နတ်ဘုရားလိပ်ပြာ
Vol. 76 Ch. 1064
အကြိုနတ်ဘုရားနယ်မြေရဲ့လေထုက အလွန်တင်းမာနေတယ်။ ဂိုဏ်းအမျုးမျိုးရဲ့ဝင်္ကပါတွေကို အချိန်မရွေးအသင့်ပြင်ထားကြတယ်။
မဟာမိတ်ငါးဖွဲ့က တစ်ညတည်းနဲ့ အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားခဲ့ဘူး။
မဟာမိတ်ငါးဖွဲ့က တိုက်ခိုက်ရေးစွမ်းအားအရ ဂိုဏ်းကြီးကိုးဂိုဏ်းနဲ့ မယှဉ်နိုင်ပေမယ့် သူတို့မှာ ဂိုဏ်းကြီးကိုးဂိုဏ်းထက် အကြိုနတ်ဘုရားတွေပိုများတယ်။ ဒုမဟာမိတ်သခင်နဲ့မဟာမိတ်သခင်တို့က ပထမတန်းစားအကြိုနတ်ဘုရနဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတွေဖြစ်ကြတယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် သူတို့က အဝိုင်းခံထားရရင်တောင် ထွက်ပြေးနိုင်သင့်တယ်။
တစ်ခုတည်းသောရှင်းပြချက်ကတော့ မဟာမိတ်ငါးဖွဲ့ကို ဖျက်ဆီးခဲ့တဲ့တည်ရှိမှုက အလွန်အားကောင်းတယ်။ အနည်းဆုံး ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်ရှိတယ်။
ဓားသမားအစည်းအရုံးကို လီဖူချန်းရောက်ရှိလာတဲ့အချိန်မှာ အကြိုနတ်ဘုရားအားလုံးက ရောက်ရှိနေပါပြီ။
"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မင်းရဲ့ခွန်အားက"
လီဖူချန်းရဲ့ချီတည်ရှိမှုက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်မှာ ရှိနေတာကို တောက်ပလဓားနတ်ဘုရားက မြင်နိုင်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်"
လီဖူချန်းအနေနဲ့ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ဖုံးကွယ်စရာအကြောင်းမရှိဘူး။
"ဂုဏ်ယူပါတယ်၊ မူလအဆုံးစွန်းဓားနတ်ဘုရား"
တောက်ပလဓားနတ်ဘုရားအပါအဝင် ဓားသမားအစည်းအရုံးရဲ့အကြိုနတ်ဘုရားအားလုံးက လီဖူချန်းကို ဂုဏ်ပြုလိုက်ကြတယ်။
အတိတ်မှာ လီဖူချန်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး ဓားသမားအစည်းအရုံးထဲမှာ သူ့ကို ဖိနှိပ်နိုင်တဲ့သူတွေ ရှိသေးတယ်။ ဒါပေမယ့် အခု လီဖူချန်းက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာပြီး တစ်ယောက်မှ သူ့ကို မဖိနှိပ်နိုင်တော့ဘူး။
"မဟာမိတ်ငါးဖွဲ့က တစ်ညတည်းနဲ့ သုတ်သင်ခံလိုက်ရတာလား" အနေအထားကို နားလည်ပြီးနောက် အကြိုနတ်ဘုရားနယ်မြေထဲမှာ ဘာဖြစ်ခဲ့သလဲကို လီဖူချန်းက နောက်ဆုံးတော့ နားလည်လာတယ်။
မဟာမိတ်ငါးဖွဲ့ရဲ့အစီအရင်က ဂိုဏ်းကိုးဂိုဏ်းရဲ့အစီအရင်နဲ့ မယှဉ်နိုင်ပေမယ့် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကတောင် ချိုးဖြတ်နိုင်ဖို့ ခဲယဉ်းတယ်။
တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်"တစ်ဖက်လူက မဟာမိတ်ငါးဖွဲ့ရဲ့အစီအရင်ကို ချိုးဖြတ်နိုင်ရင် သူတို့က ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့အစီအရင်ကို ချိုးဖြတ်နိုင်တယ်လို့ ဆိုလိုတယ်။ တကယ်တော့ အကြိုနတ်ဘုရားနယ်မြေက ငါတို့ရဲ့အုတ်မြစ်ပဲ။ ငါတို့ အဲဒါကို အရှုံးခံလို့မရဘူး"
သူတို့က နတ်ဘုရားစစ်မြေပြင်မှာ မရှင်သန်နိုင်ရင် သူတို့က အကြိုနတ်ဘုရားနယ်မြေကို ပြန်ဆုတ်နိုင်တယ်။ ဒါပေမယ့် အကြိုနတ်ဘုရားနယ်မြေက ဘေးမကင်းတော့ရင် ဘေးကင်းတဲ့နေရာဆိုတာ မရှိတော့ဘူး။
…
"နတ်ဘုရားမှတ်က နည်းလွန်းတယ်။ ဒိလောက်များတဲ့အကြိုနတ်ဘုရားတွေနဲ့တောင် နတ်ဘုရားမှတ်ခြောက်မှတ်ကိုပဲ သန့်စင်နိုင်ခဲ့တယ်"
မြူထူထဲမှာ ပုံရိပ်နှစ်ခုက ဟင်းလင်းပြင်ထဲမှာ ရပ်နေတယ်။
"နတ်ဘုရားမှတ်ခြောက်မှတ်က မဆိုးပါဘူး။ ပုံမှန်အားဖြင့် သာမန်အကြိုနတ်ဘုရားတစ်ရာက နတ်ဘုရားမှတ်တစ်မှတ်ပဲ သန့်စင်နိုင်တာ" ပြောတဲ့သူက အရပ်မြင့်ပြီး သူ့ရဲ့အရေပြားပေါ်မှာ အဖြူရောင်နဲ့အမည်းရောင်အင်းကွက်တွေရှိတယ်။ သူက အလင်းနဲ့အမှောင်ရဲ့ရင်းမြစ်ဖြစ်သလို သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အလင်းနဲ့အမှောင်ကြားမှာ တည်ရှိတယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ မဟာမိတ်ငါးဖွဲ့က မင်းရဲ့ခွင်းဝူစကြာဝဠာကပဲ။ သူတို့အားလုံးကို ဖျက်ဆီးတာက သနားစရာမကောင်းဘူးလား" ခရမ်းရောင်တောင်ပံတစ်စုံနဲ့မိုးပြာရောင်အရိုးချပ်ဝတ်ရှိတဲ့ပိန်ရှည်ရှည်ပုံရိပ်တစ်ခုက လျှာသပ်ကာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ပြောလိုက်တယ်။
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ပြောလိုက်တယ်"နတ်ဘုရားမျိုးနွယ်က မထိန်းချုပ်နိုင်တဲ့တည်ရှိမှုက တည်ရှိစရာမလိုဘူး"
"ဟားဟား၊ မင်းက သူတို့ကို အထင်သေးတဲ့သူပဲ။ ဒါပေမယ့် ခွင်းဝူစကြာဝဠာက တကယ်ကို အရေးကြီးတယ်။ ငါတို့နတ်ဘုရားမျိုးနွယ်က စကြာဝဠာအမျိုးမျိုးကို အုပ်ချုပ်သင့်တယ်" နတ်ဘုရားမျိုးနွယ်က သီးသန့်မျိုးနွယ်တစ်ခုမဟုတ်ဘူး။ နတ်ဘုရားတွေချန်ထားတဲ့သွေးမျိုးဆက်ဖြစ်သရွေ့ နတ်ဘုရားမျိုးနွယ်လို့ ခေါ်နိုင်တယ်။ အချို့သောစကြာဝဠာတွေမှာ နတ်ဘုရားမျိုးနွယ်အမျိုးမျိုးရှိတယ်။
"မင်းရဲ့နောက်ပစ်မှတ်က ဘာလဲ" ပိန်ရှည်ရှည်ပုံရိပ်က မေးလိုက်တယ်။
"ကြယ်မဟာမိတ်"
…
ကြယ်မဟာမိတ်က ဂိုဏ်းကြီးကိုးဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်ပေမယ့် ၎င်းရဲ့အခြေခံအုတ်မြစ်က အသေးဆုံးဖြစ်တယ်။
အခြားဂိုဏ်းကြီးတွေမှာ အန္တိမအဆင့်အစီအရင်အလွှာခြောက်လွှာရှိတယ်။ ဥပမာ၊ နတ်ဘုရားမျိုးနွယ်နန်းတော်မှာ အန္တိမအဆင့်အစီအရင်အလွှာခုနှစ်လွှာရှိပြီး ကြယ်မဟာမိတ်မှာ ငါးခုသာရှိတယ်။
ဒါပေမယ့် အန္တိမအဆင့်အလွှာငါးလွှာရှိပေမယ့် သူတို့အားလုံးက ဆက်သွယ်နေပြီး သာမန်အကြိုနတ်ဘုရားအနည်းငယ်က ချိုးဖြတ်နိုင်တဲ့အရာမဟုတ်ဘူး။
ကြယ်မဟာမိတ်ရဲ့စခန်းအထက်ကောင်းကင်မှာ:
အုန်း......
အလင်းနဲ့အမှောင်အကြားတည်ရှိပုံရတဲ့အလင်းတိုင်တစ်ခုက တုန်လှုပ်စရာအရှိန်အဟုန်နဲ့အတူ ကောင်းကင်မှ ဆင်းသက်လာတယ်။
ဝှီး ဝှီး ဝှစ်.....
အန္တိမအဆင့်အလွှာငါးလွှာကို တစ်ချိန်တည်းမှာ အသက်သွင်းလိုက်ပြီး ကြယ်မဟာမိတ်ရဲ့စခန်းအထက်ကောင်းကင်ကို ကြယ်ကောင်းကင်အဖြစ် ပြောင်းလဲသွားစေတယ်။ ကြယ်ကောင်းကင်ကို ရှုပ်ထွေးပြိးခက်ခဲနက်နဲတဲ့အက္ခရာတွေနဲ့ ဖုံးအုပ်ထားတယ်။
"ဘယ်သူလဲ။ မင်း ဘာလို့ ပုန်းနေတာလဲ"
ကြယ်မဟာမိတ်ရဲ့အကြိုနတ်ဘုရားများစွာက ပြန်ရောက်လာပြီ။ မဟာမိတ်ငါးဖွဲ့ရဲ့သတ်ဖြတ်သူက ကြယ်မဟာမိတ်ကို ဝင်ရောက်လာရဲတာကိုမြင်ပြီး သူတို့အားလုံးက ဒေါသတွေအပြည့်ဖြစ်နေတယ်။ ကြယ်မဟာမိတ်က မဟာမိတ်ငါးဖွဲ့မဟုတ်ဘူး။ တစ်ဦးချင်းစီခွန်အားအရဖြစ်စေဒါမှမဟုတ်အလုံးစုံခွန်အားအရဖြစ်စေ၊ သူတို့က မဟာမိတ်ငါးဖွဲ့ထက် ပိုမြင့်တယ်။ သတ်ဖြတ်သူက သူတို့ကို အလွယ်တကူအနိုင်ကျင့်လို့ရမယ်ထင်နေရင် သူက လုံးဝမှားပေလိမ့်မယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ ကြယ်မဟာမိတ်နဲ့မင်းရဲ့နတ်ဘုရားခန်းမနဲ့ ဘာပြဿနာမှာ မရှိခဲ့ဘူး။ မင်းက ဘာလို့ ကြယ်မဟာမိတ်ကို တိုက်ခိုက်ရတာလဲ" ကြယ်မဟာမိတ်ရဲ့ခေါင်းဆောင်ကို မူလသားရဲအရှင်လို့ခေါ်တယ်။ သူမှာ ခွင်းဝူစကြာဝဠာထဲရှိ အသန့်စင်ဆုံးနက္ခတ်တာရာဧရာမသားရဲသွေးမျိုးဆက်ရှိတယ်။ တစ်ချိန်တည်းမှာ သူက အလွန်အားကောင်းတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်လဲဖြစ်တယ်။ အခြားသူတွေက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို မမြင်နိုင်ပေမယ့် သူက ချက်ချင်း သိလိုက်တယ်။
"သေမယ့်သူတွေက အဖြေကို သိစရာမလိုဘူး"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ပုံရိပ်က ထွက်ပေါ်လာတယ်။ သူ့ရဲ့ညာဘက်လက်ကို လှုပ်လိုက်ရာ အလင်းအမှောင်အကြိုနတ်ဘုရားစွမ်းအားမှ ဧရာမလက်ဝါးတစ်ဖက်က ဖြစ်ထည်လာပြီး ကြယ်မဟာမိတ်ထံ ကျရောက်လာတယ်။
ဖြောက်......
အက်ကြောင်းတစ်ခုက ကြယ်မဟာမိတ်ရဲ့အစီအရင်အထဲမှာ ထွက်ပေါ်လာတယ်။
"မဖြစ်နိုင်ဘူး"
မူလသားရဲအရှင်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားဆယ်ယောက်ကတောင် ကြယ်မဟာမိတ်ရဲ့အစီအရင်ကို လက်ဝါးတစ်ချက်နဲ့ မအက်ကွဲစေနိုင်ဘူး။ အလင်းအမှောင်နတ်ဘုရားအရှင်က ဘယ်အချိန်ကတည်းက အခုလိုသန်မာလာရတာလဲ။
"ငါ့အလှည့်ပဲ"
အခြားတစ်ဖက်မှ ပိုန်ရှည်ရှည်တဲ့ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။ သူ့ရဲ့ညာလက်က လက်သည်းတစ်ခုဖြစ်တည်လာပြီး ကြယ်မဟာမိတ်ရဲ့အစီအရင်ကို ဆုတ်ဖြဲလိုက်တယ်။
"တိုက်၊ သူတို့ကို တိုက်ခိုက်ကြ"
"ငါတို့နက္ခတ်တာရာဧရာမသားရဲတွေက အရေအတွက်အများကြီးမရှိပေမယ့် အကြိုနတ်ဘုရားစွမ်းအားပိုများတယ်။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"
အကြိုနတ်ဘုရားတွေဖြစ်လာတဲ့နက္ခတ်တာရာဧရာမသားရဲတွေက အခြားမျိုးနွယ်တွေထက် ဉာဏ်ရည်မနိမ့်ကျပါဘူး။ သူတို့က သူတို့ရဲ့အားသာချက်တွေကို သိတယ်။
ကံမကောင်းစွာနဲ့ ပိန်ရှည်ရှည်ပုံရိပ်နဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သန်မာလွန်းတယ်။ သာမန်ကာလျှံကာဆုတ်ကိုင်မှုနဲ့အတူ သူတို့က ကြယ်မဟာမိတ်အကြိုနတ်ဘုရားတွေကို တစ်ယောက်ပြီးတစ်ယောက်ရိုက်နှက်နိုင်တယ်။ ပထမအဆင့်အကြိနတ်ဘုရားတွေက တစ်ချက်တောင် ရင်မဆိုင်နိုင်ခဲ့ဘူး။
အချိန်တောင် မကြာလိုက်ပါဘူး၊ ကြယ်မဟာမိတ်ထဲမှာ မူလသားရဲအရှင်အပါအဝင် အထွတ်အထိပ်အကြိုနတ်ဘုရားအနည်းငယ်သာ ကျန်တော့တယ်။
"မူလဟိန်းသံ"
မူလသားရဲအရှင်က အလင်းအမှောင်နတ်ဘုရားအရှင်ထံ ဟိန်းဟောက်လိုက်တယ်၊ အလင်းလှိုင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။
"မင်းကိုယ်မင်းအထင်ကြီးနေတာပဲ"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အလင်းလှိုင်းကို သူ့ထံ ကျရောက်စေတယ်။ သူက ရှေ့သို့ လှမ်းကာ မူလသားရဲအရှင်ကို ပျော့ဖတ်တဲ့အထိ ရိုက်နှက်လိုက်တယ်။
ကြယ်မဟာမိတ်ရဲ့ခေါင်းဆောင်အနေနဲ့ မူလသားရဲအရှင်က လက်စားချေဖို့ အသက်ဆက်ရှင်ချင်နေခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားစွမ်းအားပမာဏတစ်ခုရှိတယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အားလုံးကိုမဖျက်ဆီးနိုင်ခဲ့ဘဲ အစိတ်အပိုင်းတစ်ခုကိုသာ ဖျက်ဆီးနိုင်ခဲ့တယ်။
"ကမ္ဘာဦးအလင်း"
မူလသားရဲအရှင်က ကြယ်မဟာမိတ်ရဲ့အခြားအထွတ်အထိပ်အကြိုနတ်ဘုရားတွေကို လစ်လျူရှုလိုက်တယ်။ သူက အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားတယ်။
"မင်းထွက်သွားချင်နေတာလား။ နည်းလမ်းမရှိဘူးကွ"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူ့ရဲ့အလင်းအမှောင်နတ်ဘုရားပိုင်နက်ကို ထုတ်လွှတ်ကာ မူလသားရဲအရှင်ကို ဟင်းလင်းပြင်မှ ဆွဲထုတ်လိုက်တယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ မင်းတို့နတ်ဘုရားမျိုးနွယ်လဲ ဖျက်ဆီးခံရလိမ့်မယ်"
အဆုံးမှာ မူလသားရဲအရှင်အပါအဝင် ကြယ်မဟာမိတ်ရဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတွေအားလုံး အသတ်ခံလိုက်ရတယ်။ သူတို့အားလုံးက မသေခင် ကျိန်ဆဲသွားခဲ့ကြတယ်။
"နတ်ဘုရားအမှတ်နှစ်မှတ်။ မဆိုးပါဘူး။ ငါ ကျန်တဲ့ဂိုဏ်းခြောက်ဂိုဏ်းကို ဖျက်ဆီးလိုက်တာနဲ့ နှစ်ဆယ်ရလာမှာပေါ့" အလင်းစက်နှစ်စက်က ပိန်ရှည်ရှည်လူရဲ့လက်ထဲမှာ လွင့်မျောလာတယ်။ သူက လျှာသပ်ကာ သူတို့ကို ဝါးမျိုလိုက်တယ်။
ချက်ချင်းပဲ ပိန်ရှည်ရှည်ပုံရိပ်ရဲ့အကြိုနတ်ဘုရားစွမ်းအားက မဟာအားဆေးတစ်ခုကို စားလိုက်ရသလို အလွန်လျင်မြန်စွာ မြှင့်တက်လာတယ်။
အလင်းအမှောင်နတ်ဘုရားအရှင်သခင်မှာလဲ အလင်းနှစ်စက်ရှိတယ်။ သူက ပြောလိုက်တယ်"ကံမကောင်းစွာနဲ့ နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုဖြစ်ပေါ်ဖို့ နတ်ဘုရားအမှတ်အနည်းဆုံးတစ်သောင်းလိုအပ်တာပဲ"
သက်ရှိတွေမှာ ဉာဏ်ရည်ရှိသလို အကြိုနတ်ဘုရားတွေမှာ နတ်ဘုရားအမှတ်ရှိတယ်။ ပုံမှန်အားဖြင့် သာမန်အကြိုနတ်ဘုရားတစ်ယောက်မှာ နတ်ဘုရားအမှတ်အစအနသာရှိတယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေမှာတောင် တစ်မှတ်မရှိဘူး။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေမှာသာ နတ်ဘုရားတစ်မှတ်ရှိနိုင်တယ်။
နတ်ဘုရားဖြစ်လာဖို့ နည်းလမ်းနှစ်သွယ်ရှိတာကို အနည်းငယ်ကပဲ သိတယ်။
ပထမနည်းလမ်းက နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့ဖြစ်တယ်။
ဒုတိယနည်းလမ်းက နတ်ဘုရားလိပ်ပြာတစ်ခုဖြစ်လာဖို့ နတ်ဘုရားတွေကို ဝါးမျိုဖို့ဖြစ်တယ်။
နတ်ဘုရားလိပ်ပြာတစ်ခုက သူတော်စင်လိပ်ပြာရဲ့ဆင့်ကဲပြောင်းလဲမှုတစ်ခုဖြစ်တယ်။
သူတော်စင်လိပ်ပြာက အစစ်အမှန်လိပ်ပြာတစ်ခုရဲ့ဆင့်ကဲပြောင်းလဲမှုတစ်ခုဖြစ်တယ်။
ဒါပေမယ့် လူတိုင်းက နတ်ဘုရားတွေကို မဝါးမျိုနိုင်ပါဘူး။ လက်တွေ့မှာ အကြိုနတ်ဘုရားသားရဲတွေနဲ့နတ်ဘုရားမျိုးနွယ်ကသာ နတ်ဘုရားဝါးမျိုခြင်းပါရမီရှိတယ်။
ဒါ့ပြင် သူတို့မှာ ပါရမီသာရှိတယ်။ သူတို့က ဒိီပါရမီကြိ မနိုးထနိုင်ရင် နတ်ဘုရားဝါးမျိုနိုင်မှာမဟုတ်ဘူး။
အတိတ်မှာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သံသွေးမြို့ရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာဖို့ ကျဆုံးခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့တယ်။ ဒီလိုပြင်းထန်တဲ့အရှက်ကွဲမှုကို ဘယ်တုန်းကမှ မခံစားခဲ့ရတာကြောင့် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က နတ်ဘုရားဝါးမျိုဖို့ပါရမီကို နိုးထစေခဲ့တယ်။ သူက နတ်ဘုရားတွေကို ပိုဝါးမျိုလေလေ၊ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက ပိုသန်မာလာလေဖြစ်တယ်။ ဒီတစ်ခါမှာတော့ သူ့မှာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ ပထမကတော့ ခွင်းဝူစကြာဝဠာကို အုပ်ချုပ်ဖို့နဲ့ သံသွေးမြို့ရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာဖို့ပဲ။
"အခြားသူတွေရဲ့နှိုင်းယှဉ်ရင် ငါတို့က အရမ်းကံကောင်းပါတယ်။ အနည်းဆုံး မျှော်လင့်ချက်ရှိတာပေါ့" ပိန်ရှည်ရှည်ပုံရိပ်က ရယ်လိုက်တယ်။
အကြိုနတ်ဘုရားတစ်ယောက်က သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ပြီးနောက် သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားကြီးကြီးမားမားတိုးတက်လာဖို့ ခက်ခဲတယ်။ သူတို့ရဲ့ပထမသန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ပြီး ဒုတိယသန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ရင် သူတို့က သူတို့ရဲ့သာမန်အကြိုနတ်ဘုရားစွမ်းအားကို အထွတ်အထိပ်အကြိုနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် သူတို့က သူတို့ရဲ့ကိုယ်ပိုင်နယ်ပယ်တိုးတက်လာဖို့ကိုပဲ မှီခိုနိုင်တယ်။
ဒါပေမယ့် နယ်ပယ်မြှင့်တင်ခြင်းက လုပ်တာထက် ပြောတာ ပိုလွယ်တယ်။ မွေးရာပါအလားအလာအကန့်အသတ်ကြောင့် အကြိုနတ်ဘုရားများစွာက နယ်ပယ်တစ်ခုမှာ တစ်နေကြတယ်။
ဒါပေမယ့် ဒါက သူတို့အတွက် မတူပါဘူး။ သူတို့က နတ်ဘုရားအနည်းငယ်ကို ဝါးမျိုလိုက်တိုင်း သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားက ပိုသန်မာလာလိမ့်မယ်။ တစ်နေ့မှာ သူတို့က လုံလောက်တဲ့နတ်ဘုရားအမှတ်တွေစုဆောင်းမိတဲ့အခါ နတ်ဘုရားလိပ်ပြာတစ်ခုကို သိပ်သည်းနိုင်ပြီး သူတို့ရဲ့သက်ရှိပုံစံကို နတ်ဘုရားသက်ရှိပုံစံအဖြစ် အဆင့်မြှင့်တင်နိုင်တယ်။ သူတို့ရဲ့သွေးမျိုးဆက်ကလဲ နတ်ဘုရားအဆင့်သွေးမျိုးဆက်တစ်ခုဖြစ်လာလိမ့်မယ်။
ကြယ်မဟာမိတ်ကို ရိတ်သိမ်းပြီးနောက် သူတို့နှစ်ယောက်က နတ်ဆိုးနန်းတော်နဲ့တိုက်ပွဲနတ်ဘုရားမျှော်စင်ကို ချက်ချင်း ရိတ်သိမ်းလိုက်တယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့အထောက်အထားတွေက ပျံ့နှံ့လာတယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အရင်ကထက် ပိုသန်မာလာမယ်လို့ ငါ မထင်ထားခဲ့ဘူး"
ဓားသမားအစည်းအရုံးမှာ တောက်ပလဓားနတ်ဘုရားရဲ့အမူအရာက စိုးရိမ်ဖွယ်ဖြစ်နေတယ်။
အတိတ်မှာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူတို့ကို အသက်မရှုနိုင်ဖြစ်စေခဲ့တယ်။ ကံကောင်းစွာနဲ့ သံသွေးမြို့အကြီးအကဲစည်းဝေးပွဲမှာ သူက ရှုံးနိမ့်သွားခဲ့ရတာပဲ။ အဲကတည်းက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ပျောက်နေခဲတာ အချိန်အတော်ကြာခဲ့တယ်၊ သူတို့ကို အသက်ရှုခွင့်ပေးခဲ့တယ်။ အခု သူ ပြန်လာပြီးဆိုတော့ သူ့မှာ ကြီးမားတဲ့ရည်ရွယ်ချက်အချို့ရှိလောက်မှာပါ။
"ငါ ဒီအလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို တွေ့ဆုံမှာပါ" လီဖူချန်းက ပြောလိုက်တယ်။
ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ပြောလိုက်တယ်"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မင်း သတိမဲ့လို့မရဘူး။ ဟိုးအရင်ကတည်းက အလင်းအမှောင်အနတ်ဘုရားအရှင်သခင်မှာ သံသွေးမြို့အကြီးအကဲတွေနဲ့ နီးကပ်တဲ့ ခွန်အားရှိခဲ့တယ်။ အခုဆိုရင် သူက သေချာပေါက် ပိုသန်မာလောက်ပြီ၊ သာမန်အကြီးအကဲတွေထက်တောင် ပိုသန်မာနိုင်တယ်"
သူတို့ရဲ့အမြင်အရ လီဖူချန်းရဲ့ခွန်အားက ဂိုဏ်းကြီးတစ်ခုရဲ့ခေါင်းဆောင်အဆင့်မှာသာ အများဆုံးရှိလောက်ပြီး မြို့အကြီးအကဲတစ်ယောက်နဲ့ ယှဉ်ရင် လိုအပ်နေသေးတယ်ပေါ့။
"အစည်းအရုံးခေါင်းဆောင်၊ ဓားမော့မဟာမိတ်က စစ်ကူလိုအပ်နေတယ်"
ထိုအချိန်မှာ တောက်ပလဓားနတ်ဘုရားက ဓားမော့မဟာမိတ်မှ သတင်းတစ်ခုကို လက်ခံရရှိခဲ့တယ်။