← Chapters

အားလပ်ချိန်

Vol. 47 Ch. 692

အားလပ်ချိန်

Vol. 47 Ch. 692

လပြည့်ညမှာ စကားပြောပြီးတဲ့နောက်မှာတော့..နိုတစ်က သူ့ရဲ့ အိပ်ထဲမှာ ရက်သတ္တပတ်တစ်ချို့လောက် တံခါးပိတ်လေ့ကျင့် နေခဲ့ပါတယ်..။ဆန်နီက မှော်ဆရာနဲ့စကား ပြောဖို့အတွက် အကြိမ်အနည်းငယ်လောက် သွားခဲ့ပေမယ့် သဘော်သားအရုပ်တွေက..တံခါးဖွင့်ပေးခြင်း မရှိကြပါဘူး..။သူတို့က သစ်သားမျက်နှာတွေနဲ့သာ သူ့ကို စိုက်ကြည့်နေခဲ့ကြပါတယ်..။

ဒါပေါ့..သူက ရိုးရှင်းစွာပဲ အရိပ်ခြေလှမ်းကို အသုံးပြုပြီး အထဲကို ဝင်သွားလို့ရပါတယ်..။ဒါပေမဲ့.. အထွတ်အထိပ်အဆင့် အင်မော်တယ်တစ်ယောက်ရဲ့ အိမ်ထဲကို ဒီလိုမျိုး ဝင်သွားတာက အကြံဉာဏ်ကောင်းတော့ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ်..ဒီသဘော်သားအရုပ်တွေရဲ့ ခန္တာကိုယ်ထဲမှာ ဝိဉာဉ် အစစ်အမှန်တွေကို ထည့်သွင်းထားခဲ့တာပါ..။

အဆုံးမှာတော့..သူနဲ့ တစ်ခြား အဖွဲ့သားတွေဟာ ရွေးချယ်စရာမရှိကြတော့ပဲ နိုတစ် အကြံပေးထားတဲ့ အတိုင်း အနားယူတာ နဲ့ နောက်ဖြစ်လာတော့မှာတွေ အတွက် ပြင်ဆင်တာတွေကိုသာ လုပ်ကြရပါတော့တယ်..။ကံကောင်းချင်တော့ သူ့တို့ အတွက် ပြင်ဆင်စရာက အများကြီး ရှိမနေခဲ့ပေ..။

အိပ်မက်ဆိုးထဲကို ဝင်ရောက်မလာခင်တုန်းက သူတို့က အတော်လေး လေ့ကျင့်ထားခဲ့ကြပေမယ့်..အဲဒီနောက်မှာ အရာတွေ အများကြီး ဖြစ်ပျက်ခဲ့ပါတယ်..။ဒီဆိုးဝါးတဲ့ သုံးလအတွင်းမှာ သူတို့အတွက် သင်ခန်းစာတွေ အများကြီး ရရှိသလို..သေဆုံးခါနီး ဖြစ်ခဲ့တဲ့ အခြေအနေတွေလည်း အများကြီးပါပဲ..။အခု သူတို့မှာ အချိန်ရရှိသွားပြီဆိုတော့..သူတို့ သင်ယူထားသမျှကို ပြန်လည်တွေးတောဆင်ခြင်နိုင်ပြီး..ရရှိလာတဲ့ သင်ခန်းစာတွေကို အသွေးအသားထဲအထိ စုပ်ယူထားကာ..အသိပညာ အသစ် ၊ ကျွမ်းကျင်မူ အသစ်တွေကို အခြေခိုင်မာအောင် လုပ်ဆောင်ထားဖို့လိုအပ်ပါတယ်..။

ဆန်နီ အတွက်တော့ ဒါက အရာတစ်ချို့ကို ကိုယ်စားပြုနေခဲ့တယ်..။

ပထမတစ်ခုကတော့ အရိပ်ကခုန်မူပါ..။သူက အိပ်မက်ဆိုးတစ်ခုထဲမှာတင် လတ်တလော အဆင့်တက်ထားခဲ့ပေမယ့်..သူ့ကိုယ်သူ ထူးဆန်းတဲ့ အခြေအနေမှာကြုံတွေ့နေခဲ့ရပါတယ်..။အဆင့်တက်ခဲ့တာကိုတော့ သူ အတိအကျကြီး မမှတ်မိတော့ပါဘူး..။

တတိယမြောက် အရိပ်ခြေလှမ်းကို တတ်ကျွမ်းခဲ့တာက..မရေမတွက် နိုင်တဲ့ အိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရတာနဲ့ သက်ဆိုင်နေတယ်ဆိုတာကိုတော့ ဆန်နီ သိထားပါတယ်..။ဒါက သူ့ကိုယ်သူ မေ့ပျောက်ကာ..အမှန်တကယ် ပုံသဏ္ဍာန် ကင်းမဲ့တဲ့ ပုံစံဖြစ်လာတာပါ..။သူ့ကိုယ်သူ လုံးဝမေ့ပျောက်သွားပြီး တစ်ခြားသူတစ်ယောက်ရဲ့ ပုံစံအတိုင်းဖြစ်လာတာ..။

ဒီလေ့လာချက်က..သူ တတိယမြောက်အရိပ်ခြေလှမ်းကို တိုးတက်အောင် လုပ်နိုင်ခဲ့တဲ့..အနီရောင်ဆောက်အဦး ထဲက အချိန်နဲ့ ကိုက်ညီနေခဲ့ပါတယ်..။အဲဒီနေရာမှာ သူက အိပ်မက်ဆိုးသားရဲတွေ အများကြီးကို ပုံတူကူးယူခဲ့တာပါ..။အဲ့တုန်းကလည်း သူက ကိုယ့်ကိုကို ပျောက်ဆုံးတော့မလို ဖြစ်ခဲ့ရတယ်..။ဒါပေမဲ့..နောက်ဆုံးအခိုက်အတန့်မှာပဲ..ပြန်မထွက်လာနိုင်မှာ ကြောက်တဲ့ စိတ်ကြောင့် ရပ်တန့်သွားခဲ့တာပါ..။

အိပ်မက်ဆိုးတွေ အများကြီးထဲမှာ ပိတ်မိနေတာကလည်း ဒီခြေလှမ်းကို အများကြီး တိုးတက်သွာစေခဲ့တယ်..။ဒီတော့..သူက အဲံအချိန်မှာတင် အဆင့်တက်ဖို့အတွက် အရမ်းကို နီးကပ်နေခဲ့ပါပြီ..။နောက်ဆုံးပဟေဠိအပိုင်းအစ လေးကို အောင်မြင်ခဲ့တဲ့ အချိန်ကတော့..သူ့လိုပဲ ပုံသဏ္ဍာန်ကင်းမဲ့ တဲ့ အရိပ်ဖြစ်တဲ့ ..အိပ်မက်ဆိုးကို ထပ်တူညီအောင် ပုံတူကူးခဲ့ရတဲ့ အချိန်ပါပဲ..။

အဆင့်တက်ခြင်းရဲ့ ရလာဒ်အနေနဲ့ကတော့..ဆန်နီ ရဲ့ တိုက်ပွဲနည်းစနစ်တွေကို ထိုးဖောက်မြင်နိုင်ပြီး..မှတ်မိနိုင်တဲ့ စွမ်းရည်က တိုးတက်လာခဲ့တယ်..။ဒါက သူ့အနေနဲ့ ရန်သူရဲ့ လှုပ်ရှားမူ နဲ့ အပြုအမူတွေကိုတင် ခန့်မှန်းနိုင်တာမျိုး မဟုတ်တော့ပဲ..သူတို့ခန္တာကိုယ်ထဲက ရှုပ်ထွေးတဲ့ အဆီအနှစ် စီးဆင်းမူတွေကိုပါ ခံစားလာနိုင်ခဲ့ရတယ်..။အလားတူစွာပဲ.အများကြီးတော့ မဟုတ်ပေမယ့်..သူတို့ရဲ့ အတွေးတွေကိုပါ..ခန့်မှန်းလာနိုင်ခဲ့ပါတယ်..။

သို့ပေမယ့်..ဒီ ဆန်းကျယ်တဲ့ စွမ်းရည်မှာ သူ ဘယ်လိုဖြေရှင်းရမယ်မှန်းမသိတဲ့..အားနည်းချက်တစ်ခုရှိနေခဲ့တယ်..။ဆန်နီ အရိပ်ခြေလှမ်းကို စတင်တဲ့ ပထမဆုံးအကြိမကတည်းကနေ စပြီး..ဒီဆန်းကျယ်တဲ့ တိုက်ပွဲဟန်ပန် က အန္တရာယ်များတဲ့ ပုံစံဖြစ်နေခဲ့တာပါ..။ဒါက သူ့ရဲ့ ရန်သူအတွက်တင် အန္တရာယ်များတာ မဟုတ်ပဲ..သူ့ကိုယ်တိုင်အတွက်ပါ အန္တရာယ်များတာကတော့ အသေအချာပါပဲ..။

သူက သူ့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မူကို စွန့်လွှတ်ပြီး..သူ ဖျက်ဆီးချင်တဲ့ သတ္တဝါ ပုံစံ ထာဝရ ဖြစ်လာပြီးကာမှ..အဲဒီအရာကို ဖျက်ဆီးနိုင်တော့ရော ဘာများထူးခြားသွားမှာ မို့လို့လဲ..။

နဂါးတစ်ကောင်ကို သတ်ဖို့အတွက်..တစ်စုံတစ်ယောက်က နဂါးတစ်ကောင် ဖြစ်သွားဖို့ လိုအပ်တာလား..

တကယ်လို့ ကိုယ်ကိုတိုင်က ကိုယ်ဖျက်ဆီးချင်တဲ့ အရာပုံစံအတိုင်း ဖြစ်လာပြီးကာမှ..အောင်နိုင်မူကို ရမယ်ဆိုရင်..ဘယ်သူကများ ဒီလိုမျို အောင်နိုင်မူမျိုးကို လိုချင်မှာလဲ..။

အခုတော့ ဒီအတွက်သူ့မှာ အဖြေမရှိသေးတာကြောင့် အနည်းငယ်ကြောက်ရွံ့နေစေပါပဲ..။ဒီတော့ တစ်ခြားအရာတွေမှာသာ လတ်တလော အာရုံစိုက်ထားဖို့အတွက် ဆုံးဖြတ်လိုက်တယ်..။

သူက သူ့ရဲ့ နေ့ရက်အများစုကို ကိုင် နဲ့အတူ မြားပစ်လေ့ကျင့်နေခဲ့တယ်..။သူက ပါရမီ ပါလာခဲ့တဲ့ ကိုင်လောက်တောင် မြားပစ်ကျွမ်းကျင်လာမှာ မဟုတ်ဘူးဆိုတာကို ဆန်နီ အလျင်အမြန်ပဲ နားလည်သွားခဲ့ပါတယ်..။သို့ပေမယ့်..ဒါက သူ့အနေနဲ့ အကောင်းဆုံးမလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး..။အမှန်တော့ သူ့ရဲ့ ချိန်ရွယ်မူတွေနဲ့ ကျွမ်းကျင်မူတွေက..ဖြည်းဖြည်းချင်း တိုးတက်လာနေခဲ့တာပါ..။

ဒါတောင်မှ..သူတို့အဖွဲ့ကိုင်ဆောင်ထားတဲ့ လက်နက်တွေက လုံလောက်မူမရှိမှာ စိုးရိမ်နေတဲ့ အတွေးကြောင့်..ဆန်နီက..တွန့်ဆုတ်စွာနဲ့ ကိုင်ကို မော်ဂန်ရဲ့ စစ်ပွဲလေးကို ငှားရမ်းပေးခဲ့တယ်..။သို့ပေမယ့် ဒီလေးရဲ့ ..( တင်းမာမူ ) မှော်စွမ်းအား ကြောင့်..သူ့သူငယ်ချင်းက လေးကြိုးကို ဆွဲဖို့ လုံလောက်အောင် သန်မာမနေခဲ့ပေ..။

သူတို့ရဲံ့ လေ့ကျင့်ရေးတွေ ပြီးဆုံးသွားတဲ့ အချိန်မှာတော့..ဆန်နီ သူ့အခန်းထဲကို ပြန်လာခဲ့ပြီး ကျန်တဲ့အချိန်တွေကို..ရက်လုပ်မူတွေ လေ့လာရင်းကုန်ဆုံးစေခဲ့ပါတယ်..။သူက မှော်စွမ်းအားတွေကို ပုံတူကူးချတဲ့နေရာမှာတော့ တိုးတက်မူလေးတွေ ရှိနေခဲ့ပါပြီ..။သို့ပေမယ့် ဒီ ရက်လုပ်မူတွေကိုတော့ တည်မြဲအောင် လုပ်ုနိင်တဲံ အထိ လုပ်လောက်မူ ရှိမနေသေးပေ..။အနီရောင် အဆောက်အဦးမှာ သူ ရရှိခဲ့တဲ့ မှတ်သားမူ အရေအတွက်တွေက..သိသာတဲ့ရလာဒ်မရှိပဲ..တစ်နေ့ထက်တစ်နေ့ လျော့နည်းလာနေခဲ့ပါတယ်..။ဒါက ဆန်နီ ကိူစိတ်ရှုပ်စေခဲ့တယ်..။

ကြည့်ရတာတော့..သူက မှော်စွမ်းအင်လှိုင်းတွေ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို နားလည်တဲ့ အဆင့်မှာ တက်နေခဲ့တာဖြစ်ပြီး..နောက်ထပ်အဆင့်ကို တက်ရောက်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ အဆင့်ချိုးဖျက်ဖို့ လိုအပ်နေတဲ့ ပုံပါပဲ..။

..နေ့အချိန်ကုန်ဆုံးသွားပြီး..အမှောင်ထုကျရောက်လာတဲ့ အချိန်မှာတော့..ဆန်နီက သူ့ပြင်ဆင်မူတွေရဲ့တတိယအပိုင်းလည်းဖြစ်..အချိန်ကုန်ဆုံးမူအများဆုံး အပိုင်းလည်း ဖြစ်တဲ့..စတုတ္ထမြောက် အမြုတေဖွဲ့စည်းဖို့ အပိုင်းအစတွေ စုစည်းတာကို လုပ်ခဲ့ပါတယ်..။သူက မြင့်မြတ်နယ်မြေကို စွန့်ခွာပြီး အနီးအနားက ကျွန်းတွေမှာ အိပ်မက်ဆိုးသားရဲတွေ အမဲလိုက်နေခဲ့တယ်..။ပြီးတာနဲ့..သူ ထိန်းချုပ်အနိုင်ယူနိုင်တဲ့ အတိုင်းအတာထဲက သားရဲတွေကို သတ်ဖြတ် အနိုင်ယူနေခဲ့ပါတယ်..။

အခုဆိုရင် သူက နတ်ဆိုးး တစ်ကောင် ဖြစ်လာဖို့အတွက်..လိုအပ်တဲ့ အရိပ်အပိုင်းအစက တစ်ရာ့ငါးဆယ်အောက်ကို ရောက်နေခဲ့ပါပြီ..။ဒီပမာဏက သေးငယ်တယ်လို့ ထင်ရပေမယ့် ပြည့်မြောက်ဖို့အတွက်ကိုတောင် အတော်လေး ပြသနာ တက်နေခဲ့ရတယ်..။

ပြသနာကတော့..မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်က အိပ်မက်ဆိုးသားရဲ အရေအတွက်က အနာဂတ်မှာ ရှိနေတဲ့ ချိန်းကျွန်းစုလောက် များပြားခြင်းမရှိပါဘူး..။အထူးသဖြင့် ချိန်းအရှင်သခင်တွေရဲ့ ခံတပ်နားဝန်းကျင်တွေမှာ..အိပ်မက်ဆိုးသားရဲတွေ ရှိမနေကြပေ..။ရလာဒ်အနေနဲ့ကတော့ သူ့ရဲ့ တိုးတက်မူက အတော်လေးကို နှေးကွေးပြီး ပျင်းရိဖွယ်ကောင်းနေခဲ့ပါတယ်..။

ဒီအမြန်နှုန်းကို မြှင့်တင်ဖို့အတွက်..ဆန်နီက ကြောက်မက်ဖွယ် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့တယ်..။အဲတာကတော့ ကျွန်းရဲ့ မျက်နှာပြင်ကို စွန့်ခွာပြီး အစစ်အမှန် ထိပ်လန့်ဖွယ်ရာတွေ နေထိုင်ကြတဲ့ ကျွန်းရဲ့ အောက်ဘက်မှာ အမဲလိုက်ဖို့ပါ..။ကံကောင်းချင်တော့ သူ့ရဲ့ ခန္တာကိုယ်အသစ်က ဒီအတွက် အတော်‌လေးကို သင့်တော်နေခဲ့ပါတယ်..။သူ့ရဲ့ ထက်ရှတဲ့ လက်သည်းတွေ ၊ အချွန်တွေက. ဘယ်လောက် မတ်စောက်နေပါစေ..ဘယ်လိုမျက်နှာပြင်ကို မဆို တွယ်တက်လို့ရပါတယ်..။ဒါမှမဟုတ်..သူက အပေါ်အောက် ဇောက်ထိုးနေနေဖို့ အတွက်တောင် ပြသနာ မရှိပါဘူး..။

ပြီးတော့..သူသာ အမှားတစ်ခုခု လုပ်မိမယ် ဆိုရင်လည်း..ကောင်းကင် ဖိအားက အမြဲတမ်း သူ့ရဲ့ လက်ထဲမှာ ရှိနေခဲ့ပါသေးတယ်..။

သူ့ရဲ့ လျင်မြန်စွာ တိုးတက်နေတဲ့ မြားပစ် ကျွမ်းကျင်မူနဲ့ အိပ်မက်ဆိုးရဲ့ အထွတ်အထိပ်ကို ရောက်မလာခင် အမြုတေအသစ် ဖန်တီးနိုင်ရမယ်ဆိုတဲ့ ပြတ်သားမူတွေ ပေါင်းစပ်လိုက်တဲ့ ..ဆန်နီက အမှောင်ဘက်ခြမ်းမှာ နေထိုင်တဲ့ သတ္တဝါတွေ အများကြီးကို သတ်ဖြတ်နိုင်ခဲ့တယ်..။အဲဒီမှာ အမှန်တကယ်ပဲ..ဆိုးဝါးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါတွေ ရှိနေကြတာကြောင့်..သူ့ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာ အနည်းအငယ်တောင် ဖြစ်ပေါ်စေခဲ့ပါတယ်..။

သို့ပေမယ့် ဒါက လုံလောက်အောင် မြန်ဆန်ခြင်း မရှိသေးပါဘူး..။

ပထမ နှစ်ပတ် ကုန်ဆုံးခါနီး အချိန်မှာတောင် သူက ပန်းတိုင်ရဲ့ တစ်ဝက်ကို မရောက်နိုင်သေးပေ..။ပြီးတော့ အဲဒီနေ့မှာပဲ..ဘာအခမ်းအနားမှ မပါဝင်တဲ့ ဝမ်းသာစရာ အရာတစ်ခုက တိတ်တဆိတ် ဖြစ်ပေါ်ခဲ့ပါတယ်..။

အိပ်မက်ကမ္ဘာရဲ့ တောရိုင်းတွေထဲက..တစ်နေရာရာမှာ..

အင်မော်တယ်မီးတောက်ကလန် ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..နောက်ဆုံးမှာ တိုင်းရန့် အဆင့်ကို ရောက်သွားခဲ့ပါြပီ..။

All Chapters