အရာအားလုံးရဲ့ အသိပညာ..
Vol. 47 Ch. 693
ဆန်နီက သူ့ရဲ့ အခန်းထဲမှာရှိနေခဲ့တယ်..။သူက မှတ်သားမူတစ်ခု အလင်းစက်တွေအဖြစ် ပျောက်ကွယ်သွားတာကို သုန်မုန်တဲ့အမူအရာနဲ့ ကြည့်နေခဲ့တာပါ..။သူက နောက်ထပ် မှတ်သားမူတစ်ခု ဆုံးရှုံးသွားခဲ့ပြီ ဆိုတာကို သိရဖို့အတွက်..အခိုက်အတန့် သတိပေးတာကို စောင့်ဆိုင်းနေဖို့တောင် မလိုအပ်ခဲ့ပါဘူး..။
ပြီးတော့ ဒါတောင်မှ..အမြဲတမ်းကူညီတတ်တဲ့..အခိုက်အတန့်က..သူ့ရဲ့ နားထဲကို လာပြီး ပြောကြားခဲ့ပါသေးတယ်..။
( သင့်ရဲ့ မှတ်သားမူ ဖျက်ဆီးခံလိုက်ရပါပြီ..)
ဆန်နီ နှာခေါင်းရှုတ်လိုက်ပြီး ခါးသက်စွာ ခေါင်းခါယမ်းလိုက်တယ်..။ပြီးတာနဲ့ အချက်အလက် တွေကို ဖော်ထုတ်ပြီး..သူ့မှာ မှတ်သားမူ ဘယ်လောက်များများ ကျန်သေးလဲ ဆိုတာကို စစ်ဆေးကြည့်ဖို့ လုပ်လိုက်ပါတယ်..။ပြီးတဲ့နောက်မှာတော့..သူက နစ် ရဲ့ တိုးတက်မူအခြေအနေကို ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ဒီအရာက အချိန်အတော်ကြာကတည်းက သူ့အတွက် အလေ့အကျင့်တစ်ခုလိုတောင် ဖြစ်လာခဲ့ပါပြီ..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် အသက်ရှင်လျက်ရှိနေပြီး..တိုက်ခိုက်နေသေးတယ် ဆိုတာကို မြင်နေရတာက..သူ့အတွက် စိတ်သက်သာရာရမူ ၊ စိတ်အားထက်သန်မူတွေကို ဖြစ်ပေါ်စေပါတယ်..။
သူ ဘာကို မြင်တွေ့ရတော့မလဲ ဆိုတာကို ကြိုတင်ခံစားမိနေပြီ ဖြစ်တဲ့ ဆန်နီဟာ..ရူးစ်တွေကို စိုက်ကြည့်ပြီး ဖတ်ကြည့်လိုက်တယ်...။
အမည် - နစ်ဖီ..
အစစ်အမှန်နာမည် - ပြောင်းလဲနေတဲ့ ကြယ်ပွင့်.
အဆင့် - အသွင်ပြောင်း
အမျိုးအစား - တိုင်းရန့်
အရိပ် အမြုတေ - ၅ /၇
အရိပ် အပိုင်းအစ - ၀ / ၅၀၀၀
သူက ရူးစ်တွေကို အချိန်တစ်ချို့ကြာအောင် ကြည့်နေပြီးကာမှ သက်ပြင်းချပြီး ပြန်ရုတ်သိမ်းလိုက်တယ်..။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတောင် သူမက ငါးခုမြောက် အမြုတေကို ဖန်တီးဖို့အတွက် အတော်လေးကို လိုအပ်နေသေးတာပါ..။အနီရောင် အဆောက်အဦး နဲ့ အိပ်မက်ဆိုးတွေ အတွင်းက သူ့ရဲ့ တိုက်ပွဲတွေအပြီးမှာတော့..သူတို့နှစ်ယောက်ကြားထဲက ကွာဟမူက အတော်လေးကို ကျဉ်းမြောင်းခဲ့ပါသေးတယ်..။သို့ပေမယ့် အခု နစ်ဖီက တစ်ခုခု ရူးသွပ်တာကို ထပ်ပြီး လုပ်ပြခဲ့တဲ့ ပုံပါပဲ..။ဒါက သူတို့ကြားက ကွာဟမူကို စိတ်တိုဖို့ကောင်းလောက်အောင် ကွာဟသွားစေခဲ့ပြန်ပါတယ်..။
သူက အခန်းရဲ့ နံရံတွေကို သုန်မုန်စွာ ကြည့်နေခဲ့တယ်..။သူတို့နှစ်ယောက်က တစ်ချက်မှားသွားတာနဲ့ သေဆုံးရမယ်ဆိုတာ သိနေကြသည့်တိုင်အောင် တစ်ယောက်ကို တစ်ယောက်လုံးဝ အလျော့မပေးချင်ခဲ့ကြပေ..။ဒါက ရူးသွပ်ဖွယ်ကောင်းတဲ့ စစ်ပွဲကစားနည်းတစ်ခုကို ကစားနေခဲ့ကြသလိုပါပဲ..။
ပြီးတော့ ပြိုင်ပွဲစတဲ့အချိန်ကတည်းးက..ဆန်နီအနေနဲ့ တစ်ခါမှ ဦးဆောင်ထားတယ်ဆိုတာ မရှိသေးပါဘူး..။
‘ဘယ်လောက် ပင်ပန်းဖို့ကောင်းလိုက်လဲ..’
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..သူ့စိတ်ခံစားချက်တွေက ရက်လုပ်မူတွေကို ထပ်ပြီး ပြုလုပ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို နားလည်လိုက်တယ်..။အနည်းဆုံးတော့ ဒီနေ့မှာ မဖြစ်နိုင်တော့ပါဘူး..။
သို့ပေမယ့် အဲ့အချိန်မှာပဲ မှော်ဆရာရဲ့ တံခါးဝမှာ စောင့်ဆိုင်းထားခဲ့တဲံ သူ့ရဲ့ အရိပ်တစ်ခုက..တံခါးပွင့်ပြီး ရင်းနှီးတဲ့ ပုံရိပ်တစ်ခု နေရောင်အောင်ကို ထွက်လာတာမြင်တွေ့လိုက်တယ်..။ဒါကို မြင်တဲ့အချိန်မှာ သူ့ရဲ့ သုန်မုန်နေတဲ့ ခံစားချက်ကလည်း ပြောင်းလဲသွားခဲ့ပါတယ်..။
နိုတစ်က သူ့ကို အနည်းငယ် ဖရိုဖရဲဖြစ်နေခဲ့ပြီး..မျက်ကွင်းတွေ ညိုကာ..ဆံပင်တွေ ရှုပ်ပွနေခဲ့တယ်..။သူ့ရဲ့ အသွင်အပြင်ကို ကြည့်လိုက်တာနဲ့..ဒီအင်မော်တယ်က..ပင်ပန်းနေတယ် ဒါမှမဟုတ် အရက်နာကျနေတယ် ဆိုတာကို ဆန်နီ ပြောနိုင်ပါတယ်..။
ဒါတောင်မှ ဆန်နီက သူ့နဲ့ တွေ့ရမယ့် အခွင့်အရေးကို လက်မလွှတ်ချင်သေးပါဘူး..။
ဆန်နီဟာ..အရိပ်အဆီအနစ် တစ်ချို့ကို အသုံးပြုလိုက်ပြီး..အရိပ်ခြေလှမ်းကို အသုံးပြုကာ..နိုတစ်နဲ့ မီတာ အနည်းငယ် အကွာအဝေးမှာ ပေါ်လာခဲ့ပါတယ်..။မှော်ဆရာက အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ ရင်းနှီးတဲ့ အပြုံးတစ်ခုနဲ့အတူ နှုတ်ဆက်လာခဲ့တယ်..။
“ဆန်းလပ်စ်..မင်းက ဒီမှာရှိနေသေးတာလား..။ငါတို့က အစောကပဲ စကားပြောပြီးကြပြီ မဟုတ်ဘူးလား..”
ဆန်နီ ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းးသွားခဲ့ပြီး..
“…အဲတာက လွန်ခဲ့တဲ့ နှစ်ပတ်ကလေ..။အတိအကျပြောရရင် ဆယ့်ငါးရက်လောက် ရှိနေပြီ..”
နိုတစ်က မျက်ခုံးပင့်တင်သွားခဲ့တယ်..။ပြီးတာနဲ့ ခြေထောက်ကို မသက်မသာ ရွေ့လျားကာ..လည်ချောင်းရှင်းလိုက်ပြီး..
“အိုး..တကယ်လား..။ငါ..အာ…ကောင်းပြီလေ…တကယ်သာယာတဲ့နေ့လေးပဲ..။ဒါဆိုလည်း ငါမင်းကို ဘာကူညီပေးရမလဲ..”
ဆန်နီ မှော်ဆရာကို တစ်ခနလောက် စိုက်ကြည့်လိုက်ပြီးကာမှ ခေါင်းညိမ့်လိုက်ပြီး..
“အင်း..ဟုတ်တယ်..အမှန်တော့ ခင်ဗျားကူညီပေးနိုင်တယ်..”
အထွတ်အထိပ်အဆင့် အင်မော်တယ်က တောက်ပစွာ ပြုံးလိုက်ပြီး..
“ကောင်းပြီလေ..ဒါဆိုလည်း ဘာလို့ တန်းမပြောတာလဲ..။ငါတို့က သူငယ်ချင်းတွေပဲလေ..မဟုတ်ဘူးလား..။ပြီးတော့ သူငယ်ချင်းတွေဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ကူညီကြရတယ်..။ဒီတော့..မင်း ဘာလိုအပ်လဲ..”
ဆန်နီက မြစိမ်းရောင် အမြုတေကို ဆုပ်ကိုင်လိုက်ပြီး တစ်စက္ကန့်လောက် တွေဝေနေပြီးကာမှ ပြောလိုက်ပါတယ်..။
“..ခင်ဗျား ..ကျွန်တော့်ကို မှော်ပညာ သင်ပေးနိုင်မလား..”
….
နိုတစ်ဟာ တစ်ခနလောက် ဆက်လက်ပြုံးနေပြီးကာမှ..ရယ်မောလိုက်ပါတယ်..။
“ဒါပဲလား..။ကောင်းပြီလေ..ပြသနာ မရှိဘူး..။ဘာပဲဖြစ်ဖြစ်..ငါက မျှော်လင့်ချက် နိုင်ငံတော်မှာ အတော်ဆုံး မှော်ဆရာတစ်ယောက်ပဲ မဟုတ်ဘူးလား..။ငါ့ရဲ့လမ်းညွှန်မူအောက်မှာသာ ဆိုရင်..မင်းလည်း မကြာခင်မှာပဲ ကျော်ကြားတဲ့ မှော်ဆရာတစ်ယောက် ဖြစ်လာမှာပဲ..။ငါ စဉ်းစားကြည့်ဦးမယ်…ငါတို့ အခုပဲစလိုက်ကြမလား..”
ဆန်နီ တောက်ပစွာ ပြုံးနေတုန်းမှာပဲ..သူက ကောင်းကင်ကိုကြည့်ကာ နေ့ရက်တွေကို တွက်ချက်တဲ့ ပုံစံလုပ်လိုက်တယ်..။ယင်းနောက် တစ်ခနလောက် တွေးပြီး ထပ်ပြောလိုက်ပါတယ်..။
“..ငါတို့သာ အခုက စရင်..နောက်အနှစ်တစ်ရာလောက်ကြာပြီး ဒီလိုအချိန်လောက်ဆိုရင်..သင်ကြားမူ ပြီးဆုံးသွားမှာပဲ..။စလိုက်ကြတော့မလား..”
ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။
“ဘာ..။နှစ်တစ်ရာကြာပြီးရင်လား..”
မှော်ဆရာဟာ အနည်းငယ် မျက်မှောင်ကျုတ်ပြီး ပုခုံးတွန့်လိုက်တယ်..။
“ကောင်းပြီလေ..နှစ် နှစ်ရာလည်း ဖြစ်နိုင်တာပဲ..။ငါလည်း အခြေခံတွေကို လေ့လာဖို့အတွက် အဲလောက်အထိ အချိန်ယူခဲ့ရတယ်လေ..။ဒါပေါ့..မင်းသင်ချင်တာက..စစ်မှန်တဲ့ မှော်ပညာဆိုရင်ပေါ့..။တစ်ခြားလူတွေက မှော်ပညာလို့ ထင်နေကြတဲ့..သနားစရာ လှည့်ကွက်လေးတွေကို ပြောတာ မဟုတ်ဘူးနော်..။အာ..အမှန်ပြောရရင် မင်းက မှော်ပညာကို ဘယ်လို နားလည်ထားတာလဲ..”
ဆန်နီ တွေဝေနေပြီးကာမှ မသေချာစွာ ပြောလိုက်တယ်..။
“တစ်စုံတစ်ယောက်ရဲ့ ဂဏ္ဍစွမ်းရည် အပြင်ဘက်မှာ ရှိနေတဲ့ နည်းလမ်းတွေနဲ့..မှော်စွမ်းအားတွေကို ခြယ်လှယ်ပြီး အသုံးချတာလား..”
နိုတစ် သူ့ကို တစ်ခနလောက် စိုက်ကြည့်ပြီးကာမှ သက်ပြင်းချလိုက်တယ်.။
“ဒါက လုံလောက်အောင်ကောင်းမွန်ပါတယ်..ဒါပေမဲ့ အဖြေမှန်မဟုတ်ဘူး..။အရိုးရှင်းဆုံး ပြောရရင် မှော်စွမ်းအား ဆိုတာ မရှိဘူး..။ဒါမှမဟုတ်..မှော်စွမ်းအားလို့ ခေါ်တဲ့ အရာဆိုတာ မရှိဘူး..။ဒါပေမဲ့ ကမ္ဘာကြီးရဲ့ အခြေခံ ဉပဒေသတွေကို..နည်းလမ်းမျိုးစုံနဲ့ လှည့်ဖျားပြီး..အကျိုးသက်ရောက်မူအချို့ရှိအောင် ဖန်တီးလို့တော့ရတယ်..။ငါတို့ ခေါ်နေကြတဲ့ မှော်စွမ်းအား ဆိုတာက..မင်းမှာ ဘယ်လိုနည်းလမ်းပဲ ပိုင်ဆိုင်ထားပါစေ..အဲဒီနည်းလမ်းနဲ့.. ကြိုတင်ခန့်မှန်းနိုင်တဲ့ ရလာဒ်တစ်ခုရအောင် စနစ်တကျ တည်ဆောက်ထားတဲံ နည်းလမ်းတစ်ခုပဲ..။အများအားဖြင့် တော့ ဝိဉာဉ်အဆီအနှစ်တွေရဲ့ အကူအညီနဲ့ပေါ့..”
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး..မြင့်မြတ်နယ်မြေရဲ့ အနေအထားကို လေ့လာလိုက်ကာ ထပ်ပြောလိုက်တယ်..။
“ဉပမာအနေနဲ့ ငါ့ကိုပဲကြည့်ပေါ့..။ငါ့ရဲ့ ဂဏ္ဍစွမ်းရည်က ဝိဉာဉ်တွေနဲ့ ပတ်သက်တယ်..။ဒီတော့..ငါက နှလုံးသားနတ်ဘုရား ရဲ့နောက်လိုက်တွေဆီကနေ တစ်ချို့အရာလေးတွေကို သင်ကြားနိုင်ခဲ့တယ်လေ..။ပြီးတော့ ဝိဉာဉ်နတ်ဘုရားဆီကနေ..ခံစားချက်တွေ ၊ မှတ်ဉာဏ်တွေ ၊ ဆာလောင်မူတွေ နဲ့ ကြီးထွားမူတွေကိုလည်း သင်ယူနိုင်သေးတယ်..။ဒါပေမဲ့..ငါက မျှော်လင့်ချက်ရဲ့ မှော်ပညာတွေကို လေ့လာပြီးတဲ့ အချိန်မှပဲ..စစ်မှန်တဲ့ မှော်ဆရာတစ်ယောက်ဖြစ်လာခဲ့တာ..”
ဆန်နီ အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်..။
“မျှော်လင့်ချက်ရဲ့ မှော်ပညာတဲ့လား..”
နိုတစ် ခေါင်းညိမ့်လိုက်တယ်..။
“အာ..ဟုတ်တယ်..။သေမျိုးလူသားတွေ အသုံးပြုနေကြတဲ့ မှော်စွမ်းအားတွေဆိုတာက..သူ့ရဲ့သဘောသဘာဝကို အမှန်တကယ် နားမလည်ကြပဲ..လျောက်ပြီး အသုံးပြုနေကြတာ..။မျှော်လင့်ချက်ကတော့..စာရေးသားမူကို တည်ထွင်ခဲ့တဲ့ လူတစ်ယောက်ပဲလေ..။ပြီးတော့ သူမက လူသားတွေကို လက်ဆောင်ပေးခဲ့တယ်..။ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့..တည်ထွင်မူမျိုးလဲ..။ဒါပေမဲ့..အရေးအသား ဆိုတာက မှော်စွမ်းအားကို ထုတ်ပေးနိုင်တာမျိုး မဟုတ်ဘူးလေ..”
သူ တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။
“မျှော်လင့်ချက်က အရေးအသားကို မတီထွင်တုန်းကဆိုရင်..လူသားတွေ အသုံးပြုနေကြတဲ့ မှော်စွမ်းအား အမျိုးအစား ဆိုတာက..အမည်တွေကနေ ဖြစ်တည်လာတဲ့ မှော်စွမ်းအားပဲ..။မင်းသိတဲ့အတိုင်းပဲလေ..ဆန်းလပ်စ် ..အရာရာတိုင်းမှာ နာမည်ဆိုတာ ရှိစမြဲပဲ မဟုတ်ဘူးလား..။အမှန်တော့..နာမည်တစ်ခုကို ပေးပြီးတဲ့အချိန်မှပဲ..အဲဒီအရာတစ်ခုက အမှန်တကယ် တည်ရှိနိုင်တာ..။ပန်းပွင့်တစ်ပွင့် ဆိုတာက ပန်းပွင့်တစ်ပွင့်ပဲ..။မင်းက သူ့ကို နှင်းဆီပန်းလို့ နာမည်မပေးခင်အထိ..ဒါက ပန်းပွင့်တွေကြားထဲက ပန်းပွင့်တစ်ခု အဖြစ်ရှိနေဦးမှာပဲ..။ဒါပေမယ့်..နှင်းဆီပန်းလို့ပြောလိုက်တာနဲ့..ရုတ်တရက် တစ်ခြားပန်းပွင့်တွေနဲ့ ကွာခြားသွားလိမ့်မယ်လေ..။ဒီတော့ သူတို့က အမှန်တကယ်ပဲ..တည်ရှိသွားကြပြီ..”
နိုတစ် ဘာတွေပြောနေတာလဲ ဆိုတာကို သေသေချာချာ နားမလည်တဲ့ ဆန်နီက မျက်မှောင်ကျုတ်ထားခဲ့တယ်..။နှင်းဆီပန်းတွေဆိုတာက သူတို့ရဲ့ နာမည်ကို နှင်းဆီပန်းလို့ မခေါ်ခင်ကတည်းက တည်ရှိနေကြတာ မဟုတ်ဘူးလား..။ကောင်းပြီလေ..အမှန်တော့ သူတို့က မတည်ရှိကြဘူးမလား.။ပန်းပွင့်တွေက နှင်းဆီပန်းနဲ့ ပုံစံတူကြပေမယ့် သူတို့ကို နှင်းဆီပန်းလို့ မခေါ်ကြသေးတဲ့ အတွက် နှင်းဆီပန်းက အမှန်တကယ် မတည်ရှိကြသေးပါဘူး..။
‘ဘယ်လောက် ရှုပ်ထွေးလိုက်သလဲ..’
အဲ့အချိန်မှာတော့ မှော်ဆရာက သူ့ရဲ့အမူအရာကို လျစ်လျူရူပြီး ထပ်ပြောလာခဲ့တယ်..။
“ဒါပေမဲ့ နာမည်တွေအားလုံးက တူညီနေတာမျိုးတော့ မဟုတ်ဘူး..။ဒီတော့ ..ဒီတိုင်းပေးထားတဲ့ နာမည်တွေက..တန်ဖိုးမရှိပေမယ့်..ထိုက်ထိုက်တန်တန် ရရှိထားတဲ့ အစစ်အမှန်နာမည်တွေဆိုရင်တော့..စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်..။နာမည်တွေ ဆိုတာက အရမ်းကို အားကောင်းကြတဲ့အရာတွေပဲ ဆန်းလပ်စ်..ပြီးတော့..အရင်တုန်းကတည်းက လူတွေက ဒီနာမည်တွေမှာ စွမ်းအားတွေ ပိုင်ဆိုင်ထားကြတယ် ဆိုတာကို နားလည်သဘောပေါက်ခဲ့ကြတယ်..။ဒါပေမဲ့..သူတို့ရဲ့ လုပ်ပိုင်ခွင့် စွမ်းအားတွေက တစ်စုံတစ်ယောက်က နာမည်ကို အကျယ်ကြီးပြောနိုင်မှသာ အလုပ်ဖြစ်ကြတာကြောင့် တစ်ခနလောက်သာ ကြာရှည်နိုင်ခဲ့ကြတယ်လေ..။ပြီးေတာ့ ဒီအရာတွေကို သေမျိုးလူသားတွေရဲ့ ပါးစပ်နဲ့ ပြောနိုင်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး..”
သူက ရုတ်တရက် ပြုံးလိုက်ပြီး..
“ဒါပေမဲ့ ဒါကပဲ မျှော်လင့်ချက်ရဲ့ တည်ထွင်မူက ဘယ်လောက်တောင် ပါးနပ်တယ်ဆိုတာကို မြင်သာစေတာပဲ..။စာသား အရေးအသားတွေ ပေါ်ထွက်လာတဲ့အချိန်ကြတဲ့ အသိပညာ အလုံအလောက်ရှိတဲ့ လူတစ်ယောက် အမည်တွေနဲ့ အရာဝတ္တုတွေကိုတစ်သားတည်း ဖြစ်အောင် ချိတ်ဆက်ပြီး..ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်တယ်လေ..။ဒါပေါ့ အဲတာကတည်း ရိုးရှင်းတာတော့ မဟုတ်ဘူး..။အမှန်တော့..အရာဝတ္တုတွေရဲ့ အမည်ကို သိတာနဲ့..သူ့တို့ကို သီချင်းတွေ ၊ စာသားတွေအဖြစ် ဘယ်လို ဖန်တီးရမလဲဆိုတာကို သိဖို့ဆိုတာက အတော်လေးကို ခက်ခဲတယ်..။ဘာလို့လဲဆိုတော့..အမည်တွေရဲ့ အသိပညာနဲ့အတူ..အရာအားလုံးရဲ့ အသိပညာကပါ ပါဝင်ပတ်သက်နေတာကြောင့်ပဲ..”
နိုတစ် လေးလံစွာ သက်ပြင်းချလိုက်ပြီး..
“အဓိပ္ပာယ်ကို သေချာနားလည်သေဘာပေါက်ခြင်း မရှိပဲ..ရူးစ်တစ်ခုကို ရေးဆွဲလိုက်တာက ဘာမှဖြစ်လာမှာ မဟုတ်ဘူး..။ဒီတော့..ရူးစ်နစ်ရဲ့ မှော်စွမ်းအားကို လေ့လာဖို့အတွက်တောင် ရာစုနှစ် တစ်ခုစာလောက် ကြာမြင့်ခဲ့တယ်လေ..။ဒါပေါ့ မင်းက ဒီအရာအပေါ်မှာ အထုံပါရမီ ပါလာမယ်ဆိုရင်တော့ ဒီလောက်အထိ ကြာမှာမဟုတ်ဘူးလေ..။ဒါပေမဲ့ မျှော်လင့်ချက်ကလွဲပြီး တစ်ခြား ဘယ်သူကမှ..ဒီလို ပါရမီ မပါလာခဲ့ကြဘူး..။ဒါပေမဲ့..ငါသိထားသမျှကိုတော့ မင်းကို ပျော်ပျော်ကြီးသင်ပေးမှာပါ..။ငါဆိုလိုတာက..မင်းမှာ အချိန် ရာစုနှစ် တစ်ခု ဒါမှမဟုတ် နှစ်ခု စာလောက် ရှိမယ်ဆိုရင်ပေါ့..”
မှော်ဆရာက တောက်ပစွာ ပြုံးလိုက်ပြီး ဆန်နီကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ လှပတဲ့ မျက်နှာမှာတော့..ရိုးသားမူတွေကို အထင်းသား တွေ့မြင်နေခဲ့ရပါတယ်..။
‘ ဒီ ကြောက်ဖို့ကောင်းတဲ့ ခွေးသားလေး..’
ဒါပေါ့..ဆန်နီမှာ ရာစုနှစ်တွေကြာလောက်တဲ့အထိ အချိန်မရှိပါဘူး..။
ဒါပေမဲ့…သူက..ဒီလောက်အထိ အချိန်မလိုတာလည်း ဖြစ်နိုင်ပါတယ်..။
‘အမည်တွေက အားကောင်းတဲ့ စွမ်းအားတွေပဲ..’
ရုတ်တရက် သူ့စိတ်ထဲမှာ အကြံတစ်ခု ဖြစ်ပေါ်လာခဲ့တယ်..။
“ကျွန်တော်..အာ…နောက်တစ်ခေါက်မှပဲ သင်ကြတာပေါ့..”
နိုတစ်က သက်ပြင်းချလိုက်ပြီး..တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်ပါတယ်..။သိုပေမယ့် လက်လေးချောင်း နတ်မိစ္ဆာက သူ့မြင်ကွင်းမှာ မရှိတော့ပဲ..အရိပ်တွေထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါပြီ..။
မှော်ဆရာက အရိပ်တွေကို စိုက်ကြည့်နေခဲ့ပြီးကာမှ..သက်ပြင်းတစ်ချက်ချလိုက်ပြီး ထပ်မံခေါင်းခါယမ်းလိုက်ပါတယ်..။
“ဘယ်လောက်တောင် ထူးဆန်းတဲ့ ငနဲလဲ..”