← Chapters

ရေကန်ထဲက သားရဲ..

Vol. 47 Ch. 698

ရေကန်ထဲက သားရဲ..

Vol. 47 Ch. 698

ဆန်နီဟာ ကျွန်းရဲ့ အစွန်းမှာ ခြေချလိုက်ပြီးတာနဲ့..အဝေးကို ငေးကြည့်ကာ ရပ်တန့်နေခဲ့တယ်..။သူ့ရဲ့ သားရဲတစ်ကောင်ရဲ့ မျက်နှာကတော့ နက်မှောင်နေခဲ့ပါတယ်..။တစ်ခြားလူတွေလည်း.မသက်မသာ ဖြစ်မူ ၊ စိုးရိမ်မူ တွေကို ခံစားနေကြရတာကြောင့် ငြိမ်သက်နေခဲ့ကြတယ်..။

သူတို့ရဲ့ရှေ့မှာ ရှိနေတဲ့ ကုန်းမြေက တိတ်ဆိတ်ငြိမ်သက်နေပြီး..လှပနေသလိုတောင် ထင်မှတ်ရပါတယ်..။ဒီနေရာမှာတော့ စိမ်းစို နေတဲ့ မြက်ခင်းပြင်တစ်ခု ရှိနေခဲ့ကာ..အဝေးမှာရှိနေတဲ့ ရေကန်ဆီကို ဆက်သွယ်ပေးထားခဲ့တယ်..။ရေကန်ရဲ့ မျက်နှာပြင်က ပြီးပြည့်စုံလောက်အောင် ငြိမ်သက်နေခဲ့ပြီး အလင်းပြန်နေခဲ့ပါတယ်..။ဒါက အပေါ်မှာ ရှိနေတဲ့ အပြာရောင် ကောင်းကင်ကြီးက တစ်နည်းနည်းနဲ့ မြေကြီးထဲ နစ်ဝင်နေသလိုတောင် ထင်မှတ်ရတယ်..။

သိမ်မွေ့တဲ့ လေပြေလေညှင်းလေးက..သူတို့ရဲ့ မျက်နှာကို တိုးဝှေ့သွားခဲ့တယ်..။မြက်ခင်းတွေရဲ့ တိုးဝှေ့သံ နဲ့ အဝေးမှာမြည်နေတဲ့ ချိန်းကြိုးသံတွေကလွဲရင်..ဘယ်အရာကမှ ဒီ ငြိမ်းချမ်းမူကို နှောက်ယှက်နေခြင်း မရှိခဲ့ပါဘူး..။

..ဒါတောင်မှ..ဆန်နီက အကူညီမဲ့စွာပဲ အန္တရာယ်အငွေ့အသက်ကို ခံစားနေခဲ့ရပါသေးတယ်..။

သူ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ သူငယ်ချင်းတွေကို မသေချာ မရေရာစွာ ကြည့်လိုက်တယ်..။

“..ငါတို့ အကာအကွယ်အက်ျီတွေနဲ့ လက်နက်တွေကို ထုတ်ထားသင့်လား..”

ကိုင်တစ်ခနလောက် တွေဝေနေပြီးကာမှ..ပြောလိုက်ပါတယ်..။

“ဒါက မယုံကြည်မူ ၊ ရန်လိုမူတွေရဲ့ လက္ခဏာ မဟုတ်ဘူးလား..။စစ်မှန်တဲ့ နှလုံးသား ၊ စစ်မှန်တဲ့ အတွေးတွေ…အဲတာက ဘာကိုပဲ ဆိုလိုတာဖြစ်ဖြစ်..လက်နက်တွေကိုင်ပြီး တိုက်ခိုက်ဖို့အဆင်သင့် ဖြစ်နေတဲ့ပုံစံ နဲ့တော့ မအပ်စပ်ဘူးထင်တယ်နော်..”

ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..

“ဟုတ်တယ်..ဒါပေမဲ့..ငါတို့ တိုက်ခိုက်ဖို့ လိုအပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ..”

အယ်ဖီ ပြုံးလိုက်ပြီး..

“တကယ်လို့ တစ်ခုခုမှားသွားရင်လည်း အနည်းဆုံးတော့ ငါတို့လေးယောက်က လုံလုံခြုံခြုံနဲ့ နောက်ပြန်ဆုတ်နိုင်မှာပါ..။ငါ ဆိုလိုတာက..အဲဒီအရာက ဘယ်လောက်များ ဆိုးဝါးနိုင်မှာမို့လို့လဲ..”

ဆန်နီ ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး..ခေါင်းခါယမ်းလိုက်တယ်..။

“အဲတာက သူတော်စင်တွေတောင် ကြောက်ရွံ့ရလောက်တဲ့အထိ ဆိုးဝါးတယ်လေ..။အနာဂတ်မှာတုန်းက ငါ ဒီကျွန်းကို အနည်းငယ် ရောက်ဖူးတယ်..။ဒါပေမဲ့ အစွန်းနားမှာပဲနေပြီး ဘယ်တော့မှ ကျွန်းဆီကို မသွားခဲ့ဘူး..။ဒီတော့..အဲဒီ ရေကန်ထဲမှာတော့ ဘယ်လို သားရဲမျိုးနေတာလဲ ဆိုတာကို ငါ မသိနိုင်ခဲ့ဘူး..။ဒါပေမဲ့.. သူ့ရဲ့ ရေကန်နားက အရိုးတွေကိုတော့ ငါ မြင်ခဲ့ရတယ်..။ပြီးတော့ အဲဒီအရိုးတွေကတင်..ငါမတွေ့ချင်တဲ့ သတ္တဝါတွေရဲ့ အရိုးတွေလို့ ပြောလို့ရတယ်လေ..”

သူက အတော်ကြာအောင် တွေဝေနေပြီးကာမှ..ကတ်စီကို ကြည့်လိုက်တယ်..။

“နင် ရော ဘယ်လိုထင်လဲ…”

ငယ်ရွယ်တဲ့ မိန်းမပျို လေးဟာ အနည်းခေါင်းကို စောင်းလိုက်ပြီး..တည်ငြိမ်စွာ ပြောလိုက်တယ်..။

“ငါကတော့ ဘာအန္တရာယ်မှ မခံစားရဘူး..။ဒီတစ်ကြိမ်တော့ နိုတစ်က ရိုးရိုးသားသား ပြောတာ ဖြစ်နိုင်တယ်..”

ဆန်နီ သက်ပြင်းချလိုက်တယ်..။ကတ်စီရဲ့ အလိုလို သိစိတ်က သူတို့အဖွဲ့ကို မရေမတွက်နိုင်တဲ့ အန္တရာယ်တွေကို ကျော်ဖြတ်ပြီး အသက်ရှင်သန်နိုင်စေခဲ့တာပါ..။တကယ်လို့ သူမက လုံခြုံတယ်လို့ ခံစားရတယ်လို့ ပြောရင်..ဒါက နားထောင်ဖို့ အကောင်းဆုံး အကြောင်းပြချက်ပါပဲ..။

ဒါပေမဲ့ ဒီအချက်ကို သူက ပျော်ရွှင်နေဖို့ လိုအပ်တယ်လို့ မဆိုလိုပေ..။

“ကောင်းပြီလေ..လောလောဆယ်တော့ အကာအကွယ်တွေ ၊ လက်နက်တွေ မကိုင်ဘူး..။ဒီတိုင်း..သန့်စင်တဲ့ အတွေးတွေပဲ..”

သူတို့တွေဟာ ကျွန်းရဲ့ အစွန်းနဲ့ ရေကန်ကြားထဲက ကုန်းမြေကို အတူတူဖြတ်သန်းလိုက်ကြရင်း..တည်ငြိမ်နေတဲ့ ရေကန်နဲ့ ခြေလှမ်းအနည်းငယ် အကွာမှာ ရပ်တန့်လိုက်ပါတယ်..။ဒီရေကန်က တည်ငြိမ်ပြီး..အလင်းပြန်နေခဲ့တာကြောင့် ဘယ်သူကမှ ရေကန်မျက်နှာပြင်ရဲ့ အောက်ဘက်ကို ထိုးဖောက်မြင်နိုင်စွမ်းမရှိပါဘူး..။သို့ပေမယ့်..ဒီရေကန်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ တစ်ခုခု ရှိနေတယ်ဆိုတာကိုတော့ ဆန်နီ ခံစားနေရပါတယ်..။ကြီးမား ကျယ်ပြန့်တဲ့ အရိပ်တစ်ခု...။ရှေးကျ..နက်နဲ ပြီး…မတွေးခေါ်နိုင်လိုက်တဲ့…အရာတစ်ခု…

သူ ကျောချမ်းသွားခဲ့တယ်..။

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..လည်ချောင်းကို ရှင်းလိုက်တယ်..။သူက အတော်လေး တုံးအတဲ့ လူတစ်ယောက်လိုပဲ ရေကန်ဆီကို စကားလှမ်းပြောလိုက်ပါတယ်..။

“အာ..ငါက..ပတ္တမြားရောင်ဓားကို ယူဖို့အတွက် ဒီကို လာခဲ့တာပဲ..။ကျေးဇူးပြုပြီး အဲတာကို ငါ့ဆီကို ပေးလို့ ရနိုင်မလား..”

အဲ့အချိန်မှာ လေတစ်ချက်တိုက်ခတ်သွားပေမယ့်လည်း ဘာမှဖြစ်မလာခဲ့ပေ..။

“အဲတာက…ဟတ်ပါ ကြောင့်လား..။ဒါမှမဟုတ်..မြို့ပြင်မှာ အသက်ရှင်သန်ဖို့အတွက် သူလုပ်ခဲ့တဲ့ အရာတွေကြောင့်လား..”

ခနအကြာမှာတော့..အယ်ဖီက ရယ်မောလိုက်ပြီး..

“အိုး..နင်က သိပ်ပြီး မသန့်ရှင်းဘူးလို့ ထင်တယ်နော် ဆန်နီ..။ဘယ်သူက ဒီလိုတွေးထားခဲ့မှာလဲ..”

သူ အံကိုကြိတ်လိုက်ပြီးကာမှ..သူမကို ဒေါသတကြီး ပြန်ပြောလိုက်တယ်..။

“ဒါဆိုလည်း နင့်ဟာနင် စမ်းကြည့်လိုက်..”

ကလေးမလေးဟာ..ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး..မဟုတ်ဘူး..ဘယ်သူကမှ ငါ့ကို သန့်စင်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ မပြောဖူးဘူးလို့ ငါထင်တာပဲ..။ဒါပေမဲ့….”

သူမ ခနလောက်တွေးနေပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။

“ငါက လတ်တလောမှာ ကလေးတစ်ယောက် အဖြစ်ရှိနေတာလေ..”

ကလေးမလေးဟာ ဆန်နီရဲ့ ပုခုံးပေါ်ကနေ ဆင်းပြီး..ရေကန်နားကို ကပ်သွားလိုက်တယ်..။ယင်းနောက် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး..

“ရေကန်ထဲက အန်တီ…အာ.. သမီး ဓားကို ယူလို့ရနိုင်မလား.."

နောက်ထပ်တစ်ကြိမ်ဆိုသလိုပဲ ဘာမှဖြစ်မလာခဲ့ပေ..။အယ်ဖီတစ်ခနလောက် ငြိမ်သက်နေပြီးကာမှ..သက်ပြင်းချပြီး နောက်ကို ပြန်ဆုတ်လာခဲ့ပါတယ်..။

နောက်ဆုံးမှာတော့..သူတို့နှစ်ယောက်စလုံးက ကိုင်ကို စိုက်ကြည့်လိုက်တယ်..။

လူငယ်လေးက..တစ်ခနလောက်‌ တွေဝေနေပြီးကာမှ..ခေါင်းခါယမ်းလိုက်ပြီး..

“ငါကတော့ ကတ်စီ ကြိုးစားသင့်တယ်လို့ ထင်တာပဲ..”

ဆန်နီ နဲ့ အယ်ဖီတို့ဟာ အနည်းငယ် အံ့ဩသွားခဲ့ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။ယင်းနောက် ပုခုံးတွန့်လိုက်ကြပြီး..မျက်မမြင် မိန်းကလေး ရေကန်ဆီကို သွားဖို့ အတွက်လမ်းဖယ်ပေးလိုက်ကြပါတယ်..။

ကတ်စီက တစ်ခနလောက် တွေဝေနေပြီးကာမှ..သက်ပြင်းချပြီး ကမ်းစပ်နားကို လျောက်သွားလိုက်တယ်..။ပြီးတာနဲ့ ငြိမ်သက်နေတဲ့ ရေပြင်နဲ့ မီတာ အနည်းငယ် အကွာလောက်မှာ ရပ်တန့်လိုက်ပြီး..ရိုးရှင်းစွာ ပြောလိုက်ပါတယ်..။

“ကျွန်မက..ပတ္တမြားရောင် ဓားကို ယူဖို့ အတွက် ဒီကိုလာခဲ့တာပါ..”

အစကတော့..ဆန်နီက သူမလည်း ကျရှုံးလိမ့်မယ်လို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့် အဲဒီနောက်မှာတော့ မိန်းမငယ်လေးဟာ ရုတ်တရက်ဖြူဖျော့သွားခဲ့ပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါတယ်..။

ရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ လှိုင်းထမူတွေ ပေါ်ထွက်လာခဲ့တယ်..။ရေကန်ရဲ့ မျက်နှာပြင်အောက်မှာ ရှိနေတဲ့ ကြီးမားတဲ့ အရိပ်က မလှုပ်ပေမယ့်လည်း..ရေကန်အောက်ကနေ တစ်ခုခုက ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်..။

..ပြစ်ခဲနေတဲ့ သွေးတွေကနေ ဖန်တီးထားပုံရတဲ့ ဓားတစ်လက်ကို ကိုင်ဆောင်ထားတဲ့ အဖြူရောင် လက်တစ်ဖက်က ကန်ရေပြင်ထက်ကို ပေါ်ထွက်လာခဲ့တာပါ..။

လက်ကြီးက ရေထဲကနေ ထိုးထွက်လာခဲ့ပြီး..ဓားကို ကတ်စီ ထံလှမ်းပေးလိုက်တယ်..။ကတ်စီကတော့ တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး..ရုတ်တရက် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ကာ ထိပ်လန့်စွာ ခေါင်းကို ခါယမ်းနေခဲ့ပါတယ်..။

သို့ပေမယ့်လည်း..သူက ရပ်တန့်လိုက်တယ်..။သူမရဲ့ သွေးရောင်ကင်းမဲ့နေတဲ့ နှုတ်ခမ်းတွေက..ဖြောင့်တန်းသွားခဲ့ပြီး အံကိုကြိတ်ထားကာ..ကမ်းစပ်ဆိကို ပြန်သွားလိုက်တယ်..။အဲ့ကို ရောက်တဲ့ အချိန်မှာတော့ သူမက ဒူးထောက်ချလိုက်ပြီး..ခန္တာကိုယ်ကို ကိုင်းညွှတ်ကာ..သေခြင်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ အဖြူရောင်လက်ကြီးထဲကနေ..ပတ္တမြားရောင် ဓားကို လှမ်းယူလိုက်ပါတယ်..။

လက်ကြီးက..ဓားကိုလွယ်ကူစွာ လွှတ်ပေးလိုက်ပြီး..ရေထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်..။ယင်းနောက် ဘာမှ ဖြစ်မလာခဲ့ပဲ..လှိုင်းအနည်းငယ် ထကာ..သူ့ရဲ့ တည်ရှိမူအတိုင်း ပြန်ငြိမ်သက်သွားခဲ့တယ်..။

ဆန်နီကတော့ ဒီအရာ အားလုံကို အံ့ဩသင့်စွာ စောင့်ကြည့်နေခဲ့ပါတယ်..။

‘ဒါက လုံးဝ မလှုပ်ဘူး..ရေကန်ထဲက အရိပ်က လှုပ်တောင် မလှုပ်ခဲ့ဘူး..’

သူက တစ်ခုခု ပြောဖို့လုပ်နေတုန်းမှာပဲ..ရေကန်က နောက်ထပ်တစ်ကြိမ် လှိုင်းတွေထလာခဲ့ပြီး..နောက်ထပ် လက်တစ်ဖက်က ပေါ်လာခဲ့ပြန်ပါတယ်..။ဒီတစ်ဖက်က ကျောက်မီးသွေးလို နက်မှောင်နေခဲ့ပြီး လက်ထဲမှာလည်း ဘာမှကိုင်ဆောင်ထားခြင်းမရှိပေ..။ဒီလက်ကြီးက ဖြည်ညှင်းစွာပဲ ကတ်စီ ဆီကို ရွေ့လျားလာခဲ့ပြီး..သူမရဲ့ ပါးပြင်ထက်ကို ညှင်သာစွာ ထိတွေ့လိုက်တယ်.။မိန်းမပျိုလေးဟာ..အနက်ရောင်လက်ကြီး သူမကို ထိတွေ့လာတဲ့အချိန်မှာ အနည်းငယ် တွန့်ဆုတ်သွားခဲ့ပေမယ့်လည်း..နေရာမှာသာ ရှိနေခဲ့ပါတယ်..။စက္ကန့်အနည်းငယ် အကြာမှာတော့..အနက်ရောင် လက်ကြီးကလည်း ရေကန်ထဲကို ပြန်ဝင်သွားခဲ့တယ်..။

လှိုင်းထမူတွေ ငြိမ်သက်သွားတဲ့ အချိန်ကြမှ ကတ်စီက လှုပ်လာခဲ့ပြီး မတ်တတ်ထရပ်လိုက်တယ်..။သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာတော့..အသိစိတ်ကင်းကွာနေတဲ့ အမူအရာတစ်ခု ရှိနေခဲ့ပါတယ်..။အနက်ရောင် လက်ကြီး ထိတွေ့သွားခဲ့တဲ့ သူမရဲ့ ပါးပြင်ပေါ်မှာတော့..အရည်ပြားက အညိုရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး..ကွဲထွက်နေခဲ့ကာ..သွေးတွေ စီးကျနေခဲ့တယ်..။

သူမက တုန်ရီနေတဲ့ လက်တွေနဲ့ ပတ္တမြားရောင် ဓားကို ကိုင်ဆောင်ထားခဲ့တယ်..။

ဆန်နီ နောက်ဆုံးမှာတော့ စကားပြောလာနိုင်ခဲ့ပြီး..

“ဒါက..ဒါက ဘယ်လို ငရဲ မျိုးလဲ…”

ကတ်စီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ရုတ်တရက် တုန်ရီသွားခဲ့တယ်..။

“ငါ..ငါလည်း မသိဘူး..။ဒီတိုင်း ဒီနေရာကနေ အမြန်ထွက်သွားကြရအောင်..ကျေးဇူးပြုပြီး..”

သူ မျက်မှောင်ကျုတ်လိုက်ပေမယ့် မငြင်းဆန်ခဲ့ပေ..။အမှန်အတိုင်းပြောရရင် ဆန်နီကိုယ်တိုင်လည်း ဒီရေကန်ကနေ အမြန်ဆုံးထွက်သွားချင်နေခဲ့ပါြပီ..။

သူတို့ လမ်လျောက်နေတုန်းမှာတော့..သူက တစ်ခနလောက်ပြန်လှည့်ပြီး တည်ငြိမ်နေတဲ့ ရေကန်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပါတယ်..။

ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလားတော့ မသိပေမယ့်..ရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ အလင်းပြန်နေတဲ့ ကောင်းကင်ရဲ့ ပုံရိပ်က နက်မှောင်သွားခဲ့သလိုပါပဲ..။

….

သူတို့ ချိန်းကြိုးတွေကို ဖြတ်ကူးနေကြတဲ့ အချိန်မှာ..ဆန်နီက ကိုင်ကိုကြည့်ကာ မေးလိုက်တယ်..။သူ့ရဲ့ အသံထဲမှာတော့ သိချင်စိတ် အနည်းငယ်ပါဝင်နေခဲ့ပါတယ်..။

“အဲဒီသတ္တဝါက..ကတ်စီကို ဓားပေးလိမ့်မယ်လို့ မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ..”

မျက်မမြင်မိန်းကလေးကလည်း ခေါင်းကို အနည်းငယ် လှည့်လာခဲ့တယ်..။သူမလည်း ဒီအဖြေကို စိတ်ဝင်စားနေတဲ့ ပုံပါပဲ..။အယ်ဖီတောင်မှ နားစွန့်နေခဲ့ပါတယ်..။

လူငယ်လေးဟာ သူတို့ကို ကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။သူ့ရဲ့ သစ်သားမျက်နှာဖုံးအောက်မှာ အပြုံးလေးနဲ့ အတူပဲ..

“သန့်စင်တဲ့ နှလုံးသား..၊ သန့်စင်တဲ့ အတွေးတွေ…ငါတို့အားလုံးက အဲတာက ဘာကိုဆိုလိုတာလဲ ဆိုတာကို သိချင်နေကြတာလေ ဟုတ်တယ်မလား..။ကောင်းပြီလေ..ငါတို့ အမှားလုပ်မိကြတယ်လို့ ငါထင်တယ်..။ဘာလို့လဲဆိုတော့..ငါတို့ ဒါကို ဘယ်လို နားလည်ထားကြသလဲ ဆိုတာက တကယ်တော့ အရေးမကြီးဘူး..။အရေးကြီးတဲ့အချက်က လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ နိုတစ်က ဘယ်လိုနားလည်ခဲ့တာလဲ ဆိုတာပဲ..။သူက ဓားကို သတ္တဝါကြီးဆီ ပေးအပ်ခဲ့တဲ့ အချိန်မှာပေါ့..”

သူက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ ထပ်ပြောလာခဲ့တယ်..။

“မျှော်လင့်ချက်က တစ်ခြားချိန်းအရှင်သခင်တွေကို ရူးသွပ်အောင် လုပ်ပြီးတဲ့နောက်မှာမှ..သူက ပတ္တမြားရောင် ဓားကို ပေးအပ်ခဲ့တာပဲ..။သူက ဒီဓားနဲ့ အဆိုးဆုံးတွေ ဖြစ်လာအောင် လုပ်မိမှာကို ကြောက်နေခဲ့တာ..။ဒီတော့..သူ့အတွက်က..သန့်စင်တဲ့ နှလုံးသား နဲ့ အတွေးတွေ ဆိုတာ..စိတ်ကို ရှင်းရှင်းလင်းလင်း ထားနိုင်တာကို ဆိုလိုတာပဲ..။သူ့ရဲ့ ကျိန်စာအတိုင်း..မြင့်မြတ်တဲ့ တာဝန်ဝတ္တရားတွေကို သန့်သန့်ရှင်းရှင်း ထမ်းဆောင်နေဖို့ပေါ့..။ပြီးတော့ ငါတို့ထဲက ဘယ်သူကမှ မပြီးပြည့်စုံနိုင်ပေမယ့်..ကတ်စီကတော့..ရှင်းလင်းနဲ့ ဦးနှောက် နဲ့ တာဝန်တွေကို သိတတ်တဲ့ လူတစ်ယောက် ဖြစ်နေတယ်လို့ ငါ ထင်တယ်..”

ဆန်နီ အနည်းငယ် စိတ်ဝင်စားသွားခဲ့ပေမယ့် ဒီစကားကို သဘောတူသင့်ရဲ့လား ဆိုတာကိုတော့ မသေချာခဲ့ပေ..။ရေကန်ထဲက သတ္တဝါက ဓားကိုပေးအပ်ဖို့အတွက် သဘောတူခဲ့တာကို ထည့်တွက်ရင်တော့ ..ကိုင်ပြောတဲံ့စကားတွေက အနည်းဆုံး တစ်ဝက်လောက် မှန်ကန်တယ်လို့ ဆိုလိုပါတယ်..။

ဒါမှမဟုတ် ဒါတွေအားလုံက ဒီတိုင်း တိုက်ဆိုင်မူတစ်ခုလား..။

သူက အတိတ်ကို သုန်မုန်စွာ ပြန်လည်စဉ်းစားကြည့်နေတုန်းမှာပဲ..လူငယ်လေးက ရုတ်တရက် ထပ်ပြောလာခဲ့တယ်..။သူ့ရဲ့ အသံက အတော်လေးကို ကြမ်းတမ်း အက်ကွဲနေခဲ့ပါတယ်..။

“..ဒါကြောင့်လည်း နိုတစ်က ဓားကို သူကိုယ်တိုင်လာယူမယ့်အစား ငါတို့ကို လာယူခိုင်းတာလို့ ထင်တယ်..။ဘာလို့လဲ ဆိုတော့..သူက ရူးသွပ်သွားပြီး..ကျိန်စာကို ဖောက်ဖျက်ကာ ၊ သူ့ရဲ့ တာဝန်ဝတ္တရားတွေကို စွန့်ပစ်ခဲ့တယ်လေ..။ပြီးတော့..ငါတို့က..သူ့ကို ဒီလမ်းကြောင်းအတိုင်း ဆက်သွားဖို့အတွက်တောင် ကူညီပေးနေသေးတယ်.။သူ့ရဲ့ ရူးသွပ်မူလမ်းကြောင်းကို ရှေ့ဆက်တိုးနေစေဖို့အတွက်..။သူ ..အဆုံးထိ မရောက်မချင်းပေါ့…”

All Chapters