← Chapters

အခန်း (၇၂၁-၇၂၂)

Vol. 45 Ch. 721-722

အခန်း (၇၂၁-၇၂၂)

Vol. 45 Ch. 721-722

အပိုင်း (၇၂၁)

“နင်ကျန်းနဲ့ ရှမ့်လန်ကို လုပ်ကြံချင်တယ်ဆိုရင် သူတို့ရဲ့ လမ်းကြောင်းကို ကြိုသိထားဖို့လိုတယ်။”

ထိုအချိန်မှာတော့ ကျူးဟုန်ကျူးက ပြောလိုက်၏။ “နင်ကျန်းကို ပြန်ပေးဆွဲပြီး သတ်ပစ်ရမယ်။”

လူတိုင်း အံ့အားသင့်သွားကြ၏။ ရှမ့်လန်ကို မသတ်ပေဘူးလား။

“နင်ကျန်းကို လုပ်ကြံဖို့အတွက် အစွမ်းကုန် ပြင်ဆင်ထားကြ။ သူ့ကို မြို့တော်ဆီ ပြန်မရောက်စေနဲ့။” နင်ချီက အမိန့်ပေးလိုက်သည်။

နင်ကျန်း သေဆုံးသွားသည်နှင့် အိမ်ရှေ့စံနေရာက နင်ချီအတွက် သေချာသလောက် ရှိသွားပေလိမ့်မည်။

“ရန်သူကို လျှော့မတွက်နဲ့။”

နင်ချီက ပြောလိုက်၏။ “မဟာပညာရှင် ဘယ်နှစ်ယောက်ကို လွှတ်နိုင်မလဲ။”

“ကျုပ်နဲ့ ရန်နန်းဖေး” ရွှယ်ချီက ပြောသည်။

“စေတီတောင်က နှစ်ယောက်လွှတ်ပေးနိုင်တယ်။” ရွှယ်ရွှယ်က ဝင်ကာပြော၏။

“ကျုပ်က သုံးယောက်လွှတ်ပေးနိုင်တယ်။” ကျူးဟုန်ကျူးကလည်း ဆိုသည်။

စုစုပေါင်း မဟာပညာရှင် ၇ ယောက်၊ နင်ကျန်းကို လုပ်ကြံရန်အတွက် မဟာပညာရှင် ၇ ယောက်ထိ စေလွှတ်မည်လား။ နင်ကျန်းဘက်တွင် မဟာပညာရှင်အဆင့်ရှိသူဟူ၍ တစ်ယောက်တည်းသာလျှင် ရှိ၏။

“ရှစ်ရက်အတွင်း အောင်မြင်မှ ဖြစ်မယ်။ လုံးဝ အရှုံးပေးလို့မဖြစ်ဘူး။ နင်ကျန်းကို အပြတ်ရှင်းရမယ်။”

“အမိန့်တော်အတိုင်းပါပဲ။”

ဇွန်လ ၂၈ ရက်နေ့မှာတော့ ...

ရှမ့်လန်နှင့် နင်ကျန်းတို့က ချောင်မြို့တော်မှ ဆုတ်ခွာပြီး မိုင် ၂၀၀ အကွာအဝေးကို ရောက်လာခဲ့သည်။

“အရှင်သားနင်ကျန်း... ကျုပ်တို့ လမ်းခွဲမှ ဖြစ်လိမ့်မယ်။” ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။

နင်ကျန်းက အံ့အားသင့်သွားသည်။ “ဘာကြောင့်လဲ။”

“အခုမြို့တော်မှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနား ကျင်းပဖို့ အားလုံးက တောင်းဆိုနေတယ်။ အရှင်မင်းကြီးက မင်းသားကို ရွှဲ့ပြည်နယ်ရဲ့မင်းကြီးအဖြစ် ချီးမြှင့်ချင်နေတာ သေချာတယ်။ ရန်သူတွေက မင်းသား နန်းမြို့တော်ကို ပြန်တဲ့လမ်းမှာ ကျိန်းသေပေါက် လုပ်ကြံ သတ်ဖြတ်ကြလိမ့်မယ်။ မင်းသားက စစ်တပ်နဲ့အတူသာ လိုက်သွားရင် ပစ်မှတ်က ထင်ရှားလွန်းနေပြီ။ ဒါကြောင့် စစ်တပ်နဲ့ ခွဲထွက်မှ ဖြစ်လိမ့်မယ်။”

“ဒါဆိုရင် ခင်ဗျားက တစ်ယောက်တည်း စစ်တပ်ကို ဦးဆောင်ပြီး သွားမှာလား။ အရမ်း အန္တရာယ်များတယ်။” နင်ကျန်းက စိုးရိမ်တကြီးနှင့် မေးလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ကို ဘယ်သူမှ လုပ်ကြံမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ လအနည်းငယ် အတွင်း လောကကြီးမှာ ကျုပ်ကို လုပ်ကြံမယ့်လူ ရှိမှာ မဟုတ်သေးဘူး။”

သူက ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်၏။ နင်ကျန်းနှင့် အဖွဲ့ဝင်အားလုံးက အံ့အားသင့်သွား၏။ အဘယ်ကြောင့်နည်း။ သို့သော်ငြား ရှမ့်လန်က ရှင်းပြခြင်း မရှိချေ။

“ကျုပ်တို့ ဘယ်လမ်းက သွားရမလဲ။” နာကျည်းမှုက မေးလိုက်သည်။

“တောင်ကျော်လမ်း၊ တော်ဝင် နှင်းတောင်ကြီးကို ကျော်ဖြတ်ပြီး သွားရမယ်။ လာတဲ့လမ်းအတိုင်းပေါ့။”

ဤလမ်းကြောင်းက လျှို့ဝှက်လွန်း၏။ သို့သော်ငြား ရှမ့်လန်က ဆက်ပြော၏။ “ဘယ်လမ်းကသွားသွား ရန်သူကတော့ တွေ့မှာပဲ။ နှင်းတောင်ကြီးရဲ့ ထိပ်ဖျားဆိုတော့ တိုက်ပွဲဖြစ်ဖို့ ပိုပြီးတော့ သင့်တော်တဲ့ နေရာတစ်ခုပဲ။”

နာရီဝက်ခန့် ကြာမှာတော့ နင်ကျန်း၊ လီချင်းချိုး၊ လီချင်းချိုး၏ မိန်းမ၊ အရူးကြီး၊ နာကျည်းမှုနှင့် သိုင်းရူး ထန်ယင်တို့ ၆ ယောက်က စစ်တပ်နှင့် လမ်းခွဲပြီး တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့၏။ လျှို့ဝှက်စွာဖြင့် နှင်းတောင်ခရီးကို စတင်ခဲ့ကြသည်။

အမှန်တရားက ဖုံးကွယ်၍ မရနိုင်ချေ။ ပြည်သူတို့၏ သိချင်စိတ်ကို ထိန်းချုပ်ရန် ကြိုးစားသူများ ရှိသော်လည်း ညီလာခံအတွင်းမှ သတင်းများက ပေါက်ကြားသွားခဲ့၏။ ချောင်ပြည်နယ်မှ စစ်ပြေငြိမ်းရေး စာချုပ်အသစ်၏ သတင်းက လေလိုပင် လျင်မြန်စွာ ပျံ့နှံ့သွား၏။

ယခင်က နင်ချီ ချုပ်ဆိုခဲ့သည့် စာချုပ်က နယ်မြေ ပေးအပ်ရမည်ဟု ပါရှိသော်လည်း ယခု နင်ကျန်း၏ စာချုပ်တွင် ရွှဲ့ပြည်နယ်၏ မြေတစ်လက်မကိုမှ ပေးအပ်ရန် မလိုတော့ချေ။ ဤအရာက ကြီးမားသည့် အောင်ပွဲကြီးတစ်ခုပင်။ မိုင်ထောင်ချီ ဝေးသည့်အရပ်မှနေ၍ နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ပေးလိုက်ခြင်းပင်။

မင်းသားနင်ကျန်းက အင်အားကိုးထောင်မျှဖြင့် ချောင်ပြည်နယ်၏ စစ်သည်သိန်းချီကို အနိုင်ယူ အညံ့ခံစေခဲ့၏။ တကယ့်ကို အံ့မခန်းဖွယ်ရာပင်။ ပြည်သူလူထု၏ ထောက်ခံမှု ချိန်ခွင်လျှာက တမဟုတ်ချင်း ပြောင်းလဲသွားခဲ့၏။ နင်ကျန်း၏ အလေးချိန်က နင်ချီကို ကျော်လွန်သွားခဲ့သည်။

ရှမ့်လန် အတွက်မူ .....

နန်းမြို့တော်မှ ပြည်သူများက ဤကိစ္စတွင် ရှမ့်လန် ၏ အခန်းကဏ္ဍ အလွန်ကြီးမားကြောင်း သိရှိကြသော်လည်း ချီးကျူးရန် ဝန်လေးနေကြဆဲ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က မြို့တော်သား အားလုံးကို နှိပ်စက်လွန်းအားကြီး၏။ မျက်နှာကို ရိုက်ပုတ်ခြင်းကလည်း လွန်လွန်းအားကြီး၏။

..........

ရှမ့်လန်က စစ်သည် ၇၀၀၀ အောက် လျော့နည်းသည့် တပ်ဖွဲ့ဖြင့် ချောင်ပြည်နယ်၏ နယ်မြေအများစုကို ဖြတ်ကျော်ကာ အောင်ပွဲခံ ပြန်လာခဲ့၏။ လမ်းခရီးမှာတော့ သူနှင့် မူလန်တို့၏ ဇာတ်လမ်းကလည်း မရိုးနိုင်လောက်အောင်ပင်။

နောက်ဆုံးမှာတော့ ဘုရင်မရှားမန်ကပင် သည်းမခံနိုင်တော့ဘဲ ပြောထုတ်မိသည်။ “ညီမလေး... ဒီကိစ္စက စိတ်ဝင်စားစရာကောင်းမှန်းတော့ အစ်မ နားလည်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းကြီးတော့ မလုပ်သင့်ဘူးလေ။ နည်းနည်းတော့ ထိန်းပါအုံး။”

ထိုကဲ့သို့ လာရောက် သတိပေးရသည်အထိပင် ဆရာရှမ့်က ငစမန်ထလွန်းခဲ့၏။

........

အခြားတစ်ဖက်မှာတော့ နင်ကျန်းတို့ ၆ ယောက်က ခက်ခဲကြမ်းတမ်းသည့် နှင်းတောင်ကြီးကို စတင်ကာ ကျော်ဖြတ်ကြ၏။ လူ ၆ ယောက်တည်းသာ ရှိပြီး အားလုံးကလည်း သိုင်းပညာရှင်များ ဖြစ်သောကြောင့် ခရီးတွင်ကြ၏။

ဇူလိုင်လ ၄ ရက်နေ့၊ နင်ကျန်းနှင့် လီချင်းချိုးတို့က အမြင့်ဆုံးသော နှင်းတောင်ထိပ်ကို ရောက်ရှိနေ၏။ ဤတောင်ကို ကျော်ဖြတ်လိုက်သည်နှင့် ချင်နိုင်ငံဆီသို့ ရောက်ရှိပေတော့မည်။

“သုံးနာရီလောက် နားပြီးရင် မနက်ဖြန် မနက်စောစော ချင်နိုင်ငံထဲကို ဝင်ကြမယ်။” လီချင်းချိုးက ပြောလိုက်သည်။

ပြီးနောက် သူတို့ ၆ ယောက်က အမြင့်ဆုံးသော နှင်းတောင်၏ ထိပ်တွင် စခန်းချ၏။

နောက်တစ်နေ့ မနက်ခင်းမှာတော့ နေမင်းကြီးက အရှေ့ဘက်မှ ထွက်ပေါ်လာ၏။ နှင်းတောင်ကြီးပေါ်သို့ ကျရောက် လာသည့် နေရောင်ခြည်က နှိုင်းယှဉ်၍ မရလောက်အောင် ခမ်းနားလှပသည်။

ဤသည်က သူတို့အတွက် နှင်းတောင်ပေါ်မှ နေထွက်သည်ကို ပထမဦးဆုံးအကြိမ် မြင်ခဲ့ဖူးခြင်းပင်။ တကယ့်ကို စွဲဆောင်မှု ရှိလှ၏။ နေမင်းကြီး ထွက်ပေါ်လာသည့် အရှိန်အဟုန်က ကြီးမားလွန်းသောကြောင့် မည်သည့်အရာကမှ တားဆီး၍ မရနိုင်လောက်အောင် တင့်တယ်လှပလျက် ရှိနေ၏။

လူ ၆ ယောက်တို့က နေ၏ အလင်းရောင်ကို ခေါင်းမော့ကာ ကြည့်ရှုလိုက်ကြ၏။ ဤအရာက တော်ဝင် နှင်းတောင်ပေါ်၌ နေထွက်ခြင်းကို ပထမဦးဆုံး ကြည့်မြင်ရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် တော်ဝင်နှင်းတောင်ကြီးက အစဉ်အမြဲ နှင်းများ သည်းထန်စွာ ကျဆင်းသည့်နေရာဖြစ်ပြီး တစ်နှစ်ပတ်လုံး နှင်းများဖြင့် ဖုံးလွှမ်းလျက် ရှိနေသောကြောင့်ပင်။

ထို့ကြောင့် နေရောင်ကို မြင်ရဖို့ဆိုသည်က တကယ့်ကို ခက်ခဲလွန်း၏။ တကယ်လည်း စွဲဆောင်မှု ရှိလွန်းလှ၏။ နေထွက်လာခဲ့သည့် အရှိန်အဟုန်က တကယ့်ကို ခမ်းနားပြီး သင့်တင့်လွန်းလှချေသည်။

“အင်း... ဒီလောကကြီးထဲမှာ နေမင်းနဲ့တူတဲ့လူက ဘယ်သူလို့ထင်လဲ။” ဓားဘုရင်၏ မိန်းမက မေးလိုက်၏။

နင်ကျန်းက ခဏလောက် စဉ်းစား၏။ ပြီးနောက် ဖြေလိုက်သည်။ “အင်ပါယာ ကျန်းလီပဲ ဖြစ်လောက်မယ်။”

တည်ရှိနေသည့်လူအားလုံးက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ဟုတ်ပေ၏။ အင်ပါယာ ကျန်းလီပင်။ အရှေ့ပိုင်းလောကတစ်ခုလုံးက ကျွန်ရောင်းဝယ်ခြင်း လုပ်ငန်းများနှင့် ရှုပ်ထွေးခဲ့၏။ ကျန်းလီက ထိုကျွန်ကုန်သွယ်မှု ကိစ္စရပ်အားလုံးကို ဖျက်ဆီးခဲ့၏။

ထို့အပြင် တော်ဝင်အင်ပါယာ၏ မောင်ပိုင်စီးမှု၊ ပြည်သူလူထုအားလုံးတို့အပေါ် ယဉ်ကျေးမှု ဖိနှိပ်ခြင်းတို့ကို အားကုန်ထုတ် ကိုင်တွယ် ဖြေရှင်းခဲ့၏။ သူက အရှေ့တိုင်းလောကကြီး တစ်ခုလုံးကို နေရောင်လို တောက်ပတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်စေခဲ့၏။ နောက်ဆုံးမှာတော့ ကျရှုံးခဲ့၏။ ပြီးနောက် ဆိုးဆိုးရွားရွား သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သို့ပေမည့် သေဆုံးခဲ့သည် ဆိုလျှင်တောင်မှ သူ၏ ခန္ဓာကိုယ်မှ ရောင်စဉ်ရောင်ဝါများက ဤလောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းနေတုန်းပင်။ နှစ်ပေါင်းများစွာ ကြာရှိနေနိုင်သည့် ရှေးစာအုပ်များတွင် သူ၏ ကောင်းချီးမင်္ဂလာကို ထည့်သွင်း ရေးသားခဲ့ကြ၏။

ထို့ကြောင့် တော်ဝင်ရန်နိုင်ငံတော်က ထိုစာအုပ်ကို လိုက်လံကာ တားဆီးခဲ့ကြ၏။ အင်ပါယာ ကျန်းလီ၏ သေဆုံးခြင်းက လောကရှိ လူများ၏ ယဉ်ကျေးမှု အရှိန်အဟုန်ကို တားဆီးပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။

နာကျည်းမှုက သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်၏။ သူက တကယ့်ကို အင်ပါယာကျန်းလီအပေါ်တွင် ယုံကြည်သက်ဝင်သူ တစ်ယောက် ဖြစ်၏။

နင်ကျန်းက ရုတ်တရက် ပြောလိုက်သည်။ “အင်း.... ကျုပ်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက် စောပြီး အသက်ရှင်ခွင့် မရတာ တကယ့်ကို မုန်းစရာပဲ။”

သူ၏ မချိတင်ကဲ ပြောဆိုသံက လီချင်းချိုးနှင့် အခြားသောသူအားလုံးကို စိတ်ထိခိုက်စေခဲ့၏။ ဟုတ်ပေ၏။ အဘယ့်ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ လောက် စော၍ အသက်မရှင်ခဲ့ရသနည်း။

နင်ကျန်းက ပြောလိုက်၏။ “ရှမ့်လန်က ပြောတယ်။ တော်ဝင်ရန်အင်ပါယာက အရာအားလုံးကို လိုက်ပြီး ကန့်သတ်ထားခဲ့တယ်။ ဒါက လောကကြီးအတွက်တော့ ကပ်ဘေးကြီးပဲ။ ရှေးဟောင်းယဉ်ကျေးမှု ရဲ့ အမွေအနှစ်တွေက သာမန်လူသားတွေနဲ့ မသက်ဆိုင်သလိုပဲ။”

လီချင်းချိုးက ပြောလိုက်သည်။ “နှမြောစရာ ကောင်းတာက လောကကြီးထဲမှာ အင်ပါယာကျန်းလီလို လူမျိုး ထပ်ပြီးမရှိတော့ဘူး။ ဘယ်သူကမှ တော်ဝင်ရန်အင်ပါယာကို ဖက်တုပြိုင်နိုင်မှာ မဟုတ်ဘူး။”

နင်ကျန်းက ပြောလိုက်၏။ “အင်း... အဲဒါတော့ ဟုတ်တယ်။”

ပြီးနောက် သူတို့ ၆ ယောက်တို့က တော်ဝင်နှင်းတောင်ကြီးပေါ်သို့ သွား၏။ ချင်နိုင်ငံဆီသို့ ဝင်ရောက်ရန် ပြင်နေသည်။

ထိုအချိန်မှာပဲ လီချင်းချိုးက ရုတ်တရက် ပြောလိုက်၏။ “ငါတို့ ဒီတိုင်းသွားလို့ မဖြစ်နိုင်တော့ဘူး။”

ဟုတ်ပေ၏။ ဤအတိုင်းသွားလို့ မဖြစ်နိုင်ချေ။ နှင်းတောင်ကြီးအောက်တွင် လူအဖွဲ့ ၁၀ ဖွဲ့ က ပြေးလာသည်။ အမြန်နှုန်းက တကယ့်ကို ကြောက်မက်ဖွယ်ရာပင်။

ခဏလောက် ကြာပြီးနောက် လူ ၁၀ ယောက်တို့က နင်ကျန်းနှင့် အခြားသော သူများအားလုံးကို ဝိုင်းပိတ်ထားခဲ့ပြီ ဖြစ်၏။ မဟာပညာရှင် ၁၀ ယောက်။ ထိပ်တန်း သိုင်းပညာရှင် ၅ ယောက်တို့ ဖြစ်သည်။

လီချင်းချိုးက အခြားသောသူများကို ဝေ့ဝဲကြည့်လိုက်၏။ ရွှယ်ချီ၊ ရန်နန်းဖေး၊ ထို့အပြင် ယင်ယွမ်အဖွဲ့အစည်းမှ မဟာပညာရှင် နှစ်ယောက်။ စေတီတောင်မှ မဟာပညာရှင် သုံးယောက်။ ကောင်းကင်ပင်လယ် နန်းဆောင်မှ မဟာပညာရှင် နှစ်ယောက်။

ထိုပညာရှင် မဟာပညာရှင် နှစ်ယောက်ထဲတွင် လီချင်းချိုးက တစ်ယောက်တည်းကိုသာ သိ၏။ တကယ့်ကို အားကောင်းသည့် လူစာရင်းပင် ဖြစ်၏။ နင်ကျန်းကို သတ်ဖြတ်ရန် မဟာပညာရှင် ၁၀ ယောက်တို့က မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့၏။ တကယ့်ကို ကြီးမားသည့် အကြောင်းအရာ တစ်ခုကဲ့သို့ပင်။ တကယ်လည်း ရယ်ရွှင်ဖွယ်ရာ ကောင်း၏။

စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်တို့က သဘာဝလွန်အင်အားစုများအဖြစ် သီးခြားနေထိုင် တတ်သူများ မဟုတ်ပါလား။ အခု အဘယ့်ကြောင့် မင်းသားတစ်ပါးကို လာရောက်ကာ လုပ်ကြံနေရသနည်း။

နင်ကျန်းက ပြောလိုက်သည်။ “ရွှယ်မြို့စား.. ဒီအချိန်မှာ မျက်နှာဖုံးကို စောစောစီးစီး ခွာချခဲ့တာပဲ။”

ရွှယ်ချီက လေသံကို ပြောင်းကာ ပြောလိုက်၏။ “အရှင့်မင်းသား နင်ကျန်း... လူမှားနေပါပြီ။ ကျုပ်က ရွှယ်မြို့စား ဆိုတာကို မသိပါဘူး။ ပြီးတော့ ကျုပ် မျက်နှာဖုံး ဝတ်ထားတယ် ဆိုတာကလည်း အေးလို့ပါပဲ။”

ရန်နန်းဖေးက ပြောလိုက်သည်။ “အရှင့်မင်းသား နင်ကျန်း.. ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ ဒီနေရာက အန္တရာယ်ကြီးတဲ့ တောင်ထိပ်ကြီးလေ။ ဒီနေရာမှာ ဘယ်သူမဆို သေသွားနိုင်တယ်။”

ရွှယ်ချီက ပြောလိုက်၏။ “အရှင့်သား နင်ကျန်း... ရွှဲ့ပြည်နယ်ကို နှင်းတောင်ကနေ ပတ်ပြီး ပြန်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါက တကယ့်ကို ချီးကျူးစရာပဲ။ ပြေးတဲ့လမ်းကြောင်း ကျုပ်တို့ ထင်မှတ်ထားတာထက် ပိုပြီး ဝေးကွာ နေတာပေါ့။”

ရန်နန်းဖေးကလည်း ပြောလိုက်သည်။ “အရှင့်သား နင်ကျန်း... ဒီတိုက်ခိုက်မှုမှာ အခြားသောသူတွေကို ပါဝင် မပတ်သက်စေချင်ဘူး။ ကျုပ်တို့က အပြစ်ကင်းစင်တဲ့ လူတွေကို မသတ်ဖြတ်ချင်ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်ဆိုရင် ကျန်တဲ့လူ ၅ ယောက်လုံးကို လွှတ်ပေးလိုက်မယ်။”

လီချင်းချိုးက ပြောလိုက်၏။ “အရှင့်သား.. မယုံနဲ့။ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်မယ်ဆိုရင် သူတို့က ကျုပ်တို့အားလုံးကို သတ်မှာပဲ။ ဒီကိစ္စက အားလုံးသိလို့မှ မဖြစ်တာ။”

ရန်နန်းဖေးက ပြောလိုက်သည်။ “လီချင်းချိုး... ဓားကျွန်းကနေ ထွက်ခွာလာတယ်ဆိုတာ ကောင်းတဲ့အရာ တစ်ခု မဟုတ်ဘူး။”

လီချင်းချိုးက ပြောလိုက်၏။ “အင်း... ဓားကျွန်းမှာ နေထိုင်ဖို့လား။ ဒီကိစ္စက နည်းနည်းပျင်းစရာ ကောင်းတယ်။ ပျော်ရွှင်မှုအတွက် အပြင်ဘက်ကို ထွက်လာတာလည်း ဘာမကောင်းစရာ ရှိလို့လဲ။”

ရန်နန်းဖေးက ပြောလိုက်သည်။ “အင်း... လီချင်းချိုး။ ဒီနေ့က ဒီနေ့ အသတ်ခံလိုက်ရမယ်ဆိုရင် ပျော်ရွှင်စရာ ဆိုတာ ရှိမှာ မဟုတ်တော့ဘူး။”

တစ်ဖက်လူများက တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ မဟာပညာရှင် ၁၀ ယောက်နှင့် ကျွမ်းကျင်သူ ၅ ယောက်တို့ ရှိနေ၏။ သို့ပေမည့် နင်ကျန်း၌ မဟာပညာရှင်အဆင့်ဟူ၍ လီချင်းချိုး တစ်ယောက်တည်းသာ ရှိ၏။

ထို့အပြင် နင်ကျန်းကလည်း မျက်နှာဖုံးကို ဝတ်ထားခဲ့၏။ သူက လေအေးများကို ရှူရှိုက်ရခြင်းသောကြောင့် အဆုတ်တွင် ဒဏ်ရာ အနည်းငယ် ရလို့နေခဲ့၏။ သူက ဓားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။

လီချင်းချိုး။ သူ၏ မိန်းမချိုး၊ နာကျည်းမှု၊ အရူးကြီး၊ ထန်ယင်တို့ အားလုံးက ဓားကို ဆွဲထုတ်လိုက်၏။ ဤအရာက ကျိန်းသေပေါက် ရှောင်လွှဲ၍ မရနိုင်သည့် စစ်ပွဲကြီး ဖြစ်၏။ ရှုံးနိမ့်မည့် တိုက်ပွဲကြီးပင်။ သို့ပေမည့် တကယ်တမ်း တိုက်ခိုက်ရပေလိမ့်မည်။

“ဟား ဟား ဟား ဟား...”

လေထုထဲတွင်တော့ သူရဲကောင်းဆန်သည့် ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။ “မြို့စားကြီး ရွှယ်ချီ ၊ ရန်နန်းဖေး၊ အင်း.... မတွေ့ရတာ အချိန်တော်ကြာပြီ။”

“စုနန်ပဲ။”

တာ့နန်နိုင်ငံ၏ သံတမန်၊ မဟာပညာရှင်အဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့သည့် စုနန်ပင်။ သူက နှင်းတောထဲတွင် အလျင်အမြန် ပြေးလာခဲ့၏။ စစ်မြင်းကို စီးနင်းလာခဲ့ပြီး ငွေရောင် လှံတစင်းကိုလည်း ကိုင်ဆောင်ထားခဲ့သည်။

တောင်ကုန်းပေါ်သို့ ရောက်သည့်အချိန်မှာတော့ စုနန်နှင့် လီချင်းချိုးတို့က တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့က ကံကြမ္မာရေစက် ပါပုံရ၏။ သူတို့နှစ်ယောက်က ယခင်တုန်းက သေမျိုးရန်သူများ အဖြစ် အပြင်းအထန် တိုက်ခိုက်ခဲ့ကြဖူး၏။ ယခုအချိန်မှာတော့ မမျှော်လင့်ဘဲ အတူ ပခုံးချင်းယှဉ်ကာ ရန်သူကို တိုက်ခိုက်ရမည့် အခြေအနေမျိုး ဖြစ်လာခဲ့၏။

“အရှင့်သား နင်ကျန်း”

“အင်း.. စု။”

ရွှယ်ချီက ပြောသည်။ “ဆရာကြီးစုနန်... ကြည့်ရတာ ခင်ဗျားက ကိုယ့်အသက်ကို ကိုယ် မနှမြောတဲ့ပုံပဲ။”

ပြီးသည့်နောက်မှာတော့ ပိန်ပါးပါးနှင့် အဘိုးအို တစ်ယောက် ထွက်ပေါ်လာခဲ့၏။ တာ့နန်နိုင်ငံ၏ ဆရာကြီး ရှားရင်ပင်။ “ရှားရင်က ဒီမှာရှိတဲ့ အစ်ကိုတွေ အကုန်လုံးကို ဂါရဝပြုပါတယ်။”

သူက တကယ်ပင် အားလုံးကို အစ်ကိုကြီးဟု ခေါ်ဆိုခဲ့၏။ သို့ပေမည့် သူက အသက်အကြီးဆုံးပင်။

ရန်နန်းဖေးက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “တော်ဝင်ကပ်ဘေး ဘုရားကျောင်းက အကြီးအကဲလား။”

အပိုင်း (၇၂၂)

ရှားရင်က တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့ဖူး၏။

“တော်ဝင် ကပ်ဘေးဘုရားကျောင်းရဲ့ ကိစ္စရပ်နဲ့ ကျုပ်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ ကျုပ်က တာ့နန်နိုင်ငံရဲ့ အကြံပေး ပုဂ္ဂိုလ်ပါပဲ။”

ဤရှားရင်က ရှမ့်လန်၏ ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေရန်အထိ သတ္တိရှိလွန်းခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ထိုသူကလည်း မဟာပညာရှင် တစ်ယောက်ပင်။

ရွှယ်ချီက မျက်မှောင်ကုတ်လို့နေ၏။ သူက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် ရန်သူဘက်မှ မဟာပညာရှင် နှစ်ယောက်ကို လှမ်းကြည့်၏။ ဤစစ်ပွဲက သက်သောင့်သက်သာ မဟုတ်တော့ချေ။ သို့ပေမည့် သူတို့က အနိုင်ရရှိမည့် တိုက်ပွဲမျိုးပင်။

“အင်း... နောက်ထပ် လာချင်တဲ့လူတွေ လာဦး။” ရွှယ်ချီက ပြောလိုက်သည်။

ပြီးသည့်နောက်မှာတော့ တကယ်ပင် ပေါ်ပေါက်လာခဲ့၏။ ချောင်နိုင်ငံ၏ လှပသည့် မဟာပညာရှင် ပန်ရော့၊ နှင်းတောင်နတ်ဆိုး လင်းရှန်။

ပန်ရော့က စုနန်ကို အံ့အားသင့်စွာဖြင့် ကြည့်ရင်း မေးလိုက်သည်။ “ရှင်သေသွားပြီ မဟုတ်ဘူးလား။”

စုနန်က အားတင်းကာ ပြုံးလိုက်၏။ “ဒါက ဇာတ်လမ်းရှည်ကြီးပဲ။ မဟာပညာရှင် ပန်ရော့က ကျုပ်တို့ နောက်ဆုံးအကြိမ် တွေ့ပြီးတည်းက ကောင်းကောင်းမွန်မွန် နေထိုင်နေခဲ့တာကိုး။”

ပန်ရော့က ရှက်ရွံ့သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လီချင်းချိုးကို တိုက်ခိုက်ဖို့အတွက် စုနန်က သူမကို ခေါ်ဆောင်ခဲ့၏။ ထို့အပြင် သူမကို လက်ဆောင်တစ်ခုလည်း ပေးခဲ့၏။ ပန်ရော့က လီချင်းချိုးကို အနိုင်မယူနိုင်ခဲ့ချေ။ ထိုကြောင့် လက်ဆောင်ကို ပြန်ပေးရပေလိမ့်မည်။ သို့ပေမည့် စုနန် သေဆုံးသွား ခဲ့သည်ကို ကြားရပြီးနောက် သူမ အနည်းငယ် ဝမ်းသာခဲ့မိ၏။ စုနန် သေဆုံးသွားခဲ့သောကြောင့် ဝမ်းသာခြင်း မဟုတ်ချေ။ သူ့အနေနှင့် လက်ဆောင်ပစ္စည်းကို ပြန်မပေးရတော့သောကြောင့်ပင်။

“အားနာပါတယ်။ အဲဒီပစ္စည်းက ကျွန်မဆီမှာ ပါမလာခဲ့ဘူး။ ဒီတော့ နောက်ကျရင် ပြန်ပေးပါ့မယ် လူကြီးမင်းစု။” ပန်ရော့က ပြောလိုက်သည်။

စုနန်က ပြောလိုက်၏။ “အင်း... ရပါတယ်။ ကိစ္စမရှိပါဘူး။”

ပြီးနောက် စုနန်က မည်သို့မှ မနေနိုင်ဘဲ မေးလိုက်သည်။ “မဟာပညာရှင် ပန်ရော့... ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီကို လာခဲ့တာလဲ။”

ပန်ရော့က ပြောလိုက်၏။ “လူတချို့က ကျွန်မကို ဒီကို လာစေချင်တယ်။ ဒီအတွက် ထိုက်တန်တဲ့ တန်ကြေးကို ပေးခဲ့တယ်။”

ရွှယ်ချီက မျက်မှောင် ကုတ်သွား၏။ သူ၏ နှလုံးသားတွင်လည်း ကြီးမားသည့် ဒုက္ခတရား ဖြစ်တည်လာခဲ့၏။ မဟာပညာရှင် သုံးယောက်တို့က မထင်မှတ်ဘဲ ရောက်ရှိလာခဲ့၏။ ဆိုလိုသည်က ယနေ့တိုက်ပွဲက ရှမ့်လန် မျှော်လင့်ထားသည့် အကြောင်းအရာထဲတွင် ရှိနေသည့် အရာမျိုးပင် ဖြစ်ပေလိမ့်မည်။

ရွှယ်ချီက အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။ “နောက်ထပ် ဘယ်သူတွေ လာအုံးမှာလဲ။”

ထိုအချိန်မှာပင် နောက်ထပ် ပုံရိပ်တစ်ခုက လွင့်မျောကာ ရောက်ရှိလာ၏။ အသားအရေက ဖြူစွတ်လွန်းသောကြောင့် ဖောက်ထွင်းမြင်ရလုမတတ်ပင်။ သူက ရှမ့်လန်၏ ဆရာမ၊ မဟာပညာရှင် ဝူတူကျိပင်။

“ဟာ.. အကြီးအကဲတို့ပါလား။”

ဝူတူကျိက ရောက်ရှိလာခဲ့ပြီးနောက် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူမက စေတီတောင်မှ မဟာပညာရှင်နှစ်ဦးကို မှတ်မိနေသောကြောင့်ပင်။ အခြေအနေက အတော်လေး ကသိကအောင့် ဖြစ်ရ၏။

ရွှယ်ချီက ကြက်သီးမွှေးညှင်း ထသွားခဲ့၏။ တစ်ဖက်မှ မဟာပညာရှင်လေးဦး ရောက်ရှိလာခဲ့၏။

“ရှိသေးလား။ နောက်ထပ်လာမယ့်လူတွေ ရှိသေးလား။”

ရွှယ်ချီက ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ “ရှိတယ်ဆိုရင် တစ်ခါတည်း ထွက်လာလိုက်တော့။”

“ဘာဖြစ်နေကြတာလဲ”

ထိုစဉ်မှာပဲ နောက်ထပ် လူရိပ်နှစ်ခု ထပ်မံရောက်ရှိလာ၏။ မဟာပညာရှင် ကျုံးချူးကဲနှင့် ရွှယ်ရင်တို့ပင် ဖြစ်၏။ နောက်ဆုံးတွင် ဤနှစ်ယောက် ပေါ်ပေါက်လာခဲ့၏။ နင်ကျန်း၏ ဘက်တွင် မဟာပညာရှင် ၆ ဦးထိ စုဝေးရောက်ရှိလာခဲ့၏။

ရွှယ်ချီက ထပ်မေးသည်။ “နောက်ထပ် ရှိသေးလား။”

အခြေအနေက နောက်ထပ် လူရှိစရာ အကြောင်း မရှိတော့ချေ။

“နောက်ထပ် လူမရှိဘူးဆိုရင် တိုက်ခိုက်လိုက်ကြတာပေါ့။ ဒီအချိန်မှာတော့ ကံတရား စီမံထားတဲ့အတိုင်းပဲ။ ကျုပ်တို့ နှင်းတောင်ရဲ့ထိပ်မှာ အဆုံးဖြတ် တိုက်ပွဲတစ်ခုကို ဆင်နွှဲရတော့မယ်။ မင်းသားနင်ကျန်း.... မင်းရဲ့ ကံကြမ္မာကို ကောင်းကင်ဘုံက အဆုံးဖြတ်ပေးလိမ့်မယ်။”

အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် သိုင်းလောက၏ ထိပ်သီးပညာရှင်အားလုံးက တဟုန်ထိုး စတင် တိုက်ခိုက်ကြတော့၏။

…….

နှင်းတောင်ထိပ်ရှိ တိုက်ပွဲက စတင်ခဲ့ပြီ ဖြစ်၏။ နင်ကျန်း၏ဘက်တွင် မဟာပညာရှင် ၇ ဦးနှင့် ထိပ်တန်းကျွမ်းကျင်သူ ၅ ဦး ရှိပြီး၊ ရွှယ်ချီ၏ဘက်တွင် မဟာပညာရှင် ၁၀ ဦးနှင့် ထိပ်တန်းကျွမ်းကျင်သူ ၅ ဦးတို့ ရှိ၏။

ဤတိုက်ပွဲက လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ပထမဦးဆုံးအကြိမ် ကြောက်မက်ဖွယ်ရာကောင်းသည့် ရင်သိမ့်တုန် တိုက်ပွဲကြီးတစ်ခု ဖြစ်သည်။

တိုက်ပွဲ၏ ဖြစ်စဉ်ကို ချရေးရမည် ဆိုလျှင် စာလုံးရေတစ်သောင်းနှင့်ပင် ပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။

တစ်နာရီကျော် ကြာသည့်အချိန်မှာတော့ ပေပေါင်း ၂၀၀၀ မြင့်သည့် နှင်းတောင်ကြီးက ၁၀ မီတာကျော်အထိ ပြားချပ်သွားခဲ့၏။

နောက်ထပ် ၁၅ မိနစ် ကုန်လွန်သွားခဲ့သည်။

“ဒုန်း။ ဒုန်း...”

ကျယ်လောင်လွန်းသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးက တုန်ခါနေကဲ့သို့ပင်။ နှင်းပြိုမှုများ ဖြစ်ပွားလာ၏။ အဆုံးမဲ့သည့် နှင်းထုပမာဏက အောက်ဆီသို့ အရူးအမူးနှင့် လိမ့်ဆင်းနေ၏။ ဤနှင်းတောင်ထိပ်ပေါ်ရှိ ကျောက်တုံးများ အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ခြင်းက နှစ်ပေါင်း တစ်ထောင်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်နိုင်၏။

နှင်းတောင်တစ်ခုလုံးက ခပ်ပြင်းပြင်းနှင့် တုန်ယင်နေခဲ့ပြီး တိုက်ပွဲက ခေတ္တ ရပ်တန့်သွား၏။ နှစ်ဖက်စလုံးက မျက်နှာချင်းဆိုင် ရပ်တန့်နေ၏။ ဤတိုက်ပွဲက သူတို့ စိတ်ကူးထားသည်နှင့် ကွဲပြားခြားနားလွန်းနေသည်။

အလွန်အမင်း ကျွမ်းကျင်သော လီချင်းချိုးက သူ၏ အံ့မခန်း တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ပြနိုင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း လူသား၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားသူ ၃ ဦး ရှိ၏။ မဟာပညာရှင် ပန်ရော့၊ နတ်သမီးရွယ်ရင်နှင့် အရူးကြီး တို့ပင် ဖြစ်၏။

ပန်ရော့နှင့် ရွယ်ရင်တို့ နှစ်ဦးလုံးက ကိုယ်ခံပညာအရ သိုင်းပညာအရ လီချင်းချိုးထက် နိမ့်ပါး၏။ သို့သော်ငြား နှင်းတောင်ထိပ်တွင်တော့ သူတို့က အံ့မခန်း တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်သည်။

အကြောင်းရင်းက ရိုးရှင်းလွန်းလှ၏။ သူတို့နှစ်ဦးလုံးက နှင်းတောင်ထိပ်ပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးကြသောကြောင့်ပင်။ ဤနေရာရှိ လေထုက ပါးလွှာပြီး အပူချိန်ကလည်း အေးခဲ၏။ သူတို့က ဤနေရာရှိ ပထဝီအနေအထားနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိ၏။

အရူးကြီးကတော့ လုံးဝကို သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ ရွှယ်ချီဘက်တွင် လူအင်အား ပိုမိုများပြား သော်လည်း တည်နေရာက မဟာပညာရှင်များ၏ စွမ်းဆောင်ရည်ကို များစွာထိခိုက်စေသည်။

သို့သော်ငြား ရွှယ်ချီတို့ဘက်တွင် မဟာပညာရှင်က ၃ ဦး ပိုများ၏။ ထို့ကြောင့် ဤတိုက်ပွဲတွင် သူတို့က အသာစီးတော့ ရယူနေသေး၏။

လီချင်းချိုးက ဓားဒဏ်ရာ ၃ ချက် ရရှိထား၏။ လီချင်းချိုး၏ မိန်းမက ဘယ်ဘက် လက်ကောက်ဝတ် မှ ပြတ်တောက်သွား၏။ နာကျည်းမှုက ဓားဒဏ်ရာ ၅ ချက်နှင့် ကျုံးချူးကဲ့က ဓားဒဏ်ရာ ၄ ချက် ရထားသည်။

ရွှယ်ချီ၏ဘက်တွင် မဟာပညာရှင် ၃ ဦးတို့က ဒဏ်ရာရထားခဲ့ပြီး ထိပ်တန်းကျွမ်းကျင်သူ ၃ ဦး သေဆုံးခဲ့ရ၏။

ဤတိုက်ပွဲမှာ တကယ့်ကို အထိတ်တလန့် အဖြစ်ရဆုံးသောသူက အရူးကြီးပင် ဖြစ်၏။ သူက နင်ကျန်းကို ကာကွယ်ပေးရန် အနီးအနားတွင် တည်ရှိနေ၏။ ယခုအချိန်မှာတော့ သူက တကယ့်ကို ဖောက်ထွင်း၍ မရနိုင်သည့် လူတစ်ယောက်ကဲ့သို့ ဖြစ်သည်။

သူက အညံ့ဆုံးသော ဓားသိုင်းကိုသာ အသုံးပြုနေသော်လည်း သူ၏ အမြင်အာရုံက လျင်မြန်လွန်းလှသည်။ ထို့အတူ ဖောက်ထွင်း၍ မရနိုင်သည့် နံရံကြီးတစ်ခုလိုပဲ ဖြစ်ပေါ်နေ၏။ အရူးကြီးက ဓားဒဏ်ရာ ၁၀ ချက်ကျော် ရရှိခဲ့ပြီး သွေးများကလည်း အောက်သို့ စီးကျနေ၏။

သို့သော်ငြား သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အနည်းငယ်မျှပင် လျော့ပါးမသွားခဲ့ချေ။ မဟာပညာရှင် တစ်ဦးပင်လျှင် နာရီဝက်ကျော်ကြာ တိုက်ခိုက်ပြီးနောက် အတွင်းအား ကုန်ခမ်းသွားမှာ ဖြစ်၏။ အရူးကြီးကတော့ တိုက်ပွဲကို တိုက်ခိုက်လေ ပိုမိုကာ ရဲစွမ်းသတ္တိ ရှိလာလေဖြစ်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကိုလည်း လုံးဝ မထိခိုက်ခဲ့ပေ။

........

“ဒုန်း။ ဒုန်း...”

နှင်းပြိုမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေ၏။ တိုက်ပွဲက ရပ်တန့်လျက် ရှိနေဆဲပင်။ အသံက အရာအားလုံးကို မှုန်မှိုင်းသွားစေခဲ့၏။ လှပသော နှင်းတောင်ထုကြီးက ယခုအချိန်မှာတော့ အနက်ရောင် ကျောက်တုံးကြီးများ ပေါ်ထွက်လာခဲ့၏။ ယခင်ကကဲ့သို့ လှပမှုမျိုး မရှိတော့ချေ။

နောက်ဆုံးမှာတော့ နှင်းပြိုမှုက ပြီးဆုံးသွားခဲ့၏။ ရွှယ်ချီက သူ၏ဘက်ကို လှည့်ကြည့်၏။ သူတို့ ဆက်လက် တိုက်ခိုက်နိုင်သေး၏။

ထိုအချိန်မှာပဲ လီချင်းချိုးက နင်ကျန်းကို ကာကွယ်ရန် ပြန်လည်ရောက်ရှိလာ၏။ အရူးကြီးက သူ၏ သံမဏိတုတ်ကြီးကို ကိုင်ဆွဲကာဖြင့် ရှေ့တန်း၌ တိုက်ပွဲဝင်နိုင်သေး၏။ အဘယ်ကြောင့် ဆိုသော် လက်ရှိ ရှိနေသည့် ကျွမ်းကျင်သူအားလုံးက သူတို့၏ အတွင်းအားများကို ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ အရူးကြီး တစ်ယောက်တည်းကသာလျှင် အကောင်းဆုံးသော အခြေအနေ၌ ရှိနေသည်။

ရွှယ်ချီ၊ ရန်နန်းဖေးနှင့် အခြားသောသူများက လုံးဝတုန်လှုပ်နေ၏။ ဤသည်က ရွှေရောင်သွေးမျိုးဆက် ပိုင်ရှင်ပေလား။ အံ့မခန်း ကောင်းကင်ဘုံကို စိန်ခေါ်နိုင်လောက်သူပင် ဖြစ်၏။ သာလွန်မြင့်မြတ်သူများ၏ ရှေ့တွင် အံ့မခန်း ကျင့်ကြံ့မှု ၊ ထိပ်တန်း သိုင်းပညာရှင် ၊ မဟာပညာရှင် ဆိုသည်က အဓိပ္ပာယ်မဲ့ခဲ့၏။

တိုက်ပွဲ၏ အစမှာတော့ မဟာပညာရှင်များက အရူးကြီးကို ဖိနှိပ်နိုင်ခဲ့၏။ အရူးကြီးက ဓားဒဏ်ရာ ၁၀ ချက်ကျော် ရရှိခဲ့၏။ သို့ပေမည့် သူ၏ ကာကွယ်နိုင်စွမ်းက ထိပ်တန်းအဆင့် နီးပါးရှိသည်။

အရူးကြီးက ဤမျှ စွမ်းအားကြီးနေသည်ဆိုလျှင် ချောင်ယောင်အာဆိုလျှင် မည်မျှ စွမ်းအားကြီးမည်နည်း။ သူမက ပိုမို၍ပင် အားကောင်းနိုင်ဖွယ် ရှိ၏။

ရွှယ်ချီက မဟာပညာရှင် ၁၀ ဦးကို ခေါ်ဆောင် လာခဲ့သော်လည်း နင်ကျန်းကို မသတ်နိုင်သေးပေ။

“အင်း... တရားထိုင်ပြီး အတွင်းအား ပြန်ဖြည့်ကြ။ အလှည့်ကျ တိုက်ခိုက်ကြ။” ရွှယ်ချီက အမိန့်ပေးလိုက်သည်။ နောက်ဘက်ရှိ လူ ၁၁ ဦးတို့က မြေပြင်ပေါ်တွင် ခြေချိတ်ကာထိုင်၏။ နင်ကျန်းကို ကာကွယ်နေသော ကျွမ်းကျင်သူများကလည်း ခြေချိတ်ကာ ထိုင်လိုက်၏။ သူတို့က အတွင်းအားကို ပြန်လည် ဖြည့်တင်းရင်း အချိန်ကို အကောင်းဆုံး အသုံးချရပေလိမ့်မည်။

နာကျည်းမှုနှင့် နင်ကျန်းတို့က ဓားဘုရင်မိန်းမ၏ လက်ကောက်ဝတ်ကို ပြန်လည်ကာ ကုစားပေး၏။ နင်ကျန်းက ပြင်းထန်ကောင်းမွန်သည့် အရက်တချို့နှင့် ကတော်ချိုး၏ ဒဏ်ရာကို ပိုးသတ်ပေးခဲ့၏။

နာကျည်းမှုက ဓားဘုရင်မိန်းမ၏ လက်ကို ဂရုတစိုက်နှင့် အပ်ဖြင့် ပြန်လည်ကာ ချုပ်ပေး၏။

“အဒေါ်.. စိတ်မပူနဲ့။”

နာကျည်းမှုက ပြောလိုက်သည်။ “ကျုပ်က သခင်လေးလောက် မတော်ဘူးဆိုပေမယ့် လက်ကိုတော့ ချုပ်နိုင်ပါတယ်။ ကျုပ်တို့ပြန်ရောက်ရင် သခင်လေးက သေချာ ခွဲစိတ်ပေးလိမ့်မယ်။ သွေးပြန်ကြောတွေ ကိုတောင် ပြန်ပြီး ချုပ်ပေးနိုင်တယ်။”

ကတော်ချိုးက ရယ်ကာ ပြော၏။ “ရတယ်။ ဒါက ဘယ်လက်ပဲ။ အသုံးမှ မဝင်တာ။”

ဓားဘုရင်လီချင်းချိုးက ရင်ဘက်ထဲတွင် နာကျင်သွားခဲ့၏။ သူ၏ မိန်းမ၏ လက်ကို ဖြတ်တောက်လိုက်သူက ရန်နန်းဖေး ဖြစ်နေ၏။ သူတို့က ယခင်တည်းက ရန်သူတော်များ ဖြစ်ခဲ့ပြီး ဖြစ်သည်။ ယခု ရန်ငြိုးက ပိုမိုကာ ကြီးမားသွားခဲ့သည်။

ဝူတူကျိက ရှေ့သို့ လှမ်းတက်ပြီး အရည်ပုလင်းတစ်ခုကို ထုတ်ယူပြီး ဓားဘုရင်မိန်းမ၏ လက်ပေါ်သို့ လိမ်းကျံပေးလိုက်၏။ ဤနည်းအားဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အအေးဒဏ်ကို ထိန်းချုပ် ထားနိုင်ပေလိမ့်မည်။ ပြီးနောက် သူမက ဂရုတစိုက်နှင့် ပတ်တီးစည်းပေး၏။

တစ်ချိန်တည်းမှာပဲ တိုက်ပွဲက ပြန်လည် စတင်ခဲ့၏။ နှစ်ဖက်စလုံး၏ ကျွမ်းကျင်သူများက သူတို့၏ အတွင်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေ၏။ အရူးကြီး တစ်ယောက်တည်းသာလျှင် အဆုံးမဲ့သည့် အားအင်များ ရှိနေ၏။ ထို့ကြောင့် ရွှယ်ချီဘက်မှ အရူးကြီးကို အလှည့်ကျ တိုက်ခိုက်ရန် စတင်ခဲ့သည်။

သူတို့က အဘယ်ကြောင့် အတူတူ ဝိုင်းအုံကာ တိုက်ခိုက်ခြင်းကို မပြုသနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်က အလွန့်ကို တန်ဖိုးရှိသောကြောင့်ပင်။ သူတို့က အတွင်းအားများကို ပြန်လည်ဖြည့်တင်းရန် စက္ကန့်တိုင်းကို မိမိရရ အသုံးချရပေလိမ့်မည်။ အရူးကြီး၏ အားအင်များ ကုန်ခမ်းအောင် ပြုလုပ်နိုင်ပါက သူတို့ အနိုင်ရပေမည်။

“ဒုန်း။ ဒုန်း..” အရူးကြီးကို တိုက်ခိုက်ခြင်းက ကြီးကျယ်ခမ်းနားခြင်း မရှိသည့် တိုက်ပွဲတစ်ခုကဲ့သို့ပင်။ လျှို့ဝှက်ဆန်းကြယ်သည့် ဓားသိုင်းများလည်း ထွက်ပေါ်မလာခဲ့ချေ။ ထူးဆန်းသည့် နတ်ဘုရား တိုက်ကွက်များလည်း ပေါ်ပေါက်မလာခဲ့ချေ။ ရူးသွပ်စွာ ရိုက်နှက်ခြင်းနှင့် ထိုးခုတ်ခြင်းသာလျှင် ရှိ၏။

“ကာကွယ်မယ်။ ကာကွယ်မယ်။ ကာကွယ်မယ်။”

အရူးကြီးက ကာကွယ်သည်ကိုသာလျှင် သိ၏။ သူ၏ တိုက်ခိုက်မှုများက မဟာပညာရှင်များအား အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သူက ဓားရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာတို့ကို ကာကွယ်နေခဲ့သည်။

“ဝေါ့”

ရန်သူ၏ ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးက မည်သို့မှ ထိန်းထားနိုင်ခြင်း မရှိတော့ချေ။ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်၏။ သူ၏ ရင်ဘတ်နှင့် အဆုတ်များက အလွန်အမင်း နာကျင်နေ၏။ ပြီးနောက် သွေးပွက်ပွက် အန်လျက် ရှိနေ၏။ အစာအိမ်ထဲမှ အန်သည့်သွေးများ မဟုတ်ဘဲ အဆုတ်မှ ထွက်လာသည့် သွေးများပင်။

ဤမျှ ပြင်းထန်လွန်းသည့် တိုက်ပွဲ၏အောက်တွင် သူ၏အဆုတ်များက မည်သို့မှ ဆက်လက်ကာ ခံနိုင်ရည် မရှိတော့ချေ။ ထို့ကြောင့် ရောင်ရမ်းပြီး သွေးများ ယိုစီးကာ ထွက်ပေါ်လာခဲ့ခြင်းပင်။ ဤကျွမ်းကျင်သူက လျင်မြန်စွာဖြင့် နောက်ကို ဆုတ်ခွာလိုက်၏။

အရူးကြီးက ရှေ့သို့ အလျင်အမြန်မြင့် ပြေးဝင်သွားခဲ့ပြီး သူ၏ သံမဏိတုတ်ကြီးနှင့် ရိုက်ချ၏။ ရုတ်တရက် ထိုပြိုင်ဘက်ကင်းပါသည်ဆိုသော ကျွမ်းကျင်သူက ပြားချပ်သွား၏။ သွေးများက စီးထွက် ပျံ့နှံ့ဖို့ပင် အချိန်မရဘဲ တစ်ခါတည်း အေးခဲသွားခဲ့သည်။

“သွားစမ်း...။” ရွှယ်ချီက အမိန့်ပေးလိုက်၏။

သူခေါ်လာသော မဟာပညာရှင် မဟုတ်သည့် ထိပ်တန်းကျွမ်းကျင်သူ ၅ ဦး အနက် ၄ ဦးက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတစ်ယောက်က အံကို ကြိတ်ကာဖြင့် ရှေ့ဆီသို့ ပြေးဝင်၏။ သူက အရူးကြီးကို ရူးသွပ်စွာ တိုက်ခိုက်၏။ အရူးကြီးကလည်း ကာကွယ်၏။ သူက ကာကွယ်မည် ဆိုသည့် အကြောင်းအရာကိုသာလျှင် ဆက်တိုက် ပြုလုပ်နေ၏။

၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ထိပ်တန်းကျွမ်းကျင်သူက ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ချေ။ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်၏။ ပြီးနောက် သူ၏ အဆုတ်မှ သွေးများ ထွက်ပေါ်လာခဲ့သည်။

အရူးကြီးက တဖန် အော်ဟစ်ကြိမ်းဝါးလိုက်ပြီး ထိုလူအား ရိုက်ချပြန်၏။

ရွှယ်ချီက လုံးဝ လျစ်လျူရှုထား၏။ သူလိုချင်သည်က အချိန်ပင် ဖြစ်၏။ နာရီဝက်လောက် အချိန်ရသည် ဆိုလျှင်ကိုပင် လုံလောက်ပြီ ဖြစ်သည်။

လီချင်းချိုး၏ မိန်းမက ပြတ်သွားသည့် လက်ကို ယခုပြန်ဆက်ထားရုံသာ ရှိသေး၏။ သူမ၏ တိုက်ခိုက်ရေး စွမ်းအားက အထူး စိုးရိမ်စရာပင် ဖြစ်လို့နေသည်။ လီချင်းချိုး၏ တိုက်ပွဲစွမ်းရည်က သူ၏ စိုးရိမ်ပူပန်မှုများကြောင့် လျော့ကျသွားခဲ့၏။

စုနန်၊ ရှားရင်၊ ကျုံးချူးကဲ့ နှင့် ဝူတူကျိ တို့ကလည်း အတွင်းအားများ ကုန်လုနီးပါးပင်။ နင်ကျန်း၏ ဘက်တွင် အရူးကြီး၊ ရွယ်ရင်နှင့် ပန်ရော့တို့သာ ကျန်ရှိတော့ပြီး နောက်ဆုံးနှစ်ဦးကလည်း အတွင်းအား အများကြီး မကျန်တော့ပေ။

ဤတိုက်ပွဲတွင် မဟာပညာရှင် ၂ ဦးသို့မဟုတ် ၃ ဦးကို စတေးရမည် ဆိုလျှင်ပင် သူ ရွှယ်ချီက နင်ကျန်းကို သတ်ရပေးလိမ့်မည်။

……..

စာစဉ် (၄၆) က ၅ ရက်နေ့မှ ထွက်ပါမယ်ဗျာ။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။ စီးပွားလာဘ်လာဘတွေ တိုးတက်ကြပါစေ ခင်ဗျာ။

All Chapters