← Chapters

ရင်းနှီးတဲ့ လည်ပတ်မူ

Vol. 47 Ch. 697

ရင်းနှီးတဲ့ လည်ပတ်မူ

Vol. 47 Ch. 697

ဆန်နီက မပျော်ရွှင်စွာပဲ မှော်ဆရာကိုတစ်ခနလောက် စိုက်ကြည့်နေခဲ့တယ်..။သူက အမှန်တကယ်ကို ပြန်ငြင်းခုန်ချင်နေပေမယ့်လည်း..ပြန်မငြင်းခုန်နိုင်ခဲ့ပါဘူး..။လူသားတွေနဲံ ယှဉ်လိုက်မယ် ဆိုရင် လက်လေးချောင်း နတ်မိစ္ဆာက အမှန်တကယ်ကို မကြည့်ချင်စရာကောင်းလောက်အောင် ကြောက်ဖို့ကောင်းနေခဲ့တာပါ..။ဒီတော့..ဒီအရာကို ငြင်းပယ်လိုက်တာက လိမ်ညာတာနဲ့အတူတူပါပဲ..။

ပြီးတော့ ထူးကဲသော ကျောက်တုံက သူ့ရဲ အတွေးတွေကို ထုတ်ပြောနိုင်တယ်ဆိုရင်တောင်..သူထုတ်ပြောတဲ့ အတွေးတွေက အမှန်ဖြစ်နေဖို့ လိုအပ်ပါသေးတယ်..။

ဆန်နီ အနည်းငယ် နှာခေါင်းရှုတ်လိုက်ပြီး အဝေးကို ကြည့်ကာ ပြောလိုက်တယ်..။

“ကောင်းပြီလေ…ငါတို့က ရေကန်ထဲမှာနေတဲ့ မင်းရဲ့ သူငယ်ချင်းဆီကနေ..ပတ္တမြားရောင် ဓားကို ပြန်ယူပေးမယ်..။ဒါပေမဲ့..မင်းအနေနဲ့ ငါတို့ကို တစ်ခုခု ပြန်ပေးမှ ယဉ်ကျေးရာ ကျမယ် မဟုတ်ဘူးလား..။အဲလို မထင်ဘူးလား..။ဒါက ငါတို့ရဲ့ မိတ်ဆွေဆက်ဆံရေး အပေါ်မှာ အစွန်းအထင်း မဖြစ်အောင် လို့ပဲလေ..မင်းသိပါတယ်..”

ဒီစကားလုံးတွေက..နိုတစ်က..အိပ်မက်ဆိုးနဲ့ ရင်ဆိုင်ဖို့အတွက် ဆန်နီကို ဆွဲဆောင်တုန်းက သုံးခဲ့တဲ့ စကားလုံးတွေ အတိုင်း အတိအကျပါပဲ..။ဒီတော့ မှော်ဆရာက..သူ့ရဲ့တောင်းဆိုချက်ကို ငြင်းဆန်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူ ကျိန်းသေသိပါတယ်..။

အမှန်တကယ်ပဲ. အင်မော်တယ်က သူ့ကို ဖြူဖျော့နေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။ယင်းနောက်..အနည်းငယ် ကြောက်ရွံ့တဲ့ အမူအရာနဲ့ ရယ်မောလိုက်ပါတယ်..။

“အိုး..ဟုတ်တာပေါ့..မင်းပြောတာမှန်တယ်…ဒါပေါ့…အာ…မင်း စိတ်ထဲမှာ စဉ်းစားထားတာ တစ်ခုခု များရှိနေလို့လား..”

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။

“ပြောရမယ်ဆိုရင်တော့…ရှိတယ်…”

ဒီလိုပြောပြီးတာနဲ့..သူက ကီမိုနို ထဲမှာ ခေါက်သိမ်းထားတဲ့..ပုဝါပုံစံ အဆောင်လေးကို ထုတ်ယူကာ နိုတစ်ကို ပေးလိုက်ပါတယ်..။ဒီအဆောင်က..ညဘုရားကျောင်းမှာတုန်းက မော်ဒရက် ရန်ကနေကာကွယ်ဖို့အတွက် မာစတာ ဝယ်သီ ဝတ်ဆင်ထားခဲ့တဲ့ အဆောင်ပါ..။သူမ သေဆုံးပြီးတဲ့ အချိန်မှာတော့ သေးငယ်တဲ့ အဆောင်လေးကို သူက ပိုင်ဆိုင်လာခဲ့တဲ့..။ဒီအရာက..စစ်မှန်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး..မှတ်သားမူ တစ်ခု မဟုတ်ပါဘူး..။

သူ့ရဲ့ ပုံသဏ္ဍာန် နဲ့ ဗာလာကလန်ရဲ့ မြင့်မြတ်မူကို ထည့်တွက်လိုက်မယ်ဆိုရင်..ဒီ အဆောင်က ဘယ်လို ဖြစ်တည်လာခဲ့တာလဲ ဆိုတာကို ခန့်မှန်းဖို့ မခက်ခဲနိုင်ပေ..။အထူးသဖြင့်..လက်နက်တွေ ၊ ကိရိယာတွေ ထုလုပ်တဲ့နေရာမှာ သူတို့က အတော်လေးကို တော်ကြပါတယ်..။သို့ပေမယ့် ဒီလိုနဲ့ပဲ..ဆန်နီက ဒီအရာဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်နေတာ မဟုတ်ပါဘူး..။

ပြီးတော့..သူက ဒီအဆောင်ကို အမှန်တကယ်ကို လိုအပ်နေခဲ့ပါပြီ..။

ကတ်စီက သူမရဲ့ အမြင်အာရုံ မရှိမူကြောင့် မော်ဒရက် ရဲ့ ခန္တာကိုယ်သိမ်းပိုက်မူကို ကာကွယ်ထားနိုင်ပြီး ၊ ဆန်နီကိုယ်တိုင်ကလည်း သူ့ဝိဉာဉ်ထဲက အရိပ်စစ်တပ်ကြောင့် ကြောက်စရာ မလိုအပ်ပေ..။သို့ပေမယ့် ကိုင် နဲ့ အယ်ဖီ တို့ကတော့….။သူ့ သူငယ်ချင်းတွေက..ဘာမှမရှိတဲ့ မင်းသား နဲ့ ရင်ဆိုင်ရမယ့် အချိန်ကို တွေးကြည့်လိုက်ရင်..သူ့ရဲ့ သွေးတွေ အေးစက်သွားသလို ခံစားလိုက်ရတယ်..။

“ကျွန်တော် ဒီလိုမျိုး ပုံစံတူတစ်ခု ထပ်လုပ်ချင်တယ်..”

နိုတစက် အဆောင်ကို ယူလိုက်ပြီး သိချင်တဲ့ အပြုံးနဲ့ လေ့လာကြည့်လိုက်တယ်..။သို့ပေမယ့် ဖြည်းညှင်းစွာပဲ သူ့ရဲ့ အပြုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..။သူ့ရဲ့ အညိုရောင် မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ပေါ်ထွက်လာခဲ့ပြီး..သာမန်လေသံနဲ့ပဲ ပြောလိုက်တယ်..။

“…မင်း ဒါကို ဘယ်ကနေ ရခဲ့တာလဲ..”

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

“ရန်သူတစ်ယောက်ရဲ့ အလောင်းပေါ်က..။ကောင်းပြီလေ..အနည်းနဲ့အများပေါ့…။ဘာဖြစ်လို့လဲ..”

မှော်ဆရာက သေးငယ်တဲ့ ပုဝါလေးကို တစ်ခနလောက် လေ့လာပြီးကာမှ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်တယ်..။

“ငါ..အာ..ငါ ဒီအဆောင်မျိုး ထပ်ဖန်တီးနိုင်မှာ မဟုတ်ဘူး..။ဒီအရာကို တိုးမြှင့်ပေးထားတဲ့ မှော်စွမ်းအားတွေက ငါ အရင်က မြင်ဖူးထားတာတွေနဲ့ မတူဘူး..။ထပ်ပြောရရင် ဒီအရာကို ငါ့ထက်အရမ်းအားကောင်းတဲ့ လူတစ်ယောက်က ငါမသိနိုင်တဲ့ အကြောင်းပြချက်ကြောင့် ဖန်တီးထားခဲ့တာ..။ဘယ်လောက်တောင် ကျွမ်းကျင်လိုက်တဲ့လူလဲ..ငါ့လို့ အံ့ဩစရာကောင်းလောက် အောင် ပါရမီ ပါတဲ့ လူတစ်ယောက်ကတောင် မသိဘူးဆိုတော့..။ဘာပဲဖြစ်ဖြစ်..ငါ လုပ်နိုင်မှာ မဟုတ်ဘူး..။တစ်ခြားတစ်ခုခု စဉ်းစားလိုက်..”

နိုတစ်က ပုဝါအဆောင်ကို မျက်မှောင်ကျုတ်ကာ ကြည့်လိုက်ပြီး..ဆန်နီ ထံပြန်ပေးလိုက်တယ်..။

‘အတော်ကြီး ပိုအားကောင်းတဲ့…တစ်စုံတစ်ယောက်လား..’

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

မော်ဒရက်ရဲ့ အဖေက..သူ့သားရဲ့ ရန်ကို ကာကွယ်ဖို့အတွက် သူကိုယ်တိုင် အဆောင်တစ်ခု ဖန်တီးထားခဲ့တာလား..။ဒီဘက်ခေတ်မှာရှိတဲ့ အင်မော်တယ် သူတော်စင်ကတောင်..လေးစားရတယ်ဆိုတော့..အုပ်စိုးသူ တွေက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းကြတာလဲ..။

သူ တစ်ခနလောက်တွေဝေနေပြီးကာမှ..ပုဝါကို ပြန်သိမ်းထားကား သက်ပြင်းချလိုက်တယ်..။

“ကောင်းပြီလေ ဒါဆိုလည်း..ကျွန်တော်တစ်ခြားတစ်ခုခုကို ပဲ စဉ်းစားလိုက်တော့မယ်..။ပတ္တမြားရောင် ဓားက ကျွန်တော်တို့လက်ထဲကို ရောက်လာတဲ့ အချိန်မှပဲ ပြောကြတာပေါ့..”

နိုတစ် လက်ဝေ့ယမ်းလိုက်ပြီး မြင့်မြတ်တဲ့သစ်ပင်ဘက်ကို ပြန်လှည့်လိုက်တယ်..။ယင်းနောက် ဆက်လက် ရေလောင်းနေလိုက်ပါတယ်..။

“ရတယ်…ရတယ်…ဒီတိုင်း အရမ်းဆိုးဆိုးဝါးဝါးကြီးတွေသာ မစဉ်းစားခဲ့နဲ့..။ငါက ဒိတိုင်း နိမ့်ချတတ်တဲ့ မှော်ဆရာလေး တစ်ယောက်ပဲလေ…အမှန်တကယ် နတ်သားတစ်ယောက်မှ မဟုတ်တာ..။ငါ့ပုံစံကသာ နတ်သားနဲ့တူနေတာ..အာ.. ဟုတ်တယ်…ငါက ရဲ့ ထည်ဝါတဲ့ အလှတရားတွေက အမှန်တကယ်ပဲ နတ်ဘုရားလိုပဲ..”

ဆန်နီ သက်ပြင်းချလိုက်ပြီး တစ်ခြားအဖွဲ့တွေကို သွားကြဖို့ အချက်ပြလိုက်ပါတယ်..။

အခုကတော့ နိမ့်ချတဲ့ မှော်ဆရာလေးရဲ့ နောက်ထပ် သူငယ်ချင်းဆီကို အလည်သွားရမယ့် အချိန်ပါပဲ..။

…….

နိုးထသူ လေးယောက်ဟာ..အနည်းငယ် လှုပ်ယမ်းနေတဲ့..ချိန်းကြိုးကြီး ကို ဖြတ်လျောက်နေခဲ့ကြတယ်..။ဒီ ချိန်းကြိးကြီးက..အပြာရောင် နဲ့ အနက်ရောင် ကောင်းကင် နှစ်ခု ကြားထဲမှာ တည်ရှိနေခဲ့တာပါ..။

ကောင်းပြီလေ..အတိအကျပြောမယ်ဆိုရင်တော့..ဆန်နီ နဲ့ ကတ်စီကပဲ လမ်းလျောက်နေကြတာပါ..။ကိုင်က ချိန်းကြိုးတွေရဲ့ အပေါ်နားလေးကနေ လေပေါ်မှာ ပျံသန်းနေခဲ့ပြီး..အယ်ဖီကတော့..ဆန်နီရဲ့ ပုခုံးပေါ်မှာ သက်သောင့်သက်သာ ထိုင်နေခဲ့ပါတယ်..။အမှန်တော့..ကလေးမလေးက အိပ်ပျော်နေခဲ့တာဖြစ်ပြီး..သူ့ရဲ့ ဦးခေါင်းပေါ်ကို သွားရည်တွေ စီးကျနေခဲ့တယ်..။

တစ်ခြားအခြေအနေတစ်ခုမှဆိုရင် ဆန်နီက ဒေါသထွက်ပြီး ကလေးမလေးကို လှုပ်နှိုးလိုက်မှာဖြစ်ပေမယ့်..အခုချိန်မှတော့..သူက အတွေးကမ္ဘာထဲမှာသာ နစ်မြောနေခဲ့တယ်..။

သူက သူတို့ရင်ဆိုင်ရတော့မယ့် သတ္တဝါအကြောင်းကိုတောင် မတွေးနိုင်ခဲ့ပါဘူး..။မဟုတ်ဘူး..သူ စိတ်တွေက ပုဝါပုံစံ အဆောင်ဆီမှာသာ ရှိနေပါသေးတယ်..။

နိုတစ်က ဒုတိယတစ်ခုကို မဖန်တီးပေးနိုင်ဘူး ဆိုတဲ့အတွက်..သူတို့အဖွဲ့ထဲက တစ်ယောက်ကတော့ ဘာမှမရှိတဲ့မင်းသား နဲ့ ရင်ဆိုင်တဲ့နေရာမှာ အကာအကွယ်ကင်းမဲ့နေတော့မှာပါ..။ပြီးတော့ အခုချိန်မှာ ဒီလူက ဘယ်သူဖြစ်မလဲဆိုတာကို ဆန်နီ အနေနဲ့ ဆုံးဖြတ်ရပါတော့မယ်..။

သူက အဆောင်ကို ကိုင် ကို ပေးရမှာလား..ဒါမှမဟုတ်..အယ်ဖီကို ပေးရမှာလား..။

သူ့အတွေးတွေကို ဖတ်မိတဲ့အလား..ကလေးမလေးက အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။ယင်းနောက် သန်းဝေပြီး ..မျက်လုံးလေးတွေကို ဖွင့်ကြည့်လိုက်ပါတယ်..။

“ဘုရားသခင်တို့..ဆန်နီ နင့်ရဲ့ အစွယ်တွေနဲ့ အကျယ်ကြီး အံကြိတ်မနေနဲ့လေ..။ငါ အိပ်လို့မရတော့ဘူး..။ဒါနဲ့ နင်က ဘာတွေ စိုးရိမ်သောက ရောက်နေတာလဲ..”

သူ တစ်ခနလောက်တွေဝေနေပြီးကာမှ..သူ့ရဲ့ စိုးရိမ်ပူပန်မူတွေကို မျှဝေလိုက်ပါတယ်..။ကတ်စီ နဲ ကိုင် တို့ကလည်း သုန်မုန်နေတဲ့ မျက်နှာတွေနဲ့နားထောင်နေခဲ့ကြတယ်..။

သို့ပေမယ့် အယ်ဖီကတော့ စိုးရိမ်နေတဲ့ ပုံစံ မရှိခဲ့ပေ..။

“ဘာလဲ..အဲတာပဲလား..။အဲတာက ဘယ်လိုလုပ် ပြသနာဖြစ်နိုင်မှာလဲ..ဒီတိုင်း ကိုင် ကိုသာ ပေးလိုက်..အရူးလေး..”

ဆန်နီ နောက်ထပ် ချိန်းကြိုး အဆစ်တစ်ခုကို လှမ်းခုန်လိုက်ပြီး အယ်ဖီကို ပြုတ်ကျမသွားစေဖို့အတွက် သူမရဲ့သေးငယ်တဲ့ ခြေထောက်ကလေးတွေကို ဆုပ်ကိုင်ထားလိုက်ပါတယ်..။

“ နင်က မော်ဒရက် ရဲ့သိမ်းပိုက်တာကို ခံရမှာ မကြောက်ဘူးလား..”

ကလေးမလေးက မျက်နှာရှုပ်မဲ့သွားခဲ့ပြီး..

“နင်တို့က မော်ဒရက်ကို အတော်လေး အထင်ကြီးနေကြတာပဲ..။သူက အဲလောက်လည်း အန္တရာယ် မရှိပါဘူး..”

လူတိုင်းက တိတ်ဆိတ်သွားကြပြီး သူမကိုသံသယဖြစ်စွာ ကြည့်လိုက်ကြတယ်..။အန္တရာယ်မများဘူးတဲ့လား.။ဆုံးရှုံးသူ စစ်သညတော်တစ်ရာ ၊ တက်ရောက်မူအဆင့် သူရဲကောင်း နှစ်ဦး နဲ့ မျှော်လင့်ချက် နိုင်ငံတော်ရဲ့ မြောက်ဘက်ပိုင်းတစ်ခုလုံးက သူ့လက်အောက်မှာ ကျရှုံးခဲ့ရတာတောင်မှလေ..။

သူမ ခေါင်းခါယမ်းလိုက်ပြီး..

“သူ့ကို အန္တရာယ်များနေစေတာက..သူပိုင်ဆိုင်ထားတဲ့..အမြုတေ ခြောက်ခုပဲ..။။ဝိဉာဉ်ပင်လယ်ထဲမှာဆိုရင် ဒီငနဲက..ရန်သူရဲ့ ဂဏ္ဍစွမ်းရည်ကို ပုံတူကူးယူနိုင်တယ်မလား..။သူက တူညီတဲ့စွမ်းရည်ကို အသုံးပြုနိုင်တယ် ဆိုပေမယ့်..ဒီစွမ်းအားတွေကို အမြုတေအများကြီးနဲ့..အားဖြည့်ထားခဲ့ရတာလေ..”

အယ်ဖီ နှာခေါင်းရှုပ်လိုက်တယ်..။

“ကောင်းပြီလေ..သူမှာ အမြုတေ ခြောက်ခု ထပ်ပြီး မရှိတော့ဘူး..။သူ့မှာ တစ်ခုပဲ ရှိတော့တယ်..။တကယ်လို့ သူကံကောင်းပြီး အသစ်တစ်ခု ဖန်တီးနိုင်ရင်လည်း နှစ်ခု ဒါမှမဟုတ် သုံးခုပေါ့..။အဲတာက ပြသနာမှ မဟုတ်တာ..။ပြီးတော့သူက သူ့ကိုယ်ပိုင်ခွန်အားကို စတေးပြီး မှန်သားရဲ ငါးကောင် ကို ဖန်တီးထားခဲ့တာလေ..။ဒါက သူ့ရဲ့ တည်ရှိမူကို ပိုပြီးကြီးမားလာစေတယ် ဆိုပေမယ့်..တစ်စုံတစ်ယောက်ရဲ့ ဝိဉာဉ်ကို အပိုင်သိမ်းနိုင်ဖို့ကတော့ အားနည်းသွားခဲ့ပြီ..”

သူခနလောက်တွေးနေပြီးကာမှ..အတွေးနက်စွာ ထပ်ပြောလိုက်ပါတယ်..။

“အမှန်တော့ သူ့ကို အမှန်တကယ် အန္တရာယ်များစေတာက..သူ့ရဲ့ အမြုတေတွေ မဟုတ်ဘူးလို့တောင် ငါပြောချင်တယ်..။အဲတာက သူ့ရဲ့ ကျွမ်းကျင်မူ နဲ့ ပါရမီပဲ..။ပြီးတော့ ကိုယ်ခံပညာနဲ့ပတ်သက်ပြီးသူ့ရဲ့ ထူးချွန်ပြောင်မြောက်မူတွေ..။တစ်စုံတစ်ယောက်ရဲ့ ဂဏ္ဍစွမ်းရည်ကို ပုံတူကူးယူနိုင်တယ် ဆိုတာက ကြားရတာ ကြောက်စရာကောင်းတယ် ဆိုပေမယ့်..သေချာစဉ်းစားကြည့်လိုက်စမ်း..နင့်အနေနဲ့ နင်ရရှိထားတဲ့ စွမ်းရည်တွေနဲ့အသားကျဖို့အတွက် အချိန်ဘယ်လောက် ယူခဲ့ရလဲ ဆိုတာကို..။ဒီငနဲကတော့ တစ်ခြားလူတစ်ယောက်ရဲ့ စွမ်းရည်တွေကို ယူပြီးတာနဲ့ စက္ကန့်ပိုင်းအကြာမှာပဲ ရန်သူနဲ့ တိုက်ခိုက်ရတာလေ..။ဒါက လွယ်ကူတဲ့အရာ မဟုတ်ဘူး..”

ကလေးမလေးက နောက်တစ်ကြိမ် သန်းဝေလိုက်ပြီး..သက်သောင့်သက်သာ အမူအရာအဖြစ် ပြောင်းလဲလိုက်ပါတယ်..။

“ထပ်ပြောရရင်..သူက တစ်ခြားလူတွေရဲ့အားနည်းချက်ကိုလည်း လက်ခံခဲ့တာ မဟုတ်လားး..။ဒီတော့ အမှန်အတိုင်းပြောရရင်..ဒါက ကျွမ်းကျင်မူနဲ့ အတွေ့အကြုံပေါ်မှာပဲ မူတည်တော့မှာ..။သူ့ကို ငါ့ဝိဉာဉ်ပင်လယ်ထဲ ဝင်လာခိုင်းလိုက်စမ်း..ငါသူ့ကို သင်ခန်းစာပေးပြမယ်..”

ဒီလို ပြောပြီးတာနဲ့ အယ်ဖီဥ နောက်တစ်ကြိမ် အိပ်မပျော်သွားခဲ့ပါတယ်..။

ဆန်နီ တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..သက်ပြင်းချလိုက်ပြီး ကိုင်ဆီကို ပုဝါ လှမ်းပေးလိုက်တယ်..။ကိုင်ကလည်း ပုဝါကို သံသယဖြစ်တဲ့ အမူအရာနဲ့ လက်ခံလိုက်ပါတယ်..။

အယ်ဖီပြောတာလည်း မမှားပါဘူး..။အခုချိန်မှာ မော်ဒရက်က အကြမ်းထည် စွမ်းအားချင်းယှဉ်မယ်ဆိုရင် အားသာနေတာမျိုး မဟုတ်တော့ပေ..။ဒီအရာက..သူ့ရဲ့ သားကောင်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းရည် နဲ့ ကျွမ်းကျင်မူ တွေနဲ့ပဲ သက်ဆိုင်သွားခဲ့ပါပြီ..။

အယ်ဖီက..ကိုင်ထက် ကိုယ်ခံပညာပိုကောင်းသလို သူမရဲ့ ဂဏ္ဍစွမ်းရည်ကလည်း..ကိုယ်ခံပညာကို အားဖြည့်ပေးနိုင်တဲ့..ရုပ်ပိုင်းဆိုင်ရာခွန်အားပါပဲ..။ပြီးတော့ အယ်ဖီထက် ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့ လူကို သူ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ..။မော်ဒရက်တောင်မှ သူမရဲ့ စွမ်းရည်ကို အသားကျဖို့ အတော်ခက်ခဲမှာပါ..။

သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ…

သူ ရှေ့ကို ကြည့်ကာ ပြောလိုက်တယ်..။

“နင် ပြောတာ မှန်လား မမှန်လား စောင့်ကြည့်နေရမယ့် အချိန်ရောက်မလာဖို့ပဲ မျှော်လင့်ရတာပဲ..။ဒီအိပ်မက်ဆိုးထဲမှာ မော်ဒရက်နဲ့ ရန်သူတွေ ဖြစ်မလာဖို့အတွက် အခွင့်အရေး ရှိနေသးတယ်လေ..”

အယ်ဖီက အနည်းငယ် လှုပ်သွားခဲ့ပြီးကာမှ..အိပ်ချင်နေတဲ့ လေသံနဲ့ပြောလာခဲ့တယ်..။

“ဒါပေါ့..ငါ ပြောတာအမှန်ပဲ….အခုတော့ ငါ အေးအေးဆေးဆေး အိပ်ပါရစေဦး..”

သို့ပေမယ့် ဆန်နီက သူမကို ပေးအိပ်မယ့်အစား..လှုပ်ခါပြီး ပြန်နှိုလိုက်ပါတယ်..။

ကလေးမလေးက စိတ်ရှုပ်သွားခဲ့ပြီး

“ဘာလဲ…”

သူ က ရိုးရှင်းစွာပဲ ရှေ့ကို လက်ညိုးထိုးပြလိုက်တယ်..။

“ငါတို့ ဒီမှာရောက်နေပြီ..”

..ရှေ့ဘက် မီတာ တစ်ရာလောက် အကွာအဝေးမှာတော့..ပျံသန်းနေတဲ့ ကျွန်းတစ်ခုက ကောင်းကင်ချိန်းကြိုးရဲ့ အပေါ်မှာ ရှိနေခဲ့ပါတယ်..။

သူတို့က ငြိမ်သက်သော ရေကန်ကို ရောက်လာခဲ့ကြပါပြီ။

All Chapters