ထူးကဲသော ကျောက်တုံး..
Vol. 47 Ch. 696
ဆန်နီ တစ်ခနလောက် တိတိဆိတ်နေပြီးကာမှ သက်ပြင်းချပြီး ကိုင်နောက်ကို လိုက်ကာ..ဉယျာဉ်ထဲကနေ ဖြတ်လျောက်သွားခဲ့ပါတယ်..။သူက နိုတစ်နဲ့ တွေ့ဆုံရမယ့် အပေါ်မှာ အနည်းငယ် မသက်မသာ ဖြစ်သလို ခံစားနေခဲ့ရတယ်..။
‘သေချာတာကတော့..သူ့ရဲ့ အမြုတေကို ဖျက်ဆီးပစ်လို့ ဒေါသမထွက်လောက်ဘူး မလား..။ကောင်းပြီလေ..ဘယ်သူက ဂရုစိုက်နေမှာလဲ..ဘာပဲဖြစ်ဖြစ်..အဲ့ခွေးသားက ငါ့ဆီမှာ အများကြီး အကြွေးတင်ထားပြီးပြီ မဟုတ်ဘူးလား..’
မြစိမ်းရောင် အမြုတေကို ဖျက်ဆီးပစ်ဖို့ဆိုတာက သူ့ရဲ့ အကြံအစည် မဟုတ်ခဲ့ပါဘူး..။ဆန်နီက ကိုယ့်ကိုကို ဖော်ပြဖို့အတွက် ပိုပိုပြီး ဆိုးဝါးတဲ့..နည်းလမ်းကိုပဲ ရှာတွေ့ချင်ခဲ့တာပါ..။ပြီးတော့..သူ့ရဲ့ ပိုင်ဆိုင်မူတွေထဲမှာ ဒီအရာနဲ့ သင့်တော်တဲ့ မှော်စွမ်းအားက မှော်ဆရာရဲ့ လက်ဆောင်ထဲမှာပဲ ရှိပါတယ်..။
ပြသနာက..သူ့ရဲ့ မှော်စွမ်းအားတွေက..ရက်လုပ်မူတွေနဲ့ ပြုလုပ်ထားတာ မဟုတ်ပဲ..ရူးစ်နစ် စာသားတွေနဲ့ ဖန်တီးထားခဲ့တာပါ..။ဒီတော့ ဆန်နီအနေနဲ့ ဒီအရာကို ပုံစံတူ ကူးယူနိုင်ဖို့ နည်းလမ်းမရှိခဲ့ပေ..။
..သိုပေမယ့်..သူက အဆောင်ကို မှတ်သားမူ အဖြစ် ပြောင်းလဲနိုင်ပါတယ်..။
အနီရောင် ဆောက်အဦးမှာတုန်းကလည်း ဆန်နီက ဒီလိုလုပ်တာကို အောင်မြင်ပြီးသွားပါပြီ..။သူက အဲဒီတုန်းက လည်ပတ်ထဲကို..အခြေခံထုတ်ဖော်မူ မှော်စွမ်းအား ထည့်သွင်းခဲ့တယ်..။သို့ပေမယ့် ဒီဖြစ်စဉ်က ဘယ်တုန်းကမှ ပြည့်စုံခြင်း မရှိခဲ့ပေ..။ဘာလို့လဲ ဆိုတော့..သူ့ရဲ့ မှော်စွမ်းအားတွေနဲ့..လည်ပတ်မှာပါဝင်တဲ့ ကိုယ်ပိုင်မှော်စွမ်းတွေနဲ့ ထိတွေ့တဲ့ အချိန်တိုင်းမှာ ဖျက်ဆီးခံလိုက်ရတာကြောင့်..သူ့အတွက် လှောင်အိမ်ထဲက လွတ်မြောက်နိုင်တဲ့ အချိန်အနည်းငယ်လောက်သာ ရရှိခဲ့ပါတယ်..။
သို့ပေမယ့် အခုချိန်မှာတော့ ဆန်နီမှာ ဒီအရာကို ကြိုးစားဖို့အတွက် အချိန်အများကြီး ရရှိနေခဲ့ပါြပီ..။
ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ အသိပညာ အသစ်တွေကို အသုံးပြုထားတဲ့အတွက် အောင်မြင်ဖို့အခွင့်အရေးက ပိုများနေခဲ့တယ်..။ဒါပေါ့..ဒီအရာက အာမခံချက် သိပ်ပြီးမရှိတာကြောင့် သူက အခန်းထဲမှာ ရှိတဲ့ လှပတဲ့ ထိုင်ခုံလေးနဲ့သာ အရင်ဆုံးစမ်းသပ်ခဲ့တယ်..။
သူက မရေမတွက်နိုင်တဲ့ အဆီအနှစ် ကြိုးမျှင်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် ရက်လုပ်ပြီး..အခြေခံမှော်စွမ်းအားသုံးခုကို..ပရိဘောဂထဲမှာ ထည့်သွင့်းခဲ့တယ်..။ပြီးတာနဲ့..ဝိဉာဉ်အမြုတေကို ပင်မ မီးခဲအဖြစ် ထည့်သွင်းလိုက်တယ်..။သို့ပေမယ့် ..အလင်းစက်တွေအဖြစ် ပြိုကွဲသွားတာကိုသာ တွေ့မြင်လိုက်ရပါတယ်..။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်မှာတော့..ဆန်နီက အဆီအနှစ်တွေကို ပြန်လည်ဖြည့်တင်းပြီး..ဒီ ဖြစ်စဉ်ကို ထပ်မံပြုလုပ်လိုက်တယ်..။သို့ပေမယ့်..ဒီတစ်ကြိမ်မှာတော့..နောက်ထပ် ခြေလှမ်းတစ်လှမ်း ပါဝင်လာခဲ့ပါပြီ..။သူက သူ့ရဲ့ အစစ်အမှန်နာမည်ကို ပုံစံခွက်တစ်ခုအဖြစ် ရက်လုပ်ပြီး..မှော်စွမ်းအားတွေ ပိုင်ရှင်ရဲ့ ဝိဉာဉ်နဲ့ ဆက်သွယ်ဖို့အတွက် မီးပြတိုက်အဖြစ် ထည့်သွင်းလိုက်တယ်..။
ပြီးတဲ့နောက်မှာတော့..ထိုင်ခုံက..မှတ်သားမူတစ်ခုအဖြစ် ဖြစ်တည်သွားခဲ့ပါတယ်.။
အခုဆိုရင် သူ ပိုင်ဆိုင်ထားတဲ့ မှတ်သားမူတွေ စာရင်းထဲမှာ ( ??? ) ဆိုတဲ့ မှတ်သားမူတစ်ခုကလည်း ရှိနေခဲ့ပါပြီ..။သူ့ရဲ့ ဖော်ပြချက်နေရာမှာတော့ “ ဤထိုင်ခုံကို အလင်းမှ ပျောက်ဆုံးသူသည်..မသိရှိနိုင်သော အကြောင်းပြချက်များကြောင့်..မှတ်သားမူအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်”။ဒီ ထိုင်ခုံကို စိတ်ဆန္ဒနဲ့တင် ဖော်ထုတ်တာ ၊ ရုတ်သိမ်းတာ ပြုလုပ်လို့ရပြီး..သူ့ရဲ့ ဝိဉာဉ်ထဲ ပြန်ရောက်တဲ့ အချိန်မှာလည်း အလိုလျောက်ပြုပြင်နိုင်စွမ်းတွေ ရှိပါတယ်..။
ဒီအရာကို သူတော်စင်ကို ကျွေးပြီး..သူမရဲ့ မှတ်သားမူ အပိုင်းအစတွေကို အမှတ်ဝက်လောက် မြင့်တက်လာအောင်လည်း လုပ်လို့ရပါသေးတယ်..။ဒါက ဒီမှတ်သားမူဖြစ်တည်လာဖို့ ဆန်နီ က အမြုတေ တစ်ခုတည်းကိုသာ အသုံးပြုထားတာကြောင့်ပါ..။
ဒီအရာကို ကျေနပ်သွားတဲ့ ဆန်နီက သူ့ရဲ့ အမြုတေမှာ အဆီအနှစ်တွေ လုံလောက်အောင် ပြန်ဖြည့်ပြီးတာနဲ့..ဖြစ်စဉ်ကို နောက်တစ်ကြိမ် ထပ်လုပ်လိုက်တယ်..။အခုတစ်ကြိမ်မှာတော့..မြစိမ်းရောင် အဆောင်နဲ့ စမ်းသပ်ခဲ့တာပါ..။
စိတ်မကောင်းစရာကတော့..ရလာဒ်က မတူညီခဲ့ပါဘူး..။
သူက အဆောင်ကို မှတ်သားမူ အဖြစ် အမှန်တကယ်ပဲ ပြောင်းနိုင်လိုက်တယ်..။ထပ်ပြောရရင် ဒီဖြစ်စဉ်မှာ အခိုက်အတန့်ကိုယ်တိုင်က..အဆောင်ရဲ့ မှော်စွမ်းအားတွေကို ရူးနစ် တွေကနေ..ရက်လုပ်မူတွေ အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။ဒီကနေတဆင့် ဝီဗာရဲ့ ဖန်တီးမူက ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်လည်း ဆိုတာကို မြင်နိုင်ပါတယ်..။
သို့ပေမယ့် ထွက်ပေါ်လာတဲ့ ပုံစံခွက်က တည်ငြိမ်မူ ရှိမနေခဲ့ပေ..။ဒါက..အဆောင်မှာပါဝင်လာတဲ့ မရင်းနှီးတဲ့ မှော်စွမ်းအား တွေကြောင့်.. ဒီလိုဖြစ်သွားတာလည်း ဖြစ်နိုင်တာပါပဲ.။ဒီ ရက်လုပ်မူကြိုးတွေက ထွက်ပေါ်လာတဲ့ အရာတွေကိုတော ဆန်နီလည်း ဘယ်လိုခေါ်ရမလဲ ဆိုတာ မသိပေ..။ဒီအရာတွေက ဖြစ်တည်လာပြီး တာနဲ့ ချက်ချင်းဆိုသလိုပဲ..ဖြည်းညှင်းစွာ ပျောက်ကွယ်ဖို့ ကြိုးစားနေခဲ့ကြတာပါ..။ဆန်နီ လုပ်နိုင်တာကတော့ ဒီမှတ်သားမူ လုံးဝ ပျောက်ကွယ်မသွားခင် အချိန်အတွင်း မှာ သူ့ရဲ့ ရက်လုပ်မူတွေကို သေသေချာချာလေ့လာ ဖို့ပါပဲ..။
မကြာခင်မှာပဲ အဆောင်က သူ့အလိုလို လုံးဝ ပျက်ဆီးသွားခဲ့တယ်..။
သို့ပေမယ့် ဆန်နီက သူ့ရဲ့ မှော်စွမ်းအား တွေကို သာမန်ကျောက်တုံး ထဲကို ပေါင်းစပ်နိုင်ခဲ့ပါတယ်..။အလားတူစွာပဲ..သူက ကျော်ကတုံးရဲ့ ရက်လုပ်မူတွေ ထဲမှာ ပင်မ မီးခဲအသစ်ကို ထည့်သွင်းပြီး သတ်မှတ်ချက် အဆင့် ၂ အဖြစ် မြှင့်တင်ပေးခဲ့တယ်..။ပြီးတော့..သူက ( ထည်ဝါမူ ) မှော်စွမ်းအားကိုပါ ပုံတူကူးပြီး..ပေါင်းထည့်ပေးခဲ့သေးတာပါ..။
သူ ဒီလိုလုပ်လိုက်တဲ့ အချိန်မှာပဲ မှတ်သားမူ ရဲ့ နာမည်က..သာမန်ကျောက်တုံးကနေ ..ထူးကဲသော ကျောက်တုံး အဖြစ် အမည်ပြောင်းလဲသွားခဲ့ပါတယ်..။
အားလုံးခြုံပြောရရင် ဆန်နီက ကိုယ့်ကိုကို အတော်လေး ကျေနပ်မိသွားခဲ့တယ်..။ဒါက တစ်ခြား မှော်စွမ်းအားတစ်ခုကို ပြန်လည်ဖန်တီးနိုင်တာကြောင့် တစ်ခုတည်းမဟုတ်ပဲ..ဝိဉာဉ်အမြုတေ တွေကနေ သူ့ရဲ့ အရိပ်တွေကို အစာကျွေးနိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကို အတည်ပြုနိုင်လိုက်တဲ့ အတွက်ကြောင့်လည်း ပါဝင်ပါတယ်..။ပြီးတော့ နောက်ဆုံးမှာ..သူက စိတ်ထဲကနေ စိတ်တိုင်းကျ ပြောဆိုနိုင်ခဲ့ပါပြီ..။ဒီဖြစ်စဉ်အတွင်းမှာလည်း တစ်ခြားလူတွေ သူပြောတာကို ကြားသွားမှာ စိတ်ပူနေစရာ မလိုအပ်တော့ပေ..။
သူ ဒီအရာကို လိုအပ်နေတယ်ဆိုတာ နတ်ဘုရားတွေက သိနေကြတဲ့ပုံပါပဲ။..
အခြေအနေတစ်ခုလုံးမှာ ဆိုးတဲ့အရာဆိုလို့..နိုတစ် ရဲ့ လက်ဆောင်က ပျက်ဆီးသွားခဲ့တာပါပဲ..။သို့ပေမယ့် ကံသာကောင်းမယ် ဆိုရင် မှော်ဆရာက ဒီအရာကို သတိထားမိမှာမဟုတ်ပေ..
‘ဘာပဲဖြစ်ဖြစ်…’
သူတို့က သစ်သားတံခါးနားမှာ အယ်ဖီကို တွေ့လိုက်ကြတယ်..။အခုချိန်မှတော့ ကလေးမလေးရဲ့ ဒဏ်ရာတွေက ပြန်ကောင်းနေပြီးဖြစ်ပြီး…သူ့ပုံစံက အတော်လေးကို ကျန်းမာ ကြံ့ခိုင်နေခဲ့ပါပြီ..။
သူမ ရဲ့ ရိုင်းစိုင်းတဲ့ မျက်နှာအမူအရာ နဲ့ကြီးမားတဲ့ အရိုးတစ်ချောင်းကို ဝါးနေတဲ့ ပုံစံက..သဘော်သား အုပ်တွေကိုတောင် အနည်းငယ် ကြောက်ရွံ့စေပုံ ရပါတယ်..။
သူတို့နှစ်ယောက်ကို သတိထားမိသွားတဲ့အချိန်မှာတော့ အယ်ဖီက ပြုံးလိုက်ပြီး..
“ရောက်လာကြပြီလား..”
ကိုင်က သူမကို နှုတ်ဆက်ပြီး မေးလိုက်တယ်..။
“ကတ်စီက ဘယ်မှာလဲ..”
ကလေးမလေးက.. အရိုးကို ဝါးနေရင်းကနေ..မြင့်မြတ်နယ်မြေရဲ့ အပေါ်မှာ ရစ်ဝဲ ပျံသန်းနေတဲ့သဘော်ကို လက်ညိုးထိုးပြလိုက်တယ်..။
“အဲဒီမှာ..။နိုတစ်လည်း အဲ့မှာ ရှိတယ်..သွားကြရအောင်..”
ဒီလိုပြောပြီးတာနဲ့ သူမက ကျန်နေတဲ့အရိုးအပိုင်းအစတွေကို မြိုချလိုက်ပြီး လက်ကိုမြှောက်ထားကာ ပွေ့ဖက်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်..။
ကိုင် သက်ပြင်းချလိုက်ပြီး သူမကို ပွေ့ချီကာ လေပေါ်ပျံသန်းသွားခဲ့တယ်..။ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..ကောင်းကင်ဖိအားကို ထုတ်ဖော်လိုက်ကာ နောက်ကနေ လိုက်သွားလိုက်ပါတယ်..။
မကြာခင်မှာပဲ..သူတို့က သဘော်ကုန်းပတ် ပေါ်ကို ရောက်သွားခဲ့ကြပြီး သူတို့ကို စောင့်ဆိုင်းနေတဲ့ ကတ်စီ ကို တွေ့လိုက်ရတယ်..။မှော်ဆရာကတော့ အဝေးတစ်နေရာမှာ မြင့်မြတ်တဲ့သစ်ပင်ကို ရေလောင်းနေခဲ့ပါတယ်..။
လက်ထဲမှာ ရေပုံးကို ကိုင်ပြီး ရေလောင်းနေတဲ့ မြင်ကွင်းက သာမန်လူနဲ့ အရမ်းကို တူနေတာကြောင့် ဆန်နီ ရယ်မိသလိုဖြစ်သွားခဲ့တယ်..။
အဖွဲ့သားတွေက နိုတစ် အနားကို ကပ်သွားခဲ့ကြပြီး..ရပ်တန့်လိုက်ကြကာ..သူတိုကို သတိထားမိတဲ့အချိန်အထိ လေးလေးစားစား စောင့်ဆိုင်းနေခဲ့ကြတယ်..။
..အတော်ကြာပြီးတဲ့ အချိန်မှာတော့ ဆန်နီ လည်ချောင်းရှင်းလိုက်ပါတယ်..။
အချိန်တစ်ချို့ ထပ်ကြာသွားတဲ့နောက်မှာတော့..သူက အသံကျယ်ကျယ် နှာချေ ပြလိုက်တယ်..။
နောက်ဆုံးမှာတော့..မှော်ဆရာက အနည်းငယ် လန့်သွားတဲ့ပုံဖြစ်သွားပြီး သူတို့ဘက်ကို လှည့်လာခဲ့ပါတယ်..။
“အိုး..နောက်ဆုံးတော့ မင်းတို့ လူစုံပြီပေါ့..”
ဆန်နီ ခေါင်းညိမ့်လိုက်ပြီးသိချင်စွာ မေးလိုက်တယ်..။
“ရောက်ပါပြီ..။ဒါနဲ့ ဘာများ ပြောစရာ ရှိလို့လဲ..”
နိုတစ်က မေးစေ့ကိုပွတ်ကာ သက်ပြင်းချလိုက်တယ်..။
“ကောင်းပြီလေ..မင်းတို့လေးယောက် ပတ္တမြားရောင် ဓားကို သွားယူဖို့အတွက် အချိန်ကျပြီ..။အဲတာက ဒီနေရာကနေသိပ်မဝေးဘူး..။ငါ့ရဲ့ သူငယ်ချင်းတစ်ယောက် သေချာသိမ်းပေးထားတယ်..။မင်းတို့အတွက် ခရီးတစ်ခုလုံးက..ရက်အနည်းငယ် အပြင် ပိုကြာမှာ မဟုတ်ဘူး..”
‘…နားထောင်ရတာတော့ နောက်ထပ် ကပ်ဆိုးတစ်ခုလိုပဲ..’
ဆန်နီ မျက်မှောင်ကျုတ်ပြီးတစ်ခနလောက် တွေဝေနေခဲ့ပြီးမှ…
“ပြီးတော့..ခင်ဗျားရဲ့ သူငယ်ချင်းဆီကနေ ဓားယူဖို့အတွက် ကျုပ်တို့က အမှန်တကယ်ပဲ ဘာလုပ်ဖို့ လိုအပ်တာလဲ..”
နိုတစ်က အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။
“အိုး..ဘာမှမလိုဘူး..။ဒီတိုင်း အဲ့ကိုသွားပြီးသာ ဓားကိုပေးလို့ သူမကို ပြောလိုက်..။မင်းတို့ထဲက တစ်ယောက်ရဲ့ နှလုံးသား နဲ့ အတွေးတွေကသာ သန့်စင်နေသ၍ သူမက မင်းတို့ကို ထုတ်ပေးလိမ့်မယ်..”
‘ဒီလောက်အထိ မလွယ်ကူနိုင်ဘူး…ပြီးတော့..သန့်စင်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ..’
ဆန်နီက မေးခွန်းတစ်ချို့ မေးလိုက်ချင်ခဲ့ပေမယ့်..စိတ်ပြောင်းသွားခဲ့တယ်..။နိုတစ်နဲ့ လိုတာထက်ပိုပြီး စကားပြောတာက ပြသနာ ရှိနိုင်ပါတယ်..။နိုတစ်က သူလိုချင်တဲ့ အချက်အလက်လောက်ကိုပဲ ထုတ်ပြောတာဖြစ်တာကြောင့် အဓိပ္ပာယ်လည်း မရှိပါဘူး..။သူက ဘယ်တော့မှ ပိုပြီး ပြောပြတာမျိုး မရှိပေ..။
ဒီတော့ သူ ရိုရှင်းစွာပဲပြောလိုက်တယ်..။
“အဲတော့..ခင်ဗျားရဲ့ သူငယ်ချင်းက ဘယ်နေရာမှာလဲ..”
အထွတ်အထိပ် အဆင့်သူတော်စင်က ပြုံးလိုက်ပြီး..တစ်နေရာရာကနေ မျှော်လင့်ချက်နိုင်ငံတော်ရဲ့ မြေပုံကို ထုတ်ယူလိုက်ပါတယ်..။ပြီးတာနဲ့ ကျွန်းတစ်ခုကို ထောက်ပြလိုက်ပါတယ်..။
“ဒီမှာ..ကြည့်လိုက်…ဒါက နီးနီးလေးရယ်..”
ဆန်နီဟာ မှော်ဆရာ လက်ညိုးထောက်ထားတဲ့ နေရာကို ကြည့်ပြီး ဖြူဖျော့သွားခဲ့တယ်..။
အဲ့ကျွန်းကို သူ ကောင်းကောင်းကြီး သိပါတယ်..။
အဲကျွန်းက..ဘယ်တော့မှ အနားကို မသွားဖို့အတွက် အကြံပေးခြင်းခံထားရတဲ့ ငြိမ်သက်ခြင်း ရေကန် တည်ရှိနေတဲ့ ကျွန်းပါ..။ဘာလို့လဲ ဆိုတော့..ရေကန်ထဲမှာနေနေတဲ့ သားရဲကို ကောင်းကင် ဒီရေကိုယ်တိုင်တောင်..အမဲမဖြတ်ရဲ ခဲ့ပါဘူး..။
သေချာတာကတော့ ဒီသတ္တဝါက ပျက်ပြားခြင်းအဆင့်ရှိပြီး..သူ့ရဲ့ အဆင့်အတန်းကိုတော့ ဘယ်သူကမှ ခန့်မှန်းနိုင်မှာ မဟုတ်ပေ..။
သူက နိုတစ်ကို နက်မှောင်နေတဲ့ အကြည့်နဲ့ကြည့်ကာ..အော်ပြောလိုက်တယ်..။
“မင်းလာနောက်နေတာလား..။အဲ့ကျွန်းရဲ့ ရေကန်ထဲမှာ..မကြည့်ချင်လောက်အောင် ရွံဖို့ကောင်းတဲ့ ကြောက်စရာ သတ္တဝါတစ်ကောင် နေနေတာပဲ..”
မှော်ဆရာက သူ့ကို ပြစ်တင်ရှုတ်ချလိုတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး..ခါးသက်စွာ ပြန်ပြောလိုက်တယ်..။
“ကောင်းပြီလေ..အဲဒီ မကြည့်ချင်လောက်အောင် ရွံဖို့ကောင်းတဲ့ သတ္တဝါဆိုတာက ငါ့ သူငယ်ချင်းပဲ..။မင်းအစား ငါ ရှက်မိတယ် ဆန်းလပ်စ်..။ဒီကမ္ဘာပေါ်က သတ္တဝါတွေအားလုံးထဲမှာတောင်..မင်းကတော့ တစ်စုံတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး ဝေဖန်မယ့်လူမဟုတ်ဘူးလို့ ငါ လုံးဝ ယုံကြည်ထားခဲ့တာ..။ဘာပဲဖြစ်ဖြစ်..မင်းကိုယ်တိုင်ကလည်း..မကြည့်ချင်လောက်အောင် ရွံဖို့ကောင်းတဲ့ သတ္တဝါတစ်ကောင်ပဲ မဟုတ်ဘူးလား..။ပြီးတော့..ဒါတောင်မှ ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြသေးတယ်လေ…”