← Chapters

တိုက်ခိုက်ခြင်း

Vol. 76 Ch. 1066

တိုက်ခိုက်ခြင်း

Vol. 76 Ch. 1066

ဝုန်း......

ငွေရောင်ဓားပင်လယ်နဲ့အလင်းတိုင်က တစ်ချိန်တည်းမှာ ပေါက်ကွဲသွားတယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အကာအကွယ်မရှိဘဲ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က လွင့်ထွက်သွားတယ်။

"အစည်အရုံးခေါင်းဆောင်၊ ငါ သူနဲ့ရင်ဆိုင်လိုက်မယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို  မင်းတို့နဲ့ ချန်ထားလိုက်မယ်"

လီဖူချန်းက ပျံသန်းလစစ်သင်္ဘောမှ ပျံသန်းထွက်လာပြီး အရိုးစိမ်းနတ်ဘုရားအရှင်သခင်ဆီ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။

"ကောင်းပြီ"

ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားနဲ့အခြားသူတွေ အန္တရာယ်ကျရောက်နေတာကိုမြင်ပြီး ‌တောက်ပလဓားနတ်ဘုရားက ပျံသန်းလစစ်သင်္ဘောကို အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထံ မောင်းနှင်သွားတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း.......

သင်္ဘောမရောက်ခင် တိုက်ခိုက်မှုလှိုင်းတွေက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထံ ရောက်ရှိနေပြီဖြစ်တယ်။ တိုက်ခိုက်မှုတွေက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို အဆက်မပြတ်ကုန်ဆုံးစေတယ်။

တစ်၊ နှစ်၊ သုံး......

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ဓားမော့မဟာမိတ်အကြိုနတ်ဘုရားတွေကို အသက်တစ်ခါရှုချိန်အတွင်း သတ်ဖြတ်ပြီးနောက် ပျံသန်းလစစ်သင်္ဘောနဲ့ ရင်ဆိုင်ဖို့ လှည့်လိုက်တယ်။

တကယ်တော့ ကျန်ရှိနေတဲ့ဓားမော့မဟာမိတ်အကြိုနတ်ဘုရားတွေက အထွတ်အထိပ်ဒါမှမဟုတ်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေပါပဲ။ သူတို့အားလုံးကို အချိန်တိုအတွင်း သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။ ဒါ့ပြင် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက တောက်ပလဓားနတ်ဘုရားတို့ရဲ့တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ကုန်ဆုံးသွားတယ်လေ။

ဒီအခွင့်အရေးကို အသုံးပြုကာ ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားနဲ့ကျန်ရှိနေတဲ့ဓားမော့မဟာမိတ်အကြိုနတ်ဘုရားတွေက ပျံသန်းလစစ်သင်္ဘောပေါ်ကို နောက်ဆုံးတော့ ရောက်ရှိသွားတယ်။

"တောက်ပလဓားနတ်ဘုရား၊ ကျေးဇူးတင်ပါတယ်" ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက လေးလံတဲ့လေသံနဲ့ ပြောလိုက်တယ်။ ဒီတိုက်ပွဲမှာ ဓားမော့မဟာမိတ်က အကြီးအကျယ်ဆုံးရှုံးခဲ့ရတာပဲ။အချိန်မီပြန်မရောက်လာတဲ့အကြိုနတ်ဘုရားကိုပါ ပေါင်းထည့်ရင် ဓားမော့မဟာမိတ်မှာ အကြိုနတ်ဘုရားခြောက်ယောက်ပဲ ကျန်ရှိတော့တယ်။ အနာဂတ်မှာ သူတို့မှာ အကြိုနတ်ဘုရားတွေ ထပ်ရှိလာရင်တောင် သူတို့ရဲ့ခွန်အားက အရင်ကလောက် ကောင်းတော့မှာ မဟုတ်ဘူး။

"အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ အရင်ရင်ဆိုင်ကြတာပေါ့"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ခွန်အားမှာ တင်းမာခြင်းအရိပ်အယောင်တစ်ခုရှိနေတာကို တောက်ပလဓားနတ်ဘုရားက ခံစားမိတယ်။

သူတို့ရဲ့တိုက်ခိုက်မှုက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို အကြိမ်မရေမတွက်နိုင်စွာ ထိမှန်ခဲ့ပေမယ့် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အားနည်းနေပုံမရသေးဘူး။

ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက ပြောလိုက်တယ်"အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အရင်ကထက် အဆများစွာ ပိုသန်မာလာတယ်။ ငါတို့အနေနဲ့ သူ့ကို အနိုင်ယူဖို့က မဖြစ်နိုင်ဘူး။ ငါတို့တွေ မူလအဆုံးစွန်းဓားနတ်ဘုရားကိုပဲ အားကိုးရမယ်" အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားလက်နက်တစ်ခုနဲ့တောင် သူတို့က အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ယှဉ်နိုင်မယ်လို့ ဖရိုဖရဲအခေါင်းပေါက်ဓားမော့နတ်ဘုရားက မထင်ပါဘူး။ သူတို့က အများဆုံးအချိန်အကြာကြီးတောင့်ခံနိုင်ရုံပေါ့။

တောက်ပလဓားနတ်ဘုရားက ခေါင်းညိတ်ကာ လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်။

အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက လီဖူချန်းထက် အဆများစွာ ပိုသန်မာလာပေမယ့် လီဖူချန်းရဲ့ဓားပညာက အလွန်ထက်မြက်ကာ လွှမ်းမိုးအုပ်စိုးနိုင်တယ်။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သူ့ရဲ့ဓားပညာကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်အထိ ကျင့်ကြံထားပေမယ့် သူ့ရဲ့ဓားပညာက လီဖူချန်းထက် နိမ့်ကျတာကို‌တော့ ဝန်ခံရမှာပဲ။

"အလုံးစုံတတ်သိနားလည်ခြင်းအထက် ဓားတာအိုအဆင့်လား။ နတ်ဘုရားအဆင့်ဓားပညာလား"

‌‌တောက်ပလဓားနတ်ဘုရားက ပဟေဠိဖြစ်နေတယ်။

"ချိုးဖြတ်စမ်း"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ဘာကန့်သတ်မှုမှ မရှိဘဲ သူ့ရဲ့သတ်ဖြတ်ကွက်နဲ့အတူ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပေါက်ကွဲထွက်စေလိုက်တယ်။ သူက အမြန်ဆုံးအရှိန်နဲ့ လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပေါက်ကွဲစေချင်ခဲ့တယ်။

ဒါပေမယ့် လီဖူချန်းရဲ့ဓားပညာက ဆန်းကြယ်ပြီး အကြိုနတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းကို အသုံးချနိုင်ခဲ့တယ်။

အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့သတ်ဖြတ်ကွက်က လီဖူချန်းရဲ့ဓားကွက်နဲ့ ထိတွေ့တဲ့အခါ ၎င်းရဲ့စွမ်းအားက အပြည့်အဝမပေါက်ကွဲခင် ပျက်ပြယ်သွားခဲ့တယ်။

တဖြည်းဖြည်းနဲ့ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ဂနာမငြိမ်ဖြစ်လာတယ်။

"ငါ ဒင်းကို မဖိနှိပ်နိုင်ဘူးလို့တော့ မယုံဘူး"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သူ့ရဲ့ခရမ်းရောင်တောင်ပံကို ခတ်ပြီး အဆုံးမဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တွေက ထွက်ပေါ်လာတယ်။ သူတို့တစ်ယောက်ချင်းစီက လီဖူချန်းထံ သတ်ဖြတ်ကွက်တစ်ကွက်စီ ပေါက်ကွဲစေလိုက်တယ်။

ချက်ချင်းပဲ အဆုံးမဲ့သတ်ဖြတ်ကွက်တွေက ဆူနာမီပမာ လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ ဝိုင်းရံလာတယ်။

"ဒီလူရဲ့အကြိုနတ်ဘုရားစွမ်းအားက ငါ့ထက် အနည်းဆုံးဆယ်ဆပိုသန်မာပိုသန့်စင်တယ်"

သူ့ရဲ့ပြိုင်ဘက်က ဘယ်လိုကျင့်ကြံထားသလဲကို လီဖူချန်းက နားမလည်နိုင်ဘူး။

အကျိုးသင့်အကြောင်းသင့်ပြောရရင် လူတစ်ယောက်က သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်လိုက်တာနဲ့ အကြိုနတ်ဘုရားစွမ်းအားက သိသိသာသာတိုးလာတော့မှာမဟုတ်ဘူး။

လီူဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ရွေးချယ်ပြီးနောက် သူ့ရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက အခြေခံအားဖြင့် သတ်မှတ်ထားပြီဖြစ်တယ်။ အနာဂတ်မှာ သူက နှစ်ဆယ်သန်းဒါမှမဟုတ်နှစ်သန်းတစ်ရာကျင့်ကြံရင်တောင် သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်မတိုးလာရင် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက သိသိသာသာတိုးလာမှာမဟုတ်ဘူး။

ဒါပေမယ့် သူက အသန်မာဆုံးဓားတာအိုအရှင်အဆင့်မှာ ရှိပြီးသားပဲ။ သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်က တိုးလာရင် သူက အကြိုနတ်ဘုရားအဆင့်ကို ရောက်ရှိလိမ့်မယ်။ ပြီးရင်တော့ သူ့ရဲ့ခန္ဓာကိုယ်ထဲရှိ အကြိုနတ်ဘုရားစွမ်းအားက အကြိုနတ်ဘုရားစွမ်းအားမဟုတ်တော့ဘူး၊ နတ်ဘုရားစွမ်းအားဖြစ်လာလိမ့်မယ်။

"သူ့မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရှိတာများလား"

လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံနဲ့ပတ်သက်ပြီး အမှတ်ရလိုက်တယ်။

သူ့အမြင်အရ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကသာ လူတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ဒီလောက်အားကောင်းအောင် ပြုလုပ်နိုင်လိမ့်မယ်။

ရန်ချင်းဟူရဲ့အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဝတ်စုံကို ဘေးဖယ်ထားလိုက်အုံး၊ သူ့ရဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံဖြစ်တဲ့ကြက်သွေးရောင်မီးလျှံတစ်စုံကတောင် အစိတ်အပိုင်းအားလုံးကို စုဆောင်းပြီးတာနဲ့ သူ့ရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို သူ့ရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားထက် အများကြီးသာလွန်တဲ့ ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်အောင် ပြုလုပ်ပေးနိုင်တယ်။

လီဖူချန်းက အများကြီးမတွေးတော့ဘူး၊ ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို လှည့်ကာ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့အဆုံးမဲ့သတ်ဖြတ်ကွက်တွေနဲ့ ရင်ဆိုင်လိုက်တယ်။ ကြီးမားတဲ့‌ငွေရောင်ဓားပင်လယ်တစ်ခုက သူ့ကို ဝှေ့ယမ်းသွားတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း .......

အဆုံးမဲ့သတ်ဖြတ်ကွက်တွေက ငွေရောင်ဓားပင်လယ်အပေါ် ကျရောက်လာကာ ကြီးမားတဲ့လှိုင်းတွေကို ဖန်တီးနေတယ်။

ဒါပေမယ့် သတ်ဖြတ်ကွက်တွေက ဘယ်လောက်ပဲရက်စက်ကြမ်းကြုတ်နေပါစေ၊ ဘယ်လောက်ပဲအဆုံးမဲ့ရှိနေပါစေ၊ သူတို့က ငွေရောင်ဓားပင်လယ်ကို မချိုးဖြတ်နိုင်ခဲ့ဘူး။

ဓားတာအိုစကြာဝဠာတစ်ခုအဖြစ်သို့ ပြောင်းလဲထားတဲ့ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့ကျင့်ကြံခြင်းနယ်ပယ်က လီဖူချန်းထက် မသာလွန်ရင် သူက လီဖူချန်းရဲ့အကြိုနတ်ဘုရားကုန်ဆုံးသွားတဲ့အထိ စောင့်ရပါလိမ့်မယ်။

လီဖူချန်းကလဲ တစ်ဖက်လူရဲ့ရည်ရွယ်ချက်က သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကုန်ဆုံးဖို့ဆိုတာကို လီဖူချန်းက မြင်နိုင်တယ်။

လီဖူချန်းက လိုက်လျောစရာမလိုဘူး။ သူက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ထိန်းသိမ်းရင်း အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးမှ အကြိုနတ်ဘုရားစွမ်းအားကို စုပ်ယူနေတယ်။

တစ်ဖက်လူရဲ့အကြိုနတ်ဘုရားစွမ်းအားက ခိုင်မာလွန်းတယ်။ ဒီအတိုင်းဆက်သွားရင် အဆုံးသတ်အထိ သူက ရယ်မောနိုင်လိမ့်မယ်လို့တော့ လီဖူချန်းက မထင်ပါဘူး။

"တောက်။ သူ့ရဲ့ဓားပညာက ဘယ်အဆင့်မှာ ရှိတာလဲ" အရိုးစိမ်းနတ်ဘုရားအရှင်သခင်က တိုက်ခိုက်လာလေလေ၊ သူက ပိုထိတ်လန့်လာလေလေပဲ။ လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားက သူ့ထက် အဆတစ်ရာလောက် ပိုအားနည်းပေမယ့် လီဖူချန်းက သူနဲ့ ညီမျှနေတယ်။ လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားက သူနဲ့ ယှဉ်နိုင်ရင် လီဖူချန်းက သူ့ကို တစ်ကွက်တည်းနဲ့ ဖယ်ရှားနိုင်မယ်မလား။

"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ ဒီလူက ပြဿနာအကြီးစားပဲ"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သတ္တိကောင်းပြမနေပါဘူး၊ သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထံ အကြောင်းကြားလိုက်တယ်။

"ကောင်းပြီ"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က စောင့်ကြည့်နေတာ။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ပြောဖို့တောင် မလိုဘူး၊ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ကို လီဖူချန်းကို မဖယ်ရှားနိုင်မှန်း သူ သိတယ်။

"အလင်းအမှောင်အသူတရာချောက်နက်"

ကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားစွမ်းအားက စုဝေးလာပြီး အလင်းအမှောင်နတ်ဘုရားအရှင်သခင်က တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ ကြောက်စရာကောင်းတဲ့အသူတရာချောက်နက်တစ်ခုက ဖြစ်တည်လာပြီး ပျံသန်းလစစ်သင်္ဘောကို ဝါးမျိုသွားတယ်။

ဒီအကွက်က အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်တွေထဲကတစ်ခုဖြစ်တယ်။ အဲဒါက အကြိုနတ်ဘုရားစွမ်းအားများစွာကိုလဲ ကုန်ဆုံးစေတယ်။ တစ်ကွက်က သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းကို သုံးစွဲခဲ့တယ်။

ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုကြောင့်မဟုတ်ရင် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ဒိီအကွက်ကို သုံးလိမ့်မှာမဟုတ်ဘူး။ တကယ်တော့ သူက အချိန်ပိုပေးရင် ‌တောက်ပလဓားနတ်ဘုရားနဲ့အခြားသူတွေကို ဖယ်ရှားနိုင်ပါလိမ့်မယ်။ ဒါ့ပြင် သူက အကြိုနတ်ဘုရားစွမ်းအားကို အနည်းငယ်ပဲ သုံးစွဲစရာလိုပါလိမ့်မယ်။

အရောင်လက်နေတဲ့အသူတရာ‌ချောက်နက်ထဲမှာ ပျံသန်းလစစ်သင်္ဘောရဲ့အကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာကုန်ဆုံးလာတာကို တောက်ပလဓားနတ်ဘုရားက ခံစားနိုင်တယ်။

"အကြိုနတ်ဘုရားစွမ်းအားအကုန်လုံးထည့်သွင်းကြ"

ထိုအခိုက်မှာ တောက်ပလဓားနတ်ဘုရားက တိုက်ခိုက်ဖို့ကို အာရုံထားမနေတော့ဘူး။ ဒါ့ပြင် သူတို့က အသူတရာချောက်နက်ထဲမှာ ရှိနေပြီး ပစ်မှတ်ကို ဆုံးရှုံးနေတယ်။ လူတိုင်းက ပျံသန်းလစစ်‌သင်္ဘောရဲ့နတ်ဘုရားစွမ်းအားကန်ထဲသို့ အကြိုနတ်ဘုရားစွမ်းအားတွေ ထည့်သွင်းပြီး ပျံသန်းလစစ်သင်္ဘောတောက်ပလာစေဖို့ အကောင်းဆုံးကြိုးစားလိုက်တယ်။

"ဒိီလိုအံ့မခန်းသတ်ဖြတ်ကွက်။ သူတို့က နတ်ဘုရားမျိုးနွယ်ကဆိုတာ အံ့ဩစရာမရှိဘူးပဲ"

အရာအားလုံးကို မြင်ပြီးနောက် လီဖူချန်းက မေးငေါ့လိုက်တယ်။

နတ်ဘုရားမျိုးနွယ်က နတ်ဘုရားတွေမှ ဆင်းသက်လာသူဖြစ်ပြီး အခြေအမြစ်မရှိတဲ့ချပ်ဝတ်တစ်ခုမဟုတ်ပါဘူး။ နတ်ဘုရားတွေမှဆင်းသက်လာတာကြောင့် သူတို့ရဲ့ခန္ဓာကိုယ်မှာ နတ်ဘုရားစွမ်းရည်အရိပ်အယောင်တွေရှိတယ်။

"ဒါကို ထုတ်ရတာပေါ့လေ"

လီဖူချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွက်သင်္ဘောတစ်စင်းက ကြီးမားလာပြီး ပျံသန်းလာတယ်။

အုန်း အုန်း အုန်း......

တိုက်ခိုက်မှုဒါဇင်ကျော်က အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထံ ဝင်ရောက်လာတယ်။ ရန်ချင်းဟူတို့ကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။

"နေက်ထပ်ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။

ပထမတန်းစအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ရင်ဆိုင်ဖို့ သူက အကြိုနတ်ဘုရားစွမ်းအားအမြောက်အများကို သုံးစွဲဖို့လိုအပ်တယ်။ နှစ်ခုတောင် ရင်ဆိုင်ရရင် အကြိုနတ်ဘုရားစွမ်းအားပမာဏက နှစ်ဆတောင်ကမှာမဟုတ်ဘူး။

ဒါ့ပြင် လီဖူချန်းရဲ့သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက တောက်ပလဓားနတ်ဘုရားရဲ့ဟာထက် အဆင့်ပိုမြင့်မှန်း သိသာတယ်။ သင်္ဘောပေါ်မှာလဲ အကြိုနတ်ဘုရားတွေတော်တော်များတယ်။

"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ ဘာကိုမှ မဖုံးကွယ်နေနဲ့တော့။ မင်းရဲ့ခွန်အားအပြည့်နဲ့ တိုက်ခိုက်တော့"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်မှ အကြိုနတ်ဘုရားစွမ်းအားတွေ လိမ့်တက်လာတယ်။

တကယ်တော့ အခုထိတိုင် သူက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုရသေးပါဘူး။ အဓိကအကြောင်းရင်းကတော့ သူက သူ့ရဲ့ခွန်အားအပြည့်ကို သုံးစွဲလိုက်တာနဲ့ အကြိုနတ်ဘုရားစွမ်းအားများစွာကို သုံးစွဲရလိမ့်မယ်။ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အကြိုနတ်ဘုရားကျောက်တုံးတွေဘယ်လောက်တောင်လိုအပ်မလဲကို မသိနိုင်လောက်အောင်ပဲ။

"ငါ သိပြီ"

တုံ့ဆိုင်းခြင်းမရှိဘဲ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အလင်းအမှောင်အသူတရာချောက်နက်ဓားကို ထပ်မံဖော်ထုတ်ခဲ့ပြီး လီဖူချန်းရဲ့ရွက်သင်္ဘောကို ဝါးမျိုလိုက်တယ်။

အစကသုံးစွဲခဲ့တဲ့အကြိုနတ်ဘုရားစွမ်းအားနဲ့ဆိုရင် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူ့အကြိုနတ်ဘုရားစွမ်းအားသုံးဆယ်ရာခိုင်နှုန်းကို သုံးစွဲခဲ့ပြီးပြီ။

"အ‌သင်္ချေခေတ်အဆုံးသတ်ခြင်း"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်လိုပဲ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သူ့ရဲ့အသန်မာဆုံး သတ်ဖြတ်ကွက်ကို အသုံးပြုလိုက်တယ်။ သူ့လက်ထဲရှိအစိမ်းရောင်အရိုးလှံက တောက်ပနေပြီး လူတစ်ယောက်ကို မျက်စိကန်းသွားသလို ခံစားရစေတယ်။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ခွန်အားကို သူ့ရဲ့ညာဘက်လက်မောင်းမှာ အသုံးပြုပြီး လှံကို လီဖူချန်းထံ ပစ်ပေါက်လိုက်တယ်။

မြန်လွန်းတယ်။ အစိမ်းရောင်အရိုးလှံက မယုံနိုင်လောက်အောင်မြန်တယ်၊ လီဖူချန်းရဲ့အရှေ့ကို နှောင့်နှေးမှုလုံးမရှိဘဲ ရောက်ရှိလာတယ်။

‌‌ နောက်အခိုက်အတန့်မှာ ၎င်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်တော့မယ်ပေါ့။

"မူလပြန်သွားဓားပြောင်းလဲခြင်း"

လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဧရာမဓားအရိပ်တစ်ခုက တိမ်တွေဆီ ပြေးတက်သွားတယ်။

ချွမ်း.....

မီးပွားတွေ ထွက်လာတယ်။ လီဖူချန်းက အရိုးစိမ်းနတ်ဘုရားအရှင်သခင်အတွက် ပြိုင်ဘက်တစ်‌ယောက်မဟုတ်ခဲ့ဘဲ လွင့်ထွက်သွားတယ်။

"သူ ဒဏ်ရာပြင်းပြင်းထန်ထန်မရသွားဘူးလား"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ဆိုးရွားတဲ့ခံစားချက်တစ်ခုဖြစ်လာတယ်။

သူ့ရဲ့အ‌သင်္ချေခေတ်အဆုံးသတ်ခြင်းက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းကို သုံးစွဲခဲ့တယ်။ သူက ရန်သူကို ဒဏ်ရာအပြင်းအထန်မရစေနိုင်ရင် ကျဆုံးသွားတာနဲ့ အတူတူပါပဲ။

"ငါ့ကို ဒီအကွက်လောက်နဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရစေဖို့ မင်းအများကြီး လိုသေးတယ်"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့အကွက်က အရမ်းအားကောင်းပေမယ့် လီဖူချန်းရဲ့မူလပြန်သွားဓားပြောင်းလဲခြင်းက အားမနည်းနေဘူးလေ။

စွမ်းအားအများစုကို မူလပြန်သွားဓားပြောင်းလဲခြင်းက ပျက်ပြယ်စေခဲ့တယ်။ ကျန်ရှိနေတဲ့စွမ်းအားအတွက် တစ်စိတ်တစ်ပိုင်းကို ကမ္ဘာဦးမူလချပ်ဝတ်ကို ပျက်ပြယ်စေခဲ့တယ်၊ တစ်ပိုင်းကို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို ပျက်ပြယ်စေခဲ့ပြီး ‌‌နောက်ဆုံးတစ်ပိုင်းကို ကပ်ဘေး‌မသေမျိုးခန္ဓာကိုယ်က ပျက်ပြယ်စေခဲ့တယ်။  လီဖူချန်းရဲ့ခန္ဓာကိုယ်ရှိရောက်ရှိလာတဲ့အမှန်တကယ်စွမ်းအားကို လစ်လျူရှုနိုင်သွားခဲ့တယ်။

"ငါ့ရဲ့စပ်ကြောင်းမဲ့ဓားချီကိုလဲ လက်ခံစမ်း"

လီဖူချန်းက အရိုးစိမ်းနတ်ဘုရားအရှင်သခင်ထံ ခုတ်ပိုင်းလိုက်တယ်။

ဓားခုတ်ချလာတဲ့အခါ ကြောက်စရာကောင်းတဲ့ထက်ရှမှုက အရိုးစိမ်းနတ်ဘုရားအရှင်သခင်ကို ခံစားမိလာစေတယ်။ မသိစိတ်အရ အစိမ်းရောင်အရိုးလှံကို သူ့ရှေ့မှာ ထားကာ တားဆီးလိုက်တယ်။

စိတ်မကောင်းစွာနဲ့ အားလုံးက အချည်းနှီးဖြစ်ခဲ့ရတယ်။

ဓားချီက အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ဟက်တက်ခွဲလိုက်တယ်။

သွေးစီးကြောင်းတစ်ခုက အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့နဖူးမှ သူ့ရဲ့‌ပေါင်ခွကြားဆီ ရောက်ရှိလာတယ်။

"မဖြစ်နိုင်ဘူး"

ဓားချီက ပေါက်ကွဲထွက်လာပြီး အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်အတွင်းရှိအကြိုနတ်ဘုရားစွမ်းအားကို ပျောက်ကွယ်သွားစေခဲ့တယ်။

ဒါက အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့သတ်ဖြတ်ကွက်ကသုံးစွဲတဲ့အကြိုနတ်ဘုရားစွမ်းအားထက် ပိုတယ်။

လီဖူချန်းရဲ့စပ်ကြောင်းမဲ့ဓားချီက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ဖြတ်ကာ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဝက်ကို ပျောက်ကွယ်သွားစေနိုင်တာကို အရိုးစိမ်းနတ်ဘုရားအရှင်သခင်က မသိခဲ့ဘူးလေ။

အရိုးစိမ်းနတ်ဘုရားအရှင်သခင်နေရာမှာ အခြားပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ယောက်ဆိုရင် သူတို့အများစုက ဒီအချိန်မှာ ပျောက်ကွယ်သွားနေလောက်ပြီ။

All Chapters