လမင်း ရဲ့ သွေးမျိုးဆက်
Vol. 47 Ch. 700
မှော်ဆရာရဲ့ စိတ်ခံစားချက်အပြောင်းအလဲက အားလုံကို ထိပ်လန့်စေခဲ့တာကြောင့် အချိန်တစ်ခနလာက် ဘယ်သူမှ စကားမပြောရဲကြပေ..။အတော်ကြာပြီးကာမှ..အယ်ဖီက သူ့ရဲ့ အက်ျီလက်ကို ဆွဲပြီး မေးလာခဲ့ပါတယ်..။
“အာ..ရှင်းပြပေးလို့ရမလား..အဖိုး နိုတစ်..”
နိုတစ်က သူ့ကို မထင်မှတ်စွာလှမ်းကြည့်လိုက်ပြီး.သူ့ရဲ့ အက်ျီလက်ကို ပြန်ဆွဲယူလိုက်တယ်..။ယင်းနောက်..ကလေးမလေး ထိတွေ့ထားတဲ့ နေရာကို ပြန်သုတ်လိုက်ပြီး..စက်ဆုပ်ဖွယ်အကြည့်နဲ့ ကြည့်လိုက်ပါတယ်..။
“အ…အဖိုးလား..။နင်က ဘယ်သူ့ကို အဘိုးပေါက်စလို့ လာခေါ်နေတာလဲ..ကလေးမ..”
သူက ထိုင်ခုံကို အယ်ဖီနဲ့ဝေးရာကို ရွေ့လိုက်ပြီး..ဒေါသထွက်တဲ့အကြည့်တွေနဲ့ သူမကို တစ်ခနလောက် ကြည့်လိုက်ပါတယ်..။ယင်းနောက် ဆန်နီကို မခံမရပ်နိုင်တဲ့ အကြည့်နဲ့ ထပ်ကြည့်လိုက်တယ်..။
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“..ခင်ဗျားက သူ့ထက် နှစ်တစ်ထောင်လောက် အသက်ပိုကြီးတာပဲလေ..”
စော်ကားသလို ခံစားလိုက်ရတဲ့ မှော်ဆရာဟာ တစ်ခုခု ပြောဖို့လုပ်လိုက်ပေမယ့် ပါးစပ်ကို ပိတ်ပြီးသာ အဝေးကို အကြည့်လွဲသွားခဲ့တယ်.။
အတော်ကြာအောင် ခါးသက်စွာ ငြိမ်သက်နေပြီးတဲ့နောက်မှာတော့ သူက ဆက်ပြောလာခဲ့ပါတယ်..။
“ဘာပဲဖြစ်ဖြစ်..ငါ ပြောထားသလိုပဲ..ဆေးဗားရက်မှာ အားနည်းချက်သုံးခု ရှိတယ်..။ပထမတစ်ခုက သူ့ရဲ့အားနည်းချက်ပဲ…သူက နေ့ဘက်မှာ မယုံနိုင်လောက်အောင် အားကောင်းပေမယ့်..ညဘက်ဆိုရင်တော့ အားအနည်းဆုံး အချိန်ပဲ..။ဒုတိယကတော့ သူ့ရဲ့ ညီလေးပဲ…။သူ အဲဒီသနားစရာငနဲကို လုပ်ထားခဲ့တာကို ပြန်ကြည့်လိုက်ရင် ဒါက အံ့ဩဖို့ကောင်းတယ် ဆိုတာ ငါသိပါတယ်..။ဒါပေမဲ့..ဆင်စွယ်ရောင် အရှင်သခင်က..သူ့ရဲ့ ညီငယ်လေးကို ချစ်ခင်နေတုန်းပဲလေ..။အမှန်တော့..သူ့ရဲ့ တာဝန်နဲ့ စည်းမျဉ်းတွေပြီးရင်..သူ ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာတောင် ဖြစ်နေနိုင်တယ်..”
နိုတစ် တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ သုန်မုန်နေတဲ့ လေသံနဲ့ ထပ်ပြောလာခဲ့တယ်..။
“ပြီးတော့..တတိယတစ်ခုက သူ့ရဲ့ မြို့ပဲ..။အဲဒီ ဆေးဗားရက်က သူ့ရဲ့ လူတွေကို အရမ်းချစ်တာ..။ဒါပေမဲ့ သူက ဒီလူတွေကို မုန်းလည်း မုန်းတီးတယ်..။သူတို့က သူ့ရဲ့ ဝိဉာဉ်ပေါ်မှာ ကျရောက်နေတဲ့ ဖိအားကြီး တစ်ခု ဖြစ်နေပြီး..လွတ်မြောက်နိုင်ခြင်းလည်း မရှိဘူးလေ..။သူတို့ကြားထဲက ဆက်ဆံရေးက မျှော်လင့်ချက်ရဲ့ ကြားဝင်မူ နဲ့ သူ့ရဲ့ လက်လျော့ဖို့ ခေါင်းမာလိုစိတ်တွေကြောင့် အချိန်အတော်ကြာကတည်းက ပျက်ဆီးနေခဲ့ပြီ..။မြင့်မြတ်ပြီး..အမှန်တရားကို ချစ်တဲ့ ဆေးဗားရက် …သူက ငါတို့ထဲမှာ အဆင်အပြေဆုံးလို့ ထင်ရပေမယ့် အမှန်တကယ်တော့..သူက လုံးဝကို ရူးသွပ်ခါနီး ဖြစ်နေတဲ့ သူပဲ..။သူ့ကို ချောက်ထဲပြုတ်ကျအောင် လုပ်ဖို့ဆိုတာက..နောက်ကနေ တစ်ချက်လောက် တွန်းပေးဖို့ပဲ လိုအပ်တာလေ..”
အထွတ်အထိပ်အဆင့် အင်မော်တယ်က..သက်ပြင်းချလိုက်ပြီး အထင်အမြင်သေးစွာ ခေါင်းခါယမ်းလိုက်တယ်..။
“အဲ့ငနဲက..အမြဲတမ်း လေးလေးနက်နက်နေတတ်တဲ့ သူပဲ..။တကယ်လို့ မင်းက အင်မော်တယ် ဖြစ်နေတယ်ဆိုရင်တောင်.. ပျော်ရွှင်တတ်တဲ့ အကျင့်စရိုက်မရှိပဲ..ဒီနေရာမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူးလေ..”
မှော်ဆရာက သူ့ရဲ့ ကိုယ်ပိုင်ဟာသကို သဘောကျကာ တခစ်ခစ် ရယ်မောရင်း..သူတို့ကို သက်သောင့်သက်သာ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။
“..ဒီတော့ ငါတို့ က ဆင်စွယ်ရောင် နဂါးကြီး အားအနည်းဆုံး အချိန်ဖြစ်တဲ့ ညဘက်မှာ သူ့ကို တိုက်ခိုက်မယ်..။ပြီးတော့..မနက်အာရုံမတက်ခင်မှာ သူ့ရဲ့ ညီလေးကို သတ်မယ်..။ဒါက သူ့ကို ချောက်နက်ထဲ ပြုတ်ကျစေမယ့် တွန်းပို့မူ ဖြစ်သွားစေမှာ အမှန်ပဲ..”
ဆန်နီ ကျောချမ်းသွားခဲ့ပြီး အထွတ်အထိပ်အဆင့် အင်မော်တယ်ကို ကြည့်လိုက်တယ်..။ပြီးတာနဲ့ သိချင်စွာမေးလိုက်ပါတယ်..။
“နဂါးတစ်ကောင်ကို ရူးသွပ်သွားအောင် လုပ်ဖို့ဆိုတာက ဉာဏ်ရှိတဲ့ လုပ်ရပ်ဖြစ်နိုင်ပါ့မလား..”
ဒါကို ကြားတဲ့အချိန်မှာတော့ နိုတစ်က သဘောကျစွာ ရယ်မောလိုက်တယ်..။
“ဒါပေါ့..ဆင်စွယ်ရောင် အရှင် ဆေးဗားရက် က ကြောက်စရာ ၊ ထိပ်လန့်စရာ ကောင်းတယ် ဆိုပေမယ့် နဂါးဖြစ်တဲ့ ဆေးဗီးရက် ကတော့..အသိဉာဏ်မရှိတဲ့ သားရဲတစ်ကောင်ပဲလေ..။ဒီလို သားရဲကို သတ်ဖို့ဆိုတာက. .တွက်ချက်တတ်တဲ့ မုဆိုးအတွက်တော့ သိပ်ပြီး ခက်ခဲမှာ မဟုတ်ဘူး..။ပြီးတော့ ငါက ဆေးဗားရက်လောက်..တရားမျှတမူ နဲ့ မြင့်မြတ်မူ မရှိနိုင်ပေမယ့်….
သူ့ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး..သူ့မျက်လုံးတွေက..အဖြူရောင် အလင်းတွေနဲ့ တောက်ပလာခဲ့ပါတယ်..။
“..ငါက လမင်းရဲ့ သွေးမျိုးဆက် , သားရဲနတ်ဘုရား ….မုဆိုးတွေရဲ့ နတ်ဘုရားပဲ…”
ဒီလိုပြောပြီးတာနဲ့ မှော်ဆရာက နောက်ကို မှီလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်လိုက်တယ်..။ပြီးတာနဲ့ ဖြည်းညှင်းစွာပဲ သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံပြန်ဖြစ်သွားခဲ့ပါတယ်..။
“ခက်တာက..ငါ အမဲမလိုက်တာ အတော်ကြာနေပြီ…။တော ဆိုတဲ့ သဘောက လှည့်စားမူတွေနဲ့ ပြည့်နေတာလေ သိတယ်မလား..။အညစ်အကြေးတွေ ၊ အင်းဆက်တွေ…ပြောင်းလဲမူတွေ..။အိုး..ထိပ်လန့်စရာတွေရောပဲ…”
သူ လေးလံစွာ သက်ပြင်းချလိုက်ပြီးမှ နောက်တစ်ကြိမ် ထပ်ပြုံးလိုက်တယ်..။
ဆန်နီ တစ်ခနလောက် တွေဝေလိုက်ပါတယ်..။ဒါက သူ အမြဲတမ်းမေးချင်နေတဲ့ မေးခွန်းတစ်ခု ရှိပေမယ့် ဒါကို မေးသင့်လားဆိုတာတော့ သူ မသေချာခဲ့ပေ..။
နောက်ဆုံးမှာတော့ သူပြောလိုက်တယ်..။
“ဒါဆို ခင်ဗျားရဲ့ အားနည်းချက်က ဘာလဲ..။ဒါက လူတွေ အမေး ၊ အဖြေ လုပ်လေ့ရှိတဲ့ မေးခွန်းမဟုတ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်..။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသက်တွေက ခင်ဗျားနဲ့ နဂါးရဲ့ တိုက်ခိုက်မူ အပေါ်မှာ မူတည်နေခဲ့တာလေ..။ကျွန်တော်တို့ အနေနဲ့လည်း သိထားသင့်တယ်လို့ ထင်တာပဲ..”
နိုတစ်က ဘာမှမဖြစ်သလို လက်ဝေ့ယမ်းလိုက်ပြီး..
“အိုး..ဒါက ဘာမှမဟုတ်ဘူး..။အနည်းနဲ့အများတော့ သူနဲ့ ဆန့်ကျင်ဘက်ပဲလေ..။ငါက လရောင်အောက်မှာ ဆိုရင် အသန်မာဆုံးဖြစ်ပြီး..နေအလင်းရောင်အောက်မှာ ဆိုရင် အားနည်းတယ်..။ဒါက သူငယ်ချင်းတွေကို ဖုံးကွယ်ထားစရာ အကြောင်းမှ မရှိတာ..”
သူ တစ်ခနလောက် တွေးပြီးကာမှ ထပ်ပြောလိုက်တယ်..။
“ဆိုဗန်ရဲ့ အားနည်းချက်က စက်ဆုပ်ဖွယ်အကောင်းဆုံး တောင်ဖြစ်နိုင်တယ်..။သူမက ဆွဲဆောင်မူရှိတဲ့ အလှတရားတွေနဲ့ ကျိန်စာသင့်နေခဲ့တာ..။သူမနဲ့ အတူရှိနေတဲ့ လူတွေက..လိုချင်စိတ်တွေ ၊ တဏှာစိတ်တွေ ဖြစ်ပေါ်လာစေတယ်..။ဒါက မူးယဇ်ဆေးတစ်မျိုးလိုပဲ..။လူတွေက သူမနဲ့ အချိန်အတော်ကြာအောင် ရှိနေလေလေ သူမကို ပိုင်ဆိုင်ချင်လာကြလေပဲ..။နောက်ဆုံးမှာတော့ ဒါက ထိန်းချုပ်လို့မရနိုင်တဲ့ အလိုဆန္ဒတစ်ခု ဖြစ်သွားလိမ့်မယ်..။သံသယဖြစ်စရာမလိုအောင်ပဲ…ဆိုးဝါးတဲ့ ကံတရားပဲ..ဒါပေမဲ့ ငါတို့ လက်တွေ့ လုပ်ဆောင်လို့ရတဲ့ အရာတော့ မဟုတ်ဘူး..။တကယ်လို့ တစ်ယောက်ယောက်သာ….မဟုတ်ဘူး..ဒီအကြောင်းမတွေးပဲ နေကြရအောင်..”
နိုတစ် ပြုံးလိုက်ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။
“နေမင်းသားရဲ့ အားနည်းချက်က…ကောင်းပြီလေ ဒါက အရေးမကြီးတော့ဘူး..။အခု သူက သံမဏိကိုယ်ထည်ကြီးထဲမှာ ပိတ်လှောင်ခံထားရတာ ဆိုတော့..အသိစိတ်တောင် မရှိတော့သလောက် နီးပါးပဲ..။ငါတို့က သူ့ရဲ့ အားနည်းချက်ကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး..။ငါတို့က သူ့ကို ဒီတိုင်းသတ်မှပဲ ရလိမ့်မယ်..။ဒီတော့..မင်းတို့မှာ မေးခွန်းမေးစရာ ရှိသေးလား..”
သူတို့လေးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။ယင်းနောက် အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ကိုင်က အက်ကွဲစွာ ပြောလိုက်ပါတယ်..။
“ရှိပါတယ်..အရှင် နိုတစ်…တစ်ခုတည်းပါ..။ကျွန်တော်တို့ ညဘက်မှာ ဆင်စွယ်ရောင်မြို့တော်ကို တိုက်ခိုက်တဲ့ အချိန်ကြရင်..ပြီးတော့ အရှင်က နေမင်းသား နဲ့ ဆိုဗန်ကို တိုက်ခိုက်နေတဲ့ အချိန်ကြရင်..ကျွန်တော်တို့လေးယောက်က ဘာလုပ်နေကြရမှာလဲ…ဆိုတာ သိချင်လို့ပါ..”
မှော်ဆရာက သူတို့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်..။ယင်းနောက် မျက်ခုံးပင့်တင်လိုက်ပြီး..
“ဘာကိုလဲ..ဒါက သိသာနေတာပဲ မဟုတ်ဘူးလား..။ငါက ချိန်းအရှင်သခင်တွေကို တိုက်ခိုက်နေတဲ့ အချိန်မှာ မင်းတို့ နေတပ်သား တွေ နဲ့ အနီရောင် အဆောက်အဦးက စစ်တပ် တွေကို ဖျက်ဆီးပစ်ရမှာလေ..”
သူတစ်ခနလောက် တွေးလိုက်ပြီး ထပ်ပြောလိုက်တယ်..။
“ကောင်းပြီလေ..တကယ်လို့ မင်းတိုက သူတို့ကို မဖျက်ဆီးပစ်နိုင်ဘူး ဆိုရင်လည်း အနည်းဆုံးတော့ ငါ့အနားကို ရောက်မလာနိုင်ကြအောင် ခနလောက် တားဆီးပေးထား..။ဆိုဗန် နဲ့ နေမင်းသား…ဟုတ်တယ်..သူတို့က ငါ့ကို အကြာကြီး တောင့်ခံနိုင်ကြမှာ မဟုတ်ဘူး..။မင်းတို့ လုပ်နိုင်မယ်လို့ ငါထင်ပါတယ်..”
……
ညအစောပိုင်း အချိန်မှာတော့..ဆန်နီက ကျွန်းရဲ့ အစွန်းဆီကို တစ်ယောက်တည်း ရောက်လာခဲ့ပြီး အချိန်အတော်ကြာအောင် အရိပ်တွေထဲမှာ ရပ်နေခဲ့တယ်..။
အခုချိန်မှာ အခြေအနေတွေက နောက်ဆုံးအခိုက်အတန့်ကို ရောက်ခါနီးလာပြီ ဖြစ်တာကြောင့်..သူ့မှာ တွေးစရာတွေ အများကြီးရှိနေခဲ့ပါတယ်..။ဆင်စွယ်ရောင် မြို့တော်ကို တိုက်ခိုက်တဲ့ အစီအစဉ်က တကယ်ကို ရူးသွပ်ဖွယ်ရာ တစ်ခုလိုပါပဲ..။သူတော်စင်တွေက ကောင်းကင်ပေါ်မှာ တိုက်ခိုက်နေကြတဲ့ အချိန်မှာ သူတို့အဖွဲ့က..စစ်တပ်နှစ်ခုကို ရင်ဆိုင်ထားရမှာပါ..။
ပြီးတော့..ဒီအရှုပ်အထွေးထဲမှာ ဘယ်ဘက်ကမှန်း သေချာမသိရတဲ့ မော်ဒရက်လည်း ရှိနေပါသေးတယ်..။
သို့ပေမယ့် သူ့ကို စိုးရိမ်နေစေတဲ့ အရာက..သူ့ရဲ့ မပြည့်မြောက်သေးတဲ့ လေးခုမြောက် အမြုတေပါပဲ..။ဒီလို ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုကို နတ်ဆိုး တစ်ကောင် အဖြစ် တိုက်ခိုက်တာက ပိုပြီး ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေပါလိမ့်မယ်..။ထပ်ပြောရရင် သူက ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ..အမြုတေအသစ် ဖြစ်တည်လာတဲ့ ဖြစ်စဉ် ဖြစ်ပေါ်လာလို့ မရပါဘူး.။
အိပ်မက်ဆိုးရဲ့အဆုံးသတ်က အလျင်အမြန်နီးကပ်လာခဲ့ပြီ ဖြစ်တာကြောင့်..အိပ်မက်ဆိုးသားရဲတွေကို အမဲလိုက်ပြီး သတ်ဖြတ်ဖို့အတွက်က အချိန်အများကြီး မရတော့ပေ..။ဒီတော့ ဆန်နီက သူအမြဲတမ်း မလုပ်ချင်ခဲ့တဲ့ အရာတစ်ခုကို လုပ်ဖို့အတွက် တွန်းအားပေးခြင်း ခံခဲ့ရပါတယ်..။
သူ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ အရိပ်တွေကို ထုတ်ဖော်လိုက်တယ်..။
တိတ်ဆိတ်သော သူရဲကောင်း ၊ အနက်ရောင်မြင်း နဲ့ ဝိဉာဉ်မြွေတို့က သူ့ရဲ့ မှာရှိနေတဲ့ အမှောင်ထုထဲမှာ ပေါ်လာခဲ့ကြတယ်..။အရိပ်နှစ်ခုက သူ့ရဲ့ ခန္တာကိုယ်ပေါ်ကနေ ဆင်းသက်ပြီး..အိပ်မက်ဆိုး နဲ့ ဝိဉာဉ်မြွေတို့ကို ရစ်ပတ်လိုက်ကြပါတယ်..။သူ့ဆီမှာတော့ သုန်မုန်နေတဲ့ အရိပ်တစ်ခုတည်းသာ ကျန်နေတော့တယ်..။
ဆန်နီ တစ်ခနလောက်တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
“သွား…အဝေးကြီးအထိသွားပြီး အိပ်မက်ဆိုးသားရဲတွေ ရှာဖွေပြီး သတ်ကြ..။မင်းတို့ ငါ့ကို ကူညီပြီး အမဲလိုက်ပေးဖို့ လိုအပ်နေပြီ…။အချိန်တစ်ခု အထိပေါ့..”
သူ ရပ်တန့်လိုက်ပြီးကာမှ သုန်မုန်စွာ ထပ်ပြောလိုက်တယ်..။
“ဒါပေမဲ့ ဂရုစိုက်ကြပါ..။ဒီကမ္ဘာကြီးက အရမ်းကို အန္တရာယ်များတဲ့ နေရာပဲ..။မင်းက ဘယ်လောက်ပဲ သန်မာပါစေ..မင်းထက် ပိုသန်မာတဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုက အမြဲတမ်း ရှိစမြဲပဲ..။အထူးသဖြင့် မင်းတို့ တစ်ယောက်တည်းရှိနေတဲ့ အချိန်မှာပေါ့..။ဒီတော့ ကိုယ့်ကိုကို ဖျက်ဆီး မခံရစေနဲ့..ဟုတ်ပြီလား..”
သူတော်စင်က သူ့ကို တစ်ခနလောက် စိုက်ကြည့်လိုက်ပြီးမှ လက်တစ်ဖက်ကို ဆန့်တန်းလာခဲ့တယ်..။ဆန်နီက သူ့လက်ထဲကို တောက်ပတဲ့ အိုဒါချီဓား ထည့်ပေးလိုက်တဲ့ အချိန်မှာတော့ သူမက တိတ်တဆိတ်တစ်ဖက်ကို လှည့်သွားပြီး အောက်ဘက်မှာ ရှိနေတဲ့ ကောင်းကင်ချိန်းကြိုးပေါ်ကို ခုန်ချသွားခဲ့ပါတယ်..။
အိပ်မက်ဆိုး နဲ့ ဝိဉာဉ်မြွေတို့ကလည်း..ဆန့်ကျင်ဘက် အရပ်တွေကို ထွက်သွားခဲ့ကြပြီး မကြာခင်မှာပဲ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ကြပါတယ်..။
ဒီလိုနဲ့ပဲ ဆန်နီ တစ်ယောက်တည်းသာ ကျန်နေခဲ့တော့တယ်..။
သူက တစ်ခနလောက် ငြိမ်သက်နေပြီးကာမှ.. သက်ပြင်းချကာ အောက်မှာရှိနေတဲ့ သုန်မုန်နေတဲ့ အရိပ်ကို ကြည့်လိုက်ပါတယ်..။
“မင်း နဲ့ငါပဲ ထပ်ပြီး ကျန်ခဲ့ပြန်ပြီပေါ့..။အရင်က အချိန်ကောင်းတွေလိုပဲမလား ဟမ်..”
အရိပ်က သူ့ကို နက်မှောင်စွာ စိုက်ကြည့်နေခဲ့ပြီး လက်တစ်ဖက် မြှောက်ပြလိုက်တယ်..။သိသာစွာပဲ..သူပြောနေတဲ့ အချိန်ကောင်းဆိုတဲ့အရာက ဘာကိုပြောနေမှန်း နားမလည်ခဲ့ပါဘူး..။
ဆန်နီ ပြုံးလိုက်ပြီး..
“အေးပါ…ငါလည်း မင်းကိုချစ်ပါတယ်..ကောင်လေး..”