ကယ်တင်ခြင်း
Vol. 76 Ch. 1065
"သွားကြစို့"
တောက်ပလဓားနတ်ဘုရားက တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ပြတ်ပြတ်သားသားပြောလိုက်တယ်။
လက်ရှိအလင်းအမှောင်နတ်ဘုရားအရှင်သခင်က အားကောင်းလွန်းတယ်။ သူတို့က ဓားမော့မဟာမိတ်ကို အကူအညီမပေးရင် ဓားမော့မဟာမိတ်က သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်။
ဓားမော့မဟာမိတ်ပျက်ဆီးသွားတာနဲ့ ဓားသမားအစည်းအရုံးက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ယှဉ်ပြိုင်နိုင်လိမ့်မှာမဟုတ်ဘူး။
သူတို့က ဓားမော့မဟာမိတ်နဲ့ ပူးပေါင်းကာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို တိုက်ခိုက်ရမှာပါ။
လီဖူချန်းက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို အနိုင်ယူနိုင်သလားကိုတော့ မသိသေးဘူး။ ဒါ့အပြင် အလင်းအမှောင်နတ်ဘုရားအရှင်သခင်မှာ သူ့ထက် မနိမ့်ကျတဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရှိသေးတယ်။
ဓားသမားအစည်းအရုံးရဲ့အခြားအကြိုနတ်ဘုရားတွေက မကန့်ကွက်ပါဘူး။
ရွှမ်း......
လူတိုင်းက သင်္ဘောပေါ် တက်ပြီးနောက် တောက်ပလဓားနတ်ဘုရားက သင်္ဘောကို ဓားမော့မဟမိတ်ရှိရာသို့ မောင်းနှင်သွားတော့တယ်။
"ဒိသင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ငါ့ဟာထက် နည်းနည်းနိမ့်ကျတယ်"
သူတို့နှစ်ယောက်လုံးက ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဖြစ်ပေမယ့် လီဖူချန်းရဲ့ရွက်သင်္ဘောက ပိုမြန်ပြီး အကြိုနတ်ဘုရားစွမ်းအားက ပိုသန်မာတယ်။
…
"ဓားမော့မဟာမိတ်"
အလွှာခြောက်လွှာပါအန္တိမအဆင့်အစီအရင်က အလွှာငါးလွှာပါအန္တိမအဆင့်အစီအရင်တစ်ခုအနေနဲ့ ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ပိန်ရှည်ရှည်ပုံရိပ်တို့ရဲ့အကြိမ်အကြိမ်တိုက်ခိုက်မှုတွေက ဓားမော့မဟာမိတ်ရဲ့အစီအရင်ကိုသာ အက်ကွဲစေနိုင်ပြီး လုံးဝတော့ မချိုးဖြတ်နိုင်သေးဘူး။
ဒါပေမယ့် ဓားမော့မဟာမိတ်ရဲ့အစီအရင်က မကြာမီကျိုးပျက်တော့မှာကို ဓားမော့မဟာမိတ်ခေါင်းဆောင်ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက သိတယ်။ အလွှာခြောက်လွှာပါအန္တိမအဆင့်အစီအရင်က အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ ငါ့ရဲ့ဓားမော့ကွက်ကို လက်ခံစမ်း"
ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက ကောင်းကင်သို့ ပျံတက်ပြီး သူ့ရဲ့ဓားမော့နက်ကို ဆွဲထုတ်ကာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ခုတ်ပိုင်းလိုက်တယ်။
အသံဆိုတာ ထွက်မလာခဲ့ဘူး။
အနက်ရောင်အလင်းစက်လုံးတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာတယ်။
ဖရိုဖရဲထာဝရ၊ ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားရဲ့အသန်မာဆုံးဓားမော့ကွက်။
"မင်း ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာမယ်လို့ ငါ မထင်ထားဘူး။ ငါတို့ကြားကွာဟချက်က သေးသေးလေးမဟုတ်ဘူး၊ အကြီးကြီးကွ" အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လက်ချောင်းနဲ့ ညွှန်ကာ အနက်ရောင်အလင်းစက်လုံးကို ဖယ်ရှားလိုက်တယ်။
"အားကောင်းလွန်းတယ်"
ဖရိုဖရဲအခေါင်ပေါက်ဓားမော့နတ်ဘုရားရဲ့အမူအရာက မကျေမနပ်ဖြစ်နေတယ်။
အစက သူ့ရဲ့ဓားမော့ပညာက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာသာရှိပြီး သူ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ မရှိဘူး။ ဒါကြောင့် သူ့ကို တောက်ပလဓားနတ်ဘုရားလို ပထမတန်းစားအထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်လို့ပဲ ယူဆနိုင်ပြီး သာမန်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေနဲ့ တိုက်ခိုက်နိုင်ရုံမျှပဲ။
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ထောင်က နောက်ထပ်အထွတ်အထိပ်အကြိုနတ်ဘုရားလက်နက်တစ်ခုကို ရရှိခဲ့တယ်။ ဒီအထွတ်အထိပ်အကြိနတ်ဘုရားလက်နက်က အကြိုနတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားကို အကြီးအကျယ်တိုးမြှင့်စေနိုင်တယ်။ အဲဒါက ရှားပါးတဲ့ချဲ့ထွင်ခြင်းအမျိုးအစားအကြိုနတ်ဘုရားလက်နက်တစ်ခုဖြစ်တယ်။ ဒီအထွတ်အထိပ်အကြိုနတ်ဘုရားလက်နက်နဲ့အတူ သူ့ခွန်အားက အလိုအလျောက်မြင့်တက်လာပြီး ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရဲ့အဆင့်ကို ရောက်ရှိခဲ့တယ်။
ဒါပေမယ့် လက်ရှိအနေအထားအရ သူ့ရဲ့တိုးတက်မှုက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အရှေ့မှာ ဖော်ပြဖို့မထိုက်တန်လှဘူးဆိုတာ ရှင်းလင်းတယ်။
"ချိုးဖြတ်စမ်း"
အခြားတစ်ဖက်မှာ ပိန်ရှည်ရှည်ပုံရိပ်က အစိမ်းရောင်အရိုးလှံတစ်ခုကို သိပ်သည်းပြီး ကြယ်မဟာမိတ်ရဲ့အစီအရင်ကို ထိုးဖောက်သွားတယ်။
"မကောင်းတော့ဘူး"
ဓားမော့မဟာမိတ်ရဲ့အကြီးအကဲတွေက ပိန်ရှည်ရှည်ပုံရိပ်ကို တိုက်ခိုက်ဖို့ သူတို့ရဲ့ဓားမော့ကို အသည်းအသန်ဝှေ့ယမ်းလိုက်ကြတယ်။
"မင်းတို့ကောင်တွေ ဘာမှမတတ်နိုင်ပါဘူးကွာ"
ပိန်ရှည်ရှည်ပုံရိပ်က ရယ်လိုက်တယ်၊ အရိုးလှံက ရှေ့သို့ ထိုးစိုက်သွားတယ်။ လှံပုံရိပ်တွေက မိုးသက်မုန်တိုင်းပမာ ကောင်းကင်မှာ ပြည့်နေပြီး ထိုလူတွေရဲ့ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားတယ်။
"တိုက်ခိုက်ရေးဝင်္ကပါကို ဖွဲ့စည်းကြ"
ဓားမော့မဟာမိတ်မှာ အကြိုနတ်ဘုရားဆယ့်ခုနှစ်ယောက်ရှိတယ်။ ဒီတစ်ခေါက်မှာ အကြိုနတ်ဘုရားဆယ့်ငါးယောက်ပြန်ရောက်လာတယ်။ ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက တိုက်ခိုက်ရေးဝင်္ကပါတစ်ခုကို ဖွဲ့စည်းကာ ရက်စက်ကြမ်းကြုတ်တဲ့ငှက်တစ်ကောင်ကို ဆင့်ခေါ်လိုက်တယ်။
"ထူးကဲအန္တိမအဆင့်တိုက်ခိုက်ရေးဝင်္ကပါလား"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်ခုံးက မြင့်တက်သွားတယ်။
ထူးကဲအန္တိမအဆင့်အစီအရင်တွေက မရှားပါးပေမယ့် ထူးကဲအန္တိမအဆင့်တိုက်ခိုက်ရေးဝင်္ကပါတွေက အလွန်ရှားပါးတယ်။ ပုံမှန်အားဖြင့် မြို့အကြီးအကဲတွေကသာ ထူးကဲအန္တိမအဆင့်တိုက်ခိုက်ရေးဝင်္ကပါတစ်ခုကို ထိန်းချုပ်တယ်။
နာမည်အတိုင်းပဲ၊ တိုက်ခိုက်ရေးဝင်္ကပါတစ်ခုက ခင်းကျင်းသူရဲ့စွမ်းအားကို ဝင်္ကပါရဲ့စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်တယ်။
ဒါပေမယ့် သာမန်အန္တိမအဆင့်တိုက်ခိုက်ရေးဝင်္ကပါတွေက အကြိုနတ်ဘုရားစွမ်းအားကို အကြိုနတ်ဘုရားစွမ်းအားအဖြစ်သို့ မပြောင်းလဲပေးနိုင်ဘူး။ ထူးကဲအန္တိမအဆင့်တိုက်ခိုက်ရေးဝင်္ကပါတွေကသာ ပြုလုပ်နိုင်တယ်။
"ဒီတိုက်ခိုက်ရေးဝင်္ကပါလောက်နဲ့.....ငါ ဘယ်လိုချိုးဖြတ်ပြမလဲဆိုတာ ကြည့်ကြစမ်း"
ပိန်ရှည်ရှည်ပုံရိပ်က အစိမ်းရောင်အရိုးလှံကို လှေထဲသို့ မြှောက်ပြီး ရက်စက်ကြမ်းကြုတ်ငှက်တိုက်ခိုက်ရေးဝင်္ကပါထံ ဝှေ့ယမ်းလိုက်တယ်။
ရက်စက်ကြမ်းကြုတ်ငှက်တိုက်ခိုက်ရေးဝင်္ကပါက အူလိုက်တယ်၊ ၎င်းရဲ့တောင်ပံတွေ တဖျပ်ဖျပ်ခပ်ပြီး ငါးရောင်စုံအကြိုနတ်ဘုရားစွမ်းအင်စီးကြောင်းနှစ်ခုက သက်တံရောင်စီးကြောင်းနှစ်ခုအဖြစ် ပြောင်းသွားတယ်၊ နှစ်ခုထဲမှတစ်ခုက အရိုးလှံနဲ့ တွေ့ဆုံပြီး အခြားတစ်ခုက ပိန်ရှည်ရှည်ပုံရိပ်ထံ ခုတ်ပိုင်းချလိုက်တယ်။
အုန်း......
နေရာလပ်က ခိုက်ခိုက်တုန်သွားပြီး သက်တံရောင်အလင်းစီးကြောင်းနှစ်ခုက ပျက်ဆီးသွားတယ်။ ရက်စက်ကြမ်းကြုတ်ငှက်တိုက်ခိုက်ရေးဝင်္ကပါက လွင့်ထွက်သွားပြီး ၎င်းရဲ့ခန္ဓာကိုယ်က အက်ကြောင်းတွေ အပြည့်ဖြစ်နေတယ်။
"ထူးကဲအန္တိမအဆင့်တိုက်ခိုက်ရေးဝင်္ကပါတစ်ခုကတောင် မရပ်တန့်နိုင်ဘူးတဲ့လား"
ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက စိတ်ပျက်သွားတယ်။
နှစ်ဖက်ကြားကွာဟချက်က ကြီးမားလွန်းတယ်။ ဓားမော့မဟာမိတ်က ၎င်းရဲ့ဝှက်ဖဲကို အသုံးပြုရင်တောင် အသုံးဝင်လိမ့်မှာမဟုတ်ဘူး။
"ချိုးဖြတ်ဖို့ ငါ့အလှည့်"
ပိန်ရှည်ရှည်ပုံရိပ်ရဲ့လက်ထဲရှိအပြာရောင်အရိုးလှံက တစ္ဆေတစ်ကောင်ပမာ လှုပ်ရှားသွားပြီး ခုတ်ပိုင်းချက်တစ်ခုနဲ့အတူ ရက်စက်ကြမ်းကြုတ်ငှက်တိုက်ခိုက်ရေးဝင်္ကပါက ပျက်ဆီးသွားကာ ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားနဲ့အခြားအကြိုနတ်ဘုရားဆယ့်ငါးယောက်က လွင့်ထွက်သွားတယ်။
ဓားမော့မဟာမိတ်ရဲ့အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ကို ရိုက်နှက်ပြီးနောက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်က လျှပ်တစ်ပြက်လက်သွားပြီး ဓားချီတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ကို ပွတ်တိုက်ကာ ဖြတ်ကျော်သွားတယ်။
ဖြောက်......
နေရာလပ်ကိုယ်တိုင်က ဖွင့်ပေးလိုက်ပုံရတယ်၊ မှိန်ဖျော့ဖျော့ပုံဆောင်ခဲအလင်းတစ်ခုက ထွက်ပြူလာတယ်။
"အမ်"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ခေါင်းလှည့်ကာ အဝေးသို့ ကြည့်လိုက်တယ်။
သင်္ဘောကြီးတစ်စင်းက အဝေးမှ ချဉ်းကပ်လာတယ်။
လူနှစ်ယောက်က ဦးဆောင်လာလျက် လူများစွာက ကုန်းပတ်ပေါ်မှာ ရပ်နေကြတယ်။ တစ်ယောက်က ဓားသမားအစည်းအရုံးခေါင်းဆောင်တောက်ပလဓားနတ်ဘုရားဖြစ်တယ်။ အခြားတစ်ယောက်ကိုတော့ သူမမြင်ဖူးပေမယ့် သူထင်တာမှန်ရင် သည်လူက မကြာသေးတဲ့နှစ်တွေကမှ ကျော်ကြားလာတဲ့မူလအဆုံးစွန်းဓားနတ်ဘုရားပဲဖြစ်မယ်။ သူက စောနက ဓားချီကို ထုတ်လွှတ်လိုက်တဲ့သူပဲ ဖြစ်မယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ မင်းက စစ်ပွဲတစ်ခုစချင်နေတာလား"
တောက်ပလဓားနတ်ဘုရားရဲ့မျက်လုံးတွေက စူးရှတယ်။
"အဲတော့ဘာဖြစ်လဲ" အလင်းအမှောင်နတ်ဘုရားအရှင်သခင်က တောက်ပလဓားနတ်ဘုရားကို မကြည့်ပါဘူး၊ သူက လီဖူချန်းကိုသာ စိုက်ကြည့်နေခဲ့တယ်။ စောစောကဓားချီက သူ့ကို အန္တရာယ်အရိပ်အယောင်တစ်ခု ခံစားရစေတယ်။ အဲဒါက သူ နားမလည်နိုင်တဲ့အရာပဲ။ သူ့ရဲ့လက်ရှိခွန်အားအရ အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကတောင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမဖြစ်စေနိုင်ပါဘူး။
လီဖူချန်းက တကယ်ပဲ ဒဏ္ဍာရီကပြောတဲ့အတိုင်းများလား။ စကြာဝဠာရဲ့အစစ်အမှန်ကလေးလား။ စကြာဝဠာရဲ့ဟန်ချက်ကို ပြောင်းလဲစေနိုင်တဲ့ချီတည်ရှိမှုတစ်ခုလား။
အဲဒီလိုသာဆိုရင် နတ်ဘုရားမျိုးနွယ်က လီဖူချန်းကို အများကြီးအာရုံမစိုက်ခဲ့တာ အမှားကြီးတစ်ခုပဲပေါ့။ အခု လီဖူချန်းက အတောင်အလက်စုံလာပြီဆိုတော့ သူ့ကို ရင်ဆိုင်ရတဲ့အခက်အခဲက အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုတိုးလာတယ်။
ကံကောင်းစွာနဲ့ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ဒီနေရာမှာ ရှိလို့ပဲ။ သူတို့က တန်ဖိုးတစ်ခုပေးချေရရင်တောင် လီဖူချန်းကို ဒီနေရာမှာပဲ အပြီးဖယ်ရှားရမှာပဲ။
"ဒီလိုဆိုတော့ ဘာမှထပ်ပြောစရာမရှိဘူး။ တိုက်ကြစို့" တောက်ပလဓားနတ်ဘုရားက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း......
ဘယ်သူကမှ သင်္ဘောပေါ်မှ မဆင်းဘူး၊ သင်္ဘောကုန်းပတ်ဒါမှမဟုတ်ဘေးနားမှာ ရပ်နေရင်း အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့ကို တိုက်ခိုက်လိုက်တယ်။
ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက တောက်ပလဓားနတ်ဘုရားရဲ့ဝှက်ဖဲဖြစ်သလို ဓားသမားအစည်းအရုံးရဲ့ဝှက်ဖဲလဲဖြစ်တယ်။
"ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလောက်နဲ့ ငါတို့ကို ရပ်တန့်စေနိုင်မယ်လို့ ထင်နေတာလား"
အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သူ့ရဲ့အစိမ်းရောင်ရောင်အရိုးလှံကို ဝှေ့ယမ်းကာ ဝင်လာတဲ့တိုက်ခိုက်မှုတွေကို ဖျက်ဆီးလိုက်တယ်။
တစ်ချိန်တည်းမှာ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့နောက်ကျောရှိခရမ်းရောင်တောင်ပံတွေက ခတ်သွားပြီး အဆုံးမဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့က ထွက်ပေါ်လာတယ်။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်တစ်ယောက်ချင်းစီက သူ့ရဲ့အစိမ်းရောင်အရိုးလှံကို မြှောက်ကာ သင်္ဘောထံ တိုက်ခိုက်လိုက်တယ်။
ဝုန်း.......
သင်္ဘောမျက်နှာပြင်ပေါ်ရှိအလင်းက အရောင်လက်သွားတယ်။
အကြိုနတ်ဘုရားတွေလိုပဲ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာ ထုတ်လွှတ်နိုင်တဲ့အကြိုနတ်ဘုရားစွမ်းအားအကန့်အသတ်တစ်ခုရှိတယ်။ ဒီအကန့်အသတ်ကို ကျော်လွန်ရင် သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့ခံစစ်ကို ထိုးဖောက်နိုင်လိမ့်မယ်။
ဒါပေမယ့် သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့စွမ်းအားက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားရဲ့စွမ်းအားထက် အများကြီးသာလွန်တယ်။
"ဘယ်လိုအားကောင်းတဲ့တိုက်ခိုက်မှုတွေလဲ.....အားလုံးပဲ.....မင်းတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ထည့်သွင်းလိုက်စမ်း"
တောက်ပလဓားနတ်ဘုရားရဲ့မျက်နှာက မဲ့သွားတယ်။ ပျံသန်းလစစ်သင်္ဘောရဲ့ကြီးမားတဲ့အကြိုနတ်ဘုရားစွမ်းအားအစိတ်အပိုင်းတစ်ခုက ကုန်ဆုံးသွားတာကို သူက ရှင်းလင်းစွာခံစားရနိုင်တယ်။
ဒါပေမယ့် တောက်ပလဓားနတ်ဘုရားရဲ့စကားကိုကြားပြီးနောက် လူတိုင်းက သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို နတ်ဘုရားစွမ်းအားကန်ထဲသို့ ထည့်သွင်းလိုက်တယ်။ နောက်အခိုက်အတန့်မှာ ပျံသန်းလသင်္ဘောက စတင်တောက်ပလာပြန်တယ်။
"အရိုးစိမ်းနတ်ဘုရားအရှင်သခင်၊ မင်း အဆင်ပြေရဲ့လား" အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်၊ ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားနဲ့အခြားဓားမော့မဟာမိတ်အအကြိုနတ်ဘုရားတွေ လွင့်ထွက်သွားကြတယ်။
ထိုအချိန်မှာ သူတို့က ဓားမော့မဟာမိတ်နဲ့ဓားသမားအစည်းအရုံးတို့ကို စုစည်းခွင့်မပြုဘူး။
အကြိုနတ်ဘုရားတွေအလုံအလောက်တွဲမိသွားရင် သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ကြီးကျယ်ခမ်းနားဆုံးသက်ရောက်မှုကို ထုတ်ပြနိုင်လိမ့်မယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ဒါကို ရှင်းရှင်းလင်းလင်းသိတယ်။
"မစိုးရိမ်နဲ့၊ ဒါက အထွတ်အထိပ်အဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဆိုရင် ငါ ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။ ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလောက်ကတော့ ငါ့ကို မရပ်တန့်နိုင်ဘူး" အရိုးစိမ်းနတ်ဘုရားအရှင်သခင်က အလွန်ယုံကြည်ချက်ရှိတယ်။
အထွတ်အထိပ်အဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အလွန်ရှားတယ်။
ဒါပေမယ့် အထွတ်အထိပ်အဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို မချိုးဖြတ်နိုင်ဘူးဆိုတာ မရှိဘူး။ လူအလုံအလောက်ရှိရင် သူတို့က အထွတ်အထိပ်အဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့ခုခံမှုတွေကို ချိုးဖြတ်နိုင်ပါသေးတယ်။
ပြောနေရင်း အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သူ့ရဲ့အရိုးစိမ်းလှံကို မြှောက်ကာ သင်္ဘောကို ထပ်ခုတ်ပိုင်းချလိုက်တယ်။
ရွှမ်း......
ဒီတစ်ခါမှာ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သင်္ဘောကို မရိုက်နိင်ခဲ့ဘူး။ လှံအရိပ်တွေအားလုံးကို ငွေရောင်ဓားပင်လယ်က ပျက်ပြယ်စေလိုက်တယ်။
"မဆိုးဘူးပဲ၊ ထည်ဝါခြင်းအသင်္ချေ"
လီဖူချန်းက သာမန်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မဟုတ်ဘူးဆိုတာ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ဘယ်လိုလုပ်ပြီး မမြင်နိုင်မှာလဲ။ စောစောကဓားချီဖြစ်စေဒါမှမဟုတ် ငွေရောင်ဓားပင်လယ်ဖြစ်စေ၊ လီဖူချန်းရဲ့ခွန်အားကို သက်သေပြဖို့ လုံလောက်တယ်။
ဒါပေမယ့် သူ့ရဲ့ယုံကြည်ချက်ကြောင့် သူက လီဖူချန်းကို စိတ်ထဲတောင် မထည့်ပါဘူး။
အစိမ်းရောင်အရိုးလှံကို ထုတ်လွှတ်လိုက်တဲ့အခါ လှံအရိပ်တွေက ကောင်းကင်မှာ စုဝေးသွားပြီး ငွေရောင်ဓားပင်လယ်ကို ထိုးဖောက်မယ့် အလင်းတိုင်တစ်ခုအဖြစ် ပြောင်းသွားတယ်။