← Chapters

စပ်ကြောင်းမဲ့ဓားချီ

Vol. 76 Ch. 1063

စပ်ကြောင်းမဲ့ဓားချီ

Vol. 76 Ch. 1063

"ဓားချီမူလပြန်သွားခြင်း"

ပထမခုတ်ချက်ပြီးနောက် ဒုတိယခုတ်ချက်က လိုက်လာတယ်။ ဒီတစ်ခါမှာတော့ အဆုံးမဲ့ဓားချီက ကြေးခွံစိမ်းနတ်ဘုရားရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ့ကို တလက်လက်တောက်ပနေတဲ့ဧရာမဖြူကောင်တစ်ကောင်ပမာ ဖြစ်လာစေတယ်။

"ဒီလို ဖြစ်လို့မရဘူး။ ဒီအတိုင်းဆက်သွားရင် အကြိုနတ်ဘုရားစွမ်းအားက အကြာကြီးခံမှာမဟုတ်ဘူး"

ကြေးခွံစိမ်းနတ်ဘုရားက အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို ဝါးမျိုကာ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားပြန်ဖြည့်တဲ့အရှိန်က သူအသုံးပြုတဲ့အရှိန်ကို လိုက်မမီနိုင်ဘူး။ ထပ်ပြောရရင် အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးက သူ့အကြိုနတ်ဘုရားစွမ်းအားရဲ့တစ်ဆယ်မှနှစ်ဆယ်ရာခိုင်နှုန်းကိုသာ ပြန်ဖြည့်နိုင်တယ်။

ရွှမ်း......

ကြေးခွံစိမ်းနတ်ဘုရားက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ရွက်သင်္ဘောတစ်စင်းထွက်လာပြီး သူက ခုန်တက်လိုက်တယ်။

ချွင်း ချွမ်း ချွင်း ချွမ်း......

လီဖူချန်းရဲ့ဓားချီက ရွက်သင်္ဘောပေါ် ကျရောက်သွားတဲ့အခါ အဆုံးမဲ့မီးပွားတွေ ထွက်လာတယ်။

"သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလား" လီဖူချန်းက မေးငေါ့လိုက်တယ်။ ကြေးခွံစိမ်းနတ်ဘုရားရဲ့သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပထမတန်းစားအဆင့်သာ ဖြစ်ပေမယ့်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်က ချိုးဖြတ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ ဒါပေမယ့် လီဖူချန်းက ဒီသင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ချိုးဖြတ်စရာမလိုဘူး၊ သူက ၎င်းရဲ့ကုန်ဆုံးအောင် လုပ်ဖို့ပဲ လိုတယ်။ ဒါပေမယ့် သူလဲပဲ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားကို အသုံးပြုလို့ရတာကြောင့် အဲလိုလုပ်တာ ဖြုန်းတီးမှုတစ်ခုပဲ ဖြစ်လာပါလိမ့်မယ်။

"မူလပြန်သွားဓားပြောင်းလဲခြင်း"

လီဖူချန်းက မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထကွက်ကို ထုတ်ဖော်လိုက်တယ်။ ကောင်းကင်မှာ ဧရာမဓားအရိပ်တစ်ခုက ဆင်းသက်လာတယ်။

အုန်း......

ရွက်သ‌င်္ဘောရဲ့မျက်နှာပေါ်ရှိအလင်းက ချက်ချင်း မှိန်ဖျော့သွားတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း .......

တစ်ဆက်တည်းမှာပဲ လီဖူချန်းက မူလပြန်သွားဓားပြောင်းလဲခြင်းကို ရုတ်ချည်းထုတ်ဖော်လိုက်တယ်။

"တောက်၊ ဘယ်လိုလုပ်ပြီး သူ့ဓားကွက်ရဲ့စွမ်းအားက ဒီလောက်အားကောင်းရတာလဲ"

ကြေးခွံစိမ်းနတ်ဘုရားက စိုးရိမ်သောကရောက်နေတယ်။

သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာ ပုံမှန်အားဖြင့် နတ်ဘုရားစွမ်းအားကန်တစ်ခုရှိတယ်။ သူက နတ်ဘုရစွမ်းအားကန်ကို အကြိုနတ်ဘုရားကျောက်တုံးတွေနဲ့ ဖြည့်ထားတယ်ဆိုပေမယ့် ထောက်ပံ့ခြင်းမြန်နှုန်းက သုံးစွဲခြင်းမြန်နှုန်းထက် ပိုနှေးကွေးတယ်။

ဒါပေမယ့် အဓိကအားဖြင့် သူ့မှာ အဆင့်နိမ့်နဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေပဲအများကြီးရှိလို့ပဲ။ သူက အဆင့်မြင့်နဲ့အထွတ်အထိပ်အကြိုနတ်ဘုရားကျောက်တုံးတွေကို ထည့်လိုက်ရင် ထောက်ပံခြင်းအရှိန်က အဆများစွာပိုမြန်လာတယ်။

ဒါပေမယ့် အဆင့်မြင့်နဲ့အထွတ်အထိပ်အကြိုနတ်ဘုရားကျောက်တုံးက တန်ဖိုးကြီးလွန်းတယ်။ သူ့မှာ အများကြီးရှိမနေဘူး၊ သူတို့ကို သူသုံးဖို့အတွက် သိမ်းထားရမှာပါ။

ထိုအခိုက်မှာ သူက အလွန်နောင်တရမိတယ်။ သူမှာ အကြိုနတ်နတ်ဘုရားတွေကို မခေါ်လာခဲ့မိတာပဲ။ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အကြိုနတ်ဘုရားတွေအများအပြား အသုံးပြုတော့မှသာ အကြီးမားဆုံးသက်ရောက်မှုကို ‌ထုတ်ဖော်နိုင်လိမ့်မယ်။ တကယ်တော့ အကြိုနတ်ဘုရားတွေ စွမ်းအားထောက်ပံ့နေမှတော့ ပြိုင်ဘက်အကင်းဆုံးအကြိုနတ်ဘုရားကတောင် စွမ်းအားမဲ့နေရပါလိမ့်မယ်။

ရွေးချယ်စရာမရှိစွာနဲ့ ကြေးခွံစိမ်းနတ်ဘုရားက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အကြိုနတ်ဘုရားကျောက်တုံးတွေအသုံးပြုရင်း ဟန်ချက်ညီမှုတစ်ခုကို ထိန်းသိမ်းဖို့ အကြိုနတ်ဘုရားစွမ်းအားကို ရွက်သင်္ဘောထဲသို့ ထည့်သွင်းနေတယ်။

လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားက အကန့်အသတ်မဲ့မယ်လို့‌တော့ သူ မယုံပါဘူး။

လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက အကန့်အသတ်မမဲ့ပါဘူး။ အကြိုနတ်ဘုရားစွမ်းအားပြင်းပြမှုအရ သူက ကြေးခွံစိမ်းနတ်ဘုရားထက် အဆအနည်းငယ်သာ ပိုသန်မာတာပါ။ အားကောင်းတဲ့ဓားကွက်တွေပါ ပေါင်းထည့်လိုက်ရင် သူ့ရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားတစ်စိတ်တစ်ပိုင်းက ကြေးခွံစိမ်းနတ်ဘုရားရဲ့အကြိုနတ်ဘုရားစွမ်းအားအနည်းဆုံး ဆယ်ပိုင်းလောက်ကို ကုန်ဆုံးစေဖို့ လုံလောက်တယ်။

"ညီကိုတို့၊ သူ့ကို ကူညီကြရအောင်"

လီဖူချန်းနဲ့သမန်းဝံပုလွေလူဝင်စားတို့က ပူးပေါင်းတိုက်ခိုက်လာတယ်။

ရန်ချင်းဟူအတွက်ကတော့ သူမက ဓားမော့တာအိုအကြိုနတ်ဘုရားလက်နက်ကို ယူဆောင်နေတုန်းပဲ။ တစ်ချိန်တည်းမှာ အကြိုနတ်ဘုရားတွေရဲ့တိုက်ခိုက်မှုတွေက သူမအပေါ်  မိုးရွာသွန်းနေတဲ့အလား ကျရောက်လာနေတယ်။

ချွမ်း......

အနက်ရောင်ဓားမော့ရှည်က မြေပြင်ကို ချိုးဖြတ်သွားပြီး ရန်ချင်းဟူရဲ့လက်ထဲကို ကျရောက်လာတယ်။

"ဓားမော့ကောင်းပဲ"

အကြိုနတ်ဘုရားစွမ်းအားကို အနက်ရောင်ဓားမော့ထဲသို့ ထည့်သွင်းပြီးနောက် ရန်ချင်းဟူက အနက်ရောင်ဓားမော့ရှည်ရဲ့နာမည်ကို ချက်ချင်း သိလိုက်တယ်။

ဖျက်ဆီးခြင်းအက။

အနန်ရောင်ဓားမော့ရှည်ရဲ့နာမည်က ဖျက်ဆီးခြင်းအကလို့ခေါ်တယ်။

ဒါက အလွန်ကြောက်စရာကောင်းပြီးလှပတဲ့နာမည်တစ်ခုပဲ။

ဖျက်ဆီးခြင်းအကကို ကိုင်ဆွဲလျက် ရန်ချင်းဟူက ဝှေ့ယမ်းလိုက်တယ်။ ဓားမော့ချီက ဦးတည်ဘက်တိုင်းကို ‌ရောက်ရှိသွားပြီး ဝင်လာတဲ့အဆုံးမဲ့တိုက်ခိုက်မှုတွေကို ပျောက်ကွယ်သွားစေခဲ့တယ်။

"အားလုံးပဲ၊ အတူတိုက်ခိုက်ကြစမ်း"

ရန်ချင်းဟူလက်ထဲရှိ ဓားမော့တာအိုအကြိုနတ်ဘုရားလက်နက်ကို မြင်ပြီးနောက် တစ်ယောက်မှ နောက်ဆုတ်လိုစိတ်မရှိပါဘူး။ အရေအတွက်အသားစီးရယူလျက် သူတို့က ရန်ချင်းဟူကို ကြောက်ရွံ့ခြင်းကင်းမဲ့စွာ တိုက်ခိုက်လာကြတယ်။

ရန်ချင်းဟူက လီဖူချန်းကို ကူညီချင်ခဲ့ပေမယ့် သူမက သူမကိုယ်သူမအရင်ဂရုစိုက်ရမှာပါ။

၇၀ရာခိုင်နှုန်း၊ ၆၀ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်း.......

ရွက်သင်္ဘောရဲ့စွမ်းအားက တဖြည်းဖြည်းအားနည်းလာနေတယ်။ ကြေးခွံစိမ်းနတ်ဘုရားက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားအားလုံးကို ထည့်သွင်းရင်တောင် အသုံးမဝင်တော့ဘူး။

၃၀ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်း၊ ၁၀ရာခိုင်နှုန်း......

ရွက်သင်္ဘောရဲ့စွမ်းအားတစ်ဆယ်ရာခိုင်နှုန်းကိုပဲ ထိန်းသိမ်းနိုင်တော့တဲ့အခါ ကြေးခွံစိမ်းနတ်ဘုရားက ရွက်သ‌င်္ဘောရဲ့ရင်းမြစ်စွမ်းအားကို အသက်သွင်းလိုက်တယ်။

၂၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်း......

ရွက်သင်္ဘောရဲ့စွမ်းအားက ချက်ချင်တိုးလာတယ်။

"ဒီရွက်သင်္ဘောက မဆိုးဘူးပဲ။ ရင်းမြစ်စွမ်းအားအများကြီးလျော့ကျသွားရင် ပြန်ကောင်းဖို့က မလွယ်ဘူး" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ရှာချင်တိုင်းရှာတွေ့နိုင်တဲ့အရာတွေမဟုတ်ဘူး။

"ငါ ဒီတစ်ကွက်ကို ကြိုးစားကြည့်ရမယ်"

လီဖူချန်းရဲ့မျက်လုံးတွေက လျှပ်စီးပမာ အလင်းတန်းတွေ ပေါက်ကွဲထွက်လာတယ်။ ပြီးနောက် လီဖူချန်းက သူ့ရဲ့ဓားနဲ့ ချက်ချင်းခုတ်ပိုင်းလိုက်တယ်။ ဓားချီက ချောမွေ့စွာ ထိုးဖောက်သွားပြီး အပါးဆုံးချည်မျှင်ထက်တောင် အဆများစွာပိုပါးတယ်။ အဲဒါက ရွက်‌သ‌င်္ဘောရဲ့အတွင်းပိုင်းကို ချက်ချင်း ထိုးဖောက်သွားတယ်။

ဝှစ်......

ကြေးခွံစိမ်းနတ်ဘုရားရဲ့ခန္ဓာကိုယ်က လျော့ကျသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိအကြိုနတ်ဘုရားစွမ်းအားလက်ကျန်တစ်ဝက်က ချက်ချင်း လျော့ကျသွားတယ်။

"ဘာလဲ"

ကြေးခွံစိမ်းနတ်ဘုရားက သေမတတ်ကြေက်ရွံ့သွားတယ်။

"ဒါ တကယ်ထိရောက်တယ်၊ ဒါပေမယ့် အကြိုနတ်ဘုရားစွမ်းအားအများကြီးသုံးစွဲလိုက်တာပဲ"

ဒိဓားကွက်ထုတ်ဖော်ခြင်းက မူလပြန်သွားဓားပြောင်းလဲခြင်းအကွက်တစ်ရာထုတ်ဖော်တာထက် စွမ်းအားပိုသုံးစွဲတယ်။

လီဖူချန်းက ဒုတိ‌ယမြောက်ဓားကွက်ကို ထုတ်ဖော်လိုက်တဲ့အခါ ကြေးခွံစိမ်းနတ်ဘုရားရဲ့ခန္ဓာကိုယ်က ပျက်ဆီးသွားပြီး ပြာဖြစ်သွားတော့တယ်။

"အကို၊ ဒီဓားကွက်ကို ဘယ်လို‌ခေါ်လဲ။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကိုတောင်ဖြတ်သန်းပြီး တိုက်ခိုက်နိုင်တာပဲ" လီဖူရှင်းက သိချင်စိတ်အပြည့်နဲ့‌ မေးလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ဒီအကွက်ကို စပ်ကြောင်းမဲ့ဓားချီလို့ခေါ်တယ်"

စပ်ကြောင်းမဲ့ဓားချီက ဓားချီမျှင်ပြီးနောက် အမြင့်ဆုံးအဆင့်ဖြစ်တယ်။ အဲဒါက မပြီးပြည့်စုံသေးပါဘူး။

လီဖူချန်းရဲ့အတွေးအရ ပြီးပြည့်စုံတဲ့စပ်ကြောင်းမဲ့ဓားချီက နတ်ဘုရားအဆင့်သိုင်းပညာတစ်ခုပါပဲ။

ဒါပေမယ့် လက်ရှိစပ်ကြောင်းမဲ့ဓားချီက နတ်ဘုရားအဆင့်သိုင်းပညာတစ်ုဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်။

ကြေးခွံစိမ်းနတ်ဘုရားသေသွားတာနဲ့ ရွက်သင်္ဘောက ထိန်းချုပ်မှုချက်ချင်းဆုံးရှုံးသွားတယ်။

ရွက်သင်္ဘောပေါ်တက်ပြီးနောက် လီဖူချန်းက အကြိုနတ်ဘုရားစွမ်းအားကို နတ်ဘုရားစွမ်းအားကန်ထဲသို့ ထည့်သွင်းပြီးနောက် မကြာမီမှာပဲ ကြေးခွံစိမ်းနတ်ဘုရားရဲ့အကြိုနတ်ဘုရားစွမ်းအားအမှတ်အသားကို ဖျက်ဆီးနိုင်ခဲ့တယ်။

"ချင်းဟူ၊ လှေပေါ်တက်"

လီဖူချန်းက ရွက်သင်္ဘောကို ထိန်းချုပ်ရင်း ရန်ချင်းဟူဘေးနားကို ရောက်ရှိလာတယ်။

ရွှမ်း......

ရန်ချင်းဟူက ခုန်တက်လိုက်တယ်။

အနေအထားကို မြင်ပြီး အကြိုနတ်ဘုရားများစွာက ရွက်သင်္ဘောကို စတင်တိုက်ခိုက်လာကြတယ်။

"မူလဘူတဓား"

လီဖူချန်းက မူလဘူတဓားကွက်ကို အသုံးပြုကာ ဝင်လာတဲ့တိုက်ခိုက်မှုအားလုံးကို ဖယ်ရှားလိုက်တယ်။ ထို့နောက် သူက မူလပြန်သွားဓားပြောင်းလဲခြင်းကို အသုံးပြုကာ အနည်းငယ်ပိုအားနည်းတဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ကို သုတ်သင်လိုက်တယ်။

အတိတ်မှာ ဒီလိုအကြိုနတ်ဘုရားအများအပြားနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့က ထွက်ပြေးဖို့သာ တတ်နိုင်ခဲ့တယ်။ အခု သူတို့က ထွက်ပြေးစရာမလိုတော့ဘဲ သတ်ဖြတ်နိုင်နေပါပြီ။

အကြိုနတ်ဘုရားဒါဇင်ကျော် ဇီဝိန်ချုပ်သွားတဲ့အခါ ကျန်ရှိနေတဲ့အကြိုနတ်ဘုရားတွေက ကြောက်ရွံ့ပြီး စတင်ထွက်ပြေးသွားကြတော့တယ်။

"အခုထွက်ပြေးဖို့က နောက်ကျလွန်းတယ်"

စပ်ကြောင်းမဲ့ဓားချီက ထုတ်လွှတ်လိုက်တဲ့အခါ အဝေးကိုပြေးသွားတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်က ပြာဖြစ်သွားတယ်။

အဆုံးမှာ အကြိုနတ်ဘုရားတစ်ဝက်အောက်သာ ထွက်ပြေးနိုင်ခဲ့ပြီး အကြိုနတ်ဘုရားဆယ့်ရှစ်ယောက်က သေဆုံးသွားတယ်။

"ဒီလောက်များတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ"

ရွက်သင်္ဘောရဲ့ကုန်းပတ်ပေါ်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအများအပြားရှိတယ်။

သူတို့ထဲမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလေးခုရှိပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ဆယ့်ငါးခုရှိတယ်။

"သတ်ဖြတ်လုယက်ပြီး ကြွယ်ဝမှုကို ရှာတာ ပိုမြန်တယ်"

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပေါင်းထည့်မှုနဲ့အတူ အခု လီဖူချန်းမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းငါးခုရှိပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလေးဆယ်ကျော်ရှိတယ်။

လီဖူချန်းက ဆန္ဒရှိရင် အကြိုနတ်ဘုရားအုပ်စုတစ်စုကို‌ ဖန်တီးနိုင်တယ်။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအပြင် လီဖူချန်းက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးခြောက်သိန်း၊ အလယ်ဆင့်ငါးသိန်း၊ အဆင့်မြင့်သုံးထောင်နဲ့ အထွတ်အထိပ်အဆင့်နှစ်ဆယ်ကို ရရှိခဲ့တယ်။

သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အကြိုနတ်ဘုရားကျောက်တုံးတွေအသုံးပြုပြီးနောက် သူက အကြိုနတ်ဘုရားတစ်ဖွဲ့ကို ဖန်တီးရမလားလို့ လီဖူချန်းက စဉ်းစားနေတယ်။

သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ဆိုရင် အကြိုနတ်ဘုရားတစ်ယောက်စီက စွမ်းအားအရင်းမြစ်တစ်ခုလို့ ယူဆနိုင်တယ်။ ရွက်သင်္ဘောပေါ်မှာ ပထမတန်းစားအဆင့်နဲ့အထွတ်အထိပ်အကြိုနတ်ဘုရားငါးဆယ်ကျော်ရှိရင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားရှစ်ယောက်ဆယ်ယောက်ကတောင် ရွက်သင်္ဘောရဲ့ခံစစ်ကို ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။ တကယ်တော့ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတိုင်းက လီဖူချန်းလိုမဟုတ်ဘူးလေ။

တစ်ခုတည်းသောပြဿနာကတော့ ဒီလောက်များတဲ့အကြိုနတ်ဘုရားတွေဖန်တီးပြီး သူတို့ကို ပလိန်းနှလုံးသားထဲမှာ ကျင့်ကြံခွင့်ပြုရင် နက်ပြာပလိန်းမှာ ဖိအားအမြောက်အများဖြစ်စေလိမ့်မယ်။

နက်ပြာပလိန်းမှာ အကန့်အသတ်တစ်ခုရှိတယ်လေ။ အကန့်အသတ်ကို ကျော်လွန်သွားတာနဲ့ ရင်းမြစ်အဆီအနှစ်က လျင်မြန်စွာ ကုန်ဆုံးသွားလိမ့်မယ်။ သို့မဟုတ်ရင် လီဖူချန်းက အကြိုနတ်ဘုရားတွေအများကြီးထုတ်လုပ်ပြီး အခုထိ စောင့်‌နေစရာမလိုပါဘူး။

"ပလိန်းနှလုံးသားက တကယ်တော့ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ ဖြည်းဖြည်းချင်းအသုံးပြုရင် ပြဿနာတစ်ခုရှိမှာ မဟုတ်ဘူး"

အဆုံးမှာ လီဖူချန်းက အကောင်းဆုံးအရာတွေသုံးပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။

သူ ဘာဆုံးဖြတ်ချက်ပဲချချ၊ သူ့မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပိုပိုရှိလာဖို့ပဲ။

ဒိလောက်များတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ဒီအတိုင်းထားတာက ဖြုန်းတီးလွန်းတယ်လေ။

နောက်တစ်နေ့မှာ ရွက်သင်္ဘော‌ပေါ်မှာ အကြိုနတ်ဘုရား‌ဆတွလေးဆယ်ကျော်ရှိလာတယ်။ သူတို့အထဲမှာ လီဖူချန်းရဲ့မိဘတွေ၊ လီရှောင်တျဲ၊ ကျောက်မင်ယွဲ့၊ ရှန့်ကွမ်ယွီ၊ ဝူရှီ၊ အဆွေးဧကရာဇ်တို့ပါတယ်။

အခြေခံအားဖြင့် လီဖူချန်းနဲ့နီးကပ်သူတွေအားလုံးက အကြိုနတ်ဘုရားတွေဖြစ်လာပြီး သူတို့အားလုံးက ပထမတန်းစားနဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတွေဖြစ်ကြတယ်။

"ငါ လီရှန်းဟန်က တစ်နေ့မှာ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး" ရွက်သ‌င်္ဘောရဲ့ကုန်းပတ်ပေါ်မှာ လီရှန်းဟန်နဲ့ရှန်ယုယန်တို့က နတ်ဘုရားစစ်မြေပြင်ကို ကြည့်ရင်း စိတ်ခံစားချက်အပြည့်နဲ့ ပြောလိုက်တယ်။

ရှန်ယုယန်က ကျေနပ်စွာ ပြောလိုက်တယ်"တကယ်တော့ အကြိုနတ်ဘုရားဖြစ်ဖို့က အရေးမကြီးဘူး။ ငါ့မိသားစုနဲ့ အမြဲတမ်းနေထိုင်နိုင်ဖို့က ပိုအရေးကြီးတယ်" ရှန်ယုယန်က သူမရဲ့အကြိုနတ်ဘုရားအဆင့်အတန်းကို စိတ်မဝင်စားပါဘူး။

"ဟုတ်တယ်"

လီရှန်းဟန်က ခေါင်းညိတ်လိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မစိုးရိမ်နဲ့၊ ငါတို့တွေ အမြဲတမ်းနေထိုင်ခွင့်ရမှာပါ"

သူတို့အတွက် အကြိုနတ်ဘုရားတစ်‌ယောက်ဖြစ်လာခြင်းက စကြာဝဠာပျက်ဆီးတဲ့အထိ အမြဲတမ်းအသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် အကြီးမားဆုံးအကျိုးကျေးဇူးတစ်ခုပဲလေ။

အကြိုနတ်ဘုရားတွေတိုးလာတာနဲ့အတူ လီဖူချန်းက ဖိအားတွေအမြောက်အများရှိလာတယ်။

ဒီလောက်များတဲ့အကြိုနတ်ဘုရားတွေနဲ့ဆိုရင် လီဖူချန်းက သူတို့ကို အကြိုနတ်ဘုရားကျောက်တုံးတွေ ပေးရမှာပေါ့။ သို့မဟုတ်ရင် သေရေးရှင်ရေးအခိုက်အတန့်မှာ သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အခက်အခဲဖြစ်ပါလိမ့်မယ်။

အချိန်ကျလာတာနဲ့အမျှ လီဖူချန်းက နတ်ဘုရားစစ်မြေပြင်မှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းထပ်တွေ့ခဲ့ပြီး သ‌င်္ဘောပေါ်ရှိအကြိုနတ်ဘုရားတွေရဲ့အရေအတွက်က တိုးလာတယ်။

လီဖူချန်း အကြိုနတ်ဘုရားကျောက်တုံးတွေကို ဒီလိုအလွယ်တကူရှာတွေ့နိုင်တာကို အခြားသူတွေက သိရင် သူတို့ ဘယ်လိုထင်မလဲမသိ။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ အကြိုနတ်ဘုရားနယ်မြေမှာ ပြောင်းလဲမှုတစ်ခုဖြစ်သွားတယ်။ အမြန်ပြန်လာ"

ဒီနေ့မှာ တောက်ပလဓားနတ်ဘုရားပေးခဲ့တဲ့ဆက်သွယ်ရေးအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက လင်းလက်လာပြီး တောက်ပလဓားနတ်ဘုရားရဲ့အသံက ပဲ့တင်ထပ်လာတယ်။

"အကြိုနတ်ဘုရားနယ်မြေမှာ ပြောင်းလဲမှုတစ်ခုဖြစ်လာတာလား"

ဆက်သွယ်ရေးအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဆယ်သွယ်ရေးဆိုင်ရာအကြောင်းအရာက အကန့်အသတ်ရှိတာကြောင့် လီဖူချန်းက အကြိုနတ်ဘုရားနယ်မြေထဲမှာ ဘာဖြစ်ခဲ့သလဲကို မသိဘူး။

All Chapters