← Chapters

ကမ္ဘာကြီးက ကျဉ်းမြောင်းတယ်

Vol. 76 Ch. 1062

ကမ္ဘာကြီးက ကျဉ်းမြောင်းတယ်

Vol. 76 Ch. 1062

"ကောင်းကင်ဘုံမီးလျှံရစ်ပတ်ခြင်း"

လီဖူချန်းရဲ့လက်သီးတွေက လေပွေပမာ ဦးတည်ဘက်တိုင်းကို ထိုး‌နေတော့တယ်။

ဝုန်း ဝုန်း ဝုန်း......

ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားသုံး‌‌ယောက်ပူးပေါင်းကာ ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကို ဖန်တီးနေတယ်။

ဒါပေမယ့် လီဖူချန်းရဲ့ကြက်သွေးရောင်မီးလျှံတစ်စုံက တိုက်စစ်ခံစစ်ပူးပေါင်းထားသလို မြန်နှုန်းလဲ ရှိတယ်။ သူတို့သုံးယောက် ပူးပေါင်းအလုပ်လုပ်တာတောင် လီဖူချန်းကို မဖိနှိပ်နိုင်ခဲ့ဘူး။

"ကြက်သွေးရောင်မီးလျှံတစ်စုံနဲ့ဆိုရင် ငါ့ရဲ့ခွန်အားက ပြိုင်ဘက်ကင်းအရှင်တွေအကြားမှာ ထိပ်တန်းဝင်တယ်လို့ မပြောနိုင်ပေမယ့် ဘက်စုံဟန်ညီနေကာ ချို့ယွင်းချက်တစ်ခုမှ ရှိမနေဘူး" တစ်ချက်ဖလှယ်ပြီးနောက် လီဖူချန်းက သူ့ရဲ့မီးတာအိုခွန်အားကို အကြမ်းဖျင်းနားလည်လာခဲ့တယ်။

ထိုသုံးယောက်ရဲ့တိုက်ခိုက်မှုက ပိုသန်မာလာတယ်။ သူတို့က လီဖူချန်းကို ဒဏ်ရာပြင်းပြင်းထန်ထန်မရ‌စေလိုပါဘူး၊ သူတို့က လီဖူချန်းကို အချိန်ဆွဲထားချင်ရုံပဲ။ ဂိုဏ်းသားအုပ်စုတွေရောက်လာတာနဲ့ လီဖူချန်းမှာ ခေါင်းသုံးလုံးနဲ့လက်ခြောက်ဖက်ရှိရင်တောင် သူ့ရဲ့အကြိုနတ်ဘုရားကုန်ဆုံးပျောက်ကွယ်သွားမှာကို ရှောင်တိမ်းလို့မရနိုင်ပါဘူး။

"ငါ့ရဲ့အကြိုနတ်ဘုရားဓားတာအိုကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့အတွက် မင်းတို့ကောင်တွေ ဂုဏ်ယူသင့်တယ်"

မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားအဖြစ် ချက်ချင်းပြောင်းသွားတယ်။ လီဖူချန်းရံ့ချီတည်ရှိမှုက ပူလောင်ပြီးဖိနှိပ်ညှဥ်းပန်းနေရာမှ စူးရှပြီးနက်နဲသိမ်မွေ့လာတယ်။

ဒါကို မြင်ပြီး အနှီသုံး‌ယောက်က သဘောပေါက်သွားတယ်။

လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားအတွက် ယှဉ်ပြိုင်ချင်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ ဓားတာအိုက လီဖူချန်းရဲ့အဓိကတာအိုပဲ။

ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ။ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမျှပဲ။ အဲဒါက လီဖူချန်းကို အများဆုံးအဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားကိုပဲ ရောက်ရှိစေမှာပါ။

သူက သူတို့သုံးယောက်ကို ရင်ဆိုင်ရာမှာ အသာစီးမရပါဘူး။

"နတ်ဆိုးမျက်လုံး-နှလုံးသားဓား"

"တစ္ဆေဓားပညာ"

"ကောင်းကင်ဘုံကိုးခုကျားနတ်ဘုရားလျှို့ဝှက်ဓား"

သူတို့သုံးယောက်က လီဖူချန်းထံ သူတို့ရဲ့သတ်ဖြတ်ကွက်တွေကို ထုတ်ဖော်လိုက်တယ်။

"အကန့်အသတ်မဲ့ဓားပင်လယ်"

လီဖူချန်းလက်ထဲရှိကောင်းကင်ဘုံအသူတရာချောက်နက်ဓားက လည်သွားပြီး ငွေရောင်ဓားပင်လယ်တစ်ခုက သူ့ကို ကာကွယ်လိုက်တယ်။

ဝုန်း ဝုန်း ဝုန်း......

သုံးယောက်ရဲ့သတ်ဖြတ်ကွက်တွေက ငွေရောင်ဓားပင်လယ်အပေါ် ကျရောက်လာတဲ့အခါ ငွေရောင်ဓားပင်လယ်က အနည်းငယ်သာ တုန်ခါသွားတယ်။

"ဓားချီမူလပြန်သွားခြင်း"

ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းကို ကာကွယ်နေတဲ့ငွေရောင်ဓားပင်လယ်က ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဓားအလင်းထောင်ကျော်အဖြစ် ပြောင်းကာ သုံးယောက်လုံးကို ထိုးဖောက်သွားတယ်။

ဓားရိုက်ချက်တစ်ခုတည်းကတင် သုံးယောက်လုံးရဲ့အကြိုနတ်ဘုရားစွမ်းအားအမြောက်အများကို သုတ်သင်လိုက်တယ်။

"ဘယ်လိုအားကောင်းတဲ့ဓားကွက်တစ်ခုလဲ"

သုံးယောက်သား ထိတ်လန့်တုန်လှုပ်သွားတယ်။

လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက သူတို့ထက် အဆင့်တစ်ဆင့်သာ ပိုသန်မာပေမယ့် လီဖူချန်းရဲ့ဓားကွက်တွေက သူတို့ထက် အဆင့်တစ်ဆင့်မက ပိုသန်မာတယ်။

ဒီကြောက်စရာကောင်းတဲ့ဓားပညာနဲ့ ရင်ဆိုင်ရာမှာ ပြန်တိုက်ခိုက်ဖို့အတွက် လုံးဝခွန်အားမရှိဖြစ်သွားတယ်။

"ဓားချီမူလပြန်သွားခြင်း"

ဓားချီတွေစုဆုံတာခြင်းအတူတူပေမယ့် ဒီတစ်ခါမှာ‌တော့ အရင်ဓားချီစုဆုံတာနဲ့ မတူပါဘူး။ ဓားကွက်က စကြာဝဠာရှိဖရိုဖရဲရဲ့မူလသဘောတရားကို ကျော်ဖြတ်သွားတာ ကြာပါပြီ။

အား.....

သုံးယောက်လုံး စူးစူးဝါးဝါးအော်ဟစ်လိုက်ကြတယ်။

ဒီဓားကွက်က သူတို့ရဲ့ခန္ဓာကိုယ်မှ ပွင့်ထွက်လာသလို ထင်ရတယ်။ သူတို့သုံးယောက်က ရှောင်တိမ်းပုန်းခိုဖို့ နည်းလမ်းမရှိခဲ့ဘူး။ အဆုံးမဲ့ဓားချီတွေ သူတို့ရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ချေမှုန်းနေတာကိုသာ သူတို့က စောင့်ကြည့်နေရတယ်။

"သန်မာတယ်၊ သန်မာလွန်းတယ်။ သူက အိမ်တော်သခင်ထက်တောင် ပို‌သန်မာနေမှာ ငါ ကြောက်ရွံ့မိတယ်"

ကောင်းကင်ဘုံကျားဓားနတ်ဘုရားက အရင်က နတ်ဆိုးချီအိမ်တော်သခင်နဲ့ တိုက်ခိုက်ခဲ့တယ်။ နတ်ဆိုးချီအိမ်တော်သခင်က ကောင်းကင်ဘုံကျားဓားနတ်ဘုရားကို ဖိနှိပ်နိုင်တဲ့အထိ လုံလုံလောက်လောက်အားကောင်းပေမယ့် ကောင်းကင်ဘုံကျားဓားနတ်ဘုရားရဲ့ခွန်အားက လီဖူချန်းရဲ့ခွန်အားနဲ့ သိသိသာသာကွဲပြားတယ်။

လီဖူချန်းရဲ့ဓားကွက်က အားကောင်းပြီး သူ့ရဲ့ကျင့်ကြံခြင်းဆင့်က သန်မာတယ်။

ဖူး ဖူး ဖူး ဖူး......

ဓားချီက ကန့်လန့်ဖြတ်ပြီး ဓားအလင်းတွေက ရောယှက်သွားတယ်။ အချိန်တိုအတွင်းမှာ သုံးယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားက ဆယ်ရာခိုင်နှုန်းထက် လျော့ကျလာတယ်။

ကံကောင်းစွာနဲ့ သူတို့‌နောက်ရှိဂိုဏ်သုံးဂိုဏ်းက အချိန်မီရောက်ရှိလာပြီး အဆုံးမဲ့တိုက်ခိုက်မှုတွေက လေကို ဖြတ်သန်းလာတယ်။

လက်ရှိအချိန်မှာ အထွတ်အထိပ်ဒါမှမဟုတ်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ရာနဲ့ ယှဉ်ပြိုင်ဖို့ခွန်အား လီဖူချန်းမှာ မရှိသေးပါဘူး။ အဆုံးမဲ့တိုက်ခိုက်မှုတွေကို ဓားတစ်ချက်နဲ့ ချိုးဖြတ်ပြီးနောက် သူက လှည့်ကာ လျင်မြန်စွာ ထွက်ခွာသွားတယ်။

"လိုက်ဖို့နည်းလမ်းမရှိဘူး"

တစ္ဆေဓားနတ်ဘုရားနဲ့အခြားသူတွေက လက်ကို ဝှေ့ယမ်းကာ ရပ်တန့်စေလိုက်တယ်။

လီဖူချန်းရဲ့အဆင့်မှာ ရန်သူကို လုံးဝမပိတ်လှောင်ထားနိုင်ရင် လိုက်လို့လဲအသုံးဝင်မှာမဟုတ်ဘူး။

…

"ကမ္ဘာက ကြီးမားတယ်၊ အခု ငါ သွားချင်တဲ့‌နေရာသွားလို့ရပြီ"

သူ့ရဲ့ဓားတာအိုခွန်အားကို စမ်းသပ်ပြီးနောက် လီဖူချန်းက စိတ်သက်သာရာရသွားတယ်။

လက်ကို ဝှေ့ယမ်းလိုက်ပြီး လီဖူချန်းက ရန်ချင်းဟူနဲ့ အခြားသူတွေကို ထုတ်လိုက်တယ်"အခုကစပြီး မင်းတို့အားလုံး ပလိန်းနှလုံးသားထဲကို မကြာခဏဝင်စရာမလိုတော့ဘူး"

လုံလောက်တဲ့ခွန်အားနဲ့အတူ ပြဿနာတွေ‌ကြုံတွေ့တဲ့အခါ ဘယ်လိုထွက်ပြေးရမလဲဆိုတာ စဉ်းစားစရာမလိုတော့ဘူး၊ သူက ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားဖို့ပဲ လိုတော့တယ်။

လက်ရှိမှာ သူ့ကို ထွက်ပြေးအောင်ပြုလုပ်နိုင်တဲ့သူတွေ အများကြီးမရှိပါဘူး။

"အကိုကြီး၊ ဒါ နတ်ဘုရားစစ်မြေပြင်လား"

လီဖူရှင်းလဲ ထွက်လာတယ်။

လီဖူချန်းရဲ့ညီမအနေနဲ့ လီဖူရှင်းက ငယ်ငယ်ကတည်းက အရင်းအမြစ်အမြောက်အများကို သန့်စင်လာခဲ့တယ်။ ဒါ့ပြင် သူမတိုးတက်လာလေ၊ လီဖူချန်းက ပိုတန်ဖိုးရှိတဲ့အရင်းမြစ်တွေကို ပေးအပ်လေလေပါပဲ။ ဘဝအတွေ့အကြုံနဲ့စိတ်တန်ခိုးစွမ်းအားအရ လီဖူရှင်းက အများကြီးကင်းမဲ့နေပေမယ့် မွေးရာပါအလားအလာအရ သူမက ရန်ချင်းဟူနဲ့ဝူကျောတို့ထက် မနိမ့်ကျပါဘူး။

သူမက မြို့အရှင်ကောင်းကင်ဘုံအရှင်အဆင့်အထိ ကျင့်ကြံထားတာကြောင့် လီဖူချန်းက သူမကို ထုတ်လိုက်တာပါ။ လီဖူချန်းက သူမကို မြောက်လေမိုးကြိုးနတ်ဘုရားမှရရှိလာတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို ပေးလိုက်ပြီး သူမကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာစေခဲ့တယ်။

လက်ရှိ လီဖူချန်းမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကျန်ရှိသေးတယ်၊ အဲဒါက မြောက်လေမိုးကြိုးနတ်ဘုရားရဲ့မိုးကြိုးနတ်ဘုရားက‌တော့ပါပဲ။ လီဖူချန်းအနားမှာ မိုးကြိုးတာအိုကျင့်ကြံသူတွေ တစ်ယောက်မှ ရှိမနေဘူး၊ အဲတော့ သူတို့ကို ပေးတာ ဖြုန်းတီးရာကျလွန်းပါတယ်။ အခြားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ ဖလှယ်တာ ပိုကောင်းပါတယ်။

"မဆိုးဘူး။ မင်း နောင်လာမယ့်တိုက်ပွဲတွေမှာ ပါဝင်နိုင်ပြီ၊ အကြိုနတ်ဘုရားတွေနဲ့ တိုက်ခိုက်ပြီး တိုက်ပွဲအတွေ့အကြုံတွေ စုဆောင်းပေါ့"

အလေးအနက်အထားပြောရရင် နေရာလပ်-အချိန်အရှိန်နဲ့အတူ လီဖူရှင်းရဲ့အသက်က နှစ်သန်းချီနေပြီ။ ဒါပေမယ့် တိုက်ပွဲအတွေ့အကြုံအရ သူမက ကလေးသာသာပဲ ရှိတယ်။

"အကို၊ မစိုးရိမ်ပါနဲ့။ ငါ အကောင်းဆုံးလုပ်ဆောင်မှာပါ"

သူမက တိုက်ခိုက်‌ရတော့မှာကို ကြားပြီးနောက် လီဖူရှင်းက အလွန်မျှော်လင့်နေတော့တယ်။

တိုက်ပွဲက လျင်မြန်စွာစတင်လာခဲ့တယ်။ လီဖူရှင်းကို ထုတ်ပြီး ဒုတိယမြောက်နေ့မှာ သဲတိုင်ယန်နဂါးတစ်ကောင်က လီဖူချန်းနဲ့အခြားသူတွေကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လိုက်တယ်။

ခိုးကြောင်းခိုးဝှက်တိုက်ခိုက်မှုတစ်ခုဆိုပေမယ့် တိုက်ခိုက်မှုမရောက်လာခင်မှာ လီဖူချန်းရဲ့ဓားက မြေပြင်ကို ခုတ်ပိုင်းလိုက်တယ်။

"ဖူရှင်း၊ မကြောက်နဲ့။ အဲကောင်က မင်းကို တစ်ကွက်တည်းနဲ့ မသတ်နိုင်ဘူး"

လီဖူရှင်းက ထွက်ပြေးဖို့ပဲ အာရုံစိုက်နေတာကို မြင်တဲ့အခါ လီဖူချန်းက လျင်မြန်စွာ ပြောလိုက်တယ်။

"ညီမလေးဖူရှင်း၊ မင်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပဲ။ မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သေစေနိုင်တဲ့နေရာတွေ မရှိဘူး။ သဲတိုင်ယန်နဂါးက မင်းရဲ့အကြိုနတ်ဘုရားစွမ်းအားရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ အများဆုံးဖျက်ဆီးနိုင်မယ်" ရန်ချင်းဟူက သဲတိုင်ယန်နဂါးကို ခုတ်ပိုင်းကာ လီဖူရှင်းကို ပြောလိုက်တယ်။

"အဲလိုလား"

လီဖူရှင်းက သတ္တိမွေးပြီး သဲတိုင်ယန်နဂါးကို ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။

"ထင်ထားသလိုပဲ"

သူမရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်စိတ်တစ်ပိုင်းက ကုန်ဆုံးသွားတာကို လီဖူရှင်းက ခံစားမိတယ်။ သူမရဲ့အသက်စွမ်းအားအတွက်ကတော့ အသက်သစ်သီးက ပြန်ဖြည့်ပေးထားခဲ့တယ်။

သူမကို အပြစ်တင်လို့တော့ မရပါဘူး၊ သူမက တစ်ခါမှ မတိုက်ခိုက်ရသေးဘူးလေ။

သဲ‌တိုင်ယန်နဂါးက အားကောင်းပေမယ့် အဆင့်၃ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားသာဖြစ်တယ်။ ရန်ချင်းဟူကတောင် ၎င်းကို ဖိနှိပ်ဖို့ လုံလောက်တယ်။

"ဖူရှင်း၊ ဒီလေ‌ကျောက်တုံးဝံပုလွေရဲ့ခွန်အားက မင်းနဲ့ အတူတူပဲ။ မင်း အခုကစပြီး တစ်ယောက်တည်း တိုက်ခိုက်ရမယ်။ ငါတို့တွေ မင်းကို ကူညီမှာမဟုတ်ဘူး"

နတ်ဘုရားစစ်မြေပြင်မှာ လေ‌ကျောက်တုံးဝံပုလွေတွေက အပေါများဆုံးဖြစ်တယ်။ အရိုးသားဆုံးပြောရရင် လေ‌ကျောက်တုံးဝံပုလွေရဲ့ခွန်အားက လီဖူရှင်းထက် ပိုသာတယ်။ အတူတူပဲလို့ဆိုတာက အကြိုနတ်ဘုရားစွမ်းအားရဲ့ခွန်အားကို ဆိုလိုတာပါ။

လီဖူရှင်းရဲ့လုပ်ဆောင်ချက်က အရင်ကထက် ပိုကောင်းတယ်။ သူမကို လေကျောက်တုံးဝံပုလွေက အစကနေအဆုံးထိ ဖိနှိပ်ထားပေမယ့် အနည်းဆုံး သူမက ခုခံနိုင်တဲ့အရိပ်အယောင်တစ်ခုရှိတယ်။

"အကို၊ ငါ လေကျောက်တုံးဝံပုလွေကို တစ်ချက် ရိုက်လိုက်ပြီ"

နှစ်အနည်းငယ်ကြာပြီးနောက် လီဖူရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူမက လေ‌ ကျောက်တုံးဝံပုလွေတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူမက သနားဖွယ်အခြေအနေနဲ့ အဆုံးသတ်ခဲ့ရပြီး လေကျောက်တုံးဝံပုလွေကို ဘယ်တော့မှ တိုက်ရိုက်မရိုက်နိုင်ခဲ့ဘူး။

"မဆိုးဘူး၊ တိုးတက်လာပြီ"

လီဖူချန်းက ပြုံးလိုက်တယ်။

လီဖူရှင်းရဲ့တိုးတက်မှုက တကယ်ကို ကြီးမားပြီး သူမက ကဏ္ဍအားလုံးမှာ တိုးတက်လာခဲ့တယ်။

အုန်း......

မြေပြင်က တုန်ခါပြီး သဲတွေက လွင့်ထွက်လာတယ်။

"ဒါ ငလျင်ပဲ။ တစ်ချက်သွားကြည့်ကြရအောင်"

နတ်ဘုရားစစ်မြေပြင်ရဲ့ငလျင်တွေက ပစ္စည်းကောင်းအချို့ကို ယူဆောင်လာတယ်လေ။

ငလျင်ဗဟိုချက်က လီဖူချန်းနဲ့ အရမ်းဝေးတယ်။ လီဖူချန်းရောက်ရှိလာတဲ့အချိန်မှာ မြင်ကွင်းက အတော်လေးဖရိုဖရဲဖြစ်နေတယ်။ အကြိုနတ်ဘုရားများစွာက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကို တိုက်ခိုက်နေတယ်၊ ဒီပြိုင်ဘက်ကင်းအကြိုနတ်ဘုရားက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို စုဆောင်း‌နေတာလေ။

"ဒါ အထွတ်အထိပ်ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ"

ရန်ချင်းဟူရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

သူမရဲ့အလှဓားမော့က မပြည့်စုံတဲ့ပထမတန်းစားအဆင့်ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုသာဖြစ်တယ်။ ၎င်းရဲ့စွမ်းအားက သာမန်ပထမတန်းစားအဆင့်ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက်တောင် နိမ့်ကျတယ်။

"ကမ္ဘာကြီးက ရန်သူတွေအတွက် တကယ်ကို ကျဉ်းကျဉ်းလေးပါပဲလား"

လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းနေတဲ့သူက သေခြင်းမဲ့အုပ်ချုပ်သူနဲ့အတူ လီဖူချန်းကို တိုက်ခိုက်ခဲ့တဲ့ကြေးခွံစိမ်းပြိုင်ဘက်ကင်းအကြိုနတ်ဘုရားလေ။

"ထွက်သွားစမ်း"

အောင်မြင်ခြင်းရောင်ခြည်စက်ဝန်းကို အသက်သွင်းပြီးနောက် ရန်ချင်းဟူက သူမရဲ့ဓား‌‌မော့ကို ဝှေ့ယမ်းလိုက်ပြီး အားကောင်းတဲ့ဓားမော့ချီက ပျံသန်းလာတယ် ။

"တောက်"

ကြေးခွံစိမ်းနတ်ဘုရားက ရန်ချင်းဟူကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်တယ်။ သူမရဲ့ဓားမော့ကွက်က အားကောင်းလွန်းတယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို စုဆောင်းနေရင်းဖြစ်တာကြောင့် ကြေးခွံစိမ်းအုပ်ချုပ်သူက မခုခံနိုင်ခဲ့ဘူး။

"ဓားမော့ကို ယူလိုက်၊ သူ့ကို ငါနဲ့ ထားလိုက်"

ပြောရင်း လီဖူချန်းရဲ့ဓားတာအိုစကြာဝဠာက လှုပ်ယမ်းလာပြီး ကြေးခွံစိမ်းပြိုင်ဘက်ကင်းအကြိုနတ်ဘုရားကို ဝါးမျိုသွားတယ်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

လီဖူချန်းရဲ့ဓားတာအိုစကြာဝဠာကို ဝင်ရောက်ပြီးနောက် သူ့ခွန်အားက အကြီးအကျယ်ကန့်သတ်ခံထားရမှန်း ကြေးခွံစိမ်းနတ်ဘုရားက သိလိုက်ရတယ်။ လီဖူချန်းရဲ့ခွန်အားက သူ့ထက် သာတယ်လို့ ဆိုလိုတယ်။

"သူ့ခွန်အားက ငါ့ထက်သာတော့ရော ဘာဖြစ်လဲ။ ငါ ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံထားပြီးပြီ"

ကြေးခွံစိမ်းနတ်ဘုရားက လုံးဝမကြောက်ပါဘူး။ တကယ်တော့ ပြိုင်ဘက်ကင်းအရှင်တွေအကြားမှာ အလွန်မသန်မာပေမယ့် သူ့ရဲ့ခံစစ်စွမ်းပကားက ပျမ်းမျှအထက်မှာ ရှိတယ်။ အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကတောင် သူ့ကို အလွယ်တကူဒဏ်ရာမရစေနိုင်ဘူး။

"မူလဘူတဓား"

ဓားတာအိုစကြာဝဠာက ကြေးခွံစိမ်းနတ်ဘုရားကို ကန့်သတ်ထားစဉ် လီဖူချန်းက သူ့ရဲ့ဓားကွက်ကို ချက်ချင်း ထုတ်ဖော်လိုက်တယ်။ ဓားအလင်းတစ်ထောင်က ကြေးခွံစိမ်းနတ်ဘုရားရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။

ဖောက် ဖောက် ဖောက်........

‌သွေးတွေပန်းထွက်လာတယ်။ သူ့ရဲ့မဖျက်ဆီးနိုင်တဲ့ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ကို ချိုးဖြတ်သွားတာကို ကြေးခွံစိမ်းနတ်ဘုရားက မြင်လိုက်ရတယ်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ကြေးခွံစိမ်းနတ်ဘုရားက မယုံကြည်နိုင်ဖြစ်နေတယ်။

ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ကို မချိုးဖြတ်နိုင်သရွေ့ သူဆုံးရှုံးတဲ့အကြိုနတ်ဘုရားစွမ်းအားက သေးငယ်တယ်။ ဒါပေမယ့် ချိုးဖြတ်လိုက်တာနဲ့ အကြိုနတ်ဘုရားစွမ်းအားပမာဏက အခြားသူတွေနဲ့ အတူတူပါပဲ။

"အတော်လေးအံ့မခန်းစရာကောင်းတဲ့ခန္ဓာကိုယ်အပြင်အားတာအိုပဲ"

All Chapters