လေနတ်ဘုရား
Vol. 76 Ch. 1069
"ငါ့ရဲ့ကြယ်ဖျက်ဆီးခြင်းအကြိုနတ်ဘုရားစွမ်းအားထိတာတောင် သူက ဒဏ်ရာအသေးစားပဲ ရခဲ့တာလား"
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က အလွန်အံ့အားသင့်သွားတယ်။
သူက နတ်ဆိုးနတ်ဘုရားမရွှယ်မေကို အရမ်းဂရုစိုက်တယ်၊ ဒါကြောင့် သူမရဲ့အကြောင်းကြာတာကို လက်ခံရရှိတဲ့အခါ သူက ကောင်းကင်ချိတ်ဆက်မြို့ရဲ့အစီအရင်ကို ချက်ချင်းအသက်သွင်းခဲ့သလို သူက ဖြစ်နိုင်သမျှအမြန်ဆုံးအပြေးလာခဲ့တာပဲ။
တိုက်ခိုက်မှုတစ်ခုက လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကို ပျောက်ကွယ်သွားစေပြီး လီဖူချန်းကို အပြင်းအထန်ဒဏ်ရာရစေခဲ့မယ်လို့ သူက တွေးထားခဲ့တယ်။ လီဖူချန်းရဲ့ခွန်အားကို စိတ်ကူးမယဉ်နိုင်လောက်အောင် အားကောင်းပြီး သူ့ထက် မနိမ့်ကျမှန်း သိသာတယ်။ နတ်ဆိုးနတ်ဘုရားမရွှယ်မေက လီဖူချန်းကို ရှုံးနိမ့်သွားတာ အံ့ဩစရာမရှိဘူးပဲ။
ကံမကောင်းစွာနဲ့ ဒါက ကောင်းကင်ချိတ်ဆက်မြို့ပဲ၊ သူ့ရဲ့ပိုင်နက်ပဲ။
လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့အစီအရင်စွမ်းအားက လီဖူချန်းဆီ ဦးတည်ဘက်တိုင်းမှ တိုးဝင်လာတယ်။
ဆန်းကြယ်တဲ့ဖိအားကို ခံစားမိပြီး လက်ရှိအချိန်မှာ သူက နှောင့်နှေးမိရင် ထွက်သွားဖို့ လွယ်ကူမှာမဟုတ်တော့ဘူးလို့ လီဖူချန်းက သိတယ်။
လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ထုတ်ကာ စပ်ကြောင်းမဲ့ဓားချီကို အသက်သွင်းကာ ထောင့်ဖြတ်ဝှေ့ယမ်းလိုက်တယ်။
ဝှစ်......
အဆင့်ပိုမြင့်မားတဲ့ဓားတာအိုဥပဒေသပါဝင်တဲ့ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ထိန်းချူပ်နိုင်တဲ့အစီအရင်စွမ်းအားက လီဖူချန်းကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။ အဲဒါကို ချက်ချင်း ခွဲဖြတ်သွားတယ်။
"ဘယ်လိုအားကောင်းတဲ့ဓားပညာတစ်ခုလဲ"
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က မျက်ခွံတွန့်သွားတယ်။
သူ့ရန်သူရဲ့ဓားပညာက သူ့ရဲ့ဝိညာဉ်ကို ပိုင်းဖြတ်သွားသလို ခံစားရစေတယ်။ ဒီဓားကွက်က ဘယ်လောက်တောင်ထက်မြက်ပြီးလွှမ်းမိုးနိုင်လဲဆိုတာ ကောင်းကောင်းစိတ်ကူးယဉ်နိုင်တယ်။
"ဒါ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ပဲ။ သူ ဘယ်သူကို လိုက်နေတာလဲ"
"အဲဒီလူက သန်မာလွန်းတယ်။ သူက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့တိုက်ခိုက်မှုတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ပြီး သွေးတစ်ပွက်လောက်ပဲ အန်ထွက်သွားခဲ့တယ်"
"ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ကို ရင်ဆိုင်ဖို့ဆိုရင် အဲလူက သူနဲ့တူညီတဲ့အဆင့်မှာ ရှိရမယ်။ အဲဒီလူက အခြားမြို့တစ်မြို့မှအကြီးအကဲတစ်ယောက်တောင်ဖြစ်နိုင်တယ်"
ကောင်းကင်ချိတ်ဆက်မြို့ထဲရှိအကြိုနတ်ဘုရားများစွာက အပူတပြင်းဆွေးနွေးနေကြတော့တယ်။
လီဖူချန်းနဲ့ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်တို့ ရုတ်ရင်းဆန်ခတ်ဖြစ်နေစဉ် မြို့အစောင့်တွေက အပြေးရောက်ရှိလာပြီး လီဖူချန်းရဲ့လမ်းကြောင်းကို ပိတ်လိုက်တယ်။
"သေကြစမ်း"
လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအနည်းဆုံးဒါဇင်လောက်က စပ်ကြောင်းမဲ့ဓားချီရဲ့အောက်မှာ သေဆုံးသွားတယ်။
တစ်ဆက်တည်းမှာပဲ လီဖူချန်းက စပ်ကြောင်းမဲ့ဓားချီကို ထပ်ခါတလဲလဲထုတ်ဖော်လိုက်တယ်။ ဒီကြောက်စရာကောင်းတဲ့ဓားကွက်နဲ့ရင်ဆိုင်တဲ့အခါ မြို့အစောင့်တွေက လီဖူချန်းကို မတားဆီးနိုင်တော့ဘူး။ သူတို့က ဒီဓားကွက်ကို တားဆီးရင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ကတောင် ပျောက်ကွယ်သွားရလိမ့်မယ်။
လီဖူချန်းက မြို့ဂိတ်ဝနဲ့ ပိုနီးကပ်လာတယ်။
"ရပ်နေစမ်း"
ပုံရိပ်သုံးခုက လီဖူချန်းကို မတူညီတဲ့ဦးတည်ဘက်တိုင်းမှာ တိုက်ခိုက်လာတယ်။
ဒီသုံးယောက်က ကောင်းကင်ချိတ်ဆက်မြို့ရဲ့ဗိုလ်ချုပ်သုံးယောက်မှန်း အနီးဝန်းကျင်ရှိအကြိုနတ်ဘုရားတွေက သိလိုက်တယ်။
"ထွက်သွားစမ်း"
ဓားချီက ရိုက်ခတ်သွားပြီး သူတို့သုံးယောက်က လွင့်ထွက်သွားတယ်။
မြို့ဂိတ်ဝမှာ ဂိတ်က တဖြည်းဖြည်းပိတ်လာနေတယ်။
ဒါပေမယ့် မြို့ဂိတ်တံခါးတွေက လေးလွန်းတာကြောင့် အချိန်တိုအတွင်းမှာ မပိတ်နိုင်ဘူး။
ဝူး.......
လီဖူချန်းက မြို့ဂိတ်မှ ထွက်သွားနိုင်ခဲ့တယ်။
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က သူ့နောက် လိုက်လာခဲ့တယ်။
ကောင်းကင်ချိတ်ဆက်မြို့မှ ထွက်လာပြီးနောက် လီဖူချန်းရဲ့အရှိန်က ပိုမြန်လာပြီး သူက အနည်းဆုံးပျံသန်းနိုင်လာတယ်။
"ကြယ်ဖျက်ဆီးခြင်းလက်သီး"
သူတို့က ကောင်းကင်ချိတ်ဆက်မြို့မှ ထွက်လာတာကြောင့် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့တိုက်ခိုက်မှုအကွာအဝေးက အဆတစ်ရာအဆတစ်ထောင်အထိ တိုးလာတယ်။ သူက ထိုးထည့်လိုက်တဲ့အခါ သူ့ရှေ့ရှိဟင်းလင်းပြင်ကျယ်ကြီးကို ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့လက်သီးအရှိန်အဝါက လွှမ်းခြုံသွားတယ်။
ဒီလက်သီးနဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက မခုခံခဲ့ဘူး။ စောစောက သူက တိုက်ခိုက်မှုမျိုးစုံကို ခုခံထားခဲ့ပြီး အကြိုနတ်ဘုရားစွမ်းအားအမြောက်အများကို သုံးစွဲထားခဲ့တယ်။
ပြန်လှည့်ကာ လီဖူချန်းက ဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်တယ်။
ဟင်းလင်းပြင်က ကွဲအက်သွားပြီး လီဖူချန်းက လွင့်ထွက်သွားတယ်။
"သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထက် ပိုသန်မာတာပဲ။ ဒါက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရဲ့စွမ်းအားများလား"
ရန်ချင်းဟူရဲ့အောင်မြင်ခြင်းဝတ်စုံနဲ့မတူဘဲ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ကြယ်ဖျက်ဆီးခြင်းတစ်စုံကို စုဆောင်းထားခဲ့တာ အချိန်အတော်ကြာပြီလေ။
လီဖူချန်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရဲ့စွမ်းအားကို နက်နက်ရှိုင်းရှိုင်းနားလည်လာတယ်။
သူက အတော်လေးသိချင်စိတ်ဖြစ်မိတယ်။ ကြယ်ဖျက်ဆီးခြင်းတစ်စုံမှာ အစိတ်အပိုင်းတွေ ဘယ်လောက်တောင်ရှိတာလဲ။ လေးလား ငါးလား ဒါမှမဟုတ် သုံးလား။
အနည်းဆုံးငါးခုအောက်ရှိမယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
အစိတ်အပိုင်းငါးခုဒါမှမဟုတ်အဲထက်ပိုရင် ဒီလောက်စွမ်းအားမျှပဲ ရှိဖို့က မဖြစ်နိုင်ဘူး။
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းက ရန်ချင်းဟူကို ထုတ်လိုက်တယ်။
ထိုအချိန်မှာ ရန်ချင်းဟူရဲ့အကြိုနတ်ဘုရားစွမ်းအားက အဆများစွာပိုသန်မာတယ်။ သူမက အောင်မြင်ခြင်းလက်ပတ်ကို သန့်စင်ထားခဲ့ပြီးမှန်း သိသာပြီး သူမရဲ့ခန္ဓာကိုယ်ထဲရှိအောင်မြင်ခြင်းအကြိုနတ်ဘုရားစွမ်းအားက အကြီးအကျယ်တိုးမြင့်လာတယ်။
"မဆိုးဘူးပဲ၊ ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းနယ်ပယ်က နိမ့်ကျလွန်းနေတာပဲ" ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က ရန်ချင်းဟူကို ချက်ချင်း မြင်လိုက်ပြီး လက်သီးတစ်ချက်ပို့လွှတ်လိုက်တယ်။
"ခွဲဖြာစမ်း"
ရန်ချင်းဟူက မဆုတ်သလိုမရှောင်ပါဘူး။ သူမက အောင်မြင်ခြင်းရောင်ခြည်စက်ဝန်းကို အသက်သွင်းလိုက်ပြီး ဖျက်ဆီးခြင်းအကကို ဝှေ့ယမ်းလိုက်တယ်။
ရလဒ်ကတော့ သိသာတယ်၊ ရန်ချင်းဟူက လွင့်ထွက်သွားတာပဲ။
ဒါပေမယ့် သူမက လွင့်ထွက်သွားရုံမျှဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့ဘူး။
အောင်မြင်ခြင်းဝတ်စုံရဲ့စတုတ္ထအပိုင်းက ရန်ချင်းဟူကို အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားထက်သာလွန်တဲ့ခွန်အားကို ပိုင်ဆိုင်စေခဲ့တယ်။
ချွမ်း.....
ရုတ်တရက် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ခန္ဓာကိုယ်က မီးပွားတွေ ပေါက်ကွဲထွက်လာပြီး ဓားချီတစ်ခုက ခွဲဖြတ်သွားတယ်။
"ဒါ ကာကွယ်ရတာ တကယ်ခက်တာပဲ"
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်တယ်။ တစ်ဖက်လူရဲ့ဓားချီကို အာရုံခံမိဖို့က မဖြစ်နိုင်လုနီးပါးပဲ၊ ၎င်းရဲ့စွမ်းအားက ကြောက်စရာကောင်းလွန်းတယ်။ သူက တစ်ချက်ပဲ ထိမှန်ခဲ့ပေမယ့် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကို ကုန်ဆုံးစေခဲ့တယ်။ ကြယ်ဖျက်ဆီးခြင်းတစ်စုံရှိတဲ့သူ့အတွက် ဒါက အလွန်အမင်းမယုံကြည်စရာကောင်းတဲ့အရာပဲ။
သာမန်အနေအထားမှာ သူက ရပ်နေပြီးမခုခံရင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအနည်းငယ်က သူ့ကို နေ့တစ်ဝက်ကြာတိုက်ခိုက်ရင်တောင်မှ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားများစွာကို လျော့ကျစေနိုင်လိမ့်မှာမဟုတ်ဘူး။
ဒါက အကြိုနတ်ဘုရားစွမ်းအားတိုက်ပွဲတစ်ခုမဟုတ်ဘူး၊ ဒါက အဆင့်ပိုနိမ့်တဲ့ဥပဒေသစွမ်းအားအပေါ် အဆင့်ပိုမြင့်တဲ့ဥပဒေသစွမ်းအားရဲ့ဖျက်ဆီးခြင်းသက်ရောက်မှုအမျိုးအစားတစ်ခုဖြစ်တယ်။
"ရွှယ်မေ၊ မင်းက ငါ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ" ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က သူ့နှလုံးသားထဲရှိ ခေါင်းကို ခါလိုက်တယ်။ သူက လီဖူချန်းကို မကြောက်ပေမယ့် ကောင်းကင်ချိတ်ဆက်မြို့အပြင်ဘက်မှာ လီဖူချန်းကို တစ်ယောက်တည်း ဖယ်ရှားနိုင်မှာမဟုတ်မှန်း သူက ရှင်းလင်းစွာသိတယ်။
ကံကောင်းစွာနဲ့ ကြယ်ချိတ်ဆက်ခြင်းမြို့ထဲမှာ သူတစ်ယောက်တည်းရှိတာမဟုတ်ဘူးလေ။
လေဓားသွားနှစ်ခုက အကွာအဝေးတစ်ခုမှ ချဉ်းကပ်လာပြီး လီဖူချန်းနဲ့ရန်ချင်းဟူတို့ကို ချက်ချင်းတိုက်ခိုက်လိုက်တယ်။
လေဓားသွားတွေက အလွန်အားကောင်းတယ်၊ လေဓားသွားတွေကို ခုတ်ပိုင်းဖို့ လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးပြုလိုက်တယ်။ ရန်ချင်းဟူက လီဖူချန်းထက် ပိုအားနည်းပြီး လေဓားသွားကြောင့် လွင့်ထွက်သွားလေတယ်။
"လေနတ်ဘုရားရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ရှားပါးတဲ့အဆင့်၁အထွတ်အထိပ်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ တိုက်ခိုက်ရေးစွမ်းအားအရ ငါ့ထက် မနိမ့်ကျဘူး"
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ဖော်ပြခဲ့တဲ့လေနတ်ဘုရားကလဲ ကောင်းကင်ချိတ်ဆက်မြို့ရဲ့စီနီယာဝါရင့်အကြီးအကဲတွေထဲကတစ်ယောက်ဖြစ်တယ်။
အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်စုံနဲ့ မယှဉ်နိုင်ပါဘူး။
ဒါပေမယ့် အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အချို့သောကဏ္ဍတွေမှာ အဆုံးစွန်းကို သေချာပေါက် ရောက်ရှိလိမ့်မယ်။ ဥပမာအားဖြင့် အဆင့်၁အထွတ်အထိပ်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက တိုက်ခိုက်ရေးခွန်အားအရ အဆုံးစွန်းကို သေချာပေါက် ရောက်ရှိထားလိမ့်မယ်။ အဆင့်၁အထွတ်အထိပ်ခုခံမှုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ခုခံမှုအရ အဆုံးစွန်းကို သေချာပေါက်ရောက်ရှိထားလိမ့်မယ်။
နှိုင်းယှဉ်ရရင် အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံက ကဏ္ဍအားလုံးမှာ အဆုံးစွန်းကို ရောက်ရှိလိမ့်မယ်၊ အထူးသဖြင့် အကြိုနတ်ဘုရားစွမ်းအားအရပေါ့။
"ဒါ ဝါရင့်တစ်ယောက်ရဲ့ခွန်အားလား"
လီဖူချန်းက တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ရန်ချင်းဟူကို ပလိန်းနှလုံးသားထဲမှာ ထည့်လိုက်တယ်။
လီဖူချန်းနဲ့ရန်ချင်းဟူတို့အတွက် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်တစ်ယောက်တည်းကို ရင်ဆိုင်ရတာတောင် အလွန်အားထုတ်နေရတယ်။ နောက်ထပ်ဝါရင့်တစ်ယောက်ပါပေါင်းထည့်လာတော့ သူတို့က သေချာပေါက် မယှဉ်နိုင်တော့ပါဘူး။
လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ထွက်ပြေးသလိုက်တယ်။
"မင်း ထွက်ပြေးနိုင်မယ်ထင်နေတာလား။ ကြယ်စုပ်ယူခြင်း"
ကြယ်စုပ်ယူခြင်းနတ်ဆိုးအရှင်ရဲ့ကြယ်ဖျက်ဆီးခြင်းတစ်စုံမှာ စုစုပေါင်းစွမ်းပကားနှစ်ခုရှိတယ်။ တစ်ခုက ကြယ်ဖျက်ဆီးခြင်းဖြစ်ပြီး အခြားတစ်ခုက ကြယ်စုပ်ယူခြင်းဖြစ်တယ်။
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က သူ့ရဲ့လက်ကို ဆန့်ကာ စုပ်ယူလိုက်တယ်၊ အနက်ရောင်အပေါက်တစ်ခုက သူ့ရဲ့လက်ဝါးမှာ ထွက်ပေါ်လာတယ်။ ကြောက်စရာကောင်းတဲ့စုပ်ယူအားတစ်ခုက လီဖူချန်းကို ဝန်းရံသွားတယ်။
"ဒီလိုအားကောင်းတဲ့စုပ်ယူအား"
သူ့ပတ်လည်ရှိနေရာလပ်ကို စုပ်ယူသွားတာကို လီဖူချန်းက ခံစားမိတယ်။
"စိတ်ဝိညာဉ်လေးခုနယ်နိမိတ်"
အခွင့်အရေးကို ရှာဖွေလျက် အဝေးမှပြေးလာတဲ့လေနတ်ဘုရားက လေးရောင်စုံအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ကောင်းကင်သို့ ပစ်တင်လိုက်တယ်။ နောက်အခိုက်အတန့်မှာ နဂါး၊ကျား၊ငှက်နဲ့လိပ်ဟိန်းသံတွေ ထွက်ပေါ်လာတယ်။ လေးရောင်စုံအကြိနတ်ဘုရားအသုံးအဆောင်ပစ္စည်းမှ မိုးပြာရောနဂါးတစ်ကောင်၊ အဖြူရောင်ကျားတစ်ကောင်၊ အနီရောင်ငှက်တစ်ကောင်နဲ့အနက်ရောင်လိပ်တစ်ကောင်တို့ဖြစ်တယ်။
လေးရောင်စုံနယ်နိမိတ်က လီဖူချန်းကို ဝန်းရံသွားတယ်။
စိတ်ဝိညာဉ်လေးခုနယ်နိမိတ်ချပ်ပြားက အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အဲဒါက လေနတ်ဘုရားပိုင်ဆိုင်တဲ့အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုထဲကတစ်ခုဖြစ်တယ်။ ၎င်းက အရှားပါးဆုံးတစ်ခုလဲဖြစ်တယ်။
"မင်း ဘယ်နေရာကို ပြေးနိုင်မလဲ ကြည့်ရတာပေါ့"
လီဖူချန်းကို စိတ်ဝိညာဉ်လေးခုနယ်နိမိတ်က ဝန်းရံသွားတာကို မြင်ပြီး ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က ရက်စက်စွာ ပြုံးလိုက်တယ်။
လေနတ်ဘုရားရဲ့စိတ်ဝိညာဉ်လေးခုချပ်ပြားမှာ အလွန်အမင်းအားကောင်းတဲ့ချိတ်ပိတ်ခြင်းသက်ရောက်မှုတစ်ခုရှိတယ်။ သူ့ကို ဝန်းရံသွားတာနဲ့ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ကတောင် အချိန်တိုအတွင်း ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။
ကြယ်စုပ်ယူခြင်းကို ရုပ်သိမ်းပြီးနောက် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က လေးရောင်စုံနယ်နိမိတ်ထဲသို့ ပြေးဝင်လာပြီး လီဖူချန်းထံ လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်။
"ဒီတိုက်ပွဲအတွက် နောက်မှ ထပ်တွေ့ကြတာပေါ့"
အသံက ပဲ့တင်ထပ်သွားပြီး လီဖူချန်းက ဓားအလင်းတစ်ခုသို့ ပြောင်းပြီး ပုံရိပ်ယောင်အဖြစ်သို့ ချက်ချင်းပြောင်းသွားတယ်။ ထို့နောက် သူက လေးရောင်စုံနယ်နိမိတ်ကို ထိုးဖောက်ကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့တယ်။
"ဓားတည်နေရာရွှေ့ပြောင်းခြင်းလား"
ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ဘေးနားကို ရောက်ရှိပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှာအစိမ်းရောင်အင်းကွက်တွေရှိတဲ့ဆံရှည်လေနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်တယ်။
ဒိလိုအံ့မခန်းတည်နေရာရွှေ့ပြောင်းရေးနည်းလမ်းတစ်ခုကို သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။
"ငါ သူ့ကို အထင်သေးခဲ့မိတာပဲ" ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့အမူအရာက မကျေမနပ်ဖြစ်သွားတယ်။ သူက လီဖူချန်းရဲ့ဓားတာအိုကျွမ်းကျင်မှုကြောင့် ထိတ်လန့်သွားရသလို နတ်ဆိုးနတ်ဘုရားမရွှယ်မေက သူ့အတွက် ဒီလိုရန်သူတစ်ယောက်ကို ရှာဖွေလာခဲ့တဲ့အတွက် ဒေါသထွက်သွားတယ်။
နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းထဲမှာ ပုံရိပ်ယောင်ဓားအလင်းတစ်ခုက ဆင်းသက်ပြီး လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာတယ်။
သူ့ရဲ့ဓားတာအိုကျွမ်းကျင်မှုက တိုးလာတာကြောင့် သူ့ရဲ့ဓားတည်နေရာရွှေ့ပြောင်းခြင်းကလဲ တိုးတက်လာရတာပေါ့။
"နောက်ဆုံးမြို့နှစ်မြို့ကျန်သေးတယ်"
လီဖူချန်းက နောက်ဆုံးမြို့နှစ်မြို့ရှိရာဦးတည်ဘက်သို့ ပြေးသွားတယ်။