← Chapters

အခြေအနေ

Vol. 76 Ch. 1067

အခြေအနေ

Vol. 76 Ch. 1067

"သူ နတ်ဘုရားနယ်ပယ်ကို ထိတွေ့ထားပြီးပြီလား"

အရာအားလုံးကို မြင်ပြီးနောက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက ကျုံ့သွားတယ်။

နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့က အကြိုနတ်ဘုရားအားလုံးရဲ့အိမ်မက်ပဲ၊ အဲဒါက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အိမ်မက်လဲဖြစ်တယ်။

နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ နည်းလမ်းနှစ်ခုရှိတယ်။

ပထမနည်းလမ်းက နတ်ဘုရားလိပ်ပြာတစ်ခုကို ဖွဲ့စည်းဖို့အတွက် နတ်ဘုရားတွေကို လုံလုံလောက်‌လောက်ဝါးမျိုပြီး အသက်အားအဆင့်ကို နတ်ဘုရားအဆင့်သို့ မြှင့်တင်ဖို့ပဲ။ အခြားကဏ္ဍတွေအတွက်ကတော့ သူတို့က ဖြည်းဖြည်းချင်းတိုးတက်နိုင်တယ်။

ဒါပေမယ့် ဒီနည်းလမ်းကို နတ်ဘုရားမျိုးနွယ်အတွက်ပဲ ကန့်သတ်ထားပြီး အခြားမျိုးနွယ်‌‌တွေနဲ့ မသက်ဆိုင်ပါဘူး။

ဒုတိယနည်းလမ်းက နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဖို့ပါပဲ။

ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားတာနဲ့ အသက်အားအဆင့်ဖြစ်စေ၊ စွမ်းအားဖြစ်စေ၊ သွေးမျိုးဆက်ဖြစ်စေ၊ အစစ်အမှန်စိတ်ဝိညာဉ်ဖြစ်စေဒါမှမဟုတ် စိတ်ဝိညာဉ်ဖြစ်စေ၊ သူတို့အားလုံးက ချိုးဖြတ်ပြီး နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားရလိမ့်မယ်။

"အလင်းအမှောင်အသူတရာချောက်နက်"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ထိန်းသိမ်းဖို့ မစဉ်းစားတော့ဘူး၊ သူက သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ကို တတိယအကြိမ်မြောက် အသုံးပြုလိုက်တယ်။

လီဖူချန်းက စပ်ကြောင်းမဲ့ဓားချီကို ထုတ်လွှတ်ကာစဖြစ်ပြီး စွမ်းအားအသစ်ကို အသုံးမပြုရသေးဘူး။ ဒါကြောင့် သူ့ကို အလင်းအမှောင်အသူတရာချောက်နက်က ချက်ချင်းဝါးမျိုသွားတယ်။

ဒါပေမယ့် မကြာမီမှာပဲ ဓားအလင်းတစ်ခုလက်သွားပြီး လီဖူချန်းက အသူတရာချောက်နက်မှ ထွက်လာတယ်။

အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်က ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ပိတ်ဖမ်းနိုင်ပေမယ့် လီဖူချန်းကို မပိတ်ဖမ်းထားနိုင်ပါဘူး။

"မင်း ငါ့ကို တကယ် ဒဏ်ရာရစေခဲ့တာပဲ။ သေချင်နေတာလား၊ ငါ မင်းကို မြေမြှုပ်ပစ်မယ်"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတယ်။ အဆုံးမဲ့အဖြူရောင်အရိုးတွေက ထွက်ပေါ်လာပြီး လီဖူချန်းထံ မြားတွေပမာ ပစ်ခတ်လာတယ်။

ဝုန်း အုန်း ဝုန်း အုန်း ဝုန်း အုန်း......

အဖြူရောင်အရိုးတွေက အားကောင်းပေမယ့် သူတို့က လီဖူချန်းရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ခဲ့ဘူး။ သူတို့က အဖြူရောင်အမှုန့်အဖြစ် လျင်မြန်စွာ ပြောင်းသွားတယ်။

တစ်ခဏအကြာမှာ‌တော့ အဖြူရောင်အမှုန့်တွေက ပိုပိုစုစည်းလာပြီး အဖြူရောင်ခေါင်းတလားအဖြစ်သို့ ချက်ချင်း ပြောင်းသွားကာ လီဖူချန်းကို အထဲမှာ ချိတ်ပိတ်လိုက်တယ်။

အဖြူရောင်ခေါင်းတလားထဲမှာ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်လာတာကို လီဖူချန်းက ခံစားမိတယ်။ဒီစွမ်းအားက ကပ်ဘေးစွမ်းအားနဲ့ အလားတူပေမယ့် ဆွေးမြေ့ခြင်းအနံ့ရှိတယ်။

ဝုန်း.....

အဖြူရောင်ခေါင်းတလားက တစ်စစီဖြစ်သွားပြီး ဓားအလင်းတစ်ခုက ပြေးထွက်လာတယ်။

လီဖူချန်းရဲ့ဓားတာအိုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ချိုးဖြတ်သွားတာ သေချာတယ်။ အဲဒါက အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ချိတ်ပိတ်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။

ဒါပေမယ့် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ဖြစ်စေ၊ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ဖြစ်စေ၊ သူတို့နဲ့ရင်ဆိုင်ဖို့ လီဖူချန်းက အကြိုနတ်ဘုရားစွမ်းအားအမြောက်အများကို အသုံးပြုခဲ့ရတယ်။ အခု လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက ငါးဆယ်ရာခိုင်နှုန်းကျော် အသုံးပြုခဲ့ပြီဖြစ်တယ်။

လီဖူချန်းကို တစ်ကွက်တည်းနဲ့ အဆုံးသတ်ဖို့အတွက် ကြီးမားတဲ့မျှော််လင့်ချက်တစ်ခုက အလင်းအမှောင်နတ်ဘုရားအရှင်သခင်မှာ မရှိပါဘူး၊ မဖြစ်နိုင်လို့လေ။ သူ့ရဲ့ရည်ရွယ်ချက်က လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားကို ကုန်ဆုံးစေဖို့ပဲ။ အကြိုနတ်ဘုရားစွမ်းအားမရှိရင် လီဖူချန်းက ရင်းမြစ်မရှိတဲ့ရေပမာဖြစ်ပြီး သူ့ရဲ့ဓားပညာဘယ်လောက်ပဲအံ့မခန်းဖြစ်နေပါစေ၊ အသုံးဝင်မှာမဟုတ်ဘူး။

"သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားနဲ့ဆိုရင် အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့က ငါထက် ပိုကြာကြာခံနိုင်လိမ့်မယ်"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့ရဲ့စွမ်းအားလှိုင်းတွေမှ ကျန်ရှိနေတဲ့အကြိုနတ်ဘုရားစွမ်းအားပမာဏကို လီဖူချန်းက အကြမ်းဖျင်းတွက်ချက်လိုက်တယ်‌လေ။

" ငါ့ရဲ့အကြိုနတ်ဘုရားဓားတာအိုစွမ်းအားကို အရင်ပြန်ဖြည့်ရမယ်"

လီဖူချန်းရဲ့ချီတည်ရှိမှုက ပြောင်းလဲသွားတယ်။ သူက ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားကို ချက်ချင်း ရုတ်သိမ်းကာ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို ထုတ်လိုက်တယ်။

"သေချင်နေတာပဲ"

လီဖူချန်းက အစီအစဉ်ချနေတာကို အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့က ဘယ်လိုလုပ်ပြီး မသိနိုင်မှာလဲ။ သူတို့က သူတို့ရဲ့သတ်ဖြတ်ကွက်တွေကို လျင်မြန်စွာ ထုတ်ဖော်လိုက်တယ်။

"အကန့်အသတ်မဲ့ဓားပင်လယ်"

ကြက်သွေးရောင်ဓားပင်လယ်က လီဖူချန်းကို ချက်ချင်း ဝန်းရံသွားတယ်။

မီးတာအိုအကြိုနတ်ဘုရားစွမ်းအားနဲ့ဓားပညာတစ်ခုကို ထုတ်ဖော်ဖို့က မဖြစ်နိုင်ဘူးလို့ မဆိုပေမယ့် သက်ရောက်မှုက အကြီးအကျယ်လျော့ကျသွားလိမ့်မယ်။

ဓားပညာတစ်ခုကို ဖော်ထုတ်ဖို့ ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားကို အသုံးပြုရင် စွမ်းအားက တစ်ဆယ်ရာခိုင်နှုန်းရှိပေလိမ့်မယ်။

ဓားပညာတစ်ခုကို ဖော်ထုတ်ဖို့ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို အသုံးပြုရင် စွမ်းအားက တစ်ဒါမှမဟုတ်နှစ်ရာခိုင်နှုန်းသာ ရှိပေလိမ့်မယ်။

ဒါပေမယ့် မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို အသုံးပြုပြီး မူလအဆုံးစွန်းဓားပညာကိုသာ ဖော်ထုတ်နိုင်ပြီး စပ်ကြောင်းမဲ့ဓားချီတော့ မဟုတ်ဘူး။

ဝုန်း ဝုန်း ဝုန်း.....

ကြက်သွေးရောင်မီးလျှံတစ်စုံ၊ ကမ္ဘာဦးချပ်ဝတ်၊ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်၊ အသက်သစ်ပင်နဲ့အတူ လီဖူချန်းရဲ့ခံစစ်က အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့စိတ်ကူးထားတာထက် ပိုသန်မာတယ်။ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို ကုန်ဆုံးစေရုံကလွဲပြီး သူတို့နှစ်ယောက်က ဘာမှမလုပ်နိုင်ပါဘူး။ ဒါပေမယ့် လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို မကြာမီမှာပဲ ကုန်ဆုံးစေနိုင်လိမ့်မယ်လို့ သူတို့က ယုံကြည်တယ်။

လေးဆယ်ရာခိုင်နှုန်း။

သုံးဆယ်ရာခိုင်နှုန်း။

မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက သုံးဆယ်ရာခိုင်နှုန်းအောက်ပဲကျန်တော့တဲ့အခါ လီဖူချန်းက ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားသို့ ပြန်ပြောင်းလိုက်တယ်။

ထိုအချိန်မှာ အကြိုနတ်ဘုရားကျောက်တုံးကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက ရာခိုင်နှုန်းငါးဆယ်မှခြောက်ဆယ်အထိ ပြန်ရလာတယ်။

"စပ်ကြောင်းမဲ့ဓားချီ"

ဓားချီက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့ရဲ့ခန္ဓာကိုယ်တွေကို ချက်ချင်းဖြတ်သွားပြီး သူတို့အကြိုနတ်ဘုရားစွမ်းအားရဲ့အစိတ်အပိုင်းတစ်ခုကို ချက်ချင်း ဖျက်ဆီးခဲ့တယ်။

ဖြောက်......

အခြားတစ်ဖက်မှာ ရန်ချင်းဟူရဲ့ရွက်သင်္ဘောက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အလင်းအမှောင်အသူတရာချောက်နက်ကို အရင်ချိုးဖြတ်ခဲ့တယ်။

"ဒီလိုအံ့မခန်းသတ်ဖြတ်ကွက်"

ရန်ချင်းဟူက ကြောက်ရွံ့သွားတယ်။

ဒီအကွက်က လူတိုင်းရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဝက်ကျော်ကို ကုန်ဆုံးစေခဲ့တယ်။ သူတို့မှာ ရွက်သင်္ဘောရဲ့အကာအကွယ်မရှိရင် သူတို့က အသက်တစ်ခါရှုစာ‌တောင် ခံနိုင်မှာ မဟုတ်သလို ချက်ချင်း သုတ်သင်ခံလိုက်ရမယ်ဆိုတာ စိတ်ကူးဖို့ မခက်ခဲပါဘူး။

ပြီးနောက် ချက်ချင်းပဲ ‌တောက်ပလဓားနတ်ဘုရားရဲ့ပျံသန်းလစစ်သင်္ဘောကလဲ အလင်းအမှောင်အသူတရာချောက်နက်ကို ချိုးဖြတ်သွားခဲ့တယ်။

ထိုအချိန်မှာ ‌တောက်ပလဓားနတ်ဘုရားနဲ့အခြားသူတွေရဲ့ချီတည်ရှိမှုက ကျဆင်းနေသလို သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားက ကုန်ဆုံးလုနီးပါးအခြေအနေမှာ ရှိတယ်။

တုံ့ဆိုင်းမနေဘဲ ရန်ချင်းဟူရဲ့ဖိတ်ခေါ်မှုအောက်မှာ တောက်ပလဓားနတ်ဘုရားနဲ့အခြားသူတွေက လှေပေါ်သို့ တက်လာတယ်။

ရလဒ်တစ်ခုအနေနဲ့ ရွက်သင်္ဘောပေါ်ရှိအကြိုနတ်ဘုရားတွေရဲ့အရေအတွက်က ခုနှစ်ဆယ်ကျော်သွားတယ်။

ဒီမြင်ကွင်းကို မြင်ပြီး အရိုးစိမ်းနတ်ဘုရားအရှင်သခင်က အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ပြောလိုက်တယ်"ပြန်ဆုတ်တော့"

လီဖူချန်းတစ်ယောက်တည်းကတောင် ရင်ဆိုင်ရတာ ခက်ခဲ‌နေပြီ။ အကြိုနတ်ဘုရားခုနှစ်ဆယ်ကျော်ပါဆိုရင် သူတို့က အသာစီးရတော့မှာမဟုတ်ဘူး။ သူတို့က နေခဲ့ရင် အခြေအနေဆိုးထဲကိုသာ ကျရောက်သွားပေလိမ့်မယ်။

"ငါ မင်းတို့ကို ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လီဖူချန်းကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ အရိုးစိမ်းနတ်ဘုရားအရှင်သခင်နဲ့အတူ ထွက်ခွာသွားတယ်။

"ကပ်သီးလေးပါပဲလား"

သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားအချို့ပြန်ရလာတဲ့တောက်ပလဓားနတ်ဘုရားက ကြောက်ရွံ့နေတုန်းပဲ။

ဒီတစ်ခါက တကယ် အန္တရာယ်များလွန်းတယ်။ လီဖူချန်းမရှိရင် ခွင်းဝူစကြာဝဠာတစ်ခုလုံးကို အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့နတ်ဘုရားမျိုးနွယ်က အုပ်ချုပ်သွားလိမ့်မယ်။ အခြားမျိုးနွယ်တွေက ဘယ်တော့မှ မြင့်တက်လာနိုင်မှာ မဟုတ်တော့ဘူး။

ရွက်သင်္ဘောနဲ့ ရန်ချင်းဟူတို့ကို တစ်ချက်ကြည့်ပြီးနောက် ဒီလောက်များတဲ့အကြိုနတ်ဘုရားတွေက်ု ဖန်တီးဖို့ အကြိုနတ်ဘုရားအသုံးအစည်းတွေ ဘယ်လောက်တောင် လီဖူချန်းမှာ ရှိနေသလဲကို တောက်ပလဓားနတ်ဘုရားက ပါးနပ်စွာနဲ့ မမေးခဲ့ပါဘူး။

အကြိုနတ်ဘုရားအရေအတွက်အရဒါမှမဟုတ်တိုက်ခိုက်ရေးခွန်အားအရဖြစ်စေ၊ လီဖူချန်းရဲ့ဂိုဏ်းက ဓားသမားအစည်းအရုံးအပါအဝင် ဂိုဏ်းကြီးရှစ်ဂိုဏ်းထက် ပိုသာလွန်တယ်။ နတ်ဘုရားမျိုးနွယ်ကသာ သူနဲ့ ယှဉ်နိုင်မယ်။

လူတစ်ယောက်တည်းက ကြောက်စရာကောင်းတဲ့ဂိုဏ်းတစ်ခုကို အချိန်တိုအတွင်းဖန်တီးနိုင်တာက မယုံနိုင်စရာပဲ။

အလင်းအမှောင်နတ်ဘုရားအရှင်သခင်ပြန်ရောက်လာပြီး မဟာမိတ်ငါးဖွဲ့၊ ကြယ်မဟာမိတ်၊ တိုက်ပွဲနတ်ဘုရားမျှော်စင်၊ နတ်ဆိုးနန်းတော်တို့ကို ဖျက်ဆီးပြီး ဓား‌‌မော့မဟာမိတ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တယ်။ ဒါက ကျန်ရှိနေတဲ့ဂိုဏ်းတွေဖြစ်တဲ့အမှောင်ကောင်စီနဲ့စီရင်ချက်မျက်လုံးတို့ကို ကြောက်ရွံ့စေခဲ့တယ်။ ဂိုဏ်းကြီးတွေက ဓားသမားအစည်းအရုံးနဲ့ မသာမိတ်ဖွဲ့ချင်ကြတယ်။ တကယ်တော့ မူလအဆုံးစွန်းဓားနတ်ဘုရားကသာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို တားဆီးနိုင်တာလေ။ ဒါပေမယ့် အမှောင်ကောင်စီရဲ့ခေါင်းဆောင်ဖြစ်တဲ့သေခြင်းမဲ့အုပ်ချုပ်သူက လီဖူချန်းနဲ့ မကျေအေးနိုင်တဲ့ပြဿနာတစ်ခုရှိထားခဲ့တယ်။ သူက သူ့အမှားကို ဝန်ခံရင်တောင် လီဖူချန်းက သူ့ကို ခွင့်လွှတ်မယ်လို့တော့ သေခြင်းမဲ့အုပ်ချုပ်သူက မတွေးထားဘူး။ ဒါကြောင့် ရွေးချယ်စရာမရှိစွာနဲ့ သေခြင်းမဲ့အုပ်ချုပ်သူက အမှောင်ကောင်စီရဲ့အကြိုနတ်ဘုရားအားလုံးကို ဦးဆောင်ကာ အကြိုနတ်ဘုရားနယ်မြေမှ ထွက်သွားခဲ့တယ်။

စီရင်ချက်မျက်လုံးကလဲ ဘာကြောင့် အမှောင်ကောင်စီလို အကြိုနတ်ဘုရားနယ်မြေမှ ထွက်သွားသလဲကို မသိခဲ့ဘူး။

ဒီလိုနဲ့ ခွင်းဝူစကြာဝဠာနဲ့ချိတ်ဆက်ထားတဲ့အကြိုနတ်ဘုရားနယ်မြေမှာ နတ်ဘုရားခန်းမနဲ့ဓားသမားအစည်းအရုံးသာ ကျန်တော့တယ်။ ဓား‌မော့မဟာမိတ်အတွက်ကတော့ သူတို့ကို ဓားသမားစည်းအရုံးရဲ့ဧည့်သည်ဒါမှမဟုတ်လက်အောက်ခံလို့သာ ယူဆနိုင်တယ်။

"မဟာမိတ်ငါးဖွဲ့၊ ကြယ်မဟာမိတ်၊ နတ်ဆိုးနန်းတော်နဲ့ တိုက်ပွဲနတ်ဘုရားမျှော်စင်တို့တွေကို ဖယ်ရှားပြီး ဓားမော့မဟာမိတ်ရဲ့အကြိုနတ်ဘုရားတွေကို သတ်ဖြတ်ပြီးဆို‌တော့ အလင်းအမှောင်နတ်ဘုရားအရှင်သခင်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအများအပြားရှိနေမှာပဲ။ ဒါက ကြီးမားတဲ့အကြိုနတ်ဘုရားအရေအတွက်တစ်ခုကို ဖန်တီးဖို့ လုံလောက်တယ်။ သူက သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် ရင်ဆိုင်ရတာ အတော်ခက်လိမ့်မယ်" နတ်ဘုရားဓား‌တောင်ထွတ်ရဲ့ခန်းမထဲမှာ ‌တောက်ပလဓားနတ်ဘုရားက သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဒီဖြစ်နိုင်ချေက အရမ်းမှန်တယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ပြန်လာတဲ့အခါကျရင် ငါတို့တွေ အနည်းဆုံးနတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားတစ်ရောကျော်လောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ငါတို့တွေ ဂရုစိုက်ရမယ်"

ကောင်းကင်ဖောက်ဓားနတ်ဘုရားက ပြောလိုက်တယ်"အကြိုနတ်ဘုရားနယ်မြေထဲမှာ နတ်ဘုရားမျိုးနွယ်ရဲ့အရှင်တွေ အများကြီးမရှိဘူး။ သူတို့က အကြိုနတ်ဘုရားတွေကို ဖန်တီးချင်ရင် ခွင်းဝူစကြာဝဠာကို ပြန်သွားရလိမ့်မယ်"

"ဒါကြောင့် စစ်မြေပြင်က အကြိုနတ်ဘုရားနယ်မြေမှာမဟုတ်ဘူး။ ခွင်းဝူစကြာဝဠာမှာပဲ"

‌တောက်ပလဓားနတ်ဘုရားက သက်ပြင်းချလိုက်တယ်။အရင်စစ်ပွဲတုန်းကလဲ ခွင်းဝူစကြာဝဠာထဲမှာပဲ။ အတိတ်တုန်းက အနေအထားက ဝမ်းနည်းဖွယ်ကောင်းလွန်းခဲ့တယ်။ ဒီတစ်ကြိမ်မှာ ပိုပြီးတော့တောင် ဝမ်းနည်းစရာကောင်းလိမ့်မယ်။

"စစ်ပွဲက ဖြစ်လာရမှာပဲ။ နတ်ဘုရားမျိုးနွယ်က ဟိုးအရင်ကတည်းက ဖယ်ရှားခဲ့သင့်တဲ့ အန္တရာယ်ပေးတဲ့အသားပိုတစ်ခုပဲ"

ဒီစစ်ပွဲက ခွင်းဝူစကြာဝဠာရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်ဆိုတာ လီဖူချန်းက ရှင်းရှင်းလင်းလင်းသိတယ်။ နတ်ဘုရားမျိုးနွယ်ကပဲ လွှမ်းမိုးသွားမလားဒါမှမဟုတ်အခြားမျိုးနွယ်တွေကပဲ ဆက်လက်ရပ်တည်နိုင်မလား။

တစ်ခဏစဉ်းစားပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"ငါတို့တွေ ခွင်းဝူစကြာဝဠာကို ပြန်ရမယ်၊ အခုတော့ မဟုတ်သေးဘူးပေါ့။ သံသွေးမြို့ထဲမှာ ငါ့ကို အရင်စောင့်နေကြ"

လောလောဆယ်တော့ သူက နတ်ဘုရားမျိုးနွယ်နဲ့ ရင်ဆိုင်ဖို့ မသေချာသေးဘူး၊ သူက တစ်ခုနှစ်ခုလောက် ပိုပြင်ဆင်ထားရမှာပဲ။

All Chapters