← Chapters

အဆုံးသတ်တိုက်ပွဲ

Vol. 76 Ch. 1072

အဆုံးသတ်တိုက်ပွဲ

Vol. 76 Ch. 1072

ပလွတ်......

အကြိုနတ်ဘုရားစွမ်းအားကို အသက်သွင်းလျက် လီဖူချန်းက ရေကန်ထဲသို့ ချက်ချင်းခုန်ချသွားတယ်။

"အေးတယ်။ ငါ ဘာတစ်ခုမှ မခံစားရဘူး"

ကပ်ဘေးလက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ ချိုးဖြတ်သွားပြီးနောက် ကပ်ဘေးစွမ်းအားက အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ လီဖူချန်းရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မာကျောမှုက မသိနိုင်တဲ့ပမာဏတစ်ခုအထိ တိုးလာတယ်။ ရေကန်ထဲမှာ နေတဲ့အခါ သူက ဘာတစ်ခုကိုမှ မခံစားမိသလို စွမ်းအင်တစ်ခုမှ မသုံးစွဲခဲ့ဘူး။

"ပြန်သွားဖို့အချိန်ပဲ"

တိုက်ခိုက်ရေးခွန်အားအရ လီဖူချန်းက အများကြီးမတိုးလာပေမယ့် အလုံးစုံခွန်အားအရ အနည်းဆုံးအဆဒါဇင်ပိုသန်မာလာတယ်။ လက်ရှိ သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်တို့လို့ တည်ရှိမှုတွေကို အလွယ်တကူ ဖယ်ရှားနိုင်နေပြီ။

…

ခွင်းဝူစကြာဝဠာ။

လူတိုင်းက အထိတ်တလန့်ဖြစ်နေကြတော့တယ်။

အတိတ်မှာ လှုပ်လှုပ်ရှားရှားသိပ်မရှိခဲ့တဲ့နတ်ဘုရားမျိုးနွယ်က လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်ကစပြီး လှုပ်ရှားမှုတွေ အဆမတန်များပြားလာတယ်။ သူတို့က အခြားမျိုးနွယ်တွေကို သတ်ဖြတ်လုယက်ရုံတင်မက နေရာအမျိုးမျိုးရှိအပျက်အဆီးတွေ၊ အန္တရာယ်နယ်မြေတွေကို စိုးမိုးလာခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်အတွင်း အပျက်အဆီးနယ်မြေများစွာကို သိမ်းပိုက်လာခဲ့ပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို ရရှိလာခဲ့တယ်။

ရေနတ်ဘုရားအုတ်ဂူ။

ဝုန်း......

ရေနတ်ဘုရားအုတ်ဂူတစ်ခုလုံးက ပျက်ဆီးသွားတယ်။ ကြောက်စရာကောင်းတဲ့လှိုင်းဂယက်တွေက ဘယ်အထွတ်အထိပ်အကြိုနတ်ဘုရားကိုမဆို သတ်ဖြတ်ဖို့လုံလောက်တယ်။

ပုံရိပ်တစ်ခုက အဖျက်အဆီးလှိုင်းတွေကြားမှာ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေတယ်။

"ဘယ်လို‌‌တောင်ကြီးကျယ်တဲ့ရေနတ်ဘုရားလဲ။ ငါက သာမန်ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ယောက်ပဲဆိုရင် ဒဏ်ရာအပြင်းအထန်ရသွားလောက်ပြီ"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သုံးခွမှိန်းကို ဆုတ်ကိုင်ထားလျက် သူ့မျက်လုံးတွေက စူးရှတောက်ပနေတော့တယ်။

ဒီသံမဏိသုံးခွမှိန်းက ရေနတ်ဘုရားသုံးခွမှိန်းဖြစ်ပြီး လူတိုင်းအိမ်မက်မက်ခဲ့ကြတဲ့အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

နှစ်ပေါင်းမရေမတွက်များစွာကြာ လူပေါင်းများစွာက ရေနတ်ဘုရားအုတ်ဂူထဲကို ဝင်ရောက်ခဲ့ပေမယ့် တစ်ယောက်မှ ရေနတ်ဘုရားသုံးခွမှိန်းကို မယူနိုင်ခဲ့ဘူး။ သူတို့က မြင်ဖို့ အခွင့်အရေးတောင် မရှိခဲ့ဘူး။

ဒါပေမယ့် အခု ရေနတ်ဘုရားသုံးခွမှိန်းက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့လက်ထဲသို့ အလွယ်တကူရောက်ရှိလာတယ်။

ရေနတ်ဘုရားသုံးခွမှိန်းကို သိမ်းပြီး‌ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သေမင်းနတ်ဘုရားရေကန်ရှိရာဦးတည်ဘက်သို့ ကြည့်လိုက်တယ်။

"သေမင်းနတ်ဘုရား"

‌အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက တလက်လက်ဖြစ်သွားတယ်။

စကြာဝဠာတစ်ခုလုံးမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအများဆုံးရှိတာ သေမင်းနတ်ဘုရားရေကန်ပါပဲ။ ဒါပေမယ့် သေမင်းနတ်ဘုရားရေကန်က စကြာဝဠာတစ်ခုလုံးရဲ့အန္တရာယ်အများဆုံးနေရာပါပဲ။

အဆုံးမှာ ‌အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ‌သေမင်းနတ်ဘုရားရေကန်သို့ မသွားခဲ့ဘူး။

သူက သေမင်းနတ်ဘုရားရေကန်ကို ကြောက်လို့တော့ မဟုတ်ဘူး။

သူ ခွင်းဝူစကြာဝဠာကို စုစည်းပြီးတာနဲ့ သေမင်းနတ်ဘုရားကို စိန်ခေါ်မှာပါ။

လက်ရှိမှာတော့ အချိန်ဖြုန်းဖို့မလ်ိုပါဘူး။

သူ့အကြည့်ကို သေမင်းနတ်ဘုရားရေကန်မှ ပြောင်းကာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ထာဝရကြယ်ကို ကြည့်လိုက်တယ်။

သူ့မျက်လုံးထဲမှာ ပုံရိပ်တစ်ခုက ထာဝရကြယ်ရဲ့ဗဟိုချက်မှာ အိပ်ပျော်နေတယ်။

ထာဝရစစ်တပ်ရဲ့ခေါင်းဆောင်- ထာဝရဘုရင်။

ဝှစ်.......

ရောက်လာ‌တော့မယ့်အန္တရာယ်ကို ခံစားမိပုံရတယ်၊ အိပ်ပျော်နေတဲ့ထာဝရဘုရင်က ချက်ချင်း ပျောက်ကွယ်သွားပြီး စကြာဝဠာကျုံးဆီ ပျံသန်းသွားတယ်။

"မင်း ထွက်ပြေးနိုင်မယ် ထင်နေတာလား"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က နှာခေါင်းရှုံ့လိုက်ပြီး အဆုံးမဲ့ကြယ်ပိုင်နက်တွေကို ဖြတ်ကာ ထာဝရဘုရင်ကို ဆုတ်ကိုင်လိုက်တယ်။

"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ ငါ မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ မင်း ဘာလို့ ငါ့ကို ပစ်မှတ်ထားနေတာလဲ"

ထာဝရဘုရင်က သူ့ရဲ့စွမ်းရည်အားလုံးကို အသုံးပြုကာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့လက်သည်းကို ရှောင်တိမ်းလိုက်တယ်။

"အဲမှာပဲ ရပ်နေစမ်း"

အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တယ်၊ နေရာလပ်ကိုယ်တိုင်က ဘေးသို့ တွန်းထုတ်လိုက်တယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ထာဝရဘုရင်ကြားအကွာအဝေးက အဆတစ်ရာကျုံ့သွားတယ်။ နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်ကြားမှာ ကြယ်ပိုင်နက်တစ်ခုသာ ခြား‌တော့တယ်။

"သေစမ်း"

ရိုက်ချက်တစ်ချက်နဲ့အတူ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ကြယ်ပိုင်နက်တစ်ဝက်ကိုဖုံးလွှမ်းသွားတဲ့လက်ဝါးအမှတ်အသားက ပျံသန်းလာပြီး ထာဝရဘုရင်ကို ဆုတ်ကိုင်လိုက်တယ်။

နောက်အခိုက်အတန့်မှာ ထာဝရဘုရင်က ပြာကျသွားပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုံအပုံတစ်ခုကို ချန်ထားရစ်တော့တယ်။

…

"ဟားဟား၊ ပျောက်ကွယ်သွားကြစမ်း"

ကျယ်ပြောတဲ့ကြယ်ကောင်းကင်မှာ မြို့တွေက တစ်ခုပြီးတစ်ခု ပျက်ဆီးယိုယွင်းနေတယ်။

မြို့ထဲရှိအသက်ပေါင်းမရေမတွက်များစွာက ချက်ချင်း ဆုံးရှုံးသွားတယ်။

နတ်ဘုရားမျိုးနွယ်က စကြာဝဠာကို စုစည်းချင်ရင် မျိုးနွယ်အမျိုးမျိုးရဲ့အကြိုနတ်ဘုရားတွေကို သတ်ဖြတ်ရုံနဲ့ မလုံလောက်ဘူး။ နတ်ဘုရားမျိုးနွယ်က ဘယ်လောက်‌တောင် ကြောက်စရာကောင်းသလဲကို အခြားမျိုးနွယ်ကို သိခွင့်ပေးရမယ်။

အခြေခံအားဖြင့် ကြယ်ပိုင်နက်တိုင်းမှာ စကြာဝဠာမြို့တစ်မြို့က ပျက်ဆီးနေခဲ့တယ်။

ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်.....

လီဖူချန်းနေထိုင်ခဲ့တဲ့အံ့ဖွယ်သစ်ရွက်မြို့က ဆုတ်ပြဲသွားတယ်။ နောက်အခိုက်အတန့်မှာ ဖုန်မှုန့်တွေအဖြစ် လွင့်မျောသွားတော့တယ်။

"ဒါက နတ်ဘုရားမျိုးနွယ်ကို ရန်စခြင်းရဲ့တန်ဖိုးပဲ"

အံ့ဖွယ်သစ်ရွက်မြို့ကို ဖျက်ဆီးခဲ့တဲ့သူက နတ်ဘုရားမျိုးနွယ်ရဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတစ်‌ယောက်ဖြစ်တယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာသစ်ရွက်က လျင်မြန်စွာ ကျုံ့လာပြီး သူ့လက်ထဲသို့ ကျရောက်လာတော့တယ်။

…

နက်ပြာပလိန်းရဲ့ငြိမ်းချမ်းမှုတွေက မရှိတော့ပါဘူး။

နတ်ဘုရားမျိုးနွယ်ကောင်းကင်ဘုံအရှင်တွေနဲ့နတ်ဘုရားမျိုးနွယ်ကျွမ်းကျင်သူတွေက ဒီပလိန်းကို အဆက်မပြတ်ရောက်ရှိလာနေတယ်။

အားကောင်းတဲ့နတ်ဘုရားမျိုးနွယ်နဲ့ရင်ဆိုင်ရတဲ့အခါ နက်ပြာပလိန်းက လုံးဝမခုခံနိုင်ခဲ့ဘူး။

…

အကန့်အသတ်မဲ့ကမ္ဘာဦးခရမ်းရောင်ချီထဲမှာ သင်္ဘောနှစ်စင်းက လျင်မြန်စွာ ရွေ့လျားလာနေတယ်။

သင်္ဘောတစ်စင်းမှာ ဓားသမားအစည်းအရုံးနဲ့ဓားမော့မဟာမိတ်ရဲ့အကြိုနတ်ဘုရားတွေရှိပြီး အခြားသင်္ဘောမှာ လီဖူချန်းရဲ့အကြိုနတ်ဘုရားတွေ ပါရှိတယ်။

စကြာဝဠာချောက်နက်က ခွင်းဝူစကြာဝဠာနဲ့အကြိုနတ်ဘုရားနယ်မြေကို ပိုင်းခြားထားတယ်။ ခွင်းဝူစကြာဝဠာမှ အကြိုနတ်ဘုရားနယ်မြေသို့ ခရီးသွားဖို့က လွယ်ကူပေမယ့် ခွင်းဝူစကြာဝဠာမှအကြိုနတ်ဘုရားနယ်မြေသို့ သွားရတာက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာပိုခက်ခဲတယ်။

သူတို့မှာ ပထမတန်းစားအဆင့်သင်္ဘောတွေရှိတာ ကံကောင်းသွားတယ်။

"‌အဆုံးအဖြတ်တိုက်ပွဲက နောက်ဆုံးတော့ ရောက်လာပြီပေါ့"

သင်္ဘောဦးပေါ်မှာ ရန်ချင်းဟူရဲ့အမူအရာက လေးနက်နေတယ်။

ဒီတိုက်ပွဲက လူသားမျိုးနွယ်ရဲ့အသက်ရှင်သန်မှုကို ဆုံးဖြတ်လိမ့်မယ်၊ သူတို့က ရှုံးနိမ့်လို့မရပါဘူး။

"ဒီတိုက်ပွဲပြီးနောက် နတ်ဘုရားမျိုးနွယ်က မတည်ရှိနိုင်တော့ဘူး"

လီဖူချန်းရဲ့အမူအရာက ထူးမခြားနားပါပဲ။

နတ်ဘုရားမျိုးနွယ်မှာ အခြားဝှက်ဖဲတွေရှိပေမယ့် လီဖူချန်းရဲ့မျက်လုံးထဲမှာ နတ်ဘုရားမျိုးနွယ်ရဲ့တိုက်ပွဲရလဒ်က ဆုံးဖြတ်သွားပြီးပြီ။ တကယ်တော့ သူ့ရဲ့ဓားတာအိုကျွမ်းကျင်မှုက လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်ကထက် သိသိသာသာတိုးတက်လာပြီး သူ့ရဲ့စပ်ကြောင်းမဲ့ဓားချီကို ပိုစုစည်းနိုင်ခဲ့တယ်။ သူ့ရဲ့ဓားတာအိုခွန်အားနဲ့တောင် နတ်ဘုရားမျိုးနွယ်ကို အနိုင်ယူဖို့ သူက အတော်လေးယုံကြည်ချက်ရှိတယ်။

ဒါ့ပြင် သူ့ရဲ့ကပ်ဘေးလက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိပြီး သူ့ရဲ့ကပ်ဘေးစွမ်းအားက အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သူက ရပ်နေရင်တောင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားရှစ်ယောက်ဆယ်ယောက်က ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်နိုင်မှာမဟုတ်ဘူးလို့ပြောရင်  မလွန်ပါဘူး။

သာလွန်တဲ့ဓားတာအိုခွန်အားနဲ့သာလွန်တဲ့ခုခံမှုရှိရင် လီဖူချန်းက ကျရှုံးစရာအကြောင်းပြချက်တစ်ခုကိုမှ မစဉ်းစားနိုင်ခဲ့ပါဘူး။

ကမ္ဘာဦးခရမ်းရောင်ချီက ပျောက်ကွယ်သွားပြီး သင်္ဘောနှစ်စင်းက စကြာဝဠာချောက်နက်မှ ထွက်လာတယ်။

"သူတို့က စကြာဝဠာမြို့တွေကို ဖျက်ဆီးနေတာပဲ"

တောက်ပလဓားနတ်ဘုရားရဲ့အမူအရာက ပြောင်းသွားတယ်။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်အနေနဲ့ သူ့ရဲ့အမြင်အာရုံက ကြယ်ပိုင်နက်တစ်ရာအထိ ထိုးဖောက်နိုင်တယ်။ ဒါကြောင့် စကြာဝဠာချောက်နက်က ထွက်လိုက်တာနဲ့ နတ်ဘုရားမျိုးနွယ်အရှင်တွေနဲ့အကြိုနတ်ဘုရားတွေက စကြာဝဠာမြို့တွေကို ဖျက်ဆီးနေတာကို မြင်လိုက်ရတယ်။

"လီဖူချန်း၊ နတ်ဘုရားမျိုးနွယ်က နက်ပြာပလိန်းကို ကျူးကျော်နေတယ်"

ရန်ချင်းဂူရဲ့အမြင်အာရုံက တောက်ပလဓားနတ်ဘုရားထက် ပိုနက်ရှိုင်းတယ်။ သူက နက်ပြာပလိန်းရဲ့အနေအထားကို ချက်ချင်း မြင်လိုက်ရတယ်။

"သေချင်နေတာပဲ"

လီဖူချန်းက ‌ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ထုတ်ပြီး အဆုံးမဲ့ကြယ်ကောင်းကင်နဲ့ကြယ်ပိုင်နက်တွေကို ဖြတ်ကာ နက်ပြာပလိန်းဆီ ခုတ်လွှဲလိုက်တော့တယ်။

နောက်အခိုက်အတန့်မှာ အဆုံးမဲ့ဓားချီက နွေဦးလေပြေနဲ့မိုးပမာ နက်ပြာပလိန်းနဲ့ ပေါင်းစပ်သွားတယ်။

"‌တောက် နတ်ဘုရားမျိုးနွယ်။ မူလအဆုံးစွန်းဓားနတ်ဘုရားပြန်ရောက်လာတာနဲ့ သူ မင်းတို့အားလုံးကို သင်ခန်းစာပေးလိမ့်မယ်"

"သူတို့နဲ့ တိုက်ခိုက်ကြရအောင်။ နတ်ဘုရားမျိုးနွယ်ဆို‌တော့ရော ဘာဖြစ်လဲ။ ငါတို့တွေ နတ်ဘုရားမျိုးနွယ်ရဲ့ကျူးကျော်မှုကို တစ်ကြိမ်ဖယ်ရှားခဲ့ပြီးပြီပဲ"

နက်ပြာပလိန်းမှာ စစ်ပွဲက အချိန်တိုင်း ဖြစ်ပျက်နေတယ်။

အတိအကျပြောရရင် ဒါက စစ်ပွဲမဟုတ်ဘူး၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပဲ။ နတ်ဘုရားမျိုးနွယ်နဲ့ ရင်ဆိုင်ရတဲ့အခါ နက်ပြာပလိန်းမှာ ခုခံဖို့ခွန်အား မရှိခဲ့ဘူး။

"သူတို့အားလုံးကို သတ်။ တစ်ယောက်တစ်လေတောင်မှ မချန်ထားနဲ့"

နတ်ဘုရားမျိုးနွယ်ရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းကြောင့် နီရဲနေပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ထိုးတက်လာတယ်။

နက်ပြာပလိန်းရှိလူတိုင်းက စိတ်ပျက်အားငယ်နေတဲ့အခိုက် ကြည်လင်သာယာတဲ့ဓားမြည်သံတစ်ခုက ထွက်ပေါ်လာတယ်။

"မြန်မြန်ကြည့်ကြစမ်း"

သူတို့ထဲကတစ်ယောက်က ကောင်းကင်သို့ ညွှန်ပြလိုက်တယ်။

ကောင်းကင်မှာ ဓားချီက မိုးပမာ ကျဆင်းလာနေတယ်။ နတ်ဘုရားမျိုးနွယ်ရဲ့ဧကရာဇ်တွေ၊သူတော်စင်တွေ၊ကောင်းကင်ဘုံအရှင်တွေဒါမှမဟုတ်အကြိုနတ်ဘုရားတွေဖြစ်ပစေ၊ ဓားချီနဲ့အတွေ့မှာ သူတို့ရဲ့ခန္ဓာကိုယ်က စက္ကူပမာ ဖြစ်သွးရှာတယ်။ သူတို့က ဇကာပေါက်တွေ ဖြစ်သွားပြီး အပြီးအတိုင်ပျောက်ကွယ်သွားကြတယ်။

ချက်ချင်းပဲ နက်ပြာပလိန်းမှာ နတ်ဘုရားကလန်သားတစ်ယောက်မှ မရှိတော့ပါဘူး။

All Chapters