အသံဩဇာရှိသော ငွေရောင်ခေါင်းလောင်း
Vol. 47 Ch. 695
မနက်ခင်းရောက်လာတဲ့ အချိန်မှာတော့..ဆန်နီက..ကြမ်းပြင်ပေါ်မှာ မျက်လုံးအပြူးသားနဲ့ ရှိနေခဲ့ပါတယ်..။သားရဲတစ်ကောင်လို မျက်နှာနဲ့အတူပဲ..သူ့ရဲ့ ကြမ်းတမ်းတဲ့ ဆံပင်တွေက ရှုပ်ပွနေခဲ့တယ်..။သူ့ရဲ့ လက်တစ်ဖက်မှာတော့ ရွှေရောင်တောက်ပနေတဲ့ အပ်ကလေးတစ်ချောင်း ရှိနေခဲ့ပြီး..ကျန်တဲ့ လက်တစ်ဖက်မှာတော့ ငွေရောင် ခေါင်းလောင်းကလေး တစ်လုံးကို ကိုင်ဆောင်ထားခဲ့တယ်..။သူ့ရဲ အောက်ဘက် လက်နှစ်ဖက်ကတော့..ကျောက်စိမ်း ဒါမှမဟုတ် မြစိမ်းရောင် အရိုးကနေ ပြုလုပ်ထားပုံရတဲ့ ပုလွေတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့ပါတယ်..။
ဒါက အနီရောင် တိုက်ပွဲကွင်းပြင်မှာ သူရရှိထားတဲ့..အကောင်းဆုံးမှတ်သားမူ တစ်ခု ဆိုရင်လည်း မမှားပါဘူး..။သို့ပေမယ့် အခုချိန်မှာတော့ ဆန်နီ အနေနဲ့ ဒီ ပုလွေကို အာရုံမစိုက်နိုင်သေးပေ..။
အဲဒီအစား သူ့ရဲ့ အာရုံစိုက်မူတွေ အကုန်လုံးက..သေးငယ်တဲ့ ခေါင်းလောင်းလေး အပေါ်မှာသာ ရှိနေခဲ့ပါတယ်..။
ဆန်နီက အသက်ကို အောင့်ထားရင်း ဒီခေါင်းလောင်းလေးကို လှုပ်ခါကြည့်လိုက်တယ်..။သို့ပေမယ့်..ကီလိုမီတာ အကွာအဝေးကနေတောင် ရှင်းရှင်းလင်းလင်း ကြားနိုင်တဲ့ အသံတစ်ခု ထွက်ပေါ်လာရမယ့်အစား..သူက ကြားနိုင်ယုံလောက်သာ ရှိတဲ့ တီးတိုးသံစဉ်တစ်ခုကိုသာ ကြားလိုက်ရပါတယ်..။
သူ့ရဲ့ မျက်နှာပေါ်မှာ ကြမ်းတမ်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
‘ငါ..ငါ လုပ်နိုင်ခဲ့ပြီ..။ငါ တကယ် လုပ်နိုင်ခဲ့ပြီ..’
ဆန်နီ စိတ်လှုပ်ရှားမူတွေကို တတ်နိုင်သလောက် ထိန်းချုပ်ထားရင်း..အချက်အလက် ဇယားကို ထုတ်ဖော်လိုက်တယ်..။ပြီးတာနဲ့ ခေါင်းလောင်းရဲ့ ဖော်ပြချက်ကို အမြန်ဖတ်ကြည့်လိုက်ပါတယ်..။
မှတ်သားမူ - ငွေရောင်ခေါင်းလောင်း..
မှတ်သားမူ အမျိုးအစား - အသွင်ပြောင်း
မှတ်သားမူ အဆင့် - ၂
မှတ်သားမူ ဖော်ပြချက် - ရှေးအချိန်ကတည်းက အိမ်ကို ပျောက်ဆုံးသွားခဲ့သည့် အမှတ်တရ လေးတစ်ခု..။ဒီအရာက သူ၏ ပိုင်ရှင်ကို..ကျေနပ်မူ နဲ့ ပျော်ရွှင်မူတွေ ဆောင်ကျဉ်းပေးခဲ့ဖူးသည်..။သူ၏ ရှင်းလင်း သည့် မြည်သံအား..မိုင်ပေါင်း ထောင်ချီ အကွာကပင် ကြားနိုင်ပေလိမ့်မည်။
မှတ်သားမူ တိုးမြှင့်ချက် - ( ငွေရောင် သံစဉ် ) ၊ ( အသံထည်ဝါသော )
( ငွေရောင်သံစဉ် ) မှော်စွမ်းအား ဖော်ပြချက် - “ ဤခေါင်းလောင်း၏ မြည်သံသည် အလွန်တရာကျယ်လောင် ခြင်း မရှိသည့်တိုင်အောင်..ဝေးကွာသည့်နေရာမှပင် ကြားနိုင်သည် “
( အသံထည်ဝါသော ) မှော်စွမ်းအား ဖော်ပြချက် - “ ပိုင်ရှင်သည် ဤခေါင်းလောင်၏ အသံအတိုးအကျယ်ကို ဆုံးဖြတ်နိုင်စွမ်း ရှိပေသည် “
ဆန်နီ ရဲ့ မျက်လုံးတွေဟာ ပျော်ရွှင်မူကြောင့် တောက်ပသွားခဲ့တယ်..။
ဒါပေါ့ ဒီ စွမ်းအား နှစ်မျိုးက အရမ်းကြီး အားကောင်းနေတာတော့ မဟုတ်ပါဘူး..။သို့ပေမယ့် ဒါက ပြသနာ မရှိပေ..။အရင်က ဒီ မှတ်သားမူထဲမှာ..မှော်စွမ်းအင် တစ်မျိုးသာ ပါဝင်ထားခဲ့ပေမယ့်..အခုဆိုရင် မှော်စွမ်းအင် နှစ်မျိုး ရှိသွားခဲ့ပါပြီ..။
ဒါက ရိုးရှင်းတယ် ဆိုပေမယ့်လည်း ဆန်နီက နောက်ဆုံးမှာ..မှော်စွမ်းအားတစ်ခုကို အောင်အောင်မြင်မြင် ကူးယူပြီး တစ်ခြားတစ်ခုထဲကို ပြောင်းထည့်နိုင်သွားခဲ့ပါပြီ..။သူက မြစိမ်းရောင် အဆောင်ကို လေ့လာပြီး..( အသံထည်ဝါမူ ) မှော်စွမ်းအား ရက်လုပ်မူကို ပြန်ဖန်တီးကာ..မဖျက်ဆီးပစ်ပဲ..ငွေရောင်ခေါင်းလောင်းထဲကို ပေါင်းစပ်ထည့်ပေးခဲ့ပါတယ်..။သူ ဒါကို လုပ်နိုင်ခဲ့တယ်..။သူက မှတ်သားမူတစ်ခုထဲကို မှော်စွမ်းအား အသစ်တစ်ခု ပေါင်းထည့်ပေးနိုင်ခဲ့တာပါ..။
ဆန်နီဟာ..သူ့ မျက်နှာပေါ်က အပြုံးကို မဖယ်ရှားနိုင်သေးပဲ..ခေါင်းလောင်းငယ်လေးရဲ့ မျက်နှာပြင်အောက်ကို လှမ်းကြည့်လိုက်ပါတယ်..။အခုတော့..သူ့ရဲ့ မှော်စွမ်းအင်လှိုင်းတွေက အတော်လေးကို ကွဲပြားနေခဲ့ပါပြီ..။
အစတုန်းက အဲဒီနေရာမှာ..နှုးညံ့ညှင်သာတဲ့ ကြိုးတွေသာ ရှိနေခဲ့တယ် ဆိုပေမယ့်လည်း အခုချိန်မှာတော့..အရိပ်တွေနဲ့ ပြုလုပ်ထားတဲ့ အနက်ရောင်ကြိုးတွေပါ ရှိနေခဲ့တယ်..။ဒီလို မတူညီတဲ့ ကြိုးအမျိုးအစား နှစ်ခုက ရှုပ်ထွေးပြီး..လိုက်ဖက်တဲ့ ပုံစံခွက်တစ်ခုကို ဖန်တီးဖို့အတွက် အချင်းချင်း ဆက်နွယ်နေခဲ့ကြပါတယ်..။
ထပ်ပြောရရင် ငွေရောင်ခေါင်းလောင်းရဲ့ ပုံစံခွက်မှာတုန်းက..နှုးညံ့တဲ့ ကြိုးတွေကိုဆက်သွယ်ပေးဖို့ တောက်ပတဲ့ မီးခဲတစ်ခုသာ ရှိခဲ့ပေမယ့်..အခုချိန်မှာတော့ နှစ်ခုဖြစ်နေခဲ့ပါပြီ..။အသစ်တစ်ခုကို ဖန်တီးဖို့အတွက် ဆန်နီက သူပိုင်ဆိုင်ထားတဲ့ ဝိဉာဉ်အမြုတေတွေထဲက တစ်ခုကို အသုံးပြုထားခဲ့တာပါ..။
ဒီအရာတွေအားလုံးက..ရက်လုပ်မူတွေရဲ့ ဖွဲ့စည်းပုံတွေကို နားလည်ထားတဲ့..သူ့ရဲ့ အမြင်တွေကြောင့်သာ..ဖြစ်နိုင်ခဲ့တာပါ..။မှတ်သားမူ တစ်ခုရဲ့ အမည်က..သူ့ရဲ့ မှော်စွမ်းအားရက်လုပ်မူတွေအတွက် အရေးပါတယ်ဆိုတာကို သိရှိလိုက်ခြင်းက ဆန်နီ ရဲ့ အမြင်တွေ အားလံုးကို ပြောင်းလဲသွားစေခဲ့တယ်..။သူက နောက်ဆုံးမှာ ဒီအရာတစ်ခုလုံးကို မဖျက်ဆီးပစ်ပဲ..ပြောင်းလဲပစ်နိုင်ခဲ့တာပါ..။
ဒါပေါ့..သူက သူ့ရဲ့ကိုယ်ပိုင်မှော်စွမ်းအားတစ်ခုကို ဖန်တီးဖို့ အတွက်တော့ မတွေးနိုင်သေးပါဘူး..။သို့ပေမယ့် တည်ရှိနေပြီးသား မှော်စွမ်းအား ပုံစံခွက်တွေကို ယူဆောင်ပြီး မတူညီတဲ့ မှတ်သားမူတစ်ခုထဲကို ပြောင်းထည့်ဖို့ ဆိုတာက သူ့အတွက် မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်တော့ပေ..။ဒါတောင်မှ ဒီအရာက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်သေးပါဘူး..။ရိုးရှင်တဲ့ ( ထည်ဝါမူ ) မှော်စွမ်းအား အတွက်တောင် သူက တစ်ညတာ နဲ့ သမုဒ္ဒရာကြီးလောက် များပြားတဲ့..အရိပ်အဆီအနှစ်တွေကို ကုန်ဆုံးခံခဲ့ရပါတယ်..။
အဲတာကလည်း..သူက ငွေရောင်ခေါင်းလောင်း နဲ့ သူ့ရဲ့ မှော်စွမ်းအား ရက်လုပ်မူတွေကို လပေါင်းများစွာ ကြိုတင်လေ့လာထားတာကြောင့် ဖြစ်နိုင်ခဲ့တာပါ..။
သို့ပေမယ့် ဒါတောင်မှ…
‘ဘုရားသခင်တို့..’
ဖြစ်နိုင်ချေက..အနန္တ နီးပါးပါပဲ..။သူ့ရဲ့ မှတ်သားမူတွေကို ပြောင်းလဲပြီး စွမ်းရည်မြှင့်တင်နိုင်တဲ့ စွမ်းရည်က သူ့အတွက် တံခါးတွေ အများကြီးကို ပွင့်သွားစေခဲ့တယ်..။ဒါက သူ့ရဲ့ လတ်တလော အောင်မြင်မူအပေါ် အပေါ်ယံပြောထားတာပဲ ရှိပါသေးတယ်..။
ပင်မ မီးခဲ တစ်ခုထပ်ပေါင်းထည့်ပြီး ငွေရောင် ခေါင်းလောင်းရဲ့ အဆင့် သတ်မှတ်ချက်ကို မြှင့်တင်ပေးနိုင်တဲ့ အချက်တစ်ခုတည်းနဲ့တင်..အလားအလာအတွက် လုံလောက်နေခဲ့ပါပြီ..။
ဟုတ်ပါတယ်..ဒီလိုအောင်မြင်မူကို အခြေခိုင်အောင်လုပ်ပြီး..မှော်စွမ်းအားတွေကို ဘယ်လိုမြန်မြန် ကူးယူနိုင်အောင် လုပ်မလဲ ..နဲ့ ပိုပြီး စိတ်ချရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိဖို့ အချိန်တွေ ၊ အားစိုက်ထုတ်မူတွေ အများကြီး လိုအပ်ဦးမှာပါ..။လမ်းတစ်လျောက်မှာလည်း ရှုံးနိမ့်မူတွေ အများကြီးနဲ့ ကြုံတွေ့ရဦးမှဦပါပဲ..။
သို့ပေမယ့် ဆန်နီ ပိုပြီး လေ့ကျင့်လေလေ..ရက်လုပ်မူတွေရဲ့ လောဂျစ်နဲ့ အနှစ်သာရတွေကို ပိုပြီးသိလာလေလေ ဖြစ်ပါလိမ့်မယ်..။အနာဂတ် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့..သူက နောက်ထပ်ခြေလှမ်းအသစ် တစ်ခုအတွက် လုံလောက်တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာ အသေအချာပါပဲ..။အဲ့ကနေတဆင့် မှော်စွမ်းအားတွေကို ဘယ်လို အဆင့်မြှင့်မလဲ..သူတို့ရဲ့ မှော်စွမ်းအားကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာကို သိလာပါလိမ့်မယ်..။
ပြီးတော့ အတော်ဝေးကွာလွန်းတဲ့ အနာဂတ်တစ်ချိန်ချိန်ကြရင်..သူက သူ့ရဲ့ ကိုယ်ပိုင် မှတ်သားမူ တစ်ခု နဲ့ မှော်စွမ်းအား တစ်ခုကို ဖန်တီးနိုင်လောက်တဲ့ အထိ လုံလောက်အောင် သင်ယူနိုင်သွားပါလိမ့်မယ်..။
ဒီကြောက်မက်ဖွယ် ကြိုးစားအားထုတ်မူတွေ အောင်မြင်သွားတဲ့ တစ်နေ့ကြရင်တော့…
အဲဒီနေ့ကြရင်..ဆန်နီက သူ့ကိုယ်သူ စစ်မှန်တဲ့ မှော်ဆရာတစ်ဦးအဖြစ် ခေါ်ဆိုနိုင်ပါပြီ..။
…အဲဒီနေ့ကြရင်…သူက ဝီဗာ ( ရက်လုပ်သူ ) တစ်ယောက် ဖြစ်လာပါလိမ့်မယ်..။
……
အချိန်အတော်ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီက သူ့ရဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်..။ပြီးတာနဲ့ နေရာင်ကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီးသန်းဝေလိုက်ပါတယ်..။ယင်းနောက် ကိုင် မြားပစ်လေ့ကျင့်နေကြ နေရာကို လမ်းလျောက်ထွက်လာလိုက်ပါတယ်..။
သူ့ သူငယ်ချင်းကတော့..အဲံနေရာမှာ ရောက်ရှိနေခဲ့ပြီးပါပြီ။သူက..မီးလောင်ကျွမ်းခံထားရတဲ့ သစ်သားမျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့တယ်..။သူ့လက်ထဲမှာ လေးတစ်လက်ကို ကိုင်ဆောင်ထားခဲ့ပြီး သူ့ရဲ့ ခြေထောက်နားမှာတော့ မြားကျည်ထောက်တစ်ခု ရှိနေခဲ့တယ်..။
လက်လေးချောင်း နတ်မိစ္ဆာရာက်လာတာကို မြင်တဲ့အချိန်မှာတော့ ကိုင်က ခေါင်းကို လှည့်လာခဲ့ပြီးလက်ဝေ့ယမ်းပြကာ နှုတ်ဆက်လာခဲ့ပါတယ်..။
“ကောင်းသော မနက်ခင်းပါ..”
ဆန်နီ သူ့မျက်နှာကို ပွတ်လိုက်ပြီး အစွယ်တွေပေါ်လာတဲ့အထိ တောက်ပစွာ ပြုံးလိုက်တယ်..။
“..ဘာတွေများကောင်းနေလို့လဲ..။အာ..ဒါက ကိစ္စမရှိပါဘူး..။ငါတို့ စလိုက်ကြတော့မလား..”
လူငယ်လေးဟာ သူ့ကို ကြည့်နေရင်းကနေ ပုခုံးတွန့်ပြလိုက်တယ်..။
“သေချာတာပေါ့..။ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းကဘယ်ပျောက်နေတာလဲ..”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး..
“အခန်းထဲမှာလား..။ခနလေး..ရက်အနည်းငယ် ကုန်သွားတာလား..။ဟင်…ငါက အချိန်တွေကိုတောင် မသိတော့ဘူး..”
ကိုင်က စိတ်ဝင်စားသွားခဲ့ပြီး ကိုင်ရဲ့ လက်ကို ကြည့်လိုက်တယ်..။
“အိုး…ခနလေး..။နိုတစ် မင်းကို ပေးထားတဲ့ မြစိမ်းရောင်အဆောင်က ဘယ်ရောက်သွားတာလဲ..”
ဆန်နီက နောက်တရတဲ့ အကြည့်နဲ့ အောက်ကိုငုံ့ကြည့်လိုက်တယ်..။ပြီးတာနဲ့ တစ်ခနလောက်တွေဝေပြီးကာမှ တုန့်ဆိုင်းစွာ ပြန်ဖြေလာခဲ့ပါတယ်..။
“အိုး..အဲတာလား..ငါ..အာ..ဖျက်ဆီးလိုက်မိပြီ..”
လူငယ်လေးရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။
“မင်း ဖျက်ဆီးလိုက်တာလား..ခနလေး..ဒါဆို ငါက ဘယ်လိုလုပ်ပြီး မင်းပြောတာကို ကြားနေရတာလဲ..”
အဲ့အချိန်မှာပဲ..ဆန်နီက ပြုံးလိုက်ပြီး..သူ့ရဲ့ အနက်ရောင် ကီမိုနို ထဲမှာ ထည့်သိမ်းထားတဲ့ သာမန်ပုံစံ ကျောက်တုံးလေးတစ်တုံးကို ထုတ်ယူပြလိုက်ပါတယ်..။ယင်းနောက် ဂုဏ်ယူစွာပဲ ကိုင်ကို ပြလိုက်တယ်..။
လေးသည်တော်က စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ပြီး..
“ဒါက..ဒါက သာမန်ကျောက်တုံး မဟုတ်ဘူးလား..”
ဆန်နီက အပြုံးလေးနဲ့အတူပဲ ခေါင်းခါယမ်းပြလိုက်တယ်..။ယင်းနောက် ကျောက်တုံးက သူ့အသံအတိုင်း စကားပြောလာခဲ့ပါတယ်..။
“ဒါက အရင်ကတော့ ဟုတ်တယ်..။ဒါပေမဲ့ အခုတော့ ထူးကဲတဲ့ ကျောက်တုံးတစ်ခုဖြစ်သွားပြီ..။ငါက အဆင့်မြှင့်လိုက်တာလေ..။အဲလိုထင်တာပဲ..။အခုတော့..ဒါက အဆောင်မှာ ပါဝင်တဲ့ မှော်စွမ်းအားအတိုင်း တစ်ထပ်တည်း လုပ်ဆောင်နိုင်စွမ်းရှိတယ်..။ဒီတော့ ငါ့ရဲ့ ပုံမှန်အတွေးတွေ အကုန်လုံးက အပြင်ကို မပေါက်ကြားနိုင်တော့ဘူးလေ..။ဘယ်လောက်စိတ်သက်သာရာ ရဖို့ကောင်းလဲ..ငါ..ငါက ဘယ်ကောင့်ကို မဆို အေးအေးဆေးဆေး ကျိန်ဆဲလို့ ရသွားပြီ..အာ…ငါ ဆိုလိုတာက..ငါ့ရဲ့ အတွေးတွေကို လွတ်လွတ်လပ်လပ် တွေးနိုင်သွားပြီလို့ ပြောတာ..။ဒါက အရမ်း..အရမ်းကို အသံကျယ်အောင်လည်း လုပ်လို့ရတယ်..။ဒီတော့ သူ့ရဲ့ နာမည်ကလည်း ပြောင်းလဲသွားပြီလေ..”
ကိုင်က သူ့ကို တစ်ခနလောက် အံ့ဩစွာ ကြည့်နေပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။
“ကောင်းပြီလေ…ဒါက ကောင်းပါတယ်..။ဒါပေမဲ့ စိတ်မကောင်းစရာက..ငါတို့ ဒီဟာကို အသေးစိတ် ဆွေးနွေးလို့ မရသေးသလို..လောလောဆယ် မြားပစ်လေ့ကျင့်လို့လည်း မရသေးဘူး..”
ဆန်နီ မျက်ခုံးပင့်တင်သွားခဲ့ပြီး..
“တကယ်လား..။ဘာဖြစ်လို့လဲ…”
လူငယ်လေးက သက်ပြင်းချလိုက်တယ်..။ယင်းနောက် မတ်တတ်ထရပ်လိုက်ပြီး..သူ့ရဲ့ မြားကျည်ထောက်ကို ကောက်ယူလိုက်ပါတယ်..။
“နိုတစ် ကြောင့်လေ…သူက ငါတို့ကို တွေ့ချင်နေတာ..”