နတ်ဆိုးနတ်ဘုရားမရွှယ်မေ
Vol. 76 Ch. 1068
လီဖူချန်းရဲ့ပြင်ဆင်မှုက ကြက်သွေးရောင်မီးလျှံတစ်စုံဒါမှမဟုတ်အောင်မြင်ခြင်းဝတ်စုံတို့ရဲ့အစိတ်အပိုင်းတွေကို စုဆောင်းဖို့ပါပဲ။
ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အစိတ်အပိုင်းလေးခုက လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်သို့ ရောက်ရှိစေခဲ့တယ်။ သူ့မှာ ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အစိတ်အပိုင်းငါးခုရှိရင် လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို ပိုမြင့်မားတဲ့အဆင့်တစ်ခုသို့ ရောက်ရှိစေလိမ့်မယ်။ ပြီးရင်တော့ သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့အရိုးစိမ်းနတ်ဘုရားအရှင်သခင်တို့နဲ့မယှဉ်နိုင်ရင်တောင် သူ့ရဲ့ဓားပညာနဲ့ဆိုရင် အလွန်အသုံးဝင်လာပါလိမ့်မယ်။
အောင်မြင်ခြင်းဝတ်စုံလဲအရေးကြီးတယ်။ အစိတ်အပိုင်းသုံးခုနဲ့အတူ ရန်ချင်းဟူမှာ အဆင့်၂ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားရှိတယ်။ အစိတ်အပိုင်းလေးခုနဲ့ဆိုရင် သူမရဲ့ခွန်အားက အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်ကို သေချာပေါက် ဖြတ်ကျော်သွားလိမ့်မယ်။ ပြီးရင်တော့ သူမက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ ယှဉ်ပြိုင်နိုင်ရုံမျှဖြစ်လာလိမ့်မယ်။
ဒါကလွဲပြီး လီဖူချန်းမှာ ကပ်ဘေးစွမ်းအားပါဝင်တဲ့ပထမတန်းစားအဆင့်ဒါမှမဟုတ်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ကင်းမဲ့နေသေးတယ်။
သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှ ကပ်ဘေးစွမ်းအားကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက ကပ်ဘေးလက်ရဲ့နှောင်းပိုင်းအခြေအနေကို ရောက်ရှိခဲ့တယ်။ လီဖူချန်းရဲ့ခန့်မှန်းမှုအရ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိဖို့ဆိုရင် သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှ ကပ်ဘေးစွမ်းအားကို စုပ်ယူဖို့လိုတယ်။
ဒါပေမယ့် ကပ်ဘေးစွမ်းအားပါဝင်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အလွန်နည်းတယ်။ သူတို့က နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းထက် ပိုရှားပါးတယ်။ တစ်ခုရှာတွေ့ဖို့က ကံပေါ်မှာသာ အလုံးစုံမူတည်တယ်။
…
နတ်ဘုရားစစ်မြေပြင်မှာ မြို့ပေါင်းဘယ်လောက်ရှိသလဲကို မသိဘူး။ အခုဆိုရင် ခွင်းဝူစကြာဝဠာက မြို့ကိုးမြို့ကိုသာ ရှာတွေ့ခဲ့တယ်။
နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကြာခရီးနှင်ပြီးနောက် လီဖူချန်းက တတိယမြို့ဖြစ်တဲ့တန်တစ်ထောင်မြို့သို့ ရောက်ရှိလာတယ်။
"ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့ချီတည်ရှိမှုတစ်ခုတစ်လေတောင် မရှိဘူးပဲ" လီဖူချန်းက ခေါင်းခါလိုက်တယ်။
ရန်ချင်းဟူက ပြောလိုက်တယ်"အောင်မြင်ခြင်းဝတ်စုံရဲ့ချီတည်ရှိမှုလဲ မရှိဘူး"
"ကံစမ်းကြည့်ရတာပေါ့"
လီဖူချန်းက သံသွေးမြို့နဲ့ရှေးဟောင်းမီးဖိုမြို့ကို ဂရုတစိုက်ရှာဖွေခဲ့ပြီး ကပ်ဘေးစွမ်းအားပါဝင်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး။ တန်တစ်ထောင်မြို့မှာ ရှိမယ်လို့တော့ သူက မျှော်လင့်ထားခဲ့တယ်။
တန်တစ်ထောင်မြို့ကို ဝင်ရောက်ပြီးနောက် လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုင်အမျိုးမျိုးကို ရှာဖွေခဲ့တယ်။
"ဒီဆိုင်က နောက်ဆုံးပဲ"
နောက်ဆုံးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုင်ကို ရောက်ရှိပြီးနောက် လီဖူချန်းက ဝင်ရောက်သွားတယ်။
"အမ်၊ ငါ့ကံက မဆိုးဘူးပဲ။ ကပ်ဘေးစွမ်းအားပါဝင်တဲ့အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ"
အဆင့်မြင့်အကြိုနတ်ဘုရာအသုံးအဆောင်ပစ္စည်းတစ်ခုက လီဖူချန်းရဲ့ကပ်ဘေးလက်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ မတွန်းပို့နိုင်ပေမယ့် တိုးတက်မှုတော့ ဖြစ်စေနိုင်ပါတယ်။
လီဖူချန်း မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီအဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက သူ့ရဲ့ကပ်ဘေးလက်အဆင့်ကို မတိုးစေပေမယ့် ကပ်ဘေးစွမ်းအားက နှစ်ဆဖြစ်စေတယ်.......
ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က ကပ်ဘေးစွမ်းအားရဲ့အရည်အသွေးနဲ့ပမာဏနဲ့နီးကပ်စွာဆက်စပ်တာကို သိထားရမယ်။ ကပ်ဘေးစွမ်းအားနှစ်ဆတိုးလာခြင်းက ခုခံမှုကို နှစ်ဆဖြစ်စေကာ အလွန်တန်ဖိုးရှိတယ်။
လေးခုမြောက်၊ ငါးခုမြောက်.....
နောက်ထပ်နှစ်ရာအနည်းငယ်ကြာပြီးနောက်မှာတော့ လီဖူချန်းက ကပ်ဘေးစွမ်းအားပါဝင်တဲ့နောက်ထပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကို ရရှိခဲ့တယ်။ တစ်ခုက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး အခြားတစ်ခုက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။
"ငါတို့တွေ ကောင်းကင်ချိတ်ဆက်မြို့ကို ရောက်ရှိလာပြီ"
ခမ်းနားထည်ဝါတဲ့မြို့တစ်ခုက လီဖူချန်းနဲ့ရန်ချင်းဟူတို့ရဲ့မျက်လုံးထဲသို့ ရောက်ရှိလာခဲ့တယ်။
ဒါက သူတို့နှစ်ယောက်ရောက်ရှိလာတဲ့ခုနှစ်ခုမြောက်နတ်ဘုရားစစ်မြေပြင်မြို့ဖြစ်တယ်။ ဒီမြို့ထဲမှာ ရန်ချင်းဟူက အောင်မြင်ခြင်းဝတ်စုံရဲ့စစတုတ္ထအပိုင်းရဲ့အရှိန်အဝါကို အာရုံခံမိတယ်။
ကြယ်ဖျက်ဆီးခြင်းရဲတိုက်။
ကောင်းကင်ချိတ်ဆက်မြို့ရဲ့အကြီးအကဲအဖွဲ့အစည်းရဲ့အကြီးအကဲတွေထဲကတစ်ယောက်ရဲ့နေထိုင်ရာမှာ၊ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်။
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ငါးယောက်မြောက်ဇနီးဖြစ်တဲ့နတ်ဆိုးနတ်ဘုရားရွှယ်မေက ရဲတိုက်အခန်းတွေထဲကတစ်ခုမှာ နေထိုင်တယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က နတ်ဆိုးနတ်ဘုရားရွှယ်မေက သူမရဲ့လက်ကောက်ဝတ်ရှိအောင်မြင်ခြင်းလက်ပတ်မှ ထူးထူးဆန်းဆန်းခုန်မြည်နေတာကို ခံစားမိတယ်။ သူမက အတွေ့အကြုံဗဟုသုတများတယ်၊ဒါကြောင့် အဲဒါက အစိတ်အပိုင်းတွေအကြားဆင့်ခေါ်မှု၊တုံ့ပြန်မှုဆိုတာ သူမက ဘယ်လိုလုပ်မသိနိုင်မှာလဲ။
"အောင်မြင်ခြင်းလက်ပတ်က ချဲ့ထွင်ခြင်းအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အဲဒါက ငါ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို အများအပြားတိုးစေနိုင်တယ်။ အောင်မြင်ခြင်းဝတ်စုံမှာ အစိတ်အပိုင်းတွေ ဘယ်လောက်တောင်ရှိသလဲမသိ" နတ်ဆိုးနတ်ဘုရားမရွှယ်မေရဲ့မျက်လုံးတွေက လိုချင်မှုဆန္ဒတွေ လင်းလက်သွားတယ်။
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံက ဘယ်လောက်တောင်အားကောင်းသလဲကို သူမက အခြားသူတွေထက် ပိုသိတယ်။
သူ့မှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ကြယ်ဖျက်ဆီးခြင်းတစ်စုံရှိတာကြောင့် သူမရဲ့ယောင်္ကျားက ကောင်းကင်ချိတ်ဆက်မြို့အကြိီးအကဲအဖွဲ့အစည်းရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့တာလေ။
…
"ကြယ်ဖျက်ဆီးခြင်းရဲတိုက်ထဲမှာ"
အောင်မြင်ခြင်းဝတ်စုံရဲ့တည်နေရာကို အာရုံခံမိပြီးနောက် ရန်ချင်းဟူရဲ့အမူအရာက ပြောင်းသွားတယ်။
ကြယ်ဖျက်ဆီးခြင်းရဲတိုက်က ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့နေထိုင်ရာဖြစ်တယ်။ တစ်ယောက်ချင်းစီတိုက်ပွဲမှာ လီဖူချန်းက ဘယ်သူထက်မှ မနိမ့်ကျမှန်း သူမ သိတယ်။ ဒါပေမယ့် ကောင်းကင်ချိတ်ဆက်မြို့ထဲမှာဆိုရင်တော့ အဲဒါက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့အသိုက်လေ၊ သူမနဲ့လီဖူချန်းက အန္တရာယ်ထဲမှာ ရောက်ရှိနေတုန်းပါပပဲ။
"အနေအထားကို အရင်လေ့လာကြည့်ကြတာပေါ့" လီဖူချန်းရဲ့အမူအရာက တည်ငြိမ်နေတယ်။
နတ်ဘုရားစစ်မြေပြင်ရဲ့မြို့တွေကို အကြီးအကဲအဖွဲ့အစည်းက လုံးဝထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ အကြီးအကဲအဖွဲ့အစည်းက ရိုးရှင်းတဲ့မြို့အစီအရင်တွေကိုပဲ ထိန်းချုပ်နိုင်တယ်။ တိုက်ပွဲတစ်ခုဖြစ်လာရင် ဖိနှိပ်ဖို့ သူတို့က လူတွေကို လွှတ်ရပါလိမ့်မယ်။ ဒါကြောင့် သူက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်နဲ့ရင်ဆိုင်ရရင်တောင် ကောင်းကင်ချိတ်ဆက်မြို့မှ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။
"ဧည့်သည်နှစ်ယောက်၊ ငါ့ရဲ့သခင်က သင်တို့နှစ်ယောက်ကို စကားပြောဖို့အတွက် ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်က လျှောက်လာပြီး လီဖူချန်းနဲ့ရန်ချင်းဟူတို့ကို ပြောလိုက်တယ်။
"ဒီလမ်းအတိုင်းကြွပါ"
လီဖူချန်းနဲ့ရန်ချင်းဟူတို့က နောက်မှ လိုက်သွားတယ်။
ကြယ်ဖျက်ဆီးခြင်းရဲတိုက်အနီးရှိစားသောက်ဆိုင်တစ်ခုအထဲမှာ နတ်ဆိုးဘုရင်ရွှယ်မေက အမြင့်ဆုံးအထပ်ကို ငှားထားတယ်။
"ကျေးဇူးပြုပြီး ထိုင်ပါ"
လူသားတွေရဲ့မျက်လုံးထဲမှာ နတ်ဆိုးနတ်ဘုရားမရွှယ်မေကို လှပတယ်လို့မဆိုနိုင်ဘူး။ ဒါပေမယ့် သူမက လူသားတစ်ယောက်မဟုတ်သလို သူမရဲ့ရုပ်ရည်အသွင်အပြင်ကို လူသားမျက်လုံးတွေနဲ့ မဆုံးဖြတ်နိုင်ပါဘူး။
သူတို့နှစ်ယောက်က ထိုင်ချကာ လီဖူချန်းက လိုရင်းကို တဲ့တိုးပဲ ပြောလိုက်တယ်"မင်းရဲ့အောင်မြင်ခြင်းဝတ်စုံအစိတ်အပိုင်းအတွက် ငါတို့တွေ ဘယ်လိုဈေးနှုန်းပေးချေရမလဲ"
"အလျင်လိုစရာမလိုပါဘူး" နတ်ဆိုးနတ်ဘုရားမရွှယ်မေက ပြုံးလိုက်တယ်"အရင်သောက်ကြတာပေါ့"
နတ်ဆိုးနတ်ဘုရားမရွှယ်မေက သူတို့နှစ်ယောက်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်တယ်။
"ဝိုင်သောက်စရာလိုလို့လား" လီဖူချန်းက မသောက်ပါဘူး။
ရန်ချင်းဟူလဲ မသောက်ခဲ့ပါဘူး။
နတ်ဆိုးနတ်ဘုရားမရွှယ်မေရဲ့မျက်လုံးတွေမှာ မကျေနပ်မှုအရိပ်အယောင်တစ်ခုလက်သွားတယ်"အောင်မြင်ခြင်းဝတ်စုံက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံပဲ။ အဲဒါရဲ့တန်ဖိုးကို မင်းတို့သိမှာပါ။ မင်းတို့က အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းပေးဖို့ဆန္ဒရှိရင်တော့ ငါ ရောင်းပေးမှာပေါ့"
"အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်း"
ရန်ချင်းဟူက လှပစွာ မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ဖက်လူရဲ့ဈေးနှုန်းက မတန်တဆပါပဲ။
အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းကို အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံး၁.၂သန်းနဲ့ အနည်းဆုံးဖလှယ်နိုင်တယ်။ လီဖူချန်းရဲ့ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို လေလံပွဲမှာ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းသုံးသောင်းနဲ့ ရောင်းချထားခဲ့တာ။
ဒါ့ပြင် ကောင်းကင်ဘုံအသူတရာချောက်နက်ဓားက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးဖြစ်ပြီး အောင်မြင်ခြင်းဝတ်စုံအစိတ်အပိုင်းက သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဝတ်စုံရဲ့အစိတ်အပိုင်းသာမဟုတ်ရင် အဲဒါက အများဆုံးအလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးသောင်းအနည်းငယ်ပဲ ထိုက်တန်လိမ့်မယ်။
"တစ်သိန်းက များလွန်းတယ်" လီဖူချန်းက နတ်ဆိုးနတ်ဘုရားမရွှယ်မေကို ကြည့်လိုက်တယ်။
နတ်ဆိုးနတ်ဘုရားမရွှယ်မေက ခေါင်းခါလိုက်တယ်"မများပါဘူး။ အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို လေလံတင်ရင် အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးနှစ်သိန်းဒါမှမဟုတ်သုံးသိန်းနဲ့ ရောင်းချနိုင်မှာ"
"ဒါတစ်စုံ၊ အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး"
"ဒါပေမယ့် ငါ့ရဲ့အစိတ်အပိုင်းမရှိရင် မင်း တစ်စုံလုံးပြည့်နိုင်မှာမဟုတ်ဘူးလေ"
လီဖူချန်းက ပြောလိုက်တယ်"အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းမဆိုထားနဲ့၊ ငါတို့က သုံးသောင်းတောင် မပေးနိုင်ဘူး။ ချင်းဟူ၊ သွားစို့"
လီဖူချန်းမှာ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးအနည်းငယ်နဲ့အကြိုနတ်ဘုရားကျောက်တုံးအချို့ပဲရှိတယ်။ အခုကြည့်ရသလောက် သူက သူ့မှာရှိသမျှအရာအားလုံးကို ထုတ်ရင်တောင် လုံလောက်မှာမဟုတ်ဘူး။
"ဘာလို့ထွက်သွားဖို့အလျင်လိုနေရတာလဲ။ မင်းတို့တွေ ငါ့ကို အောင်မြင်ခြင်းဝတ်စုံကို ရောင်းနိုင်တာပဲလေ" နတ်ဆိုးနတ်ဘုရားမရွှယ်မေက ပြောလိုက်တယ်။
"အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးဘယ်လောက် မင်းပေးနိုင်မလဲ။ တစ်သိန်းလားနှစ်သိန်းလား"
လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။
"တစ်သောင်း၊ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေပဲ" နတ်ဆိုးနတ်ဘုရားမရွှယ်မေက သူမရဲ့ဝိုင်ခွက်ကို ယူကာ တစ်ငုံသောက်ပြီးမှ ဖြေလိုက်တယ်။
ရန်ချင်းဟူက မေးလိုက်တယ်"နင် ဘာဆိုလိုတာလဲ"
"ဘာဆိုလိုတာလဲ။ ဒါ ဘယ်နေရာလဲ နင်တို့သိလား" နတ်ဆိုးနတ်ဘုရားမရွှယ်မေက ပြောလိုက်တယ်"ဒါက ကောင်းကင်ချိတ်ဆက်မြို့ဖြစ်ပြီး ကြယ်ဖျက်ဆီးခြင်းရဲတိုက်ရဲ့အနီးနားပဲ။ ဒါက ငါ့ရဲ့ပိုင်နက်ပဲ။ ငါ နင်တို့ကို အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သောင်းပေးတာကတင် သဘောကောင်းလွန်းနေပြီ"
ရန်ချင်းဟူမှာ အောင်မြင်ခြင်းဝတ်စုံအစိတ်အပိုင်းတစ်ခုထက် ပိုမှာ သူမက သေချာတယ်၊ ဒါကြောင့် သူမက အဲဒါကို ရယူဖို့ ဆုံးဖြတ်ထားတယ်။
"ငါတို့ကို မင်းလက်ခုပ်ထဲကရေလို့ ထင်နေတာလား" လီဖူချန်းက နတ်ဆိုးနတ်ဘုရားမရွှယ်မေကို စိုက်ကြည့်လိုက်တယ်။
နတ်ဆိုးနတ်ဘုရားရွှယ်မေက ရယ်မောက ပြောလိုက်တယ်"ဒါပေါ့။ ငါ့ရဲ့နှင်းဇီးရနံထိထားမှတော့ နင်တို့က ခုခံနိုင်မှာတဲ့လား"
ပြောနေရင်း နတ်ဆိုးနတ်ဘုရားမရွှယ်မေက ဝိုင်ကို တစ်ချက်ကြည့်လိုက်တယ်။
ဒီဝိုင်က နှင်းဇီးရနံဝိုင်ပဲ။
အခြားဝိုင်တွေနဲ့မတူဘဲ နှင်းဇီးရနံဝိုင်က စိတ်ဝိညာဉ်ကို ပစ်မှတ်ထားပြီး လက္ခဏာတွေမပြဘူး။ အစက သူမက လီဖူချန်းနဲ့ရန်ချင်းဟူတို့ကို နှင်းဇီးရနံဝိုင်ကို သောက်စေချင်ခဲ့တယ်။ ဒီလိုသာဆိုရင် သူမက သူတို့နှစ်ယောက်လုံးကို ထိန်းချုပ်နိုင်ပြီး အခုလိုလေကုန်ခံစရာတောင်မလိုတော့ဘူး။ သူတို့နှစ်ယောက်က ငြင်းလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ။
တုံ့ပြန်ချက်ကို ကြားပြီး ရန်ချင်းဟူက သူမရဲ့အကြိုနတ်ဘုရားစွမ်းအားကို လျင်မြန်စွာ လှည့်ပတ်လိုက်တယ်။ သူမက အကြိုနတ်ဘုရားစွမ်းအားကို မလှည့်ပတ်ခဲ့ရင် အဆင်ပြေတယ်ဆိုတာ သူမက ချက်ချင်း သဘောပေါက်လိုက်တယ်။ သူမက အကြိုနတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်တာနဲ့ စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာက ကုန်ဆုံးသွားသလို ခံစားလိုက်ရတယ်။ အကြိုနတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းကိုတောင် လှည့်ပတ်ဖို့ ခက်ခဲနေပြီး ပိုပိုပြီးအားထုတ်နေရတယ်။
"စိတ်ဝိညာဉ်အဆိပ်လား" လီဖူချန်းက မေးငေါ့လိုက်တယ်။
"မဟုတ်ဘူး" နတ်ဆိုးနတ်ဘုရားမရွှယ်မေက ခေါင်းခါကာ ပြောလိုက်တယ်"ဒါကို စိတ်ဝိညာဉ်အဆိပ်လို့ မခေါ်နိုင်ဘူး။ ဒါက စိတ်ဝိညာဉ်ကို ထုံထိုင်းစေတဲ့အထူးဝိုင်တစ်မျိုးပဲ။ စိတ်ဝိညာဉ်အဆိပ်ဆိုရင် မင်း သတိပြုမိတာ ကြာပြီးပေါ့"
စိတ်ဝိညာဉ်အဆိပ်က လက္ခဏာတွေပြတယ်၊ ဒါပေမယ့် နှင်းဇီးရနံက ဘာလက္ခဏာတစ်ခုမှ မပြဘူး။
ဟမ့်.....
အသက်တစ်ချက်ရှုထုတ်ပြီးနောက် လီဖူချန်းက ကြည့်ကာ ပြောလိုက်တယ်"ငါ အစကတော့ ကြမ်းကြမ်းတမ်းတမ်မလုပ်ချင်ခဲ့ဘူး"
ပြောရင်း လီဖူချန်းက ဓားတာအိုစကြာဝဠာကို ချက်ချင်း ထုတ်လွှတ်လိုက်တယ်။
ကောင်းကင်ချိတ်ဆက်မြို့ထဲမှာ ဓားတာအိုစကြာဝဠာကို အဝေးကြီးမထုတ်လွှတ်နိုင်ပေမယ့် တစ်ထပ်လုံးကို ဖုံးလွှမ်းဖို့ လုံလောက်တယ်။
"မဟုတ်ဘူး"
သူမက ပယင်းထဲရှိ အင်းဆက်တစ်ကောင်ပမာ နတ်ဆိုးနတ်ဘုရားမရွှယ်မေက ခံစားရပြီး လုံးဝလှုပ်မရနိုင်ခဲ့ဘူး။
သူမရဲ့မျက်လုံးတွေက ကြောက်ရွံ့မှုတွေ ပြည့်သွားတယ်။
လီဖူချန်းကို ဘာကြောင့် သက်ရောက်မှုမရှိမှန်း သူမက နားမလည်နိုင်ခဲ့ဘူး။
ဒီလိုအချိန်တစ်ခုကြာပြီးရင် သူမရဲ့ယောင်္ကျားကြယ်ဖျက်ဆီးခြင်းနတ်ဆိအရှင်အပါအဝင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအားလုံးရဲ့ခွန်အားက အဆုံးစွန်းထိ အားနည်းသွားရမှာလေ။
လီဖူချန်းရဲ့ကျင့်ကြံခြင်းက ဘယ်အဆင့်မှာ ရှိသလဲဆိုတာ သူမက နားမလည်ခဲ့ဘူး။ သူက သူမကို မဟာတာအိုစကြာဝဠာနဲ့ တကယ်ဖိနှိပ်နိုင်ခဲ့တာပဲ။
ဘယ်လိုပဲပြောပြော၊ သူမက အားနည်းတဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဆိုရင်တောင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်နေတုန်းပါပဲ။
"မင်းကိုယ်တိုင် အောင်မြင်ခြင်းအစိတ်အပိုင်းကို လွှဲပေးမလား ဒါမှမဟုတ် ငါ မင်းကို သတ်လိုက်ရမလား" လီဖူချန်းက နတ်ဆိုးနတ်ဘုရားမရွှယ်မေကို ပြောလိုက်တယ်။
နတ်ဆိုးနတ်ဘုရားမရွှယ်မေက အံ့ကြိတ်ကာ ပြောလိုက်တယ်"ငါ့ကိုသတ်လိုက်။ ငါ့ယောင်္ကျားက ငါ့အတွက် လက်စားပြန်ချေလိမ့်မယ်"
"အဲဒါက နောင်မှာပါ"
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ဓားအလင်းတစ်ခုက နတ်ဆိုးနတ်ဘုရားရွှယ်မေရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။
"ငါ ပေးမယ်"
နတ်ဆိုးနတ်ဘုရားမရွှယ်မေက ကြောက်ရွံ့သွားပြီး သူမရဲ့လက်ကောက်ဝတ်ရှိအောင်မြင်ခြင်းလက်ပတ်ကို လျင်မြန်စွာ ထုတ်ပြလိုက်တယ်။
"သွားကြစို့"
အောင်မြင်ခြင်းလက်ပတ်ကို ရပြီးနောက် လီဖူချန်းက ရန်ချင်းဟူကို ပလိန်းနှလုံးသားထဲမှာ ထည့်ထားလိုက်ပြီး စားသောက်ဆိုင်ရဲ့အမြင့်ဆုံးအထပ်မှ ချက်ချင်း ပျောက်ကွယ်သွားတယ်။
"မင်း ဘယ်ကို သွားမလို့လဲ"
ကောင်းကင်ချိတ်ဆက်မြို့အထက်ကောင်းကင်ထဲမှာ ကြောက်စရာကောင်းတဲ့အနက်ရောင်အလင်းတစ်ခုက ဖြာထွက်လာတယ်။
ဝုန်း......
ချီလှိုင်းတစ်ခုဖြစ်လာပြီး နှစ်ယောက်လုံး လွင့်ထွက်သွားတယ်။
"သူက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းကို အရှိန်အဟုန်ကို အသုံးပြုကာ မြို့ဂိတ်ဆီ ပျံသန်းသွားတယ်။
တစ်ယောက်က ပြေးနိုင်ပြီး အခြားတစ်ယောက်က ပျံသန်းနိုင်တယ်။ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က လီဖူချန်းကို လျင်မြန်စွာ လိုက်မီသွးတယ်။
"ကြယ်ဖျက်ဆီးခြင်းလက်သီး"
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ခန္ဓာကိုယ်က အနက်ရောင်အလင်းတွေ တလက်လက်ဖြစ်သွားပြီး သူက လီဖူချန်းထံ လက်သီးတစ်ချက် ထိုးထည့်လိုက်တယ်။
ဝှစ်.......
ထွက်သွားဖို့အလျင်လိုနေတဲ့လီဖူချန်းက ဒဏ်ရာအနည်းငယ်ရသွားပြီး သူ့ပါးစပ်မှ သွေးမြားတစ်စင်းထွက်လာတယ်။