ကပ်ဘေးကိုးခုနတ်ဘုရားလက်သီး
Vol. 76 Ch. 1070
"သိပ်မဆိုးဘူးပဲ"
လီဖူချန်းရဲ့ကံက အတော်လေးကောင်းတယ်။ နတ်ဘုရားစစ်မြေပြင်ရဲ့ရှစ်ခုမြောက်မြို့ဖြစ်တဲ့ကျောက်တုံးနက်မြို့မှာ ကပ်ဘေးစွမ်းအားပါဝင်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကို သူက ရှာတွေ့ခဲ့တယ်။ တစ်ခုက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ပြီး အခြားတစ်ခုက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တယ်။
ဒါက လီဖူချန်းရဲ့တစ်ခုတည်းသောကပ်ဘေးစွမ်းအားပါဝင်တဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တယ်။
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုက လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားကို ဆယ်ဆတိုးလာစေတယ်။ စိတ်မကောင်းစွာနဲ့ လီဖူချန်းက ကပ်ဘေးလက်ရဲ့အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို မချိုးဖြတ်နိုင်သေးပါဘူး။
ချိုးဖြတ်နိုင်ဖို့အတွက် သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထပ်လိုနေသေးတယ်လို့ လီဖူချန်းက ယူဆထားတယ်။
နှင်းလွင်ပြင်မြို့။
နတ်ဘုရားစစ်မြေပြင်ရဲ့ကိုးခုမြောက်မြို့။
နှင်းလွင်ပြင်မြို့ရဲ့အခြားတစ်ဖက်မှာ ကြီးမားကျယ်ပြောတဲ့နှင်းလွင်ပြင်တစ်ခုရှိတယ်။ ဒီနှင်းလွင်ပြင်ကို သေခြင်းနှင်းလွင်ပြင်လို့ခေါ်တယ်။ ယခုထိတော့ တစ်ယောက်မှ သေခြင်းနှင်းလွင်ပြင်ကို မဖြတ်သန်းနိုင်သေးပါဘူး၊ ဒါကြောင့် သေခြင်းနှင်းလွင်ပြင်ရဲ့အဆုံးသတ်က ဘယ်လောက်ရှိသလဲကို တစ်ယောက်မှ မသိပါဘူး။
နှင်းလွင်ပြင်ကို ရောက်ရှိလာတော့ လီဖူချန်းက ပြောလိုက်တယ်"ငါ့ကံက မဆိုးပါစေနဲ့လို့ ငါ မျှော်လင့်တယ်"
"ကံမကောင်းစွာနဲ့ နှင်းလွင်ပြင်မြို့မှာ အောင်မြင်ခြင်းဝတ်စုံရဲ့အစိတ်အပိုင်းတစ်ခုမရှိဘူးပဲ" ရန်ချင်းဟူက ခေါင်းခါလိုက်တယ်။ အောင်မြင်ဝတ်စုံအပိုင်းတစ်ပိုင်းပဲ ကျန်တော့တယ်လို့ သူမက ခံစားမိနိုင်တယ်။
အစိတ်အပိုင်းငါးခုလုံးစုသွားတာနဲ့ အောင်မြင်ခြင်းဝတ်စုံက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ကြယ်ဖျက်ဆီးခြင်းတစ်စုံကိုတောင် ကျော်ဖြတ်သွားနိုင်တယ်။
သူမက ကျင့်ကြံခြင်းအဆင့်အရ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ထက် အများကြီးနိမ့်ကျပေမယ့် ဝတ်စုံရဲ့မြှင့်တင်ခြင်းသက်ရောက်မှုက ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ လုံလောက်တယ်။
ဒါပေမယ့် ဒါတွေအားလုံးက ခန့်မှန်းချက်တစ်ခုပါပဲ။ အောင်မြင်ခြင်းဝတ်စုံအပိုင်းအကုန်လုံးကို စုစည်းပြီးမှပဲ သူက အတိအကျသိလိမ့်မယ်။
"အကုန်လုံးစုစည်းဖို့က မလွယ်ဘူး။ အလျင်လိုစရာမလိုဘူး"
လီဖူချန်းက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့နတ်ဘုရားမျိုးနွယ်ကို အလေးအနက်မသတ်မှတ်ထားပါဘူး။ သူ့အတွက် သူတို့နဲ့ရင်ဆိုင်ရတာက နတ်ဘုရားမဖြစ်ခင် ကိစ္စကလေးတစ်ခုတစ်ခုသာသာပဲ။ သူ့မှာ ကပ်ဘေးစွမ်းအားပါဝင်တဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိလာရင် ပိုအဆင်ပြေတာပေါ့၊ မရှိလဲ ကိစ္စမရှိပါဘူး။ အများဆုံး သူ့ရဲ့ဓားတာအိုကို နောက်တစ်ဆင့်တိုးလာစေဖို့ အားထုတ်ရုံပဲပေါ့။
"ကံကောင်းမှုတွေ မရှိတော့တာလား"
ဆိုင်အားလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် လီဖချန်းက ခါးသီးစွာ ပြုံးလိုက်တယ်။
သူက ကပ်ဘေးစွမ်းအားပါဝင်တဲ့သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုကိုပဲ ရရှိခဲ့တယ်။
ကပ်ဘေးစွမ်းအားရဲ့အရည်အသွေးနဲ့ပမာဏအရ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ်ခုနဲ့ ညီမျှတယ်။ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ်ခုဒါမှမဟုတ်သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ရာနဲ့ ညီမျှတယ်။
ဒါကြောင့် ကပ်ဘေးစွမ်းအားပါဝင်တဲ့သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုက လီဖူချန်းအတွက် အရမ်းအသုံးမဝင်ပါဘူး။ အဲဒါက ဘာမှမရှိတာထက် ပိုကောင်းရုံမျှပဲ။
"ငါ့အရှင်၊ ငါက မန်စာပါ။ ကပ်ဘေးစွမ်းအားပါဝင်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရှာနေတာလား"
လမ်းပေါ်မှာ သာမန်အကြိုနတ်ဘုရားတစ်ယောက်က တစ်ခဏတုံ့ဆိုင်းနေပြီမှ နောက်ဆုံးတော့ အံကြိတ်ကာ လီဖူချန်းထံ ပြောလိုက်တယ်။
လီဖူချန်းက ထိုလူကို အကဲဖြတ်လိုက်ပြီး ရုတ်တရက် သူ့မျက်လုံးတွေမှ အလင်းတွေ လက်သွားကာ သူက အံ့အားသင့်စွာ မေးလိုက်တယ်"မင်းလဲ ကပ်ဘေးစွမ်းအားကို ကျင့်ကြံတာလား"
သူက တစ်ဖက်လူရဲ့ခန္ဓာကိုယ်ထဲရှိ ကပ်ဘေးစွမ်းအားရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်။ အဲဒါက သူ့ထက် အများကြီးနိမ့်ကျပေမယ့် အကြမ်းဖျင်းအားဖြင့် ကပ်ဘေးလက်ရဲ့စဦးအခြေအနေနဲ့ ညီမျှတယ်။
ဒါက လီဖူချန်းကို အလွန်သိချင်စိတ်ဖြစ်စေတယ်။ သူကိုယ်တိုင်ကလွဲပြီး ကပ်ဘေးစွမ်းအားကို ဒီလိုအဆင့်အထိ ကျင့်ကြံထားတဲ့သူနဲ့ လီဖူချန်းတွေဆုံတဲ့ ပထမဆုံးအကြိမ်ပဲ။
"ငါ ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးလို့ခေါ်တဲ့သိုင်းပညာတစ်ခုကို ကျင့်ကြံထားတယ်၊ ငါ ရှစ်ခုမြောက်ကပ်ဘေးဖြစ်တဲ့ကမ္ဘာပျက်ကပ်ဘေးအထိ ကျင့်ကြံထားတယ်။ ဒီရက်အနည်းငယ်အတွင်း ငါ့အရှင်ရဲ့ကပ်ဘေးစွမ်းအားက မတည်မငြိမ်ဖြစ်နေတာကို သတိပြုမိခဲ့တယ်၊ ဒါကြောင့် ငါ့အရှင်က ကပ်ဘေးစွမ်းအားကို စုပ်ယူကာစလို့ ခန့်မှန်းထားခဲ့တယ်"
မန်စာက အစက လီဖူချန်းကို သတိမပြုမိခဲ့ဘူး၊ တကယ်တော့ လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားကို ရုပ်သိမ်းထားတာလေ။ မန်စာရဲ့ကပ်ဘေးစွမ်းအားက လီဖူချန်းလောက် မမြင့်ဘူး၊ ဒါကြောင့်၊ သူက လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားကို သတိမပြုမိနိုင်ခဲ့ဘူး။
ဒါပေမယ့် လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမှ ကပ်ဘေးစွမ်းအားကို စုပ်ယူပြီးနောက် ကပ်ဘေးစွမ်းအားက မတည်မငြိမ်ဖြစ်လာတယ်။ အခြားသူတွေက မတည်မငြိမ်ဖြစ်မှုကို မသိနိုင်ပေမယ့် မန်စာအတွက် လီဖူချန်းထုတ်လွှတ်တဲ့မတည်မငြိမ်မှုက လှိုင်းထန်တစ်ခုနဲ့ တူတယ်။ အဲဒါမှာ အဆုံးမဲ့ဖျက်ဆီးခြင်းချီစွမ်းပကားပြည့်နေပြီး သတိမပြုမိဖို့က ခက်ခဲတယ်။
"ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးလား"
လီဖူချန်းရဲ့နှလုံးသားက လှုပ်ရှားသွားတယ်။
သူက သက်တံနီဂိုဏ်းမှာ ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးကို သင်ယူခဲ့တယ်၊ ဒါပေမယ့် တတိယကပ်ဘေးဖြစ်တဲ့သေမျိုးကပ်ဘေးသာဖြစ်ပြီး ပြီးပြည့်စုံခြင်းမရှိဘူး။
ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးနှစ်ခုက ဆက်စပ်နေမယ်လို့ လီဖူချန်းက ကြိုတင်သိတယ်။ သူတို့က တူညီတဲ့သိုင်းပညာပဲ ဖြစ်နိုင်တယ်။
"မင်း ငါ့ကို ဘာအတွက် ရှာတာလဲ" လီဖူချန်းက သူ့နှလုံးသားထဲရှိသိလိုစိတ်ကို ဖိနှိပ်ကာ မေးလိုက်တယ်။
မန်စာက ပြောလိုက်တယ်"ငါ့အရှင်က ကပ်ဘေးစွမ်းအားပါဝင်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရှာနေတယ်ဆိုရင် ရှိတဲ့နေရာကို ငါ သိတယ်"
လီဖူချန်းက မေးလိုက်တယ်"မင်းဘာလို့ကိုယ်တိုင်မသွားတာလဲ။ မင်းရဲ့ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမှ ကပ်ဘေးစွမ်းအားကို စုပ်ယူနိုင်တယ်မလား"
မန်စာက ခေါင်းခါလိုက်တယ်"အဲနေရာက အန္တရာယ်များလွန်းတယ်။ ငါတောင် မသွားနိုင်ဘူး"
"ဘယ်လိုအနေအထားရှိလဲ"
မန်စာရဲ့အသက်ရှုသံက မြန်ဆန်လာတယ်" အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု။ ငါ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ လိုချင်တယ်"
မန်စာက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို တောင့်တနေတာ ကြာလှပြီ။ အစောပိုင်းနေ့တွေမှာ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအနေနဲ့ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ခဲ့တယ်။ တကယ်တော့ အစောပိုင်းနေ့တွေမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတာ ကောင်းနေပြီ၊ သူ့မှာ ဂျီးများစရာအကြောင်းပြချက်မရှိခဲ့ပါဘူး။
ဒါပေမယ့် အခု သူက နောင်တရမိတယ်။ သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအနေနဲ့သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုရွေးချယ်ခြင်းက သူ့ခွန်အားမှာ ကန့်သတ်ချက်ကြီးမားလာစေတယ်။ သာမန်အကြိုနတ်ဘုရားတစ်ယောက်က နှင်းလွင်ပြင်မြို့မှာ အားနည်းလွန်းတယ်။ ဘယ်လိုအဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်မဆို သူ့ကို ရိုက်နှက်နိုင်လိမ့်မယ်။
သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ဆိုရင် သူက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိဖို့လိုတယ်။
မန်စာက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိနိုင်ရင် သူ့ရဲ့သာမန်အကြိုနတ်ဘုရားစွမ်းအားကို အထွတ်အထိပ်အကြိုနတ်ဘုရားစွမ်းအားသို့ ပြောင်းလဲနိုင်လိမ့်မယ်။ ပြီးရင်တော့ သူက အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာလိမ့်မယ်။
"ငါ့ကို အဲနေရာကို ခေါ်သွား၊ ငါ မင်းကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပေးမယ်"
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လီဖူချန်းအတွက် မများလွန်းပါဘူး။ သူက ဘယ်အချိန်မဆို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုင်မှ တစ်ခုကို ဝယ်နိုင်တယ်၊ ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ မန်စာက အမှန်တရားကို ပြောနေတာပဲ။
"နည်းလမ်းမရှိဘူး၊ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေကပဲ အဲနေရာကိုပဲ ဝင်နိုင်တယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအဆင့်အောက်ကသူတွေက အေးခဲကာ သေဆုံးသွားလိမ့်မယ်" အရေးကြီးဆုံးကတော့ မန်စာက လီဖူချန်းကို မယုံကြည်တာပဲ။ လီဖူချန်းက ဖြတ်သွားပြီးမှ တံတားကို မီးရှို့လိုက်ရင် ဘယ်လိုလုပ်မလဲ။
"ဒါဆို မင်း ဘာလိုချင်တာလဲ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
မန်စာက ပြောလိုက်တယ်"ငါ မင်းကို အဲနေရာကို ခေါ်သွားပေးလို့ရတယ် ဒါပေမယ့် ငါ အရင်ဆုံး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့လိုတယ်"
လီဖူချန်းက တစ်ခဏစဉ်းစားကာ ပြောလိုက်တယ်"ဒီလိုဆိုရော ဘယ်လိုလဲ၊ ငါ မင်းရဲ့ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးကို အတော်လေးစိတ်ဝင်စားတယ်။
"ကောင်းပြီလေ"
မန်စာက သဘောတူဖို့အတွက် တုံ့ဆိုင်းမနေခဲ့ဘူး။
သူ့အတွက် ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးက အရေးမကြီးပါဘူး။ ကျင့်ကြံတဲ့သူတစ်ယောက်ပိုလာတာဒါမှမဟုတ်လျော့သွားတာက သူ့ကို သက်ရောက်မှုရှိမှာမဟုတ်ဘူး။