← Chapters

အဓိက အပိုင်းအစ..

Vol. 47 Ch. 694

အဓိက အပိုင်းအစ..

Vol. 47 Ch. 694

အနီရောင် အဆောက်အဦးမှာတုန်းက..ဆန်နီက ပျင်းရိဖွယ်ကောင်းလောက်တဲ့အထိ အချိန်တွေအကြာကြီးယူကာ.. မှတ်သားမူတွေရဲ့ ရက်လုပ်မူတွေကို နှိုင်းယှဉ်နေခဲ့ပါတယ်..။

သူ့စိတ်ထဲမှာတော့..မှတ်သားမူတွေ အားလုံးမှာ တူညီတဲ့အချကိ သုံးချက်ရှိနေခဲ့ကြတာပါ..။အဲတာတွေကတော့..ထုတ်ယူနိုင်ခြင်း .. ရုတ်သိမ်းနိုင်ခြင်း ၊ ရုတ်သိမ်းတဲ့ အချိန်မှာ..ကိုယ်တိုင် ပြန်လည်ပြင်ဆင်နိုင်တဲ့ စွမ်းရည်တွေ ရှိခြင်း နဲ့..ကိုင်ဆောင်သူရဲ့ ဝိဉာဉ်နဲ့ ဆက်သွယ်ထားနိုင်ခြင်းပါပဲ။.

ရက်လုပ်မူတွေထဲမှာ ပါဝင်တဲ့ ဒီ ယေဘုယျ အချက်သုံးချက်ကို သိရှိနားလည်သွားခဲ့တာကြောင့် သူက ရိုးရှင်းတဲ့ မှော်စွမ်းအားတွေကို ဘယ်လိုပြန်လုပ်နိုင်မလဲ ဆိုတာကို သိရှိခဲ့တယ်..။အနည်းဆုံးတော့ အရာဝတ္တုတစ်ခုကို ဝိဉာဉ်အဆီအနှစ်တွေ အသုံးပြုရင်း..ဖော်ထုတ်တာ ၊ ရုတ်သိမ်းတာတွေ လုပ်နိင်လောက်တဲ့အထိ..ရိုးရှင်းတဲ့ပုံစံတွေကို ဖန်တီးလာနိုင်ခဲ့ပါတယ်..။

သို့ပေမယ့်..မှတ်သားမူတိုင်းမှာ စတုတ္ထမြောက် တူညီတဲ့ အရည်အသွေးတစ်ခုက ရှိနေပါသေးတယ်..။အဲဒီတစ်ခုကို သူ အရင်က လုံးဝ မတွေးထားမိခဲ့ပါဘူး..။

မှတ်သားမူတွေအားလုံးက နာမည်တစ်ခု ရှိနေခဲ့တာပါ..။

‘ငါ အရူးပဲ…ဒီလို အရူးမျိုး…’

သူ့မှာလည်း အစစ်အမှန်နာမည်တစ်ခု ရှိနေခဲ့တာကြောင့် တစ်ခြားလူတွေနဲ့ ယှဉ်မယ်ဆိုရင် သူက နာမည်တွေမှာ ရှိနေတဲ့ စွမ်းအားကို ပိုပြီးသိထားသင့်တာပါ..။ဒီ အစစ်အမှန်နာမည် ကသူ့ကို ထိန်းချုပ်နိုင်ဖို့ သော့ချက်ဖြစ်တယ်ဆိုတာက အသိအသာကြီးပါပဲ..။

သူ့အခန်းထဲက အရိပ်တွေထဲမှာ ပေါ်ထွက်လာတဲ့အချိန်မှာတော့..ဆန်နီဟာ..အိပ်ယာပေါ်မှာ လှဲလိုက်ပြီး ငွေရောင်ခေါင်းလောင်းကို ထုတ်ဖော်လိုက်တယ်..။ဒီအရာက သူနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မှတ်သားမူတစ်ခုပါ..။သူက ဒီအရာရဲ့ ရက်လုပ်မူတွေကို နာရီပေါင်းများစွာ ကြာအောင် လေ့လာခဲ့သလို..သူ့ရဲ့ လျို့ဝှက်ချက်တွေကိုလည်း နားလည်ဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်..။သို့ပေမယ့် အခုချိန်အထိအောင် အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ..။

သူက သေးငယ်တဲ့ခေါင်းလောင်းလေးရဲ့ မျက်နှာပြင်အောက်ကို စိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့..နူးညံ့ညှင်သာတဲ့ ကြိုးလေးတွေက ရှုပ်ထွေးပြီး လှပစွာ ရှိနေခဲ့တာကို တွေ့လိုက်ရတယ်..။သူ့ရဲ့ အလယ်မှာတော့..တစ်ခုတည်းသော မီးခဲလေးက..မှိန်ဖျော့စွာ တောက်ပနေခဲ့ပါတယ်..။

အခုဆိုရင် ဆန်နီက ဒီခေါင်းလောင်းလေးရဲ့ အဓိက အစိတ်အပိုင်တွေကို တာဝန်ယူထားတဲ့ ရက်လုပ်မူ အစိတ်အပိုင်းတွေကို သိရှီနားလည်ထားခဲ့ပါပြီ..။

သူက အနီရောင် အဆောက်အဦးမှာတုန်းက မှတ်သားမူတွေရဲ့ တူညီတဲ့ အရည်အသွေး သုံးခုအပြင်..ခေါင်းလောင်းလေးရဲ့ မှော်စွမ်းအားတွေကိုလည်း လေ့လာသင်ယူနိုင်ခဲ့ပါသေးတယ်..။သို့ပေမယ့် ဒီလို အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို နားလည်ထားသည့်တိုင်အောင်..ဆန်နီ အနေနဲ့..ရက်လုပ်မူတစ်ခုလုံးကို ဖြစ်တည်လာအောင် ဘယ်တော့မှ မလုပ်နိုင်ခဲ့ပါဘူး..။ဒါက တစ်ခုခု လွဲမှားနေသလို ဖြစ်နေခဲ့ပြီး..နူးညံ့ညှင်သာတဲ့ ကြိုးတွေကြားထဲက ဆက်နွယ်မူ နဲ့ သဘောတရားတွေကို နားလည်ဖို့ကြိုးစားသမျှတွေကို အရာမထင်ဖြစ်နေစေခဲ့ပါတယ်..။

‘နောက်ထပ် အစိတ်အပိုင်းတစ်ခု ရှိနေသေးတယ်..ငွေရောင်ခေါင်းလောင်းက မှော်စွမ်အားတစ်ခုတည်းကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် သူ့မှာနာမည်လည်း ရှိနေသေးတာပဲ..။ဒီအရာက တစ်ခြားမှတ်သားမူတွေနဲ့ သူ့ကို ကွဲထွက်သွားစေခဲ့တာ..။ဒါကြောင့် သူက တစ်နည်းနည်းနဲ့ စတင်ပြီး တည်ရှိလာခဲ့တာပဲ..’

ဆန်နီက ရက်လုပ်မူအစိတ်အပိုင်းတွေကို စိုက်ကြည့်ရင်း…အချိန်အတော်ကြာတဲ့အထိ..မှော်စွမ်းအားနဲ့ ပတ်သက်တာတွေကို တွေးနေခဲ့ပါတယ်..။ယင်းနောက် နောက်ထပ် မှတ်သားမူတစ်ခုကို ထုတ်ယူလိုက်ပြီး လေ့လာလိုက်တယ်..။ရက်လုပ်မူတစ်ခု ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုကို တစ်ခြားထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုက နေ လုံးဝခွဲထုတ်ဖို့ဆိုတာ အစက မဖြစ်နိုင်တဲ့ အရာတစ်ခုလို့ ထင်ရပါတယ်..။ဘာပဲဖြစ်ဖြစ်..သူ့ဆီမှာ ကိုးကားဖို့ ဘယ်အရာမှ မရှိခဲ့ပါဘူး.။

သို့ပေမယ့် သူ့ဆီမှာ ပိုကောင်းတဲ့ အရာတစ်ခုခု ရှိနေခဲ့တယ်..။အဲတာကတော့..ကံတရားရဲ့ နတ်ဆိုး ဆီကနေ အမွေဆက်ခံရရှိထားတဲ့ ရက်လုပ်မူဆိုင်ရာ ပါရမီ…နဲ့..နိုတစ်ပြောကြားခဲ့တဲ့ အတိုင်း..ရူးနစ်မှော်စွမ်းအားတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ပိုင်ဆိုင်ထားတဲ့ ဖန်တီးနိုင်မူ စွမ်းရည်တွေပါပဲ..။

ဒါပေါ့..ဆန်နီက..ဝီဗာ ( ရက်လုပ်သူ ) တော့ မဟုတ်ပါဘူး..။သို့ပေမယ့်..သူနဲ့ ထူးဆန်းတဲ့ ဒဲလ်မွန်တို့ရဲ့ ဆက်နွယ်မူကြောင့်..ဆန်နီမှာ မှော်စွမ်းအား ရက်လုပ်မူအစိတ်အပိုင်းတွေရဲ့ ရည်ရွယ်ချက်ကို အလိုလိုခံစားနိုင်စွမ်းတွေ ရှိ‌ေနေခဲ့ပါတယ်..။သိသာစွာပဲ..အဲဒီစွမ်းအားတွေက ဝီဗာသွေးဖြစ်တဲ့ သူ့ရဲ့ သွေးထဲမှာ ဖြစ်တည်နေခဲ့တာပါ..။အခု ဆန်နီ လုပ်ဖို့လိုအပ်တာဆိုလို့..ကျယ်ပြန့်တဲ့ ပုံစံခွက်တွေကို ဖန်တီးထားတဲ့ ကြိုးမျှင်တစ်ချောင်းချင်းစီတိုင်းကို ဂရုမစိုက် ကြည့်ရူပြီး ၊ ဘယ်တစ်ခုက အသံကို ဖန်တီးထားတာလဲ..ဘယ်တစ်ခုက ရည်ရွယ်ချက်မရှိဘူးလဲ ဆိုတာကို ခံစားကြည့်ဖို့ပါပဲ..။

သူ အသိတဲ့အရာတွေ အကုန်လုံးကတော့..နာမည်နဲ့ပဲ သက်ဆိုင်နေပါလိမ့်မယ်..။

…နာရီတွေ များစွာ ကြာမြင့်သွားခဲ့ပြီး..အပြင်ဘက်မှာ မှောင်မိုက်လာခဲ့တယ်…။ဆန်နီကတော့ ငွေရောင်ခေါင်းလောင်းလေးကို ဆ်ကလက်စိုက်ကြည့်နေဆဲဖြစ်ပြီး..ညဘက် အမဲလိုက်ဖို့အတွက်တောင် မေ့ပျောက်နေခဲ့ပါပြီ..။ယင်းနောက်..သန်းခေါင်းယံအချိန်ကို ရောက်တဲ့အခါမှတော့..သူ့ရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့ပါတယ်..။

‘အဲတာပဲလေ…ဟုတ်တယ်..ငါ မြင်နိုင်ပြီ..’

နောက်ဆုံးမှာတော့..သူက ယေဘုယျ မှော်စွမ်းအားသုံးခုနဲ့လည်း မသက်ဆိုငိ် ၊ မိုင်ပေါင်းထောင်ချီ အကြာကနေတောင် ကြားနိုင်ရမယ်ဆိုတဲ့ ခေါင်းလောင်းရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့လည်း မသက်ဆိုင်တဲ့ အစိတ်အပိုင်းတွေကို တွေ့ရှိနိုင်ခဲ့ပါပြီ..။

ဒါက..ဒါက မှတ်သားမူတစ်ခုရဲ့ နာမည်ကနေ ဖြစ်တည်လာခဲ့တဲ့..မှော်စွမ်းအား ရက်လုပ်မူ အစိတ်အပိုင်းတွေပဲ ဖြစ်ရမယ်..။ဒီလို ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့..ကြိုးတွေ…အားလုံးက..ရိုးရှင်းတဲ့ စကားလုံး နှစ်လုံးကို ဖော်ပြဖို့ အတွက်ပဲလား…

ငွေရောင် ခေါင်းလောင်း

ဆန်နီ ရဲ့စိတ်တွေက ဒီထူးဆန်းတဲ့ စကားလုံး နှစ်လုံးနဲ့ ဆက်သွယ်သွားခဲ့တာနဲ့တစ်ပြိုင်နက်..ထူးဆန်းတဲ့ အရာတစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ်..။ငွေရောင် ခေါင်းလောင်း ရဲ့ ရက်လုပ်မူတွေက တူညီစွာပဲ ရှိနေသေးတယ်ဆိုပေမယ့် သူက တစ်ခုခု ကွဲပြားတာကို မြင်တွေ့လိုက်ရတယ်။ဒါက ဘယ်အရာမှ ပြောင်းလဲခြင်း မရှိပဲ..အရာတစ်ခုလုံးက သူ့မျက်စိရှေ့မှာတင် ပြောင်းလဲသွားသလိုပဲ..။

အဓိပ္ပာယ်မရှိပဲ ၊ ဗရမ်းဗတာ ဖြစ်နေတယ်လို့ ထင်ရတဲ့ ရက်လုပ်မူ အစိတ်အပိုင်းတွေက ရုတ်တရက် သဟဇာတဖြစ်စွာ ဆက်နွယ်လာခဲ့ပြီး..ထူးဆန်း ၊ ဆန်းကျယ် တဲ့ စွမ်းအားတွေ ပိုင်ဆိုင်လာသလို ခံစားလိုက်ရတယ်..။ပြီးတော့ ဒီအထဲမှာ ခန့်ညားပြီး ငြင်းဆန်လို့မရတဲ့ ယုတ္တိရှိမူတွေ ပါဝင်နေခဲ့ပါတယ်..။

သူ အံ့ဩနေခဲ့တယ်..။

‘ငါ..ငါက ဒါကို ဘယ်လိုဖြစ်ပြီး မမြင်နိုင်ခဲ့တာလဲ..’

ဒီ ပုံစံခွက်က ရုတ်တရက် သူ့အတွက် ပိုမိုမြင်သာလာခဲ့ပြီး..ခွဲကြားသိမြင်နိုင်ဖို့ လွယ်ကူသွားခဲ့ပါတယ်..။ပြီးတော့ အလယ်ဗဟိုမှာ ရှိနေတဲ့..နူးညံ့ညှင်သာတဲ့ ကြိုးတွေရဲ့ ရက်လုပ်မူ ပန်းချီကား အစိတ်အပိုင်းအားလုံးကို ငွေရောင် ခေါင်းလောင်းဆိုတဲ့ တံတားက..သူတို့ကြားထဲမှာ ထည်ဝါစွာ ဆက်သွယ်ပေးထားခဲ့တယ်..။

‘ငါ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့ မှတ်သားမူတိုင်းက ပျက်စီးသွားကြတာ အံ့ဩစရာ မရှိတော့ဘူး..။ငါက အရေးကြီးတဲ့ အချက်တစ်ခုကို မေ့နေတာပဲ..ချီး..’

ဆန်နီဟာ ငွေ‌ေရာင်ခေါင်းလောင်ရဲ့ ရက်လုပ်မူတွေကို လေ့လာကြည့်နေရင်း..ရင်းနှီးတဲ့အစိတ်အပိုင်းတစ်ခုကို အမြင်အသစ်နဲ့ မြင်ရတဲ့အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။

..ယင်းနောက် သူ့ရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့အမူအရာပေါ်လာခဲ့ပါတယ်..။

‘ခနလေး..ဒါကဘာလဲ..’

အခုသူက ဒီ ပုံစံခွက်နောက်ကွယ်က..ယုတ္တိရှိမူ လောဂျစ် တစ်ခုလုံးကို မြင်နိုင်သွားပြီဖြစ်တာကြောင့်..သူ့ရဲ့ နားလည်နိုင်စွမ်းက..မရင်းနှီးထားတဲ့ ထည်ဝါမူတစ်ခုကိုပါ မြင်နိုင်စွမ်းရှိလာခဲ့တယ်..။အခုချိန်မှာတော့..ဒီရက်လုပ်မူထဲက ဘယ်အစိတ်အပိုင်းကမှ..သူ မသိတာ မရှိတော့ပါဘူး..။

ဒါတောင်မှ..တစ်ခုက ရှိနေခဲ့သေးတယ်..။

ထပ်ပြောရရင်..ဒီ ရက်လုပ်မူ အပိုင်းက ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်‌အောင် ရှုပ်ထွေးပါတယ်..။ဒါက အမည်တစ်ခု ပါဝင်တဲ့ မှတ်သားမူတစ်ခုရဲ့ဖွဲ့စည်းမူ ထက်တောင် ပိုရှုပ်ထွေးနေခဲ့သေးတာပါ..။အစကတော့ ဒီအရာက သတိထားမိဖို့ ခက်ခဲတယ် ဆိုပေမယ့်..တစ်စုံတစ်ယောက်က ဘာကိုရှာရမလဲ ဆိုတာကို သိသွားတဲ့အချိန်မှာ ဒီအရာကို လျစ်လျူရူမိဖို့က မဖြစ်နိုင်တော့ပါဘူး..။

‘အာ..ဒါက အတော်လှပတာပဲ..ဒါပေမဲ့..ဒါက ဘယ်လို ငရဲမျိုးလဲ..’

သူ မှတ်သားမူကို မျက်နှာရှုံ့မဲ့ပြီး ကြည့်နေခဲ့တယ်..။ပြီးတာနဲ့ ငွေရောင်ခေါင်းလောင်းရဲ့ ရက်လုပ်မူနဲ့နှိုင်းယှဉ် ကြည့်နေခဲ့ပါတယ်..။

အံ့ဩစရာကောင်းတာက ကျယ်ပြန့်ပြီးလှပတဲ့ ပုံစံခွက်တွေက အဲ့နေရာမှာပဲ ရှိနေဆဲဖြစ်ပြီး..သူ့ရဲ့ တည်ရှိမူက ထူးဆန်းကာ ရှင်းပြလို့ မရနိုင်အောင် ဖြစ်နေဆဲဖြစ်နေတာပါပဲ..။

ရုတ်တရက် လေးနက်သွားတဲ့ဆန်နီဟာ..သူ့ရဲ့ မှတ်သားမူတွေကို တစ်ခုပြီး တစ်ခု ထုတ်ယူကာ လေ့လာကြည့်လိုက်တယ်..။ပြီးတာနဲ့ ဒီထူးဆန်းတဲ့ အစိတ်အပိုင်းကို နေရာတိုင်းမှာ လိုက်ရှာလိုက်ပါတယ်..။

“ဒါက ဘယ်လို ငရဲမျိုးလဲ..’

ဆန်နီ ဘာကိုမှ မသိခဲ့ပဲ..သူ့ရဲ့ အလိုလိုသိစိတ်ကပါ..တိတ်ဆိတ်နေခဲ့တယ်..။ဒီ ပုန်းကွယ်နေတဲ့ ရက်လုပ်မူနဲ့ ပတ်သက်ပြီး..ဘာသဲလွန်စမှ မပေးနိုင်ခဲ့ပေ..။သူတွေ့ရှိခဲ့တဲ့ တစ်ခုတည်းသော သဲလွန်စက ငွေရောင်ခေါင်းလောင်း အမည်ရဲ့ ရက်လုပ်မူကို ခြုံငုံကြည့်လိုက်တဲ့ အချိန်မှာ..လရောင် အမြုတေရဲ့ ရက်လုပ်မူနဲ့ ဆင်တူနေခဲ့တယ်ဆိုတာပါပဲ..။သို့ပေမယ့်..ဒီ ဆန်းကျယ်တဲ့ ပုံစံခွက်တွေက..မယှဉ်နိုင်လောက်အောင် ကျယ်ပြန့်ပြီး..ပိုနက်ရှိုင်းပါတယ်..။

သူ ရုတ်တရက် ခေါင်းကို စောင်းလိုက်ပြီး..အံ့ဩနေတဲ့ အမူအရာနဲ…

“လရောင်…အလင်းရောင်..”

ဆန်နီဟာ ရက်လုပ်မူတွေကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး..အေးခဲသွားခဲ့တယ်..။

“..အလင်းမှ ပျောက်ဆုံးတာ..”

All Chapters