← Chapters

မိစ္ဆာ အယူဝါဒ…

Vol. 47 Ch. 691

မိစ္ဆာ အယူဝါဒ…

Vol. 47 Ch. 691

ဆန်နီဟာ..နိုတစ်သူ့ကို ပြောတဲ့ အချက်အလက်တွေကိုတွေးတောရင်း တစ်ခနလောက် ငြိမ်သက်နေခဲ့တယ်..။ယဇ်ပုလ္လင်ကျွန်းးက တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့ပါတယ်..။ရေကန်ကလည်း..အမှောင်ထုတွေ ကြားထဲမှာ လရောင်ကို အလင်းပြန်နေခဲ့တယ်..။ရှေးဟောင်းသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေကလည်း သူ့ရဲ့ ခေါင်းပေါ်မှာ ညှင်သာစွာ လှုပ်ခတ်နေပါသေးတယ်..။

‘သူမက ကိုးကွယ်ခြင်း ခံခဲ့ရလို့…’

သူ နှာခေါင်းရှုတ်လိုက်ပြီး တစ်ဖက်ကို လှည့်လိုက်တယ်..။အကြောင်းပြချက်တစ်ချို့ကြောင့် သူ့စိတ်ထဲမှာ စိတ်ပျက်နေသလို ခံစားနေခဲ့ရပါတယ်..။အတော်ကြာပြီးကာမှ သူက နက်မှောင်တဲ့ လေသံနဲ့…

“ဒီတော့..ဘာဖြစ်လဲ..။ဒါ အကုန်ပဲလား..။နေနတ်ဘုရားက မနာလို ဖြစ်သွားတာပေါ့..”

မှော်ဆရာက သူ့ကို ကြည့်ပြီး တစ်ခနလောက်တွေဝေနေခဲ့တယ်..။ယင်းနောက် ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ပြီး..

“မဟုတ်ဘူး..မဟုတ်ဘူး..သူက မနာလိုမဖြစ်ခဲ့ဘူး..”

နိုတစ် တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်..။

“နတ်ဘုရားတွေက ဒဲလ်မွန်တွေကို ဘယ်တုန်းကမှ..မမုန်းတီးခဲ့ကြဘူး..။အမှန်တော့ သူတို့ကြားက ဆက်ဆံရေးကအတော်လေးကို ရင်းနှီးကြတယ်လို့တောင် ပြောလို့ရတယ်..။ရှေးဦးကာလက တိုက်ပွဲတွေမှာ ဆိုရင်လည်း..သူတိုက ကျူးကျော်သူတွေကို ..လက်ချင်းတွဲပြီး တိုက်ခိုက်ကြသေးတယ်လေ..”

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

“နတ်ဘုရားတွေက သေမျိုးလူသားတွေ ဘယ်အရာကို ကိုးကွယ်ကြလဲ..ဘယ်သူ့ကို ကိုးကွယ်ကြလဲ ဆိုတာကိုလည်း ဂရုမစိုက်ကြဘူး..။အာ..အဲ့မတိုင်ခင်တုန်းက..ကိုးကွယ်မူ ဘာသာတရားတွေက အမျိုးစုံပဲ..။သူတို့ကိုယ်သူတို့ နတ်ဘုရားပါလို့ ပြောကြတဲ့ အုပ်ချုပ်သူတွေလည်း ရှိတယ်..။သားရဲတွေ ၊ ဝိဉာဉ်တွေ အတွက် ဘုရားကျောင်းတွေ ဆောက်ပေးပြီး ကိုးကွယ်ကြတဲ့ လူတွေလည်း ရှိတယ်..။ကျောက်တုံးတွေကို ကိုးကွယ်ကြတဲ့ ငတုံးတွေလည်း ရှိသေးတာပဲ..။ဒါမှမဟုတ်..ပျက်ပြားခြင်း အဆင့် သားရဲကိုတောင် ကိုးကွယ်ကြသေးတယ်..။လနတ်ဘုရားတို့..မင်း စိတ်ကူးကြည့်စမ်းပါဦး..။ဒါပေမဲ့ နတ်ဘုရားတွေကတော့ လုံးဝကို စိတ်မရှိခဲ့ကြဘူးလေ..”

မှော်ဆရာက ကောင်းကင်ကို ကြည့်လိုက်ပြီး ခနလောက်တွေးကာ..ပြောလာခဲ့တယ်..။

“ဒါပေမဲ့ မျှော်လင့်ချက် မတိုင်ခင်အချိန်အထိ လူတွေက ဒဲလ်မွန်တစ်ကောင်ကို ဘယ်တုန်းကမှ မကိုးကွယ်ခဲ့ကြဘူးလေ..။ဒဲလ်မွန်တွေ..မင်းသိတယ်မလား..သူတို့က သဘာဝအရ..ဖမ်းရခက်ခဲပြီး..တစ်ကိုယ်တည်းနေတတ်တဲ့ သူတွေပဲ…။အကြီးဆုံးဖြစ်တဲ့..ကံတရား စီရင်မူ နတ်ဆိူး..ဝီဗာ ဆိုရင် အတော်လေးကို ဆန်းကျယ်ပြီး အလိမ်အညာတွေနဲ့ ဖုံးလွှမ်းနေခဲ့တာ..။ပြီးတော့ မြေအောက်ကမ္ဘာရဲ့ အမှောင်ထုထဲမှာပဲ တစ်ယောက်တည်းနေတတ်တဲ့ အငယ်ဆုံးလေး..ကံကြမ္မာနတ်ဆိုး..နီသာ လည်း ရှိနေသေးတယ်..။မေ့ပျောက်ခြင်း နတ်ဆိုး ဆိုတာလည်း ရှိသေးတယ်..သူ့နာမည်ကိုတော့ အချိန်အတော်ကြာကတည်းက မေ့သွားခဲ့ကြပြီ..”

ဆန်နီ ဂရုတစိုက်နားထောင်ရင်း သူရရှိလာတဲ့ အချက်အလက်တွေကို သေချာစုပ်ယူနေခဲ့တယ်..။သူက သေချာဆုပ်ကိုင်ထားတဲ့ မြစိမ်းရောင် အဆောင်ကို လက်ကနေ လွှတ်လိုက်ပြီး သူ့ကို ချည်နှောင်ထားတဲ ကြိုးကနေသာ တွဲလောင်း ကိုင်ဆောင်ထားခဲ့ပါတယ်..။ဒါကြောင့် သူ့အတွေးတွေက အခုဆိုရင် သီးသန့်ဖြစ်ပြီး လွတ်လပ်သွားခဲ့ပါပြီ..။

‘ဟင်..ဒီတော့ မြေအောက်ကမ္ဘာရဲ့ မင်းသား နာမည်က အမှန်တော့ နီသာ ပေါ့..။ဘယ်ဟာက အရင်ဖြစ်တည်လာတာလဲ..သူ့ရဲ့ နာမည်လား,..ဘွဲ့နာမည်လား..။ပြီးတော့ သူက ကံကြမ္မာရဲ့ နတ်ဆိုးလည်း ဖြစ်နေသေးတယ်..။ခနလေး..ကံတရား နဲ့ ကံကြမ္မာနဲ့က အတူတူပဲ မဟုတ်ဘူးလား..။မတူဘူးလို့တော့ ထင်တာပဲ..။ဘာပဲဖြစ်ဖြစ်..ကံကြမ္မာဆိုတာက ကိုယ့်ကံကြမ္မာကိုယ် ရွေးချယ်ခွင့်ရှိနေသေးတယ်လေ..။ဒီတော့ အမှန်တကယ်တော့ သူက ရွေးချယ်မူ နတ်ဆိုးလား..”

သူ့အတွေးတွေက မှော်ဆရာရဲ့ အတိတ်ကို လွမ်းဆွတ်တဲ့အသံကြောင့် ဖြတ်တောက်ခြင်းခံခဲံရပါတယ်..။

“..ပြီးတော့ တစ်ခြားသူတွေလည်း ရှိသေးတယ်..။သူတို့တစ်ယောက်ချင်းစီက ကပ်ဆိုး နဲ့ ပျက်စီးမူတွေကို ကိုယ်စားပြုကြတဲ့သူတွေပဲ..။တစ်ယောက်ချင်းစီတိုင်းက ဆန်းကျယ်မူ ၊ ထိပ်လန့်မူ ၊ ဝေးကွာမူ တွေနဲ့ပြည့်နှက်နေကြတာ..။နောက်တော့..အလိုဆန္ဒ နတ်ဆိုးက ..ငါတို့ သေမျိုးလူသားတွေကြားထဲမှာ လာရောက်နေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး..မျှော်လင့်ချက်လို့ လူသိများလာခဲ့တယ်လေ..။သူမက ဒီနေရာမှာ ကိုယ်ပိုင် နိုင်ငံတစ်ခုကို တည်ထောင်ပြီးနောက်မှာ လူတွေက သူမကို ချစ်ခင်လာခဲ့ကြတယ်..။ပြီးတော့ အဲဒီ မကြာခင်မှာပဲ..သူတို့က သူမကို စတင်ပြီး ကိုးကွယ်လာခဲ့ကြတယ်လေ..”

နိုတစ် ခနလောက်ရပ်တန့်နေပြီးကာမှ သူ့မျက်နှာက နက်မှောင်လာခဲ့ပြီး..

“ပြီးတော့ အဲ့အချိန်မှာပဲ..နတ်ဘုရားတွေက ဒဲလ်မွန်တွေနဲ့ ရင်းနှီးပြီး..လူသားတွေက သားရဲတွေ ၊ ဝိဉာဉ်တွေ ၊ ကျောက်တုံးတွေကို ကိုးကွယ်တာကို ဂရုမစိုက်သည့် တိုင်အောင်..ဒဲလ်မွန်တစ်ယောက်ကို ကိုးကွယ်တာကိုတော့ လက်မခံကြဘူးဆိုတာကို ငါတို့ သိလာခဲ့ရတယ်..။သူတို့က လုံးဝကို မနှစ်သက်ခဲ့ကြဘူးလေ..။ဒီတော့ အလင်းနတ်ဘုရားက သူ့ရဲ့ မီးတောက်တွေကို သေမျိုးကမ္ဘာကို ယူဆောင်လာခဲ့ပြီး အားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်..”

ဆန်နီ မျက်မှာင်ကျုတ်လိုက်ပြီး ..မသက်မသာ ခံစားချက်က သူ့ရဲ့ နှလုံးသားထဲ ဝင်ရောက်လာသလို ခံစားလိုက်ရပါတယ်..။သူက သူ့ရဲ့ အိပ်မက်ဆိုးတွေထဲက တစ်ခုကို ပြန်မှတ်မိလိုက်တာကြောင့် ကျောချမ်းသွားခဲ့တယ်..။

“ဒါပေမဲ့ ဘာလို့လဲ..”

မှော်ဆရာက သူ့ကို အနည်းငယ် အံ့ဩသင့်စွာ ကြည့်လိုက်ပြီး..ပုခုံးတွန့်လိုက်ပါတယ်..။

“ဘယ်သူသိမှာလဲ..။နတ်ဘုရားတွေပဲ သိကြမယ်ထင်တယ်..။ပြီးတော့ ဒဲလ်မွန် တစ်ယောက် ၊ နှစ်ယောက်လည်း သိမှာပဲ..။ငါကတော့..မျှော်လင့်ချက်တောင် သူလုပ်မိတဲ့ အမှားကို သိပါ့မလားလို့ သံသယဖြစ်မိတယ်..ဒါပေမဲ့ အခုလောက် ဆိုရင်‌ေတာ့ သူမ သိနေလောက်ပါပြီ..။ဘာပဲဖြစ်ဖြစ်..သူမက အကျဉ်းချခံရပြီးတဲ့နောက်မှာ..ဒဲလ်မွန်တစ်ကောင်ကို ကိုးကွယ်တဲ့ အကြံဉာဏ်က..မိစ္ဆာဒိဠိ အယူဝါဒ တစ်ခုဖြစ်လာခဲ့တယ်လေ..”

နိုတစ်က ရုတ်တရက် ရယ်မောလိုက်ပြီး..

“ဘယ်လို ထူးဆန်းတဲ့ စကားလုံးမျိုးလဲ…မိစ္ဆာဒိဠိ..။မင်း အဲလို မထင်ဘူးလား..။ငါ ငယ်ငယ်တုန်းက ဆိုရင် ဒီလို စကားလုံးက ရှိတောင် ရှိမနေသေးဘူး သိရဲ့လား..။ဒါပေမဲ့ အဲဒီနောက်မှာ ..ကိုးကွယ်ယုံကြည်မူ ခြောက်ခုက ရုတ်တရက် ဆိုသလိုပဲ ဒဲလ်မွန်ကို ကိုးကွယ်တဲ့ လူတွေကို အပြစ်သားတွေ.. ရွံစရာ ကပ်ဆိုးကို ဖြန့်ဝေနေတဲ့ တိစ္ဆာန်တွေလို ဆက်ဆံခဲ့ကြတယ်..။ပြီးတော့ မိစ္ဆာအယူအဆတွေလည်း ဖြစ်ပေါ်လာခဲ့တယ်လေ..။အခုတော့..မိစ္ဆာဒိဠိ အယူဝါဒကို သက်ဝင်ယုံကြည်တဲ့သူက..အမဲလိုက်ခံရပြီး..ဒီဘဝကို နှုတ်ဆက်ကြရမှာပဲ..”

သူ တိတ်ဆိတ်သွားပြီးကာမှ သက်ပြင်းချလိုက်တယ်..။

“ဒါပေါ့ အဲ့အချိန်တုန်းကတော့ ငါတို့က ဒါကို မသိခဲ့ကြဘူး..။ဒါပေမဲ့ မျှော်လင့်ချက်နိုင်ငံတော် ရဲ့ ပျက်ဆီးမူက အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့တယ်..။အဲ့အချိန်မှာပဲ..သူရဲကောင်းခေတ်က ပြီးဆုံးသွားခဲ့ပြီး..အခုလက်ရှိခေတ်…နောက်ကျရင်ဘယ်လိုခေါ်ကြမလဲတော မသိဘူး..အဲတာ ရောက်လာခဲ့တာပဲ..။အာ..ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ခေတ်လဲ..။အဲ့ကနေစပြီး ဘာတစ်ခုကမှ မှန်မှန်ကန်ကန် မရှိကြတော့ဘူး..”

ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ဒီပုံပြင်မှာ တစ်ခုခု ထူးဆန်းနေတာကို တွေးမိလိုက်တယ်..။ဘယ်အရာကမှ အဓိပ္ပာယ်မရှိပါဘူး..။နတ်ဘုရားတွေ နဲ့ ဒဲလ်မွန်တွေက တစ်ဖက်တည်း ဖြစ်ခဲ့ကြတယ်တဲ့လား..။နောက်ဆုံးမှာ သူတို့တွေ တစ်ဖက်နဲ့တစ်ဖက် အသေအကြေတိုက်ခိုက်ကြတော့မှာကို သိနေတာကြောင့် သူက ဒီအရာကို မယုံကြည်နိုင်ခဲ့ပါဘူး..။သို့ပေမယ့် မြေအောက်ကမ္ဘာရဲ့ မင်းသား..နီသာ ဟာ တစ်ချိန်က အနက်ရောင်ကောင်းကင် နတ်သမီး နဲ့ ရင်းနှီးမူ ရှိခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခဲ့ပါတယ်..။

တစ်ခြား ဒဲလ်မွန်တွေကလည်း နတ်ဘုရားတွေနဲ့ ရင်းနှီးမူ မရှိပါဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ..။

ဒါပေမဲ့..အလင်းနတ်ဘုရားက..မျှော်လင့်ချက်ရဲ့ နိုင်ငံအပေါ်ကို နတ်ဘုရား မီးတောက်တွေ ဆောင်ယူလာတဲ့ ကိစ္စကတော့ အတော်လေးကို ထူးဆန်းပါတယ်..။ပြီးတော့ သူတိုက ဘယ်သူ့ကို အတူတူတိုက်ခိုက်ကြတာလဲ..။လေဟာနယ်ထဲက သတ္တဝါတွေကိုလား..။ဒီအဓိပ္ပာယ်မရှိတာတွေက ဘယ်အချိန်မှာဖြစ်ပျက်ခဲ့တာလဲ..။သူရဲကောင်းတွေခေတ်က မျှော်လင့်ချက် အကျဉ်းချခံရတဲ့အချိန်မှာ စတင်ခဲ့တာဆိုရင် သူတို့ရဲ့ စတင်မူကရော ဘယ်အချိန်မှာလဲ..။ပြီးတော့..အဲ့မတိုင်ခင်က ဘာတွေဖြစ်ခဲ့တာလဲ..”

‘ချီးပဲ မေးခွန်းတွေ များလိုက်တာ..’

ဆန်နီ နိုတစ်ကိုကြည့်ပြီး..ခနလောက်တွေဝေနေခဲ့တယ်..။ယင်းနောက် မြစိမ်းရောင်အမြုတေကို နောက်တစ်ကြိမ် ဆုပ်ကိုင်ထားလိုက်ပါတယ်..။

သို့ပေမယ့်..မှော်ဆရာက လက်မခံခဲ့ပေ..။သူက ဆန်နီကို ကြည့်ကာ ပြုံးလိုက်ပြီး..

“..မင်းက ငါ့ကို နောက်ထပ်မေးခွန်းတစ်ခု မေးတော့မယ်လို့ ငါခံစားနေရတယ်..။ဒါက ဒုတိယမြောက်မေးခွန်းပဲ…ခနလေး..မဟုတ်ဘူး..ဒုတိယမေးခွန်းက..နေနတ်ဘုရားက မနာလိုဖြစ်နေတာလား လို့ မေးလိုက်တာမလား..။မကောင်းတဲ့ နတ်မိစ္ဆာ..မင်းက ငါ့ကို လှည့်စားလိုက်တာပဲ..”

နိုတစ်ခေါင်းခါယမ်းလိုက်ပြီး အဝေးကို ကြည့်ကာ မတ်တတ်ထရပ်လိုက်ပါတယ်..။

“မင်းအစား ငါရှကိမိတယ် ဆန်းလပ်စ်..။ကောင်းသော ညပါ..။ကျန်နေတဲ့ အချိန်အတွင်းမှာ သေချာပြင်ဆင်ထားကြဖို့ မင်းရဲ့ သူငယ်ချင်းတွေကိုပြောထားလိုက်ဦး..”

ဒီလိုပြောပြီးတာနဲ့ မှော်ဆရာဟာ နာကျင်နေတဲ့ အကြည့်နဲ့နောက်တစ်ကြိမ် ကြည့်လိုက်ပြီး တစ်ဖက်ကို လှည့်ကာ လျောက်ထွက်သွားခဲ့ပါတယ်..။

သို့ပေမယ့် ခြေလှမ်းအနည်းငယ်လျောက်ပြီးတဲ့ အချိန်မှာပဲ..သူရပ်တန့်လိုက်ပြီး သာမန်ပေါ့ပါးတဲ့ လေသံနဲ့..

“အိုး ဟုတ်သားပဲ..ငါ မေ့တော့မလို့..။မင်းတို့က တတိယမြောက်ဓားကိုလည်း သွားယူကြရလိမ့်မယ်..။ဒါပေမဲ့ စိတ်မပူနဲ့..ဒါက အရမ်းခက်ခဲမှာ မဟုတ်ဘူး..။အမှန်တော့ အတော်လေးကို လွယ်ကူလိမ့်မယ်..”

ရေကန်ကို နက်မှောင်တဲ့အမူအရာနဲ့ ငေးကြည့်နေတဲ့ ဆန်နီက ရိုးရှင်းစွာပဲ ခေါင်းညိမ့်လိုက်ပါတယ်..။

“သေချာတာပေါ့..ခနလေး..ဘာလဲ..။ဘာလို့ ငါတို့က သွားယူရမှာလဲ..။ကိုယ့်ဟာကိုသွားယူ..”

နိုတစ် ခနလောက်တွေဝေသွားကာ သက်ပြင်းချလိုက်တယ်..။

“အာ..ငါလည်းသွားယူချင်တာပဲ..။ဒါပေမဲ့ ..ကောင်းပြီလေ..ငါက ငါ့သူငယ်ချင်းကို ဒီဓားကို စိတ်နှလုံးသန့်ရှင်းတဲ့ လူကိုပဲ ပေးအပ်ဖို့အတွက် လျောက်ပြောခဲ့မိတယ်..။ပြီးတော့ စိတ်မကောင်းစရာက ငါက မျှော်လင့်ချက်နိုင်ငံတော်မှာ အထူးချွန်ျဆုံးလူတစ်ယောက်ဖြစ်မယ် ဆိုရင်တောင်..ငါ့ရဲ့ သန့်စင်မူကတော့ လုံလောက်အောင် မသန်မာသေးဘူး..။ဒါပေမဲ့ မင်းတို့ရဲ့ သန့်စင်မူကတော့..ကောင်းပြီလေ..အနည်းဆုံး မင်းတို့ထဲက တစ်ယောက် ၊ နှစ်ယောက် လောက်က သန့်စင်မူ ရှိကြတယ်..”

ဒီလိုပြောပြီးတာနဲ့ မှော်ဆရာက..ဆန်နီကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး..အဝေးကို လေချွန်ရင်းထွက်သွားခဲ့ပါတယ်..။

‘ခနလေး..သူက..သူ့အတွက် နောက်ထပ် ဓားတစ်ချောင်းယူပေးဖို့ အတွက် ငါ့ကို ထပ်ပြီး လှည့်စားသွားတာလား..။ထပ်ပြီးတော့လေ..’

သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး..လက်သီးဆုပ်ထားခဲ့တယ်..။

‘ချီးတဲ့မှပဲ..’

All Chapters