← Chapters

အကြိုနတ်ဘုရားကပ်ဘေးစွမ်းအား

Vol. 76 Ch. 1071

အကြိုနတ်ဘုရားကပ်ဘေးစွမ်းအား

Vol. 76 Ch. 1071

ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးမှာ ကိုးကွက်ရှိသလို ကပ်ဘေးကိုးခုလဲ ရှိတယ်။

သူတို့က ချီသွေးကပ်ဘေး၊ ချီကပ်ဘေး၊ သေမျိုးကပ်ဘေး၊ နတ်ဆိုးနှလုံးသားကပ်ဘေး၊ သူတော်စင်နှလုံးသားကပ်ဘေး၊ သူတော်စင်နတ်ဆိုးကပ်ဘေး၊ တာရာ‌ကပ်ဘေး၊ ကမ္ဘာပျက်ကပ်ဘေးနဲ့ဖရိုဖရဲကပ်ဘေးတို့ပါပဲ။

(တာရာ=ကောင်းကင်ကြယ်)

နတ်ဘုရားလက်လိုပဲ၊ ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးက တဖြည်းဖြည်းတိုးတက်မှုတစ်ခုဖြစ်ပြီး သိုင်းတာအိုရဲ့ကနဦးအခြေအနေကနေ ကျင့်ကြံနိုင်တယ်။

"ထင်တားတဲ့အတိုင်းပဲ၊ သက်တံနီဂိုဏ်းမှ ငါရထားတဲ့ သေမျိုးကပ်ဘေးက ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးရဲ့အစိတ်အပိုင်းတစ်ခုပဲ"

လီဖူချန်းရဲ့အမြင်အရ ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးက သေချာပေါက် နတ်ဘုရားလက်သီးနဲ့ အဆင့်တူတယ်။ ပုံရိပ်ယောင်အဆင့်ခုနှစ်နတ်ဘုရားလက်မရှိရင် အဆင့်ခြောက်ကပ်ဘေးလက်လောက်နဲ့ ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးကို ယှဉ်နိုင်မှာမဟုတ်ဘူး။

သာလွန်တဲ့ထိုးထွင်းသိမြင်မှု၊ ကပ်ဘေးစွမ်းအားနဲ့အတူ ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးကို ကျင့်ကြံတဲ့အခါ လီဖူချန်းမှာ ပိတ်ဆို့မှုတစ်ခုမှ မရှိဘူး။ တစ်ညတည်းနဲ့ သူက ကပ်ဘေးကိုးခုနတ်ဘုရားလက်သီးကို ရှစ်ခုမြောက်ကပ်ဘေးဖြစ်တဲ့ကမ္ဘာပျက်ကပ်ဘေးအထိ ကျင့်ကြံထားခဲ့တယ်။

ကမ္ဘာပျက်ကပ်ဘေးရဲ့စွမ်းအားက ကပ်ဘေးလက်ရဲ့စဦးအခြေအနေနဲ့အလယ်အခြေအနေပတ်ပတ်လည်မှာ ရှိတယ်။

ကိုးခုမြောက်ကပ်ဘေးဖြစ်တဲ့ဖရိုဖရဲကပ်ဘေးစွမ်းအားက ကပ်ဘေးလက်နှောင်းပိုင်းအခြေအနေရဲ့အထက်မှာရှိတယ်ဆိုတာ စိတ်ကူးဖို့ မခက်ခဲပါဘူး။

…

သေခြင်းနှင်းလွင်ပြင်က အရိုးခိုက်မတတ်အေးစက်ပြီး ကြောက်စရာကောင်းတဲ့လေအေးက အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို အလွယ်တကူအေးခဲစေနိုင်တယ်။

"ငါ့အရှင်၊ ဒါက သေခြင်းနှင်းလွင်ပြင်ပဲ"

မန်စာရဲ့လည်းပင်က ကျုံ့သွားတယ်။ သေမင်းနှင်းလွင်ပြင်က အေးစက်လွန်းပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်လာတောင်မှ သူက အနည်းငယ်အေးနေတုန်းပါပဲ။

"သေခြင်းနှင်းလွင်ပြင်က တကယ်ကို ထူးခြားတာပါလား" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

မန်စာက ပြောလိုက်တယ်"သေခြင်းနှင်းလွင်ပြင်က အားကောင်းတဲ့နတ်ဘုရားတွေရဲ့စစ်မြေပြင်လို့ပြောကြတယ်။ နတ်ဘုရားတစ်ယောက်က သူ့ရဲ့အေးခဲနှင်းနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး စစ်မြေပြင်ကို ကြောက်စရာကောင်းတဲ့နှင်းလွင်ပြင်အဖြစ် ပြောင်းလဲခဲ့တယ်"

အကြိုနတ်ဘုရားတွေမှာ အားနည်းတာအားကောင်းတာရှိသလို နတ်ဘုရားတွေမှာလဲ ရှိပါတယ်။

"ဒါ့ပြင်" မန်စာက ဆက်ပြောလိုက်တယ်"သေခြင်းနှင်းလွင်ပြင်မှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတယ်လို့ ဒဏ္ဍာရီက ပြောကြတယ်"

"နတ်ဘုရားအသုံးအဆောင်ပစ္စည်းလား" လီဖူချန်းက မေးငေါ့လိုက်တယ်။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လူတစ်ယောက်ကို အကြိုနတ်ဘုရားတစ်ယောက်ဖြစ်စေနိုင်တယ်၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လူတစ်ယောက်ကို နတ်ဘုရားတစ်ယောက်ဖြစ်စေနိုင်လား။

မဟုတ်ဘူး၊ တစ်ယောက်မှ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့နတ်ဘုရားစွမ်းအားကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။

သူတို့က သေခြင်းနှင်းလွင်ပြင်ထဲသို့ ပိုဝေးဝေးသွားလေလေ၊ လေက ပိုအေးလာလေဖြစ်တယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားဖြစ်ကာစမန်စာက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို လှည့်ပတ်ကာ လေအေးရဲ့ကျူးကျော်မှုကို ခုခံလိုက်တယ်။

သူက သေခြင်းနှင်းလွင်ပြင်ထဲရှိ ကပ်ဘေးစွမ်းအားပါဝင်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ရှာဖွေနိုင်ခဲ့တာကို မန်စာထံမှ လီဖူချန်းက သိလိုက်ရတယ်။ အဓိကအကြောင်းကတော့ နှစ်ဆယ်သန်းပြည့်တိုင်း သေခြင်းနှင်းလွင်ပြင်က သာမန်အခြေအနေသို့ ပြောင်းပြီး သာမန်အကြိုနတ်ဘုရားတွေက ဝင်ရောက်နိုင်လို့ပဲ။

ဒါပေမယ့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းပတ်လည်ရှိပတ်ဝန်းကျင်က အလွန်ကြမ်းတမ်းတယ်။ မန်စာက အဝေးကနေသာ ကြည့်ခဲ့ရတယ်၊ သူက မချဉ်းကပ်ရဲခဲ့ပါဘူး။

ဟူး ဟူး ဟူး ဟူး ....

လေအေးက ဓားတစ်လက်ပမာ ကြမ်းတမ်းရက်စက််စွာနဲ့ သူတို့နှစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ဖြတ်တောက်နေတယ်။

မန်စာက အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး အကြိုနတ်ဘုရားစွမ်းအားကို စုပ်ယူရင်း ပြောလိုက်တယ်"ငါ့အရှင်၊ ငါတို့ မကြာခင် ရောက်တော့မယ်"

လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။ အဝေးမှ လီဖူချန်းက ရေကန်တစ်ခုထဲမှာ ရွှေချပ်ဝတ်တစ်ခုကို တွေ့လိုက်ရတယ်။

သံသယရှိစရာမလိုဘဲ ဒီရွှေချပ်ဝတ်က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အားကောင်းတဲ့အကြိုနတ်ဘုရားစွမ်းအားပါဝင်တာအပြင် ၎င်းမှာ ကပ်ဘေးစွမ်းအားလဲ ပါဝင်တယ်။

တစ်ဆယ်ရာခိုင်နှုန်း၊ မဟုတ်ဘူး၊ ဒီရွှေချပ်ဝတ်မှာ ကပ်ဘေးစွမ်းအားငါးရာခိုင်နှုန်းရှိသရွေ့ သူက ကပ်ဘေးလက်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ တွန်းပို့နိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

ရေကန်ဘေးနားမှာ မန်စာက ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေတယ်။ သူ့ရဲ့ဆံပင်နဲ့မျက်ခုံးကို နှင်းခဲတွေ ဖုံးသွားတော့တယ်။

ပလွတ်......

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ရေကန်ထဲသို့ ငါးတစ်ကောင်ပမာ ဒိုင်ပင်ထိုးဆင်းသွားတော့တယ်။

လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်ကို ရောက်ရှိနေပေမယ့် ရေကန်ရဲ့ရေအေးကြောင့် လျင်မြန်စွာ ကုန်ဆုံးလာနေတယ်။

တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း......

ရေကန်ထဲရှိအေးစက်တဲ့ချီက လီဖူချန်းထင်တာက် ပိုကြောက်စရာကောင်းတယ်။ အကွာအဝေးတစ်ဝက်ကို မရောက်ခင် လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက တစ်ဝက်ကျော်ကျော်လျော့ကျသွားတယ်။

သူက ရွှေချပ်ဝတ်မှ အကွာ‌အဝေးတိုတစ်ခုလောက်ပဲ ကွာဝေးတော့အခါ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက အပြည့်အဝကုန်ဆုံးသွားတယ်။ သူ့ရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက လိမ့်တက်လာတယ်။

မကြာမီမှာတော့ လီဖူချန်းက ရွှေချပ်ဝတ်ကို ရရှိခဲ့တယ်။

ရေကန်မှ ထွက်ပြီးနောက် လီဖူချန်းက နှင်းလွင်ပြင်မြို့ကို ချက်ချင်းမပြန်ခဲ့ပါဘူး။ ကပ်ဘေးလက်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ ချိုးဖြတ်နိုင်ဖို့အတွက် ရွှေချပ်ဝတ်ထဲရှိကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ ပြင်ဆင်ထားတယ်။

မန်စာကတော့ လီဖူချန်းရေကန်ထဲဝင်သွားကတည်းက သူက ထွက်သွားပြီ။ ရေကန်က အေးလွန်းပြီး သူက အချိန်အကြာကြီးမတောင့်ခံနိုင်ပါဘူး။ ဒါ့ပြင် သူက လီဖူချန်းကို ရွှေချပ်ဝတ်ဆီ ခေါ်လာပေးခဲ့ပြီဖြစ်တာကြောင့် လီဖူချန်းနောက်ကို လိုက်စရာမလိုတော့ပါဘူး။

ရွှေချပ်ဝတ်ရဲ့ပုံစံက ရိုးရိုးစင်းစင်းပါပဲ။ လက်ထဲမှာ ကိုင်လိုက်တဲ့အခါ ၎င်းက မဖျက်ဆီးနိုင်၊ မချိုးဖြတ်နိုင်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။

လီဖူချန်းက ရွှေချပ်ဝတ်ထဲရှိကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ စဉ်းစားနေစဉ်မှာ ပြင်းထန်တဲ့ရွှေရောင်အလင်းတစ်ခုက ရွှေချပ်ဝတ်မှ ထွက်လာပြီး လီဖူချန်းကို ဝန်းရံသွားတယ်။ ၎င်းက လိီဖူချန်းကို ကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ အခွင့်အရေးတောင် မပေးဘူး။

အနေအထားကို မြင်ပြီးနောက် လီဖူချန်းရဲ့အမူအရာက ပြောင်းသွားတယ်။

ဒါပေမယ့် မကြာမီမှာပဲ သူ့ရဲ့အမူအရာက တည်ငြိမ်သွားတယ်။

ကပ်ဘေးလက်ရဲ့အဆင့်ကို တိုးမြင့်ဖို့ဆိုရင် ကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ မလိုပါဘူး။ ရွှေချပ်ဝတ်ရဲ့အသိအမှတ်ပြုတာနဲ့ အတူတူပါပဲ။

ရွှေချပ်ဝတ်ရဲ့စွမ်းအားက အလွန်ထူးခြားတယ်။ အဲဒါက အကြိုနတ်ဘုရားစွမ်းအားနဲ့ကပ်ဘေးစွမ်းအားတို့ရဲ့ရောနှောမှုတစ်ခုဖြစ်တယ်။ လီဖူချန်းက အဲဒါကို အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားလို့ ခေါ်လိုက်တယ်။

လီဖူချန်းရဲ့အမြင်အရ ကပ်ဘေးစွမ်းအားနဲ့အကြိုနတ်ဘုရားစွမ်းအားက ကျင့်ကြံသူတစ်‌ယောက်နဲ့အကြိုနတ်ဘုရားတစ်ယောက်ကြားခြားနားချက် ဒါမှမဟုတ် သာမန်စွမ်းအားနဲ့အကြိုနတ်ဘုရားစွမ်းအားကြားခြားနားချက်ဖြစ်တယ်။

ကပ်ဘေးစွမ်းအားက စကြာဝဠာရဲ့ကပ်ဘေးစွမ်းအားဖြစ်ပြီး အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက အဆင့်ပိုမြင့်တဲ့ကပ်ဘေးစွမ်းအားဖြစ်တယ်။

အရှေ့တစ်ခုက အကန့်အသတ်ရှိပြီး အနောက်တစ်ခုက အဆင့်ပိုမြင့်တဲ့ကပ်ဘေးစွမ်းအားရဲ့စမှတ်ဖြစ်တယ်။

ဒါပေမယ့် နှစ်ခုလုံးက ကပ်ဘေးစွမ်းအားဖြစ်တာကြောင့် တူညီမှုတွေရှိတယ်။ သို့မဟုတ်ရင် လီဖူချန်းက ထိုကပ်ဘေးစွမ်းအားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှ ကပ်ဘေးစွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်မှာမဟုတ်ဘူး။

ဘေးကင်းဖို့အတွက် ရွှေချပ်ဝတ်မှ ကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ လီဖူချန်းက ပြင်ဆင်ထားတယ်။ ကပ်ဘေးလက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ ချိုးဖြတ်သွားတာနဲ့ ရွှေချပ်ဝတ်ရဲ့အသိအမှတ်ပြုခြင်းကို လက်ခံမာလားကို စဉ်းစားရမှာပါ။

ရွှေချပ်ဝတ်က ဒီလောက်ဖိနှ်ိပ်နိုင်မယ်လို့ လီဖူချန်းက မမျှော်လင့်ထားခဲ့ဘူး၊ ၎င်းက သူ့ကို ကပ်ဘေးစွမ်းအားစုပ်ယူခွင့်တောင် မပေးဘူး။

ဒါပေမယ့် ဒါလဲပဲ ကောင်းပါတယ်။ အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက အဆုံးမှာတော့ အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားတစ်ခုပါပဲ။ ၎င်းက ကပ်ဘေးစွမ်းအားထက် တစ်ဆင့်ပိုမြင့်ပြီး အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ရှိကပ်ဘေးခက်ထက် သေချာပေါက် ပိုသန်မာတယ်။

ရွှေရောင်အလင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ ထိတွေ့သွားတဲ့အခါ ကြောက်စရာကောင်းတဲ့ချီတည်ရှိမှုက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတယ်။

…

"ကပ်ဘေးလက်က နောက်ဆုံးတော့ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိလာပြီပေါ့"

လီဖူချန်းက သူ့မျက်လုံးကို ဖွင့်လိုက်ရာ ကြောက်စရာကောင်းတဲ့အလင်းတစ်ခုက လက်သွားတယ်။

ကပ်ဘေးလက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်သွားတဲ့အခါ သူ့ကပ်ဘေးစွမ်းအားရဲ့အရည်အသွေးဖြစ်စေ၊ ပမာဏဖြစ်စေ၊  ဆယ်ဆပိုတိုးလာတယ်။ ဒါပေမယ့် အခု သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က အဆင့်မြင့်စကြာဝဠာရတနာတွေကို ကျော်ဖြတ်သွားပြီ။ ကပ်ဘေးစွမ်းအားမကုန်ဆုံးခင်အထိ အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ကတောင် သူ့ရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ဘူး၊ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို မကုန်ဆုံးစေနိုင်ဘူးလို့ လီဖူချန်းက ယုံကြည်တယ်။

ဒါပေမယ့် ကပ်ဘေးစွမ်းအားကို ဘေးဖယ်ထားရင်တောင် လီဖူချန်းရဲ့ခန္ဓာကိုယ်က အဆင့်မြင့်စကြာဝဠာရတနာတွေလောက် မာ‌ကျောနေပြီသားပဲ။

"အသိအမှတ်ပြုတာက မပြီးသေးဘူး။ အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက ဘယ်လောက်တောင် အားကောင်းမလဲ"

ကပ်ဘေးလက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ချိူးဖြတ်သွားတဲ့အခါ တစ်ဆို့မှုမရှိလုနီးပါးပဲ။ လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားအတွက်ကတော့ ရွှေချပ်ဝတ်ရဲ့အသိအမှတ်ပြုပြီးနောက် အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားအဖြစ်သို့ အပြည့်အဝမပြောင်းနိုင်ခဲ့ပါဘူး။

"ဒါ အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားလား"

သူ့ခန္ဓာကိုယ်ထဲရှိကပ်ဘေးစွမ်းအားက အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားအဖြစ် ပြောင်းခဲ့တာကြောင့် လီဖူချန်းက အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားအပေါ် နက်နက်ရှိုင်းရှိုင်းနားလည်လာတယ်။

အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက ကပ်ဘေးစွမ်းအားရဲ့ပိုမြင်မားတဲ့အဆင့်‌တစ်ခုဆိုတာ သေချာ‌တယ်။ ဒါက နတ်ဘုရားစစ်မြေပြင်မှာဆိုတာ ကံကောင်းတယ်။ ဒါက ခွင်းဝူစကြာဝဠာမှာဆိုရင် အကြိုနတ်ဘုရကပ်ဘေးစွမ်းအားက ဘေးအန္တရာယ်တစ်ခုကို ဖြစ်စေဖို့ လုံလောက်တယ်။

မကြာမီမှာ‌တော့ အသိအမှတ်ပြုခြင်းက အပြီးသတ်သွားပြီး လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ရဲ့မာ‌ကျောမှုကလဲ အကြီးအကျယ်တိုးလာပြီး အဆင့်မြင့်စကြာဝဠာရတနာကို ကျော်လွန်သွားတယ်လို့ ယူဆခဲ့တယ်။

"ထာဝရနတ်ဘုရားက ဘယ်လိုဖြစ်လို့ အသတ်ခံလိုက်ရတာလဲမသိ"

ဒါက အရမ်းထူးဆန်းတယ်လို့ လီဖူချန်းက ခံစားမိတယ်။ ထာဝရလက်အိတ်ရှိတဲ့ထာဝရနတ်ဘုရားက သူ့ရဲ့ကပ်ဘေးစွမ်းအားက အကြိနတ်ဘုရားကပ်ဘေးစွမ်းအားအဖြစ် ပြောင်းလဲထားပြီးပဲဖြစ်မယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး၊ သူ့ကို ပထမတန်းစားအဆင့်အကြိုနတ်ဘုရားဒါဇင်ကျော်ဝန်းရံသတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။

All Chapters