← Chapters

ဆန့်ကျင်ဖက် စကေး

Vol. 47 Ch. 699

ဆန့်ကျင်ဖက် စကေး

Vol. 47 Ch. 699

စိတ်မကောင်းစွာပဲ..အပြန်ခရီးက သိပ်ပြီး မထူးခြားခဲ့ပေ..။သူတို့က အိပ်မက်ဆိုးသားရဲတစ်ချို့နဲ့ တွေ့ကြရလိမ့်မယ်လို ဆန်နီက မျှော်လင့်ထားခဲ့တာပါ..။သို့ပေမယ့်..မြင့်မြတ်နယ်မြေနဲ့ ဒီလောက်အထိ နီးကပ်နေခဲ့တာကြောင့် သားရဲတွေ အများကြီး ရှိမနေခဲ့ပေ..။ဒီနေရာတွေမှာ သူတို့တစ်ဖွဲ့လုံး သေချာပြင်ဆင်ပြီး ..လေးနက်တဲ့အကြောင်းပြချက်တွေနဲ့ သာ တိုက်ခိုက်နိုင်တဲ့ အားကောင်းတဲ့ သတ္တဝါတွေပဲ ရှိကြပါတယ်..။

သေချာတွေးကြည့်တဲ့အချိန်ကြမှ..ဒီ သန်မာတဲ့ သတ္တဝါတွေကြောင့်ပဲ..အားနည်းတဲ့ သတ္တဝါတွေက အဝေးကို ထွက်သွားခဲ့ကြတာဖြစ်နိုင်ပါတယ်..။ဒါကြောင့်လည်း..နိုတစ်က ဒီသတ္တဝါကြီးတွေကို အပြီးပြတ် မချေမှုန်းပစ်ခဲ့တဲ့ ပုံပါပဲ..။

ကောင်းပြီလေ..သူက သုတ်သင်ရမှာကို ပျင်းရိနေလို့လည်း ဖြစ်နိုင်တာပဲ..။

သူတို့က နေဝင်ချိန်လောက်မှာ မှော်ဆရာရဲ့ ခံတပ်ဆီကို ပြန်ရောက်လာခဲ့ကြတယ်..။ပြီးတာနဲ့ အချိန်မဖြုန်းပဲ သူ့ကို ချက်ချင်းသွားရှာခဲ့ပါတယ်..။သို့ပေမယ့် နိုတစ်ရဲ့ ခြံဝန်းတံခါးတွေက ပိတ်ထားခဲ့တယ်..။နောက်ဆုံးမှာတော့..သူတို့က ကျွန်းရဲ့အစွန်းတစ်နေရာမှာ..ရုပ်ထုတစ်ခု လုပ်နေတဲ့ အင်မော်တယ်ကို တွေ့သွားခဲ့ကြပါတယ်..။

အဲဒီမှာတော့..ကြီးမားတဲ့ မာဗယ်ကျောက်တုံကြီးတွေက မြေကြီးပေါ်မှာ ရှိနေခဲ့ကြတယ်..။ပြီးတော့ ဒါဇင်နဲ့ ချီတဲ့ ဆောက်တွေက ဘယ်သူ့အကူအညီမှ မလိုပဲ..သူ့အလိုလို ထွင်းထု နေခဲ့ကြပါတယ်..။မှော်ဆရာက အဝေးတစ်နေရာမှာ ရပ်နေခဲ့ပြီး..သူ့ရဲ့ အနက်ရောင် ဆံပင်မှာလည်း မာဗယ်ကျောက်မှုန်တွေ ပေကျန်နေခဲ့တယ်..။သူက ဖန်ခွက်ထဲက ဝိုင်ကို တစ်ငုံစီ သောက်ရင်းကျေနပ်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တာပါ..။

ပထမဆုံးရုပ်ထုက..ပြီးပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပြီး..တစ်ခုခု နဲ့ ဆင်တူနေခဲ့တယ်..။ဒါက..လူသားတစ်ယောက် ဒါမှမဟုတ်..မြင်းတစ်ကောင် နဲ့တောင် တူနေသလိုပါပဲ..။ဒီအရာက ပြောဖို့ခက်တယ်ဆိုတာကို ဆန်နီ တွေ့လိုက်ရတယ်..။

သူတို့ကို သတိထားမိသွားတဲ့ နိုတစ်က ပြုံးလိုက်ပြီး..

“အိုး..မင်းတို့ ရောက်လာပြီလား..”

ယင်းနောက် သူက ရုပ်ဆိုးအကျည်းတန်တဲ့ ကျောက်တုံးရုပ်ထုကို ကြည့်လိုက်ပြီး..မေးစေ့ကို ဂုဏ်ယူစွာမြှောက်လိုက်ပါတယ်..။

“မင်း ဘယ်လိုထင်လဲ..။ဂုဏ်သရေရှိတယ်မလား..ဟုတ်တယ်နော်..”

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ ယဉ်ကျေးဏွာ ပြန်ပြောလိုက်တယ်..။

“အာ..သံသယဖြစ်စရာမလိုအောင်ပဲ ဒီစကားတစ်လုံးက ပဲ ဖော်ပြနိုင်စွမ်းရှိတာပါ..။ဒါပေမဲ့..ဒါက ဘာများလဲ..”

မှော်ဆရာက စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်ပြီး..

“မင်းက ဘာကိုဆိုလိုတာလဲ..။ဒါက ငါပဲလေ..။ငါ့ရဲ့ အထိမ်းအမှတ် ရုပ်ထုပေါ့..။ငါရဲ့ ပြိုင်ဖက်ကင်းတဲ့ အလှတရားကို နောင်လာနောင်သားတွေ မြင်နိုင်ဖို့အတွက် ငါ ဆုံးဖြတ်ထားခဲ့တာ..။သူတို့က ငါ့ကို မြင်တွေ့နိုင်မယ့် အထူးအခွင့်အရေးနဲ့ ထိုက်တန်ကြတယ်လေ..။ ငါက ဘယ်သူမို့လို့လဲ လူတွေရဲ့ ကောင်းချီးမဂ်လာကို ဖယ်ရှားပစ်ရမှာလဲ..”

သူက ကြောက်မက်ဖွယ် မာဗယ်မွန်းစတားကို ကြည့်လိုက်ပြီး..ခေါင်းကို ကုတ်ကာ ထပ်ပြောလာခဲ့ပါတယ်..။

“ဒါပေါ့..ငါ..ငါက ပန်းပုရဲ့ အလင်းအမှောင်သဘောတရားကိုတော့ အခုချိန်အထိ မဆုပ်ကိုင်မိသေးဘူး..။ဒါပေမဲ့ ပထမဆုံးကြိုးစားမူအတွက် ဆိုရင်တော့ ဒီတစ်ခုက တကယ်မဆိုးပါဘူး..။ကံကောင်းချင်တော့ ငါ့မှာ လေ့ကျင့်ဖို့အတွက် ဒီလိုကျောက်တုံး‌ေ တွ အများကြီးရှိတယ်လေ..။အင်း..ခုနစ်ခုလောက် လေ့ကျင့်ပြီးရင်တော့ ပြီးပြည့်စုံသွားမှာပါ..။ကောင်ပြီလေ..ဆယ့်လေးခု ဒါမှမဟုတ် အခုနစ်ဆယ် လည်း ဖြစ်နိုင်တာပဲ..”

ဆန်နီက အကျည်းတန်သလိုဖြစ်နေတဲ့ ရုပ်ထုကို တစ်ခနလောက်ကြည့်လိုက်ပြီး..ဒီရုပ်ထုက နိုတစ်ရဲ့ ပုံစံထက် မွန်းစတား တစ်ကောင်ရဲ့ ရုပ်ထု ပုံစံဖြစ်နေတယ်ဆိုတာ သေချာသွားခဲ့ပါတယ်..။ယင်းနောက်သူ ခေါင်းခါယမ်းလိုက်ပြီး..

“ကောင်းပါတယ်..။ကျွန်တော်တို့ အခု ပတ္တမြားရောင် ဓားကို ရလာခဲ့ပြီ..။ဒီတော့..နောက်ထပ် ဘာဆက်လုပ်ရမှာလဲ..”

မှော်ဆရာက တစ်ခနလောက် ငြိမ်သက်သွားပြီးကာမှ မျှော်လင့်ချက် ကင်းမဲ့စွာ သက်ပြင်းချလိုက်တယ်..။

“နားဖို့ အချိန်ရောက်ပြီလို့ ထင်တာပဲ..။လာ..တစ်ခုခု စားသောက်ကြရအောင်..။ပြီးတော့ အနာဂတ်အကြောင်းလည်း ဆွေးနွေးကြတာပေါ့..။အခု ငါတို့လက်ထဲမှာ ဓားတွေ ရှိနေပြီဆိုတော့.အနာဂတ်က မကြာခင်မှာပဲ ငါတို့ ဆီကို ရောက်လာတော့မယ်လေ..”

…..

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..သူတို့က မြင့်မြတ်နယ်မြေရဲ့ နှလုံးသားဖြစ်တဲ့ ရှေးဟောင်းသစ်ပင်ကြီးရဲ့ အောက်မှာ ပေါ့ပေါ့ပါးပါး စားသောက်နေခဲ့ကြတယ်..။နိုတစ်က သူ့အတွက် ဝိုင်တစ်ခွက်ကို ငှဲ့လိုက်ပြီး တစ်ခြားလူတွေကို ယဉ်ကျေးစွာ ပြုံးပြလာခဲ့ပါတယ်..။

“နောက်ထပ်ဘာဆက်ဖြစ်မလဲ ဆိုတာကို မင်းတို့သိချင်နေကြမှာပဲ..”

သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိမ့်လိုက်ကြပါတယ်..။မှော်ဆရာက ပုခုံးတွန့်လိုက်ပြီး..

“ကောင်းပြီလေ..အရိုးသားဆုံးပြောရရင်..ဘာမှထွေထွေထူးထူး မရှိဘူး..။အခုဆိုရင် တစ်ခြား ချိန်းအရှင်သခင်တွေက..ငါဓားတွေ စုဆောင်းနေတယ် ဆိုတာကို သိသွားကြလောက်ပြီ.။မြောက်ဘက်အရှင်မ သေဆုံးသွားတာက သူတို့အတွက် နည်းနည်းအနှောက်အယှက် ဖြစ်စေခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ..ဒါက ငါ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ သံသယဖြစ်သွားစေခဲ့တယ်လေ. ။ဒီတော့ သူတို့က ကောင်စီတစ်ခု ကျင်းပပြီး..ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို ဆုံးဖြတ်ကြလိမ့်မယ်..”

သူ ဝိုင်ကို တစ်ငုံသောက်ကာ ပြုံးလိုက်ပြီး..

“ဒါပေမဲ့..ဆိုဗန် နဲ့ ဆေးဗားရက် ကို တစ်ခန်းထဲ ထားဖို့ဆိုတာက လွယ်ကူတဲ့အရာ မဟုတ်ဘူး.။သူတို့တွေ အတူတူ ဖြစ်ဖို့ဆိုတာက အချိန်တစ်ခု ကြာဦးမှာ..။ပြီးရင်တော့..သူတို့က ငါ့ဆီကို တမန်တော် လွတ်ပြီးရာဇသံ ပေးကြလိမ့်မယ်..။အဲလို ယဉ်ကျေးတဲ့ တောင်းဆိုမူက ငြင်းပယ်ခံလိုက်ရတဲ့ အချိန်ကြမှပဲ..သူတို့က အင်အားပူးပေါင်းပြီး..ငါ့နယ်မြေကို ကျူးကျော်တာ ၊ ငါ့ကို ဖမ်းတာ ပြီးတော့ အင်မော်တယ်တစ်ယောက်ဆိုတဲ့ ငါ့ရဲ့ ဖြစ်တည်မူကို နောင်တရ‌ေအာင် လုပ်ပေးကြလိမ့်မယ်..”

နိုတစ်က ခေါင်းခါယမ်းပြီး ရယ်မောလိုက်တယ်..။

တစ်ဖက်မှာတော့ ဆန်နီက ကျောချမ်းသွားခဲ့ပြီး စိုးရိမ်မူတွေ အပြည့်နဲ့ မေးလာခဲ့ပါတယ်..။

“ဒါက ရယ်စရာဘာများ ပါနေလို့လဲ..။ကျွနတော်တို့က အထွတ်အထိပ်အဆင့် သုံးယောက်ကို ဘယ်လို ခုခံကြမှာလဲ..”

မှော်ဆရာက တိတ်ဆိတ်သွားပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။

“အာ..ကောင်းပြီလေ..။ဒါက တကယ်တော့ ရိုးရှင်းပါတယ်..။ငါတို့က ခုခံမှာ မဟုတ်ဘူး..”

သူက ဝိုင်ကို နောက်တစ်ငုံထပ်သောက်လိက်ပြီး သူတို့ရဲ့ အထက်ကောင်းကံယံမှာ ပျံဝဲနေတဲ့ သဘော်ပျံကို ကြည့်လိုက်တယ်..။

“..အဲဒီအစား..ငါတို့က သူတို့ကို အရင်တိုက်ခိုက်မှာ..။ငါတို့က ဆင်စွယ်ရောင် တာဝါကို ဝန်းရံပြီး တိုက်ခိုက်ကြမယ်..”

နိုတစ်က သူတို့ရဲ့ ပါးစပ်အဟောင်းသား ဖြစ်နေတဲ့ ပုံစံတွေကို ကြည့်ပြီး ထပ်မံရယ်မောလိုက်ပါတယ်..။

“အာ..ကလေးတို့..မင်းတို့နဲ့ စကားပြောရတာ တကယ်ပျော်ဖို့ကောင်းတာပဲ..။မင်းတို့ရဲ့ အမူအရာတွေက တကယ်တန်ဖိုးရှိတယ်..။ဒါပေမဲ့ မင်းတို့လို လူငယ်လေးတွေက..အရာရာတိုင်းမှာ အင်အားကြီးတဲ့ လူကပဲ အနိုင်ရတာ မဟုတ်ဘူးဆိုတာကို သင်ယူသင့်တယ်လေ..။ငါတို့ရင်ဆိုင်ရမယ့် အရှင်သခင် သုံးယောက်က အင်အားကြီးတယ် ဆိုပေမယ့်လည်း..သူတို့က အားနည်းချက်မရှိကြတဲ့ သူတွေ မဟုတ်ဘူး..”

သူက တစ်ခနလောက် ရပ်တန့်လိုက်ပြီးကာမှ သူတို့ကို ကြည့်လိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ လရောင်ကြောင့် တဖြတ်ဖြတ် တောက်ပနေခဲ့ပါတယ်..။

“အမှန်အတိုင်းပြောရရင်..ဆိုဗန် နဲ့ နေမင်းသား က ငါ့အတွက် စိုးရိမ်စရာ မရှိဘူး..။ကြောက်စရာလိုတဲ့ တစ်ယောက်တည်းသော သူက ဆင်စွယ်ရောင် အရှင်သခင် ဆေးဗားရက် ပဲ..။သူကပဲ ငါ့ကို အနိုင်ယူနိုင်လိမ့်မယ်..။အဲဒီ ကြောက်စရာကောင်းတဲ့ နဂါး..။ဘာလို့လဲဆိုတော့ ချိန်းအရှင်သခင် ခုနစ်ယောက်ထဲမှာ..သူနဲ့ငါကပဲ..နတ်ဘုရား သွေးမျိုးဆက်ကို သယ်ဆောင်ထားတာ မို့လို့ပဲ..။ငါတို့ နှစ်ယောက်ကပဲ..နတ်ဘုရားတွေရဲ့ အမွေအနစ်ကို ရရှိထားကြတာ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..

“ခနလေး..ဆေးဗားရက် နဲ့ နေမင်းသား က ညီအစ်ကိုတွေ မဟုတ်ဘူးလား..။ဘယ်လိုဖြစ်ပြီး တစ်ယောက်တည်းကပဲ..နတ်ဘုရား အမွေအနစ်ကို ဆက်ခံထားတာလဲ..”

နိုတစ် ပုခုံးတွန့်လိုက်ပြီး..

“နတ်ဘုရားတွေနဲ့ ပတ်သက်လာရင် ထူးဆန်တာတွေ အကုန်ဖြစ်လာတာပဲ..။ဘယ်သူသိမှာလဲ..။ဘာပဲဖြစ်ဖြစ်..သူတစ်ယောက်တည်းကပဲ မီးဒြပ်စင်ကို ဆက်ခံ ထားခဲ့တာ..။သူက စကားလုံးတွေထက်တောင် ပိုပြီး အားကောင်းသေးတယ်..။ဒီတော့ ငါတို့က သူ့ရဲ့ အားနည်းချက်ကို အသုံးမချပဲနဲ့ ဆေးဗားရက်ကို အနိုင်ယူနိုင်မှဦ မဟုတ်ဘူး..”

ဆန်နီ အံ့ဩနေခဲ့ပြီး..

“..အရှင်က သူ့ရဲ့ အားနည်းချက်ကို သိနေတာလား..”

မှော်ဆရာက သဘောကျစွာပြုံးလိုက်ပြီးမှ ရယ်မောလိုက်တယ်..။

“ဒါပေါ့..ငါတို့ အင်မော်တယ်တွေက နှစ်ထောင်ပေါင်းများစွာ အတူရှိလာကြတာလေ..။ငါက သူတို့အားလုံးရဲ့ အားနည်းချက်ကို သိသလို..သူတို့ကလည်း ငါ့ရဲ့ အားနည်းချက်ကို သိကြတယ်..။ဒါပေမဲ့ ဆေးဗားရက်..အဲ့ငနဲက နည်းနည်းတော့ ထူးခြားတယ်လေ..။အမှန်တော့ သူ့မှာ အားနည်းချက် သုံးခုတောင် ရှိတယ်..”

နိုတစ် တစ်ခနလောက် ငြိမ်သက်သွားခဲ့ပြီး ဖန်ခွက်ထဲက ဝိုင်ကို တစ်ငုံသောက်လိုက်တယ်..။ယင်းနောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်းနည်းမူ အရိပ်အယောင်တွေနဲ့ပြောလာခဲ့ပါတယ်..။

“တစ်ခုက သူ့ရဲ့ အမှန်တကယ် အားနည်းချက်ပဲ..။တစ်ခြားတစ်ခုကတော့..သူ့ရဲ့ ညီလေး..။ပြီးတော့ နောက်ဆုံးတစ်ခုက..အားလုံးထဲမှာ အဆိုးဆုံးဖြစ်တဲ့ သူ့ရဲ့ မြို့ပဲ..”

သူက မြင့်မြတ်နယ်မြေရဲ့ လှပတဲ့ ဉယျာဉ်လေးကိုကြည့်နေရင်း..အေးစက်ပြီး ရက်စက်တဲ့ မျက်နှာအမူအရာ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။

“အဲဒီသုံးခုစလုံးကို အသုံးပြုပြီး..ငါတို့က သူ့ကို ဖျက်ဆီးပစ်ရမှာ..”

All Chapters