← Chapters

အခန်း (၇၁၇-၇၁၈)

Vol. 45 Ch. 717-718

အခန်း (၇၁၇-၇၁၈)

Vol. 45 Ch. 717-718

အပိုင်း (၇၁၇)

ကိုယ်အလေးချိန်များစွာ ကျဆုံးသွားခဲ့သည့် ချောင်ဘုရင်က ရှမ့်လန်ကို ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်၏။ ဤကပ်ရောဂါက တကယ့်ကို အားကောင်းပြီး ပြင်းထန်ခဲ့၏။ အထွတ်အထိပ် အခြေအနေတွင် လူပေါင်း ရှစ်သောင်းကျော် ကူးစက်ခဲ့၏။ နောက်ဆုံးသေဆုံးသူ လူဦးရေက သုံးထောင်ခန့်ရှိခဲ့၏။

ထိတ်လန့်စရာ အရေအတွက် ဖြစ်သော်လည်း စစ်မြေပြင် သေဆုံးမှုနှင့် နှိုင်းယှဉ်သည်ဆိုပါက သေးငယ်သည့် ဂဏန်းတစ်ခုမျှသာ ဖြစ်သည်။ ငြိမ်းချမ်းရေးစာချုပ်က သဘာဝအတိုင်းပင် ဖြစ်၏။ စစ်တပ်နှစ်ခုကြား မုန်းတီးမှုများက ကပ်ရောဂါနှင့်အတူ ပျောက်ကွယ်သွားခဲ့ကြသည်။

“ရှမ့်လန်... ခင်ဗျားက ကျုပ်ရဲ့ နန်းတော်ကို မီးရှို့ခဲ့တယ်။ ဒါကြောင့် ပြန်ပြီးပေးဆပ်ရလိမ့်မယ်။”

ချောင်ဘုရင်က ပြော၏။ “ပြီးတော့ ရွှေဒင်္ဂါး နှစ်သန်းကျော်လောက် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ အကြောင်းကို မပြောနဲ့။ အဲပစ္စည်းတွေ ဘယ်လောက်ကုန်ကျတယ်ဆိုတာကို ဘယ်သူသိမှာလဲ။”

ရှမ့်လန်က ပြောသည်။ “ဘုရင်မင်းမြတ်.. ဒီလျော်ကြေးကို ရွှဲ့ပြည်နယ်က ပေးဆပ်ဖို့ မဖြစ်နိုင်ဘူး။ မင်းသား နင်ကျန်း ထီးနန်း တက်နိုင်ရင်တော့ သူ တာဝန်ယူနိုင်လိမ့်မယ်။”

ချောင်ဘုရင်က ပြော၏။ “ဒီငွေတွေကို ဘယ်သူပေးတယ်ဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ရွှေဒင်္ဂါး နှစ်သန်းကို ရွှေနဲ့ပဲ ပြန်ပြီးဆပ်ရလိမ့်မယ်။ ငါးနှစ်အတွင်း ပြန်ပြီးပေးရမယ်။”

ရှမ့်လန်က ပြောသည်။ “ကျုပ်တို့အတွက် လောလောဆယ် ကောင်းကင်တာအိုအဖွဲ့အစည်းက ရွှေဒင်္ဂါးတွေ ပြန်လည်ပေးဆပ် လိမ့်မယ်။ ဒါပေမဲ့ ချောင်ပြည်နယ်မှာ သူတို့အတွက် ဈေးကွက် ဖွင့်ပေးရမယ်။ ကောင်းကင်တာအို အဖွဲ့အစည်းက ရွှေဒင်္ဂါးတွေ အလကား ပေးလိုက်တာမျိုး လုပ်မှာ မဟုတ်ဘူးလေ။ ငါးနှစ်အတွင်း ရွှေဒင်္ဂါးနှစ်သန်းကို ပေးအပ်နိုင်မယ်ဆိုရင် သူတို့ကလည်း အနည်းဆုံး အမြတ်အစွန်း ရွှေဒင်္ဂါး သုံးသန်းကို ပြန်ပြီး ရမှ ဖြစ်လိမ့်မယ်။”

ချောင်ဘုရင်က စင်မြင့်တစ်ခုတွင် ရပ်ပြီး ပျက်စီးနေသည့် နန်းတော်ကြီးကို ကြည့်၏။

“တော်ဝင်နန်းတော်ကို အရင်ကအတိုင်းပဲ ပြန်ပြီးဆောက်မယ်။ သစ်သားတွေ၊ ဖန်သားအုတ်ကြွပ်တွေ ဆက်ပြီး အသုံးပြုမယ်။ အဲဒီ အသုံးမဝင်တဲ့ ကြွေလိုအရာတွေ တစ်ခုမှ မသုံးဘူး”

ချောင်ဘုရင်က ပြော၏။ “ကျုပ်တို့ချောင်နိုင်ငံရဲ့ တော်ဝင်နန်းတော်က သာမန်ပဲ။ ဒီထက်ပိုပြီး လွန်ကဲတာမျိုး မကြိုက်ဘူး။”

ရှမ့်လန်က သက်ပြင်းချလိုက်၏။ စိတ်မကောင်းစရာပင်။ သူက ချောင်နန်းတော် ဆောက်လုပ်ရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် သူ၏ ပစ္စည်းများကို အသုံးပြုချင်ခဲ့သည်။

“ဒါပေမဲ့ ချောင်ဈေးကွက်ကို ကောင်းကင်တာအိုအဖွဲ့အစည်းအတွက် ဖွင့်ပေးနိုင်တယ်။”

ချောင်ဘုရင်က ပြော၏။ “ကျုပ် ခင်ဗျားဆီကနေ သံမဏိတွေ ဝယ်ချင်တယ်။ ရောင်းမလား။”

“ရောင်းမှာပေါ့။”

ရှမ့်လန်က ပြောလိုက်သည်။ “ဘုရင်မင်းမြတ်... ဖန်သားတွေ၊ စီးကရက်တွေ၊ ကျောက်စိမ်းတွေ အကုန်လုံးက ရောင်းမယ့်ဟာတွေကြီးပဲ။ ခင်ဗျား ဒါကို ဝယ်ဖို့ဆိုတာ သေချာလား။ ချောင်တော်ဝင် မိသားစုက ကောင်းကင်တာအိုအဖွဲ့အစည်းနှင့် ပူးပေါင်းပြီး လုပ်ငန်းတွေ လုပ်နိုင်တယ်။ ချောင်နိုင်ငံရဲ့ ချမ်းသာတဲ့ သူတွေဆီကလည်း ငွေရှာလို့ ရနိုင်တယ်။ နှစ်အနည်းငယ်အတွင်း လောကမှာ အချမ်းသာဆုံးသောဘုရင် တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ကျုပ် အာမခံတယ်။”

ချောင်ဘုရင်က သက်ပြင်းချလိုက်၏။ “အင်း..ချမ်းသာတဲ့သူတွေရဲ့ အကျင့်ပျက် ခြစားမှုကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ ကောင်းကင်တာအိုအဖွဲ့အစည်းက ဒီဟာတွေကို ရောင်းချမယ်ဆိုရင် ကျုပ် သူတို့ကို မတားဆီးနိုင်ဘူး။ ဒါပေမဲ့ ချောင်တော်ဝင်မိသားစုက သူတို့ကို ထောက်ခံလိမ့်မယ်လို့ မမျှော်လင့်နဲ့။ သူတို့နဲ့အတူတူ လုပ်ငန်းလုပ်ဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်ဘူး။ ကျုပ်က အခွန်အခတွေပဲ ကောက်မယ်။”

ရှမ့်လန်က ပြုံးလိုက်၏။ ချောင်ဘုရင်၌ ပြောဆိုရန် မလွယ်ကူသည့်အရာများ ရှိပုံပေါ်၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ကောင်းကင်တာအိုအဖွဲ့အစည်းကို နိုင်ငံအတွင်းသို့ ခေါ်သွင်းရန်နှင့် ယင်ယွမ် အဖွဲ့အစည်းကို တဖြည်းဖြည်း နှိမ်နင်းရန် ဆုံးဖြတ်ခဲ့ပြီးသားဖြစ်ပုံပင်။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကောင်းကင်တာအိုအဖွဲ့အစည်းက ဒီပမာဏကို ပေးအပ်ဖို့ အရမ်းကို ပျော်ရွှင်နေလိမ့်မယ်”

...............

နောက်တစ်ရက်မှာတော့ ချောင်ဘုရင်က ရွှဲ့ပြည်နယ်နှင့် ငြိမ်းချမ်းရေးစာချုပ် အသစ်ကို ပြင်ဆင်ခဲ့ကြောင်း ကြေညာခဲ့၏။ နင်ကျန်းနှင့် တရားဝင် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ထိုး၏။

ပထမအနေဖြင့် ရွှဲ့ပြည်နယ်၏ စစ်တပ်က ချောင်တော်ဝင်မြို့တော်မှ စည်းရှိကမ်းရှိ ရုပ်သိမ်းသွားပေလိမ့်မည်။

ဒုတိယအနေဖြင့် ချောင်နှင့် ရွှဲ့ပြည်နယ်တို့က တိုက်ခိုက်မှုကို လုံးဝရပ်တန့်မည်။ ပြီးနောက် နယ်နိမိတ် ပိုင်နက်က လွန်ခဲ့သော အခြေအနေဆီသို့ ပြန်သွားလိမ့်မည်။

တတိယ အနေဖြင့် ကောင်းကင်တာအိုအဖွဲ့အစည်းက ငါးနှစ်အတွင်း နန်းတော်ကို ပြန်လည်တည်ဆောက်ရန် ကူညီပြီး ရွှေဒင်္ဂါးနှစ်သန်းကို ချောင်ပြည်နယ်ဆီသို့ ပေးဆပ်မည်။

စတုတ္ထအားဖြင့် ကောင်းကင်တာအို အဖွဲ့အစည်း၏ ငွေပေးချေမှု လွယ်ကူချောမွေ့စေရန် ချောင်နိုင်ငံက ကောင်းကင်တာအို အဖွဲ့အစည်းကို ချောင်နိုင်ငံအတွင်းရှိ လုပ်ငန်းများ လုပ်ဆောင်ခွင့် ပြုခဲ့၏။

ငြိမ်းချမ်းရေး ဘောတူစာချုပ်ကို လက်မှတ်ထိုးပြီးသည့်နောက် ချောင်ပြည်သူများက တိတ်ဆိတ် သွားခဲ့ကြ၏။ သူတို့က ပျော်ရွှင်ခြင်း မရှိကြသလို၊ ဒေါသထွက်ခြင်းလည်းမရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် ဤငြိမ်းချမ်းရေးစာချုပ်က အောင်ပွဲတစ်ခုအဖြစ် မသတ်မှတ်နိုင်သောကြောင့်ပင်။

နန်းတော်ကို မီးရှို့ခဲ့သည့် နင်ကျန်းနှင့် ရှမ့်လန်တို့ကလည်း ပြစ်ဒဏ်ဟူ၍ မခံရချေ။ ရွှဲ့ပြည်နယ်၏ စစ်တပ်က လုံခြုံစွာဖြင့် စွန့်ခွာသွားခဲ့၏။ တစ်ချက်ကလေးမှပင် ဖျက်ဆီးမခံရချေ။ သို့သော်ငြား ဘုရင်ကို အပြစ်တင်ရန် မည်သို့ဖြစ်နိုင်မည်နည်း။ ဘုရင်က တကယ့်ကို ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပြီးသားဖြစ်သည်။

တိုက်ခိုက်ရန် ဆန္ဒမရှိခြင်း မဟုတ်ဘဲ ဆက်လက်ပြီး မတိုက်ခိုက်နိုင်ခြင်းကြောင့် ဖြစ်၏။ ထိုကဲ့သို့သော ပညာရှိ၊ ရဲ့ရင့်ပြီး ကြောက်ရွံ့မှုကင်းသည့် ဘုရင်ကို သူတို့က ဝေဖန်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ကြီးမားလွန်းသည့် ကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်ရုံသာရှိ၏။

ရှမ့်လန်က ချောင်နန်းတော်ကြီး တစ်ခုလုံးကို မီးရှိ့ခဲ့ခြင်းဆိုသည်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုကြီးပင်။ သို့ပေမည့် သူက ချောင်ဘုရင်မင်းမြတ်ကို ကယ်တင်ခဲ့၏။ ထိုအရာနှစ်ခုက ပယ်ဖျက်၍ သွားခဲ့သည်။

ထို့အပြင် ချောင်တော်ဝင်မြို့တော်ရှိ ကြီးမားသည့်ကပ်ရောဂါကြီးသည် ရှမ့်လန်၏ ပံ့ပိုးမှုသာ မပါပါက ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ရှမ့်လန်၏ အကူအညီသာမရှိပါက ချောင်တော်ဝင်မြို့တော်တစ်ခုလုံးသို့ ကပ်ရောဂါက အတိုင်းအဆမရှိ ပြန့်နှံ့သွားမှာဖြစ်ပြီး လူမည်မျှ ထပ်မံကာ သေဆုံးမည်နည်းဆိုသည်ကို မည်သူက သိရှိမည်နည်း။

တချို့သော အတိုင်းအတာအထိ ချောင်ပြည်နယ်က ရှမ့်လန်အပေါ် ကျေးဇူးတင်စရာရှိ၏။ ထို့အပြင် နောက်ထပ် တစ်ချက်လည်းရှိ၏။ ဤကြီးမားလွန်းသည့် စစ်ပွဲကြီးတွင် ရွှဲ့စစ်တပ်က အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေ၏။ သို့သော်ငြား ရှမ့်လန်က မိဖုရားကြီးကို ဓားစာခံအဖြစ် အသုံးမပြုခဲ့ချေ။ ရှမ့်လန်၏ စစ်တပ်က သူတို့၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ချောင်စစ်သည်များကို နန်းမြို့ရိုးမှ အောက်သို့ တွန်းချခဲ့၏။

ဤစစ်တပ်ကြီးက တကယ့်ကို အံ့အားသင့်ဖွယ်ရာ ကောင်း၏။ သူတို့က စစ်ပရိယာယ်ပေါ်တွင် မှီခိုခဲ့ခြင်း မဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်အင်အားဖြင့် တိုက်ခိုက်နိုင်ခဲ့ကြ၏။ ချောင်စစ်သည်များကို နှစ်ရက်ဆက်တိုက် တွန်းလှန်နိုင်ခဲ့သည်။

ထို့ကြောင့် သူတို့ အရှုံးပေးရပေတော့မည်။ အားကောင်းသောသူများက လေးစားမှုနှင့် ထိုက်တန်၏။

ချောင်မိဖုရားကြီးက သူမ၏ လှပပြီး သိက္ခာရှိသည့် အသွင်အပြင်ကို ပြန်လည်ရရှိခဲ့၏။ ဤအချိန်မှာတော့ သူမက ရှမ့်လန်၊ ကျင်းမူလန်တို့နှင့်အတူ ညစာစားနေ၏။ သူတို့က တကယ်တမ်းမှာတော့ အသားကင်များကို စားနေကြသည်။

ရှမ့်လန်က ထိုအရာကို အလွန်ကြိုက်၏။ မူလန်ကလည်း ကြိုက်သည်။ သို့သော်ငြား ချောင်မိဖုရားကြီးက အဆင်ပြေသည်ဟုသာ ထင်၏။ အဘယ့်ကြောင့် ချက်ပြုတ်ပြီး မစားရသနည်း။ ရိုင်းစိုင်းသူများကသာလျှင် ဤကဲ့သို့ ကင်စား၏။

ရှမ့်လန်က ဝိုင်ခွက်ထဲရှိနေသည့် ဝိုင်များကို အသာမွှေပြီး တစ်ကျိုက်တည်း မော့သောက်၏။ အရသာ ကောင်းလွန်းသည်။

“မိဖုရားကြီး... ဒီနေ့ကကျုပ်တို့ရဲ့ နောက်ဆုံးညစာ စားပွဲပါပဲ။ ကျုပ်တို့ အတူတူ ကုန်ဆုံးခဲ့တဲ့ နှစ်လက စိတ်ထိခိုက်မှုတွေ အများကြီး ရရှိခဲ့တယ်လို့ ထင်တယ်။”

ပြီးနောက် ရှမ့်လန်က ဝိုင်ခွက်ကို ချောင်မိဖုရားကြီးဆီဘက်သို့ မြှောက်ပေး၏။

ချောင်မိဖုရားကြီးက ဝိုင်ခွက်ကို မြှောက်၏။ ဝိုင်ကို တစ်ခါတည်း သောက်လိုက်လေ၏။ သူမက ဘာမှ မပြောခဲ့ချေ။ တကယ်တမ်းမှာသော့ သူမက ရှမ့်လန်အပေါ် ရှုပ်ထွေးလွန်းသည့် ခံစားချက်များရှိ၏။ ပထမတုန်းက သူမက ရှမ့်လန်ကို လုံးဝမုန်းတီး၏။ အသက်ရှင်လျက် အရေခွံခွာပြီး အရိုးကိုပင် ပြာချချင်၏။

သို့ပေမည့် နောက်ပိုင်းမှာတော့ ရှမ့်လန်က သူ့ကိုသာ မနှောက်ယှက်ပါက ဘာမှလုပ်တဲ့သူမျိုး မဟုတ်ကြောင်း တွေ့ရှိခဲ့၏။ အချိန်ကြာမြင့်စွာဖြင့် အတူတူ နေထိုင်ခဲ့ပြီးနောက် ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုကို ခံစားရ၏။ ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးက အသက်အရွယ်တူသည့် အမျိုးသားများကို သိမ်ငယ်စေခြင်း သို့မဟုတ် မနာလိုစေခြင်းပင် ခံစားရစေ၏။ သို့ပေမည့် အမျိုးသမီးများက ထိုအရာကို နှစ်သက်ကြသည်။

သူတို့က ကောင်းမွန်သည့် မိတ်ဆွေများ ဖြစ်ခဲ့၏။ သို့ပေမည့် ချောင်မိဖုရားကြီးက ရန်သူမှ ရန်သူတစ်ယောက်အဖြစ်တော့ ရှမ့်လန်ကို သေမျိုးရန်သူ အဖြစ်တော့ မမြင်တော့ချေ။

ချောင်ပြည်နယ်၏ အကျိုးစီးပွားအတွက် နင်ကျန်း၊ ရှမ့်လန်တို့အား ရန်သူအဖြစ်သတ်မှတ်ရန် မသင့်တော်တော့ချေ။ နင်ကျန်း ထီးနန်းဆက်ခံမှုက ချောင်ပြည်နယ်အတွက် တကယ့်ကို အကျိုးရှိ၏။ ထို့အပြင် ချောင်မိဖုရားကြီးက အပယ်ခံဘဝတွင် နေထိုင်ရတော့မှာဖြစ်ပြီး အာဏာ၏ ဇာတ်ခုံမှ လုံးဝကို စွန့်ခွာရပေလိမ့်မည်။

သူမက အသက်ရှင်ခဲ့သော်လည်း ဂုဏ်သိက္ခာများအားလုံး ဆုံးရှုံးခဲ့၏။ သူမက တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အသက်ကို အသုံးပြုဝံ့သည့် ချောင်ဘုရင်အသစ်ကဲ့သို့ မဟုတ်ချေ။ အားနည်းစွာဖြင့် လက်နက်ချခဲ့၏။ လမ်းများသို့ လှည့်လည်ပြသဖြင်းကို ခံရ၏။

“ဒီနေ့ကစပြီး မိဖုရားကြီးဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ကျွန်မရဲ့သားနဲ့ တွေ့ဆုံပြီးနောက်မှာ ကျွန်မက သီလရှင် ဝတ်တော့မယ်။ ကွယ်လွန်သွားတဲ့ဘုရင်အတွက် ဆုတောင်းပေးမယ်။ ဘုရင်မင်းမြတ်နဲ့ ချောင်ပြည်နယ် မျက်နှာမပျက်စေဖို့ ဒါကို လုပ်ရမယ်။” မိဖုရားကြီးက ပြောလိုက်သည်။

“အင်း သီလရှင်ဝတ်တာ ကောင်းပါတယ်။”

ရှမ့်လန်က ပြောလိုက်၏။ ဤအသက်အရွယ်နှင့် သီလရှင်ဝတ်ခြင်းက ဆုံးရှုံးစရာ မရှိချေ။ “ဒါဆိုရင် နှုတ်ဆက်ပါတယ်။ နောက်တစ်ခါ ထပ်ပြီး မတွေ့ကြရအောင်။”

................

နောက်တစ်ရက်မှာတော့ နင်ကျန်းနှင့် ရှမ့်လန်တို့က စစ်သည်ပေါင်း ခုနှစ်ထောင်ကျော်ကို ဦးဆောင်ပြီး ချောင်တော်ဝင်မြို့တော်မှ ထွက်ခွာသွားခဲ့၏။

ချောင်ဘုရင်က သူတို့ ထွက်ခွာသွားသည်ကို ကြည့်ခဲ့၏။ ချောင်ပြည်နယ်၏ ပြည်သူများက တကယ့်ကို အေးစက်သော၊ လေးစားသော၊ ရန်လိုသော အကြည့်များဖြင့် လိုက်ပါ ပို့ဆောင်၏။ အလွန်အမင်းလည်း တိတ်ဆိတ်လျက်ရှိသည်။

ချောင်ဘုရင်က အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့၏။ ချောင်နိုင်ငံ၏ နယ်နိမိတ်အတွင်း ရွှဲ့ပြည်နယ်၏ တပ်များ ထွက်ခွာခြင်းအား တားဆီးရန် မည်သည့်စစ်တပ်ကိုမျှ ခွင့်မပြုချေ။ သို့သော်ငြား နင်ကျန်းနှင့် ရှမ့်လန်တို့က အစားအစာနှင့် ရိက္ခာများကို ဝယ်ယူရန် ဈေးနှုန်း ၃ ဆ ပေးရပေမည်။

ရှမ့်လန်က အတန်အသင့် သဘောတူခဲ့၏။ ဤအချက်က ချောင်နှင့် ရွှဲ့ပြည်နယ်ကြား၏ နောက်ဆုံး အဆုံးသတ် ဖြစ်ခဲ့၏။ ရှမ့်လန်နှင့် နင်ကျန်းတို့က ပြီးပြည့်စုံသည့် အောင်ပွဲကို ရရှိခဲ့၏။ သူတို့က အံ့ဖွယ်ရာ တစ်ခုကို ထပ်မံကာ ဖန်တီးနိုင်ခဲ့ခြင်းပင်။

အောင်ပွဲက ရွှဲ့ပြည်နယ်ဆီသို့ ပျံ့နှံ့သွားသည်နှင့် တတိယမင်းသား နင်ချီ၏ ဂုဏ်ကျက်သရေကို လုံးဝ ကျော်လွှားသွားပေလိမ့်မည်။

ကျူးမိသားစုနှင့် ကျုံးမိသားစုများက နင်ချီ၏ ပြိုင်ဘက်ကင်းသည့် အောင်မြင်မှုများ အကြောင်းကို အမွှမ်းတင်မထားဖို့ သူတို့ မျှော်လင့်မိ၏။ ထိုသို့သာဆိုလျှင် ကျိန်းသေပေါက် မျက်နှာ ပိတ်ရိုက် ခံရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နင်ချီနှင့် ချောင်ဘုရင်တို့၏ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်က ဆုတ်ဖြဲခံလိုက်ရပြီ ဖြစ်သောကြောင့်ပင်။

ဤနေရာတွင် နင်ကျန်း၏ လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးစာချုပ်အသစ် ရှိပြီး နယ်မြေ တစ်လက်မကိုမှ လွှဲပြောင်း မပေးရပေ။ နိုင်ငံကိုလည်း အရှက်မရစေခဲ့ပေ။ ထိုအရာကသာလျှင် တကယ့်ကို စစ်မှန်ပြီး ခမ်းနားသည့် အောင်ပွဲတစ်ခုဖြစ်၏။

…….

အချက်အလက်အားဖြင့် ရွှဲ့ပြည်နယ်ကလည်း တတိယမင်းသားနင်ချီကို ချီးမြှင့်မြှောက်စား ထောပနာပြုပြီးသား ဖြစ်၏။ ရယ်ရွှင်စရာပင် ကောင်း၏။

နင်ချီက ကျန်းရှစ်စီရင်စု၏တိုက်ပွဲ၌ ကြီးမားသည့်ပံ့ပိုးမှုကို ပြုလုပ်ခဲ့သည်မှာ သေချာ၏။ အရေးပါသည့်အချိန်တွင် သူက အခြေအနေကို ပြောင်းလဲခဲ့ပြီး ချောင်စစ်သည် တစ်သိန်းကျော်ကို တွန်းလှန် နိုင်ခဲ့သည်။

သို့သော်ငြား အနိုင်ရရှိသည့်အချိန်တွင် နန်းတော်၏ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက အသံထွက်ရန်ပင် မရဲကြချေ။ နင်ချီ၏ အောင်ပွဲကို ချီးမွမ်းခြင်းလည်း မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ချောင်ဘုရင်၏ လုပ်ကြံမှုကို မဖြေရှင်းရသေးသောကြောင့်ပင်။ နင်ချီကို မြှောက်စားသင့်သည့် အချိန်တွင် နန်းတော်တစ်ခုလုံး က တိတ်ဆိတ်နေခဲ့၏။ ထျန်းရှစ်စီရင်စု၏ အောင်ပွဲက တစ်ခါမှ မဖြစ်ပွားခဲ့သကဲ့သို့ပင်။

သို့သော်ငြား အင်ပါယာက ချောင်ဘုရင်၏ လုပ်ကြံခံရမှုက နင်ချီနှင့် မသက်ဆိုင်ကြောင်း အမိန့် ထုတ်ပြန် လိုက်ချိန်မှာတော့ ရွှဲ့ပြည်နယ်က တကယ့်ကို ဆူနာမီ မုန်တိုင်းကြီး တိုက်ခတ်သကဲ့သို့ပင် နင်ချီကို မြှောက်စားခဲ့၏။ နန်းတော်ထဲသို့ အစီရင်ခံစာများက ဒီရေလှိုင်းကဲ့သို့ပင် ဝင်ရောက်လာ၏။ သူတို့အားလုံးက ထျန်းရှစ်စီရင်စုတွင် ရှိနေသည့် အောင်ပွဲကို အလွန်အမင်းကြီး ချီးကျူးကြ၏။

ဘုရင်နှင့် အရာရှိများ ကြားတွင်ရှိနေသည့် ဆန့်ကျင်ဘက်ဖြစ်မှုက ရှင်းလင်းလာခဲ့၏။ လွန်ခဲ့သော အချိန်က နင်ကျန်းက ချောင်ပြည်နယ်၏ နန်းတွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အံ့အားသင့်စရာကောင်းသည့် အောင်ပွဲကို ရယူခဲ့သည်။

ဘုရင်နင်ယွမ်ရှန်းက ထိုအောင်ပွဲကို အလေးထားရန် အစွမ်းကုန် ကြိုးစားခဲ့၏။ သူက ပြည်သူများနှင့်အတူ အောင်ပွဲအထိမ်းအမှတ် ကျင်းပခဲ့၏။ လွတ်ငြိမ်းချမ်းသာခွင့်များလည်း ပေး၏။ ထို့အပြင်ဘိုးဘေးများကိုပင် သွားရောက်ကာ ပူဇော်ခဲ့၏။

သို့သော်ငြား အရာရှိများ၏ တုံ့ပြန်မှုများက ပြည့်တန်ဆာများ အော်ဟစ်နေသကဲ့သို့ပင်။ ထို့အပြင် တကယ့်ကို ပေါ့ပေါ့ဆဆ အော်သံမျိုး ဖြစ်၏။ အော်ဟစ်နေသည်ကို ကြားသည်နှင့် အတုအယောင်ဟု ခံစားရစေ၏။ အတွင်းဝန်ရုံးမှ ထုတ်ပြန်သည့် စာတမ်းများက ပုံမှန်ဖြစ်ပြီး စိတ်အားထက်သန်မှု မရှိသလိုပင်။

ပြည်သူများက အလွန်စိတ်လှုပ်ရှားပြီး စိတ်ဓာတ် တက်ကြွနေ၏။ အဘယ်ကြောင့်ဆိုသော် ချောင်နန်းမြို့တော်ကို တိုက်ခိုက်မှုအောင်ပွဲက အရမ်းကို အံ့အားသင့်စရာ ကောင်းသောကြောင့်ပင်။

အပိုင်း (၇၁၈)

နန်းတော်ထဲတွင်တော့ ဘုရင်နင်ယွမ်ရှန်းနှင့် အရာရှိအနည်းငယ်တို့ကသာလျှင် စိတ်အားတက်ကြွ၏။ ကျန်သည့် အရာရှိများက အေးစက်စက်နှင့် စောင့်ကြည့်နေကြ၏။

သို့ပေမည့် ဤတစ်ကြိမ် တတိယမင်းသား နင်ချီ၏ အောင်ပွဲကို ထောပနာပြုသည့်အချိန်မှာတော့ တကယ့်ကို ပြောင်းပြန်ဆိုသလိုပင် ပြောင်းလဲသွားခဲ့၏။ အရပ်ဖက်နှင့် စစ်ဖက်အရာရှိအားလုံးတို့က စိတ်အား တက်ကြွနေ၏။ သူတို့က အသံနာအောင်ပင် အော်ဟစ်နေကြသည်။

ဘုရင်နင်ယွမ်ရှန်းက အေးစက်စွာ စောင့်ကြည့်နေခဲ့၏။ နင်ချီက ချောင်ပြည်နယ်၏ စစ်စခန်းထဲသို့ တစ်ဦးတည်း ဝင်ရောက်ခဲ့ပြီး သူ၏အပြစ်ကင်းစင်မှုကို သက်သေပြရန် အသတ်ခံသည့် အခြေအနေမျိုးတွင် နင်ယွမ်ရှန်းက နင်ချီကို နန်းမြို့တော်သို့ ပြန်လာရန် အမိန့်ပေးခဲ့၏။ ထိုအရာက နင်ယွမ်ရှန်း သူ့ကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေး ဖြစ်၏။

နင်ချီက လက်လျော့ခဲ့၏။ သူက အင်ပါယာ၏ဘက်တွင် ရပ်တည်ရန် ရွေးချယ်ခဲ့ပြီး သူ၏ဖခင်ဖြစ်သော နင်ယွမ်ရှန်း၏ ကြင်နာမှုကိုမူ လျစ်လျူရှုခဲ့သည်။

နင်ယွမ်ရှန်းက ပြင်းပြင်းထန်ထန်ပင် စိတ်ပျက်သွားခဲ့၏။ ဖခင်တစ်ယောက်အနေနှင့် သူက သူ၏သားဆီမှ အထင်သေးမှုကို ခံရ၏။ တစ်ဖက်လူက သူ၏စိုးရိမ်ပူပန်မှုကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ နင်ချီက အင်ပါယာကို မြှောက်ပင့်နေရသောကြောင့် အလုပ်များနေ၏။

ရွှဲ့ပြည်နယ်၏ ဘုရင်က မည်သူဖြစ်သနည်း။ နင်ယွမ်ရှန်းက သူ၏သားကိုပင် မကယ်တင်နိုင်တော့ကြောင်း လုံးဝ နားလည်၏။ သို့သော်ငြား အရာရှိများက နင်ချီ၏အောင်ပွဲကို ချီးကျူးသည့်အချိန်မှာတော့ သူက ကန့်ကွက်ခြင်း (သို့မဟုတ်) သဘောတူခြင်းလည်း မရှိခဲ့ချေ။

ထိုအရာက တကယ်တမ်းတွင်လည်း အောင်ပွဲဖြစ်၏။ သို့သော်ငြား အမတ်များက အချက်တစ်ခုကို ရည်ရွယ်ချက်ရှိရှိနှင့် ဖုံးကွယ်ထားခဲ့၏။ နင်ချီနှင့် ချောင်ဘုရင်တို့ လက်မှတ်ထိုးခဲ့သည့် စာချုပ်တွင် ပြည်နယ် နှစ်ခုကြားရှိ နယ်နိမိတ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်က တည်ရှိခဲ့သည့် အခြေအနေအတိုင်း ပြန်လည် ပေးအပ်ရမည် ဆိုသောအရာ ပါဝင်၏။ ထိုအရာက နင်ချီအနေနှင့် ချောင်ပြည်နယ်ကို ပိုင်နက်များ လွှဲပြောင်း ပေးအပ်မည်ဟု ဆိုလိုခြင်းပင်။

ရွှဲ့ပြည်နယ်၏ ပြည်သူအကုန်လုံးက အသိဉာဏ်တုံးများ မဟုတ်ကြချေ။ သုတေသန ပြုလုပ်တတ်ကြသော တချို့သော ပညာရှင်များ ရှိနေ၏။ သူတို့က သံသယများ ပြန်လည် ပေါ်ပေါက်လာခဲ့၏။ လွန်ခဲ့သည့် ၂၅ နှစ် ကျော်ကို ပြန်သွားသည်လား။ ထိုသို့ဆိုလျှင် မိုင်နှစ်ရာကို ပြန်လည်ယူဆောင်သွားမည်ဟု မဆိုလိုပေဘူးလား။ ထိုအရာက ခရိုင်တစ်ခု သို့မဟုတ် နှစ်ခုနှင့် ညီမျှ၏။

သို့သော်ငြား ဤအသံများက ထွက်လာသည်နှင့် လုံးဝ နစ်မြုပ်သွားခဲ့သည်။ ‘ဘာလို့ ပညာရှိလို ဟန်ဆောင်နေတာလဲ။ နောက်ကနေ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်ခဲ့စမ်းပါ။’

ဘုရင်နင်ယွမ်ရှန်းကလည်း ထိုအကြောင်းကို မသိချင်ယောင်ဆောင်ထားသည်။ တကယ်တမ်းမှာတော့ သူ၏နှလုံးသားထဲတွင်လည်း ဤအရာက ကြီးမားသည့်အောင်ပွဲတစ်ခု ဖြစ်သည်ဟု ထင်၏။ မြေမိုင်နှစ်ရာ လောက်ကို လွှဲပြောင်းပေးအပ်ခြင်းက ရှက်စရာကောင်းသည်ဆိုသော်လည်း ဤတစ်ကြိမ် ရွှဲ့ပြည်နယ်က ပျက်စီးလုနီးပါး အန္တရာယ်တွင် ရှိခဲ့၏။ မြေအများစုကို ထိန်းချုပ်ထားနိုင်ခြင်းကပင် ကောင်းကင်ဘုံမှ ပေးအပ်ထားသည့် ကောင်းချီးတစ်ခု ဖြစ်သည်။

ဤငြိမ်းချမ်းရေး သဘောတူစာချုပ်က နင်ယွမ်ရှန်း၏ တံဆိပ်တုံးပါသည့် လက်မှတ်ကို လိုအပ်နေသေး၏။ သို့သော်ငြား ပထမအဆင့်တွင် လက်မှတ်မထိုးဘဲ ဖျောက်ထားခဲ့၏။ သူက ဤအခြေအနေကိုတော့ မကျေမနပ် ဖြစ်မိသည်။ နင်ကျန်း စစ်တပ်နှင့်အတူ လုံခြုံစွာ ပြန်လာမည်ကို စောင့်ဆိုင်းနေမိ၏။

ရလဒ်အားဖြင့် ဤအချိန်ကာလတို အတောအတွင်း အမတ်များက တကယ့်ကို စိတ်အားတက်ကြွလာခဲ့၏။ နေ့တိုင်း သူတို့က နင်ချီ၏ တုဖက်ကင်းသည့် အောင်မြင်မှုအကြောင်းကို ချီးမွမ်းကြ၏။ ပြီးနောက် သူတို့က ဤစစ်ပွဲသည် ကြီးမားသည့် အောင်ပွဲ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပေးရန် ရွှဲ့ဘုရင်ကို တိုက်တွန်းကြ၏။ ရန်သူသုံးဦးကို တွန်းလှန်နိုင်ခဲ့ပြီး နယ်မြေကို ထိန်းသိမ်းနိုင်ခဲ့သည်။

သူတို့က ကောင်းကင်ပူဇော်ပွဲ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့၏။ လွန်ခဲ့သောအချိန်က နင်ကျန်းက ကောင်းကင်ပူဇော်ပွဲကို ပြုလုပ်ခဲ့၏။ စစ်ချီမည့် နင်ယီအတွက်ပင်။

ဤတစ်ကြိမ်မှာလည်း အမတ်များက ကောင်းကင်ပူဇော်ပွဲကို ပြုလုပ်ပြီး နင်ချီကို ကောင်းကင်ပူဇော်လွှာ ရွတ်ဖတ်စေချင်ကြ၏။ ပြီးနောက် မင်းကြီးဘွဲ့ပေးရန် တောင်းဆိုကြပေလိမ့်မည်။

နင်ချီ ရွှဲ့ပြည်နယ်၏ မင်းကြီးဖြစ်လာသည်နှင့် ကျူးဟုန်ကျူးနှင့် ကျုံးမိသားစုတို့က နင်ယီ၏ အိမ်ရှေ့စံ ရာထူးကို ဖျက်သိမ်းပေးရန် တောင်းဆိုကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် နင်ချီက အိမ်ရှေ့စံရာထူးကို ရယူပေလိမ့်မည်။

အမတ်များ၏ အစီအစဉ်က တကယ့်ကို ကောင်းမွန်၏။ နင်ယွမ်ရှန်းက သူတို့ဆန္ဒရှိသလို လုပ်ဆောင်ခွင့်ကို အဘယ်သို့ ခွင့်ပြုပေးမည်နည်း။ အချိန်ကို ဆက်လက်ကာ ဆွဲဆန့်ထားခဲ့၏။

နောက်ဆုံးအချိန်မှာတော့ ကောင်းကင်ဘုံတွင် ရှိနေသည့် မိုးသားနှင့် မိုးကြိုးများက ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ကြီးက ကြည်လင်လျက် ရှိနေ၏။ ထိုအရာက နိုင်ငံတော်၏ ကံကြမ္မာ၊ စစ်ပွဲ၏ ပြီးပြည့်စုံသော နိမိတ်ပင် ဖြစ်၏။ ပထမ ရှုံးပြီးသည့်နောက် အနိုင်ရ၏။ ဤအရာက ကောင်းကင်ဘုံမှ ကောင်းချီးတစ်ခုပင် ဖြစ်သည်။

တစ်နှစ်ကျော် ကုန်ဆုံးသွားခဲ့၏။ ရွှဲ့ပြည်နယ်က စစ်ပွဲကို အနိုင်ရရှိခဲ့၏။ သူတို့က နိုင်ငံ၏ ကောင်းချီးအတွက် ကောင်းကင်ဘုံကို ပူဇော်ရန် မသင့်ပေဘူးလား။ နင်ယွမ်ရှန်းက ဤနိုင်ငံ၏ စစ်ပွဲက တကယ်တမ်း ကောင်းကင်ဘုံမှ ကောင်းချီး ပေးခဲ့သည့်အရာလားဟုပင် ခံစားမိ၏။ သူ၏ နိုင်ငံက ပျက်စီးတော့မည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးမှာတော့ ခမ်းနားသည့် အောင်ပွဲတစ်ခုဖြင့် အဆုံးသတ်ခဲ့၏။

ထိုအချိန်မှာပဲ ထျန်းနန်စီရင်စု၌ ငလျှင်လုပ်ခဲ့၏။ အိမ်ထောင်စုထောင်ပေါင်းများစွာတို့၏ အိမ်များ ပြိုကျခဲ့ပြီး လူပေါင်းများစွာတို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရလာ၏။ ရလဒ်အားဖြင့် ရွှဲ့ပြည်နယ်၏အမတ်များက နောက်တစ်ကြိမ် အော်ဟစ်ခဲ့ကြ၏။ ဘုရင်မင်းမြတ်ကို ကောင်းကင်ပူဇော်ပွဲ ပြုလုပ်ရန် တောင်းဆို ကြခြင်းပင်။

နိုင်ငံတော်၏ ကံကြမ္မာစစ်ပွဲကို ကောင်းကင်ဘုံက ကောင်းချီးပေး၏။ ထို့ကြောင့် အနိုင်ရရှိခဲ့၏။ ထို့အပြင် ကောင်းကင်က ရွှဲ့ပြည်နယ်ကို နှစ်ရာပေါင်းများစွာ ကာကွယ်ပေးလိမ့်မည်။ ကောင်းကင်ဘုံကို မပူဇော်ဘူးဆိုလျှင် ကျေးဇူးမသိတတ်ရာ ရောက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကောင်းကင်ဘုံက ဒေါသထွက်မည် မဟုတ်ပါလား။ ဤငလျင်က သတိပေးချက်တစ်ခု ဖြစ်ပေလိမ့်မည်။

ထိုစကားက နန်းတော်တွင်သာမက ပြည်သူများကြားသို့ပါ ရေပန်းစားလာခဲ့၏။ ဘုရင်ပင်လျှင် ထိုအရာကို ယုံကြည်လာမိ၏။ ထို့ကြောင့် အရာရှိများက လျှောက်တင်လွှာကို တင်ကာဖြင့် ဘုရင်မင်းမြတ်ကို ကောင်းကင်ပူဇော်ပွဲ ပြုလုပ်ရန် တောင်းဆိုခဲ့ကြ၏။ လောကရှိ ပြည်သူများကလည်း ဘုရင်ကို ကောင်းကင်ပူဇော်ပွဲ ပြုလုပ်စေချင်ကြသည်။

အထူးသဖြင့် ထျန်းနန်ပြည်နယ်မှ ငလျင်ဒဏ်သင့်သူများပင်။ ကောင်းကင်ပူဇော်ခြင်းကို ပြုလုပ်သည် ဆိုပါက ကောင်းကင်၏ ဒေါသကို ဖြေလျော့နိုင်၏။ ထိုသို့ဆိုလျှင် ထျန်းနန်ပြည်နယ်အနေနှင့် ငြိမ်းချမ်းမှုကို ပြန်လည် ရရှိလိမ့်မည်ဟု မျှော်လင့်၏။

သာမန်ပြည်သူများက တော်ဝင်နန်းတွင်းအထဲတွင် ရှိနေသည့် အရာရှိဆိုးများ၏ ညစ်ညမ်းသည့် ရည်ရွယ်ချက်များကို အဘယ်သို့ နားလည်နိုင်မည်နည်း။

နင်ကျန်းက အချိန်မီ ပြန်မရောက်နိုင်သေးချေ။ ကောင်းကင်ဘုံကို ပူဇော်ရန် မင်းသားတစ်ပါး ရှိရမည် မဟုတ်ပါလား။ တခြားသော မင်းသားများကလည်း အရည်အချင်း မပြည့်မီကြချေ။ ထို့ကြောင့် နင်ချီသာလျှင် ကျန်ရှိခဲ့၏။

ကောင်းကင်ပူဇော်ပွဲ အခမ်းအနား ဆိုသည်မှာ လူငယ်ဘုရင်၏ အခွင့်အာဏာကို ကိုယ်စားပြု၏။ နင်ယွမ်ရှန်းကသာ ကောင်းကင်ပူဇော်ပွဲ ပြုလုပ်ရန် သဘောတူသည်ဆိုပါက နင်ချီက ကောင်းကင် ပူဇော်လွှာကို ဖတ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အရာရှိများက နင်ချီအတွက် ရွှဲ့ပြည်နယ်၏ မင်းကြီးဘွဲ့ တောင်းဆိုလာနိုင်သည်။ ဤကဲ့သို့ အကျိုးသင့် အကြောင်းသင့်နှင့် တောင်းဆိုသည် ဆိုပါက နင်ယွမ်ရှန်း အနေနှင့် ငြင်းဆန်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် နင်ယွမ်ရှန်းက ပြောသည်။ “ခုနှစ်လပိုင်း ကိုးရက်မြောက်နေ့မှာ ကျုပ်တို့ရဲ့ ကတိသစ္စာ စကားတွေကို ပြည့်စုံစေဖို့ ကောင်းကင်ပူဇော်ပွဲကို ပြုလုပ်မယ်။”

ထိုကဲ့သို့သော အမိန့်ကို ထုတ်ပြန်ခဲ့၏။

ဤအမိန့်ကြောင့် အရာရှိနှင့် ပြည်သူအားလုံးက အားတက်သရောနှင့် အားပေးကြ၏။ ဘုရင်မင်းမြတ်က တကယ့်ကို ဉာဏ်ပညာ ကြီးမားလှပေ၏။ ပြီးနောက် နင်ချီက ထျန်းရှစ်ပြည်နယ်မှ ထွက်ခွာခဲ့ပြီး မြို့တော်သို့ အလျင်အမြန် ပြန်၏။ ဤအချိန်မှာတော့ နင်ကျန်းက ချောင်ပြည်နယ်၏ နယ်နိမိတ် အတွင်း၌သာ ရှိနေသေးသည်။

ဇွန်လ၏ ပထမနေ့မှာတော့ တတိယမင်းသားနင်ချီက မြင်းစီးတပ်သား သုံးထောင်ကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ဆီသို့ ပြန်လာခဲ့၏။

မြို့တော်တစ်ခုလုံးက ဆူညံသွားခဲ့၏။ အရပ်ဖက်နှင့် စစ်ဖက်အရာရှိအားလုံးတို့က နင်ချီ အောင်ပွဲမှ ပြန်လာမှုကို ကြိုဆိုရန် အပြင်သို့ထွက်သည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နေမကောင်းသောကြောင့် မလာခဲ့ချေ။ သို့သော်ငြား တော်ဝင်နန်းတွင်းထဲရှိ အရပ်ဖက်နှင့် စစ်ဖက်အရာရှိအားလုံး၊ ကျူးဟုန်ကျူး၊ ကျုံးအီ၊ နင်ချီ၊ နင်ကန်းနှင့် တခြားသောသူများ အားလုံးက ရောက်ရှိလာခဲ့၏။

တိုက်ပွဲတွင် နင်ချီက တကယ့်ကို လှပစွာ လုပ်ဆောင်ခဲ့၏။ ချောင်စစ်သည် တစ်သိန်းကျော်ကို နိုင်ယူခဲ့၏။ ဆုံးရှုံးခဲ့သည့် မြေမိုင်အနည်းငယ်ကို ပြန်လည်သိမ်းယူခဲ့၏။ ထို့အပြင် ရွှဲ့ပြည်နယ်ကို အန္တရာယ်မှ ကယ်တင်ခဲ့သည်။

“အသက်ရှည်ပါစေ။ အသက်ရှည်ပါစေ။ ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။ ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...။”

ပြည်သူများ၏ အားပေးသံကို ကြားချိန်မှာတော့ နင်ချီ၏ နှလုံးသားများက ခုန်လျက် ရှိ၏။

“သက်တော်ရာကျော် ရှည်ပါစေ။” ဆိုသည့် စကားစုကို ယခင်က အော်ဟစ်နိုင်၏၊ သို့ပေမည့် ယခု ခွင့်မပြုတော့ချေ။ ထိုအရာက အင်ပါယာအတွက် သီးသန့်စကားစု ဖြစ်လာပေလိမ့်မည်။ သို့ပေမည့် သူ ဘာလုပ်နိုင်မည်နည်း။ သူက ပြည်သူများအား လူမြင်ကွင်းတွင် ဆူ၍ရလိမ့်မည် မဟုတ်ချေ။

“တတိယမင်းသား... ဘုရင်မင်းမြတ်က အနည်းငယ် နေမကောင်းပါဘူး။ ဒါကြောင့် အရှင်မင်းသားကို ကြိုဆိုဖို့ ကျုပ်တို့ကို လွှတ်လိုက်ပါတယ်။”

ဦးရီးတော် နင်ချီက ပြောသည်။ “ဒီဝိုင်ကို သောက်ပါ။”

နင်ချီက ဝိုင်ကိုယူ၍ တစ်ကြိုက်တည်း မော့သောက်၏။ သူက အနည်းငယ် စိတ်ပျက်သွားခဲ့၏။ အဖေက တကယ်တမ်း အရည်အချင်းပြည့်မီသည့် ဘုရင်တစ်ယောက် မဟုတ်ခဲ့ချေ။ ယနေ့ကဲ့သို့သော အခြေအနေက ဒေါသထွက်ရမည့် အချိန်လား။ စစ်တိုက်ပြီး ပြန်လာသည့် နိုင်ငံစစ်သည်များကို ကြိုဆိုသင့်သည် မဟုတ်ပါလား။

“အဖေ... အဖေနဲ့ကျုပ်နဲ့ကြားမှာ ပြဿနာရှိလို့။ စစ်သည်တွေရဲ့နှလုံးသားကို အေးစက်အောင် ပြုလုပ်တော့မှာလား။”

မပျော်ရွှင်သော်လည်း နင်ချီက မျက်နှာပေါ်တွင် ထိုအကြောင်းအရာကို ထုတ်ဖော် မပြသခဲ့ချေ။

“မြို့ထဲကို ဝင်မယ်။”

ဗာမေလီယန် ဂိတ်တံခါးက ပွင့်လာခဲ့၏။ နင်ချီက မြင်းစီးတပ်သား သုံးထောင်ကို ဦးဆောင်ပြီး ဗာမေလီယန်လမ်းမကြီးအတိုင်း နန်းတော်ဆီသို့ လျှောက်လှမ်း၏။ လမ်းမကြီး၏ နှစ်ဖက်နှစ်ချက်တွင် လူထောင်ပေါင်းများစွာတို့က ကြိုဆိုရန် တန်းစီနေကြ၏။

“အောင်ပွဲ.... အောင်ပွဲ...။”

“တတိယမင်းသားက အားကြီးတယ်။”

“ရွှဲ့ပြည်နယ်က အားကြီးတယ်။”

ဤအရာက လုံးဝ ဟန်ဆောင်မှု မဟုတ်ချေ။ မြို့တော်၏ ပြည်သူများက နင်ချီကို တကယ်တမ်း ချစ်ခဲ့ကြပြီး လေးစားကြသည်။

ဟုတ်ပေ၏။ သူတို့က နင်ကျန်းကိုလည်း လေးစားပြီး အားကိုးခဲ့၏။ သို့သော်ငြား ပြောရမည်ဆိုလျှင် သူတို့၏ နှလုံးသားများက နင်ချီဘက်သို့ ပိုပြီး ယိမ်းယိုင်၏။

အားလုံးပြီးသည့်နောက် နင်ချီက ချောင်စစ်သည် တစ်သိန်းကျော်ကို အနိုင်ယူပြီး ဘုရင်ကိုပင် သတ်ခဲ့၏။ တော်ဝင်ရန်အင်ပါယာက စုံစမ်းစစ်ဆေးခဲ့ပြီး ချောင်ဘုရင် သေဆုံးမှုက နင်ချီနှင့် မသက်ဆိုင်ကြောင်း ကြေညာခဲ့သော်လည်း ရွှဲ့ပြည်နယ်မှ ပြည်သူများ၏ နှလုံးသားထဲတွင်တော့ ချောင်ဘုရင်ကို သတ်ခဲ့သူက နင်ချီသာ ဖြစ်၏။ ထို့ကြောင့် ဤအချိန်မှာတော့ နင်ချီ၏ ဩဇာအာဏာက နင်ကျန်းကို ကျော်လွန်သွားခဲ့သည်။

မင်းသားနင်ကျန်းအတွက်တော့ အချိန်ကြာမြင့်စွာ သတင်းမရရှိခဲ့ချေ။ ချောင်ဘုရင်က စစ်သည် နှစ်သိန်းကျော်နှင့် နန်းမြို့တော်ကို ပြန်သွားခဲ့၏။ တစ်ချိန်တည်းမှာပဲ နင်ကျန်းနှင့် ရှမ့်လန်တို့၌ စစ်သည်ဦးရေ ကိုးထောင်သာရှိ၏။ မြို့တော်ကို စွန့်ပစ်ပြီး ထွက်ပြေးလာလိမ့်မည်။

ဟုတ်ပေ၏။ ရွှဲ့ပြည်နယ်၏ ပြည်သူများက ဤအပြုအမူကို လုံးဝ နားလည်ကြ၏။ အဘယ်ကြောင့်ဆိုသော် နင်ကျန်းက အမြင့်မြတ်ဆုံးသော ပန်းတိုင်ကို ရရှိခဲ့ပြီးသားဖြစ်၏။ အောင်မြင်သော လျှို့ဝှက်တိုက်ခိုက်မှုဖြင့် ချောင်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့၏။

သို့ပေမည့် ထွက်ပြေးခြင်းဆိုသည်က ခမ်းနားသည့် အရာမျိုးတော့ မဟုတ်ချေ။ ပါးစပ်မှ ထုတ်ကာ မပြောသော်လည်း စိတ်ပျက်မှုကိုတော့ ရှောင်လွဲ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ နှိုင်းယှဉ်ရမည် ဆိုပါက သူတို့၏ အမြင့်မြတ်ဆုံးသော နင်ချီက အပြစ်အနာအဆာကင်းသည့် အောင်ပွဲတစ်ခုကို ရရှိခဲ့ခြင်းပင်။ ထို့ကြောင့် ပြည်သူများ၏ နှလုံးသားထဲတွင် မင်းသားနင်ချီ ထီးနန်းဆက်ခံမည်ဆိုပါက မဆိုးဟု တွက်သည်။

ဦးရီးတော်နင်ချီနှင့် နင်ချီတို့က ဘေးချင်းယှဉ်ကာ မြင်းကို စီးနင်းလာခဲ့၏။ “နင်ချီ.. နင်ကျန်း ဘယ်လိုလဲ။”

နင်ချီက ပြောသည်။ “အင်း... ပဉ္စမညီလေးက မဆုတ်ခွာဖို့ ဆုံးဖြတ်ထားတယ်။ နန်းတော်ရဲ့ အတွင်းပိုင်းမြို့ကို ဆုတ်ခွာသွားတယ်တဲ့။ သူက ထွက်ပြေးရမယ့်လမ်းကို ဖြတ်တောက်လိုက်တယ်။ သူက ချောင်ဘုရင်ရဲ့ စစ်သည် နှစ်သိန်းကျော်တို့ရဲ့ ဝိုင်းရံခြင်းကို ခံထားရတယ်။”

နင်ချီက နှလုံးသားထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်၏။ ထိုသို့ဆိုလျှင် စစ်တပ်တစ်ခုလုံး ဖျက်ဆီးခံရပေ လိမ့်မည်။ နင်ကျန်းက တကယ့်ကို ရိုးသားလွန်း၏။ သူက စစ်သား ကိုးထောင်တို့၏ အသက်နှင့် လောင်းကြေး ထပ်ခဲ့၏။

အဘယ်ကြောင့် နန်းမြို့တော်မှ ထွက်မပြေးရသနည်း။ အသက်က အရေးကြီးသည် မဟုတ်ပါလား။ နင်ကျန်းက ရှေ့သို့ တိုးရန်သာသိ၏။ ဆုတ်ခွာရန် မသိပေ။

ဦးရီးတော်နင်ချီက လူရိုးကြီးတစ်ယောက်ပင်။ နင်ကျန်းထက် နင်ချီက အများကြီး ပိုကောင်းသည်ဟု ထင်သည်။ နင်ချီသာ ထီးနန်းဆက်ခံမည်ဆိုလျှင် ကောင်းသည့်အရာ ဖြစ်ပေလိမ့်မည်။

.............

နင်ချီက နန်းတော်ထဲသို့ ဝင်ပြီးသည့်နောက် အဖေ နင်ယွမ်ရှန်းကို အရိုအသေပေး၏။ “အဖေ... ဂါရဝပြုပါတယ်။ အသက်ရှည်ပြီး ငြိမ်းချမ်းပါစေ။”

နင်ယွမ်ရှန်းက ပြောငည်။ “အသက်ရှည်ပြီး ငြိမ်းချမ်းပေါစေဆိုတဲ့ စကားလုံးကို အသုံးပြုတာက လွန်ကဲတယ်လို့ မထင်ဘူးလား။”

ဤအရာက ကြီးမားသည့် လှောင်ပြောင်မှုပင်။ ‘နင်ချီ။ မင်းက အင်ပါယာကို သွားပြီးတော့ အရိုအသေ ပြုလုပ်ခဲ့တယ်။ အခု အင်ပါယာရဲ့ တားမြစ်ချက်ကို မချိုးဖောက်သင့်ဘူး။’

နင်ချီကတော့ ရှင်းပြခဲ့ခြင်း မရှိချေ။ သူက ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျုပ် စိုးရွံ့မိပါတယ် အဖေ။”

နင်ယွမ်ရှန်းက သူ၏သားကို ကြည့်၏။ ကိုယ်အလေးချိန်များ ကျဆင်းသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း အမာရွတ်များနှင့် ပြည့်နှက်နေ၏။ သို့သော်ငြား ဓားကဲ့သို့ ထက်မြက်နေဆဲပင်။ မည်မျှ ထူးချွန်လိုက်သည့် သားနည်း။

နင်ယွမ်ရှန်းက မမေးဘဲ မနေနိုင်ခဲ့ချေ။ “နင်ချီ.. မင်းကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယုံကြည်လား။”

နင်ချီက ပြော၏။ “ယုံကြည်ပါတယ်။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ရှမ့်လန်က ရွှဲ့ပြည်နယ်ရဲ့မူဝါဒသစ်အကြောင်း 'ပြောင်းလဲခြင်းစာအုပ်' ထဲက ဝါကျတစ်ခုကို အသုံးပြုခဲ့တယ်။”

[...............................................]

နင်ချီက ဘာမှ မပြောခဲ့ချေ။

နင်ယွမ်ရှန်းက ဆက်လက်ကာ ပြော၏။ “ဟုတ်တယ်။ ရွှဲ့ပြည်နယ်ရဲ့ မူဝါဒအသစ်သာ အောင်မြင်သွားမယ်ဆိုရင် ငါတို့က အခုထက်ပိုပြီး ခွန်အားကြီးနေလိမ့်မယ်။ အနာဂတ်မှာ ငါတို့က အင်ပါယာရဲ့ ခြိမ်းခြောက်မှုကို ခုခံနိုင်လိမ့်မယ်။

အခု ငါမင်းကို မေးချင်တယ်။ ရွှဲ့ပြည်နယ်ရဲ့ မင်းသားဘွဲ့ကို မင်းလိုချင်တာလား။ အနာဂတ် အင်ပါယာက ရွှဲ့ပြည်နယ်မှာ စစ်သည်အရေအတွက်ကို လျှော့ချဖို့၊ ရွှဲ့ပြည်နယ်မှာ စစ်သည်အရေအတွက်ကို တစ်သိန်းအထိ ကန့်သတ်ဖို့ တောင်းဆိုလာခဲ့ရင် မင်းသဘောတူမှာလား။ အနာဂတ်အင်ပါယာက ရွှဲ့ပြည်နယ်ရဲ့ လျှို့ဝှက်ကောင်စီကို တာဝန်ယူဖို့ တစ်စုံတစ်ရာကို စေလွှတ်လိုက်မယ်ဆိုရင် မင်းသဘောတူမှာလား။”

နင်ချီက အချိန်ကာလကို ခန့်မှန်း၍မရကြောင်း ပြောချင်၏။ ပြောင်းလဲခြင်းစာအုပ်မှ စကားလုံးများက နက်ရှိုင်းသည့် ချောက်ထဲတွင် တည်ရှိနေသည် ဆိုသော်လည်း သူတို့က သင့်လျော်သည့် အချိန်ကို စောင့်ဆိုင်းသင့်၏။ ဤသို့ပြောသည်ဆိုပါက ဘုရင်ကို ဆန့်ကျင်ရာ မရောက်ပေဘူးလား။ ထို့ကြောင့် သူက ပြော၍ မရနိုင်ခဲ့ချေ။

ထို့ကြောင့် နင်ချီက တိတ်ဆိတ်လို့ နေ၏။

All Chapters