရှန်းက အရာရှိအဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး ရွှဲ့ပြည်နယ်၏ တော်ဝင်သင်္ချိုင်းဂူကို သွားရောက်ကာ ကန်တော့ပွဲပြု၏။ နင်မျိုးနွယ်စု၏ ဘိုးဘေးများကို ကျေးဇူးတင်ကြောင်း ပူဇော်ခဲ့၏။ ဤကဲ့သို့သော သမိုင်းဝင်အောင်ပွဲမျိုးကို နင်ကျန်း ရရှိနိုင်ခဲ့ခြင်းအတွက် တရားဝင်အောင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းပင်။

ဤအချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများအပြင် လူထောင်ပေါင်းများစွာတို့ကလည်း ဘိုးဘေးများကို လာရောက်ကာ အရိုအသေပြု၏။ ပြီးနောက် ရွှဲ့ဘုရင်နင်ယွမ်ရှန်းက အများပြည်သူ လွတ်ငြိမ်းချမ်းသာခွင့်ကို အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပြီး အသက် ၆၀ နှင့်အထက်ရှိသည့် လူအားလုံးတို့အား အစားအစာနှင့် အသားများ ပေးဝေခဲ့၏။ ရက်အနည်းငယ်ကြာအောင် သူတို့က ပြည်သူများနှင့်အတူ ပျော်ရွှင်မှုကို မျှဝေခံစား၏။

ရက်အနည်းငယ်ကြာသည်အထိ နင်ယွမ်ရှန်းက ဘုရင်မင်းမြတ်တစ်ယောက်အနေဖြင့် ဤအောင်ပွဲကို အခြေအနေ အမြင့်ဆုံးဆီ ရောက်အောင် တွန်းတင်ခဲ့၏။ နင်ကျန်းနှင့် ရှမ့်လန်တို့က ချောင်ပြည်နယ်၏ နန်းမြို့တော်တွင် ရှိနေကြ၏။ သို့ပေမည့် ရွှဲ့ပြည်နယ်က တောင်ဘက်မှ မြောက်ဘက်ထိ ပျော်ရွှင်မှု ပင်လယ်တွင်းတွင် လုံးဝနစ်မြှုပ်လျက်ရှိသည်။

နိုင်ငံတော်ကျဆုံးခြင်း၏ အငွေ့အသက်က လုံးဝပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ နင်ကျန်း၏ နာမည်က နိုင်ငံသားများ၏ကြားထဲတွင် ချက်ချင်းပင် ကြီးထွားလာခဲ့၏။ သူက အရာအားလုံးကို ပြောင်းပြန်လှန်ပြီး ကံကြမ္မာကို ဖန်တီးပေးခဲ့သည့် သူရဲကောင်းတစ်ယောက် ဖြစ်၏။ ယခင်က သူ၏နာမည်ဆိုး အားလုံးကလည်း ပျောက်ကွယ်သွား၏။ လူသန်းပေါင်းများစွာတို့က သူ့ကို ချီးကျူး၏။

သာမန်ပြည်သူများသာမက ပညာရှင်ပေါင်းများစွာတို့ကလည်း ဤအတွေးကို မတွေးဘဲ မနေနိုင်ခဲ့ကြချေ။ အရှင်မင်းသားနင်ကျန်း ထီးနန်း ဆက်ခံလျှင်လည်း မကောင်းသည့်အရာ မဟုတ်ချေ။ တကယ်တော့ ပညာရှင်အချို့တို့သာမက သာမန်အရာရှိ တချို့ကပင် စိတ်များ အနည်းငယ် ပြောင်းလဲသွားသည်။

ဟုတ်ပေ၏။ ရွှဲ့ပြည်နယ်၏ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက နင်ချီကို ဆက်လက်ထောက်ခံနေကြဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အကျိုးစီးပွားများနှင့် ချည်နှောင်ပြီးသား ဖြစ်သောကြောင့်ပင်။ သို့ပေမည့် ကျူးမျိုးနွယ်စု သို့မဟုတ် ကျုံးမျိုးနွယ်စုနှင့် အဆက်အသွယ်မရှိသည့် အလယ်အလတ်နှင့် အောက်ခြေအရာရှ များစွာ ရှိသေး၏။ သူတို့က သူတို့၏ ကိုယ်ပိုင်နှလုံးသားပေါ်တွင် မားမားမတ်မတ် ရပ်တည်ရဲကြ၏။

အကျိုးစီးပွားက လူများကို မျက်စိကွယ်စေရန် လုံလောက်သည် ဆိုသော်လည်း လူတိုင်းက အကျိုးခံစားခွင့် ရှိသူဖြစ်ရန် အရည်အချင်းပြည့်မီသူများ မဟုတ်ကြချေ။ အလယ်အလတ်နှင့် အောက်ခြေအဆင့် အရာရှိပေါင်း များစွာအတွက် နင်ကျန်း သို့မဟုတ် နင်ချီ ၊ မည်သူနန်းတက်တက် သိပ်ပြီး အရေးမကြီးချေ။

သို့ပေမည့် အရာအားလုံးက ရှမ့်လန် စိတ်ကူးထားခဲ့သလိုပင်။ ချောင်မြို့တော်ကို စစ်ချီသည့် အောင်ပွဲက နင်ကျန်း၏ ထီးနန်းအတွက် သက်ရောက်ခြင်း ရှိခဲ့၏။ အလားတူ ဘုရင်နင်ယွမ်ရှန်းကလည်း သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည့် ပျော်ရွှင်မှုကို မည်သည့် စကားလုံးနှင့်မှ ဖော်ပြနိုင်စွမ်း မရှိတော့ချေ။ သူက မည်သူ့ထက်မဆို ပိုမိုကာ စိတ်လှုပ်ရှားခဲ့ပြီး သူ့ကိုသူပင် မယုံနိုင်သလို ဖြစ်နေ၏။

ဟုတ်ပေ၏။ သူ့ရင်ထဲတွင် နာကျင်မှုများလည်း ရှိ၏။ ဤကဲ့သို့ မကြုံစဖူး အံ့ဖွယ်ရာကို ရှမ့်လန်နှင့် နင်ကျန်းတို့က တကယ်ပင် ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့၏။ ထို့ကြောင့် သတင်းရရှိခဲ့ပြီးနောက် နင်ယွမ်ရှန်းက သူ၏အင်အားအကုန်ကို အသုံးပြုကာ အောင်ပွဲအား လူသိရှင်ကြား ကြေညာခဲ့ခြင်းပင်။ ဘိုးဘေးများကိုပင် ပူဇော်ပြီး အခြေအနေတစ်ရပ်လုံးကို ပိုမိုကာ တစ်ဆင့်မြင့်စေခဲ့သည်။

ဤသတင်းကို ရွှဲ့ပြည်နယ်၏ထောင့်တိုင်းဆီသို့ ဖြန့်ကျက်နိုင်ရန် သူက မြင်းစီးတပ်သားများကိုပင် စေလွှတ်ခဲ့၏။ အရာအားလုံးက နင်ကျန်း ထီးနန်းတက်နိုင်ရန် လမ်းခင်းပေးရန်ပင်။

ဟုတ်ပေ၏။ နန်းတော်ထဲမှ လူအနည်းငယ်ကလွဲ၍ အရပ်ဖက်နှင့် စစ်ဖက်အရာရှိ တော်တော်များများတို့က နင်ကျန်း အပေါ်၌ အေးစက်နေဆဲ ဖြစ်၏။

သို့ပေမည့် ကြီးကျယ်ခမ်းနားသည့် အောင်ပွဲကို ရရှိသည့်အချိန်တွင် မည်သည့်အရာရှိကမှ ဝင်ရောက်ကာ ကလန်ကဆန် ပြုလုပ်တော့မည် မဟုတ်ချေ။ နင်ကျန်းနှင့် ရှမ့်လန်တို့၏ အောင်ပွဲ သတင်းက ရွှဲ့ပြည်နယ် တစ်လျှောက်လုံးကို ပျံ့နှံ့လျက် ရှိနေသည်။

မကြာခင် နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကောင်းသည့် စစ်ပွဲအစီရင်ခံစာတစ်ခု ရောက်ရှိလာ၏။ ချောင်ဘုရင် သေဆုံးသွားခဲ့၏။ တတိယမင်းသား နင်ချီက ချောင်အိမ်ရှေ့စံကို ဖမ်းဆီးခဲ့၏။ ချောင်အိမ်ရှေ့စံက ထီးနန်းတက်ခဲ့ပြီး အရှင်မင်းသား နင်ချီနှင့် ငြိမ်းချမ်းရေးသ‌ဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့၏။

တတိယမင်းသားနင်ချီက ချောင်ဘုရင်ကို လုပ်ကြံမှုဖြင့် သံသယရှိခဲ့ပြီး စုံစမ်းစစ်ဆေးခံယူရန် တစ်ယောက်တည်း ချောင်စခန်းသို့ ဝင်ရောက်ခဲ့၏။ ချက်ချင်းပဲ ရွှဲ့ပြည်နယ်တစ်ခုလုံးက ဆူညံပွက်လောရိုက်ခဲ့၏။ သူတို့မျက်လုံးထဲတွင် ဤအရာက နောက်ထပ် ကြီးကျယ်ခမ်းနားသည့် အောင်ပွဲတစ်ခု ဖြစ်သည်။

ချောင်ဘုရင် သေဆုံးသွားခဲ့၏။ ရွှဲ့ပြည်နယ်အတွက် ချောင်ဘုရင် ရုတ်တရက် သေဆုံးမှုက ဂုဏ်ယူစရာ မဟုတ်ချေ။ သို့ပေမည့် ပြည်သူများက ဤအရာနှင့် ပတ်သက်၍ သိပ်ပြီး ဂရုမစိုက်ချေ။ သူတို့အတွက် ချောင်ဘုရင် လူသိရှင်ကြား အသတ်ခံရသည်ဖြစ်စေ၊ လုပ်ကြံခံရသည် ဖြစ်စေ အရေးမကြီးပေ။ အတိုချုပ်အားဖြင့် သူတို့၏ရန်သူကြီး ချောင်ဘုရင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ တတိယမင်းသား နင်ချီက တကယ်ကို အံ့အားသင့်စရာပင်။

မရေတွက်နိုင်အောင် များပြားသည့် လူများက နင်ကျန်းကို ချီးကျူးခဲ့ပြီးနောက် နင်ချီကို ဆက်လက်ကာ ချီးကျူး၏။ ပြီးနောက် နှစ်ဦးစလုံးကို အတူတကွ ချီးကျူးပြန်၏။ သို့သော်ငြား ရွှဲ့ပြည်နယ်၏ နန်းတော်က ဤကြီးကျယ်ခမ်းနားသည့် အောင်ပွဲအတွက် တိတ်ဆိတ်နေ၏။

ဝန်ကြီးချုပ်ရုံးနှင့် စစ်ရေးဗျူရိုတို့ဖြစ်စေ၊ နင်ချီ၏ အောင်မြင်မှုများကို ချီးမွမ်းခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စက တကယ့်တကယ်ကို ကြီးမားလွန်းသောကြောင့်ပင်။ တော်ဝင်ရန် အင်ပါယာ၏ စည်းမျဉ်းများအရ ချောင်ဘုရင်ကို လုပ်ကြံခြင်းက ကြီးမားသည့် ရာဇဝတ်မှုတစ်ခုဖြစ်သည်။ ကိစ္စကို မဖြေရှင်းရသေးမီ အရာရှိအားလုံးတို့က သူတို့၏ ထင်မြင်ချက်များကို ထုတ်ဖော် ပြောကြားလိမ့်မည် မဟုတ်ချေ။

ဤတိုက်ပွဲတွင် နင်ချီ၏စွမ်းဆောင်ရည်က တကယ်ပဲ အံ့အားသင့်စရာ ကောင်းနေသည် ဆိုလျှင်တောင်မှ ၊ သူတို့အားလုံးက နင်ချီကို ထောက်ခံသည်ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် သူတို့၏ ထင်မြင်ချက်များကို ထုတ်ဖော် ပြောကြားလိမ့်မည် မဟုတ်ပေ။

ထျန်းရှစ်မြို့မှ အသေးစိတ် စစ်ပွဲအစီရင်ခံစာများကို ရရှိပြီးနောက် နင်ယွမ်ရှန်းက တဖန် တုန်လှုပ် သွားခဲ့၏။ သူက နင်ချီကို အမြင်သစ်ဖြင့် ကြည့်ခဲ့၏။ ယခင်က သူ နင်ချီကို အလွန်ပဲ စိတ်ပျက်ခဲ့၏။ သူ၏ ဤသားက တော်ဝင်ရန်အင်ပါယာနှင့် လျှို့ဝှက်သဘောတူညီမှုကို ရယူလက်မှတ်ထိုးထားခဲ့ပြီး ယင်ယွမ်အဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့၏။ ထို့အပြင် ကျင်းမင်းသားနှင့် ညှိနှိုင်းခဲ့ပြီး ထျန်းနန်ပြည်နယ်ရှိ ခရိုင်ခြောက်ခုလုံးကိုလည်း လွှဲပြောင်းပေးခဲ့၏။

သူက နင်ချီက လုံလောက်သည့် သတ္တိမရှိဘဲ နိုင်ငံရေးကျွမ်းကျင်မှုသာ ရှိသည်ဟု ခံစားရ၏။ သို့ပေမည့် ဤတိုက်ပွဲမှာတော့ နင်ချီက သူ၏စွမ်းရည်ကို အလုံးစုံ ထုတ်ဖော်ပြသခဲ့၏။ ထူးချွန်ရုံသာ ဖြစ်ပါမည်လား။ တကယ့်ကို အံ့ဖွယ်ရာတစ်ခု ဖန်တီးခဲ့ခြင်းဖြစ်သည်။

နင်ချီ မသတ်နိုင်ခင် ချောင်ဘုရင်က လဲကျသေဆုံးသွားခဲ့၏။ နင်ယွမ်ရှန်းက နင်ချီ မည်မျှ စိတ်ပျက်အားငယ်ခဲ့မည်နည်း ဆိုသည်ကို တွေးတောကြည့်နိုင်၏။ ချောင်အိမ်ရှေ့စံက နင်ချီကို တိုက်ခိုက်သည့်အချိန်တွင် နင်ချီက ဆုတ်ခွာရမည့်အစား အိမ်ရှေ့စံ၏ မြင်းစီးတပ်ကို တစ်ယောက်တည်း ဝင်ရောက်ကာ တိုက်ခိုက်၏။ မည်မျှ ရဲရင့်လိုက်သနည်း။ မည်မျှ သူရဲကောင်းဆန်လိုက်သနည်း။

ချောင်ဘုရင် လုပ်ကြံခံရပြီးနောက် ချောင်အိမ်ရှေ့စံက ပြီးပြည့်စုံစွာ စွမ်းဆောင်နိုင်ခဲ့၏။ ထိုအခိုက်အတန့်မှာတော့ ထျန်းရှစ်မြို့၏ စစ်မြေပြင်က အန္တရာယ်အကြီးဆုံး ဖြစ်၏။ အချိန်မရွေး ပြိုလဲသွားနိုင်၏။ ထျန်းရှစ်မြို့ ကျဆုံးသွားသည် ဆိုပါက ချောင်ဘုရင်အသစ်သည် ရွှဲ့ပြည်နယ်၏ မြို့တော်ကို တိုက်ရိုက် လာရောက်ဖျက်ဆီးပေလိမ့်မည်။

လက်စားချေရန် ချောင်ဘုရင်အသစ်က ထျန်းရွှဲ့မြို့ကို ဖျက်ဆီးပြီး၊ ရွှဲ့နန်းတော်တစ်ခုလုံးကို မီးရှို့ဖျက်ဆီးပြီး နင်ယွမ်ရှန်းကို သေသည်အထိ ဖိအားပေးလိမ့်မည်။ ဤအရေးကို ပြောင်းပြန်လှန်ပြီး ချောင်အိမ်ရှေ့စံကို ဖမ်းဆီးနိုင်ခဲ့သူက နင်ချီပင် ဖြစ်၏။

နင်ယွမ်ရှန်းက စစ်ပွဲအစီရင်ခံစာများကို အကြိမ်ကြိမ် ဖတ်၏။ ဖတ်လိုက်တိုင်း သွေးများပင် ဆူပွက်စေခဲ့၏။ ဘာလုပ်ခဲ့သနည်း။ သူက ဤကဲ့သို့ ထူးချွန်သည့် သားနှစ်ယောက်ကို အဘယ်သို့ ရခဲ့ရသနည်း။ သူက စိတ်ထဲတွင် အနည်းငယ်ပင် ဒွိဟ ဖြစ်နေ၏။ နင်ချီ ထီးနန်းကို ဆက်ခံခြင်းက မကောင်းသောအရာ မဟုတ်ချေ။ တစ်ဦးချင်းစွမ်းရည်အရ နင်ကျန်းထက် ပိုမိုကာ ထူးချွန်ပုံပေါ်၏။ ထို့အပြင် နင်ချီက မည်သည့် အတားအဆီးမှ မရှိဘဲ ထီးနန်းကို ဆက်ခံလိမ့်မည်။ ကျူးမိသားစု၊ ကျုံးမိသားစုကလည်း လက်ခုပ်တီးပြီး အားပေးသည်။

ဆန့်ကျင်ဘက်အားဖြင့် နင်ကျန်းသာ ထီးနန်းကို ဆက်ခံပါက ကြီးမားသည့် အန္တရာယ်များ ရှိ၏။ သို့သော်ငြား နင်ချီ ထီးနန်းကို ဆက်ခံပါက ရွှဲ့ပြည်နယ်က တော်ဝင်ရန်အင်ပါယာ၏ လက်ထဲသို့ ကျရောက်သွားမည်လား။ နန်းတော်ကို ကျူးမျိုးနွယ်စုက ထိန်းချုပ်သွားမည်လား။

ခဏလောက် စဉ်းစားပြီးနောက် နင်ယွမ်ရှန်းက နင်ချီက သူ၏လှည့်ကွက်များဖြင့် ကျူးမျိုးနွယ်စုနှင့် ကျုံးမျိုးနွယ်စုကို ဖိနှိပ်နိုင်လိမ့်မည်ဟု တွေးတောလိုက်မိ၏။

တော်ဝင်ရန် အင်ပါယာက လောကကြီးကို သိမ်းယူသည့်အခါတွင် နင်ချီက အလျော့ပေးသည့်နည်းကို သိရှိပြီး အကျိုးအမြတ်ကို ချိန်ဆနိုင်၏။ သူက နင်မျိုးနွယ်စု၏ အခြေခံကို ကာကွယ်နိုင်ပေလိမ့်မည်။

နင်ကျန်း ထီးနန်း လက်ခံပါက သူက ကျိန်းသေပေါက် လက်နက်ချမည့်အစား သေဆုံးသွားရန် ပိုမိုကာ နှစ်သက်ပေလိမ့်မည်။

သို့သော်ငြား နင်ချီ ထီးနန်းကိုဆက်ခံရပါက နင်ကျန်းနှင့် ရှမ့်လန်တို့က မြေမြှုပ်စရာပင် နေရာမရှိဘဲ သေဆုံးမှာ သေချာ၏။ နင်ချီက ရက်စက်ကြမ်းကြုတ်သည့် ဘုရင်တစ်ပါး ဖြစ်၏။ သူက နင်ကျန်းနှင့် ရှမ့်လန်တို့ကို ကျိန်းသေပေါက် သည်းခံလိမ့်မည် မဟုတ်ချေ။

နင်ချီ၌ နောက်ထပ်သေစေနိုင်သည့် ချို့ယွင်းချက်တစ်ခု ရှိသေး၏။ ထိုအရာက နိုင်ငံရေး လှည့်ကွက်များကို အသုံးပြုလိုခြင်းပင်။ သူက ထောင့်တစ်နေရာဆီသို့ အတင်းတိုးပို့ခံရမှသာလျှင် သူ၏အသက်နှင့် အရာအားလုံးကို စွန့်လွှတ် စွန့်စားတတ်သူပင်။ ဤနည်းအားဖြင့် ရွှဲ့ပြည်နယ်၏ ဖုံးကွယ်ထားသည့် အန္တရာယ်များကို လုံးဝဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။

အခြားတစ်ဖက်တွင် ရှိနေသည့် နင်ကျန်းမှာတော့ ဆုံးဖြတ်ချက်ခိုင်မာပြီး ရက်စက်လွန်းလှသူ ဖြစ်၏။ သူက အခက်အခဲဆုံးအရာများကို လုပ်ဆောင်ရန် ရွေးချယ်ပြီး ပြဿနာကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင် ဖြေရှင်းတတ်၏။ သူက မကျွမ်းကျင်ပုံရသော်လည်း တကယ်တမ်းမှာတော့ ပြဿနာကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင် ဖြေရှင်းရန် နည်းလမ်းအား ရှာဖွေတတ်၏။ ရွှဲ့ပြည်နယ်၏ အညစ်အကြေးအားလုံးကို ဆေးကြောနိုင်ပေလိမ့်မည်။

ခဏစဉ်းစားပြီးနောက် နင်ယွမ်ရှန်းက နင်ကျန်းမှာ ရွှဲ့ပြည်နယ်၏ ဘုရင်ဖြစ်ရန် ပိုပြီး သင့်တော်သည်ဟု ခံစားရ၏။ သို့သော်ငြား နင်ကျန်း ဘုရင်ဖြစ်လာရန် ချို့ယွင်းချက် တစ်ခုရှိသေး၏။ အနာဂတ် တော်ဝင်ရန်အင်ပါယာက လောကကြီးကို သိမ်းယူသည့်အချိန် နင်ကျန်း၏ ဦးဆောင်မှုအောက်တွင် ရှိနေသည့် ရွှဲ့ပြည်နယ်က တော်ဝင်ရန် အင်ပါယာ၏ ပထမဦးဆုံး သိမ်းယူခံရမည့်ပြည်နယ် ဖြစ်နိုင်ချေရှိ၏။ တော်ဝင်ရန်နိုင်ငံက ကျိန်းသေပေါက် မညှာမတာဖြင့် ဖျက်ဆီးတော့မှာ သေချာ၏။

သို့သော်ငြား နင်ယွမ်ရှန်းက နင်ကျန်းကို ပို၍ စိတ်ယိမ်းယိုင်၏။ သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်ခဲ့၏။ ထူးချွန်သည့် အမွေခံနှစ်ဦးက တပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့သောကြောင့်ပင်။

သို့သော်ငြား နင်ချီ တစ်ယောက်တည်း ချောင်စခန်းသို့ ဝင်ရောက်သွားသည်ကို ရွှဲ့ဘုရင် နင်ယွမ်ရှန်းက အနည်းငယ် စိတ်ပျက်မိ၏။ ပြီးနောက် သူက ချစ်ခင်မှုကြောင့် တတိယမင်းသား နင်ချီကို နန်းမြို့တော်သို့ ပြန်လာရန် အမိန့်ပေးခဲ့၏။ ထိုအရာက နင်ချီကို ကာကွယ်ရန်ဖြစ်ပြီး နင်ချီကို သူ၏ရပ်တည်ချက်အား ဖော်ပြခဲ့ခြင်းလည်း ဖြစ်သည်။

“မင်းက ငါ့သား... မင်းက တော်ဝင်ရန်အင်ပါယာနဲ့ ဘာလို့ ဒီလောက် နီးစပ်နေရတာလဲ။ ပြီးတော့ နင်ချီ... မင်း ငါ့ရဲ့ အမိန့်ကို နားထောင်ပြီး နန်းတော်ကို ပြန်လာမယ်ဆိုရင် မင်းနဲ ငါနဲ့က စိတ်တူကိုယ်တူ ဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ငါ မင်းကို အခွင့်အရေးပေးဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ မင်းသာ ချောင်စခန်းမှာ ဆက်ပြီးနေမယ် ဆိုရင်တော့ မင်းက ရွဲ့ဘုရင်ဖြစ်လာဖို့ မရှိတော့ဘူး။ မင်းရဲ့နှလုံးသားထဲမှာ ဖခင်တစ်ယောက်အနေနဲ့ ငါ မရှိတော့ဘူးပဲ။

နင်ချီ... မင်းသာ နန်းမြို့တော်ကို ပြန်လာမယ်ဆိုရင် ငါ နင်ယွမ်ရှန်းက ချောင်ဘုရင်ကို လုပ်ကြံမှုနဲ့ ပတ်သက်ပြီး အင်ပါယာနဲ့ ဆွေးနွေးဖို့ အင်ပါယာမြို့တော်ဆီကို ကိုယ်တိုင်သွားနိုင်တယ်။”

...........

အပိုင်း (၇၀၈)

နင်ချီက သူ၏လက်ထဲရှိ အမိန့်တော်ကို တွေဝေစွာ ကြည့်ရှုနေ၏။ တစ်ဖက်တွင်တော့ သူ၏ နှလုံးသားများက နွေးထွေးနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏စွမ်းဆောင်ရည်က သူ၏ဖခင်ကို စိတ်လှုပ်ရှားစေခဲ့သောကြောင့်ပင်။

နင်ယွမ်ရှန်း၏ အမိန့်တော်က တကယ်ပင် ရှင်းလင်း၏။ နင်ချီအနေနှင့် ထျန်းရွှဲ့မြို့ကို ပြန်လာရပေလိမ့်မည်။ ပြီးနောက် နင်ယွမ်ရှန်းက တော်ဝင်ရန်မြို့တော်ကို သွားပေလိမ့်မည်။ ဖခင်တစ်ယောက်အနေနှင့် သူက နင်ချီကို ကာကွယ်ရန် ဆန္ဒရှိ၏။ သူ့ဖခင်၏ စကားထဲတွင် နောက်ထပ် အဓိပ္ပာယ်တစ်ခု ရှိလို့နေ၏။ နင်ချီကို ပြန်လည် အကဲဖြတ်ရန်ဆန္ဒရှိပြီး နောက်ထပ် အခွင့်အရေးတစ်ခုပေးရန် ဆန္ဒရှိ၏။ သူက ယခင်လို နင်ကျန်းအပေါ် ဘက်လိုက်တော့မည် မဟုတ်ချေ။

သို့ပေမည့် တစ်ချိန်တည်းမှာပဲ နင်ချီက မျက်မှောင်ကုတ်ကာဖြင့် ရွံရှာမှုကို ခံစားရ၏။ ဘုရင်တစ်ပါးအနေနှင့် သူ၏ဖခင်က အလွန်ပဲ စိတ်လိုက်မာန်ပါရှိ၏။ သူ ... နင်ချီ ချောင်စခန်းတွင် ဆက်နေသည်က အကောင်းဆုံး ရွေးချယ်မှုပင်။ ဘုရင်တစ်ယောက်အနေနှင့် အဖေက သူ့ကို အဘယ်ကြောင့် သူနှင့်အင်ပါယာကြား ရွေးချယ်ခိုင်းချင်နေရသနည်း။

ရွှဲ့ပြည်နယ် ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရှိခြင်းက အဖေ့၏ စိတ်နေစိတ်ထားကြောင့်သာ ဖြစ်၏။

“အဖေ... ခင်ဗျား ကျုပ်ကို ကာကွယ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ခင်ဗျားကို ခင်ဗျား ကာကွယ်ဖို့ရော စိတ်ဆန္ဒ ရှိရဲ့လား။ အင်ပါယာက ချောင်ဘုရင်ကို မကြိုက်သလို အဖေ့ကိုလည်း မကြိုက်ဘူး။”

အင်ပါယာနှင့် သူ၏ဖခင်ကြားထဲတွင် နင်ချီက အင်ပါယာကို မဆိုင်းမတွ ရွေးချယ်ပေလိမ့်မည်။ ဤအရာက လက်တွေ့ဆန်ခြင်း ဖြစ်၏။ သို့ပေမည့် သူက ခေါင်းကိုက်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖခင်ကို ငြင်းဆန်လိုက်လျှင် သူ၏နှလုံးသားကို လုံးဝချိုးဖျက်လိုက်ခြင်းနှင့် နင်ယွမ်ရှန်းက သူ့ကို ပေးခဲ့သည့် အခွင့်အရေး အားလုံးကို ဖယ်ချလိုက်ခြင်းနှင့် တူသောကြောင့်ပင်။

သူ့၌ ဤကဲ့သို့သော စိတ်ခံစားချက်များ ရှိနေသည်ဆိုပါက အုပ်စိုးသူတစ်ယောက် ဖြစ်လာရန် သင့်တော်လိမ့်မည် မဟုတ်ပေ။ နင်ချီက နင်ယွမ်ရှန်း၏ အမိန့်တော်ကို စားပွဲပေါ်သို့ ဒေါသတကြီးနှင့် ပစ်ချလိုက်၏။

ချောင်ဘုရင်သစ်က ဝင်ရောက်လာပြီး ပြုံးကာဆိုသည်။ “ညီတော်... ထျန်းရွှဲ့မြို့ကို ပြန်ချင်ရင် ကျုပ် မတားဘူး။ ကျုပ်ကို ရှင်းပြချက်တစ်ခုပဲ ပေးခဲ့။”

“ကျုပ် ဘာလို့ပြန်ရမှာလဲ။”

နင်ချီက ပြောလိုက်၏။ “ကျုပ်သာ ပြန်သွားရင် အရင်က ကြိုးစားခဲ့သမျှ အရာအားလုံးက အလဟဿ ဖြစ်သွားမှာပေါ့။”

ချောင်ဘုရင်သစ်က ပြောလိုက်သည်။ “ကျုပ်တို့နှစ်ယောက်လုံးဆီမှာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အဖေတွေ ရှိတယ်။ ကျုပ်ရဲ့အဖေက အရမ်း လောဘကြီးတယ်။ ပြီးတော့ ခင်ဗျားရဲ့အဖေကတော့ ဂုဏ်သိက္ခာ ကျဆင်းခဲ့တယ်။ ဒါကြောင့် အဲဒီသိက္ခာတွေကို ပြန်လည်ရယူဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ သူက မတ်တပ်ရပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဒါက သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရယူဖို့ တစ်ခုတည်းသော နည်းလမ်းမလို့ပဲ။ ဒါပေမဲ့ သူ မသိတာက ဘုရင်တစ်ပါးက စိတ်ခံစားချက် ရှိနေဖို့ မသင့်တော်ဘူး။ အထူးသဖြင့် လက်အောက်ခံ ဘုရင်တစ်ပါးပေါ့။”

နင်ချီက ပြောလိုက်၏။ “ဘုရင်တစ်ပါးဆိုတာ တိုင်းပြည်ကို ပထမဦးဆုံးအနေနဲ့ ဦးထိပ်ထားတယ်။ ပြီးမှ သူ့ကိုသူ စဉ်းစားရတာ။ စိတ်ဓာတ်မာကျောခြင်းဆိုတာ တိုင်းပြည်အတွက်ဖြစ်ပြီး အလျှော့ပေးခြင်းကလည်း တိုင်းပြည်အတွက်ပဲ။ သူ ဘာလို့ ဒါကို နားမလည်ရတာလဲ။”

သူတို့နှစ်ယောက်က သူတို့၏ ရိုးသားမှုကို ပြသရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

ပြီးနောက် နင်ချီက စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည့် မှတ်တမ်းတစ်ခုကို သူ ကိုယ်တိုင် ရေးသားခဲ့၏။ သို့ပေမည့် အကြောင်းအရာ တစ်ခုတည်းသာ ရှိ၏။ သူ၏ ဖခင်အတွက်၊ ရွှဲ့ပြည်နယ်အတွက် သူ နင်ချီက ချောင်စခန်းတွင် ဆက်နေဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ နင်ချီက သေလျှင်တောင်မှ သူ့ဖခင်၏ ကျေးဇူးကို ပြန်မဆပ်နိုင်တော့ချေ။ သို့ပေမည့် စကားလုံးတွေက မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းနေပါစေ၊ နင်ချီက သူ၏ဖခင် နင်ယွမ်ရှန်းကို မဟုတ်ဘဲ အင်ပါယာကို ရွေးချယ်ခဲ့သည် ဆိုသော အမှန်တရားကိုတော့ မပြောင်းလဲနိုင်တော့ချေ။

“အင်ပါယာရဲ့ တော်ဝင်သံတမန်က တောင်ဘက်ခြမ်းကို သွားပြီ။” ချောင်ဘုရင်သစ်က ပြော၏။

နင်ချီက သူ၏မျက်လုံးများကို မှိတ်လိုက်၏။ “လာမယ့်အရာက လာလိမ့်မယ်။ ကျုပ်တို့ အစွမ်းကုန် ကြိုးစားရမယ်။ ကျန်တဲ့အရာအားလုံးကို ကံကြမ္မာပေါ်မှာပဲ ပုံအပ်ထားရလိမ့်မယ်။”

ချောင်တော်ဝင်မြို့တော်က တော်ဝင်ရန်မြို့တော်နှင့် ပိုမိုနီး၏။ ထို့ကြောင့် အင်ပါယာ၏ တော်ဝင်သံတမန်က ချောင်တော်ဝင်မြို့တော်ဆီသို့ ပိုစောပြီး ရောက်၏။ ဤတော်ဝင်သံတမန်က လူငယ်ထိပ်တန်း မှူးမတ် တစ်ဦးဖြစ်ပြီး မင်းကြီးဘွဲ့ကို မကြာသေးခင်ကမှ ရရှိထားသူ ဖြစ်၏။ သူက ဒါဇင်ပေါင်းများစွာ ပါဝင်သည့် စစ်သည်တစ်စုကို ဦးဆောင်လာခဲ့သည်။

ချောင်တော်ဝင်မြို့တော်ကို ရောက်ရှိပြီးနောက် သူတို့က နင်ကျန်းကို ဆင့်ခေါ်၏။ ပြီးနောက် မေးခွန်း အနည်းငယ်ကို မေးခဲ့၏။ ချောင်မိဖုရားကြီးကို ဆင့်ခေါ်ပြီး နှစ်ရက်လုံးလုံး စစ်ဆေးမေးမြန်းခဲ့၏။ ထို့ပြင် ပြန်လည်စစ်ဆေးရန် ချောင်နိုင်ငံ၏ ကိုယ်လုပ်တော်ရန် အလောင်းကိုလည်း တောင်းဆိုခဲ့၏။

လုပ်ငန်းစဉ်တစ်ခုလုံးက အသေးစိတ်ကျ၏။ တကယ့်ကို ကျွမ်းကျင်မှုလည်း ပါ၏။ အားလုံးက ချောင်ဘုရင် လုပ်ကြံခံရမှုအတွက် ဤနေရာတွင် ရှိနေကြ၏။ သူတို့က နင်ကျန်း၏ ချောင်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်မှုနှင့် ချောင်တော်ဝင်နန်းတော်ကို မီးရှို့မှုအကြောင်း တစ်ခွန်းမှ မပြောခဲ့ကြချေ။

ထို့အပြင် ရွှဲ့၊ ချောင်နှင့် တော်ဝင်ရန်အင်ပါယာမှ အရာရှိများက စုံစမ်းစစ်ဆေးမှုအားလုံး၌ အတူတူ ရှိနေကြ၏။ အသေးစိတ်တိုင်းကို ရှင်းရှင်းလင်းလင်း မေးမြန်းခဲ့၏။ သုံးရက်တာ အတောအတွင်း ဤတော်ဝင်သံတမန်နှင့် သူ၏လက်အောက်ရှိ အရာရှိအားလုံးတို့က လူဒါဇင်ပေါင်းများစွာတို့ကို ဆင့်ခေါ်ပြီး မေးမြန်းခဲ့၏။ သူတို့က မှတ်တမ်းရာပေါင်းများစွာကို စုံစမ်းစစ်ဆေးခဲ့သည်။

ထိုတင်သာမကသေးချေ။ စုံစမ်းစစ်ဆေးမှုနှင့် စစ်ဆေးမေးမြန်းမှုတိုင်းတွင် စကားလုံးတိုင်းကို မှတ်တမ်းတင် ထား၏။ ပုံတူပန်းချီများပင် ပါဝင်၏။ ရက်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးမှုများ၏ စာဖြင့် မှတ်သား ထားသည့် မှတ်တမ်းများကတင် စကားလုံး တစ်သိန်းကျော်ရှိလာ၏။ လူတိုင်းက ဤစုံစမ်းစစ်ဆေးမှု အပေါ်တွင် ထားရှိသည့် လေးနက်သော သဘောထားကို အသိအမှတ်ပြုမိကြ၏။ အသေးစိတ်တစ်ခုကိုမှ လျစ်လျူမရှုခဲ့ချေ။ တကယ့်ကို နတ်ဘုရား အမှုလိုက်တစ်ယောက် ကဲ့သို့ပင် ဖြစ်၏။

သို့သော်ငြား ချောင်ဘုရင် လုပ်ကြံခံရမှု၏ အမှန်တရားကို အထက်အဆင့်များက သိရှိထားခဲ့ပြီးသား ဖြစ်၏။ တိုက်ရိုက်သတ်ဖြတ်သူက စေတီတောင်၊ ကိုယ်လုပ်တော်ရန်နှင့် ယန်လျန်တို့ ဖြစ်၏။ ဟုတ်ပေ၏။ ရှမ့်လန်လည်း ပါဝင်ခဲ့သည်။

သို့ပေမည့် ချောင်ဘုရင်၏ သေဆုံးမှုက အင်ပါယာ၏ဆန္ဒပင် ဖြစ်၏။ ထို့ကြောင့် ဤလူသတ်သမားများက အဓိပ္ပာယ်အရ အင်ပါယာအတွက် အလုပ်လုပ်နေကြခြင်းပင်။ ထိုသို့ဆိုလျှင် ဤကဲ့သို့သော ကျွမ်းကျင်သူများ နှင့် လာရောက်စုံစမ်းစစ်ဆေးနေခြင်းဆိုသည်က ဟန်ပြသာ ဖြစ်ပေမည်။

ချောင်မိဖုရားကြီးက ဤအရာကို သိ၏။ ထို့အပြင် ကာကွယ်ရေးတပ်မှုး လျန်ကျင်းကလည်း ထိုအရာကို သိ၏။ သို့သော်ငြား ဘာပြောသင့်သနည်း၊ ဘာကို မပြောသင့်သနည်းကို သူတို့က ရှင်းရှင်းလင်းလင်း နားလည်ထား၏။ တကယ့်ကို ကျွမ်းကျင်သည့် စုံစမ်းစစ်ဆေးမှုများ ဆိုသည်မှာ အသေးစိတ်ကျသည့် ပြီးပြည့်စုံသော လိမ်ညာမှုတစ်ခုကို ဖန်တီးရန် ဖြစ်၏။ ၇၀ ရာခိုင်နှုန်းမှန်ပြီး ၃၀ ရာခိုင်နှုန်း မှားသော လိမ်ညာမှုတစ်ခုပင်။

ချောင်မိဖုရားကြီးက ချောင်ဘုရင် ရုတ်တရက် သေဆုံးမှုအတွက် ဒေါသထွက်သည်လား။ သေချာပေါက် ဒေါသထွက်၏။ သို့ပေမည့် သူမ ဘာလုပ်နိုင်မည်နည်း။ ဤအရာက အင်ပါယာ၏ ခွင့်ပြုချက် ဖြစ်၏။ အမြင့်ဆုံးသော ကောင်းကင်ဘုံရှိ အင်ပါယာကို အရှက်ရစေချင်သည်လား။ သူမက မိမိကိုယ်ကိုယ် သေလမ်းရှာချင်တာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းက တော်ဝင်သံတမန်နှင့် ပူးပေါင်းပြီး လိုအပ်သည့် ကွက်လပ်များကိုသာ ဖြည့်ပေးခဲ့၏။

၅ ရက်လုံးလုံး ကြာပြီးနောက် စုံစမ်းစစ်ဆေးမှုများက ပြီးဆုံးခဲ့၏။ ဤ ၅ ရက်အတွင်း အင်ပါယာ၏ တော်ဝင်သံတမန်က ရှမ့်လန်ကို လုံးဝ စစ်ဆေးမေးမြန်းခဲ့ခြင်း မရှိချေ။

နာကျည်းမှုနှင့် ကျင်းမူလန် အကြောင်းကိုပင် မေးမြန်းခဲ့သေး၏။ သို့ပေမည့် ရှမ့်လန်ကိုတော့ မမေးခဲ့ချေ။ နောက်ဆုံး ဆဋ္ဌမမြောက်နေ့မှာတော့ တော်ဝင်သံတမန်က ရှမ့်လန်ကို ဆင့်ခေါ်သည်။

…………………

“ချောင်ဘုရင် ရုတ်တရက် သေဆုံးသွားတဲ့ အကြောင်းရင်းက ချောင်မိဖုရားကြီးရဲ့ လျှို့ဝှက်စာကို ကိုင်ထားတာကြောင့်ပဲ။ ဒီလျှို့ဝှက်စာ ပြုပြင်ပြီးသား ဖြစ်ခဲ့တယ်။ ပြီးတော့ ရနံ့တွေကို ထည့်သွင်းခဲ့တယ်။ ဒါကြောင့် ချောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကူပိုးကောင်ကို တိုက်ရိုက် နိုးထစေခဲ့တယ်။ ဒီလျှို့ဝှက်စာကို ချောင်မိဖုရားကြီးက ရေးခဲ့ပြီး စာရဲ့ ရနံ့ကလည်း သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်ရနံ့နဲ့ အတူတူပဲ။ သတ်မှတ်တဲ့ ပမာဏရောက်အောင် ရနံ့က ပိုပြင်းသွားတာပဲရှိတယ်။ ဒီရနံ့ကို မင်း ထည့်ခဲ့တာလား။ ဒါကြောင့် ချောင်ဘုရင်ကိုသတ်တဲ့ တိုက်ရိုက်လူသတ်သမားက မင်း .. ရှမ့်လန် ဖြစ်တယ်။”

အင်ပါယာ၏ တော်ဝင်သံတမန်က တည့်တည့်ပင် ပြော၏။ “ရှမ့်လန်.. မင်းက ချောင်ဘုရင်ကို အသုံးချပြီးတော့ ကျုံးစစ်သူကြီးနဲ့ နင်ချီကို ဖျက်ဆီးချင်ခဲ့တာပဲ။ ချောင်နိုင်ငံရဲ့ သတ္တမမင်းသား ချောင်ရှင်း ရောက်လာတာ အရမ်းနောက်ကျသွားခဲ့တယ်။ မဟုတ်ရင် မင်းက အရင်ဆုံး တိုက်ခိုက်ပြီး နင်ချီအပေါ် စွပ်စွဲလို့ ရခဲ့ပြီ။

“ချောင်ဘုရင်က ဒီလျှို့ဝှက်စာကို ကိုင်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ကူပိုးကောင် က အသက်ဝင်လာတယ်။ ဒါကြောင့် နင်ချီက စေတီတောင်နဲ့ ပူးပေါင်းပြီး သူ့ကို လုပ်ကြံခဲ့တယ်လို့ အော်ဟစ် ခဲ့တာပဲ။ ဒီတော့ နင်ချီက နုမြစ်ထဲကို ခုန်ချမယ်ဆိုရင်တောင်မှ သူ့ရဲ့ဂုဏ်သတင်းကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ရှမ့်လန်... မင်းက တကယ့်ကို ကောက်ကျစ်တဲ့လူပဲ။”

ထို့သို့ဆိုလျှင် ဤအရာက အမှန်တရားလား။ အနည်းနှင့်အများတော့ ဟုတ်ပေ၏။ သို့ပေမည့် အမှန်တရားက လုံးဝ ရှုပ်ထွေးခြင်း မရှိချေ။ ဤအရာကို နားထောင်ပြီးနောက် ရှမ့်လန်က အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိချေ။

“ရှမ့်လန်... ချောင်ဘုရင်ကို လုပ်ကြံတဲ့အတွက် သက်သေတွေအရ မင်း သေချာပေါက် သေရလိမ့်မယ်။”

ရှမ့်လန်က စကားတစ်ခွန်းမှ မပြောခဲ့ချေ။ ချောင်ဘုရင်ကို လုပ်ကြံခြင်း ဆိုသည်မှာ ကြီးမားလွန်းသည့် ကိစ္စကြီးတစ်ခု ဖြစ်၏။ ရှမ့်လန်က များပြားလွန်းသည့် အကြောင်းအရာများကို စဉ်းစားခဲ့ပြီးပြီ ဖြစ်၏။

“တော်ဝင်သံတမန်... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပါ။”

အင်ပါယာရဲ့ တော်ဝင်သံတမန်က ပြောသည်။ “ပထမဦးဆုံး ကျင်းမင်းသားရဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ် နယ်မြေမှာ ရှေးဟောင်းအမွေအနှစ် တစ်ခုရှိလား။ အဲဒါ ဘယ်မှာလဲ။ ဘယ်လို ဖွင့်ရမလဲ။”

ဤအရာက ဘာအဓိပ္ပာယ် ဖြစ်သနည်း။ တော်ဝင်ရန်အင်ပါယာက ခွင့်လွှတ်မှုကို ရယူရန် ရှေးဟောင်းအမွေအနှစ်၏ တည်နေရာကို ထုတ်ဖော် ပြောဆိုစေချင်သည်လား။ ချောင်ဘုရင်ကို တကယ် သတ်ချင်သည့်လူက အင်ပါယာ ဖြစ်၏။ သူ ရှမ့်လန်က မီးလောင်ရာ လေပင့်ပေးခဲ့ခြင်းသာလျှင် ရှိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး။ ဒီကိစ္စကို ကျုပ် မသိပါဘူး။”

အင်ပါယာရဲ့ တော်ဝင်သံတမန်က ရှမ့်လန်ကို စူးစိုက်စွာ ကြည့်ရှုလိုက်၏။ “ရှမ့်လန်... ထျန်းရွဲ့မြို့တော်မှာ လူပေါင်းများစွာက မင်းကို မနှစ်သက်ကြဘူး။ မင်းက ရွှဲ့ပြည်နယ်မှာ မင်းရဲ့ဘဝကို ထင်သလို နေထိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ဘဝက အမြဲတမ်း သေမင်းရဲ့ ကြိုးတန်းပေါ် လျှောက်နေရသလိုပဲ။”

အင်ပါယာ၏ တော်ဝင်သံတမန်က ပြောလိုက်သည်။ “ချောင်ဘုရင် လုပ်ကြံခံရမှုရဲ့သက်သေက ခိုင်လုံတယ်။ မင်းကို ပြစ်ဒဏ်ချမှတ်ပြီးတာနဲ့ ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။”

ရှမ့်လန်က မည်သည့်စကားမှ မပြောခဲ့ချေ။

အင်ပါယာ၏ တော်ဝင်သံတမန်က ခေါင်းကိုငုံ့ပြီး စာတမ်းတစ်ခုကို ထုတ်ယူကာ ဂရုတစိုက် ဖတ်ရှု၏။

“ချောင်ယောင်းအာနဲ့ ဖောက်ပြန်ခဲ့တယ်။ ဟုတ်တယ်မလား။ သူက မင်းအတွက် ကလေးတစ်ယောက်တောင် မွေးပေးခဲ့သေးတယ်။”

အင်ပါယာ၏ တော်ဝင်သံတမန်က ပြောလိုက်သည်။ “အခု သူက ပင်လယ်ရပ်ခြားမှာ နိုင်ငံတစ်ခုကို ထူထောင်ထားပြီ။ ငါတို့ မင်းကို သူ့ဆီစာရေးဖို့ ဒါမှမဟုတ် တော်ဝင်ရန်အင်ပါယာကို ကိုယ်စားပြုပြီး သူ့ရဲ့ နိုင်ငံကို သွားရောက်ကြည့်ရှုဖို့ စေခိုင်းချင်တယ်။။”

ရှမ့်လန်က သူ၏ပခုံးကို တွန့်လိုက်၏။ “ဆရာကြီး.. ခင်ဗျားက ချောင်ယောင်းအာရဲ့ နှလုံးသားထဲမှာ ကျုပ်ရဲ့ အရေးပါမှုကို သေချာပေါက် အလွန်အကျွံ ခန့်မှန်းထားတာပဲ။ ကျုပ်တို့က ထူးဆန်းတဲ့ အကြောင်းအရာ တစ်ခုကြောင့် တစ်ညတာ ပေါင်းဖက်ခဲ့တာပဲ။ ပြီးတော့ သူ ကိုယ်ဝန်ရသွားတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ကျုပ်ကမျိုးစေ့ကို ချေးငှားလိုက်တဲ့ သဘောပဲ။ သူ့ရဲ့နှလုံးသားထဲမှာ ကျုပ်က ဖြတ်သွားဖြတ်လာ လူတစ်ယောက်လိုပဲ။ ဘာမှ မရှိဘူး။”

ပြီးနောက် ရှမ့်လန်က မေးမြန်းလိုက်သည်။ “ပင်လယ်ရပ်ခြားမှာရှိနေတဲ့ ချောင်ယောင်အာရဲ့နိုင်ငံက အရမ်းအားကောင်းလို့လား။”

အင်ပါယာ၏ တော်ဝင်သံတမန်က စကားမပြောချေ။ ထိုအစား သူက စာရွက်စာတမ်းများကို ဆက်လက် လှန်လှောကြည့်၏။ ဤအရာက ရှမ့်လန်၏ အချက်အလက် ဖြစ်၏။ သူက ထိုအရာကို ဖတ်နေစဉ်မှာပဲ ရှမ့်လန်ကို မျက်လုံးလှန်ကာ ကြည့်၏။

“ရှမ့်လန်... မင်း တစ်ခုခု လုပ်ရမယ်။”

အင်ပါယာ၏ တော်ဝင်သံတမန်က ပြောလိုက်သည်။ “လူတစ်ယောက်က တန်ဖိုးမရှိဘူး။ ပြီးတော့ တခြားသူတွေ မကြိုက်ဘူးဆိုရင် သူက အခြေခံအားဖြင့် သေဆုံးနေပြီ။ မင်း ဒါကိုမလုပ်နိုင်ရင် ကျိန်းသေပေါက် သေရလိမ့်မယ်။ မီးတောက်မြို့တော်ရဲ့ လူပေါင်းများစွာက မင်းကို မကြိုက်ဘူး။ စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်။ ပြီးတော့ ကောင်းကင်အပြစ်ပေးမှု နန်းဆောင်တို့ကလည်း မင်းကို မကြိုက်ဘူး။ ဒါကြောင့် ရှမ့်လန်.. မင်းကိုယ်တိုင်က ဘာလုပ်စရာ ရှိနေသေးလဲ။ ပထမအရာနှစ်ခုထဲက တစ်ခုကို ရွေးချယ်လိုက်။”

အင်ပါယာ၏တော်ဝင်သံတမန်က ပြောလိုက်၏။ “တော်ဝင်သံတမန်တွေကို ဦးဆောင်ပြီး ချောင်ယောင်းအာရဲ့ နိုင်ငံကို သွားရောက်ကြည့်ရှုဖို့။ ဒါမှမဟုတ် ကျင်းမင်းသားရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဘယ်မှာလဲဆိုတာ ပြောပြဖို့ပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး။ ကျုပ် ဘာမှ မလုပ်ပေးနိုင်ပါဘူး။”

တော်ဝင်သံတမန်က မျက်လုံးများကို မှေးကျဉ်းလိုက်၏။

“ရှမ့်လန်... မင်း ဒါကို လုပ်ကို လုပ်ရမယ်။”

တော်ဝင်သံတမန်က ပြောလိုက်၏။ “ငါ့ဆီမှာ ဖိုင်နှစ်ခု ရှိတယ်။ တစ်ခုမှာ မင်းက အပြစ်ရှိတယ်။ နောက်တစ်ခုမှာ မင်းက အပြစ်မရှိဘူး။ တစ်ခုကို ရွေးချယ်လိုက်။”

တော်ဝင်သံတမန်က ရှမ့်လန်ကို နောက်ဆုံး သတိပေးချက်တစ်ခု ပေးလိုက်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “တော်ဝင်သံတမန်က ယွမ်မင်ကျယ်နဲ့ ရင်းနှီးပါသလား။”

လူငယ်တော်ဝင်သံတမန်က ပြောလိုက်သည်။ “ငါ မီးတောက်မြို့တော်မှာ လူတိုင်းနဲ့ ရင်းနှီးတယ်။ ဒါပေမဲ့ အဲတာက အသုံးမဝင်ဘူး။ ယွမ်မင်ကျယ်က အရမ်း အရေးမပါဘူး။ သူက မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။”

ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။ “ကျုပ် ကြားဖူးရုံပဲ ရှိတာပါ။ မီးတောက်မြို့တော်မှာ အရမ်းကို ထူးဆန်းတဲ့ ရောဂါတစ်ခု ကူးစက်ခံထားရတဲ့ လူတစ်ယောက်ရှိတယ်။ သူက ရုတ်တရက် ပိန်သွားတယ်။ ပြီးတော့ အရမ်းလည်း ရေငတ်တယ်။ နေ့တိုင်း ရေတွေ အများကြီး သောက်ရတယ်။ ပြီးတော့ အားနည်းလာခဲ့တယ်။ နေ့တိုင်း ဆီးအများကြီး သွားရတယ်။ သူ့ရဲ့ ကိုယ်အလေးချိန်ကလည်း နေ့တိုင်း ကျနေတယ်။ မရေမတွက်နိုင်တဲ့ သမားတော်တွေကလည်း လာရောက်ကြည့်ရှုခဲ့တယ်။ ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ စေတီတောင်က လူတွေကတောင် သူ့ကို လာကြည့်ခဲ့တယ်။ ဒါပေမဲ့ ရောဂါရဲ့ အကြောင်းရင်းကို ရှာမတွေ့ခဲ့ဘူး။”

All Chapters