← Chapters

အခန်း (၇၁၅-၇၁၆)

Vol. 45 Ch. 715-716

အခန်း (၇၁၅-၇၁၆)

Vol. 45 Ch. 715-716

အပိုင်း (၇၁၅)

ချောင်ပြည်နယ်၏ ဘုရင်အသစ်က နန်းဆောင်ထဲသို့ ရောက်ရှိနေသည်ဆိုသော်လည်း တစ်ခွန်းတစ်ပါဒမျှ ပြောဆိုခြင်း မရှိချေ။ ချောင်ပြည်နယ်၏ အကျိုးစီးပွားအတွက် သူက ရှမ့်လန်နှင့် လျှို့ဝှက်တွေ့ဆုံရန် သဘော တူညီခဲ့သော်လည်း ရှမ့်လန်နှင့် ရင်းရင်းနှီးနှီး ဆက်ဆံရန်မူ သူရဲ့စိတ်က လက်မခံနိုင်သေးချေ။ အကြောင်းရင်းက ရှမ့်လန်က သူ၏ နန်းမြို့တော်ကို သိမ်းပိုက်ထားသည်သာမက ချောင်ပြည်နယ်၏ နန်းတော်ကိုလည်း မီးရှို့ခဲ့သူ မဟုတ်ပါလား။

“ကျုပ်မှာ အချိန်တွေ အများကြီးမရှိဘူး။ မိုးမလင်းခင် ပြန်ရမယ်။” ဘုရင်အသစ်က မိန့်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... လောကကြီးက မကြာခင်ပြောင်းလဲတော့မှာပါ။”

ဘုရင်အသစ်က နှုတ်ဆိတ်နေ၏။ မှန်ပေ၏။ လောကကြီးက ပြောင်းလဲနေခဲ့ပြီဖြစ်၏။

“အင်ပါယာက သူ့ရဲ့ဩဇာကို ချဲ့ထွင်တော့မယ်။ လောကကြီးတစ်ခုလုံးကို တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် သိမ်းပိုက်တော့မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်တို့အားလုံးက အင်ပါယာဆီကို အာဏာလွှဲပြောင်းပေးရတော့မယ်။ သူ ဒီလောက် ရည်မှန်းချက်ကြီးလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။

ထီးနန်းစံတဲ့ နှစ်ပေါင်းလေးဆယ်ကျော်အတွင်းမှာ အင်ပါယာ ကျန်းလီကို အမြစ်ဖြတ်နိုင်ရုံတင် မကဘူး။ မူဝါဒအသစ်တွေကိုလဲ အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တယ်။ အခုတော့ သူက တစ်လောကလုံးကို သိမ်းပိုက်ပြီး ပြီးပြည့်စုံတဲ့ တော်ဝင်ရန်အင်ပါယာကြီးကို အိမ်ရှေ့စံရဲ့ လက်ထဲကို အပ်ချင်နေတဲ့ပုံပဲ။”

ဘုရင်အသစ်က တုံ့ပြန်လိုက်၏။ “ပထမဆုံးအချက်အနေနှင့် ငါ့အဖေကို လုပ်ကြံခဲ့တဲ့ နောက်ကွယ်ရဲ့ တရာခံက အင်ပါယာဖြစ်တယ်ဆိုတာ မင်း ငါ့ကို ပြောနေဖို့ မလိုဘူး။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ဤအချက်အလက်ကို အထက်တန်းလွှာတွင် ရှိနေသည့် လူများက သိရှိခဲ့ပြီး ဖြစ်လေ၏။ အင်ပါယာကိုယ်တိုင်ကလည်း ဖုံးကွယ်ထားခြင်း မရှိပေ။

“ဒုတိယအချက်အနေနဲ့ နင်ကျန်း ထီးနန်းတက်လာက ချောင်ပြည်နယ်အတွက် ပိုမို အကျိုးရှိလိမ့်မယ် ဆိုတာကိုလည်း ငါသိတယ်။”

နင်ချီက ကောက်ကျစ်စဉ်းလဲပြီး ဖောက်ပြန်တတ်သူဖြစ်၏။ နင်ချီနှင့် မဟာမိတ်ဖွဲ့ခြင်းက ကျားနာကို အသားကျွေးနေသကဲ့သို့ပင် အန္တရာယ်များ၏။ နင်ချီ၏ လမ်းစဉ်က ရိုးရှင်း၏။ သူသာ နန်းတက်သည်ဆိုပါက တော်ဝင်ရန်အင်ပါယာ၏ ဒုတိယမြောက်မင်းသားဘွဲ့ကို ခံယူကာဖြင့် အင်ပါယာ၏လက်အောက်ခံအဖြစ် အသုံးတော်ခံမည့်လူတစ်ယောက်ပင်။

ထို့အပြင် သူက တော်ဝင်ရန်အင်ပါယာ၏ အမည်ကို အသုံးချပြီး နယ်မြေကို ချဲ့ထွင်ပေလိမ့်မည်။ သူက တောဝင်ရန်အင်ပါယာကို တော်လှန်ပုန်ကန်ကောင်း ပုန်ကန်နိုင်သည်ဆိုသော်လည်း ထိုသို့ ပြုလုပ်ရန်အတွက် ကျင်းပြည်နယ်နှင့် ချန်ပြည်သစ်တို့ အရင်ဆုံးတော်လှန်သည်အထိ စောင့်ဆိုင်းမည့်သူပင်။ နောက်ဆုံးမှ အမြတ်ထုတ်ရန် ကြံစည်ပေလိမ့်မည်။

သို့သော်ငြား နင်ကျန်းသာ နန်းတက်ခဲ့သည်ဆိုပါက တော်ဝင်ရန်အင်ပါယာ၏ ကျူးကျော်မှုကို အစွမ်းကုန် ခုခံပေလိမ့်မည်။ ချောင်ဘုရင်အတွက်မူ အင်ပါယာကိုခုခံမည့် ရွှဲ့ဘုရင်တစ်ပါး တည်ရှိနေခြင်းက အကျိုးအရှိဆုံး ဖြစ်သည်။

ဘုရင်အသစ်က ဆက်လက်ကာ ပြော၏။ “ငါက နင်ကျန်း မဟုတ်ဘူး။ ငါက အင်ပါယာကို တော်လှန်မှာ မဟုတ်ဘူး။ ငါ့ရဲ့လမ်းစဉ်က နင်ချီနဲ့ ဆင်တူတယ်။”

ရှမ့်လန်က အသာပင် ရယ်မောလိုက်သည်။ “ဒီလောကကြီးမှာ လူတော်တွေ အရမ်းများတယ်။ အင်ပါယာရဲ့ အာဏာစက်ကလည်း လောကကြီးကို စပြီးဝါးမျိုနေပြီ။ ဒါပေမဲ့ လူတိုင်းက ကိုယ်တိုင် အနစ်အနာမခံဘဲ သူများ လုပ်ထားတဲ့ အသီးအပွင့်တွေကိုသာ ထိုင်ပြီး စားသုံးချင်နေကြတယ်။ သူတစ်ပါးကိုပဲ အရင်ဆုံး လုပ်ခိုင်းပြီး အသေခံခိုင်းစေချင်နေကြတယ်။”

ချောင်ဘုရင်အသစ်က နှုတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်၏။

“နောက်ဆုံးမှာတော့ ခင်ဗျားတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် အရေးနိမ့်သွားခဲ့တယ်။ နောက်ဆုံး တော်ဝင်ရန်အင်ပါယာရဲ့ ဝါးမျိုခြင်းကို ခံရမှာဘဲ။” ရှမ့်လန်က ပြောလိုက်သည်။

ချောင်ဘုရင်အသစ်က ဘာတစ်ခုမျှ မပြောချေ။ ဤအမှန်တရားကို မည်သူက မသိရှိဘဲနေမည်နည်း။ သို့သော်ငြား သိရုံနှင့် ဘာထူးမည်နည်း။

ရှမ့်လန်က အခြေအနေကို ကောင်းကောင်းနားလည်၏။ ရှေးဟောင်း တော်ဝင်ချန်ပြည်နယ်ကို သိမ်းပိုက်ခဲ့စဉ်က ကျန်သည့် ပြည်နယ် ၆ ခုတို့က စုပေါင်း တိုက်ခိုက်ခဲ့သင့်သည်ဟု မသိရှိခဲ့ကြသည်လား။ ကျိန်းသေပေါက် သိရှိကြသည်။ ရလဒ်က ဘာဖြစ်ခဲ့သနည်း။ အားလုံးက အညံ့ခံခဲ့ရ၏။

လက်ရှိတော်ဝင်ရန်အင်ပါယာ၌ အင်အားကြီးပြည်နယ် ၆ ခုရှိ၏။ ရွှဲ့၊ ချောင်၊ ချန်၊ ကျင်း၊ ဝူနှင့် ဝေါ တို့ဖြစ်၏။ ထိုထဲတွင် ဝူပြည်နယ်က အသေးငယ်ဆုံး ဖြစ်သော်လည်း စတုရန်းကီလိုမီတာ လေးသိန်းကျော်တော့ ကျယ်ဝန်း၏။ ဝေါပြည်နယ်အဟောင်းက အကြီးဆုံးဖြစ်သော်လည်း လူဦး‌ရေ ကျဲပါးလွန်း၏။ အင်အားအကြီးမားဆုံးက ကျင်းပြည်နယ်ဖြစ်ပြီး လူဦးရေ ၃၅ သန်းရှိသည်။

သို့သော်ငြား တော်ဝင်ရန်အင်ပါယာက အလွန်အင်အားကြီးမားလွန်းသောကြောင့် မည်သူကမျှ မတော်လှန်ဝံ့ကြချေ။ ထို့ကြောင့် ဘုရင်များက စိတ်ထဲက မကျေနပ်သော်လည်း လက်တွေ့မှာမူ အားလုံးက အညံ့ခံခဲ့ကြသည်။

“လျန်ပြည်နယ်က တော်ဝင်ရန်အင်ပါယာ၏ သစ္စာရှိ ခွေးတစ်ကောင် ဖြစ်တာမို့ အရင်ဆုံးအညံ့ခံခဲ့တယ်။ ဒါပေမဲ့ လျန်က ပြည်နယ်လေးတစ်ခုဘဲရှိသေးတယ်။ ပြည်ထောင်ကြီး ၆ ခုထဲမှာ နင်ချီက လွဲပြီး ဘယ်သူကများ ဒူးထောက်ပြီး ကိုယ့်ရဲ့အချုပ်အခြာအာဏာကို လက်လွှတ်မှာလဲ။” ရှမ့်လန်က မေးမြန်းလိုက်၏။

ချောင်ဘုရင်အသစ်က နှုတ်ဆိတ်နေဆဲပင်။ ဝူဘုရင်က ယခင်စစ်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သူက သာမန်လူတစ်ယောက် မဟုတ်ချေ။ စွမ်းဆောင်ရည်ရှိသော အုပ်ချုပ်သူ တစ်ယောက်ဖြစ်သည်။

ချန်နိုင်ငံသစ်၏ ရင်ကွမ်းက အကောက်ကျစ်ဆုံးသောသူဖြစ်၏။ သူက အင်ပါယာကျန်းလီ၏ အယုံကြည်ရဆုံး ညီနောင်ဖြစ်ခဲ့သည် ဆိုသော်လည်း အရေးကြီးသည့်အချိန်မျိုးတွင် သစ္စာဖောက်ခဲ့ပြီး တော်ဝင်ရန် အင်ပါယာ လက်အောက်၌ ခိုလှုံခဲ့သူပင်။ အပြင်ပန်းတွင် တော်ဝင်ရန်အင်ပါယာနှင့် အနီးစပ်ဆုံးတည်ရှိသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာတော့ ထိန်းချုပ်ရန် ခက်ခဲ့လွန်းသည့် လူလည်းဖြစ်၏။

ရှမ့်လန်က ပြော၏။ “ခြောက်ပြည်ထောင်ထဲမှာ နင်ချီကလွဲရင် ဘယ်သူကမှ လွယ်လွယ်နဲ့ ဒူးထောက်မှာ မဟုတ်ဘူး။”

ပြီးနောက် ရှမ့်လန်က စားပွဲပေါ်တွင် ကျောက်ပြား ၆ ချပ်ကို ထောင်ကာ တင်လိုက်၏။ ပထမဦးဆုံး ကျောက်ပြား လဲကျသွားသည်နှင့် ကျန်ကျောက်ပြား ၅ ခုလုံးက တရစပ် လဲကျသွားလေ၏။ ထိုအရာက ဒိုမီနို သက်ရောက်မှုပင်။

“နင်ချီရဲ့ အလျော့ပေးမှုကြောင့် တောင်ပြိုသလို အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။ ဒုတိယ၊ တတိယနဲ့ နောက်ဆုံး ပြည်ထောင် ၆ ခုလုံးက ဝါးမျိုခြင်းကို ခံရလိမ့်မယ်။ အရှင်မင်းကြီး.... ရွှဲ့ပြည်နယ်ရဲ့မူဝါဒ အသစ်ကို တွေ့ဖူးမှာပေါ့။ မှူးမတ်ဟောင်းတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ စုနန်က မူဝါဒအသစ်ရှေ့မှာ အညံ့ခံလိုက်တာနဲ့ ကျန်တဲ့ မှူးမတ်တွေအားလုံးက ခေါင်းဆောင်မဲ့ပြီး ပြိုလဲသွားခဲ့ရတယ်။”

ရှမ့်လန်က အသက်ကို ပြင်းပြင်းရှုလိုက်သည်။ “နင်ချီက အင်ပါယာဆီမှာ အညံ့ခံတယ်ဆိုတာ ခင်ဗျားတို့ ထင်ထားတာထက်ပိုပြီး ဆိုးလိမ့်မယ်။ ပြည်ထောင် ၆ ခုက သစ်သားပုံးကြီး တစ်ပုံးလိုပဲ။ နင်ချီက အဲဒီ သစ်သားပုံးရဲ့ သစ်သားချောင်း တစ်ချောင်းပေါ့။ ဆွဲထုတ်လိုက်သလိုဖြစ်ပြီး အပေါက်ဖြစ်သွားမယ်။ ပြီးရင် ရေတွေ ပန်းထွက်လာမယ်။

ဆည်တစ်ခုမှာ အပေါက်ငယ်လေးတစ်ခုက ဆည်တစ်ခုလုံးကို ဖြိုချလိုက်သလို အခြေအနေမျိုးကို ရောက်နိုင် သလိုပေါ့။ ဒါကြောင့် အင်ပါယာက နင်ချီကို ကယ်တင်ဖို့ လောကကြီးရဲ့ကဲ့ရဲ့မှုကိုတောင် ခံပြီး ချောင်ဘုရင်ဟောင်းကို အသရေဖျက်ခဲ့တာပဲ။”

ဤနေရာသို့ ရောက်ရှိသည့်အချိန်တွင် ချောင်ဘုရင်အသစ်၏ နဖူးကြောများက ထောင်ထသွား၏။ ဤသည်က သူ၏ရင်ထဲတွင် ရှိနေသည့် အကြီးမားဆုံးသော နာကျင်မှုလည်းဖြစ်၏။ အင်ပါယာ၏ ထုတ်ပြန်ချက်က နန်းတော် မီးလောင်သည်ထက်ပင် ချောင်ပြည်နယ်ကို ပိုမိုကာ ဂုဏ်သိက္ခာကျဆင်းစေ၏။ ချောင်ဘုရင် အဟောင်းက အသတ်ခံခဲ့ရသည်ဆိုသော်လည်း တရားမျှတမှု မရသည့်အပြင် သားက အဖေကို သတ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် အရှက်ခွဲခြင်းကို ခံခဲ့ရ၏။

ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ပြည်နယ် ၆ ခုက စုပေါင်းပြီး တော်ဝင်ရန် အင်ပါယာကို တောင်လှန်ဖို့ဆိုတာ ကျုပ် အိမ်မက် မမက်ဝံ့ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ပြည်နယ် ၆ ခုရဲ့ ဘုရင်တွေအနေနဲ့ ကိုယ့်သိက္ခာကို စောင့်စည်းပြီး အရင်ဆုံး ဒူးမထောက်ဖို့ လိုတယ်။ အဲဒီကနေ တောင်ပြိုသလို ဖြစ်မသွားဖို့ လိုအပ်တယ်။

အရှင်မင်းကြီး.... နင်ချီသာ နန်းတက်ပြီး တော်ဝင်ရန်အင်ပါယာရဲ့ ရွှဲ့မင်းသားဖြစ်သွားမယ်ဆိုရင် အင်ပါယာက ရွှဲ့ပြည်နယ်ကို ဝန်ကြီးချုပ်တစ်ယောက် စေလွှတ်လိမ့်မယ်။ အဲဒီနောက်မှာ ဘယ်ပြည်နယ်ရဲ့ အလှည့် ဖြစ်လာမယ်ထင်လဲ။”

ချောင်ဘုရင်အသစ်က ခဏလောက်စဉ်းစား၏။ ပြီးနောက် ပြောလိုက်၏။ “ဝူပြည်နယ် ဒါမှမဟုတ် ချောင်ပြည်နယ်ပေါ့။”

အင်အားအနည်းဆုံးသူကို အရင်ဆုံးရွေးမှာ သေချာ၏။ လက်ရှိအခြေအနေတွင် ချောင်ပြည်နယ်က စစ်ပွဲကြောင့် အင်အားများစွာ ဆုံးရှုံးထား၏။ လူပေါင်းနှစ်သိန်းနီးပါး သေကြေပျက်စီးခဲ့ရပြီး နန်းမြို့တော်လည်း မီးလောင်ခဲ့၏။ ထို့ကြောင့် နာလန်ထူနိုင်ရန် အချိန်များစွာ လိုအပ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် နောက်ထပ်ပစ်မှတ်က ခင်ဗျားပဲ။ အဲဒီအချိန်ရောက်ရင် ခင်ဗျား ဘာလုပ်မလဲ။ တော်လှန်မလား ဒါမှမဟုတ် ဒူးထောက်မလား။”

ချောင်ဘုရင်အသစ်က မျက်လုံးကို မှိတ်၏။ ဒူးထောက်လိုက်သည်နှင့် တသက်လုံးပြန်လည်ကာ ထနိုင်တော့မည် မဟုတ်ချေ။

“ဒါပေမယ့် နင်ကျန်း ထီးနန်းတက်ရုံနဲ့ အင်ပါယာ ကျုပ်ဆီကို အရင်မလာဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။” ချောင်ဘုရင်က မေးသည်။

ရှမ့်လန်က ပြောလိုက်၏။ “အဲလိုဖြစ်မှာ မဟုတ်ဘူး ရှေးလူကြီးတွေ ပြောခဲ့သလိုပေါ့ စတင်တဲ့လူမရှိရင် နောက်လိုက်မယ့်သူ မရှိဘူး။ ပြည်ထောင်တွေကို အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် ပြောင်းလဲဖို့ဆိုတာ ဘုရင်တွေဘက်က အရင်ဆုံး တောင်းဆိုမှ အင်ပါယာဘက်က လုပ်လို့ရတာမျိုးပဲ။ နင်ချီကသာ အစမပြုခဲ့ရင် အင်ပါယာက အင်အားသုံးပြီး ဖိအားပေးမယ် ဆိုရင်တောင်မှ အနီးနားက ပြည်နယ်လေးတွေကိုသာ လုပ်လို့ရလိမ့်မယ်။ ပြည်နယ်ကြီး ခြောက်ခုကတော့ လွတ်ကင်းနေလိမ့်မယ်။”

ချောင်ဘုရင်အသစ်က ရှမ့်လန်၏ စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရှမ့်လန်က ဆက်လက်ကာပြော၏။ “အရှင်မင်းကြီး... သေချာစဉ်းစားကြည့်အုံး။ ခင်ဗျား ချောင်ဘုရင် အဆင့်ကနေ ချောင်မင်းသားလို့ အခေါ်ခံရမယ့် အခြေအနေမျိုး ရောက်သွားလိမ့်မယ်။”

ချောင်ဘုရင်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။

“နင်ကျန်း နန်းတက်တာက ခင်ဗျားအတွက် တင်သာမကဘူး ချောင်ပြည်နယ်တစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်။ နင်ကျန်းက ပြတ်သားတယ် အညံ့မခံတတ်ဘူး။ သူက တော်ဝင်ရန်အင်ပါယာကို တော်လှန်တဲ့နေရာမှာ ရှေ့ဆုံးက ရပ်တည်တဲ့သူ ဖြစ်လာလိမ့်မယ်။ အဲတာ ခင်ဗျား အမြဲတမ်း အလိုရှိနေတဲ့ အရာပဲ မဟုတ်လား။”

ချောင်ဘုရင်က ပြောသည်။ “တော်ဝင်ရန်အင်ပါယာကို တော်လှန်မယ် ဟုတ်လား။ ရွှဲ့ပြည်နယ်က ၂ လတောင် ခံမှာ မဟုတ်ဘူး။”

ရှမ့်လန်က တိုက်တွန်းလိုက်၏။ “ရွှဲ့ပြည်နယ် ပျက်သုန်းသွားခဲ့မယ်ဆိုရင်တောင် နင်ကျန်းက တောတောင်ထဲကို ဆုတ်ခွာပြီး တော်လှန်ရေး ဆက်လုပ်မည့်သူမျိုးပဲ။ နင်ချီလိုလူနဲ့ မဟာမိတ်ဖွဲ့တာမျိုးထက် နင်ကျန်းလို လူမျိုးနှင့် လက်တွဲတာက ပိုပြီးစိတ်ချရတယ်။”

ချောင်ဘုရင်က ပြောလိုက်သည်။ “ရှမ့်လန်.... မင်းနဲ့ နင်ကျန်းက ငါ့ရဲ့နန်းမြို့တော်ကို သိမ်းပိုက်ပြီး ငါ့ရဲ့ နန်းတော်ကြီးကိုလည်း မီးရှို့ခဲ့တယ်။ ငါသာ နင်ကျန်းကို မသတ်နိုင်ရင် ချောင်ပြည်သူတွေကို ဘယ်လိုမျိုး မျက်နှာပြရမလဲ။”

ရှမ့်လန်က ခဏလောက် နှုတ်ဆိတ်သွားခဲ့၏။ “အရှင်မင်းကြီး... အရာအားလုံး ပြီးပြည့်စုံမှုဆိုတာ လောကမှာ မရှိပါဘူး။ ခင်ဗျား ကျုပ်တို့ကို အနိုင်တိုက်နိုင်ရင် ခင်ဗျားရဲ့ဂုဏ်သိက္ခာ ကျော်ကြားလိမ့်မယ်။ ဒါပေမဲ့ အဲဒီဂုဏ်သိက္ခာက နင်ချီ နန်းတက်လို့ ခင်ဗျားကြုံတွေ့ရမယ့် ဆုံးရှုံးမှုနဲ့ ကာမိရဲ့လား။”

“နင်ကျန်း နန်းတက်ရင် ခင်ဗျားတို့ ဂုဏ်သိက္ခာအနည်းငယ်တော့ ထိခိုက်နိုင်တယ်ဆိုပေမဲ့ အနာဂတ်မှာ အကျိုးရှိလိမ့်မယ်။ ခင်ဗျားက ခဏတာ ကျေနပ်မှုကို ယူမှာလား ဒါမှမဟုတ် ချောင်ပြည်နယ်ရဲ့ ရေရှည် လုံခြုံရေးကို ယူမလား။”

ချောင်ဘုရင်က မေးမြန်းလိုက်သည်။ “အနာဂတ်ဆိုတာ ဝေးလွန်းတယ်။ လက်ရှိ အကျိုးအမြတ်ကတော့ အစစ်အမှန်ပဲ။”

ရှမ့်လန်က ပြော၏။ “ကျုပ် ခင်ဗျားဆီလာတာက အနာဂတ်ကို ဆွေးနွေးဖို့ပဲ။ ကျုပ်တို့ အသက်ကို ချမ်းသာပေးဖို့ လာတောင်းပန်နေတာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် ခင်ဗျားရဲ့ စစ်သည်နှစ်သိန်းကို ကျုပ်တို့ မကြောက်ဘူး။”

သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ချောင်ဘုရင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ရှမ့်လန်... မင်း စကားကြီး၊ စကားကျယ်တွေ ပြောလှချည်လား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီစစ်ပွဲကို ခင်ဗျား တိုက်ကိုတိုက်ရမယ်ဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ ခင်ဗျား မတိုက်ချင်ရင်တောင် ခင်ဗျားရဲ့စစ်သည်တွေရဲ့ အရှက်ကို ဆေးကြောဖို့ တိုက်မယ်။ ဒါကြောင့် ကျုပ်က စစ်ပွဲအပြီးမှာ လုပ်ရမယ့် ကိစ္စတွေကို ဆွေးနွေးဖို့လာခဲ့တာပဲ။ စစ်ပွဲပြီးလို့ ခင်ဗျားတို့ အထိနာသွားတဲ့ အချိန်မှာ ကျုပ်ရဲ့အကြံပြုချက်ကို စဉ်းစား။”

“ဘာအကြံပြုချက်လဲ။”

“နင်ကျန်းနဲ့ ငြိမ်းချမ်းရေးစာချုပ် အသစ်ကိုချုပ်၊ နင်ချီနဲ့ ချုပ်ထားတဲ့ စာချုပ်က ရှက်စရာကောင်းတယ်။ နယ်မြေတွေ ပေးအပ်ထားရတယ်။ နင်ကျန်းနဲ့ချုပ်တဲ့စာချုပ်မှာတော့ နယ်မြေ တစ်လက်မမှ ပေးစရာမလိုဘူး။ အရင်စာချုပ်ကို ပယ်ဖျက်ပေးရမယ်။” ရှမ့်လန်က အဆိုပြုလိုက်၏။

ချောင်ဘုရင်က ငြင်းဆန်လိုက်သည်။ “ဒါက လုံးဝ မဖြစ်နိုင်ဘူး။”

ရှမ့်လန်က ဆက်လက်ကာ ပြောလိုက်၏။ “ဒါပေမဲ့ အပြန်အလှန်အနေနဲ့ နန်းတော်ကို ပြန်လည် တည်ဆောက်ဖို့ ရွှေဒင်္ဂါးနှစ်သန်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ကျုပ်တို့ ထောက်ပံ့ပေးမယ်။ ပြီးတော့ ချောင်ပြည်နယ်ထဲမှာ ရွှေဒင်္ဂါး ငါးသန်းကျော် တန်ဖိုးရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း လုပ်အုံးမယ်။”

ပြီးနောက် ရှမ့်လန်က တောက်ပနေသည့် ကြွေပြားတစ်ခုနှင့် ဖန်ပြားတစ်ချပ်ကို ထုတ်ပြ၏။ ဤအရာများက ချောင်ပြည်နယ်တွင် မရှိသည့် အလွန်လှပသော ခေတ်မီပစ္စည်းများဖြစ်သည်။

“ဒီပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် ခင်ဗျားရဲ့ နန်းတော်က အရင်ကထက်ပိုပြီးတော့ ခိုင်ခန့်လှပပြီး မီးဘေးဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မယ်။ ဒါတွေကို ကျုပ်တို့ အလကား ပေးမယ်။ အပြန်အလှန်အနေနဲ့ ဒီပစ္စည်းတွေကို ချောင်ပြည်နယ်ထဲမှာ လွတ်လပ်စွာ ရောင်းချခွင့်ပေးရမယ်။”

ချောင်ဘုရင်က ရှမ့်လန်၏ အကွက်စေ့မှုကို သိရှိလိုက်ရ၏။ ရှမ့်လန်က နန်းတော်ပြင်ပေးမည်ဟု အကြောင်း ပြကာဖြင့် ချောင်ပြည်နယ်၏ ဈေးကွက်ကို သိမ်းပိုက်ရန် ကြံစည်နေခြင်းပင်။ သို့သော်ငြား ဤကမ်းလှမ်းချက်က တကယ့်ကို ဆွဲဆောင်မှုရှိလှ၏။

ချောင်ဘုရင်က ရှမ့်လန်ကို စိုက်ကြည့်သည်။ “ခင်ဗျား ပြောတာတွေက အကျိုးအကြောင်း ဆီလျော်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့စစ်သည်နှစ်သိန်းကတော့ လက်ရှိအရှက်ကို ဆေးကြောဖို့ပဲ သိတယ်။ ဒါကြောင့် စစ်ပွဲကို အရင်ဆုံး တိုက်ရအောင်။”

“ကောင်းပြီ။” ရှမ့်လန်က ပြော၏။

ချောင်ဘုရင်က သတိပေးလိုက်သည်။ “ရှမ့်လန်... ဒီစစ်ပွဲက ညှာတာမှာ မဟုတ်ဘူး။ ခင်ဗျားတို့အားလုံး သေဆုံးသွားမယ်ဆိုရင် ကျုပ်ကိုလာပြီး အပြစ်မတင်နဲ့။”

ရှမ့်လန်က ပြုံးလိုက်၏။ “ကျုပ် ပြောပြီးပြီပဲ။ ကျုပ်တို့က ကြောက်စရာ ဘာမှမရှိဘူး။ အားကြီးသူတွေကသာ စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးပိုင်ခွင့်ရှိတာ။ စစ်ပွဲမှာ ပြန်တွေ့ကြတာပေါ့။”

ပြီးနောက် ရှမ့်လန်နှင့် လီချင်းချိုးတို့က ထွက်ခွာသွားသည်။

နောက်တစ်နေ့မှာတော့ ချောင်ဘုရင်၏ စစ်သည်ပေါင်း နှစ်သိန်းကျော်တို့က နန်းမြို့တော်ဆီသို့ အလျင်အမြန်ဖြင့် ချီတက်လာခဲ့ကြ၏။ သူတို့က ရင်ထဲတွင် ရှိနေသည့် အမုန်းတရားများ၊ အရှက်တရားများကို ဆေးကြောလိုသည့် ပြင်းပြသော ဆန္ဒများဖြင့် ပြည့်နှက်နေကြ၏။

.....................

“အရှင်မင်းကြီး... တကယ်ပဲ ရှမ့်လန်နှင့် ဆွေးနွေးခဲ့တာလား။” လီချွမ်ချီက မေးလိုက်သည်။

ချောင်ဘုရင်က ပြောလိုက်၏။ “ဒီစစ်ပွဲကို မဖြစ်မနေတိုက်ရမယ်။ စစ်သည်တွေက သူတို့ရဲ့ အားအင် အကုန်လုံးကို ထုတ်ပြီး တိုက်ပွဲဝင်နေကြတယ်။ ကျုပ်သာ ဒီစစ်ပွဲကို မတိုက်ဘူးဆိုရင် ဘုရင် မပီသသလို ခံစားရလိမ့်မယ်။ စစ်သည်တွေကလည်း အထင်သေးလိမ့်မယ်။ ရှမ့်လန်က ကျုပ် နဲ့ ဆွေးနွေးချင်တယ်ဆိုရင်၊ နင်ကျန်းနဲ့ ငြိမ်းချမ်းရေးစာချုပ်အသစ်ကို ချုပ်ဆိုချင်တယ်ဆိုရင် အသက်ရှင်ကျန်ရစ်မှပဲ ဆက်ပြောရလိမ့်မယ်။”

…………

အပိုင်း (၇၁၆)

နောက်တစ်နေ့မှာတော့ ချောင်ဘုရင်၏ စစ်သည်ပေါင်း နှစ်သိန်းကျော်တို့က နန်းမြို့တော်ဆီသို့ ခန့်ငြားထည်ဝါစွာဖြင့် ချီတက်ကြ၏။ သူတို့၏ ချီတက်နှုန်းက တကယ့်ကို မြန်ဆန်၏။

ဤစစ်သည်နှစ်သိန်းတို့၏ ရင်ထဲတွင် သွေးများဆူပွက်လျက် ရှိနေပြီး ကလဲ့စားချေလိုစိတ်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို သန့်စင်လိုစိတ်များနှင့် ပြည့်နှက်နေသောကြောင့်ပင်။

“လက်စားချေကြ။ နိုင်ငံတော်ရဲ့ အရှက်သိက္ခာကို ဆေးကြောကြ။ နိုင်ငံတော်ရဲ့ အရှက်သိက္ခာကို သန့်စင်ပေးကြ။”

ချောင်ပြည်နယ်တစ်ခုလုံးနှင့် လောကတစ်ခုလုံး၏ မျက်လုံးများက ရှမ့်လန်နှင့် နင်ကျန်းတို့အပေါ်သို့ ကျရောက်နေ၏။ ဤအရူးနှစ်ယောက်က ချောင်နန်းမြို့တော်အား စွန့်ခွာသွားခြင်း မရှိသေးပေ။ သူတို့က စစ်သည်ကိုးထောင်တည်းနှင့် ချောင်ဘုရင်၏ စစ်သည်ပေါင်းနှစ်သိန်းကို ခုခံရန် ကြိုးစားနေ၏။ ကြားရသူများအတွက် တကယ့်ကို တုန်လှုပ်ခြောက်ခြားဖွယ်ရာပင်။ ချောင်မြို့တော်၌ ချောင်ဘုရင်၏ စစ်သည်နှစ်သိန်း တို့က နန်းမြို့တော်နှင့် လီပေါင်း ၁၅၀ အကွာအဝေးသာ ကျန်ရှိတော့၏။

“ပုံမှန်အတိုင်းဆိုရင် ကျုပ်တို့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။”

နာကျည်းမှုက ပြောလိုက်သည်။ “ချောင်ဘုရင်ရဲ့ စစ်သည်ပေါင်းနှစ်သိန်းက သေမင်းကိုတောင် မကြောက်တဲ့ တကယ့်လက်ရွေးစင် စစ်သည်တွေ ဖြစ်နေကြတယ်။ အဓိက ပြဿနာကတော့ ချောင်ပြည်နယ်ရဲ့ မြို့ရိုးက အရမ်းကို ရှည်လွန်းနေတာပဲ။

မြို့ရိုးက အရမ်းကို ရှည်လျားလွန်းတယ်။ ၂၅ လီကျော်ကို ရှည်လျားတာပဲ။ ၁ လီအကွာအဝေး မှာ စစ်သည် ၁၈၀ လောက်ကိုပဲ နေရာချနိုင်တယ်။ ဒီတော့ မြားမိုးရွာသွန်းတဲ့ အားသာချက်က လုံးဝ ပျောက်ဆုံးသွားပြီ။ အဆိုးဆုံးကတော့ ကျုပ်တို့ရဲ့နောက်ကျောဘက်မှာ ချောင်ပြည်သူတွေ သိန်းချီရှိနေတာပဲ။ သူတို့က ငြိမ်နေတယ် ဆိုပေမဲ့ ချောင်ဘုရင် နန်းမြို့တော်တိုက်ခိုက်တာနဲ့ အနောက်ကနေဝင်ပြီး တိုက်ကြလိမ့်မယ်။ ပုရွက်ဆိတ်တွေ များလာရင် ဆင်ကိုတောင် ကိုက်သတ်နိုင်တယ်။ ဒါ့ကြောင့် ပုံမှန်အတိုင်းဆိုရင် ကျုပ်တို့ရှုံးမှာ သေချာတယ်။ လုံးဝအမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “ဒါကြောင့် ဆုံးဖြတ်ချက်နှစ်ခုကို ချမှတ်လိုက်တာပေါ့။ ပထမအချက် အနေနဲ့ ချောင်မြို့တော်ရဲ့ မြို့ပြင်ကို လုံးဝစွန့်လွှတ်လိုက်ပြီး မြို့အတွင်းစည်းကို ဆုတ်ခွာရမယ်။ မြို့တွင်းတံတိုင်းရဲ့ အကျယ်အဝန်းက ၁၀ လီတာ လောက်ပဲရှိတယ်။ မြို့ရိုးတစ်လီတာဆီမှာ စစ်သည် ၈၀၀ ကနေ ၉၀၀ လောက်အထိ ခုခံနိုင်တယ်။”

“ဒီအရာက လုံလောက်မှုရှိတယ်။ မြားမိုးရွာသွင်းတဲ့ အားသာချက်ကိုလည်း အပြည့်အဝ အသုံးချနိုင်တယ်။ အရေးကြီးဆုံးကတော့ မြို့တွင်းပိုင်းမှာရှိနေတဲ့ အရပ်သား အိမ်ခြေတွေ ပြည့်ကြပ်နေတာကြောင့် ချောင်ဘုရင်ရဲ့ စစ်သည်နှစ်သိန်းက သူတို့ရဲ့ အင်အားကို အကုန်လုံး ထုတ်သုံးလို့ရမှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်တို့က လူအင်အား နည်းပါးမှု အားနည်းချက်ကို ဖုံးဖိသွားနိုင်မယ်။

ဒုတိယအချက်အနေနဲ့ မြို့တွင်းမှာရှိတဲ့ လူတွေအကုန်လုံးကို မောင်းထုတ်လိုက်မယ်။ မလိုက်နာတဲ့လူ အကုန်လုံးကို သတ်မယ်။ အဲဒီနည်းနဲ့ နောက်ကျောမှာ ရန်သူမရှိအောင် ရှင်းလင်းရမယ်။

ချောင်ဘုရင်ရဲ့ စစ်သည်တွေက ၁၅၀ လီ အကွာအဝေးမှာ တည်ရှိနေသေးတဲ့အတွက် အခု ဆုတ်ခွာသွားမယ်ဆိုရင် အချိန်မီ သေးတယ်။ ဒါပေမဲ့ ဒီနေရာကနေ ရွှဲ့ပြည်နယ်ကို ပြန်ဖို့ လီပေါင်း ထောင်ချီကွာဝေးတယ်။ ချောင်ဘုရင်ကိုသာ အနိုင်မယူနိုင်ဘူးဆိုရင် ကျုပ်တို့ရဲ့ ပြန်လမ်းက ငြိမ်းချမ်းမှာ မဟုတ်ဘူး။ အဆုံးမဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။

ချောင်ဘုရင်ကို အနိုင်ယူပြီး အရှင်မင်းသားနင်ကျန်းနဲ့ ချောင်ဘုရင်တို့ ငြိမ်းချမ်းရေးစာချုပ်ကိုသာ ချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင် နင်ချီရဲ့အခန်းကဏ္ဍက လုံးဝပျောက်ပျက်သွားလိမ့်မယ်။ နယ်မြေ ၂၀၀ လီ ပေးလိုက်ရတာက တိုင်းပြည်အတွက် လုံးဝကို အရှက်ရစရာ ဖြစ်နေလို့ပဲ။ ဒါက နင်ချီရဲ့ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်နစ်နာစေမှာဖြစ်ပြီးတော့ ထျန်းရှစ်ပြည်နယ်မှာ ရခဲ့တဲ့ အံ့ဖွယ်အောင်ပွဲကလည်း အလကား ဖြစ်သွားလိမ့်မယ်။

အရှင်မင်းသားနင်ကျန်း... ဒီတိုက်ပွဲကို တိုက်ခိုက်မှာလား။ ပြေးမှာလား။ ဒါက အရှင်မင်းသားရဲ့ ဆုံးဖြတ်ချက်ပဲ။”

နင်ကျန်းက ပြတ်ပြတ်သားသားပင် ဖြေလိုက်လေသည်။ “တိုက်ကြမယ်။”

…………….

နင်ကျန်း၏ အမိန့်ပေးမှုအောက်မှာတော့ ဝမ်းနည်းဖွယ်ရာ ကောင်းသည့် မြင်ကွင်းများက ချောင်မြို့တော်တွင် ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်၏ စစ်သည်ပေါင်း ကိုးထောင်က မြို့ပြင်တံတိုင်းကို စွန့်ခွာပြီး မြို့တွင်းသို့ ဆုတ်ခွာလာခဲ့၏။ ပြီးနောက် မြို့တွင်းရှိပြည်သူများကို စတင်ကာ မောင်းထုတ်တော့၏။

မြို့တွင်းရှိ လူဦးရေးက စုစုပေါင်း ငါးသောင်းထက်မပိုသော်လည်း အားလုံးက သူဌေးသူကြွယ်များနှင့် ဂုဏ်သရေရှိ လူတန်းစားများဖြစ်၏။ ထိုသူတို့က အသက်ကို တန်ဖိုးထားကြသော်လည်း ဇိမ်ခံအိမ်ကြီးနှင့် မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စွန့်လွှတ်ရန်တော့ ဝန်လေးနေကြ၏။

ထို့ကြောင့် ပဋိပက္ခများ စတင်ဖြစ်ပွား၏။ ရှမ့်လန်၏တပ်ဖွဲ့က နန်းမြို့တော်သို့ ရောက်သည့်အချိန်တည်းက တကယ့်ကို စည်းကမ်းကြီးခဲ့ပြီး ပြည်သူများကို တစ်ခါမျှ တိုက်ခိုက်ခြင်း မရှိခဲ့ချေ။

သို့ပေမည့် ယခုအချိန်မှာတော့ သတ်ဖြတ်ပွဲကို ဆင်နွှဲ၏။ မှူးမတ်ဖြစ်စေ၊ ကုန်သည်များဖြစ်စေ မြို့ထဲတွင် နေထိုင်သူ မှန်သမျှက အကုန်ထွက်ခွာသွားရမည်။ မြို့တွင်းတစ်ခုလုံးကို ရှင်းလင်းရမည်။ သို့သော်ငြား သူတို့က စားနပ်ရိက္ခာများကို ချန်ထားပေးခဲ့ရမည်။ သတ်မှတ်သည့်အချိန်၌ မထွက်ခွာဘဲ ကျန်ရှိနေသူများကို ကွပ်မျက်ပစ်မည်။

ထို့နောက် ချောင်တော်ဝင်မျိုးနွယ်များဖြစ်သည့် မြို့စားနှစ်ဦးနှင့် နယ်စားသုံးဦးတို့၏ တစ်ဆွေတစ်မျိုးလုံးကို ကွပ်မျက်ရန် ရှမ့်လန်က အမိန့်ပေးလိုက်၏။ ရာနှင့်ချီသည့် ဦးခေါင်းများက မြေသို့ကျခဲ့၏။ သွေးများက မြေပြင်ပေါ်၌ စွန်းထင်းကုန်၏။ မြို့တွင်းရှိ လူအားလုံးက ငိုကျွေးကာဖြင့် ထွက်ခွာသွားရ၏။ တစ်ရက်တည်းနှင့် နန်းတွင်း တစ်ခုလုံးက ရှင်းလင်းသွားခဲ့၏။

ရှမ့်လန်၏တပ်ဖွဲ့က နောက်ကျောဘက်မှ တိုက်ခိုက်ခံရသည့် အန္တရာယ်ကို ပူပန်ရန် မလိုတော့ချေ။ သို့သော်ငြား ဤနေရာက ထွက်ပေါက် ပိတ်သွားသည်။ မြို့ပြင်တံတိုင်းကို စွန့်လွှတ်လိုက်ရခြင်းက မိမိကိုယ်ကို ပိတ်ဆို့ခံရလိုက်ခြင်းနှင့် ဆင်တူ၏။ စွန့်ခွာရန် လမ်းကြောင်း မရှိချေ။

ချောင်ဘုရင်၏ စစ်သည်နှစ်သိန်းတို့က တဖြည်းဖြည်းခြင်း နီးကပ်လာခဲ့သည်။

၃၀၀ လီ၊ ၂၀၀ လီ၊ ၁၀၀ လီ၊ ၅၀ လီ၊ ၃၀ လီ .....။

ငါးရက်ကြာပြီးနောက် ချောင်ဘုရင်၏ စစ်သည်များက မြို့တံခါးဝသို့ ရောက်ရှိလာ၏။ သတင်း ကြိုရရှိထားပြီး ဖြစ်သော်လည်း လူသူကင်းမဲ့သည့် မြို့ပြင်တံတိုင်းကြီးကို မြင်ရချိန်မှာတော့ ချောင်ဘုရင်က အကြီးအကျယ် အံ့အားသင့်သွား၏။

“ရှမ့်လန်နဲ့ နင်ကျန်းတို့က တကယ့်ကို အရူးတွေပဲ။ မြို့တွင်းကို ဆုတ်ခွာတယ်ဆိုရာက ခုခံကာကွယ်ဖို့ အကျိုးရှိတယ်ဆိုပေမဲ့ ထွက်ပြေးစရာလမ်းကြောင်းကို လုံးဝ ပိတ်လိုက်တာပဲ။”

နင်ချီက အကြပ်အတည်းသို့ရောက်မှ အံ့ဖွယ်အရာများကို ဖန်တီးနိုင်သူဖြစ်၏။ နင်ကျန်းနှင့် ရှမ့်လန်တို့ကမူ အံ့ဖွယ်ကိစ္စရပ်များကို အရူးအမူး ဖန်တီးနေသူများကဲ့သို့ ဖြစ်၏။ ဤမျှအထိ ခိုင်မာပြတ်သားသည့် စိတ်ထားမျိုး ရှိနေသည်လား။

ချောင်ဘုရင်က တုန်လှုပ်မိသလို တစ်ဖက်၌လည်း လေးစားမိ၏။ အကယ်၍ မဟာမိတ်များသာဖြစ်ပါက ဤကဲ့သို့ သံမဏိလို စိတ်ဓာတ်ခိုင်မာပြီး ရပ်တည်ချက် မယိမ်းယိုင်သည့် မဟာမိတ်မျိုးရှိခြင်းက စိတ်ချရပေမည်။

“ရှမ့်လန်၊ နင်ကျန်း... ခင်ဗျားတို့ကို ကျုပ်အရမ်းလေးစားတယ်။ ဒါပေမဲ့ ရွေးချယ်စရာ မရှိဘူး။ ဒီစစ်ပွဲကို ကျုပ် အစွမ်းကုန် တိုက်ရလိမ့်မယ်။ ရှုံးသွားပြီဆိုရင် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။ တကယ်ပဲ အံ့ဖွယ်ကိစ္စကို ဖန်တီးနိုင်မယ်ဆိုရင်တော့ ကျုပ်တို့ဆက်ပြီး ဆွေးနွေးကြတာပေါ့။ လေးစားတာက လေးစားတာပဲ။ ကျုပ်ဆီက ညှာတာမှုကို မမျှော်လင့်ကြနဲ့။”

“စစ်သည်တို့ မြို့ထဲကို ဝင်ကြစို့။” ချောင်ဘုရင်၏ အမိန့်နှင့်အတူပဲ စစ်သည်ပေါင်းနှစ်သိန်းတို့က မြို့တော်၏ ပြင်ပမြို့ရိုးဆီသို့ ဝင်ရောက်လာကြ၏။

သုံးရက်တိတိ ကြာမြင့်ခဲ့လေ၏။ စစ်သည်ပေါင်း နှစ်သိန်းတို့က မြို့ပြင်တံတိုင်းအတွင်း၌ နေရာယူလိုက်ကြ၏။ မြို့တွင်းတွင် ရှိနေသော ရှမ့်လန်၏ စစ်တပ်ကို ဝန်းရံလိုက်သည်။

သုံးရက်ခန့်ကြာမြင့်ပြီးနောက် ......

“မြို့ကို တိုက်ကြတော့။” ချောင်ဘုရင်က အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ စစ်သည်ရှစ်သောင်းတို့က မြို့တွင်း တံတိုင်းကို လေးဘက်လေးတန် တိုက်ခိုက်သည်။

စစ်အင်အားကွာဟမှု ကြီးမားခြင်းက ဤစစ်ပွဲတွင် ထင်ပေါ်လာ၏။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ စစ်သည်ပေါင်း ကိုးထောင်နှင့် ချောင်နိုင်ငံဘုရင်၏ ထိပ်တန်းစစ်သည်နှစ်သိန်းတို့၏ တိုက်ပွဲပင်။ ဤအရာက ရလဒ် မည်ကဲ့သို့ဖြစ်လာပါစေ လောကကိုတုန်လှုပ်စေနိုင်သော စစ်ပွဲကြီးတစ်ခု ဖြစ်သည်ကတော့ အသေအချာပင်။

“သတ်ကြစမ်း။”

“လက်စားချေကြ။ နိုင်ငံတော်ရဲ့ အရှက်သိက္ခာကို ဆေးကြောကြမယ်။”

နားစည်ကွဲလုမတတ် ပြင်းထန်သည့် စစ်သည်သံကြီးများ နှင့် ကြိမ်းဝါးသံများက ဟိန်းထွက်လာ၏။ ကောင်းကင်ယံက လှမ်းကာ ကြည့်ရှု့လိုက်မည်ဆိုလျှင် ချောင်စစ်သည် ရှစ်သောင်းတို့က ဒီရေလှိုင်းများ ကဲ့သို့ပင်။ မြို့အတွင်းတံတိုင်းဆီသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့၏။

လူတိုင်း၏ မျက်လုံးထဲတွင် ရူးသွပ်နေသကဲ့သို့သော အမူအရာများ တည်ရှိနေပြီး ရင်ထဲတွင်လည်း ဒေါသများက အရှိန်အဟုန်ပြင်းပြင်းနှင့် တောက်လောင်နေ၏။ ဤကာလအတွင်း သူတို့က တကယ့်ကို မကျေမချမ်း ဖြစ်ခဲ့ရသည်။

ထျန်းရှစ်စီရင်စု တိုက်ပွဲတွင် အောင်ပွဲရခဲ့သည် ဆိုသော်လည်း အခြေအနေအရ ဆုတ်ခွာခဲ့ရ၏။ သူတို့၏ ဘုရင်အဟောင်းကလည်း လုပ်ကြံခံခဲ့ရ၏။ စစ်သည်အများစုက အမှန်တရားကို အတိအကျ မသိရှိခဲ့ကြသော်လည်း ဤသည်က အရှက်ရစရာကိစ္စဖြစ်ကြောင်းတော့ သိရှိ၏။ သူတို့က ထိုဒေါသများကို တစ်နေရာရာတွင် ဖော်ထုတ်ရန် လိုအပ်၏။

ထို့ကြောင့် နင်ကျန်းနှင့် ရှမ့်လန်တို့၏ စစ်တပ်ကို သူတို့၏ ဒေါသနှင့် အမုန်းတရားများအတိုင်း ပုံအောတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြခြင်းပင်။

သူတို့က မြို့ဖျက်လက်နက်ကြီးများကို မသုံးကြချေ။ အကြောင်းရင်းအားဖြင့် ဤမြို့က သူတို့၏ မြို့ဖြစ်ပြီး မြို့တွင်းရှိ အိမ်ခြေများကလည်း တကယ့်ကို ခမ်းနားပြီး လှပသောကြောင့်ပင်။ သူတို့က လှေကားများကို အသုံးပြုကာဖြင့် မြို့ရိုးအတိုင်း တိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

ရှမ့်လန်က ကျင်းမူလန်၊ လီချင်းချိုးတို့၏ အစောင့်အရှောက် အကာအကွယ်ဖြင့် မြို့ရိုးပေါ်တွင် ရပ်နေသည်။

စစ်သည်များကလည်း တကယ့်ကို အံ့မခန်းပင်။ “အသင့်ပြင်၊ ပစ်ကြတော့။”

အမိန့်ပေးသံနှင့် အတူပဲ မြို့ရိုးပေါ်ရှိ မြားသမား ခုနှစ်ထောင်ကျော်က တပြိုင်နက်ပဲ မြားမိုးများကို ရွာသွန်းကြ၏။ ထိုမြားများက သံမဏိမုန်တိုင်းကြီးတစ်ခုအလားပင် ရန်သူများပေါ်သို့ ကျရောက်ပြီး အသက်ပေါင်းများစွာကို ဇီဝိန်ချုပ်၏။

ချောင်စစ်သည်များက ရဲရင့်လှသော်လည်း မြားမိုးများက ရဲရင့်သူများဟူ၍ ရှောင်ကွင်းသွားလိမ့်မည် မဟုတ်ချေ။ မီတာ ၂၀၀ အတွင်း ရှမ့်လန်၏ မြားသမားများက အနှိုင်းမဲ့ ဖြစ်၏။ ချောင်စစ်သည်များက ထိုကဲ့သို့သော မြားမိုးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဂျုံခင်းများကဲ့သို့ပင် တစ်စစီပင် လဲကျကုန်ကျ၏။ သို့သော်ငြား သူတို့က နောက်သို့ မဆုတ်ခွာကြပေ။ ရှေ့သို့သာ ဆက်လက်တိုးသည်။

ချောင်ဘုရင်အသစ်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ မင်သက်သွား၏။ ရှမ့်လန်၏ မြားသမားများက ဤမျှ ဝေးဝေး အကွာအဝေးကို အဘယ့်ကြောင့် တိတိကျကျ ပစ်နိုင်ရသနည်း။ ဤကဲ့သို့သော စစ်သည်မျိုးက မြို့ကို တိုက်ခိုက်သည့် နေရာတွင် မစွမ်းဆောင်နိုင်သော်လည်း မြို့ကို ကာကွယ်သည့်နေရာတွင်တော့ အနိုင်ယူရန် မဖြစ်နိုင်သလောက်ပင်။

ချောင်ဘုရင်က စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် ကိုယ်တိုင်မြင်းစီးပြီး နန်းမြို့ရိုးဆီသို့ ဦးဆောင်ချီတက်လာ၏။ “နိုင်ငံတော်ရဲ့အရှက်သိက္ခာကို ကာကွယ်ကြ။”

ဘုရင်ကိုယ်တိုင် ရှေ့တန်းသို့ ထွက်လာချိန်မှာတော့ ချောင်စစ်သည်များအားလုံးက သေရမည်ကိုပင် လုံးဝ မကြောက်လန့်တော့ဘဲ မြို့ရိုးပေါ်သို့ အသည်းအသန် တက်ကြ၏။ မြို့ရိုးပေါ်တွင်တော့ သွေးချောင်းစီးသော တိုက်ပွဲကြီးတစ်ခုက ဖြစ်တည်လာခဲ့၏။

နတ်ဘုရားကဲ့သို့သော ခွန်အားကြီးသူ အရူးကြီးက ချောင်ပြည်နယ်၏ အသန်မာဆုံးသော ညီနောင်နှစ်ဦး ဖြစ်သည့် တုတ၊ တုအာတို့နှင့် ရင်ဆိုင်နေ၏။ လွန်ခဲ့သည့် နှစ်နှစ်က သူတို့က အတူတူ မစင်စွန့်ခဲ့သည့် သံယောစဉ်များ ရှိသော်လည်း အခုအချိန်မှာတော့ စစ်မြေပြင်၏ ဝတ္တရားအတိုင်း အပြင်းအထန် အားအင်ဖြင့် မဆုတ်မရွံ့ တိုက်ခိုက်ကြ၏။ အဆုံးသတ်မှာတော့ အရူးကြီးက ထိုညီနောင် နှစ်ယောက်လုံးကို မြို့ရိုးပေါ်မှ အောက်သို့ ရိုက်ချနိုင်ခဲ့၏။ သို့သော်ငြား အသက်ကိုတော့ ချမ်းသာပေးခဲ့သည်။

တစ်ဖက်မှာတော့ လီချင်းချိုး၊ လီချွမ်ချီတို့က အဆင့်မြင့် သိုင်းပညာရှင်များပီပီ တိုက်ကွက်ပေါင်းများစွာကို တိုက်ခိုက်ခဲ့၏။

သို့သော်လည်း ရှမ့်လန်၏ နိဗ္ဗာနတပ်တော်က ပိုမိုကာ အင်အားကြီးမားနေ၏။ သူတို့က သံမဏိချပ်ဝတ်များ ကို ဝတ်ဆင်ထားခဲ့ပြီး စိတ်ဓာတ်ခိုင်မာလွန်းသောကြောင့် ချောင်စစ်သည်များက တဖြည်းဖြည်း အထိနာလာသည်။

အဆုံးသတ်မှာတော့ ချောင်ဘုရင်က စစ်သည်များ အလဟဿ သေဆုံးမှုကို စိုးရိမ်သောကြောင့် ဆုတ်ခွာရန် အမိန့်ပေးလိုက်၏။

၆ နာရီမျှ ကြာမြင့်သော ဤတိုက်ပွဲငယ်လေးမှာတော့ ချောင်စစ်သည် သုံးသောင်းခန့် ကျဆုံးခဲ့သည်။

“မနက်ဖြန် ဆက်ပြီးတော့ တိုက်အုံးမှာလား။” လီချွမ်ချီက မေးလိုက်၏။

ချောင်ဘုရင်က ခေါင်းခဲလို့နေ၏။ စစ်သည်များ၏ စိတ်ဓာတ်က မြင့်တက်နေသော်လည်း ဤသို့ အသေခံ တိုက်ခြင်း ဆိုသည်မှာ အဓိပ္ပာယ်မရှိချေ။ ပြည်သူနှင့် စစ်သည်များ၏ မျှော်လင့်ချက်ကိုလည်း သူ မဖျက်ဆီးလိုပေ။

ဒုတိယနေ့မှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့၏။ လူပေါင်း နှစ်သောင်းခန့် ထပ်မံကာ သေဆုံး၏။ ချောင်ပြည်နယ်တစ်ခုလုံးက မျိုးချစ်စိတ်ဓာတ်များနှင့် စည်းလုံးနေ၏။

သို့သော်လည်း မမျှော်လင့်ထားသည့် ကပ်ဘေးတစ်ခုက ကျရောက်လာခဲ့၏။ နန်းမြို့တော်အတွင်းတွင် ပြင်ထန်သည့် ပလိပ်ရောဂါကပ်တစ်ခုက စတင်ပေါက်ဖွားလာခဲ့ခြင်းပင်။ ဇွန်လ၏ ပူပြင်းသည့် ရာသီဥတုနှင့် စစ်မြေပြင်မှ အလောင်းများကြောင့် ရောဂါက လျှင်မြန်စွာ ကူးစက်သည်။

ချောင်စစ်သည်များကို ကာကွယ်ရန် ချောင်ဘုရင် ကိုယ်တိုင် ရောဂါသည်များ ကြားထဲသို့ ဆင်းကာ အားပေး ကူညီ၏။ သို့သော်ငြား အဓိဠာရုံအနေဖြင့် ချောင်ဘုရင်ကိုယ်တိုင် ရောဂါကူးစက်ခံရကာ အသည်းအသန်ဖြစ်လို့နေ၏။ ချောင်ဘုရင်၏အသက်က လှံဖျားတွင် ချိတ်ထားသကဲ့သို့ပင် စိုးရိမ်ရသည့် အခြေအနေ ဆီသို့ ရောက်ရှိနေ၏။

ချောင်ပြည်သူများက ဘုရင်မင်းမြတ် ဘေးကင်းရန် ဆုတောင်းကြသော်လည်း မည်သည့် သမားတော်ကမှ ကုသနိုင်ခဲ့ခြင်း မရှိတော့ချေ။ ထိုအချိန်မှာတော့ ချောင်ပြည်နယ်၏ မှူးမတ်များက ရှမ့်လန်ကို သတိရ သွားခဲ့၏။ ရှမ့်လန်က ရန်သူဖြစ်သော်လည်း အံ့ဖွယ်သမားတော်ဖြစ်ကြောင်း သူတို့သိရှိ၏။ နောက်ဆုံးမှာတော့ သူတို့က သိက္ခာကိုဘေးသို့ချပြီး ရှမ့်လန်ဆီသို့ လာရောက်ကာ အကူအညီ တောင်းကြရသည်။

ရှမ့်လန်က မည်သည့်တောင်းဆိုမှုကိုမှ မပြုဘဲ မြို့ထဲမှ ထွက်လာပြီး ချောင်ဘုရင်ကို ကုသပေးခဲ့၏။ တစ်နေ့နှင့် တစ်ညလုံးလုံး မအိပ်မနေ ကုသခဲ့ပြီးနောက် ချောင်ဘုရင်၏ အခြေအနေက ပြန်လည်ကာ တည်ငြိမ်သွား၏။ ရှမ့်လန်က ချောင်ဘုရင်ကို ကုသရုံတင်မကဘဲ ရောဂါကာကွယ်ရေးနည်းလမ်းနှင့် ဆေးညွှန်းများကိုပါ ပေးအပ်ခဲ့၏။ သူ၏တပ်ဖွဲ့မှ ဆေးတပ်သားများကလည်း မြို့တွင်းမှ ထွက်ခွာကာ ချောင်စစ်သည်များကို ကူညီကုသပေး၏။

ယမန်နေ့တုန်းက သေခါနီးထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည့် ရန်သူများက ယခုအချိန်တွင် ကပ်ရောဂါကို စုပေါင်းတိုက်ထုတ်နေသည်။ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းပင်။

ကပ်ရောဂါ ဖြစ်ပေါ်လာအောင် ရှမ့်လန်က ပြုလုပ်ခဲ့သည်ဟု တော်တော်များများက ပြောခဲ့ကြ၏။ သို့ပေမည့် ထိုအရာက အဓိပ္ပာယ် မရှိချေ။ ချောင်နိုင်ငံ၏ ကပ်ရောဂါကို ကုသဖို့အတွက် ရှမ့်လန်၏ စစ်သည်များက မူလက အဆင်ပြေခဲ့သော်လည်း နောက်ပိုင်းမှာတေ့ သူတို့ကိုယ်တိုင်ပင် ကပ်ရောဂါကို ကူးစက်ခံရပြီး သေဆုံးသူများ ရှိခဲ့သောကြောင့်ပင်။

ရက်ပေါင်း ၂၀ အပြည့်အဝ တိုက်ခိုက်ခဲ့ပြီးနောက် ချောင်နှင့် ရွှဲ့ပြည်နယ်စစ်သည်တို့က နောက်ဆုံး ကပ်ရောဂါကို နှိမ်နှင်းနိုင်ခဲ့၏။

သို့သော်ငြား သူတို့က တကယ်တမ်း စစ်ပွဲကို မတိုက်ခိုက်နိုင်ကြတော့ချေ။ ချောင်ဘုရင်က နင်ကျန်းနှင့် တရားဝင် ဆွေးနွေးခဲ့သည်။

.................

All Chapters